Monday, January 31, 2011

ဧရာဝတီမြစ်ဆုံ တန်ဖရဲရွာပြောင်းရွှေ့ရန် စစ်အစိုးရ နောက်ဆုံးရက်သတ်မှတ် & မြို့နယ်ဖွံ့ဖြိုးရေးဟုဆိုပြီး မြန်မာဇာတ်ပွဲ လက်မှတ်အဓမ္မ ရောင်း & စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရာတွင် ဒေသခံ အလုပ်သမားများ ခေါင်းပုံဖြတ်ခံနေရ

ဧရာဝတီမြစ်ဆုံ တန်ဖရဲရွာပြောင်းရွှေ့ရန် စစ်အစိုးရ နောက်ဆုံးရက်သတ်မှတ်

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 26 ရက် 2011 ခုနှစ် KNG သတင်း - ကချင်သတင်းဌာန
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဧရိယာရှိ တန်ဖရဲရွာအား လာမည့်မတ်လအပြီး ပြောင်းရွှေ့ရန် မြန်မာစစ်အစိုးရ အာဏာပိုင်များမှ နောက်ဆုံး ရက်သတ်မှတ်ခဲ့သည်။
မြန်မာစစ်အစိုးရ၏ ပြောင်းရွှေ့ရန် ဖိအားပေးခံနေရတဲ့ တန်ဖရဲ ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း။ ဓါတ်ပုံ - ကချင်သတင်းဌာန မြန်မာစစ်အစိုးရ၏ ပြောင်းရွှေ့ရန် ဖိအားပေးခံနေရတဲ့ တန်ဖရဲ ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း။ ဓါတ်ပုံ - ကချင်သတင်းဌာန
မြန်မာစစ်အစိုးရ၏ မြစ်ကြီးနားမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက)၊ ရဲတပ်ဖွဲ့ နှင့် အေးရှားဝေါလ် ကုမ္ပဏီ (Asia World Company) မှ တာဝန်ရှိသူများ ဇန်န၀ါရီ ၂၃-၂၄ ရက်တွင် တန်ဖရဲရွာသို့ လာရောက်ခဲ့ပြီး လျော်ကြေးကိစ္စနှင့် မတ်လအပြီး ရွာပြောင်းရွှေ့ရမည်ကို ပြောကြားခဲ့သည်။
တချိန်ထဲမှာ ရွာအထဲ နှင့် ဘေးပတ်ဝန်းကျင်တွင် ရွှေအကြီးအကျယ်တူးဖော်နေခြင်းကြောင့် ရွာသား၏ လယ်ယာများအားလုံးပျက်စီးကာ မည်သူမှ စပါးစိုက်ပျိုးရန် အားထုတ်ခြင်းမရှိတော့ကြောင်းနှင့် ရွာပြောင်းရွှေ့ရန် ပိုမိုဖိအားခံနေရကြောင်း သိရသည်။

“ငရဲနဲ့ပဲတူတော့တယ်။ ရွှေမှော်ဖြစ်သွားလို့ပျက်စီးနေတဲ့ရွာ၊ အဲရွာထဲကလူတွေလည်း ပိုပိုပြီး မူးယစ်ဆေးဝါးသုံးစွဲနေကြတယ်။” ဟု တန်ဖရဲရွာသား ဦးဘောက်နော် ပြောသည်။ရွှေမှော်နှင့်အတူ လူငယ်များကြားမူးယစ်ဆေးဝါးသုံးစွဲမှု မြင့်မားလာသော်လည်း စစ်အစိုးရသက်ဆိုင်ရာ အာဏာပိုင်များက မည်သို့မျှ အရေးယူဆောင်ရွက်မှု မရှိကြောင်း ရွာသားတစ်ဦးပြောသည်။ “သူတို့က လိမ္မော်သီးပင် တစ်ပင် အတွက် ၁၃၅ ကျပ်ပေးမယ်တဲ့။ ဒီ မြစ်ဆုံရွာ အင်မိုင်ခ(မေခ)နှင့် မလိခကြားကရွာတွေအတွက်။” ဟု ဦးဘောက်နော် ပြောသည်။တန်ဖရဲရွာသားများအား သက်ဆိုင်ရာက လျော်ကြေးပေးရန်စီစဉ်ထားရာတွင် အိမ်တိုင်း၏စိုက်ပျိုးသစ်ပင်အရေအတွက်နှင့် သိုလှောင်ထားသည့်ဝမ်းစာအတွက်သာပါဝင်ပြီး အိမ်နှင့် မြေနေရာအတွက် လျော်ကြေးပေးခြင်းမရှိပါဘူး။ “ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရွာသားတွေ မပြောင်းဖို့ ဆုံးဖြတ်ထားတယ်။” ဟု ဘောက်နော် ဆက်ပြောသည်။ ယခုချိန် ရွာမှလူငယ်အများစုမှာ တိမ်းရှောင်နေရကြောင်း အဘယ်ကြောင့်ဆိုသော် ဧပြီ ၁၇၊ ၂၀၁၀ ရေကာတာစီမံကိန်းအတွင်း ဗုံးဆက်တိုက်ပေါက်ကွဲပြီးနောက် ရွာရှိလူငယ်များ ဖမ်းဆီးလာ၍ ဖြစ်သည်။

ဗုံးဆက်တိုက်ပေါက်ကွဲပြီးနောက် စစ်ဆေးရေးဂိတ်နှင့် စစ်သားများ တိုးမြှင့်ကာ မြစ်ဆုံစီမံကိန်းဧရိယာအတွက် လုံခြုံရေးလည်း တင်းကျပ်လာသည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၁၅၂ မီတာ (ပေ ၅၀၀) အမြင့်ရှိသည့် ဧရာဝတီမြစ်ဆုံရေကာတာသည် မြစ်အောက်ပိုင်းရှိ လူသိန်းနှင့်ချီနှင့် သဘာဝ ဂေဟစနစ် ထိခိုက်ပျက်စီးမည်ကို လျစ်လျူရှုကာ တည်ဆောက်နေခြင်းဖြစ်ကြောင်း ထောက်ပြဝေဖန်ခဲ့သည်။ထိုင်းအခြေစိုက် မြန်မာမြစ်ချောင်းများကွန်ယက်အဖွဲ့ (Burma Rivers Network, BRN) က ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြောက်ဘက် မိုင် ၂၀ကျော်ရှိ မြစ်ဆုံရေကာတာကြောင့် ဒေသခံ ၁၅၀၀၀ ခန့် ၎င်းတို့ရွာများမှ ရွှေ့ပြောင်းခံရမည်ဖြစ်ပြီး မြစ်အောက်ပိုင်းနေထိုင်သူများ ရေလွှမ်းမိုးမှုနှင့် ရေခန်းခြောက်မှု ကြုံလာနိုင်ကြောင်း သတိပေးထားသည်။

ယင်းစီမံကိန်းကို ယမန်နှစ်ကစပြီး တရုတ်အစိုးရပိုင် CPI (China Power Investment Corporation) နှင့်၊ မြန်မာပြည်မှ Asia World Company နှင့် စစ်အစိုးရတို့က တရားဝင် ပူးပေါင်းအကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်သည်။ရေကာတာတွင် ရေပမာဏကန့်သတ်စီးဆင်းစေမည်ဖြစ်သောကြောင့် ၎င်းရေအရင်းအမြစ်ကို မှီခိုအားထား၍အသက်မွေးကျောင်းပြုနေသော လယ်သမားများနှင့် တံငါသည်များအား ထိခိုက်စေမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၁၇ ထုတ် BRN ၏ကြေငြာချက်တွင် ဖော်ပြသည်။ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ဆုံ အပါအ၀င် အင်မိုင်ခ (မေခ) နှင့် မလိခ မြစ်များတွင် ရေကာတာ ၇ ခုတည်ဆောက်ရန်ရှိပြီး ၎င်းတို့မှထွက်လာမည့် စုစုပေါင်း လျှပ်စစ်ဓါတ်အား ၁၇၁၆၀ မီဂ္ဂါဝပ်မှ အများစုအား တရုတ်နိုင်ငံသို့ ရောင်းချမည်ဟု BRN က ဆိုသည်။ယခုအချိန်ထိ မြစ်ဆုံရေကာတာစီမံကိန်းဧရိယာအထဲရှိ အနည်းဆုံး ရွာ ၆ ရွာမှာ စစ်အာဏာပိုင်များမှ စီစဉ်ထားသောရွာသစ်သို့ အဓ္ဓမပြောင်းရွှေ့ခြင်းခံခဲ့ရသည်။

မြို့နယ်ဖွံ့ဖြိုးရေးဟုဆိုပြီး မြန်မာဇာတ်ပွဲ လက်မှတ်အဓမ္မ ရောင်း

သောကြာနေ့၊ ဇန်နဝါရီလ 28 ရက် 2011 ခုနှစ် ဟောင်ဒိန်း သတင်း - လွတ်လပ်သော မွန်သတင်းအေဂျင်စီ
သံဖြူဇရပ်မြို့နယ် ဖွံ့ဖြိုးရေးအတွက်ဟုဆိုပြီး “ဖိုးချစ်” ဇာတ်ပွဲလက်မှတ်ကို မြို့နယ်အတွင်းရှိ ဈေးဆိုင်များထံသို့ မြို့နယ်မြန်မာရဲတပ်ဖွဲ့က အတင်းအဓမ္မရောင်းနေသည်ဟု ဈေးဆိုင်ပိုင်ရှင်များက ပြောသည်။
Phe-Chit11သံဖြူဇရပ်မြို့ရှိ ကြာကန်ရပ်ကွက်တွင် မြန်မာရဲရန်ပုံငွေအတွက် ‘ဖိုးချစ်‘ ဇာတ်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ သုံးရက် ရုံတင်ပြသရာ ဖျာလက်မှတ်များကို ဈေးဆိုင် အကြီးအသေးပေါ် မူတည်၍ ရဲတပ်ဖွဲ့မှ လိုက်လံ ရောင်းချနေသည်။
“ဈေးရောင်းလို့ မမြတ်ထဲကြားထဲက သူတို့ အတင်းရောင်းလို့ မဖြစ်မနေ နှစ်စောင် ဝယ်လိုက်ရတယ်” ဟု သံဖြူဇရပ်မြို့မှ ဓာတ်ဆီဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။ လက်မှတ်တစ်စောင်မှာ ၈ဝဝဝ ကျပ်ဖြစ်ပြီး ဆိုင်ကြီးများမှာ ငါးစောင်ခန့် ဝယ်ကြရသည်။

