Friday, January 7, 2011

ဦးပိုင် လီမိတက် လုပ်ငန်းများ အခွန်ဆောင်ရန် မလို & မနောပွဲတွင် စစ်အစိုးရ ဆန့်ကျင်စာ ဖြန့်ဝေ & ဧရာရွှေဝါဆီဆိုင်မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံး & ခါးသီးမှုတွေကြားက မော်ချီးရဲ့ ဝမ်းတထွာ

ဇော်ဂျီမြန်မာဖောင့်လိုချင်ရင် ဒီနေရာကို click ပေးပါ

 

 

ဦးပိုင် လီမိတက် လုပ်ငန်းများ အခွန်ဆောင်ရန် မလို

ဧရာဝတီ Friday, 07 January 2011 16:31
ထိပ်တန်း စစ်ဗိုလ်ချုပ်များနှင့် စစ်တပ် အသိုင်းအ၀ိုင်း အတွက် ၀င်ငွေအဓိက ရှာပေးနေသော ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သည် နိုင်ငံတော်သို့ အခွန်ဆောင်ရန် မလိုဘဲ ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို စိတ်ကြိုက်လုပ်ပိုင်ခွင့် အထူး အခွင့်အရေး ရရှိထားကြောင်း သိရသည်။

a-ship-of-5-Star-Line-seen-as-Yangon-River စီးပွားရေးဦးပိုင် လီမိတက်မှ လွှဲပြောင်း ရယူထားသည့် ကြယ်ငါးပွင့် သင်္ဘောလိုင်းမှ သင်္ဘောတစီးကို ရန်ကုန်မြစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - မိုးမခ)
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်း အခွန်များဦးစီးဌာနသည် အခွန်တိမ်းရှောင်မှု လျော့ကျစေရန် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစပြီး ပင်ရင်းမှ နုတ်ယူ ပေးသွင်းသည့် အခွန် (သို့) ဝင်ငွေခွန် (Withholding Tax) စနစ်သစ် စတင် ကျင့်သုံးပြီဖြစ်သော်လည်း စီးပွားရေးဦးပိုင် လီမိတက်သည် အခွန်ကင်းလွတ်ခွင့်ရသော စီးပွားရေး အဖွဲ့အစည်းဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က ပြောသည်။

“နိုင်ငံတော် အဖွဲ့အစည်းတွေရယ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်က အခွန်ကင်းလွတ်ခွင့် ရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

နိုင်ငံတော် အဖွဲ့အစည်းများသည် နိုင်ငံတော် စာရင်းစစ်အဖွဲ့မှတဆင့် စစ်ဆေးပြီး လိုအပ်သောအခွန်များ ပေးဆောင်မည် ဖြစ်သည့်အတွက် တခြားစီးပွားရေး လုပ်ငန်းများကဲ့သို့ အခွန်ပေးဆောင်ရန် မလိုအပ်ကြောင်း၊ သို့ရာတွင် စီးပွားရေးဦးပိုင် လီမိတက်မှာမူ အခွန်ပေးဆောင်ရန် မလိုသော စစ်တပ်ပိုင် စီးပွားရေးကုမ္ပဏီဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ စီးပွားရေး သမားတဦးက စီးပွားရေးဦးပိုင် လီမိတက်သည် လက်ရှိ ပြည်တွင်းစီးပွားရေး လုပ်ငန်းပေါင်း မြောက်မြားစွာကို ပိုင်ဆိုင်ခွင့် ရရှိထားသော အဖွဲ့အစည်းဖြစ်သောကြောင့် အခွန်ပေးသင့်ကြောင်း၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်သည့် မည်သည့်အဖွဲ့အစည်းမဆို အခွန်ပေးဆောင်ရန် တာဝန်ရှိပြီး အဆိုပါအခွန်ငွေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် တိုင်းပြည်ရေးရာ ကိစ္စများ ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် တပြေးညီ မျှတသော အခွန်ထမ်းစနစ် ပေါ်ပေါက်မှသာ နိုင်ငံသားအားလုံး အခွန်ဆောင်လိုကြမည်ဖြစ်ကြောင်း သုံးသပ်သည်။

“စစ်တပ်ကျောထောက်နောက်ခံ အဖွဲ့အစည်းဖြစ်လို့ အခွန်မဆောင်ဘူး၊ ဗိုလ်ချုပ်တွေနဲ့ အဆင်ပြေလို့ အခွန်မဆောင်ဘူး၊ နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်လို
့ အခွန်မဆောင်ဘူးဆိုပြီး အခွန်ရှောင်ကြတာတွေ အများကြီးပဲ။ ဒီတော့ တခြား စီးပွားရေးသမားတွေကလည်း အောက်ခြေနဲ့ ညှိပြီး အခွန်ရှောင်တယ်။ အခွန် သိန်း ၁၀၀ ဆောင်ရမယ်ဆိုရင် အောက်ခြေ အခွန်ဝန်ထမ်းတွေကို သိန်း ၃၀ လောက်ပေးပြီး လုပ်ငန်းအရှုံးပြ အခွန်ရှောင်တာမျိုးတွေ ဖြစ်လာတယ်။ ဒါတွေက တရားဥပဒေ စိုးမိုးမှုမရှိလို့” ဟု ၎င်းက ထောက်ပြသည်။ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အရာရှိတဦး၏ ပြောကြားချက်အရ လူဦးရေ သန်း ၅၀ ကျော်ရှိသော မြန်မာနိုင်ငံတွင် လူဦးရေ၏ ၁.၀၉ ရာခိုင်နှုန်းကသာ အခွန်ပေးဆောင်သည်ဟု သိရသည်။အခွန်ကင်းလွတ်ခွင့်ရှိသော စီးပွားရေးဦးပိုင် လီမိတက်သည် ပြည်သူပိုင်ပစ္စည်းများကို ၄င်းတို့ပိုင် ပစ္စည်းများအဖြစ် သိမ်းယူလျက်ရှိပြီး ကြယ်ငါးပွင့် သင်္ဘောလိုင်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ ပန်းဆိုးတန်းလမ်းမရှိ ကုန်သွယ်ရေး အဆောက်အအုံ၊ ကုန်သည်လမ်းရှိ ဗဟိုဘဏ် အဆောက်အအုံတို့ ပါဝင်သည်။

စီးပွားရေးဦးပိုင် လီမိတက်သည် စီးပွားရေးလုပ်ငန်းပေါင်း မြောက်မြားစွာ လုပ်ကိုင်လျက်ရှိပြီး မြ၀တီဘဏ်၊ လန်းပြီ သင်္ဘောလိုင်း၊ Ruby ကုန်တိုက်၊ ပါရမီအငှားယာဉ်လိုင်း၊ အဓိပတိ ယာဉ်လိုင်းအပါအ၀င် ခရီးသည်တင် ပို့ဆောင်ရေးလုပ်ငန်းများ၊ မြ၀တီ ကုန်သွယ်ရေးကုမ္ပဏီ၊ မြနန္ဒာ သောက်ရေသန့်၊ ရွှေ တူးဖော်ခွင့်၊ ကျောက်မျက်ရတနာ တူးဖော်ခွင့်၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စီးကရက်လုပ်ငန်း၊ ကားတင်သွင်းခွင့်၊ ကားထုတ်လုပ်ရေးလုပ်ငန်း၊ သစ်ထုတ်လုပ်ခွင့် အပါအ၀င် အကျိုးအမြတ်များသော စီးပွားရေးလုပ်ငန်းကြီးများကို အထူးအခွင့်အရေးဖြင့် လုပ်ကိုင်လျက်ရှိသည်။စီးပွားရေးဦးပိုင် လီမိတက်၏ ယခင် ဥက္ကဋ္ဌမှာ ဒု ဗိုလ်ချုပ်ကြီးဟောင်း တင်အေးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှ စ၍ စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်ဦးကို ပြောင်းလဲခန့်အပ် တာဝန်ပေးခဲ့သည်။စီးပွားရေး ဦးပိုင်လီမိတက်ကို စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များဖြင့် ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ဖွဲ့စည်းခဲ့သည်။

