Friday, January 7, 2011

မန္တလေး သမိုင်းဝင် စက်ရှင်တံတားကို ဖြိုဖျက် & ဖုန်းများကို ကြားဖြတ်ခိုးယူနားထောင်ရန် စီစဉ်နေ & နေပြည်တော် စားသောက်ဆိုင်များ ည ၉ နာရီပိတ်ရန် & ကြံ့ဖွံ့လူငယ် ဝက်ဘ်ဆိုဒ်ကို ဟက်ကာများ ထိန်းချုပ်

မန္တလေး သမိုင်းဝင် စက်ရှင်တံတားကို ဖြိုဖျက်

ရန်ပိုင် Thursday, 30 December 2010 19:11
မန္တလေးမြို့၏ သမိုင်းဝင် ရှေးဟောင်း အမွေအနှစ် တခုဖြစ်သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ခန့်က တည်ရှိခဲ့သော “စက်ရှင်တံတား” ခေါ် “စည်ရှည်တံတား” ကို ဒီဇင် ဘာ ၂၈ ရက်နေ့မှ စတင်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အမိန့်အရ စတင်ဖြိုဖျက်နေပြီ ဖြစ်သည်။
oldmandalay
မန္တလေးကျုံးအတွင်းမှ တံတားတစင်း။
အဆိုပါ စက်ရှင်တံတားသည် မန္တလေး နန်းတော်မြို့ရိုး၏ အနောက်ဘက်တည့်တည့်တွင် တည်ရှိပြီး စည်ရှည်တံခါးမကြီးနှင့် ကျုံးတဖက်ကို ဆက်သွယ်ပေးထားသည့် မန္တလေးနန်းမြို့၏ နောက်ဆုံးလက်ကျန် ယဉ်ကျေးမှု အမွေအနှစ်တခုဟု ဆိုနိုင်ကြောင်း မန္တလေးမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။“တိုင်းမှူးအမိန့်နဲ့ ဖျက်ခိုင်းတာ။ ဒုတိယ ကမ္ဘာစစ်အတွင်းကတောင် မပျက်ခဲ့ဘူး၊ အခုမှပဲ ပျက်တော့တယ်။ သမိုင်းအမွေအနှစ်တွေလည်း ကုန်ပြီ၊ ပြစရာမရှိတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။အဆိုပါ ရှေးဟောင်းတံတားကို ယခု စစ်အစိုးရလက်ထက်တွင် ပြုပြင်ထိန်းသိမ်းမှု မလုပ်ကြောင်း၊ အင်္ဂလိပ်အစိုးရ လက်ထက်က တံတားကြီး အကောင်းပကတိရှိခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်းက တံတားကြမ်းခင်းများ ပျက်စီးခဲ့သော်လည်း တံတားထိပ်တွင် အုတ်ခုံကြီးများနှင့် လက်ရန်းကြီးများ၊ တိုင်ကြီးများ အကောင်းပကတိ ကျန်ရှိနေသေးကြောင်း အဆိုပါ မန္တလေးမြို့ခံက ဆိုသည်။၁၈၅၉ ခုနှစ် ရတနာပုံခေတ် မင်းတုန်းမင်းကြီး မန္တလေးနန်းတော် မြို့တည်စဉ်ကတည်းက မြို့ရိုးများနှင့် အရပ်လေးမျက်နှာကို ဆက်သွယ်ထားသည့် တံတားပေါင်း ၆ စင်းရှိရာ အနောက်ဘက်တွင် စက်ရှင်တံတားဟု အများခေါ်တွင်နေသည့် စည်ရှည်တံတားနှင့် အာဠ၀ီတံတား ခေါ် ကြေးမုံတံတား ၂ စင်း ရှိသည်။

စည်ရှည်တံတားနှင့် တံခါးကို ဗေဒင်ကိန်းခန်းအရ ပါပဓာတ်တံခါး “စရေ” ဟူသော ဓာတ်သင့်နံသင့်အရ မြို့တော် အရှည်တည်တံ့စေသော နိမိတ်ဖြင့် ၁၈၅၉ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ပြအိုးနှင့် ပြသာဒ်တိုင်ကူ၍ တံခါးအမည် မော်ကွန်းတိုင် စိုက်ထူခဲ့ကြောင်း မန္တလေးအဘိဓာန်တွင် ဖော်ပြထားသည်။အာဠ၀ီတံတားကိုလည်း သုတ်သင်ရမည့် ရာဇ၀တ်သားများနှင့် အသုဘများကို မြှုပ်နှံရန် မြို့အတွင်းမှ ထုတ်ယူသည့် တံတား၊ မင်္ဂလာမရှိသည့် တံတားဟု သတ်မှတ်ခဲ့သည်။မင်္ဂလာအခမ်းအနားမျ
ားနှင့် မင်းညီမင်းသား၊ ဘုရင်နှင့် မိဖုရားများထွက်သည့် တံခါးကိုမူ ကျော်မိုးတံခါးဟု သမုတ်ခေါ်ဝေါ်သည်။၁၈၈၅ ခုနှစ် အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူပြီး ကိုလိုနီပြုခဲ့ချိန်မှ စတင်၍ နန်းတွင်းတခုလုံးကို သိမ်းပိုက်ကာ စစ်တန်းလျားများအဖြစ် အသုံးပြုခဲ့သည်။လွတ်လပ်ရေးရပြီး ၁၉၅၀ ခုနှစ်ခန့်က ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ကျောက်စာဌာနမှ ရတနာပုံခေတ် မန္တလေးနေပြည်တော် အဟောင်းကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုတချို့ ပြုလုပ်နိုင်ခဲ့သည်။

သို့သော် စစ်အစိုးရ စတင် အုပ်ချုပ်ခဲ့သည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးနန်းတော်ကို ယခင် ဘုရင်များ လက်ထက် အတိုင်း ရှိစေရန်ဟုဆိုကာ နန်းတော်ရာ နေရာဟောင်းများတွင် အဆောက်အဦးအသစ်များ ဆောက်လုပ်စေခဲ့သည်။မန္တလေးမြို့နေ သမိုင်းပညာရှင်တဦးဖြစ်သည့် စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်က “ဘာကြောင့်လုပ်တယ်လို့တော့ မှတ်ချက်မပေးချင်ဘူး။ ဒါပေမယ့် ရှေးဟောင်းဆိုတော့ ကျနော်တို့ မြတ်နိုးတယ်” ဟု ဧရာဝတီသို့ ပြောသည်။ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ပြီးခဲ့သည့်လအတွင်းကပင် မော်နီတာဂျာနယ်နှင့် မန္တလေးနေ့စဉ် သတင်းစာတွင် အဆိုပါ တံတားကြီးကို ပြုပြင်ထိန်းသိမ်းရန်အတွက် တံတားကြီး၏ သမိုင်းမှတ်တမ်းကို ဓာတ်ပုံများနှင့် တကွ ဖော်ပြရေးသားခဲ့သေးသည်။ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ၂၀၀၁ ခုနှစ်က မန္တလေးမြို့နှင့် ပတ်သက်၍ ရေးသားထားသည့် “၀င်းတွေနှင့် တည်သည့် မင်းနေပြည်” ဆိုသည့် စာအုပ်ဖြင့် အမျိုးသားစာပေဆု ဖြစ်သည့် သုတပဒေသာ ၀ိဇ္ဖာဆုကို ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် “မန္တလေး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်” စာအုပ်ကို အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် ထပ်မံရေးသားခဲ့သည်။