သံဖြူဇရပ်မြို့မှ အနီးအဝေးဆက်သွယ်ရေးဖုန်းဆိုင်ဖွင့်ထားသူတစ်ဦးက ရဲတပ်ဖွဲ့က အဓမ္မရောင်းချသည့်အတွက် ၄င်းတို့ဆက်သွယ်ရေးဖုန်းဆိုင်မှ နှစ်စောင်ဝယ်လိုက်ရပြီး ရော်ဘာအဝယ်ဒိုင်များ၊ မော်တော်ဆိုင်ကယ်စီးသူများကိုလည်း လိုက်လံရောင်းချနေသည်။

၎င်းတို့ရောင်းချရာတွင် မြို့တွင် ပန်းခြံများ ပြုပြင်ရန်နှင့် မြို့နယ် ဖွံ့ဖြိုးရေးအတွက်ဟုဆိုသော်လည်း မြို့တွင်းဖွံ့ဖြိုးရေးများကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းမရှိဘဲ ၄င်းတို့ကိုယ်ကျိုးအတွက်သာ သုံးနေကြသည်ဟု ထိုဆက်သွယ်ရေးဖုန်းပိုင်ရှင်က ပြောသည်။သံဖြူဇရပ်မြို့ရှိ အထက်တန်းကျောင်းဆရာတစ်ဦးက “အခုက သူတို့ကိုယ်ကျိုးအတွက်သက်သက် လုပ်ရတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် အစိုးရအသစ်ပေါ်လာလို့ရှိရင် သူတို့လည်း နေရာပြောင်းရင် ပြောင်းရနိုင်တယ်။ နေရာပြောင်းရင်လည်း သူတို့လက်ရှိနေရာ ပြန်ရ၊ မရက မသေချာဘူး ပြန်ရချင်မှ ပြန်ရမယ်။ အဲဒီတော့ သူတို့အတွက်ပိုက်ဆံရဖို့ သူတို့ရှာကြတာပေါ့“။
မြန်မာရဲတပ်ဖွဲ့မှ ယခုကဲ့သို့ ပြည်သူများအပေါ် အတင်းအဓမ္မလက်မှတ်ရောင်းချနေခြင်းမှာ ပြည်သူများအတွက် အလွန်နစ်နာသည်ဟု ၄င်းအထက်တန်းကျောင်းဆရာက ပြောသည်။

စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရာတွင် ဒေသခံ အလုပ်သမားများ ခေါင်းပုံဖြတ်ခံနေရ

ကြာသပတေးနေ့၊ ဇန်နဝါရီလ 27 ရက် 2011 ခုနှစ် ထွန်းထွန်း သတင်း - နိရဉ္စရာ သတင်းဌာန
ကုလားတန် မြစ်ကြောင်း ဘက်စုံ တိုးတက်ရေး စီမံကိန်းတွင် ပါဝင်သော စစ်တွေဆိပ်ကမ်းကို ယခုအခါ စတင် တည်ဆောက်နေရာ အဆိုပါ ဆိပ်ကမ်းတွင် အလုပ် လုပ်ကိုင်နေကြသော နေ့စား အလုပ်သမားများကို သက်ဆိုင်ရာ ကုမ္ပဏီများမှ လုပ်အား ခေါင်းပုံ ဖြတ်မူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
စစ်တွေဆိပ်ကမ်း တည်ဆောက်ရာတွင် မြေဖို့နေစဉ် စစ်တွေဆိပ်ကမ်း တည်ဆောက်ရာတွင် မြေဖို့နေစဉ်
အမည်မဖေါ်လိုသူ အလုပ်သမား တစ်ဦးက “ ပေးတာကတော့ တစ်နေ့ ၁၅၀၀ ကျပ်ပေးပါတယ်။ ခုလို ကျောက်သယ် ကျောက်ပြောင်း အလုပ်ကြမ်းတွေအတွက် တစ်နေ့ ပိုက်ဆံ ၁၅၀၀ ဆိုတာ အလွန်နည်းပါတယ်။ အဲသလို နည်းတဲ့ အပြင် နံနက် ၆ နာရီကနေ ညနေ ၆ နာရီထိ မရပ်မနား အလုပ် လုပ်နေကြရပါတယ်” ဟု ပြောသည်။စစ်တွေ ဆိပ်ကမ်းကို အိန္ဒိယမှ ESSAR India Ltd ကုမ္ပဏီနှင့် မြန်မာ့ဖက်က အာရုံဦးကုမ္ပဏီ တို့က ဦးဆောင်လုပ်ကိုင်နေပြီး အုတ်၊ သဲ၊ ကျောက်များ ကန်ထရိုက်ကို စစ်တွေမြို့မှ စီးပွားရေး သမား တစ်ဦးက ရရှိထားကြောင်း သိရသည်။

“ အဲသလို လုပ်ရပေမယ့် ၁၁ နာရီမှာတော့ ထမင်းစားချိန် တစ်နာရီ နားရပါတယ်။ ၁၂ နာရီကျော်တာနဲ့ လုပ်ငန်းခွင်ထဲ ၀င်ရပါတယ်။ အဓိကတော့ မြေသယ် မြေပြောင်း မြေတူး အလုပ်တွေ၊ ကျောက်တွေသယ်ရတဲ့ အလုပ်တွေမှာ လုပ်ကြရတာပါ” ဟု ပြောသည်။စစ်တွေတွင် အလုပ်လက်မဲ့ ဦးရေ အလွန်များပြားနေရာ အဆိုပါ လုပ်ငန်းခွင်တွင် အလုပ် လုပ်လိုသူ လည်း များပြားနေသဖြင့် ကုမ္ပဏီများက အဆိုပါ အခွင့်အရေးကို ယူပြီး အလုပ်သမားများကို အစိုးရသတ်မှတ်ချိန် အတိုင်း မဟုတ်ဘဲ အချိန်ပို စေခိုင်းနေခြင်း ဖြစ်သည်။

Sittwe-Jetty-ESSAR-Projects-India-Ltdယခု စစ်တွေဆိပ်ကမ်းတည်ဆောက်နေမူအား အပြင်မှ မမြင်နိုင်ရန် ခြံအလုံးပိတ်ကာရံထားပြီး ထိုအထဲတွင် အလုပ်သမားများကို အလုပ်စေခိုင်းနေခြင်း ဖြစ်သည်။

“ခုကျွန်တော်တို့ ဒေသခံတွေက အလုပ်ကြမ်းသမားတွေပါ။ လုပ်နေရတဲ့အလုပ်က ကျောက်၊ အုတ်၊ သဲ တွေကို ပြောင်းတဲ့ အလုပ်ဖြစ်တယ်။ အဲဒါတွေကို ကုန်းပေါ်ကနေ ရေထဲ အရောက်အောင်ထိ သယ်ပို့ နေရပါတယ်။ အလုပ်က အလုပ်ကြမ်းဖြစ်တော့ လူတွေက အရမ်း ပင်ပန်းတာပေါ့နော်။ လုပ်ခရတဲ့ငွေနဲ့ အလုပ်ရတဲ့ အလုပ်က သိပ်မကိုက်ဘူး။တရက် နေမကောင်းဖြစ်ရင် ၁၀ ရက်လုပ် အားခ သွားပြီ။ သူတို့ က ဆေးဝါးတွေ ထောက်ပံ့ပေးတာလည်း မရှိပါဘူး“ဟု နောက်အလုပ်သမား တဦးကလည်း သူ့ အလုပ်ခွင် အတွေ့အကြုံကို ပြောသည်။

စစ်တွေ ဆိပ်ကမ်းကို အုတ်မြစ်ချပွဲကို ၂၀၁၀-ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်ခဲ့ပြီး အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Jayant Prassad ၊ ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Dr. Villur Sundararajan Seshadri နှင့် သံရုံးအဖွဲ့ဝင်များ၊ အိန္ဒိယ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ESSAR Projects (India) Ltd. မွမ်ဘိုင်းနှင့် မြန်မာတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီ Friday, 28 January 2011 19:18 ကာတွန်း
ca-jan-28-11

ဟန်လေး Tuesday, 25 January 2011 19:01 ကာတွန်း
ca-jan-25-11

ဘီရုမာ Friday, 14 January 2011 19:13 ကာတွန်း
Beruma615




ဘုရားသုံးဆူအနီးတွင် ဒီကေဘီအေနှင့် အစိုးရတပ် တိုက်ပွဲဖြစ်

ကြာသပတေးနေ့၊ ဇန်နဝါရီလ 27 ရက် 2011 ခုနှစ် လွတ်လပ်သော မွန်သတင်း အေဂျင်စီ သတင်း - လွတ်လပ်သော မွန်သတင်းအေဂျင်စီ
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနောက်ဘက် ၇ မိုင်အကွာ ဇမိချောင်းဝန်းကျင်တွင် စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဒဘာသာ ကရင်တပ်မတော် (ဒီကေဘီအေ) တို့ ယနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု တိုက်ပွဲဖြစ်ပွားရာ ဇမိမြစ်ဒေသရှိ လှည်းဆိပ်နှင့် စောသဗြုဒေသခံတို့က ပြောသည်။ဇမိမြစ် အရှေ့ဘက်ခြမ်းရှိ ဒု-ဗိုလ်မှူးကြီး စောအေဝမ်း ဦးစီးသည့် ဒီကေဘီအေ ၉၀၆ တပ်ရင်းနှင့် အနောက်ဘက်ခြမ်း ကျုံမိပြင်ကျေးရွာရှိ ခမရ ၄၀၆ တို့ ယနေ့ နံနက် ၈ နာရီ (မြန်မာစံတော်ချိန်) ခန့်မှ စ၍ အပြန်အလှန် ပစ်ခတ်ကြပြီး မွန်းတည့်ခန့်တွင် တိုက်ပွဲ ပြီးဆုံးသွားကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူ ရှိ မရှိကို မသိရသေးကြောင်း ဒေသခံတို့က ပြောသည်။
“ဆက်တိုက်တော့ မဟုတ်ဘူး။ ခဏနေပစ် ရပ်သွား၊ ထပ်ပစ်ပြန်နဲ့ ၁၁ နာရီခွဲလောက်မှာ လက်နက်ကြီး တချက် ကျပြီး ပစ်တာ ရပ်သွားတယ်” ဟု ဒေသခံတဦးက ပြောသည်။