မနောပွဲတွင် စစ်အစိုးရ ဆန့်ကျင်စာ ဖြန့်ဝေ

ဇာနည်မာန် Friday, 07 January 2011 17:09
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယနေ့ စတင်သည့် ၆၃ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတွင် ကချင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂက စစ်အစိုးရ ဆန့်ကျင်ရေးစာများ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။
Kachin-Manaw-2011
၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်နေ့က ကချင်ပြည်နယ်နေ့ မနောပွဲကို မြစ်ကြီးနားမြို့တွင် ကျင်းပနေစဉ် (ဓာတ်ပုံ - Reuters)
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်အစိုးရ အရာရှိများက ပွဲတော်ကျင်းပရေး ကော်မတီတွင် ပါဝင်ထိန်းချုပ်မှုများ ပြုလာသောကြောင့် ကျေနပ်မှု မရှိသည့်အပြင်၊ စစ်အာဏာရှင်စနစ် ကျဆုံးစေရန် လှုံ့ဆော်သည့်အနေဖြင့် စာများဖြန့်ဝေရခြင်း ဖြစ်ကြောင်း ကချင် ကျောင်းသားသမဂ္ဂ အဖွဲ့ကဆိုသည်။

“A4 ဆိုဒ် စာရွက် ၂၀၀၀ မှာ ၂၀၀၈ အခြေခံ ဥပဒေအား အလိုမရှိ၊ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အလိုမရှိ၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန်၊ နအဖ စစ်အစိုးရ ကျဆုံးရန် ဆိုတာတွေ ရေးပြီး မနက်က ဖြန့်ပါတယ်။ မြို့ထဲက လမ်းတွေမှာ ကျဲဖြန့်တယ်။ တချို့ကို သစ်ပင်နဲ့ တိုင်တွေမှာ ကပ်ခဲ့တယ်” ဟု ကချင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်တဦးက ဧရာဝတီသို့ပြောသည်။

ပြီးခဲ့သည့် နှစ်များက ပွဲတော်ကျင်းပရေးကော်မတီတွင် ကချင်ယဉ်ကျေးမှုနှင့် လူမှုအဖွဲ့မှ ကချင်တိုင်းရင်းသား လူကြီးများသာ ပါဝင်ခဲ့သော်လည်း ယခုနှစ်၌ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်အရာရှိများပါဝင် ချယ်လှယ်လာကြောင်း၊ ထို့ပြင် ယခင်နှစ်များက မနောကွင်း အ၀င်မုခ်ဦး၌ “ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး” ဟု ရေးသားခဲ့သော်လည်း ယခုနှစ်တွင်မူ “၆၃ နှစ်မြောက် ကချင်ရိုးရာ ယဉ်ကျေးမှု ပြည်ထောင်စု မနောပွဲတော်” ဟု ရေးသားသုံးနှုန်းလာ၍ ဒေသခံများက မကျေနပ်ကြဘဲ စိတ်ပါဝင်စားမှု နည်းနေကြောင်း သူကဆိုသည်။

ဆက်လက်၍ ၎င်းက “ကြေးမုံ သတင်းစာမှာလည်း ပြည်ထောင်စု မနောပွဲလို့ ရေးလာတော့ စိတ်မကောင်းဘူးပေါ့ဗျာ။ အရင်နှစ်တွေကလောက် ပြည်သူလူထုက အားတက်သရော မရှိကြဘူး။ ကျနော်တို့က မနောပွဲကို ဆန့်ကျင်ချင်တာ မဟုတ်ပါဘူး။ ကချင်တိုင်းရင်းသားတွေရဲ့ ပွဲကို အစိုးရက ဒီလို ထိန်းချုပ်တာတွေ လုပ်လာတာကို ဆန့်ကျင်တာပါ” ဟု ပြောသည်။မနောပွဲတော် လုံခြုံရေးကိုလည်း ယခင်နှစ်များကဲ့သို့ ကချင်ယဉ်ကျေးမှုအဖွဲ့ဝင် လူငယ်များက တာဝန် မယူရတော့ဘဲ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များကိုသာ တာဝန်ပေးထားသည်ဟု အဆိုပါ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်က ဆိုသည်။မြစ်ကြီးနားမြို့ခံတဦးကလည်း “အခုက ခါတိုင်းလုပ်နေကျ မနောကွင်းမှာ ဆိုပေမယ့် သူတို့ဟာသူတို့ လုပ်နေတာ ဆိုတော့ သိပ် စိတ်မ၀င်စားကြဘူး။ ကျောင်းသားတွေကိုဆို အတင်း သွားခိုင်းတယ်။ စိတ်မ၀င်စား ပေမယ့်လည်း အတင်းအဓမ္မ ခိုင်းနေတော့ သွားကြရတာပေါ့” ဟု ပြောသည်။အဆိုပါ မနောပွဲတော်ကို ဇန်န၀ါရီလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ရုပ်မြင်သံကြားလိုင်း တခုဖြစ်သည့် Studio 35 မှ တိုက်ရိုက်ထုတ်လွှင့်ပြသခြင်း၊ Iron Cross တေးဂီတအဖွဲ့မှ စင်တင်တေးဂီတ ဖျော်ဖြေခြင်းများ ရှိမည်ဟု သိရသည်။

MAI ပိုင်ဆိုင်ရေး ကမ္ဘောဇနှင့် စီဘီဘဏ် အငြင်းပွား

ရန်ပိုင် Thursday, 06 January 2011 19:35
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (Myanmar Airways International-MAI) ကို ၀ယ်ယူခဲ့သည့် ကမ္ဘောဇဘဏ်နှင့် သမဝါယမဘဏ် (စီဘီဘဏ်) အပါအဝင် စီးပွားရေး အုပ်စုများအကြား ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားနေသည်။
mm-MAI-11MAI လေကြောင်းလိုင်းကို အစိုးရထံမှ  ကမ္ဘောဇဘဏ်၊ စီဘီဘဏ်နှင့် ထွန်းဖောင်ဒေးရှင်း ဘဏ်တို့က အစုရှယ်ယာ အသီးသီး ထည့်ဝင်၍ ယမန်နှစ်က ၀ယ်ယူခဲ့ကြောင်း၊ သို့သော် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းက ယခုအခါ ၎င်းတဦးတည်းပိုင် ပြုလုပ်လိုသည်ဟု ပြောကြားသည့်အတွက် အငြင်းပွားမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း စီဘီဘဏ်နှင့် နီးစပ်သည့် အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
“ကမ္ဘောဇဘဏ်က အဓိကရှယ်ယာ ပါတယ်။ စီဘီဘဏ်က ဒုတိယအများဆုံး။ အခု ပြည်တွင်းလေကြောင်းလိုင်း အသစ်ပြေးဆွဲခွင့်ပါ ထပ်ချပေးတော့ ဦးအောင်ကိုဝင်းက သူတယောက်တည်း လုပ်မယ်ဆိုပြီး ရှယ်ယာတွေကို ပြန်အမ်းဖို့လုပ်တာ” ဟု ၎င်းက ဆိုသည်။ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်းမှာ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူဟု လူသိများပြီး စီဘီဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးမှာ တောင်ငူ အခြေစိုက် ကေတုမတီအုပ်စု ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးဖြစ်ကြောင်း၊ ယမန်နှစ် နှစ်ဆန်းပိုင်းတွင် MAI လေကြောင်းလိုင်းကို ၀ယ်ယူရာတွင် ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကြံ့ဖွံ့က ပါတီဝင်လျင် လမ်းခင်းမည်ဟု ဆို