နေပြည်တော် စားသောက်ဆိုင်များ ည ၉ နာရီပိတ်ရန်အမိန့်ထုတ်

စည်သူ Tuesday, 04 January 2011 19:13
နေပြည်တော်ခရိုင်ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အပါအ၀င် ဆိုင်များကို ည ၉ နာရီပိတ်ရန် အမိန့် ထုတ်ပြန်ထားကြောင်း ဒေသခံ အာဏာပိုင်များက ပြောသည်။အဆိုပါ ဒေသန္တရ အမိန့်ကို နေပြည်တော်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထုန်ပြန်ခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁ ရက်နေ့မှ စတင်ကာ အကျိုးသက်ရောက်ခဲ့ကြောင်း သိရသည်။“ဇန်န၀ါရီ ၁ ရက်နေ့ကစပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်ပါမကျန် ည ၉ နာရီ ပိတ်ရမယ်။ ဇန်န၀ါရီ ၄ ရက်နေ့ကတော့ ည ၆ နာရီပိတ်ရမယ်” ဟု သတင်းတပ်ဖွဲ့ (ပျဉ်းမနား) မှ အရာရှိ တဦးက ပြောသည်။ထိုကဲ့သို့ သတ်မှတ်ချိန် ကျော်လွန်ရောင်းချသည့် ဆိုင်များကို လိုင်စင် ပိတ်သိမ်းသည်အထိ အရေး ယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ထိုကဲ့သို့ ဆိုင်များကို အချိန် သတ်မှတ် ပိတ်ခိုင်းခြင်းကို ယမန်နှစ် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ အပြီးတွင်လည်း ထုတ်ပြန်ခဲ့သေးကြောင်း သိရသည်။

“ရွေးကောက်ပွဲတုန်းကတော့ လုံခြုံရေး အကြောင်းပြချက်ကြောင့်ပါ။ အခု ပိတ်ခိုင်းတာက ဘာကြောင့် ဆိုတာ မသိပါဘူး။လွတ်လပ်ရေးနေ့မှာတော့ ဒီလိုလုပ်ခဲပါတယ်” ဟု ယင်းက သတင်းတပ်ဖွဲ့ အရာရှိက ဆိုသည်။ယမန်နှစ် နိုဝင်ဘာလက ယခုကဲ့သို့ ဆိုင်ခန်းများ ပိတ်ခိုင်းစဉ် သတ်မှတ်ချိန်အမီ မပိတ်သည့် လက်ဖက်ရည်ဆိုင် တဆိုင်အား အရေးယူခဲ့ကြောင်း ပျဉ်းမနား အခြေစိုက် ရယက တဦးက ပြောသည်။“နိုဝင်ဘာ ၆ ရက်နေ့က ည ၆ နာရီ ပိတ်ခိုင်းတာကို နောက်ကျတဲ့ ပေါင်းလောင်း အားကစားရုံ ရှေ့က ရာစုသစ် လက်ဖက်ရည် ဆိုင်ကို ပိတ်သိမ်းတဲ့အထိ အရေးယူခဲ့ပါတယ်” ဟု သူက ဆိုသည်။ယင်း ရာစုသစ် လက်ဖက်ရည်ဆိုင်သည် ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ပျဉ်းမနားလာစဉ်က မိန့်ခွန်း ပြောခဲ့သည့် ဆိုင်ဖြစ်သည့်အတွက် အာဏာပိုင်များက အငြိုးဖြင့် ပိတ်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြသည်။

ဖုန်းများကို ကြားဖြတ်ခိုးယူနားထောင်ရန် စီစဉ်နေ

ဆက်လင်း Tuesday, 04 January 2011 16:00
စစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ နယ်ပယ်နှင့် မီဒီယာ လုပ်ငန်းတို့မှ လူပေါင်း ၃၀၀၀ ကျော်တို့၏ တယ်လီဖုန်းများကို ကြားဖြတ် နားထောင်ရန် စီစဉ်လျက်ရှိသည်ဟု ယင်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

u-thu-wai-2011 ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ ဖုန်းပြောနေစဉ် (ဓာတ်ပုံ - AP)
ယင်းကဲ့သို့ တယ်လီဖုန်းများကို ကြားဖြတ်ခိုးယူ နားထောင်ရန် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) က စီစဉ်ခြင်းဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာဌာနက နည်းပညာပိုင်း အကောင် အထည်ဖော် ပေးရကြောင်း သိရသည်။
ဖုန်းများ ခိုးယူနားထောင်သည့် လုပ်ငန်းကို စရဖ အဖွဲ့ဝင် ၂၀ ကျော်နှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ၁ ဦးတို့က အလှည့်ကျနှုန်း ၂၄ နာရီ တာဝန် ယူသွားရမည် ဖြစ်ကြောင်း၊ သို့ရာတွင် မည်သည့်နေရာတွင် အခြေစိုက်စခန်း ထားရှိမည်ကို ရွေးချယ်နေဆဲ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။

ဖုန်းများကို ခိုးယူနားထောင်ရာတွင် GSM နှင့် CDMA စသည့် မိုဘိုင်း ဖုန်းများသာပါဝင်ပြီး ကြိုးဖုန်းများ မပါဝင်ဟု သိရသည်။ဖုန်း ခိုးယူနားထောင်ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ စရဖ က စာရင်းပေးထား သူများထဲတွင် နိုင်ငံရေးနယ်ပယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမှုဆောင် လူကြီးများအပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်တချို့နှင့် တသီးပုဂ္ဂလ လွှတ်တော်အမတ် တချို့တို့၏ ဖုန်းများလည်း ပါဝင်သည်ဟု သူက ဆက်ပြောသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးထွန်းမြင့်နိုင်၊ ဦးချစ်ခိုင် နှင့် ဦးနေအောင်တို့အပြင် တခြားစီးပွားရေးလုပ်ငန်းရှင်ပေါင်း ၆၀ ကျော်တို့၏ ဖုန်းနံပါတ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အနိုင်ရ လွှတ်တော်အမတ်များ ဖြစ်သည့် ဦးခင်ရွှေ၊ ဦးဌေးမြင့်၊ ဦးဝင်းမြင့်၊ ဦးကိုကိုကြီးတို့၏ ဖုန်းနံပါတ်များလည်း ပါဝင်နေကြောင်း သိရသည်။လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်သည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ မဖြူဖြူသင်း၊ ဒေါ်ရွှေဇီးကွက်နှင့် အနုပညာနယ်ပယ်မှ ဒါရိုက်တာ မောင်မျိုးမင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ချိုတူးဇော်၊ အဆိုတော် အနဂ္ဂ၊ ရန်ရန်ချန်း၊ ကျားပေါက်နှင့် တခြားဟစ်ပ်ဟော့ပ်အဆိုတော်အချို့တို့ ပါဝင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောပြသည်။

၎င်းပြင် Eleven Media Group မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသန်းထွဋ်အောင်၊ The Voice ဂျာနယ်မှ ဒေါက်တာ နေ၀င်းမောင်၊ 7Days သတင်း ဂျာနယ် အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း၊ Yangon Media Group မှ အယ်ဒီတာချုပ် ကိုကို (စက်မှုတက္ကသိုလ်) နှင့် နိုင်ငံခြား သတင်းထောက်များ ဖြစ်သော ဒေါ်အေးအေးဝင်း၊ ဦးအောင်လှထွန်းတို့၏ ဖုန်းများသည် လည်း ကြားဖြတ်နားထောင်မည့် စာရင်းတွင် ပါဝင်ကြောင်း တွေ့ရသည်။တယ်လီဖုန်း ကြားဖြတ်နားထောင်မည့်သူများ စာရင်းတွင် ကြံ့ဖွံ့ပါတီအနိုင်ရ အမတ်များ၊ စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်နေသဖြင့် ယခုအစီအစဉ်နှင့် ပတ်သက်၍ စရဖ အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် တိုက်ရိုက် ညွှန်ကြားခြင်း ဖြစ်နိုင်ကြောင်း ဆက်သွယ်ရေးမှ တာဝန်ရှိသူက ခန့်မှန်းပြောဆိုသည်။