ခမရ ၄၀၆ သည် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် လက်အောက်ရှိ စကခ (စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ်) ၈ အောက်တွင် ရှိသည်။တိုက်ပွဲကြောင့် ဘုရားသုံးဆူရှိ ရှေ့တန်းတပ်ရင်း ဖြစ်သည့် ခလရ ၂၈၃ မှ ဗိုလ်ကြီး ဇေယျာလင်း ဦးစီးသည့် တပ်ဖွဲ့က လှည်းဆိပ်နဲ့ စောသဗြုကျေးရွာတဝိုက်တွင် လုံခြုံရေး သွားရောက်ချထားကြောင်း တပ်နှင့် နီးစပ်သူတဦးက ပြောသည်။ ခလရ ၂၈၃ သည် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ စကခ ၁၉ အောက်တွင် ရှိသည်။တိုက်ပွဲဖြစ်ပွားသည့် အနီးတဝိုက်ရှိ ဒေသခံများမှာ အနီးအနားသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေတွင် နအဖနှင့် နယ်ခြားစောင့်တပ်များ သေကြေထိခိုက်မှုရှိ

ကြာသပတေးနေ့၊ ဇန်နဝါရီလ 27 ရက် 2011 ခုနှစ် နန်းဖော့ဂေ သတင်း - ကေအိုင်စီ
ကရင်ပြည်နယ် နယ်စပ်ဒေသတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLAနှင့် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် နအဖ စစ်တပ်နှင့် ကရင်နယ်ခြားစောင့် တပ်များမှ အရာရှိများ အပါအ၀င် တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိကြောင်း ကေအိုင်စီက ယနေ့ စုံစမ်းသိရှိရသည်။ယနေ့မနက် ၇နာရီဝန်းကျင်တွင် လှိုင်းဘွဲမြို့နယ်၊ ကမားထာ့နှင့် ကျော်သလေးခို့အကြား၌ ကေအဲန်ယူ တပ်ရင်း(၂၁)နှင့် နအဖ ခမရ(၃၄၃)တို့ ၁၀မိနစ်ကြာ ချုံခိုတိုက်ပွဲဖြစ်ပွားရာ ကေအဲန်ယူဘက်မှ ထိခိုက်မှုမရှိသော်လည်း နအဖဘက်မှ ၄ဦး ကျဆုံးကာ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ(၇)မှ ဗိုလ်ကြီးစောမျိုးမင်းသူက ယခုလို ပြောသည်။

“ဒီမနက်ဖြစ်တာကတော့ ၇နာရီ ၅မိနစ်မှာပဲ။ ကျနော်တို့ဘက်က တပ်ရင်း(၂၁)က အင်အား ၁၂ဦးနဲ့ နအဖ ခမရ(၃၄၃)က စစ် ကြောင်းတကြောင်းနဲ့ဖြစ်တာ။ ချုံခိုစောင့်ပစ်တာဆိုတော့ ကျနော်တို့ဘက်က ထိလေ့မရှိဘူး။ နအဖဘက်ကတော့ ၄ယောက် သေတယ်။ ၃ယောက် ဒဏ်ရာရတယ်။ လက်နက်သိမ်းယူတာတွေတော့ ကျနော်တို့ဘက်က မလုပ်တော့ဘူး။”ဟု ဆိုသည်။ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၃ရက်နေ့ မနက် ၉း၁၅နာရီကလည်း KNLA တပ်ရင်း(၂၂)တပ်ဖွဲ့နှင့် ကရင်နယ်ခြားစောင့်တပ် BGF အမှတ် (၁၀၁၅) တပ်ဖွဲ့ဝင်များ လှိုင်းဘွဲမြို့နယ်၊ နိုးရီးရွာအနီး၌ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ BGF ဘက်မှ ဗိုလ်ကြီးထွန်း မြင့်ထွန်းနှင့် တပ်သား ၂ဦး ကျဆုံးပြီး ဗိုလ်ထွန်းဝင်းနှင့် တပ်သားတဦး ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် KNLA က BGF ဘက်မှ ကာဘိုင်တစ်လက်၊ G-3 တစ်လက်နှင့် ၉-မမ တစ်လက် သိမ်းဆည်းရမိခဲ့သည်။အလားတူ KNLA တပ်မဟာ(၇)လက်အောက်ခံ တပ်ရင်း(၂၁)၊ (၂၂)နှင့် အထူးပြောက်ကျားအဖွဲ့ဝင်များ ပါဝင်သည့် အင်အား ၇၀ခန့်ရှိ အဖွဲ့သည် ဇန်န၀ါရီလ ၂၁ရက်နေ့က BGF (၁၀၁၅)တပ်ရင်း၏ ဟောသူးခီးစခန်းကို တက်ရောက်သိမ်းဆည်းခဲ့ရာ လက်နက် ၁၂လက် ရရှိပြီး ၎င်း BGF တပ်ရင်းမှာ ဗိုလ်ချာလယ်၊ ဒုဗိုလ်ရော့ကက်၊ တပ်ကြပ်ကြီးတစ်ဦး အပါအ၀င် ၈ဦးကို ဖမ်း ဆီးခဲ့သည်ဟု KNLA တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအဲဆဲဆဲက ပြောသည်။

စစ်အစိုးရနှင့် DKBA တပ်ဖွဲ့တို့ တိုက်ပွဲ ပိုမိုပြင်းထန်လာ

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 26 ရက် 2011 ခုနှစ် ဇော်ကြီး သတင်း - သတင်းနှင့်မီဒီယာကွန်ယက်
ကရင်ပြည်နယ်အတွင်း စစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်းထန် လာသည်ဟု သိရသည်။ ဖလူးနှင့် ဝေါ်လေကြားရှိ ကျောက်ခက်ဒေသအတွင်း ဒေါနတောင်ခြေတဝိုက်ရှိ တောင်ကုန်းတိုင်း တွင် ယနေ့နံနက် (၈) နာရီအချိန်ခန့်မှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး ယခင်ကထက် ပိုမိုပြင်းထန်သည် ဟု DKBA တပ်ဖွဲ့၏ တပ်မဟာ(၅) စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က ယခုလိုပြောသည်။ “လက်ရှိ ရန်သူကလည်း ဒီတောင်ကုန်းကိုလုတယ်။ DKBA ကလည်း လုတယ်နော်။ သူလုငါလုနဲ့ ပစ်ခတ်မှုတွေ အပြင်းအထန်ဖြစ်တယ်။ သူတို့က ကွယ်ဝှက်ပြီးတက်တယ်။ ကျနော်တို့ကလည်း ကွယ်ဝှက်ပြီးစောင့်ပစ်တယ်။ ပစ်ကြခတ်ကြတာ တိုက်ပွဲက အပြင်းထန်ဆုံးပဲ ဒီနေ့က။”

ယင်းဒေသတဝိုက်တွင် စစ်အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ(၅၄၉)၊ (၅၄၈)၊ (၃၅၇)နှင့် (၅၄၆) တပ်ရင်းလေးရင်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကျွံဝင်လာသည့် ခမရ (၅၄၆) တပ်ရင်းအား (DKBA) တပ်ဖွဲ့များက ဝိုင်းရံပစ်ခတ်နေသည်ဟု ဆက်ပြောသည်။ “ကျွံဝင်လာတဲ့တပ်တစ်ခုရှိတယ်။ အခု အဲဒီအဖွဲ့ကို ကျနော်တို့ ဝိုင်းထားတယ်နော်။ အဲဒီအဖွဲ့ကို ပိတ်ဆို့ပြီးတော့ ချေမှုန်းနေတယ် အခုနော်။”  နံနက် (၈)နာရီ အချိန်ခန့်မှစတင်၍ တနေကုန်ဖြစ်ပွားနေသည့်အတွက် နှစ်ဖက်ထိခိုက်ကျဆုံးမှုကို အတည်ပြု၍ မရသေးသော်လည်း  ယခုလ(၂၃)ရက်နှင့် (၂၄)ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များတွင် စစ်အစိုးရတပ်ဖွဲ့ဝင် (၂ဝ) ကျော်ကျဆုံးခဲ့ပြီး (၁ဝ)ယောက်ကျော် ဒဏ်ရာရရှိသည်ဟု သိရကြောင်း ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

(DKBA) တပ်ဖွဲ့များ နေရာယူထားရာသို့ ယမန်နေ့ညနေ ၆နာရီခွဲ အချိန်ခန့်က စစ်အစိုးရတပ်မှ သွေးတိုးစမ်းသည့်အနေဖြင့် ဝင်ရောက်လာသည့်အတွက် (၁၅) မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်ပိုင်းအချိန်ကစ၍ တိုက်ပွဲရှိန်မြှင့်တက် လာခြင်းဖြစ်သည်ဟု နောက်တန်းရှိ (DKBA) တပ်မှူးတစ်ဦးက ပြောသည်။ လွန်ခဲ့သည့် ၂ဝ၁ဝ ခုနှစ် စစ်အစိုးရပြုလုပ်သည့် ရွေးကောက်ပွဲကာလမှစ၍ ထိုင်းမြန်မာနယ်စပ်ရှိ မြဝတီနှင့် ဘုရားသုံးဆူမြို့တို့အား (DKBA) က သိမ်းပိုက်ခဲ့ပြီး မြဝတီမြို့မှ စစ်အစိုးရ အခြေစိုက်ရာဝေါ်လေ စခန်းသို့သွားသည့် လမ်းကြောင်းအား ပိတ်ဆို့၍  (DKBA) တပ်ဖွဲ့များက နေရာယူထား ခဲ့သည်။ ယခုအခါ ဝေါ်လေတပ်စခန်းရှိ စစ်အစိုးရတပ်ဖွဲ့ဝင်များ စားရေရိက္ခာ အခက်အခဲဖြစ်နေသည့် အပေါ် စစ်အစိုးရက အင်အားသုံး၍ တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး (DKBA) ဖက်က ပြောက်ကျား စစ်ဖြင့် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်။ ယခုဖြစ်ပွားနေသည့် တိုက်ပွဲများ၌ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) အပြင် ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံတပ်ဖွဲ့များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သည်။