ဧရာဝတီ Friday, 07 January 2011 15:47
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ရပ်ကွက်များတွင် လူငယ် ပါတီဝင် ရရှိရေးအတွက် လမ်းခင်းပေးမည်ဟု ဆိုကာ စည်းရုံးလျက် ရှိကြောင်း သိရှိရသည်။
IMG_1841
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်အတွင်းရှိ လမ်းတလမ်းတွင် ကြံ့ဖွံ့နာမည်ခံ၍ လမ်းခင်းပေးပြီး ကမ္ဗည်းမှတ်တိုင် စိုက်ထူထားစဉ်။ (ဓာတ်ပုံ - ဧရာဝတီ)
ကြံ့ဖွံ့ပါတီသည် အဆိုပါရပ်ကွက်များတွင် အခြေခံ အထက်တန်းအောင်ပြီး လူငယ်များနှင့် ဘွဲ့ရ လူငယ်များအား ပါတီဝင်ရမည်၊ ပါတီဝင်မှ လမ်းခင်းပေးမည်ဟု ဆိုကာ တအိမ်တက်ဆင်း ပါတီဝင် ဖောင်များအား ဖြည့်စွက်ခိုင်းလျက်ရှိကြောင်း ရပ်ကွက်တွင်း နေ သူ များက ပြောသည်။“လမ်းတလမ်းကို အနည်းဆုံးပညာတတ်လူငယ် ၁၀ ဦးက ပါတီဝင်ပေးရတယ်၊ ပါတီဝင်ပေးမှ လမ်းခင်းပေးမယ်ဆိုလို့ ရပ်ကွက် ထဲ က လူငယ်တွေကို မနည်းစည်းရုံးပြီး ၀င်ခိုင်းလိုက်ရတယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်း ၄၄ ရပ်ကွက်မှ လမ်းလူကြီး တဦးက ပြောသည်။

အဆိုပါ ရပ်ကွက်များရှိ လမ်းလူကြီးများအား ကြံ့ဖွံ့ပါတီမှ နေ၍ ဒီဇင်ဘာလဝက်ခန့်မှစတင်ကာ စာရင်းကောက်ယူခိုင်းခဲ့ပြီး ဇန်န၀ါရီလ ၂ ရက်နေ့မှစ၍ လူငယ်များအား ပါတီဝင် ဖောင်ဖြည့်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယခုအခါ ဒဂုံမြောက်ပိုင်း ၄၅၊ ၄၆၊ ၄၂၊ ၄၄၊ ၄၉ ရပ်ကွက်များနှင့် ဒဂုံတောင်ပိုင်းရှိ ၁၄၊၂၂၊ ၁၅ ရပ်ကွက်များတွင် ပါတီဝင် ဖောင်များ ကို လိုက်လံဖြည့်ခိုင်းနေကြောင်း ဒေသခံ ကျောင်းသား လူငယ်များက ပြောဆိုသည်။

“ကျနော်တို့ကို ရပ်မိရပ်ဘ တွေက စာရင်းလာကောက်တယ်၊ ပြီးမှ ကြံ့ဖွံ့တွေက ဖောင်တွေလိုက်ဖြည့်ခိုင်းတယ်၊ သူတို့ ဖောင်တွေ ကြည့်တော့မှ ပါတီဝင်ဖောင်တွေ ဖြစ်နေမှန်းသိရတယ်၊ မလှိမ့်တပတ်နဲ့ ပါတီဝင်ခိုင်းတဲ့ ပုံဆန်မျိုးပေါ့၊ မ၀င်ချင်ကြပေမယ့် လမ်းတွေက အရမ်းဆိုးနေတော့ လမ်းခင်းမှ အဆင်ပြေမှာဆိုပြီး လူကြီးတွေက ဇွတ်ဝင်ခိုင်းကြတယ်”ဟု ဒဂုံမြို့သစ် မြောက်ပိုင်း ၄၉ ရပ်ကွက် အတွင်းရှိ ဒဂုံတက္ကသိုလ်ကျောင်းသား တဦးက ပြောသည်။ အဆိုပါ ရန်ကုန်ဒဂုံမြို့သစ်မြောက်ပိုင်း နှင့် တောင်ပိုင်းဒေသတွင်း ရပ်ကွက်များရှိလမ်းများမှာ မြေညီလမ်းများဖြစ်ပြီး မိုးတွင်း ကာလ တလျှောက်လုံး သွားရေးလာရေး အခက်အခဲ ဖြစ်ကြရကြောင်း၊ ယခုလို ကြံ့ခိုင်ရေးပါတီမှ ကွန်ကရစ်လမ်းခင်းပေးမည်ဟု ပြောဆို ခြင်း အပေါ်တွင် ရပ်မိရပ်ဘများမှာ လူငယ်များအား ပါတီဝင်ရန် တိုက်တွန်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူတို့ကဖောင်ကိုဖြည့်ခိုင်းပြီး ချက်ချင်း ယူသွားကြတာပဲ၊ လမ်းခင်း ပေးမပေးတော့မသိဘူး၊ လမ်းထဲက ပညာတတ်လူငယ် ၁၀ ယောက် ကတော့ သူတို့ပါတီဝင်ဖြစ် သွားတယ်”ဟု ဒဂြုံမို့သစ်တောင်ပိုင်း ၁၄ ရပ်ကွက်မှ လူငယ်တဦးက ဆိုသည်။

လူငယ်အများစုက ကြံ့ဖွံ့ပါတီ သို့ မ၀င်လိုကြသော်လည်း ရပ်မိရပ်ဘများ ၏ တိုက်တွန်း ပြောဆိုချက်များ နှင့် ဖိအားများကြောင့် တလမ်းလျှင် လူငယ်၁၀ ဦးနှုန်းဖြင့် ပါတီဝင် ဖောင်ဖြည့်စွက်ခဲ့ရကြောင်း၊ ယင်းရပ်ကွက်တခုလျှင် လူဦးရေ ၁ သောင်း ခန့်ထိရှိပြီး အဆိုပါမြို့နယ်၂ ခုပေါင်းတွင် ရပ်ကွက်ပေါင်း ၁၅၀ ကျော် ရှိကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းတဦး က ပြောပြသည်။ကြံ့ဖွံ့ပါတီ၏ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားပြီး ဖြစ်သည့် မြို့တော်ဝန် ဦးအောင်သိန်းလင်းက ရန်ကုန်မြို့တော်၏ လမ်းပေါင်း ၄၀၀၀ ကျော်ကို ကွန်ကရစ်လမ်းများအဖြစ် ခင်းကျင်းပေးမည်ဟု ရွေးကောက်ပွဲ မတိုင်မီက ပြည်တွင်း သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ အပြောနှင့် အလုပ် မညီ ဖြစ်နေသည်ဟု သတင်းသမားများက ပြောဆိုနေကြသည်။
ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ မတိုင်မီက ရန်ကုန်မြို့အတွင်း ပန်းပဲတန်း မြို့နယ် အပါအ၀င် နေရာများစွာ၌ တခြမ်းတည်းသာ ခင်းထားသော လမ်းများကိုလည်း အပြည့် မခင်းပေးသည့်အတွက် ကားအ၀င်အထွက် အပါအ၀င် ဒေသခံများ သွားရေးလာရေး အခက်အခဲ ဖြစ်ရကြောင်း သိရသည်။

