၅ သိန်းတန်ဖုန်းကို ဆက်သွယ်ရေးက စစ်ဆေး ဖြတ်တောက်ခွင့်ရှိ
ဧရာဝတီ Tuesday, 25 January 2011
ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်းများတွင် အင်တာနက်သုံးခြင်း၊ ဖုန်းပြောခြင်း တို့ကို .........ကုန်တင်ယာဉ် အလေးချိန် ကန့်သတ်၍ ကုန်ဈေးနှုန်းမြင့်တက်
ခိုင်သွယ် Tuesday, 25 January 2011
ပြည်တွင်း ကုန်စည်ပို့ဆောင်ရေး ကဏ္ဍတွင် အာဏာပိုင်များက ကုန်တင်ယာဉ်များအား ကုန်ပစ္စည်းတင်ပို့မှု အလေးချိန် ကန့်သတ်လိုက် ခြင်းကြောင့် အခြေခံ စားသောက်ကုန် ပစ္စည်းများ...စစ်အစိုးရထုတ်ရောင်းသည့် ရွှေ လူကြိုက်နည်း
ဧရာဝတီ Tuesday, 25 January 2011
သတ္တုတွင်း ၀န်ကြီးဌာနက အခေါက် ရွှေများကို ထုတ်ရောင်း သော်လည်း ရွှေချိန်လျော့ခြင်း၊ ဈေးနှုန်း မမှန်ခြင်း တို့ကြောင့် လူကြိုက်နည်း နေကြောင်း သတင်းရရှိသည်။စစ်အစိုးရ သတ္တုတွင်း ၀န်ကြီးဌာနက ...MAI လေကြောင်း အိမ်နီးချင်း ၃ နိုင်ငံ တိုးချဲ့ပျံသန်းမည်
ဟိန်းသူ Tuesday, 25 January 2011
မြန်မာနိုင်ငံရှိ ပုဂ္ဂလိက လေကြောင်းလိုင်း တခုဖြစ်သည့် MAI (Myanmar Airways International) သည် အိမ်နီးချင်း ၃ နိုင်ငံနှင့် လေကြောင်း ခရီးစဉ်များ တိုးချဲ့ပြေးဆွဲတော့မည် ဖြစ်ကြောင်း ...ရန်ကုန်တွင် စစ်မှုမထမ်းမနေရ ဥပဒေ ဆန့်ကျင်ရေး လှုပ်ရှား
ဇာနည်မာန် Monday, 24 January 2011
စစ်အစိုးရမှ ပြဌာန်းမည့် စစ်မှုမထမ်းမနေရ ဥပဒေကို ဆန့်ကျင်ရန် နှိုးဆော် စာများကို ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် မယ်လမုဘုရား အနီးတ၀ိုက်တွင် လူငယ်တစုက ယမန်နေ့ညက ...
စစ်တပ်မှားယွင်းပစ်ခတ်သဖြင့် တပ်သား ၆ ဦး ဒဏ်ရာရ
စိုင်းဇွမ်ဆိုင်း Monday, 24 January 2011
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကို စစ်အစိုးရက ယနေ့နံနက်၌ လက်နက်ကြီးများဖြင့် တိုက်ခိုက်စဉ် လက်နက်ကြီးများ နေရာမှားယွင်း ကျရောက် ပေါက်ကွဲသဖြင့် ...
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ပြန်လည်ကောင်းမွန်
မင်းနိုင်သူ Monday, 24 January 2011
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ရက်ပိုင်းများက ကျန်းမာရေး ချို့ယွင်း နေရာမှ ယခု ပြန်လည် ကောင်းမွန်လာပြီ ...အိန္ဒြာကျော်ဇင် မင်္ဂလာပွဲကြောင့် အကယ်ဒမီနှင့်လွဲသည်ဟု သတင်းထွက်ပေါ်
နရီလင်းလက် Monday, 24 January 2011
၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲတွင် အမျိုးသမီး သရုပ်ဆောင်ဆု ရမည်ဟု ခန့်မှန်းထားသည့် အိန္ဒြာကျော်ဇင် မရခဲ့ခြင်းမှာ ခြိမ့်ခြိမ့် သည်းသည်း ဆင်နွှဲခဲ့သည့် ၎င်း၏ မင်္ဂလာပွဲကြောင့်ဟု ...နေပြည်တော်အမြန် လမ်းမကြီးပေါ် ယာဉ်တိမ်းမှောက်၊ ဂျပန်တဦးသေဆုံး
နရီလင်းလက် Monday, 24 January 2011
ရန်ကုန်- နေပြည်တော် အမြန်လမ်းမကြီးတွင် ဇန်န၀ါရီလ ၂၂ ရက်နေ့ည ၁၁ နာရီခန့်က ယာဉ်တိမ်းမှောက်မှုတခု ဖြစ်ပွားခဲ့ပြီး ဂျပန်လူမျိုး တဦးနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ အရာရှိ ...ပြည်မြို့ မျိုးသုခ အထူးကုဆေးခန်း တရားစွဲခံရ
သင်းအောင် Thursday, 27 January 2011
ပြည်မြို့၏ ပုဂ္ဂလိက ဆေးခန်းကြီး ဖြစ်သည့် မျိုးသုခ အထူးကု ဆေးခန်း၌ ကုသနေစဉ် ကွယ်လွန်သွားသူ၏ မိဘများက လူနာကို သေစေရန် ပူးပေါင်း ကြံစည်ခဲ့သည် ဟူသော ယူဆချက်ဖြင့် ...