ကရင်ပြည်နယ်တိုက်ပွဲ စစ်အစိုးရတပ်များ အထိနာ

သောကြာနေ့၊ ဇန်နဝါရီလ 28 ရက် 2011 ခုနှစ် ဇော်ကြီး သတင်း - သတင်းနှင့်မီဒီယာကွန်ယက်
ကရင်ပြည်နယ်အတွင်း စစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့တို့ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်အစိုးရဖက်မှ ထိခိုက်ကျဆုံးမှု များသည်ဟု (DKBA) ကပြောသည်။ဖလူးနှင့်ဝေါ်လေအကြားရှိ ကျောက်ခက်ဒေသအတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်အစိုးရတပ်မှ ကျဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများအား ရှင်းလင်းနေစဉ် (DKBA) တပ်ဖွဲ့၏နှောင့်ယှက်မှုမခံရစေရန် ယနေ့နံနက်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု (DKBA) တပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ တပ်မှူးတစ်ဦးက ယခုလိုပြောသည်။“ဒီမနက်က ကိုးနာရီခွဲကနေ ဆယ်နာရီခွဲအထိပေါ့။ သူတို့လူနာတွေသယ်ဖို့ လက်နက်ကြီးနဲ့ ကျနော်တို့ရှိမယ်ထင်တဲ့ မသင်္ကာတဲ့နေရာတွေကို ကာပစ်ပေးတယ်။ တချို့လူနာတွေ ကျန်နေသေးတယ်။ သယ်လို့ မကုန်သေးဘူးဖြစ်နေသေးတယ်။”

ယင်းဒေသအတွင်း လွန်ခဲ့သည့် ဇန္နဝါရီလ (၂၃) ရက်နေ့မှ ယမန်နေ့ညအထိဖြစ်ပွားခဲ့သည့် (၄) ရက်ကြာ တိုက်ပွဲအတွင်း စစ်အစိုးရဖက်မှ ထိခိုက်ကျဆုံးသူနှင့် ဒဏ်ရာရသူစုစုပေါင်း (၈ဝ) ဦးခန့် ရှိသည်ဟု ၎င်းကဆက်ပြောသည်။“မနေ့ညကဆိုရင် လေးနေရာမှာ အားလုံးစုစုပေါင်းက အသေက(၂ဝ)၊ ဒဏ်ရာက (၂၂) ယောက်ရတယ်ဆိုတော့ ဒီကောင်တွေ မနေ့က တစ်ရက်ထဲထိတာ မနည်းဘူးလေ။ ပြီးတော့ (၂၃)ရက်နေ့က ဒဏ်ရာက(၁၇)ယောက်၊ အသေက(၂ဝ)ဆိုတော့ အဲဒီမှာပဲပုံနေတဲ့ အခါကျတော့ အဲတာတွေ မနည်းကဲ့ပြီးထုတ်ရဦးမယ်။ ဒီရက်နှစ်ရက်အတွင်းကတော့။”  ထို့အပြင် ယမန်နေ့ကတိုက်ပွဲ၌ စစ်အစိုးရတပ်ဖွဲ့ဝင်နှစ်ဦးအား တရုတ်နိုင်ငံထုတ် မော်တာ(၂) လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ဖက်မှ ဒဏ်ရာရသူသာရှိ၍ ကျဆုံးသူမရှိဟု ဆက်ပြောသည်။

“MA -7 ဆိုတာ (၆ဝ) မမပဲ။ ဒါမေယ့် (၆ဝ)ထက် ပြောင်းရှည်တယ်။ တရုတ်ထုတ်တွေလေ။ သူက (၆ဝ) အသီးနဲ့ပစ်လို့ ရတယ်လေ။ ဒါပေမယ့် သူ့အသီးကို ကျတော့ (၆ဝ)ထဲ ထည့်ပစ်လို့ မရဘူး။ မနေ့ကတိုက်ပွဲမှာ မော်ခီးဖက်မှာ နှစ်ယောက် ဒဏ်ရာရတယ်။ နောက်ပြီးတော့ ဒီကျောက်ခက်မှာ ဖြစ်တဲ့ပွဲကတော့ တစ်ယောက်က ခြေသလုံးမှာ လက်နက်ကြီးစထိမှန်တယ်။”  တစ်ချိန်တည်းတွင် ယနေ့နံနက်ကလည်း ဘုရားသုံးဆူမှ သံဖြူဇရပ်သို့ ရိက္ခာကြိုရန်သွားသည့် စစ်အစိုးရယာဉ်တန်းအား (DKBA)နှင့် (KNU) ပူးပေါင်းတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ကျဆုံး မှုအား မသိနိုင်သေးကြောင်း ဒေသခံ(DKBA) တပ်မှူး ဗိုလ်မှူးအေဝမ်းက ယခုလိုပြောသည်။

“မနက်က (၈)နာရီလောက်မှာ ကျနော်တို့ကတစ်ကြိမ် ပစ်လိုက်တယ်။ အပြန်အလှန်ပစ်ပြီးတော့ သူတို့ပြန်နောက်ဆုတ်သွားတယ်။ ပြီးတော့ နောက်တစ်ချီ သူတို့ဆီက စစ်ကြောင်း နောက်တစ်ကြောင်း ထပ်လာတဲ့ခါကျတော့ ကျနော်တို့ ခုနက (၁၂)နာရီ ကျော်လာက်က ပြန်ပစ်တယ်။ သူတို့ လက်နက်ကြီးနဲ့ ပြန်ပစ်တော့ ရွာနဲ့နီးတယ်ဆိုပြီး ကျနော်တို့ နည်းနည်း ပြန်နောက်ဆုတ် ပေးလိုက်တယ်။”  ဘုရားသုံးဆူဒေသခံတစ်ဦးက ယင်းတိုက်ပွဲတွင် စစ်အစိုးရတပ်မှ တစ်ဦးကျဆုံးပြီး (DKBA) ဖက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်ဟု ယခုလိုပြောသည်။“ဒီမနက်က ချောင်းဆုံရဲ့အနောက်ဖက် တစ်မိုင်လောက်က ဘုရားတောင်မှာ တိုက်ပွဲဖြစ်တယ် ပြောတယ်။ ခမရ(၄ဝ၂)က တစ်ယောက်ကျတယ်။ ဒဏ်ရာရတာတော့ မသိဘူး။ အလောင်းတော့ ခုနကပဲ ယူသွင်းလာတယ်။”

ထို့အပြင် ယမန်နေ့ညကလည်း ခြေမြန်တပ်ရင်း ခမရ(၄ဝ၆) လှုပ်ရှားရာ မြိုင်သာယာ ကျေးရွာအနီး စစ်အစိုးရ တပ်သားတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ကျဆုံးသွားသည်ဟု သိရကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။ဗိုလ်မှူးကြီးစောလားပွယ်ဦးဆောင်သည့် (DKBA) တပ်မဟာ(၅)အဖွဲ့မှ စစ်အစိုးရ၏ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့ ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတမှုမရှိဟုဆိုကာ ဆန့်ကျင်ခဲ့ ရာမှ တိုက်ပွဲများစတင်ခဲ့ပြီး နောက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့ဝင် များ ပူးပေါင်းပါဝင်လာခဲ့သည်။

စစ်တပ်အတွက် ရွာသားများ သတင်း ပေးပို့ရန် ပျက်ကွက်ပါက အပစ်ပေးခံရ

သောကြာနေ့၊ ဇန်နဝါရီလ 21 ရက် 2011 ခုနှစ် အောလို သတင်း - ကန္တာရ၀တီတိုင်း(မ်)
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ရွာသားများသည် မြန်မာစစ်အစိုးရ တပ်အတွက် သတင်းများကို နေ့စဉ် အစီရင်ခံပေးနေရကာ ပျက်ကွက်ပါက အပစ်ပေးဒဏ်ခတ်မှုများ ခံရကြောင်း သိရသည်။
ကရင်နီပြည် အလယ်ပိုင်းဒေသမှ ကျေးရွာတရွာ (ဓါတ်ပုံ-KSWDC) ကရင်နီပြည် အလယ်ပိုင်းဒေသမှ ကျေးရွာတရွာ (ဓါတ်ပုံ-KSWDC)
ဖရူဆိုမြို့နယ် ဖုကရားခူကျေးရွာ အနီး၌ တပ်စွဲထားသော စစ်အစိုးရတပ် ခမရ ၅၃၁ သည် ၎င်းတို့ တပ်စခန်းသို့ ထိုဒေသရှိ ကျေးရွာများမှ ရွာသားများကို ကျေးရွာအုပ်စုနှင့် ကျေးရွာတွင်း၏ အခြေအနေနှင့် ကရင်နီတပ်မတော်များ၏ လှုပ်ရှားမှု သတင်းများကို ပုံမှန် ပေးပို့ခိုင်းကာ ပျက်ကွက်ပါက အပစ်ပေးဒဏ်ခတ်ခြင်း ဖြစ်သည်ဟု ကရင်နီဗဟိုသတင်းအဖွဲ့မှ ခူဒယ်နီယာက ပြောသည်။

၎င်းက “ဖုကရားခူတပ်ပေါ့ ရွာသားတွေကို သတင်း နေ့တိုင်း လာပို့ခိုင်းတယ်လေ။ နောက်ပြီး ခိုးပရာရွာနဲ့ ဂျိုခူရွာက ၃ ရက် ပျက်ကွက်တော့ သူတို့ ပြန်လာတဲ့ နောက်တရက်မှာ စစ်တပ်က ခိုးပရာရွာသားကို ရေ ၃ ခေါက် သွားခပ်ခိုင်းတယ်။ ဂျိုခူရွာသားကိုတော့ ရိက္ခာ သွားထမ်းခိုင်းတယ်” ဟု ပြောသည်။