သန်လျင်မြို့နယ်ရှိ ရေနံချက်စက်ရုံ ဝန်ထမ်းရပ်ကွက်တွင် ကွန်ကရစ်လမ်း ခင်းလက်စရှိနေရာ အဆိုပါ ဝန်ထမ်း မိသားစု အများစုက ကြံ့ဖွံ့ပါတီကို မဲမထည့်ဘဲ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကို မဲပေးခဲ့ ကြသောကြောင့် ရွေးကောက်ပွဲပြီး နောက်တနေ့တွင် ခင်းလက်စလမ်းကို ဆက်မခင်းတော့ဘဲ လမ်းကြိတ်စက်များနှင့် လမ်းခင်း ပစ္စည်းများကို လာရောက် သိမ်းဆည်း သွားကြောင်းလည်း သံလျင်မြို့ခံများက ပြောဆိုသည်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ရန်ကုန်အပါအ၀င် တနိုင်ငံလုံး အတိုင်းအတာဖြင့် ကွန်ကရစ်လမ်း ခင်းပေးခြင်း၊ ရေတွင်း ရေ ကန် တူးဖော်ပေးခြင်း၊ ဈေးသည်များနှင့် တောင်သူများကို အတိုးနှုန်း အနည်းငယ်ဖြင့် ငွေချေးခြင်း၊ မျက်စိဝေဒနာရှင်များအား ဆေး ကုသပေးပြီး မျက်မှန်များ အလကား ပေးဝေခြင်းတို့ကို ကြံ့ဖွံ့ပါတီက လုပ်ဆောင် ခဲ့သော်လည်း ယခုအခါ ထိုကဲ့သို့သော လူမှုရေး လုပ်ငန်းများကို ဆက်လက် မလုပ်ဆောင်တော့ဘဲ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အနယ်နယ် အရပ်ရပ်မှ ဒေသခံများ၏ ပြောဆိုမှုများလည်း ရှိနေသည်။ စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ကြံ့ဖွံ့ပါတီသည် ပြည်သူများက ရွေးကောက်ပွဲ၌ ၎င်းတို့ပါတီအား ယုံကြည်အားကိုး စွာ ထောက်ခံမဲ ပေးခဲ့ကြ၍ လွှတ်တော်သုံးရပ်၏ မဲဆန္ဒနယ် ၁၁၅၄ နေရာတွင် ၈၈၂ နေရာ အနိုင်ရခဲ့ကြောင်း ထုတ်ပြန် ကြေညာ ထားသည်။

ဧရာရွှေဝါဆီဆိုင်မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံး

ကျော်ကျော်ဦး Friday, 07 January 2011 19:16
ပဲခူးတိုင်း ဇီးကုန်းမြို့နယ် အတွင်းရှိ ဧရာရွှေဝါ ပုဂ္ဂလိက စက်သုံးဆီဆိုင် မီးလောင်ခဲ့ သောကြောင့် တန်ဖိုး ကျပ်သိန်း ထောင်ချီ ဆုံးရှုံးခဲ့ပြီး ဆိုင်မန်နေဂျာနှင့် ဝန်ထမ်း တဦး ဒဏ်ရာရခဲ့သည်။ ပဲခူးတိုင်း ဇီးကုန်းမြို့ မြောက်ဘက် ၁ မိုင်ခန့် အကွာ ပြည်မြို့ဘက်အထွက် ရန်ကုန် - ပြည် လမ်းမကြီးဘေးတွင် ဇန်န၀ါရီ ၆ ရက်နေ့နံနက် ၁ နာရီ ၁၅ မိနစ်က စက်သုံးဆီရောင်းချနေစဉ် မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။စက်သုံးဆီ လာဝယ်သူအား အောက်တိန်း (Octane) ဆီရောင်းချရန် ဆီပေပါ အဖုံးအား ဂေါက်တံဖြင့် ဖွင့်ချိန်တွင် ဆီတိုင်ကီ ဂေါက်တံ ချော်ထွက်ရာမှ မီးပွင့်ပြီး မီးစတင် လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။မီးလောင်ကျွမ်းမှုကြောင့် ဆိုင်မန်နေဂျာ ဦးမောင်မောင်ကြီးနှင့် အလုပ်သမား ဦးသောင်းတင်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ မီးလောင်မှုတွင် စက်သုံးဆီပေပါ ၁၄ လုံး မီးကူးစက် လောင်ကျွမ်းခဲ့ပြီး ဆီဆိုင်မျက်နှာစာ အမိုး အပါအ၀င် အနောက်ဘက်ရှိ ဆီဆိုင်နံရံနှင့်ကပ်လျက် နှစ်ထပ် အဆောက်အအုံမှာလည်း မီးကူးစက် လောင်ကျွမ်းခဲ့သည်။

မီးလောင်ရာနေရာသို့ ပြည်ခရိုင်မှ မီးသတ်ယာဉ် ၄ စီး၊ သာယာဝတီခရိုင်မှ ၁၀ စီး စုစုပေါင်း မီးသတ်ယာဉ် ၁၄ စီးတို့ ရောက်ရှိခဲ့ပြီး မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၄၅ မိနစ်တွင် လောင်ကျွမ်းမှုကို စတင် ထိန်းနိုင်ခဲ့ပြီး နံနက် ၃ နာရီတွင် မီးလုံးဝ ငြိမ်းသွားခဲ့ကြောင်း သိရသည်။“ဆီထည့်တဲ့ အခါမှာ ကျနော်တို့မီးသတ်က မီးဘေး ကာကွယ်ရေး အတွက်ဆိုပြီး သတ်မှတ်ထားတဲ့ စည်းကမ်းတွေရှိပါတယ်။ ဒီမီးလောင်မှုရဲ့ အဓိကကတော့ မီးဘေး အသိမရှိတာရယ်၊ မီးဘေးကာကွယ်မှုကို အလေးအနက် မထားတယ်ရယ်ကြောင့်လို့ ပြောချင်ပါတယ်။ စ ဖြစ်ဖြစ်ချင်းသာ မီးဘေးကာကွယ်ရေး ပစ္စည်းတွေ သုံးတတ်ရင် ဒီလောက် ကြီးမားစရာ အကြောင်းမရှိဘူး” ဟု သာယာဝတီခရိုင် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက ဆိုသည်။