NLD ကို တရားဝင် အသိအမှတ်ပြုရန် အမေရိကန် အဆင့်မြင့် သံတမန်တောင်းဆို
နရီလင်းလက် Wednesday, 26 January 2011
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို တရားဝင်ပါတီ အဖြစ် အသိအမှတ် မပြုလျှင်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်မပေးလျှင် အမေရိကန် အစိုးရအနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး...
စစ်အစိုးရ နောက်ဆုံး လေးလပတ် အစည်းအဝေး ပြီးဆုံး
ရန်ပိုင် Wednesday, 26 January 2011
စစ်အစိုးရရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ်နေတဲ့ လေးလပတ် အစည်းအဝေး ဒီကနေ့ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်၊ ဒီလေးလပတ် အစည်းအဝေးဟာ လွှတ်တော် မတိုင်မီ စစ်အစိုးရရဲ့ ...
နအဖတပ် ထိုင်းနယ်မြေမှ DKBA ကို ၀င်တိုက်
ဧရာဝတီ Wednesday, 26 January 2011
ကရင်ပြည်နယ် မြ၀တီခရိုင် ချောင့်ခက် ဒေသတွင် ယနေ့နံနက်က စတင်ကာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် ...၅ သိန်းတန် ဖုန်းလျှောက်ရန် မှောင်ခိုဈေးကွက် ကျယ်ပြန့်
ဧရာဝတီ Wednesday, 26 January 2011
ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်း လျှောက်ထားခြင်းနှင့် အင်တာနက် တပ်ဆင်ရန် လျှောက်ထားပေးသော မှောင်ခိုဈေးကွက်ကြီး တခု ဖြစ်ပေါ်နေပြီး ထိုဈေးကွက်မှ ဆက်သွယ်ရေး ၀န်ထမ်းများမှာ ...Asian Wings လေကြောင်း လိုင်းသစ် ပျံသန်းတော့မည်
ရန်ပိုင် Wednesday, 26 January 2011
စီးပွားရေး လုပ်ငန်းရှင် ဦးတေဇနှင့် ခရီးသွား ကုမ္ပဏီတခု ဖြစ်သည့် Sun Far Travels & Tours Co, Ltd ကုမ္ပဏီတို့ ပူးပေါင်း လုပ်ကိုင်သည့် Asian Wings အမည်ရှိ ပြည်တွင်း လေကြောင်းလိုင်းကို ...နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း နောက်ဆုံးအသုတ် ရောင်းချ
နရီလင်းလက် Wednesday, 26 January 2011
ဝန်ကြီးဌာန အသီးသီးရှိ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၇၆ ခု ကို နောက်ဆုံး အသုတ်အဖြစ် ပုဂ္ဂလိကကို ရောင်းချနေကြောင်း သိရသည်။ယခု ရောင်းချမှုသည် ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးရေး အစီအစဉ်အရ Read more Add comment (2) Hits: 4316 DKBA နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့ KNU နှင့် ပူးပေါင်း
ဧရာဝတီ Tuesday, 25 January 2011
ကရင်ပြည်နယ် မြ၀တီခရိုင် တောင်အုပ်ရွာ အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နယ်ခြားစောင့်တပ် အမှတ် (၁၀၁၉) မှ တပ်ခွဲမှူးတဦး အပါအ၀င် တပ်ဖွဲ့ဝင် ၁၇ ဦး ...ချင်းပြည်နယ်သို့ NLD ဆန်လှူ
ရန်ပိုင် Tuesday, 25 January 2011
ကြွက်အန္တရာယ်ကြောင့် အငတ်ဘေး ကြုံနေသည့် ချင်းပြည်နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးစီးပြီး ယနေ့ ဆန်လှူဒါန်းကြောင်း NLD ကပြောသည်။NLDပါတီမှ ဦးအောင်မြင့် (ဖျာပုံနီလုံဦး)...