ရွာသားများသည် သတင်းများကို စစ်အစိုးရတပ် တပ်စခန်းသို့ သွားရောက်ပေးပို့ရသည့်အပြင် သွားသည့် အကြိမ်တိုင်းတွင် စစ်တပ်များအတွက် စားသောက်စရာ ကြက်တကောင် သို့မဟုတ် အရက်တလုံး သို့မဟုတ် ဟင်းတခုခုကို ယူဆောင်လာပေးရကြောင်း ခူဒယ်နီယာက ဆက်ပြောသည်။

သတင်းများ လာရောက်ပေးပို့ရာတွင် စစ်အစိုးရတပ်များက မိမိတို့ ရွာသားများအား ကျေးရွာအုပ်စုနှင့် ကျေးရွာတွင်းတွင် သတင်းများ ထူး၊မထူး ဆိုသည်ကို မေးမြန်းလေ့ရှိကြောင်း၊ အဘယ်ကြောင့် သတင်းများ ထူး၊မထူး ဆိုသည်ကိုလည်း ၎င်းတို့အား ရှင်းပြရကြောင်း စစ်အစိုးရတပ်ကို သတင်းများ သွားရောက်အစီရင်ခံခဲ့ဖူးသူ ဖရူဆိုမြို့နယ်မှ ဒေသခံတဦးက ပြောသည်။သူက “နအဖ စစ်တပ်တွေကို သတင်း သွားမပို့ရင် သတင်းတခုခု ပေါက်ကြားမယ်ဆိုရင် သူတို့က ကျနော်တို့ရဲ့ ရွာဥက္ကဌကို ကျနော်တို့ ရွာသားတွေကို လာရောက်ဖမ်းမယ်၊ ဆီးမယ်၊ နှိပ်စက်မယ်လေ” ဟု ပြောပါသည်။ဖရူဆိုမြို့နယ် ခိုပရာနှင့် ဆိုခူတို့ ၂ ရွာသည် စစ်အစိုးရတပ်အား သတင်းများ ပေးပို့ရန် ပျက်ကွက်၍ ပြီးခဲ့သည့် ၅ ရက်နေ့တွင် အပစ်ပေးဒဏ်ခတ်မှု ခံခဲ့ရခြင်း ဖြစ်သည်။ ဖရူဆိုမြို့နယ်တွင် စစ်အစိုးရတပ်များ ဖြစ်သော ခြေမြန်တပ်ရင်း (ခမရ) ၅၃၁ နှင့် ၄၂၈ တို့ အခြေစိုက်ထားသည်။

ကိုယ့်သမိုင်း ကိုယ်မသိတဲ့ အဖြစ်မျိုး မရောက်ဖို့ ...

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 26 ရက် 2011 ခုနှစ် ဒီမင်း ဆောင်းပါး - ကန္တာရ၀တီတိုင်း(မ်)
တစ်နေ့ထက်တစ်နေ့ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ကရင်နီသမိုင်းဟာလည်း မှုန်ရီလာလို့ ပျောက်ကွယ်လုနီးပါးရှိနေပါတယ်။ ခေတ်လူငယ်တွေများ လေ့လာမှုအားနည်းလို့လား ဒါမှမဟုတ် ကိုယ့်သမိုင်းအဖြစ်မှန်တွေကို လေ့လာသင်ယူနိုင်ဖို့ အခွင့်အလမ်းတွေ ပိတ်ပင်ထားခြင်းခံနေရလို့လား ဆိုတဲ့ မေးခွန်းတွေထုတ်ရတော့မှာပါ။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ကယားဒေး (ကယားပြည်နယ်နေ့) ကို ကျင်းပရာ အ၀င်ဝ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ကယားဒေး (ကယားပြည်နယ်နေ့) ကို ကျင်းပရာ အ၀င်ဝ
ကရင်နီပြည်မှာ ယခု ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်ကနေ ၁၈ရက်နေ့အထိ ကယားဒေး (ကယားပြည်နယ်နေ့) ပွဲတော် ကျင်းပပြုလုပ်တာကို တွေ့ရှိရပါတယ်။ ကယားဒေးပွဲကို ကျင်းပတာ ၅၉ ကြိမ်မြောက် ရှိသွားပေမယ့်လို့ ကယားဒေးပွဲကျင်းပရတဲ့ အကြောင်းရင်းကို ယခုတက်လာတဲ့ လူငယ်လူရွယ် အနည်းအကျဉ်းသာ သိရှိထားကြပြီး အများစုကတော့ ပျော်ပွဲရွှင်ပွဲတခုလိုသာ သတ်မှတ်ကြပါတယ်။

ကရင်နီပြည်မှာ နေထိုင်တဲ့ လူငယ်တွေအဖို့ ကရင်နီသမိုင်းအဖြစ်မှန်ကို လွတ်လွတ်လပ်လပ် သင်ယူခွင့်မရကြပါဘူး။ စာသင်ကျောင်းတွေမှာလည်း ကယားဒေး ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းနဲ့ သမိုင်းအဖြစ်မှန်တွေကိုလည်း သင်ကြားခွင့်မပြုပဲ အစိုးရက ပိတ်ပင်ထားတယ်လို့ ဆိုကြပါတယ်။
ကယားဒေးပွဲ ကျင်းပတိုင်းမှာလည်း ကယားဒေး ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်း အဖြစ်အမှန်တွေကို ထင်ဟပ်စေမယ့် အကြောင်းအရာတွေ ဖုံးဖိထားခြင်းခံရတယ်ဆိုတဲ့အကြောင်း ပွဲတော်ကို လည်ပတ်ခဲ့ဖူးသူ ကရင်နီ လူငယ်တစ်ဦးက ယခုလိုပြောပါတယ်။“အဲဒါတွေတော့ မတွေ့ဘူး ကယားပြည်နယ်မှာ ဘာတွေဖြစ်နေလဲ ဘာတွေ ထင်ရှားလဲ ပြီးတော့ ဘာတွေထွက်နိုင်လဲပေါ့နော  ပြခန်းတွေမှာဆို သူတို့ရဲ့ လယ်ထွန်စက်တွေ ကြော်ငြာတယ် မြန်မာနိုင်ငံက ထုတ်တဲ့ ဟာတွေ ကြော်ငြာတာ တွေ့တာပေါ့နော”

မြန်မာနိုင်ငံမှာ နေထိုင်သူတွေ  အများစုဟာ  ကရင်နီပြည်ကို ကယားပြည်နယ်လို့ ပိုအသိများကြပေမယ့် ထိုင်းမြန်မာ နယ်စပ်မှာ စစ်ပြေးဒုက္ခသည်အဖြစ် ရောက်ရှိနေကြတဲ့ ကရင်နီလူမှု အသိုင်းအ၀ိုင်းထဲမှာတော့ ကရင်နီပြည်လို့ ခေတ်ကာလ အဆက်ဆက်က သုံးစွဲတဲ့အတိုင်း ခေါ်ဝေါ်နေကြဆဲပါ။
ဒီလိုကွဲပြား ခေါ်ဆိုနေကြရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ကရင်နီ စောဖျာအမျိုးနွယ်ထဲမှ လက်ရှိကျန်ရစ် နေသေးတဲ့ ကရင်နီ အမျိုးသား ခေါင်းဆောင် ခူးထဲဘူးဖဲက ယခုလို ရှင်းလင်းချက်ပေးပါတယ်။
ကရင်နီအမျိုးသား ခေါင်းဆောင် ခူးထဲဘူးဖဲ မိန့်ခွန်းပြောကြားစဉ် ကရင်နီအမျိုးသား ခေါင်းဆောင် ခူးထဲဘူးဖဲ မိန့်ခွန်းပြောကြားစဉ်
“ကရင်နီဆိုတာ ရှေးကတည်းက သမိုင်းအရ ရှိတဲ့ စကားလုံး။ ကယားဆိုတာ ၁၉၅၂ ခုနှစ်မှ ဗမာပြည် လွတ်လပ်ရေး ရရှိပြီးတဲ့နောက် သူတို့ ခေါ်တာ။ ဗမာက ကျနော်တို့ကို ကရင်နီကနေ ကယားလို့ ပြောင်းလဲခေါ်တာ ဘယ်သူက သွားသဘောတူရမှာလဲ။ သူတို့က ကျနော်တို့ သမိုင်းကို ပျောက်ကွယ်သွားအောင် လုပ်ချင်တော့ ကယားလို့ ပြောင်းသွားတယ်။ ကျနော်တို့ သမိုင်းအရ အခုချိန်ထိ ကရင်နီလို့ ခေါ်လာတာ အဲဒီအတွက်ကြောင့်ပဲ ဖြစ်တယ်။ အခုချိန်ထိ တိုက်ခိုက်ကြတာလည်း အဲဒီအတွက်ကြောင့်ပဲ ဖြစ်တယ်လေ”

ကရင်နီသမိုင်းအကြောင်း လေ့လာသိရှိထားတဲ့ သူတဦးလဲဖြစ် ပြည်ထောင်စု တိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ အဖွဲ့ရဲ့ ဥက္ကဌလဲဖြစ်တဲ့ ခွန်းမားရ်ကိုဘန်က “ကရင်နီကို ကယား ဘာဖြစ်လို့ ပြောင်းသလဲဆိုတော့ ကယားကို ပြောင်းလိုက်တဲ့ အခါက ကရင်နီဆိုတဲ့ သီးခြားလွတ်လပ်တဲ့ သမိုင်းကို ဖဆဖလ က ဖြောက်ချင်လို့ ဖြစ်တယ်” လို့ ပြောပါတယ်။

ကရင်နီကနေ ကယားပြောင်းလဲခေါ်ဆိုရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ကျောင်းသား လူငယ်တဦးက “အဖိုးကြီးအဖွားကြီး ပြောတာတော့ ကြားဖူးတယ် ပြီးတော့စာအုပ် အဟောင်းစုတ်စုတ်ြပဲပြဲ တစ်အုပ်မှာဖတ်ဖူးတယ်” လို့ဆိုပါတယ်။