ထို့အပြင် ယင်းမီးလောင်နေရာနှင့် အနီးဝန်းကျင်တွင် လူနေအိမ် အဆောက်အအုံများ မရှိခြင်းကြောင့် ပတ်ဝန်းကျင်သို့ မီးကူးစက် လောင်ကျွမ်းခြင်း မရှိခဲ့ခြင်း ဖြစ်ကြောင်း၊ မီးလောင်ကျွမ်းသည့် နေ့က တခြားသော ဆီဆိုင်ဝန်ထမ်းများ မရှိသဖြင့် ဆိုင်ရှိ လူ ၂ ဦးသာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထို ၂ ဦးမှာလည်း စိုးရိမ်စရာအခြေအနေ မရှိတော့ကြောင်း ဧရာရွှေဝါနှင့် နီးစပ်သူ တဦးက ပြောသည်။မီးလောင်ခဲ့သည့် ဧရာရွှေဝါ စက်သုံးဆီဆိုင်မှာ ဒီဇယ်နှင့် အောက်တိန်းဆီ ရောင်းချနေသည့် ပုဂ္ဂလိက စက်သုံးဆီဆိုင်ကြီး တဆိုင်ဖြစ်ပြီး ယင်းမီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက (ပ) ၅/ ၂၀၁၁ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ ဖြင့် ဆိုင်မန်နေဂျာ ဦးမောင်မောင်ကြီးအား အမှုဖွင့် ထားကြောင်း သိရသည်။ဒေသခံများက ကျပ် သိန်းထောင်ချီ ဆုံးရှုံးနိုင်သည်ဟု ဆိုသော်လည်း မီးသတ်ဌာနများကမူ ကျပ် ၃၄ သိန်းသာ ဆုံးရှုံးမှု ရှိသည်ဟု ထုတ်ပြန်ထားသည်။ဧရာရွှေဝါ ကုမ္ပဏီသည် စစ်အစိုးရ ဗိုလ်ချုပ်ကြီးဟောင်း ဦးသူရရွှေမန်း၏သား ဦးအောင်သက်မန်းပိုင် ကုမ္ပဏီတခု ဖြစ်သည်။ဇီးကုန်းမြို့တွင် တရားမ၀င် ဆီဆိုင် အသေးစားများလည်း ရှိပြီး ယင်းဆိုင်များကို အာဏာပိုင်များနှင့် ညှိနှိုင်း၍ မြို့ပြင်တွင် ဖွင့်လှစ် ထားကြောင်း သိရသည်။

မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်အသစ် တရုတ် တွေ့

ဟိန်းသူ Friday, 07 January 2011 17:55
စစ်အစိုးရနှင့် တရုတ်နိုင်ငံမှ SIPC Myanmar Petroleum Co.,ltd တို့ ပူးပေါင်း လုပ်ဆောင်မှုဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက် အသစ်တခု တွေ့ရှိကြောင်း သိရသည်။
Natural_gas ပုထိုးလုံတွင်း အမှတ် (၂) တွင် စမ်းသပ် ထုတ်လုပ်နေသော တွင်းတူးစက်ကို ရဟတ်ယာဉ်ပေါ်မှ တွေ့မြင်ရပုံ (ဓာတ်ပုံ - မြန်မာ့အလင်း)
မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် သဘာဝဓာတ်ငွေ့ ပမာဏ ကုဗပေ ၉၀၉ ဘီလီယံနှင့် လေဆီ (ရေနံအပေါ့စား) ပမာဏ စည် ၇ ဒဿမ ၁၆ သန်း ထွက်ရှိနိုင်မည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်တခု တွေ့ရှိထားကြောင်း ယမန်နေ့ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။ထိုဒေသ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းများကို မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် တရုတ်နိုင်ငံမှ Sinopec International Exploration and Production Corporation (SIPC) ကုမ္ပဏီတို့ ၂၀၀၄ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ကတည်း က ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ် ချုပ်ဆိုကာ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

SIPC သည် အီရန်၊ ရုရှား၊ အန်ဂိုလာ၊ အီကွေဒေါ၊ ဘရာဇီး၊ ဗင်နီဇွဲလား၊ ကိုလံဘီယာ၊ ကနေဒါ၊ အင်ဒိုနီးရှား နိုင်ငံများနှင့် လည်း အကျိုးတူပူးပေါင်းလုပ်ဆောင်နေသည့် ကုမ္ပဏီကြီးဖြစ်ပြီး တရုတ်နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်း ကုမ္ပဏီကြီး တခုလည်း ဖြစ်သည်။ ၎င်းတို့စမ်းသပ်ရှာဖွေသည့် ဧရိယာ အကျယ်အ၀န်းမှာ ၃၀၄၈၃၂၀ ဧကရှိပြီး ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၄၀၀၀ ခန့်မြင့် သည့် ပုံတောင်ပုံညာ တောင်တန်းတွင် တည်ရှိသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နှင့် ကနီမြို့နယ်တို့အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့တွေ့ရှိနိုင်မည့် နေရာ ၄၂ ခု အနက်မှ ပုထိုးလုံ၊ မဟူတောင်၊ သင်ဂတုန်း တို့တွင် ရှာဖွေရေးအစမ်းတွင်းများ တူးခဲ့ကြခြင်းဖြစ်သည်။
ပုထိုးလုံအစမ်းတွင်း အမှတ် ၁ မှ လေဆီ(ရေနံအပေါ့စား) ၆၁ စည်နှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၅ ဒဿမ ၁၉ သန်း၊ ပုထိုးလုံ အစမ်းတွင်း အမှတ်၂ မှ လေဆီ(ရေနံအပေါ့စား)စည် ၃၀ နှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၃ ဒဿမ ၅၅၅ သန်း တူးဖော်ရရှိခဲ့သည် ဟု မြန်မာ့အလင်း သတင်းစာ၌ ရေးသားထားသည်။
ယခုရှာဖွေနေသော ဒေသများအတွင်း စီးပွားဖြစ်ထုတ်ယူနိုင်ရန် အလားအလာကောင်းသော အနေအထားများ တွေ့ရှိထားပြီး ဖြစ် ၍ နိုင်ငံ၏ အားထားရသော ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်ကြီးတခု ဖြစ်လာဖွယ်ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ကြီးမားသော ကုမ္ပဏီ ၃ ခုဖြစ်သည့် SIPC ၊ China National Petroleum Corporation နှင့် China Nation Offshore Oil Coporation တို့ အပါအ၀င် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှပ်နှံသည့် ကုမ္ပဏီပေါင်း ၁၆ ခုရှိပြီး ကုန်းတွင်းနှင့်ကမ်းလွန် လုပ်ကွက် ၂၁ ခုအတွက် ရင်းနှီးမြှပ်နှံထားကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့ EarthRights International က ထုတ်ပြန်ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က မြန်မာနိုင်ငံ ရတနာ နှင့် ရဲတံခွန် ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်များမှ ထွက်ရှိသည့် သဘာဝ ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ရောင်းချရရှိသည့် ၀င်ငွေမှာ အမေရိကန် ဒေါ်လာ ၄ ဘီလီယံ ရှိကြောင်း သိရသည်။

ကချင်မနောပွဲတော် စတင်openmanors


သင်္ဃန်းကျွန်း ပျံကျဈေး စည်ပင်ဖျက်၊ ဈေးသည်များ အလုပ်လက်မဲ့ဖြစ်
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ နှစ် ၂ဝ ခန့် သက်တမ်းရှိ ပျံကျ ကုန်စိမ်းဈေးကို ဒေသအာဏာ ...

ထိုင်းစက်မှုဝန်ကြီး မြန်မာပြည် သွားမည်
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၌ သံမဏိစက်ရုံ တည်ဆောက်ရေးအတွက် ထိုင်းစက်မှု ...