သာသနာရေး ၀န်ကြီးဌာနပိုင် မြေနေရာ တရားမ၀င် ငှားရမ်း
သင်းအောင် Tuesday, 25 January 2011
၂၀၁၃ ဆီးဂိမ်း စီမံကိန်းများ ပြီးစီးလုနီး
နရီလင်းလက် Saturday, 29 January 2011
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း) အတွက် နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်း တည် ဆောက်မှု ၆၆ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သောကြောင့်၂၀၁၂ အတွင်း ...နအဖ တပ်က အကျဉ်းသား ပေါ်တာများကို သတ်ဖြတ်မှုရှိ
ဧရာဝတီ Friday, 28 January 2011 19:22
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မာနယ်ပလော ဒေသ စစ်မြေပြင်တွင် အသုံးပြုနေသည့် အကျဉ်းသား ပေါ်တာများကို နအဖ စစ်တပ်က သတ်ဖြတ်မှုများ ရှိကြောင်း ထွက်ပြေး လွတ်မြောက်လာသည့် Read more Add comment (0) Hits: 5279 NLD ရပ်တည်ခွင့် အယူခံ နေပြည်တော်တရားရုံးချုပ် ပယ်ချ
မင်းနိုင်သူ Friday, 28 January 2011
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရပ်တည်ခွင့် အထူးအယူခံကို နေပြည်တော် တရားရုံးချုပ်က ယနေ့ ပယ်ချလိုက်သည်။အဆိုပါ အယူခံ ပယ်ချခံရမှုနှင့် ပတ်သက်၍ နေပြည်တော်သို့ ရောက်ရှိနေသည့် ...လွှတ်တော်ကိုယ်စားလှယ်များ အနေအစားခက်
ခင်ဦးသာ Friday, 28 January 2011
“ရေချိုးမယ် ဆိုပြီး ရေခလုတ် ဖွင့်လိုက်တော့ ရေအနီရောင်တွေ ထွက်လာတယ်။ ဒီနေ့ အထိတော့ ရေမချိုးသေးဘူး” ဟု လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က နေပြည်တော် စည်ပင် ဧည့်ရိပ်သာမှ...မီဒီယာ ထိန်းချုပ်ရန် ခက်ခဲဟု ဗိုလ်ချုပ်မှူးကြီး ပြောဆို
စည်သူ Friday, 28 January 2011
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မီဒီယာများသည် ခွင့်ပြုရန် လွယ်ကူသော်လည်း ထိန်းချုပ်ရန် ခက်ခဲသည် ဟုပြော ကြားကြောင်း သိရသည်။နေပြည်တော်၌ မကြာမီ ကျင်းပမည့် ...လူ့အခွင့်အရေး ချိုးဖောက်မှုမရှိဟု စစ်အစိုးရ ငြင်းဆို
ဧရာဝတီ Thursday, 27 January 2011
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ယနေ့ ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ လူ့အခွင့်အရေး မှတ်တမ်းပြန် လည် သုံးသပ်သည့် ညီလာခံ၌ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့က ...
ဦးပိုင် ကားပြပွဲ အရောင်းထိုင်း
နရီလင်းလက် Thursday, 27 January 2011
မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ် ကားကုမ္ပဏီ တို့ ရန်ကုန် တပ်မတော် ပြခန်းတွင် ပူးပေါင်းကျင်းပသည့် ဒုတိယအကြိမ် ကားပြပွဲမှာ လူအများ စိတ်ဝင်စားမှု အလွန်နည်းကြောင်း...ခေတ်ပေါ် အဝတ်အစားနှင့် ဓာတ်ပုံများကြောင့် ဂျာနယ် ၂ စောင် ယာယီပိတ်ခံရ
ဟိန်းသူ Thursday, 27 January 2011
သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ မင်္ဂလာဆောင် ညစာစားပွဲ တက်သည့်ပုံများ ဖော်ပြခဲ့သည့် အတွက် ပြည်တွင်းဂျာနယ် ၂ စောင်ကို စာပေစိစစ်ရေးမှ ထုတ်ဝေခွင့် ခေတ္တရပ်ဆိုင်း ...ဝန်ကြီးများ ရာထူးမှမထွက်ဘဲ လွှတ်တော်တက်မည်
ခင်ဦးသာ Thursday, 27 January 2011