လူငယ်တွေအနေနဲ့ ကယားဒေးပွဲကို ကျင်းပရတဲ့ အကြောင်းရင်းတွေကို စာသင်ကျောင်းတွေမှာ လေ့လာခွင့်မရတဲ့အတွက် သက်ကြီးရွယ်အိုတွေကို မေးမြန်းပေမယ့် ကယားဒေးပွဲ ကျင်းပရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိပဲ ရှိနေပါတယ်။

“အဲလိုမျိုး ကယားဒေး ဖြစ်ပေါ်လာပုံ တိတိကျကျကိုတော့ သူတို့မသိတော့ဘူးပေါ့နော ဘိုးဘွားတွေက သူတို့ ဘယ်လိုပြောလဲဆိုရင် ဒီ ကယားဒေး လုပ်ရတဲ့အကြောင်း ဟိုးအရင်တုန်းကတော့ ရှိခဲ့တာပေါ့နော ဒါတော့ ငါတို့က မသိတော့ဘူးပေါ့  ဒါပေမယ့် တစ်ချို့တွေကလည်း ကယားဒေးဘာကြောင့် လုပ်ရတာလဲလို့ မေးလို့ ရှိရင်  သူတို့က ကယားပြည်နယ်နေ့ကို အထိမ်းအမှတ်ပြုလို့ ကယားဒေးပွဲ လုပ်ရတာဖြစ်တယ်” လို့ ၎င်းက ဆက်ပြီး အဖိုးအဖွားတွေရဲ့ စကားအရ ပြန်လည်ပြောတာ ဖြစ်ပါတယ်။

ကရင်နီပြည်မှာ ၁၀ တန်းအထိ ကျောင်းတက်ခဲ့ဖူးတဲ့ လူငယ်တစ်ဦးက “စာထဲမှာ သင်တာက  မြန်မာသမိုင်းနဲ့ ကမ္ဘာ့သမိုင်းလောက်ပဲကော” လို့ပြောပါတယ်။
ကရင်နီသမိုင်းနဲ့ ပတ်သက်ပြီး ထိုင်းမြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် စခန်းတွေမှာသာ အလယ်တန်းကနေ ၉ တန်းအထိ လေ့လာခွင့်ရတယ်ဆိုပေမဲ့လို့ ရေရှည်မှာ ဒီကရင်နီ သမိုင်းဘာသာရပ်တွေ လေ့လာသင်ကြားနိုင်လိမ့်မယ်လို့ မဆိုနိုင်ပါဘူး။ကရင်နီဒုက္ခသည်တွေမှာ ကရင်နီသမိုင်းကို သင်ရတယ်ဆိုပေမယ့် တတိယ နိုင်ငံကို လျှောက်တဲ့ စီမံကိန်းကြောင့် စခန်းထဲက ကျောင်းသားလူငယ်တွေ လေ့လာဆည်းပူးနိုင်ဖို့ အခွင့်အလမ်းဟာလည်း မရှိသလောက် ဖြစ်နေပြန်ပါတယ်။
ဒုက္ခသည်စခန်းထဲမှာ နေထိုင်သူ တွေအများစုဟာ နှစ်ပေါင်းများစွာ ဒုက္ခသည်ဘဝဖြင့် နေထိုင်ရတဲ့ အဖြစ်ကို ငြီးငွေ့လာတဲ့အတွက် တတိယနိုင်ငံကို လျှောက်ဖို့ ပိုစိတ်ဝင်စားကြတဲ့ အတွက်ကြောင့်ပါ။ကရင်နီသမိုင်းတွေ တစ်စထက်တစ်စ ပပျောက်လာတာဟာ စစ်အစိုးရတွေ သွယ်ဝိုက်တဲ့ နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးနှောက်ယှက်နေတာဖြစ်တယ်လို့ ကရင်နီ တော်လှန်ရေးအဖွဲ့အစည်းက ဆိုထားပါတယ်။ပြီးခဲ့တဲ့နှစ် ကျင်းပပြုလုပ်ခဲ့တဲ့ ၅၈ ကြိမ်မြောက် ကယားဒေးပွဲရဲ့ မိန့်ခွန်းတွေမှာ ကရင်နီကိုယ်စားပြု ရပ်မိရပ်ဖတွေ မပါပဲ စစ်တပ်ကသာ နေရာယူပြီး တပ်မတော်တွေရဲ့ ကောင်းကြောင်းတွေကိုသာ ၀ါဒဖြန့် ဟောပြောခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ကယားပြည်နယ်နေ့တွင် သီချင်းလာရောက် ဖျော်ဖြေပေးသွားတဲ့ မြန်မာအဆိုတော် မျိုးကြီး ၂၀၀၉ ခုနှစ် ကယားပြည်နယ်နေ့တွင် သီချင်းလာရောက် ဖျော်ဖြေပေးသွားတဲ့ မြန်မာအဆိုတော် မျိုးကြီး
ကယားဒေးပွဲကို ကျင်းပတိုင်းမှာလည်း များသောအားဖြင့် ကရင်နီလူငယ်တွေဟာ ပျော်ပွဲရွှင်ပွဲလို သတ်မှတ်ကြပြီး ကယားဒေးဖြစ်ပေါ်လာတဲ့ အကြောင်းရင်းထက် လာရောက် သီဆိုဖျော်ဖြေပေးမယ့် နာမည်ကြီးမြန်မာအဆိုတော်တွေနဲ့ ပွဲအတွင်း လောင်းကစားတွေကိုသာ ပိုမိုစိတ်ဝင်စား နေကြတာကို တွေ့ရပါတယ်။

“အခုကျနော်တို့ လူငယ်တွေက ကယားဒေးပွဲဟာ ပျော်ပွဲရွှင်ပွဲ လို့ပဲ မြင်တယ်လို့ပဲ တွေ့ရှိရတယ်ပေါ့လေ” လို့ ကရင်နီကျောင်းသားသမဂ္ဂ KSU ဥက္ကဌ မာတိယာလေးက ပြောပါတယ်။

ကယားဒေးဖြစ်ပေါ်လာတဲ့ အကြောင်းအရင်း အဖြစ်မှန်တွေကို လူငယ်တွေအကြား ပိုမိုသိရှိလာနိုင်ဖို့ “ကျနော်တို့ လူငယ်တွေအနေနဲ့ဆို ကျနော်တို့ သိဖို့သင့်တယ်။ ဒါကြောင့်မလို့ ကျနော်တို့ ဒီပွဲကျင်းပပေးတဲ့ ကျနော်တို့ ဒီသက်ဆိုင်ရာ ပွဲကျင်းပသူကိုပေါ့လေ ကျနော်တို့ ဟို ဒီကယားဒေးနဲ့ ပတ်သက်ပြီး ဒီကယားဒေးနေ့မှာ ဟောပြောပေးဖို့လိုတယ်။ ဒီကယားဒေးနဲ့ပတ်သက်တဲ့ သမိုင်းတွေကို ပန်းချီပြိုင်ပွဲပဲ ဖြစ်ဖြစ် အဲလိုမျိုး ညဏ်ရည်နဲ့ ပတ်သက်တဲ့ ပြိုင်ပွဲမျိုးတွေ လုပ်ပေးဖို့သင့်တယ်” လို့ မာတိယာလေးက အကြံပြုပါတယ်။

မိသားစုစားဝတ်နေရေး အဆင်ပြေရေးတွေကိုသာ အစဉ်ရုန်းကန်ကြရတဲ့အတွက် ကရင်နီလူငယ် အနည်းစုတွေသာ ကရင်နီသမိုင်းကို စိတ်ဝင်စားတော့တယ်လို့ ဆိုပါတယ်။တဖက်မှာ ကိုယ့်သမိုင်းအဖြစ်မှန်တွေ ဖုံးဖိထားခြင်းခံနေရပေမဲ့လို့ ကရင်နီသမိုင်းကို လက်လှမ်းမှီပြီး သက်ရှိထင်ရှားကျန်ရစ်နေသေးတဲ့ မိဘဖိုးဘွားနဲ့ အမျိုးသားခေါင်းဆောင်တွေ ဆီကနေတဆင့် လေ့လာဖို့ အခွင့်အလမ်းတွေ ရှိနေပါသေးတယ်။ မနောက်ကျသေးပါဘူး။ကိုယ့်ကိုယ်ကို ကရင်နီလူမျိုးလို့ ခံယူပါလျက် ကိုယ့်သမိုင်း ကိုယ်မသိတဲ့ အဖြစ်မျိုးမရောက်ဖို့ အရေးကြီးတဲ့အတွက် ကရင်နီလူငယ်တွေအနေနဲ့  လက်လှမ်းမှီသလောက်တော့ ဝိုင်းဝန်းလေ့လာမှတ်သားကြပါစို့လို့ တိုက်တွန်းရင်း…

ကိုဇာဂနာ့မွေးနေ့ သီးညီအစ်ကိုများရဲ့ ပဒေသာကပွဲ







ပြည်သူချစ် အနုပညာရှင် ကိုဇာဂနာရဲ့ အသက် ၅၀ ပြည့် ရွှေရတု မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သီးညီအစ်ကို အဖွဲ့ကတင်ဆက်တဲ့ ပဒေသာကပွဲနဲ့ အငြိမ့်ပါ။ ဇန်နဝါရီ ၂၇ ရက် ညက ထိုင်းနိုင်ငံ ချင်းမိုင် Art Museum မှာ ကျင်းပပါတယ်။ ဒီပွဲကရတဲ့ ငွေတွေကို ကိုဇာဂနာ့အတွက် လှူဒါန်းမယ်လို့ သိရပါတယ်။ ကြယ်သီး၊ ဇီးသီး၊ ပန်းသီး၊ မြစံပယ်ငုံ၊ ရွှေရည်တို့ ၅ ယောက်တည်း ကြဲတဲ့ပွဲလို့တောင် ပြောလို့ရပါတယ်။ ထူးခြားတာကတော့ ပထမဆုံးတင်ဆက်တဲ့ နတ်ယိမ်း အကပါ။ မြူးကြွတဲ့ အကတွေ၊ နတ်ဒိုးသံတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပန်းရောင်တောက်တောက် နတ်ဝတ်စုံတွေက လူတွေကို အထူး ဖမ်းစားထားပါတယ်။