နေပြည်တော်တွင် ပုလဲရောင်းချပွဲ လုပ်မည်
မြန်မာနိုင်ငံသား မည်သူမဆို ဝယ်ယူနိုင်မည့် ပြည်တွင်း ပုလဲရောင်းချပွဲတခုကို နေပြည်တော် ...

နော်ဝေ Seadrill ကုမ္ပဏီ မြန်မာနိုင်ငံသို့ ပြန်ရောက်လုပ်ကိုင်
ထိုင်းနိုင်ငံ ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေးကုမ္ပဏီ PTTEP နှင့် ကန်ထရိုက် လုပ်ငန်းများ ... -
-




more



more



more



more



more



more



more



more



more



more



more



more



more



more



more



more



more



more



more



more



more



more



more
-
နေပြည်တော်က လက်မခံနိုင်တဲ့ 'ရွှေပြည်တော်' သတင်းစာ လာပြီ
အဝေးကြည့် မှန်ပြောင်း (ရန်ကုန်)
ဇန်န၀ါရီ ၆၊ ၂၀၁၁
 လူငယ်တွေ စီစဉ်တယ် ဆိုတဲ့ နေ့စဉ်ထုတ် သတင်းစာသစ်တစောင် ထွက်ပါပြီ။ နေပြည်တော်ဗိုလ်ချုပ်ကြီးတို့ သဘောကောင်းလှချည်လားလို့ မထင်လိုက်ပါနဲ့။ အင်တာနက် သတင်းစာ ဆိုတော့ ဗိုလ်ချုပ်ကြီးတို့ တားဆီးခြင်းငှာ မစွမ်းသာပေါ့လေ။ ၁ လေးလုံးနေ့ (၁-၁-၂၀၁၁)မှာ အစပြုပါတယ်။ PDF ဖိုင်နဲ့ တင်ပါတယ်။ အင်တာနက်သုံးတွေ အချင်းချင်း ဖြန့်ဝေနေကြပါတယ်။
ကိုယ့်ဆီကိုလည်း သတင်းသမား သူငယ်ချင်းတယောက်က လှမ်းပေးလို့ ရပါတယ်။ လက်ဘက်ရည်သောက်ချိန် သို့မဟုတ် ဘီယာသောက်ချိန်မှ ပေးလည်း ရပါလျက်နဲ့ သတင်းစာ သွားဖတ်နိုင်တဲ့ လိပ်စာတွေကို Gtalk ကနေ လှမ်းပေးတဲ့အတွက် ချက်ချင်း သွားဖတ်ပြီး ဒေါင်းလုတ် လုပ်ထားလိုက်ပါတယ်။
ပထမနေ့ အယ်ဒီတာ့ အာဘော် စစချင်း ထုတ်တဲ့ သတင်းစာမှာ ရွှေပြည်တော် ဘာလဲ၊ ဘယ်သူတွေ လုပ်နေသလဲ ဆိုတာကို ပြောပြထားပါတယ်။ ရွှေပြည်တော် ဆရာ(/ဆရာမ) တွေမှာ အာဃာတ ထားလောက်စရာ ဒဏ်ရာ မရှိဘူး တဲ့ ပထမနေ့ အယ်ဒီတာ့ အာဘော်က ဆိုတယ်။ အင်း - ဒီလို ရေးလိုက်တာ ကိုယ်တော့ ကြိုက်သွားပြီ။
ဒီဝါကျက အဓိပ္ပာယ် ၂ ခု ထွက်တယ်။
၁။ လူထု အများစုမှာ ဒဏ်ရာ အကြီးအသေး ကိုယ်စီ ရရှိထားကြတယ်
၂။ ဒဏ်ရာ ကြီးကြီး ရရှိဖူးသူက နိုင်ငံရေးပဋိပက္ခကို အစွဲကင်းကင်း မမြင်နိုင်ဘူး
အွန်လိုင်းမီဒီယာက တရားစွဲခံရမှာ ပူဖို့ မလို လို့ ဆိုထားပါတယ်။ ဘယ်သူတွေလုပ်တယ်၊ ဘယ်မှာ အခြေစိုက်တယ် ဆိုတာကို လျှို့ဝှက်ထားသူများအဖို့တော့ ပူစရာ မလိုဘူးပေါ့။
ဗိုလ်ချုပ်အိမ်သစ် ရှစ်လုံးခေါ် သီဟသူရတင်အောင်မြင့်ဦး၊ ပြီးတော့ သူ့ဆရာ ၂ပါးတို့လည်း အိမ်အသစ်တွေနဲ့ အလုပ် ရှုပ်နေ ဆိုပဲ။
သတင်းက အိမ်အကြောင်း မဟုတ်ပါဘူး။ ဘောင်းဘီချွတ်အပြောင်းအလဲ အကြောင်းပါ။
ပုလင်းသစ်၊ အရက်ဟောင်း အစိုးရသစ်မှာ ဒီလူတွေပဲ ပြန်ပါမယ် ဆိုတဲ့ သတင်းပါ။ စစ်ဝတ်စုံနဲ့ ဒီလူကြီးတွေကို ခေါင်းပေါင်းစ တလူလူနဲ့ မြင်ရမယ်ပေါ့ကွယ်။
သတင်းထောက်များအစည်းအရုံး ဒီသတင်းလည်း စိတ်ဝင်စားစရာပဲ။ “နိုင်ငံတော်”က စီစဉ်တဲ့ အစည်းအရုံး ဆိုတာလေး ဖြစ်လာရင် အနည်းဆုံး မြေကွက်တော့ ရနိုင်တာပေါ့။ သတင်းထောက်ရွှေခေတ် ဖြစ်လာတော့မယ် ထင်ပါရဲ့။
လူဖတ်များဖွယ်
သတင်း အငတ်ဘေး ကြုံနေရချိန်မို့ ဒီ လျှို့ဝှက် သတင်းစာဟာ လူဖတ်များမှာပါ။
၁ ရက်နေ့က အစပြုတယ် ဆိုတော့ ၆ စောင် ရှိပြီပေါ့။
ဟောသမှာ လင့်တွေ။
ဇန်န၀ါရီ ၁ ရက်နေ့ထုတ် သတင်းစာ http://shwepyidaw.info/wp-content/uploads/2011/01/Shwe-Pyidaw-1.1.2011.pdf
(ဒီ အမှတ် ၅ ရဲ့ အယ်ဒီတာ့အာဘော်မှာ နိုင်ငံရေး အကျဉ်းသားများအကြောင်း ရေးထားတယ်။ “စိတ်တိုစရာ တွေ့ရင် အော်ဆဲတတ်တဲ့ နိုင်ငံရေးသမားတွေ” မဖတ်ကြနဲ့း)
ကဲ - ဒါပါပဲ။
ကျုပ်မိတ်ဆွေ စကားလုံး ယူသုံးရရင် - ဖတ် ဗေတိုးဗေ ဗျာ။
-
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw3hn1j8uNTcnIlSc3B4SKU-pGgFEuUATOgpF3dfvUDB8wq3NX5KTObK3utHHUC4cVPR4V6YdWlDnh6ZTfwkLo18NKxlcbbsou7TrvSahy6SjCAUi0VzQV7D4sX-2rHKEebDbIFz0g2rI/s1600/SN_2056.jpg