ယခင် ထောက်လှမ်းရေးခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်အာဏာရှိစဉ် စစ်ထောက်လှမ်းရေး ခေတ်က ယင်းကဲ့သို့ တယ်လီဖုန်းများ ကြားဖြတ်ခိုးယူ နားထောင်သည့် အစီအစဉ် ရှိခဲ့သော်လည်း စစ်ထောက်လှမ်းရေး အဖွဲ့ဖျက်သိမ်းခဲ့သည့် ၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် ယင်းအစီအစဉ် ပျက်ပြယ်သွားခဲ့သည်။
“အရင် စစ်ထောက်လှမ်းရေး ခေတ်တုန်းကတော့ တယ်လီဖုန်းက ရှားတယ်။ သူတို့ခိုးနားထောင်တာက အလုပ်ဖြစ်တယ်။ အခုနောက်ပိုင်းက ဖုန်းတွေက ပေါလာတော့ တော်တော်များများလည်း ဖုန်းတွေ ပြောင်းကိုင်လာတော့ သူတို့အစီအစဉ်က အောင်မြင်မယ် မထင်ဘူး” ဟု ဆက်သွယ်ရေး အရာရှိ တဦးက ပြောသည်။မြန်မာ စစ်အစိုးရသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အတိုက်အခံ နိုင်ငံရေးသမားများနှင့် တက်ကြွ လှုပ်ရှားသူများကို အမြဲတစေ စောင့်ကြည့်နေလေ့ရှိပြီး တယ်လီဖုန်း မှတ်တမ်းများကို သက်သေခံချက်များပြုလုပ်ကာ တရားစွဲဆို၍ ထောင်ဒဏ် အပြစ်ပေးမှုများ ပြုလုပ်လေ့ရှိသည်။၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီး ကာလတွင်လည်း မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားများ၊ သတင်းစာ ဆရာများနှင့် ကျောင်းသားလူငယ်တို့၏ တယ်လီဖုန်း အလုံး ၂၀၀ ခန့်ကို အကြောင်းပြချက်မရှိဘဲ ပိတ်ပင်ခဲ့သည်။

နိုင်ငံရေး အကျဉ်းသား ကူညီရမည့်သူကို အန်အယ်ဒီ မဲနှိုက်ရွေးချယ်

ဖနိဒါ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၈ မိနစ်
ချင်းမိုင် (မဇ္စျိမ) ။       ။ နိုင်ငံရေးအကျဉ်းသား ၃ဝဝ ကျော်၏ မိသားစုများအတွက် စေတနာ့ဝန်ထမ်းတဦးစီ ထားရှိမည့် အစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၎င်းတို့ရုံးချုပ်တွင် ယနေ့ကျင်းပသည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ ထည့်သွင်းပြုလုပ်ခဲ့သည်။နိုင်ငံရေးအကျဉ်းသား တဦးချင်းစီ၏ အမည်၊ လိပ်စာနှင့် လက်ရှိ ထောင်အမည်များ ရေးသားထားသည့် ရင်ထိုးပြားများ ပြုလုပ်ကာ အန်အယ်ဒီ ပါတီဝင်များနှင့် စေတနာရှင်များက မဲနှိုက်ယူပြီး ပေါက်သည့် အကျဉ်းသား၏ မိသားစုထံ ဆက်သွယ်ကာ အားပေးကူညီသွားမည့် အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ကိုယ်နှိုက်မိတဲ့ အကျဉ်းသားမိသားစုကို ID3ငွေကုန်ကြေးကျခံပြီး ကူညီဆောင်ရွက်ဖို့ လိုတယ်လို့ မဖော်ညွှန်းပါဘူး။ ကိုယ်တာဝန်ယူမယ့်သူ သိပြီဆိုရင် သူ့ရဲ့ မိသားစုကို ချိတ်ဆက် ဆက်သွယ်ပြီးတော့ နှုတ်၏ ဆောင်မခြင်းနဲ့ အားပေးစကား ပြောတယ်။ သူတို့အခက်အခဲတွေကို တတ်နိုင်သလောက် ကူညီဖြေရှင်းပေးတဲ့ စေတနာနဲ့ ညှိနှိုင်းဆွေးနွေး အကြံဥာဏ်ပေးတယ်ဆိုရင်ပဲ အားတက်စရာပါ” ဟု အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

“ထောင်ထဲမှာရောက်နေတဲ့ လူရော၊ မိသားစုပါ တအား အားတက်တာပေါ့။ ကျနော်ကိုယ်တိုင် ခံစားခဲ့ရတယ်။ အဲဒီလို တယောက်ယောက်က သတိရလို့ ငါးပိတဗူး ပေးသွားတယ်ဆိုရင်ပဲ သိပ်ဝမ်းသာတယ်၊ အရမ်းအားတက်တာ။ အဲဒီ စိတ်ဓာတ်ခုခံအား ကောင်းဖို့ အလွန်အရေးကြီးတယ်။ ထောင်ထဲမှာ အားအကိုးရဆုံးက စိတ်ဓာတ်ကြံ့ခိုင်ဖို့ပဲ” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၂ဝဝ ခန့်ရှိကြောင်း ထိုင်းအခြေစိုက် AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ကြေညာထားသော်လည်း အန်အယ်ဒီတွင် ပြုစုထားသည့် လူဦးရေ စာရင်း ၆ဝဝ ကျော်အနက် ယနေ့တွင် ၃ဝဝ ကျော်ကို မဲနှိုက်ကာ တဦးချင်းစီ တာဝန်ယူကြခြင်း ဖြစ်သည်။
ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန် လှိုင်သာယာမြို့နယ်မှ ကိုစိုးမင်းမင်း၊ ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်က ပူတာအိုထောင်ရှိ မန္တလေးတိုင်းစည်း ဒေါ်ဝင်းမြမြ၊ ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့ဝင် ဒေါ်လဲ့လဲ့က သရက်ထောင်ရှိ ၈၈ ကျောင်းသူ မနီလာသိန်းနှင့် ရန်ကုန်တိုင်း အမျိုးသမီး တာဝန်ခံ ဒေါ်မေဝင်းမြင့်က သရက်ထောင်ရှိ ရှမ်းပြည်တပ်မတော် SSA မှ ကိုရွှေအုန်းအတွက် ကူညီသွားမည်။

ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသူ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန့်ညွန့်ဦးက အန်အယ်ဒီ၏ ယခုအစီအစဉ်သည် ကြီးမြတ်သည့် လုပ်ဆောင်ချက်ဟု ပြောဆိုလိုက်သည်။ “အရမ်းကောင်းတဲ့ အစီအစဉ်ပါ။ နာဂစ်ကို စောင့်ရှောက်ခဲ့တာတောင် ထောင်ထဲမှာ ရှိခဲ့တယ်။ အခုလို လုပ်တာ အင်မတန်ကို ကြီးမြတ်တဲ့ စိတ်ထားရှိလို့ လုပ်နိုင်တာပါ။ ကျေးဇူးတင်ပါတယ်” ဟု သူက မဇ္စျိမကို ပြောပြသည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးပွဲများ အထမြောက်အောင်မြင်စေရန် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ရဟန်းသံဃာ၊ ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်နှင့် တိုင်းရင်းသား လူမျိုးများ မပါဝင်ဘဲ ဒီမိုကရေစီနိုင်ငံ မတည်ဆောက်နိုင်ကြောင်း သူက ပြောဆိုသည်။ အန်အယ်ဒီ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီခေါင်းဆောင်များ၊ သံတမန်များ၊ CRPP အဖွဲ့ဝင်များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ နိုင်ငံရေးပါတီဝင် အချို့နှင့် ဧည့်ပရိသတ် စုစုပေါင်း လူတထောင်ကျော် တက်ရောက်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များကို ကူညီရန် ရည်ရွယ်၍ ယခုလ ၂ ရက်နေ့မှစ၍ ယနေ့ထိ ရုံးချုပ်ရှေ့ ပြုလုပ်သည့် ဈေးရောင်းပွဲမှ ရန်ပုံငွေ ကျပ်သိန်း ၄ဝ ခန့် အမြတ်ငွေ ရထားသည်ဟု ဒေါ်မေဝင်းမြင့်က ပြောသည်။အလားတူ လွတ်လပ်ရေးနေ့ အခမ်းအနားကို မန္တလေးမြို့ရှိ ပါတီတိုင်းစည်း ဥက္ကဋ္ဌ ဦးသိန်းတန် နေအိမ်၌ ကျင်းပရာ အဖွဲ့ဝင်များနှင့် ပါတီလူငယ် ၂ဝဝ ခန့် တက်ရောက်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၈ စက္ကန့်ကြာ ငြိမ်သက်အလေးပြုခဲ့ကြောင်း ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က ပြောသည်။ ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “အမိနိုင်ငံတော်ကြီး လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို စိုးစဉ်းမျှပင် လွှမ်းမိုးချုပ်ကိုင်မှု မခံရစေရေးအတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားအပေါင်းက နိုင်ငံရေး သတိကြီးစွာဖြင့် တားဆီး ကာကွယ်သွားကြရန်’’ တိုက်တွန်း နှိုးဆော်ထားသည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ကျမတို့ရဲ့နိုင်ငံ၊ ကျမတို့ရဲ့ပြည်သူတွေရဲ့ မလွတ်လပ်တဲ့ အနေအထားတွေကို ဖယ်ရှားဖို့ ဝိုင်းပြီးတော့ ကြိုးစားကြပါ’’ ဟု အဖွဲ့ချုပ်ရုံး အခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

၂၀၁၀ သည် နာရေး အများဆုံးဟု ဦးကျော်သူ ပြော

ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၀၂ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။      ။ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သက်တမ်း ၁ဝ နှစ်အတွင်း ပြီးခဲ့သည့်နှစ်သည် နာရေးကူညီမှု ၁ သောင်း ၄ ထောင်ကျော် ရှိခဲ့ရာ သက်တမ်းတလျှောက် အများဆုံးနှစ်ဟု အသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။၂ဝဝ၁ ခုနှစ် ဇန်နဝါရီလအတွင်း စတင်ထူထောင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ပြီးခဲ့သည့်နှစ်တွင် နာရေးကူညီမှုပေါင်း ၁၄၃၈၄ ရှိခဲ့ရာ ၁ဝ နှစ်အတွင်း အများဆုံးဖြစ်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။

’’အများဆုံးက ၂ဝ၁ဝ က များသွားတယ်။ kyaw-thuဘာလို့လဲဆိုတော့ နွေရာသီမှာ ပူတဲ့ဒဏ်ကြောင့် တော်တော်ဆုံးတာတွေ များတယ်။ ဧပြီနဲ့ မေမှာ ရန်ကုန်နဲ့ နယ်တွေ အပူချိန် ဒီဂရီက စံချိန်တင် မြင့်တက်ခဲ့တာ။ ဧပြီ ရာသီဥတု အရမ်းပူတဲ့အချိန် အဲဒီတုန်းက များတယ်။ တရက်တရက်ကို ၈ဝ လောက် ဖြစ်သွားတယ်’’ ဟု ဦးကျော်သူက မဇ္ဈိမကို ပြောသည်။ ၂ဝဝ၈ မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ရသဖြင့် အလုပ်အရှုပ်ဆုံးနှစ်ဟု ဆိုသည်။

နာရေးကူညီမှု အသင်းပိုင် နိဗာန်ယာဉ် အပါအဝင် ကားအစီးရေ ၁၉ စီးရှိရာ၊ ရန်ကုန်တိုင်းအတွင်း အသုဘပို့ မတတ်နိုင်သူများကို အခမဲ့ ကူညီပို့ဆောင်နေခြင်း ဖြစ်သည်။သုခ ကုသိုလ်ဖြစ် ဆေးခန်းတွင်လည်း ပုံမှန်ဝန်ထမ်း ၆ဝ ကျော်၊ စေတနာ့ဝန်ထမ်း ၃ဝဝ ကျော်နှင့် ဆရာဝန်ပေါင်း ၅ဝ ခန့်က အခမဲ့ ဆေးဝါးကုသလျက်ရှိရာ ပြီးခဲ့သည့်နှစ်တွင် ဆေးကုသမှု ၃၄၇၂၂ ဦးနှင့် သွေးကူညီမှု ၁၉၆ ပုလင်း ရှိခဲ့သည်။
’’ရောဂါကတော့ အစုံပဲခင်ဗျ။ အစုံပဲဆိုတာ အထွေထွေရောဂါရော အရိုး၊ အကြော၊ ကလေး၊ နောက်ပြီး သွား၊ ဓာတ်မှန်၊  အာထရာဆောင်းရိုက်တာတွေ၊ မီးယပ်နဲ့ သားဖွားတွေရောပေါ့။ အဲဒါတွေ အကုန်ပါတယ်။ အများဆုံးက အထွေထွေက ပိုများတယ်’’ ဟု ဦးကျော်သူက ပြောသည်။

ဆေးခန်းမှပင် ဆေးရုံသုံး လူနာကုတင်များ၊ လက်တွန်းလှည်းထိုင်ခုံများ၊ ချိုင်းထောက်များ၊ အောက်ဆီဂျင်အိုးများအား လိုအပ်သော လူနာများကို လှူဒါန်းခြင်း၊ ငှားရမ်းခြင်းတို့ကို နေ့စဉ် အခမဲ့ ဆောင်ရွက်ပေးလျက်ရှိသည်။ရာသီဥတု ပူပြင်းကာ ရေရှားပါးခဲ့သည့် ပဲခူး၊ ပြည်၊ ပေါက်ခေါင်း၊ ကျောက်ပန်းတောင်း၊ ဒလနှင့် သံလျင် မြို့နယ်ရှိ ကျေးရွာ ၂၆ ရွာသို့ ဝန်ထမ်းများ သွားရောက်ကာ ရေဂါလံ ၆၈ဝဝဝ နှင့် ရေပိုက်များ လှူဒါန်းခြင်း၊ အဝီစိတွင်းနှင့် အုတ်ရေလှောင်ကန်ပေါင်း ၃ဝ တူးဖော်ခြင်းများ ပြုလုပ်ခဲ့သေးသည်။ထို့ပြင် ပျမ်းမျှ ကလေး ၃ဝ ခန့်နှင့် လူကြီး ၂ဝ ကျော်အတွက် အင်္ဂလိပ်စာ သင်တန်းများ မကြာခဏ ပို့ချပေးခြင်း၊ ပန်းချီသင်တန်း ဖွင့်လှစ်ခြင်းများ ပြုလုပ်နေသလို၊ အသင်းဝင်လျှောက်ထားသူများကို နာရေး၊ ဆေးကူညီမှု၊ လူမှုဆက်ဆံရေးအပြင် ဓာတ်ပုံရိုက်သင်တန်းများပါ အပတ်စဉ် စာတွေ့/လက်တွေ့ သင်ကြားပေးနေသည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သော သင်တန်းများနှင့် သဘာဝသီးနှံတို့ဖြင့် ဖော်စပ်သော ခေါင်းလျှော်ရည်၊ ဆပ်ပြာရည် ထုတ်လုပ်ပုံများကိုပါ အခါအားလျော်စွာ သင်ကြားပို့ချသည်။