နောက်တော့ လူနဲ့ အရုပ် အတူကတဲ့ ရုပ်ကြီးစင် အကပါ။ အဲဒီမှာ အရုပ်ကို ပန်းသီးက ကြိုးဆွဲပြီး လူမင်းသား ဇီးသီးကိုတော့ ကြယ်သီးက ကြိုးဆွဲပါတယ်။ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် စတဲ့ အကတွေ ကိုလည်း မင်းသမီးလေးတွေက တင်ဆက်ပါတယ်။ အဲဒီမှာတော့ တခြား မင်းသမီးငယ်လေးတယောက်က ရွှေရည်နဲ့ မြစံပယ်ငုံကို အားဖြည့် ထားပါတယ်။

ဒီပွဲမှာ သီးညီအစ်ကိုအဖွဲ့ကို မြင်ရတာ အားရစရာလည်း ကောင်း၊ ရင်မောစရာလည်း ကောင်းလှပါတယ်။ ပွဲအစီအစဉ်တွေ အားလုံး သူတို့ချည်း ဝင်ချည်ထွက်ချည်၊ အခု အဝတ်အစားတမျိုး၊ နောက်အဝတ်အစား တမျိုးနဲ့ ဖျော်ဖြေနေတာကို ကြည့်ပြီး မောရတာပါ။ မြန်မာ့ဆိုင်းကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင် တီးပြခဲ့ပါသေးတယ်။ ဆိုင်းဝိုင်း အပြည့် မဟုတ်ပေမယ့် တခြားသော မြန်မာ ဆိုင်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပန်းသီးက ပတ္တလား၊ ဇီးသီး၊ ကြယ်သီးတို့ပါ ပါဝင်တီးခတ်ထားတာပါ။ မြမန်းဂီရိ သေလာတောင် သီချင်းကြီးနဲ့ ရှမ်းရိုးမက အိုးစည်သံ မြူးမြူးကြွကြွ သီချင်းတို့ကို ဆက်တိုက်တီးပြတာ နားထောင်လို့တော်တော်ကောင်းပါတယ်။

အစီအစဉ်တွေအားလုံး ပရိသတ်ကို ဖမ်းစားနိုင်တယ်လို့ ယူဆရပါတယ်။ အနည်းငယ် လစ်ဟာမှုလေး တွေကိုတော့ ပရိသတ်က ခွင့်လွှတ်ခံစားတာတွေ့ရတယ်။ လူနည်းနည်းနဲ့ ဝိုင်းရတဲ့ပွဲ ဆိုတာကို ချင်းမိုင်ပရိသတ်က နားလည်နေပါတယ်။အငြိမ့်ခန်း စဖွင့်တာကတော့ လွမ်းမောဖွယ် ကောင်းလှပါတယ်။ ကိုဇာဂနာနဲ့ လူရွှင်တော်အဖွဲ့က ပိတ်ကားပေါ်မှာ ခွန်းထောက်ဆိုပြီး စဖွင့်တာပါ။ သီးညီအစ်ကိုတွေက ခွန်းထောက် မဆိုတော့ဘဲ မင်းသမီး ရွှေရည်ရဲ့ အကနဲ့ စပါတယ်။ “ဗေဒါလမ်း” သီချင်းနဲ့ မြစံပယ်ငံကကပြီး ရွှေရည်ကတော့ ကြယ်သီး ရေးစပ် ထားတဲ့ မြတ်ဆရာဆိုတဲ့ သီချင်းနဲ့ ကပါတယ်။ ပြက်လုံးတွေကတော့ ခါတိုင်း ခွင်တွေလောက် မကောင်းဘူးလို့ ပြောရမှာပါ။ လူရွှင်တော် ၃ ယောက်တည်းနဲ့ စီစဉ်ရလို့ ဖြစ်မှာပါ။ အငြိမ့်ခွင်ကိုတော့ အရှေ့ပိုင်းက တင်ဆက်မှုတွေလောက် အားမရပါဘူး။

အဆုံးသတ်ပြီးသွားတဲ့ အချိန်မှာ သီးညီအစ်ကို ၃ ယောက်၊ မင်းသမီး ၂ ယောက်နဲ့ တခြား မင်းသမီး ငယ်လေးတွေစုပေါင်းပြီး ကိုဇာဂနာအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆုတောင်းရင်း တင်ဆက်တဲ့ ဆီမီးခွက် ယိမ်းကို ကြည့်ရပါတယ်။ဆရာသမားအတွက် အားကြိုးမာန်တက် ပင်ပင်ပမ်းပမ်း တင်ဆက်သွားကြတဲ့ သီးညီအစ်ကို အဖွဲ့သားများကို ချီးကျူး ဂုဏ်ပြုပါတယ်။

အသက် ၅၀ ပြည့် ရွှေရတု ဇာဂနာ







ဒီနေ့ နိုင်ငံသိ၊ ကမ္ဘာသိ လူရွှင်တော် ကိုဇာဂနာ အသက် အနှစ် ၅၀ တင်းတင်း ပြည့်တဲ့နေ့ပါ။ မွေးနေ့ ရွှေရတုပေါ့။ ဒါပမယ့် သူကတော့ မြစ်ကြီးနား အကျဉ်းထောင်ထဲမှာပါ။ မိသားစု ထောင်ဝင်စာ တွေ့ခွင့်မရတာလည်း ၈ လရှိသွားပြီလို့သိရပါတယ်။

နအဖ တပ်က အကျဉ်းသား ပေါ်တာများကို သတ်ဖြတ်မှုရှိ & နအဖတပ် ထိုင်းနယ်မြေမှ DKBA ကို ၀င်တိုက် & အဝတ်အစားနှင့် ဓာတ်ပုံများကြောင့် ဂျာနယ် ၂ စောင် ယာယီပိတ်ခံရ & သာသနာရေး ၀န်ကြီးဌာနပိုင် မြေနေရာ တရားမ၀င် ငှားရမ်း

၅ သိန်းတန်ဖုန်းကို ဆက်သွယ်ရေးက စစ်ဆေး ဖြတ်တောက်ခွင့်ရှိ

ဧရာဝတီ Tuesday, 25 January 2011
၅ သိန်းတန်ဖုန်းကို ဆက်သွယ်ရေးက စစ်ဆေး ဖြတ်တောက်ခွင့်ရှိကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်းများတွင် အင်တာနက်သုံးခြင်း၊ ဖုန်းပြောခြင်း တို့ကို .........

ကုန်တင်ယာဉ် အလေးချိန် ကန့်သတ်၍ ကုန်ဈေးနှုန်းမြင့်တက်

ခိုင်သွယ် Tuesday, 25 January 2011
ကုန်တင်ယာဉ် အလေးချိန် ကန့်သတ်၍ ကုန်ဈေးနှုန်းမြင့်တက်ပြည်တွင်း ကုန်စည်ပို့ဆောင်ရေး ကဏ္ဍတွင် အာဏာပိုင်များက ကုန်တင်ယာဉ်များအား ကုန်ပစ္စည်းတင်ပို့မှု အလေးချိန် ကန့်သတ်လိုက် ခြင်းကြောင့် အခြေခံ စားသောက်ကုန် ပစ္စည်းများ...

စစ်အစိုးရထုတ်ရောင်းသည့် ရွှေ လူကြိုက်နည်း

ဧရာဝတီ Tuesday, 25 January 2011
စစ်အစိုးရထုတ်ရောင်းသည့် ရွှေ လူကြိုက်နည်းသတ္တုတွင်း ၀န်ကြီးဌာနက အခေါက် ရွှေများကို ထုတ်ရောင်း သော်လည်း ရွှေချိန်လျော့ခြင်း၊ ဈေးနှုန်း မမှန်ခြင်း တို့ကြောင့် လူကြိုက်နည်း နေကြောင်း သတင်းရရှိသည်။စစ်အစိုးရ သတ္တုတွင်း ၀န်ကြီးဌာနက ...

MAI လေကြောင်း အိမ်နီးချင်း ၃ နိုင်ငံ တိုးချဲ့ပျံသန်းမည်

ဟိန်းသူ Tuesday, 25 January 2011
MAI လေကြောင်း အိမ်နီးချင်း ၃ နိုင်ငံ တိုးချဲ့ပျံသန်းမည်မြန်မာနိုင်ငံရှိ ပုဂ္ဂလိက လေကြောင်းလိုင်း တခုဖြစ်သည့် MAI (Myanmar Airways International) သည် အိမ်နီးချင်း ၃ နိုင်ငံနှင့်  လေကြောင်း ခရီးစဉ်များ တိုးချဲ့ပြေးဆွဲတော့မည် ဖြစ်ကြောင်း ...

ရန်ကုန်တွင် စစ်မှုမထမ်းမနေရ ဥပဒေ ဆန့်ကျင်ရေး လှုပ်ရှား

ဇာနည်မာန် Monday, 24 January 2011
စစ်အစိုးရမှ ပြဌာန်းမည့် စစ်မှုမထမ်းမနေရ ဥပဒေကို ဆန့်ကျင်ရန် နှိုးဆော် စာများကို ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် မယ်လမုဘုရား အနီးတ၀ိုက်တွင် လူငယ်တစုက ယမန်နေ့ညက ...

စစ်တပ်မှားယွင်းပစ်ခတ်သဖြင့် တပ်သား ၆ ဦး ဒဏ်ရာရ

စိုင်းဇွမ်ဆိုင်း Monday, 24 January 2011
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကို စစ်အစိုးရက ယနေ့နံနက်၌ လက်နက်ကြီးများဖြင့် တိုက်ခိုက်စဉ် လက်နက်ကြီးများ နေရာမှားယွင်း ကျရောက် ပေါက်ကွဲသဖြင့် ...