စစ်အစိုးရအဖွဲ့၌ လက်ရှိတာဝန် ထမ်းဆောင် နေကြသော အစိုးရ အဖွဲ့ဝန်ကြီးများသည် လက်ရှိရာထူးများကို မနုတ်ထွက်ဘဲ လွှတ်တော် တက်ကြမည်ဟု သိရသည်။“ရက်က နီးကပ်နေပြီဆိုတော့ ...အာဆီယံ သီချင်းဆိုပြိုင်ပွဲတွင် မြန်မာ တတိယဆုရ
နရီလင်းလက် Thursday, 27 January 2011
အာဆီယံ ရွှေရောင်သံစဉ်များ သီချင်းဆိုပြိုင်ပွဲ၏ ပေါ့ပ်သီချင်း ကဏ္ဍတွင် "I will always love you" သီချင်းဖြင့် မြန်မာအဆိုတော် ကိုကျော်ဇင်မင်းက တတိယဆု (ကြေးတံဆိပ်) ရရှိခဲ့သည်။-


နအဖ တပ်က အကျဉ်းသား ပေါ်တာများကို သတ်ဖြတ်မှုရှိ
ဧရာဝတီ Friday, 28 January 2011 19:22
ယမန်နေ့က ထွက်ပြေးလာသည့် အကျဉ်းသားပေါ်တာများ (ဓာတ်ပုံ - ဧရာဝတီ)ယမန်နေ့က မာနယ်ပလော စစ်မြေပြင်မှ ထွက်ပြေးလွတ်မြောက်လာသည့် အကျဉ်းသားပေါ်တာ ၁၃ ဦး အနက် အင်းစိန် ထောင်မှ ကိုအောင်ကျော်မိုး၊ ကိုဂျိုးဇက်နှင့် ကိုလင်းမာန်အောင် တို့က ၎င်းတို့ရှေ့တွင် နအဖ တပ်က သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဧရာဝတီသို့ ပြောပြသည်။
ကိုအောင်ကျော်မိုးက"ဒီလ ၁၅ ရက်နေ့လောက်က ကျနော်တို့ထဲက အားကုန်ပြီး နားခွင့်ပေးပါလို့ပြောတဲ့ အင်းစိန်ထောင် က ကိုစံပေါ ရဲ့ ရင်ဝကို ဓားမြှောင်နဲ့ ၂ ချက်ထိုးပြီး ချောက်ထဲကို ကန်ချလိုက်တယ်၊ ဓားထိုးတဲ့လူက ဗိုလ်မှူး အရပ်ပုပုနဲ့ခမရ ၂၀၈ ထောက်ပို့ တပ်ကပါ"ဟု ဆိုသည်။
ပစ္စည်း မထမ်းနိုင်သည့် ပြည်ထောင်မှ အကျဉ်းသားပေါ်တာ ၃ ဦးကိုလည်း နအဖ စစ်သားများက ရက်ရက် စက်စက် သတ်ဖြတ်ခဲ့သည်ဟုလည်း ကိုဂျိုးဇက်က ပြောသည်။
"မာနယ်ပလောနားက ဘုရားကျောင်းရှိတဲ့ ထီးသေ့ခီးရွာမှာ လမ်းမသွားနိုင်တော့တဲ့ ပြည်ထောင်က ၃ ယောက်ထဲက နှစ် ယောက်ကို ဓားနဲ့ လည်လှီးသတ်ပြီး တယောက်ကိုတော့ သေနတ်နဲ့ ပစ်သတ်လိုက်တယ်၊ ငါတို့ တပ်မတော်သားတွေကို အသေမခံနိုင်ဘူး၊ သေစရာရှိရင် မင်းတို့ပဲ သေရမယ်ဆိုပြီး ကျနော်တို့ကိုကြိမ်းတယ်၊ အသတ်ခံရတဲ့လူထဲက နှစ်ယောက် သိတယ်၊ ချစ်ကိုကို(၁၈)နှစ်နဲ့ အောင်သူဝင်း(၁၇)နှစ်"ဟု ၎င်းက ပြောပြသည်။
ထွက်ပြေးသည့်ပေါ်တာ၂ ဦးကိုလည်း လိုက်လံဖမ်းဆီးပြီး တဦးကို နားထင်သေနတ်တေ့၍ ပစ်သတ်ပြီး ကျန်တဦး၏ ရင်ဝကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ဖြစ်ရပ်ကို မျက်မြင်တွေ့ရှိ ခဲ့သည်ဟု အကျဉ်းသားပေါ်တာ ကိုလင်းမာန်အောင် ကလည်း ပြောသည်။အဆိုပါ အကျဉ်းသားပေါ်တာ ၁၃ ဦးသည် မာနယ်ပလော ဒေသ စစ်မြေပြင်မှတဆင့် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ထွက်ပြေး လာကြပြီး ယမန်နေ့က ကရင် အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ တပ်စခန်းသို့ ရောက်ရှိလာခြင်းဖြစ် သည်။၎င်းအကျဉ်းသားပေါ်တာများမှာ ကိုမောင်မျိုး၊ ကိုဆန္ဒကျော်၊ ကိုအောင်ကျော်မိုး၊ ကိုလင်းအောင်၊ ကိုဂျိုးဇက်၊ ကိုထွန်းထွန်း နိုင်၊ စိုင်းကော်ခမ်း၊ ကိုပေါက်စ၊ ကိုကျော်ဦး၊ ကိုကံထွန်း၊ ကိုရဲထွန်း၊ ကိုလင်းမာန်အောင်နှင့် ကိုမင်းသူ တို့ဖြစ်ပြီး ဖျာပုံ၊ ဘားအံ၊ အင်းစိန်၊ လားရှိုးနှင့် ပြည် ထောင်များမှတဆင့် မာနယ်ပလော ဒေသသို့ ရောက်ရှိလာကြသူများဖြစ်သည်။
ရောက်ရှိလာသည့် အကျဉ်းသားပေါ်တာများကို(KNU)တပ်