ဒီလိုရှိတယ် ဒေါက်တာလွဏ်း
သစ်ကောင်းအိမ်
ဇန်န၀ါရီ ၇၊ ၂၀၁၁
သတင်း ကျွတ်ခဲ့ပြီ
တန်ဆောင် တိုင်ခဲ့ပြီ
နယူးလည်း ယားခဲ့ပြီ

ကျွတ်ပေါ့
သတင်းကျွတ်တော့ မီးပုံပျံ လွှတ်ကြပေါ့
တန်ဆောင်တိုင်တော့ နှစ်ဆောင် ပြိုင်ကြပေါ့
နယူးယားတော့ ဝူးဝူးဝါးဝါး ထအော်ပေါ့
ဘာဆန်းလဲ


ဘုရားသခင် သေပြီ
ကဗျာ သေပြီ
ဂန္ဒီကြီးလည်း သေပြီ

သေပေါ့
ဘုရားသခင်သေတော့
ဘာသာရေးသမားတွေ စစ်ထဲလိုက်ကြပေါ့
ကဗျာသေတော့
ကဗျာဆရာတွေ ဇာတ်ထဲလိုက်ကြပေါ့
ဂန္ဒီကြီးသေတော့ ငြိမ်းချမ်းေ၇းသမားတွေ
သားသတ်ရုံမှာ အလုပ်ဝင်ကြပေါ့
ဘာဆန်းလဲ

ဘာဆန်းလဲ
လူ့အခွင့်အရေးဆုတွေ ရပြီး
လူ့အခွင့်အရေး မရရှာသူ
ကမ္ဘာကြီး

ဘာဆန်းလဲ
လူက လူကို မွေးပြီး
လူက လူကို သတ်ဖြတ်လျက်ရှိသော
ကမ္ဘာကြီး

ဘာဆန်းလဲ
ငရမန် လက်ထဲ
ခွေးသေ ဝက်သေ သေရစ်ခဲ့ပါလေ
ကမ္ဘာကြီး။                       ။

 (၆၇က်.ဇန်နဝါရီ.၂၀၁၁)

နှစ်ဆန်းပိုင်း၌ မောင်းသူမဲ့ UAV လေယာဉ် သျှမ်းပြည် လေတပ်စခန်း ဌာနချုပ်နယ်မြေပေါ် ထပ်မံပျံသန်း

ကြာသပတေးနေ့၊ ဇန်နဝါရီလ 06 ရက် 2011 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း - သျှမ်းသံတော်ဆင့်သတင်း
ကျိုင်းတုံမြို့နယ် လွယ်မွေအခြေစိုက် နအဖရေဒါ တပ်စခန်းမှဒီဇင်ဘာလအတွင်း အမည်မသိ UAV Unmanned Aerial Vehicle  လေယာဉ် တွေ့ရှိပြီး နောက်ပိုင်း ယခုလ ၁ ရက်ကလည်း သျှမ်းပြည် တောင်ပိုင်း (နအဖ ၏ သျှမ်းပြည်လေတပ် စခန်းဌာနချုပ် တည်ရှိရာ) နမ့်ဇန်မြို့ ၌ အဆိုပါ လေယာဉ်မျိုးထပ်မံ တွေ့ရှိရကြောင်း SSA ခေါင်းဆောင်က ပြောဆိုသည်။
UAV လေယာဉ်
UAV လေယာဉ်
“ပြီးခဲ့တဲ့ ၂၁ ရက်က ကျိုင်းတုံလွယ်မွေမှာတခါ၊ အခုလ ၁ ရက်က နမ့်ဇန် မှာတခါထပ်တွေ့တယ်။ အမြင့်ပေ ၅ဝဝဝ လောက်မှာဘဲ။ UAV အမျိုးအစား အဖြူရောင်။ ကျိုင်းတုံမှာတွေ့တဲ့ဟာနဲ့အတူတူဘဲ။ နမ့်ဇန်မှာလဲနအဖရဲ့ရေဒါစခန်း ရှိတာကိုး။ လေယာဉ်က ဘယ်သူ့ဟာ လဲဆိုတာတော့ မသိဘူး” ဟု ဒုဗိုလ် ချုပ်ကြီး ယွက်စစ်က သျှမ်းသံ တော်ဆင့်သို့ ပြောပြ သည်။အဆိုပါ UAV Unmanned Aerial Vehicle  စက်ဖြင့်ထိန်းချုပ်မောင်းနှင်သော လေယာဉ်မျိုး ထိုင်းနိုင်ငံ၌ ရှိသော်လည်း ထိုင်းအစိုးရက မသုံးဖြစ်သေးဟု နယ်စပ်လုံခြုံရေး ထိုင်းအရာရှိတဦးက ပြောပြသည်။

“ကျနော်တို့မှာ UAV လေယာဉ်တွေရှိပါတယ်။ ဒါပေမယ့် မသုံးရသေးဘူး။ လွန်ခဲ့တဲ့ ၄-၅ နှစ် ဒီလိုလေယာဉ်မျိုး သျှမ်းပြည် တောင်ပိုင်း ဟိုမိန်းမှာတခါ ဗမာအစိုးရက ပစ်ချခဲ့ဖူးတယ်။ အဲဒါလဲ ထိုင်းဟာမဟုတ်ဘူး။ ဗမာနဲ့အိမ်နီးချင်းဆိုရင် လာအို(လော) ကလွဲလို့ တရုတ် ရှိတယ်။ အိန္ဒိယရှိတယ်။ ဘယ်သူ့ဟာလဲတော့မသိဘူး” ဟု ပြော၏။

အဆိုပါလေယာဉ်မှာ သတင်းရယူဖို့သက်သက်သာသုံးပြီး နအဖစစ်စခန်း/စစ်ရေးပြင်ဆင်မှုအခြေအနေထောက်လှမ်း လိုခြင်း(သို့မဟုတ်) သျှမ်းပြည်အတွင်းဘိန်းစိုက်ခင်းများစုံစမ်းသိရှိခြင်းအတွက် လေယာဉ်ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သျှမ်းပြည် မူးယစ်ဆေးစောင့်ကြည့် လေ့လာရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းက သုံးသပ်ပြောဆိုကြသည်။
မြန်မာနိုင်ငံ၌ ရေဒါစခန်း ၇ ခုရှိရာ သျှမ်းပြည်အရှေ့ပိုင်း တြိဂံတိုင်း - လွယ်မွေတောင်၊ ကန်းရိုးတန်းတိုင်း - ငွေဆောင်၊ မြိတ်၊ အလယ် ပိုင်းတိုင်း - နတ်ရေကန်တောင်၊ တံတားဦး၊ နေပြည်တော်စစ်တိုင်း တောင်ညို နှင့် မြောက်ပိုင်းတိုင်း ကချင်ပြည်နယ် မိုးညှင်းတို့ဖြစ်သည်။ အဆိုပါ ရေဒါများမှာ ရုရှား၏ Second Hand ဖြစ်သော 1L117အမျိုးအစားများ ဖြစ်ကြ သည်ဟု နအဖလေကြောင်းအရာရှိများနှင့် နီးစပ်သည့် ကျိုင်းတုံဒေသခံတဦးက ပြောပြသည်။