အလှူရှင်များ ပေးပို့လှူဒါန်းမှုဖြင့် သုခအလင်း စာကြည့်တိုက်ကို ဖွင့်လှစ်ထားရာ စာအုပ်ပေါင်း ၃ဝဝဝ ကျော် ရှိနေပြီး၊ နာရေးကူညီမှုနှင့် ဆေးကုသမှုအတွက် ပြည်တွင်းပြည်ပ အလှူရှင်များ၏ စေတနာ ငွေကြေးများဖြင့် လည်ပတ်နေခြင်း ဖြစ်သည်။’’နာရေးကိစ္စကော၊ ဆေးကုသမှုကော၊ လူနာတွေအတွက်ကော၊ နာရေးဖြစ်တဲ့ သူတွေအတွက်ကောက အလှူရှင်က သူတို့ကျေးဇူးရှင်ပါ။ ကျနော်တို့ကိုချည်း ကျေးဇူးတင်နေလို့ မရပါဘူး။ အလှူရှင်တွေကိုပါ ကျေးဇူးတင်သင့်ပါတယ်’’ ဟု ဦးကျော်သူက ဆိုသည်။ပြီးခဲ့သည့်နှစ်တွင် ပြည်ပရှိ မြန်မာများက ပြည်တွင်း လူမှုရေးလုပ်ငန်းများ အားတက်သရော လုပ်ကိုင်နေသူများကို မြန်မာ့ဂုဏ်ရည်ဆု ချီးမြှင့်ရန် အွန်လိုင်းမှ မဲထည့်ဝင်ခဲ့ရာ ဦးကျော်သူ အရွေးခံခဲ့ရသည်။ ၂ဝဝ၇ စက်တင်ဘာတွင် လမ်းပေါ်ထွက်ကာ မေတ္တာပို့ဆုတောင်းခဲ့သည့် သံဃာတော်များကို ဆွမ်းကပ်အပြီး သူ၏ သရုပ်ဆောင်လုပ်ငန်းကို အာဏာပိုင်များက တားမြစ်ပိတ်ပင်ခဲ့သည်။နာရေးကူညီမှုအသင်း (ရန်ကုန်) ဖွဲ့စည်းတည်ထောင်သည့် ၁ဝ နှစ်ပြည့် အခမ်းအနားကို မကြာခင် ပြုလုပ်သွားမည်ဟု သိရသည်။

ကြံ့ဖွံ့လူငယ် ဝက်ဘ်ဆိုဒ်ကို ဟက်ကာများ ထိန်းချုပ်

ကြံ့ဖွံ့လက်အောက်ခံ လူငယ်များ ဦးစီးလုပ်ကိုင်သည်ဟု လူသိများသော ဝါဒဖြန့်ချိရေး ခေတ်လူငယ် ဝက်ဘ်ဆိုဒ် (www.khitlunge.net.mm) ကို မြန်မာ လူငယ်များ ဖြစ်သည့် ဘလင့်ခ် ဟက်ကာ အဖွဲ့က ဟက်ထားကြောင်း တွေ့ရသည်။ ဒီဇင်ဘာ ၂၅ ရက်နေ့မှစ၍ DDoS ဖြင့် စတင် တိုက်ခိုက်ခဲ့ပြီး ယခုရက်များတွင် ယင်းဝက်ဘ်ဆိုဒ်ကို ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ကြောင့် ဘလင့်ခ် အဖွဲ့က ကြေညာထားသည်။
နေပြည်တော် လေဆိပ် စီမံကိန်း တရုတ်လည်း ဝင်ရောက်လုပ်ကိုင်

နေပြည်တော် လေဆိပ် စီမံကိန်း တရုတ်လည်း ဝင်ရောက်လုပ်ကိုင်

နေပြည်တော်ရှိ အေလာ၌ နိုင်ငံတကာ အဆင့်မီဖြစ်အောင် တိုးချဲ့တည်ဆောက်နေသော လေဆိပ် စီမံကိန်းတွင် တရုတ်ကုမ္ပဏီ တခုက အမေရိကန် ဒေါ်လာ သန်း ၁၀၀ ဖြင့် ဝင်ရောက် လုပ်ကိုင်မည်
အခွန်စနစ်သစ်တရပ် စတင်

အခွန်စနစ်သစ်တရပ် စတင်

မြန်မာနိုင်ငံတွင် အခွန်တိမ်းရှောင်မှု လျော့နည်း စေရန်အတွက် ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန် (Withholding Tax) စနစ်သစ်ကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ စတင်ကျင့်သုံးပြီ ဖြစ်ကြောင်း

မန္တလေးရှိ စက်သုံးဆီဆိုင်များ ဖျက်သိမ်းရမည်

မန္တလေး မဟာအောင်မြေ မြို့နယ်အတွင်းရှိ တနိုင်တပိုင် စက်သုံးဆီဆိုင် ၉၁ ဆိုင်ကို အာဏာပိုင်များက ဇန်န၀ါရီလ ၇ ရက်နေ့ နောက်ဆုံးထား၍ အပြီးဖျက်သိမ်းခိုင်း ထားကြောင်း သိရသည်။မန္တလေး

စစ်မှန်သောလွတ်လပ်ရေး ပေါ်ထွန်းရန် ကြိုးစားဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံတွင် စစ်မှန်သော လွတ်လပ်ရေး ပေါ်ထွန်းရန် တိုင်းရင်းသား ပြည်သူများ အားလုံး ညီညွတ်စွာဖြင့် ကြိုးစား ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က

ဖုန်းများကို ကြားဖြတ်ခိုးယူနားထောင်ရန် စီစဉ်နေ

စစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ နယ်ပယ်နှင့် မီဒီယာ လုပ်ငန်းတို့မှ လူပေါင်း ၃၀၀၀ ကျော်တို့၏ တယ်လီဖုန်းများကို ကြားဖြတ် နားထောင်ရန် စီစဉ်လျက်ရှိသည်ဟု ယင်းလုပ်ငန်းများ

NLD ရန်ပုံငွေ ဈေးရောင်းပွဲ ကျပ်သိန်း ၂၀၀ ကျော်ဖိုးရောင်းရ

နိုင်ငံရေး အကျဉ်းသားများ ကူညီရေးနှင့် လူမှုအထောက် အကူပြုရေး ရန်ပုံငွေအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကျင်းပသည့် ဈေးရောင်းပွဲတော်သို့ လူပေါင်း ထောင်နှင့်ချီ၍

နေပြည်တော် စားသောက်ဆိုင်များ ည ၉ နာရီပိတ်ရန်အမိန့်ထုတ်

နေပြည်တော်ခရိုင်ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အပါအ၀င် ဆိုင်များကို ည ၉ နာရီပိတ်ရန် အမိန့် ထုတ်ပြန်ထားကြောင်း ဒေသခံ အာဏာပိုင်များက ပြောသည်။အဆိုပါ ဒေသန္တရ အမိန့်ကို

မန္တလေး သမိုင်းဝင် စက်ရှင်တံတားကို ဖြိုဖျက်

မန္တလေးမြို့၏ သမိုင်းဝင် ရှေးဟောင်း အမွေအနှစ် တခုဖြစ်သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ခန့်က တည်ရှိခဲ့သော “စက်ရှင်တံတား” ခေါ် “စည်ရှည်တံတား” ကို ဒီဇင် ဘာ ၂၈ ရက်နေ့မှ စတင်ပြီး