ဖမ်းဆီးရမိသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှာ ဗိုလ်ကြီး စောအရှား၊ ကမ္ဘာကျော်၊ ဝေါ်ခို့၊ ဖလုံ သား၊ အောင်ကြည် ဌေး၊ ဒါဘောင်မင်၊ လော်ကယ်နှင့် စောဖားအဲ တို့ဖြစ်သည်ဟု KNU က ပြောသည်။ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖ တပ်က အကျဉ်းသား ပေါ်တာများကို လူသား မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုမှုများလည်း ရှိခဲ့ သည်။ထို့သို့ မိုင်းရှင်းကိရိယာများအဖြစ် အသုံးခံနေရသည့် အန္တရာယ်မှ လွတ်မြောက်လိုသောကြောင့် ဇန်န၀ါရီ လဆန်းပိုင်း ကလည်း အကျဉ်းသားပေါ်တာ ၁၂ ဦးခန့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဘက်သို့ တိမ်းရှောင်လာခဲ့ကြသေးသည်။
နအဖတပ် ထိုင်းနယ်မြေမှ DKBA ကို ၀င်တိုက်
ဧရာဝတီ Wednesday, 26 January 2011 18:47
DKBA ဗိုလ်မှူးကြီး ကျော်သက်နှင့် တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - ဧရာဝတီ)နအဖ တပ်ဖွဲ့ဝင်များ ထိုင်းဘက်ခြမ်းမှ ၀င်ရောက်ခဲ့မှုကို ထိုင်း နယ်ခြားစောင့် တပ်များက တစုံတရာ ဟန့်တား အရေးယူမှုများ ပြုလုပ်ခြင်း မရှိဟုလည်း ဗိုလ်မှူးကြီး ကျော်သက်က ဆက်လက်ပြောကြားသည်။တိုက်ပွဲတွင် နအဖ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၂ လက်အောက်ခံ ခမရ ၅၄၆-၅၄၈- ၅၄၉ နှင့် စကခ ၉ လက်အောက်ခံ ၃၅၆-၃၅၇ တပ်ရင်းများ၏ ပူးပေါင်းအင်အား ၂၀၀ ကျော်ပါရှိ ပြီး နအဖ ဘက်မှ တပ်ခွဲမှူးတဦး အပါအ၀င် ၁၄ ဦး ကျဆုံး၍ ၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု DKBA ဘက်က ပြောသည်။
တိုက်ပွဲ၌ ထိခိုက်ဒဏ်ရာရရှိသည့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ယနေ့တွင် တဦးမျှ ရောက်ရှိလာခြင်းမရှိဟု ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ဆေးရုံကြီး ထိခိုက်ဒဏ်ရာ ကုသဌာနမှ သူနာပြု တဦးက ပြောသည်။ထိုင်းနယ်စပ် အာဏာပိုင်များက ထိုင်း- မြန်မာနယ်စပ်တွင် မြန်မာစစ်တပ်နှင့် လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များအကြာြး
ယနေ့ဖြစ်ပွားသည့်တိုက်ပွဲကြောင်
ခေတ်ပေါ် အဝတ်အစားနှင့် ဓာတ်ပုံများကြောင့် ဂျာနယ် ၂ စောင် ယာယီပိတ်ခံရ
ဟိန်းသူ Thursday, 27 January 2011 17:34
ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် မင်္ဂလာညစာစားပွဲတွင် တွေ့ရသည့် သရုပ်ဆောင် အေးမြတ်သူ (ဓာတ်ပုံ - myanmarcilibrities.com)The First ဂျာနယ်၏ အယ်ဒီတာကိုလည်း ထိုကဲ့သို့ ပုံများ ထည့်သွင်း ဖော်ပြသည့် အတွက် ခေါ်ယူကာ ပြင်းထန်စွာ သတိပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ အထက်ပါ ဂျာနယ်များမှာ သတင်းဓာတ်ပုံများကို စာပေစိစစ်ရေးသို့ ကြိုမတင်ဘဲ ထုတ်ခဲ့သည့် အတွက်ကြောင့် ယခုကဲ့သို့ အပြစ်ပေး ခံရခြင်း ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် ဂျာနယ်အယ်ဒီတာ တဦးက ပြောသည်။“နောက်တခါ ဒီလိုမျိုးဖြစ်လာရင် ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေအရ အရေးယူသွားမယ်။ သူတို့ ပြောနေကျ မလိုက်နာရင် အနားပေးမယ်၊ ထုတ်ဝေခွင့်ပိတ်မယ် ဆိုတာတွေပြောပြီး The First ဂျာနယ် အယ်ဒီတာတွေကို စိစစ်ရေးက ဆူပါတယ်” ဟု ၎င်းကပြောသည်။
ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် မင်္ဂလာညစာစားပွဲ တက်ရောက်လာသည့် ထွန်းအိန္ဒြာဗို (ဓာတ်ပုံ - myanmarcilibrities.com)ထိုမင်္ဂလာပွဲကြောင့် ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲတွင် အမျိုးသမီး သရုပ်ဆောင်ဆု ရမည်ဟု ခန့်မှန်းထားသည့် အိန္ဒြာကျော်ဇင် မရခဲ့ခြင်း ဖြစ်သည်ဟုလည်း ရုပ်ရှင် အစည်းအရုံးနှင့် နီးစပ်သူများက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ချိန်က ၎င်း သတင်းနှင့် ဓာတ်ပုံများကို ပုံကြီးချဲ့ အချပ်ပို ထုတ်ဝေ ဖော်ပြခဲ့မှုဖြင့် စာပေစိစစ်ရေးက ပြည်တွင်း သတင်းဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခြင်းဖြင့် အရေးယူခဲ့သည်။ မြန်မာနိုင်ငံတွင်လက်ရှိအချိန်
သာသနာရေး ၀န်ကြီးဌာနပိုင် မြေနေရာ တရားမ၀င် ငှားရမ်း
သင်းအောင် Tuesday, 25 January 2011 16:25
“၂၀၁၀ စက်တင်ဘာမှာ Yangon Media Group က ကိုကို(စက်မှု တက္ကသိုလ်)နဲ့ အဖွဲ့ဂိုဒေါင်ကိုလာကြည့်တယ်။ သူတို့ပိုင် ပုံနှိပ် စက်တွေထား ဖို့ ၀န်ကြီးနဲ့ ညှိတယ်။ နိုဝင်ဘာမှာ YPPG ဒါရိုက်တာ ဦးအောင်သန်းချစ်က လာရောက် စာချုပ်တာပဲ”ဟု သာသနာ တော် ထွန်းကားပြန့်ပွားရေး အရာထမ်း တဦးက ဆိုသည်။
ထို့ကြောင့် အလုပ်ခန်းနေရာ ဦးစွာ လာရောက်လေ့လာသူ Yangon Media Group နှင့် ငှားရမ်းသူ Yangon Publishing & Printing Group တနည်းနည်း ပတ်သက်ဆက်နွှယ်နေရမည်ဟု ၀န်ထမ်းများအကြား ပြောဆိုနေကြသည်။“အခု ၂၀၁၁ ဇန်န၀ါရီ လဆန်းမှာ YPPG ရဲ့စက်နှစ်လုံး ရောက်လာပြီ။ သာသနာရေးက ငှားရမ်းထားတဲ့ စက်တလုံးနဲ့ ပေါင်း ၃ လုံး လည်ပတ်နိုင်ဖို့ စက်တွေ စတင်တပ်ဆင်နေပြီ။ ဌာနတွင်းဆိုတော့ မီးမှန်တယ်။ လုပ်ငန်း နေ့ ည လည်ပတ်လို့ ရတယ်”ဟု YPPG ၏ ပုံနှိပ်စက် ဆရာတဦးက ပြောဆိုသည်။
သာသနာရေး ၀န်ကြီးဌာနပိုင် ကိုမိုရီ အော့ဖ်ဆက်၊ ဓားစက်များကို ယခုကဲ့သို့ ငှားရမ်းခွင့်ပြုလိုက်ခြင်းကို သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များပင် မသိရှိလိုက်ကြဟုလည်း ဆိုသည်။“စက္ကူအခက်အခဲကြောင့် အသုံးမပြုဘဲ ရပ်ထားတဲ့ 4 UNIT ကိုမိုရီကို ငှားလိုက်တယ်ပဲ ထင်နေကြတာ။ ဌာနမှာ လက်ရှိ လည်ပတ် နေတဲ့ ကိုမိုရီ ၅ လုံးအနက် အကောင်းဆုံးစက်ကို အခုလို ငှားလိုက်တာ။ အဲဒီစက်က ၂၀၀၉ ခုနှစ်တုန်းက ထိုင်ဝမ်ဘုန်းကြီး `ဆင်တောက်´ကနေ သာသနာရေးကို လှူဒါန်းထားတဲ့ စက်ပါ”ဟု သာသနာရေး ဦးစီးဌာန ၀န်ထမ်းများက ပြောသည်။သာသနာရေး အရာထမ်း တဦးကလည်း“ဒီအပေါ် ၀န်ထမ်းသက်သာ ရန်ပုံငွေအဖြစ် သတ်မှတ်ငှားရမ်းခြင်းမျိုး မဟုတ်ဘူး။ သက်သာ ရန်ပုံ ငွေ နဲ့ ပတ်သက်တဲ့ ညှိနိုင်းမှု၊ ညွှန်ကြားမှု၊ စာရွက်စာတမ်း ဘာမှ မရှိဘူး”ဟု ပြောသည်။
ထို့အပြင် သာသနာရေးဝန်ကြီးဌာန ၀န်ကြီးသည် ၎င်း၏ ကိုယ်ကျိုးအတွက် ပြီးခဲ့သည့် ၂ နှစ်ခန့်မှ ယနေ့အထိ သာသနာရေးရုံးဝင်း အတွင်း KMD ကွန်ပျူတာ သင်တန်းအား နေရာပေးငှားရမ်းခဲ့ကြောင်း သိရသည်။KMD သင်တန်းသားဝင်ကြေး၏ ၃၀ ရာခိုင်နှုန်းကို လစဉ်ပေးအပ်ရန် ညှိနှိုင်းမှုအရ ၀န်ကြီး၏ တလ၀င်ငွေသည် ကျပ် ၁၀ သိန်းနှင့် အထက် ရှိနိုင်သည်ဟု ၀န်ထမ်းများက ထင်ကြေးပေးနေကြသည်။ထို့အပြင် ကမ္ဘာအေးဘုရား လမ်းမပေါ်ရှိ ၀ိသကြုံ သင်္ကန်း ပရိက္ခရာဆိုင်၊ မကြာမီက ဖွင့်လှစ်လိုက်သည့် ပန်းပျိုးပင် အရောင်းဆိုင် တို့၏ ငှားရမ်းခများကိုလည်း ဌာနတွင်း စာရင်းရှင်းလင်းခြင်း မရှိဘဲ ၀န်ကြီး၏ လစဉ်ဝင်ငွေအတွင်း ရောက်ရှိသွားကြသည်ဟု ၀န်ထမ်း များက ဆိုသည်။