UAV Unmanned Aerial Vehicle  စက်ဖြင့်ထိန်းချုပ်မောင်းနှင်သော လေယာဉ်ကို ၁၉၈ဝ ပြည့်လွန်နှစ်များက British Inventor က စတင်ဒီဇိုင်းရေးဆွဲခဲ့ပြီး အမေရိကန်နိုင်ငံ  General Atomics  Aeronautical  Systems  Inc. က စတင်တီထွင် တည် ဆောက်ခဲ့ သည်ဟု ဝီခီပီဒီးယား၌ရေးသားဖော်ပြထားသည်။ 
၁၉၉ဝ ပြည့်တွင် အမေရိကန်လေကြောင်း USAF နှင့်  CIA  တို့ စတင် စမ်းသပ်ပျံသန်းခဲ့ပြီး အမေရိကန်စစ်တပ်က ၁၉၉၅ မှစ၍ တိုက် ပွဲများ၌ အသုံးပြုလာခဲ့သည်။ ထို့ပြင် အာဖဂန်နစ္စတန်၊ ပါကစ္စတန် ၊ဘော့စနီးယား၊ ဆားပီးယား၊ အီရတ်နှင့် ရေမင်တိုက်ပွဲများ၌ဆက် တိုက်အသုံးပြုလာခဲ့သည်။
လေယာဉ်တစီး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄့၅ သန်းဝန်းကျင်ရှိပြီး စက်အမျိုးအစား အလိုက် လေယာဉ်ပျံသန်းချိန်  ၃၈ နာရီမှ ၃၃၆ နာရီအထိ ကြာမြင့်သည်ဟုလည်း ဖော်ပြထားသည်။ UAV Unmanned Aerial Vehicle  လေယာဉ်ရှိသောနိုင်ငံများမှာ Argentina /Australia /Brazil /Canada /France /Germany/ Hong Kong / India/ Indonesia/ Italy /Japan/ Malaysia/ Mexico /New Zealand /Philipines /Québec /Singapore /South Korea/ Spain Taiwán /Thailand /United Kingdom/ United State /Vietnam တို့ဖြစ်ကြောင်း ဝီခီပီဒီးယား၌ဖော်ပြထားပါသည်။

ခါးသီးမှုတွေကြားက မော်ချီးရဲ့ ဝမ်းတထွာ

2011 ခုနှစ် နှောင်းလှိုင် ဆောင်းပါး - ကန္တာရ၀တီတိုင်း(မ်)
ကရင်နီပြည် ဖာဆောင်းမြို့နယ် မော်ချီးမြို့ရဲ့ အမှတ် (၂) ဂိတ်ကို ဖြတ်သွားဖြတ်လာ လုပ်နေကြရတဲ့ ပြည်သူလူထုတွေဟာ ဂိတ်ကိုစောင့်နေတဲ့ စစ်အစိုးရ စစ်တပ် ခမရ (၄၂၉) တပ်ရင်းနဲ့ ခလရ (၁၃၄) တပ်ရင်းတို့ကို ဖြတ်သန်းသွားလာခ အခကျေးငွေတွေ ပေးဆောင်နေကြရတယ်လို့ ဆိုပါတယ်။
မော်ချီးရွာအဝင်
မော်ချီးရွာအဝင်
ဘာပစ္စည်းမှ မသယ်ဆောင်လာရင်လည်း လူသွားလာခ ကျပ် ၅ဝဝ ပေးဆောင်ရပြီး ကုန်ပစ္စည်းတခုခု သယ်ဆောင်သွားပါက ၁၅ဝဝ ကျပ်အထိ ပေးဆောင်နေရတယ်လို့ မော်ချီးဒေသက ကုန်သည်တဦးက ပြောပါတယ်။

“ကုန်သည်ဖြစ်ဖြစ် လူထွက်လူဝင် မှန်သမျှကောက်တယ်။”

လူထုတွေဟာ ဝင်ငွေမရှိကြပါဘူး။ တရက်လုပ်မှ တနပ်စာ ထမင်းစား ကြရတာပါ။ လယ်ထဲ၊ တောင်ယာထဲ ဆင်းပြီး အလုပ်လုပ်ကိုင်ရာမှ ရရှိလာတဲ့ ဆန်စပါး၊ နှမ်းနဲ့ တခြားသီးနှံ စတဲ့ ကုန်ကြမ်းတွေကို တနှစ်တာလုံးအတွက် စုဆောင်းကြရပါတယ်။ ကိုယ့်မှာ ရှိတဲ့ အသီးအနှံတွေနဲ့ ကိုယ် လိုချင်၊ စားချင်တဲ့ အရာတွေကို အိမ်နီးနားချင်းတွေနဲ့ ပိုက်ဆံ ပေးဝယ်စရာမလိုပဲ အချင်းချင်း လဲလှယ် ပေးကမ်း စားသောက်နေကြတာပါ။

စစ်အစိုးရ စစ်တပ်တွေကတော့ လူထုတွေ ချွေး၊ သွေးနဲ့ ရင်းပြီး တရက်လုပ် တရက်စား ဘဝနဲ့ ကိုယ့်မိသားစု စားဝတ်နေရေးဖူလုံဖို့ စုဆောင်းချွေတာပြီး ရရှိလာတဲ့  ပိုက်ဆံအနည်းငယ်ကို နည်းလမ်းအမျိုးမျိုးနဲ့ ပြန်လည်တောင်းယူ ကောက်ခံနေပါတယ်။ ဒီအခက်အခဲဒဏ်ကို လူထုတွေ ခံနေရတာ နှစ်ပေါင်းမနည်းတော့ပါဘူး။

“ အထူးသဖြင့် အခု ဒီအချိန်မှာနော်။ ဒီချိန်မှာဆိုရင် တပ်မဟာ (၂ )ထဲမှာ လက်လုပ်လက်စား၊ တောင်ယာလုပ်စားတဲ့ လူထုတွေပေါ့။ သူတို့က ပြီးသွားပြီ။ သူတို့ ဘာတွေ စုဆောင်းရမလဲဆိုရင် အဓိက က ဆား သူတို့စုဆောင်းထားတယ်။ အဲဒါ ဆားဘယ်မှာ သွားယူလဲဆိုရင် ပင်လယ်ကမ်းခြေမှာ သွားယူလို့ မရဘူး။ မော်ချီးမှာ သွားယူရတယ်။ အဲတော့ သူတို့ အဓိက အစားအစာက ဆားရယ်၊ နောက် ငါးပိ နောက် ဟင်းချိုမုန့်တို့ ဘာတို့ပေါ့နော်။ မီးဖိုဆောင် အသုံးဆောင်ပစ္စည်းတွေလေ။ အဲဒါ မော်ချီးမှာ သွားဝယ်ရတာ” လို့ အမှတ်(၂ )ခရိုင်မှာ ခရီးသွားလေ့ရှိသူတဦးက ပြောပြပါတယ်။မော်ချီးမြို့မှာ ကုန်သည် နှစ်မျိုး နှစ်စားရှိပါတယ်။ တမျိုးကတော့ လွိုင်ကော်မြို့ (သို့မဟုတ်) မြို့ကြီးပြကြီးမှာ လူသုံးကုန်ပစ္စည်း၊ အစားအစာနဲ့ အဝတ်အစားတွေ ဝယ်ယူပြီး မော်ချီးမြို့မှာ ပြန်လည်ရောင်းချပါတယ်။ နောက်တမျိုးကတော့ တောင်ပေါ်ဒေသ တောင်ပေါ်ရွာကနေ မော်ချီးမြို့သို့ ဆား၊ ဟင်းချိုမုန့် စတဲ့ စားသုံးကုန်ပစ္စည်းတွေ ဝယ်ယူပြီး ရွာကို

No comments:

Post a Comment