ဘီရုမာ Tuesday, 04 January 2011 17:42 ကာတွန်း
ca-jan-04-11

ဟန်လေး Wednesday, 29 December 2010 13:42 ကာတွန်း
cartroon0003

စစ်မှန်သောလွတ်လပ်ရေး ပေါ်ထွန်းရန် ကြိုးစားဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဧရာဝတီ Tuesday, 04 January 2011 18:43
မြန်မာနိုင်ငံတွင် စစ်မှန်သော လွတ်လပ်ရေး ပေါ်ထွန်းရန် တိုင်းရင်းသား ပြည်သူများ အားလုံး ညီညွတ်စွာဖြင့် ကြိုးစား ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
11-indi1 NLD ရုံးချုပ်တွင် ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ရန်ကုန် ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်မှန်သော လွတ်လပ်ရေးသည် စစ်မှန်သော လူ့အခွင့်အရေးအပေါ် အခြေခံ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ယနေ့ မြန်မာပြည်သူလူထုသည် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စိုးရိမ် ကြောင့်ကြမှုများ၊ မလုံခြုံမှုများကို ခံစားနေရပြီး ယုံကြည်ချက်အတွက် ထောင်သွင်း အကျဉ်းချထားခြင်း ခံရသော နိုင်ငံရေးအကျဉ်းသားများ ရှိနေကြောင်း၊ ယနေ့ လွတ်လပ်ရေး အချိန်အခါ သမယတွင် လွတ်လပ်ရေး ရယူပေးခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများကို သတိရရန် လိုအပ်သကဲ့သို့ ယခုလက်ရှိ မတရားဖမ်းဆီး ချုပ်နှောင်ခံနေရသော နိုင်ငံရေး အကျဉ်းသားများကိုလည်း မမေ့ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော လွတ်လပ်ရေးရရှိရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“လွတ်လပ်ချင်တယ်၊ တိုးတက်ချင်တယ် ဆိုရင် ကိုယ်ကနေ စပြီးတော့ ကြိုးစားရမယ်။ တခြားသူတွေ ဘာလုပ်နေလဲ ဆိုတာ မကြည့်ပါနဲ့။ ကိုယ်ဘာလုပ်နေလဲ ဆိုတာ ပြန်ပြီးတော့ဆင်ခြင်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် အထွေထွေအခက်အခဲများ ကြုံတွေ့နေရပြီး ပြည်သူ အများစုက နေ့စဉ်နှင့်အမျှ အထူး စိုးရိမ်ပူပန် ကြောင့်ကြနေရကာ အနာဂတ် မျှော်လင့်ချက် ပျောက်ကွယ် နေသကဲ့သို့ ခံစားနေရသည်ဟု ပြောသည်။“နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့၊ တိုင်းပြည်မှာ အမှန်တကယ် ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ ပြေလည်ဖို့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များပါဝင်တဲ့ တွေ့ဆုံဆွေး နွေးပဲဖြစ်ဖို့၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆောင်ရွက်ဖို့ နအဖ ကို တိုက်တွန်းချက်ပါတဲ့ NLD ကြေညာချက်ကိုလည်း ဒီနေ့ ထုတ်ပြန်ပါတယ်” ဟု NLD ဗဟို အလုပ်အမှုဆောင် တဦးက ဆိုသည်။၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ့စီးပွားရေး သုံးသပ်ချက် စာတမ်းကို ထုတ်ပြန်ခဲ့ပြီး မြန်မာ့စီးပွားရေး အကျပ်အတည်းမှ လွန်မြောက်နိုင်သော နည်းလမ်းများအနေဖြင့် လူမျိုးအားလုံး တန်းတူညီမျှ အလုပ်လုပ်နိုင်ရန် အခွင့်အလမ်း ရရှိစေရေး၊ ၀င်ငွေအဆင့် အတန်းမြင့်မားကာ ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး၊ ဒေသ အလိုက်နှင့် လူမျိုးများအကြား တည်ရှိနေသည့် လူမှုရေး စီးပွားရေး မညီမျှမှုများ လျော့နည်းစေရေး ဆောင်ရွက်ရမည်ဟု သုံးသပ်ဖော်ပြထားသည်။

အဆိုပါစာတမ်း၌ မြန်မာနိုင်ငံတွင် ပြည်တွင်း လှည့်လည်သုံးစွဲငွေ အဖြစ် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလက ကျပ်ကုဋေပေါင်း ၁၈၀၀ ခန့်သာ ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ကျပ်ကုဋေ ၄ သိန်းကျော်အထိ များပြားလာခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားကြောင်း၊ လက်ရှိတွင် လွတ်လပ်သော စီးပွားရေးစနစ် ကျင့်သုံးသည်ဟု ဆိုသော်လည်း အခွင့်ထူးခံအသိုင်းအ၀န်းကို စီးပွားရေး အခွင့်အလမ်းများ ပေးအပ်သော ပုဂ္ဂလိက လက်ဝါးကြီးအုပ် စနစ်ကိုသာ အသုံးပြုနေကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးတွင် ကျခံ သုံးစွဲမှုမှာ လွန်စွာ နည်းပါးကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပြည်သူ့အရေးကို မစဉ်းစားဘဲ ဆည်မြောင်း၊ တာတမံ၊ မြစ်ကူးတံတားများ လွန်ကဲစွာ တည်ဆောက် သဖြင့် စိုက်ပျိုးမြေများ အကြီးအကျယ် ထိခိုက်နေကြောင်း ဖော်ပြထားသည်။

11-indi1
NLD ရုံးချုပ်တွင် ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ဆက်လက်ပြီး ယင်းစာတမ်းတွင်ပင် အစိုးရဘတ်ဂျက် လိုငွေပြမှုကို ထိန်းသိမ်းရန် ငွေစက္ကူသစ်များ ထပ်မံရိုက်နှိပ်ခြင်း မပြုဘဲ အစိုးရ ငွေချေးစာချုပ်များ ပိုမိုရောင်းချခြင်း၊ အခွန်ငွေကို အလေအလွင့်မရှိစေရန် ကောက်ခံခြင်းများ ပြုလုပ်၍ ထိရောက်စွာ သုံးစွဲသင့်ကြောင်း အကြံပြုထားသည်။NLD အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ၏ အကျိုးဆက်အား သုံးသပ်ရန် လိုအပ်သည်ကို အသိအမှတ်ပြုကြောင်း၊ လူသား အရင်းအမြစ်နှင့် ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်တိုးမြှင့်ကာ တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်းမြင်သာသော၊ တာဝန်ခံသော၊ အကျင့်ပျက်လာဘ်စားမှု ကင်းသော၊ ထက်မြက်ထိရောက်သော မျှတပြီး တမျိုးသားလုံးပါဝင်နိုင်သော အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်ရန် လိုအပ်ကြောင်း ထိုစီးပွားရေးသုံးသပ်ချက် ကြေညာ စာတမ်းတွင် ဖော်ပြထားသည်။

ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ NLD အဖွဲ့ဝင်များ၊ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ ရန်ကုန် အခြေစိုက် နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ အပါအဝင် အင်အား အင်အားရာဂဏန်းချီ၍ တက်ရောက်ခဲ့သည်။အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ်၏ ၆၃ နှစ်မြောက်လွတ်လပ်ရေးအခမ်းအနား တက်ရောက် လာသူများကို စစ်အစိုးရ ရဲများက ဓာတ်ပုံရိုက်ကူးခြင်း၊ မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သော်လည်း တစုံတရာ အနှောင့်အယှက် ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