“၀န်ကြီးဌာန သက်သာရန်ပုံငွေဆို ၀န်ထမ်းအားလုံး သိနေရမယ်။ အခုလို မြေငှား၊ စက်ငှား၊ ညွှန်ချုပ်၊ ညွှန်မှူးတွေနဲ့ ညှိနှိုင်းမှုတွေ ရှိရမယ်။ အခုတော့ နေပြည်တော်၊ ရန်ကုန်ရှိ သာသနာရေးဝန်ကြီးဌာန၊ ဌာနကြီး ၄ ခုက လူကြီးနဲ့ ညှိနှိုင်းမှု မရှိဘဲ ၀န်ကြီးက သူ့သဘောနဲ့သူ လုပ်တာ။ ဒါဟာ ဌာနတွင်း လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး”ဟု နေပြည်တော်ရှိ သာသနာရေး ဦးစီးဌာန အရာထမ်းတဦး က ပြောဆိုသည်။ကမ္ဘာအေး ဘုရားလမ်း ပုံနှိပ်ဝန်ထမ်းများမှာမူ လက်ကျန် စက်အဟောင်း ၄ လုံးဖြင့် ဌာန၏ လုပ်ငန်းများ လည်ပတ်ရတော့မည်ဖြစ်ပြီး လုပ်ငန်းနှောင့်နှေးနိုင်မည်ဟု ခန့်မှန်းနေကြသည်။
ဝန်ထမ်းတချို့ကမူ“၂၀၁၀ ခုနှစ်ထဲမှာ ရဲစခန်း၊ မီးသတ်ရှေ့တွေက ၀န်ထမ်းသက်သာ ဆိုင်ခန်းတွေ ဖျက်သိမ်းခဲ့တယ်။၂၀၁၁ နှစ် ဦး မှာ ပါရမီ လမ်းမပေါ်က ၀န်ထမ်းသက်သာ ဆိုင်ခန်းတွေ ဖျက်ခဲ့တယ်။ အဲဒီလို ဖျက်သိမ်းနေတာကို သိလျက်နဲ့ ၀န်ကြီးက ရုံးပိုင် အဆောက်အအုံ မြေနေရာတွေ ငှားရမ်းနေခြင်းဟာ စဉ်းစားစရာဖြစ်နေတယ်”ဟု ပြောဆိုနေကြသည်။
စီးပွားရေး ပညာရှင်တဦးက“နိုင်ငံပိုင်လုပ်
DKBA နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့ KNU နှင့် ပူးပေါင်း
ဧရာဝတီ Tuesday, 25 January 2011 18:54
KNU နှင့် လာရောက် ပူးပေါင်းသည့် DKBA နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)လာရောက် ပူးပေါင်းသည့် အဆိုပါတပ်ဖွဲ့ဝင် ၁၇ ဦးအနက် ၁၆ ဦးသည် KNU တပ်မဟာ ၇ နှင့် အတူ တိုက်ပွဲဝင်ရန် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ မာနယ်ပလော ဒေသသို့ မကြာမီ ရက်ပိုင်းအတွင်း ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
KNU တပ်မဟာ ၇ မှ ဗိုလ်ကြီး မျိုးမင်းသူက “ပြန်လည် ပူးပေါင်းလာသူတွေရဲ့ ဆန္ဒအတိုင်းပဲ အကူအညီ ပေးပါတယ်။ သာမန် အရပ်သားလို နေချင်လည်း ရတယ်။ တပ်ထဲမှာပဲ ပြန်လုပ်ချင်လည်း ရတယ်။ သူတို့သဘောဆန္ဒ အတိုင်းပါပဲ”ဟု ပြောသည်။
ယခုနှစ်ဆန်းမှစ၍ KNU တပ်မဟာ (၇) သို့လာရောက်ပူးပေါင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၂၆) ဦးအထိ ရှိနေပြီဖြစ်ပြီး လာ ရောက်ပူးပေါင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှ
ပြည်မြို့ မျိုးသုခ အထူးကုဆေးခန်း တရားစွဲခံရ
သင်းအောင် Thursday, 27 January 2011 13:59
မျိုးသုခ ဆေးခန်းသို့ ရောက်ရှိစဉ် လူနာမှာ ကားပေါ်မှ ကိုယ်တိုင်ဆင်းနိုင်ပြီး သွေးပေါင်ချိန် ၁၄၀/၉၀ ရှိနေခဲ့ကြောင်း ၎င်းက ဆို သည်။“ည ၈ နာရီမှာ ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ညွှန့် ရောက်လာတယ်။ လူနာကို တမိနစ် ၁၅ စက်နှုန်း အချိုရည် တိုက်ပေးဖို့ တာဝန်ကျတွေကို မှာသွားတယ်”ဟု လူနာ၏ မိခင် ဒေါ်ဝေေ၀လွင်ကလည်း ဆိုသည်။ထိုစဉ်က လိမ္မော်သီးကျွေးနေစဉ် လူနာမှာ အစေ့ အမျှင်များကိုပင် ထွေးထုတ်နိုင်ကြောင်း ၎င်းတို့ အဆိုအရ သိရသည်။
ဆေးခန်း၏ အထူးသူနာပြု နိုနိုသန်းဆွေအား ငှားရမ်းထားသော်လည်း လူနာအပေါ် ဂရုစိုက်ခြင်း မရှိခဲ့ကြောင်း၊ ထို့နောက် လူနာ အသက်ရှု ပြင်းလာသည်ကို တာဝန်ရှိသူများအား သွားရောက် အကြောင်းကြားသော်လည်း တဦးမျှ ရောက်ရှိလာခြင်းမရှိကြောင်း လူနာရှင်များက ပြောသည်။