အခမ်းအနားအပြီး နိုင်ငံရေးအကျဉ်းသားနှင့် မိသားစုဝင်များကို ကူညီစောင့်ရှောက်မှုပေး လိုသော စေတနာရှင်များအား နိုင်ငံရေးအကျဉ်းသား အမည်ပါသော မဲလိပ်များ နှိုက်ယူ မဲဖောက်ကာ တာဝန်ယူစေသည့် အစီအစဉ် ကျင်းပသည်။ ဒေါ်အောင်ဆန်းစုကြည်က လှိုင်သာယာမြို့နယ်မှ နိုင်ငံရေးအကျဉ်းသား တဦး၏ မိသားစုကို ကူညီရန် မဲပေါက်ခဲ့သည်။ အလားတူ ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို NLD ပါတီမှ ခွဲထွက်ထူထောင်ကာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကလည်း ၎င်း ရုံးချုပ်တွင် ယနေ့ ကျင်းပခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်သွေးချွေးတို့ဖြင့် ရင်းနှီးရယူခဲ့သည့် ရလဒ်ဖြစ်သဖြင့် ဤအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း NDF ပါတီ တာဝန်ရှိသူများက ဆိုသည်။ လွတ်လပ်ရေးအား ပိုင်ဆိုင်ခြင်းနှင့်အတူ ထိမ်းသိမ်းဖို့ရန် တာဝန်လည်း မြန်မာပြည်သူများ ထံတွင်ရှိကြောင်း၊ လွတ်လပ်ရေးတွင် အခွင့်အရေးများ ရှိသကဲ့သို့ တာဝန်များလည်းရှိကြောင်း၊ NDF သည် ငြိမ်းချမ်းသောနည်း၊ စီးပွား ရေးဖွံ့ဖြိုး တိုးတက်သော လမ်းကြောင်းမှ အမျိုးသား ရင်ကြားစေ့ရေး ပန်းတိုင်သို့ အရောက်ချီတက်ပြီး ထိုမှ တဆင့် ဒီမိုကရေစီ လူ့ဘောင်သို့ ချီတက်ရန် မျှော်မှန်ကြောင်း အဆိုပါ အခမ်းအနားတွင် NDF ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေကပြောသည်။

11-indi1
NLD ရုံးချုပ်တွင် ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ - ဧရာဝတီ)
လွတ်လပ်သော နိုင်ငံတခုရှိ ပြည်သူများတွင် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ ဖြစ်မှု၊ ခိုကိုးရာမဲ့မှု၊ ပညာမတတ်မှု၊ ကျန်းမာရေး ချို့တဲ့မှု စသည့် လူမှုရေး နာကျင်မှုများ ရှိနေပါက အနှစ်သာရ ပြည့်ဝသည့် လွတ်လပ်မှု မဖြစ်နိုင်ဟု အမျိုးသား ဒီမိုကရေစီအင်အားစုက ခံယူထားကြောင်း NDF က ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ ထုတ်ပြန်သည်။၎င်း အခမ်းအနားသို့ ရန်ကုန်တိုင်းအတွင်းရှိ NDF ပါတီဝင်များ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြပြီး သဘာပတိအဖြစ် နိုင်ငံရေးဦးဆောင်သူ ဦးခင်မောင်ဆွေမှ ဆောင်ရွက်သည်။၂၀၁၀ ရွေးကောက်ပွဲတွင် NDF ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး အနိုင် ရရှိခဲ့သော်လည်း သဃန်းကျွန်းမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်အား ပါတီမှ ထုတ်ပယ်ထားသည့်အတွက် အနိုင်ရ ကိုယ်စားလှယ် ၁၅ ဦး ရှိသည့် ပါတီဖြစ်သည်။ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေးပို့သည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာပါရှိပြီး ယင်းသဝဏ်လွှာ၌ စစ်အုပ်ချုပ်ရေး ယူထားသည့်ကာလအတွင်း တပ်မတော်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံကောင်းများကို ဘက်စုံ တည်ဆောက်ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ တည်ဆောက်ပေးနိုင်မှုများသည် သမိုင်း မှတ်တိုင်အဖြစ် ကျန်ရှိနေမည် ဖြစ်ကြောင်း၊ ပြည်သူများအပေါ်၌ စေတနာကြီးမားပြီး တာဝန်ကျေသည့် တပ်မတော် ဖြစ်ကြောင်း ပါရှိသည်။

“မြန်မာနိုင်ငံကို အင်အားချည့်နဲ့ သွားစေရန်အတွက် တခုတည်းသော နည်းလမ်းမှာ ပြည်ထောင်စုပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ယိုယွင်း ပျက်စီးရေးပင် ဖြစ်ပေသည်။ ထိုအချက်ကို ဖော်ဆောင်ရန်အတွက် နိုင်ငံရေး သစ္စာတရား နည်းပါး သူတို့ကို အသိမဲ့သော်လည်းကောင်း၊ သိပါလျက်သော်လည်းကောင်း စည်းရုံးသိမ်းသွင်း အသုံးချကာ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းကို ဖျက်လိုဖျက်ဆီး ကြံစည်အားထုတ် လုပ်ဆောင်လာနိုင်ပေသည်” ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း၏ သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နိုင်ငံသူ နိုင်ငံသားများအတွက် ဂုဏ်ယူဖွယ်ရာ အစဉ်အလာကောင်း ဖြစ်သည် ဟူ၍လည်း ၎င်း သဝဏ်လွှာတွင် ပါရှိသည်။ဧရာဝတီ သတင်းထောက် အောင်သက်ဝိုင်းနှင့် မြတ်ကျော့ ရေးသားသည်။

မန္တလေးရှိ စက်သုံးဆီဆိုင်များ ဖျက်သိမ်းရမည်


မန္တလေး မဟာအောင်မြေ မြို့နယ်အတွင်းရှိ တနိုင်တပိုင် စက်သုံးဆီဆိုင် ၉၁ ဆိုင်ကို အာဏာပိုင်များက ဇန်န၀ါရီလ ၇ ရက်နေ့ နောက်ဆုံးထား၍ အပြီးဖျက်သိမ်းခိုင်း ထားကြောင်း သိရသည်။မန္တလေး ခရိုင်အဆင့်ရှိ အာဏာပိုင်များ၏ အမိန့်ဖြင့် တပတ်အတွင်း အပြီးဖျက်သိမ်းကြရန် ညွန်ကြားထားကြောင်း၊ သတ်မှတ်ရက်အတွင်း မပြောင်းရွှေ့ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဟု ခြိမ်းခြောက်ထားကြောင်း၊ ထို့ကြောင့် ဆီရောင်းချသူများ စိုးရိမ်ထိန့်လန့် နေကြကြောင်း ဓာတ်ဆီဆိုင်ရှင် တဦးက ဧရာဝတီကိုပြောသည်။လက်ရှိဖျက်သိမ်းခိုင်းထားသော ဆီဆိုင်များသည် မန္တလေး-ပြင်ဦးလွင်လမ်းမကြီး တလျောက်ရှိဆိုင်များဖြစ်ပြီး ထိုဆိုင်များသည် ၂၀၀၂ ခုနှစ်ဝန်းကျင် ကပင် ရောင်းချနေကြသော တနိုင်တပိုင်ဆိုင်များ ဖြစ်သောကြောင့် လမ်းတိုးချဲ့ရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် မီးဘေးအန္တရာယ် တားစီးရေးအတွက် ဖျက်သိမ်းရခြင်းဖြစ်သည်ဟု အာဏာပိုင်များက အကြောင်းပြကြောင်း သူက ဆိုသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် အာဏာပိုင်များနှင့် ငွေကြေးတတ်နိုင်သူ စီးပွားရေးသမားများပူးပေါင်း၍ တနိုင်တပိုင် လုပ်ငန်းများကို အပြုတ်ဖြုတ် ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။၂၀၁၀ ပြည့်နှစ် ဇွန်လမှ စ၍ အစိုးရထံမှ ပုဂ္ဂလိက ကိုတရားဝင်လွှဲပြောင်းပြီး ဓာတ်ဆီ တဂါလန် ရောင်းဈေး ၂၅၀၀ ကျပ် သတ်မှတ်ထားသည်။ ပြင်ပ ဈေးကွက်တွင် တဂါလံ ၃၂၀၀ကျပ်၊ ၃၂၅၀ ကျပ် စသည့်ဖြင့် ရောင်းချနေကြသော်လည်း အများစုက တန်းမစီလို၍ ဈေးပိုပေးကာ လမ်းဘေးဆိုင်များ၌ အ၀ယ်များသည်ဟု ဒေသခံ တဦး၏ ပြောပြချက် အရသိရသည်။“ဒီဆိုင်တွေမရှိတော့ရင် ဆီတခါဖြည့်ရင် ညအိပ်စောင့်ရတော့မှာ” ဟု ဒေသခံ က ပြောသည်။မန္တလေးတမြို့လုံး၌ အစိုးရပိုင် စက်သုံးဆီဆိုင် ၂ ဆိုင်ခန့်နှင့် အစိုးရထံမှ လွှဲပြောင်းယူထားသောဆိုင် စုစု ပေါင်း ၁၂ ဆိုင် ၀န်းကျင်ရှိသည်ဟု သိရသည်။ ဆီဆိုင်များ ဖျက်သိမ်းခံရမည် ဖြစ်၍ တနိုင်တပိုင် ဆီရောင်းစားနေသူများနှင့် မိသားစု အများအပြား၏ စားဝတ်နေရေး ထိခိုက်သွား မည်ဟု ဓာတ်ဆီရောင်းသူတဦးက ဆိုသည်။ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန်  မန္တလေးခရိုင်ရုံးနှင့်တိုင်းမီးသတ်တို့ထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေ ဆိုခြင်းမရှိပေ။