ည ၉ နာရီခန့် ဆီးပိုက် တပ်ပေးနေစဉ် လူနာက ရုန်းကန်ရာ အမျိုးသား သူနာပြု ကိုသက်ဇော်ထွဋ် က စိတ်ဆိုး မာန်ဆိုးဖြင့် ကြိမ်း မောင်းနေသဖြင့် လူနာရှင်များက တောင်းပန်ခဲ့ရကြောင်း၊ ယင်းနောက် ည ၁၁ နာရီခန့် တာဝန်ကျ ဆရာဝန် ဒေါက်တာ သူရလွင် အား အထက်ပါ အခြေအနေများကို ပြောပြရာ ထိုဆရာဝန်က လူနာကို ကြည့်ပင် မကြည့်တော့ဘဲ ပြန်ထွက်သွားခဲ့ကြောင်း လူနာ ရှင်များက ဆက်လက်ပြောဆိုသည်။ဇန်န၀ါရီ ၁၀ ရက် နံနက် ၃ နာရီခန့်တွင် လူနာကို ဆေးထိုးရန် ဆေးပုလင်းဖြတ်နေသည့် အထူးသူနာပြုကို အမျိုးသား သူနာပြု က တခြားသို့သွား၍ ဆေးပုလင်းဖြတ်ရန် တားမြစ်ကာ ခေါ်ဆောင်သွားခဲ့သည်ဟုလည်း လူနာ၏ မိဘများက ပြောသည်။“ခဏအကြာ ဆရာမ ရောက်လာပြီး ဆေးသွင်းတယ်။ ဘာဆေးသွင်းတာလဲ မေးလိုက်တော့ ဆရာမက တုန်တုန်ယင်ယင်နဲ့ ဂလူးကို့စ်ပါလို့ ပြောပြီး အခန်းအပြင် ပြေးထွက်သွားတယ်”ဟု လူနာ၏ မိခင် က ဆိုသည်။ထိုစဉ်က လူနာ သွေးပေါင် ကျနေသည်ကိုလည်း သွေးပေါင် အနည်းငယ် ပြန်တက်လာသည်ဟုသာ သူနာပြုက ပြောဆိုကြောင်း ၎င်းက ဆိုသည်။
ယင်းနောက် လူနာမှာ တာဝန်ကျ တဦးတယောက်မှ အနီးနား မရှိဘဲ ထိုနေ့နံနက် ၅ နာရီခွဲတွင် ကွယ်လွန်သွားခဲ့ကြောင်း၊ တာဝန် ကျ ဒေါက်တာ သူရလွင် က သေဆုံးကြောင်း အတည်ပြုပြီးနောက် အထူးသူနာပြု ရောက်ရှိလာကာ ၎င်း၏လက်ထဲရှိ ဆေးပုလင်း အခွံထုပ်နှင့် အ၀ါရောင် ဆေးရည်အိတ်ကို လုယူကာ အခန်းအပြင် ထွက်သွားခဲ့ကြောင်း လူနာ၏ မိခင် က ပြောသည်။ဆေးခန်း ကျသင့်ငွေ ပြေစာ ၅ စောင် အတွက် စာရင်းရှင်းပေးအပြီး အလောင်းကို နံနက် ၆ နာရီခန့်တွင် သရက်မြို့သို့ ပြန်လည် သယ်ယူလာခဲ့သည်ဟု လူနာ၏ ဖခင် က ပြောပြသည်။“အလောင်းမြေကျပြီး နောက်နေ့ ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ညွန့်ကို အကျိုးအကြောင်း ရှင်းပြတယ်။ ဆေးခန်း မန်နေဂျာ ဦးဉာဏ်ဦးက မျိုးသုခ ဆေးရုံအုပ် ဒေါက်တာ တင်မောင်သန်း ဆီ ခေါ်သွားတယ်။ လူနာကို အသက်ကယ်ဆေး ထိုးပေးခြင်းမှာ မှန် ကန်ကြောင်း ဆေးရုံအုပ်ကြီးကပြောပြီး ဆေးမှတ်တမ်း မိတ္တူတွေ ပေးလိုက်တယ်”ဟု ဖခင်ဖြစ်သူက ပြောသည်။
ပြည်မြို့ရှိ အခြား ဆရာဝန်ကြီး တဦးအား အဆိုပါ ဆေးစာများ ပြသမေးမြန်းရာ အသက်ကယ်ဆေးနှင့် တူသည့် ဆေး တခုမှ မပါဟု သိခဲ့ရကြောင်း ၎င်းက ဆိုသည်။
ယင်းနောက် ဇန်န၀ါရီ ၁၃ ရက် နေ့လယ် ၁၁ နာရီတွင် ပြည်မြို့ မျိုးသုခ ဆေးခန်း ဆေးရုံအုပ်ကြီး၊ မန်နေဂျာ၊ ဓာတ်ခွဲခန်းမှူး ဦးစိုး သန်း၊ တာဝန်ကျ ဆရာဝန်၊ အမျိုးသား သူနာပြု၊ အမျိုးသမီး သူနာပြုတို့ သရက်မြို့ရှိ ကွယ်လွန်သူ၏ မိဘများထံ ရောက်ရှိလာကြောင်း၊ ၎င်းတို့၏ ဆေးကုသမှု ပေါ့ဆခဲ့ခြင်းအပေါ် ၀န်ခံပြီး ခွင့်လွှတ်ရန် ပြောဆို၍ ကန်တော့ရန် ပြင်ဆင်ကြကြောင်း၊ ဤသို့ ပြုမူလာသည့်အပေါ် ၎င်းတို့က လက်မခံခဲ့ကြောင်း ကျန်ရစ်သူ မိသားစုများ အဆိုအရ သိရသည်။“ဇန်န၀ါရီ ၁၄ ရက် နေ့လယ် ၁၂ နာရီမှာ ဆေးခန်းပိုင်ရှင်ရဲ့ဇနီး ဒေါ်လှမြိုင်တို့ ရောက်လာတယ်။ ဆရာဝန်မကြီး တဦး အပါအ၀င် ၄ ဦးပါလာတယ်။ ပြီးတော့ တောင်းပန်တယ်။ အတူပါလာတဲ့ ဓာတ်ခွဲမှူးက အဓိက တာဝန်ရှိတဲ့ အထူးသူနာပြု နိုနိုသန်းဆွေကိုသာ တရားစွဲဖို့ ကျနော့်သမီးကို တိတ်တဆိတ် ပြောသွားတယ်”ဟု ...........
No comments:
Post a Comment