အခွန်စနစ်သစ်တရပ် စတင်

ဧရာဝတီ Wednesday, 05 January 2011 14:50
မြန်မာနိုင်ငံတွင် အခွန်တိမ်းရှောင်မှု လျော့နည်း စေရန်အတွက် ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန် (Withholding Tax) စနစ်သစ်ကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ စတင်ကျင့်သုံးပြီ ဖြစ်ကြောင်း သိရသည်။
Internal-Revenue-Depart-NPD နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံး။ Withholding Tax ပေးသွင်းရန် စာရွက်စာတမ်းကို သက်ဆိုင်ရာ အခွန်ဦးစီးဌာနရုံးများ
တွင် တောင်းယူနိုင်သည်။ (ဓာတ်ပုံ - ပြည်တွင်းအခွန် ဝက်ဘ်ဆိုဒ်)
ပြည်တွင်း အခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ကုန်သည်ကြီးများကို ဒီဇင်ဘာလ ၃၁ ရက်နေ့၌ ရန်ကုန်မြို့၊ မင်းရဲကျော်စွာ လမ်းရှိ ကုန်သည်အသင်း အဆောက် အဦတွင် ခေါ်ယူတွေ့ဆုံပြီး အခွန်စနစ်သစ် စတင် ကျင့်သုံးကြောင်း တရားဝင် အကြောင်းကြားလိုက်ခြင်း ဖြစ်သည်။
ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန်ဆိုသည်မှာ ၀င်ငွေတရပ်ရပ် ရရှိချိန်တွင် ငွေထုတ်ပေးရန် တာဝန်ရှိသူက ထိုဝင်ငွေအပေါ် ကျသင့်သော အခွန်ကို နုတ်ယူ၍ သက်ဆိုင်ရာ ပြည်တွင်း အခွန်များရုံးသို့ လွှဲပြောင်း ပေးသွင်းသည့် အခွန်ဖြစ်သည်။ သွင်းကုန်သမားများက သက်ဆိုင်ရာ အခွန်ကို ကြိုတင် ဖြတ်တောက် ပေးဆောင်ရမည့် စနစ်မျိုးဖြစ်သည်။ ပြည်ပမှဆိုလျှင် သွင်းကုန်ပေါ်တွင် ၃.၅ ရာခိုင်နှုန်း၊ ပြည်တွင်းဆိုလျှင် ၃ ရာခိုင်နှုန်း ကောက်ခံမည်ဟု သိရသည်။

“Withholding Tax က အစိုးရက အခွန်လိုက်ကောက်တာ မဟုတ်ဘူး။ ကုမ္ပဏီတွေကိုယ်တိုင်က သူလုပ်တဲ့လုပ်ငန်းအတွက် တာဝန်သိသိ အခွန်ဆောင်ရတာ။ အဲဒီလိုတာဝန်သိသိ အခွန်ဆောင်ဖို့လည်း ထိန်းချုပ်တဲ့စည်းမျဉ်း၊ ဥပဒေတွေ ထုတ်ပြန်ထားတယ်” ဟု ဦးအောင်မိုးကြည်က ပြောသည်။ယင်း စနစ်သစ်ကို ၂၀၁၀ ပြည့်နှစ် ဧပြီလကတည်းက အတည်ပြုခဲ့သော်လည်း ယခုမှ စတင်ကျင့်သုံးခြင်းဖြစ်ကြောင်း၊ ယင်းစနစ်သစ်အရ မှတ်ပုံတင်ထားသော အဖွဲ့အစည်းများ၊ အစုစပ် လုပ်ငန်းများ၊ ကုမ္ပဏီများ အကျုံးဝင်ကြောင်း၊ အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေး မတိုင်မီ ကြိုတင်ပြင်ဆင်သည့် သဘောဖြစ်ကြောင်း Eleven မီဒီယာတွင် ရေးသားထားသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ ၀န်ထမ်းတဦးက “ဒီအခွန်စနစ်က သိပ်ရှုပ်ထွေးမှု မရှိပါဘူး။ ဥပမာ Aကုမ္ပဏီက Bကုမ္ပဏီဆီက ငွေ ၁၀ သိန်းဖိုး ပစ္စည်းတွေဝယ်လိုက်တယ်။ A ကုမ္ပဏီက B ကုမ္ပဏီကို ကုန်ပစ္စည်းဖိုး ငွေ ၁၀ သိန်းမပေးခင် အရောင်းအ၀ယ်အတွက် ကျသင့်တဲ့အခွန်ကို အခွန်ရုံးမှာ သွားသွင်းပြီး အခွန်ဆောင်ထားတဲ့ လက်မှတ်နဲ့ ကျန်တဲ့ငွေကို Bကုမ္ပဏီကို ပေးလိုက်တာ။ အခွန်က ၃ ရာခိုင်နှုန်း ကျသင့်ရင် ၁၀ သိန်းဖိုးအတွက် အခွန်ငွေ ၃ သောင်းပေါ့။ အဲဒီတော့ A ကုမ္ပဏီက အခွန် ၃ သောင်း ဆောင်ထားတဲ့လက်မှတ်နဲ့ ငွေ ၉သိန်း ၇ သောင်းကို B ကုမ္ပဏီကို ပေးရမယ်။ ၀ယ်သူက ရောင်းသူကို ငွေမပေးခင် ရောင်းသူအတွက် အခွန်ဆောင်ပေးလိုက်တာပေါ့” ဟု ရှင်းလင်းပြောဆိုသည်။

ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန်ဆောင်ရမည့် ၀င်ငွေအမျိုးအစား လေးမျိုးရှိပြီး (၁) အတိုးပေးငွေများ၊ လိုင်စင်၊ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး စသည်တို့ကို အသုံးချခွင့်ပြုသည့် ပေးချေငွေများ၊ (၂) ကန်ထရိုက်စာချုပ် (သို့) သဘောတူစာချုပ် (သို့) သဘောတူညီချက် တရပ်ရပ်ဖြင့် ပစ္စည်းဝယ်ယူခြင်းနှင့် လုပ်ငန်းဆောင်ရွက် ပေးစေခြင်းအတွက် ပေးချေငွေများ၊ (၃) စာချုပ်စာတမ်းဖြင့် နိုင်ငံခြားသားလုပ်ငန်းရှင် သို့မဟုတ် နိုင်ငံခြားသားကုမ္ပဏီက လုပ်ငန်းဆောင်ရွက်ပေးစေခြင်း

No comments:

Post a Comment