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ပြန်လည်ကောင်းမွန်

မင်းနိုင်သူ Monday, 24 January 2011
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ပြန်လည်ကောင်းမွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ရက်ပိုင်းများက ကျန်းမာရေး ချို့ယွင်း နေရာမှ ယခု ပြန်လည် ကောင်းမွန်လာပြီ ...

အိန္ဒြာကျော်ဇင် မင်္ဂလာပွဲကြောင့် အကယ်ဒမီနှင့်လွဲသည်ဟု သတင်းထွက်ပေါ်

နရီလင်းလက် Monday, 24 January 2011
အိန္ဒြာကျော်ဇင် မင်္ဂလာပွဲကြောင့် အကယ်ဒမီနှင့်လွဲသည်ဟု သတင်းထွက်ပေါ်၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲတွင် အမျိုးသမီး သရုပ်ဆောင်ဆု ရမည်ဟု ခန့်မှန်းထားသည့် အိန္ဒြာကျော်ဇင် မရခဲ့ခြင်းမှာ ခြိမ့်ခြိမ့် သည်းသည်း ဆင်နွှဲခဲ့သည့် ၎င်း၏ မင်္ဂလာပွဲကြောင့်ဟု ...

နေပြည်တော်အမြန် လမ်းမကြီးပေါ် ယာဉ်တိမ်းမှောက်၊ ဂျပန်တဦးသေဆုံး

နရီလင်းလက် Monday, 24 January 2011
နေပြည်တော်အမြန် လမ်းမကြီးပေါ် ယာဉ်တိမ်းမှောက်၊ ဂျပန်တဦးသေဆုံးရန်ကုန်- နေပြည်တော် အမြန်လမ်းမကြီးတွင် ဇန်န၀ါရီလ ၂၂ ရက်နေ့ည ၁၁ နာရီခန့်က ယာဉ်တိမ်းမှောက်မှုတခု  ဖြစ်ပွားခဲ့ပြီး ဂျပန်လူမျိုး တဦးနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ အရာရှိ ...


ပြည်မြို့ မျိုးသုခ အထူးကုဆေးခန်း တရားစွဲခံရ

သင်းအောင် Thursday, 27 January 2011
ပြည်မြို့၏ ပုဂ္ဂလိက ဆေးခန်းကြီး ဖြစ်သည့် မျိုးသုခ အထူးကု ဆေးခန်း၌ ကုသနေစဉ် ကွယ်လွန်သွားသူ၏ မိဘများက လူနာကို  သေစေရန် ပူးပေါင်း ကြံစည်ခဲ့သည် ဟူသော ယူဆချက်ဖြင့် ...

NLD ကို တရားဝင် အသိအမှတ်ပြုရန် အမေရိကန် အဆင့်မြင့် သံတမန်တောင်းဆို

နရီလင်းလက် Wednesday, 26 January 2011
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို တရားဝင်ပါတီ အဖြစ် အသိအမှတ် မပြုလျှင်၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်မပေးလျှင် အမေရိကန် အစိုးရအနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး...

စစ်အစိုးရ နောက်ဆုံး လေးလပတ် အစည်းအဝေး ပြီးဆုံး

ရန်ပိုင် Wednesday, 26 January 2011
စစ်အစိုးရရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ်နေတဲ့ လေးလပတ် အစည်းအဝေး ဒီကနေ့ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်၊ ဒီလေးလပတ် အစည်းအဝေးဟာ လွှတ်တော် မတိုင်မီ စစ်အစိုးရရဲ့ ...

နအဖတပ် ထိုင်းနယ်မြေမှ DKBA ကို ၀င်တိုက်

ဧရာဝတီ Wednesday, 26 January 2011
နအဖတပ် ထိုင်းနယ်မြေမှ DKBA ကို ၀င်တိုက်ကရင်ပြည်နယ် မြ၀တီခရိုင် ချောင့်ခက် ဒေသတွင် ယနေ့နံနက်က စတင်ကာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် ...

၅ သိန်းတန် ဖုန်းလျှောက်ရန် မှောင်ခိုဈေးကွက် ကျယ်ပြန့်

ဧရာဝတီ Wednesday, 26 January 2011
၅ သိန်းတန် ဖုန်းလျှောက်ရန် မှောင်ခိုဈေးကွက် ကျယ်ပြန့်ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်း လျှောက်ထားခြင်းနှင့် အင်တာနက် တပ်ဆင်ရန် လျှောက်ထားပေးသော မှောင်ခိုဈေးကွက်ကြီး တခု ဖြစ်ပေါ်နေပြီး ထိုဈေးကွက်မှ ဆက်သွယ်ရေး ၀န်ထမ်းများမှာ ...

Asian Wings လေကြောင်း လိုင်းသစ် ပျံသန်းတော့မည်

ရန်ပိုင် Wednesday, 26 January 2011
Asian Wings လေကြောင်း လိုင်းသစ် ပျံသန်းတော့မည်စီးပွားရေး လုပ်ငန်းရှင် ဦးတေဇနှင့် ခရီးသွား ကုမ္ပဏီတခု ဖြစ်သည့် Sun Far Travels & Tours Co, Ltd ကုမ္ပဏီတို့ ပူးပေါင်း လုပ်ကိုင်သည့် Asian Wings အမည်ရှိ ပြည်တွင်း လေကြောင်းလိုင်းကို ...

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း နောက်ဆုံးအသုတ် ရောင်းချ

နရီလင်းလက် Wednesday, 26 January 2011
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း နောက်ဆုံးအသုတ် ရောင်းချဝန်ကြီးဌာန အသီးသီးရှိ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၇၆ ခု ကို နောက်ဆုံး အသုတ်အဖြစ် ပုဂ္ဂလိကကို ရောင်းချနေကြောင်း သိရသည်။ယခု ရောင်းချမှုသည် ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးရေး အစီအစဉ်အရ Read more Add comment (2) Hits: 4316

DKBA နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့ KNU နှင့် ပူးပေါင်း

ဧရာဝတီ Tuesday, 25 January 2011
DKBA နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့ KNU နှင့် ပူးပေါင်းကရင်ပြည်နယ် မြ၀တီခရိုင် တောင်အုပ်ရွာ အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နယ်ခြားစောင့်တပ် အမှတ် (၁၀၁၉) မှ တပ်ခွဲမှူးတဦး အပါအ၀င် တပ်ဖွဲ့ဝင် ၁၇ ဦး ...

ချင်းပြည်နယ်သို့ NLD ဆန်လှူ

ရန်ပိုင် Tuesday, 25 January 2011
ကြွက်အန္တရာယ်ကြောင့် အငတ်ဘေး ကြုံနေသည့် ချင်းပြည်နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးစီးပြီး ယနေ့ ဆန်လှူဒါန်းကြောင်း NLD ကပြောသည်။NLDပါတီမှ ဦးအောင်မြင့် (ဖျာပုံနီလုံဦး)...

သာသနာရေး ၀န်ကြီးဌာနပိုင် မြေနေရာ တရားမ၀င် ငှားရမ်း

သင်းအောင် Tuesday, 25 January 2011
ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း သာသနာရေး ၀န်ကြီးဌာန သာသနာရေး ပုံနှိပ်ခန်း၏ အနောက်ဘက်ရှိ ဂိုဒေါင်နှင့် မြေနေရာကို ပုဂ္ဂလိက လုပ်ငန်းတခုအား ငှားရမ်းခွင့် ပြုလိုက်သည့် အပေါ်

၂၀၁၃ ဆီးဂိမ်း စီမံကိန်းများ ပြီးစီးလုနီး

နရီလင်းလက် Saturday, 29 January 2011
၂၀၁၃ ဆီးဂိမ်း စီမံကိန်းများ ပြီးစီးလုနီးအရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း) အတွက် နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်း တည် ဆောက်မှု ၆၆ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သောကြောင့်၂၀၁၂ အတွင်း ...

နအဖ တပ်က အကျဉ်းသား ပေါ်တာများကို သတ်ဖြတ်မှုရှိ

ဧရာဝတီ Friday, 28 January 2011 19:22
နအဖ တပ်က အကျဉ်းသား ပေါ်တာများကို သတ်ဖြတ်မှုရှိကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မာနယ်ပလော ဒေသ စစ်မြေပြင်တွင် အသုံးပြုနေသည့် အကျဉ်းသား ပေါ်တာများကို နအဖ စစ်တပ်က သတ်ဖြတ်မှုများ ရှိကြောင်း ထွက်ပြေး လွတ်မြောက်လာသည့် Read more Add comment (0) Hits: 5279

NLD ရပ်တည်ခွင့် အယူခံ နေပြည်တော်တရားရုံးချုပ် ပယ်ချ

မင်းနိုင်သူ Friday, 28 January 2011
NLD ရပ်တည်ခွင့် အယူခံ နေပြည်တော်တရားရုံးချုပ် ပယ်ချအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရပ်တည်ခွင့် အထူးအယူခံကို နေပြည်တော် တရားရုံးချုပ်က ယနေ့ ပယ်ချလိုက်သည်။အဆိုပါ အယူခံ ပယ်ချခံရမှုနှင့် ပတ်သက်၍ နေပြည်တော်သို့ ရောက်ရှိနေသည့် ...

လွှတ်တော်ကိုယ်စားလှယ်များ အနေအစားခက်

ခင်ဦးသာ Friday, 28 January 2011
လွှတ်တော်ကိုယ်စားလှယ်များ အနေအစားခက်“ရေချိုးမယ် ဆိုပြီး ရေခလုတ် ဖွင့်လိုက်တော့ ရေအနီရောင်တွေ ထွက်လာတယ်။ ဒီနေ့ အထိတော့ ရေမချိုးသေးဘူး” ဟု  လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က နေပြည်တော် စည်ပင် ဧည့်ရိပ်သာမှ...

မီဒီယာ ထိန်းချုပ်ရန် ခက်ခဲဟု ဗိုလ်ချုပ်မှူးကြီး ပြောဆို

စည်သူ Friday, 28 January 2011
မီဒီယာ ထိန်းချုပ်ရန် ခက်ခဲဟု ဗိုလ်ချုပ်မှူးကြီး ပြောဆိုစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မီဒီယာများသည် ခွင့်ပြုရန် လွယ်ကူသော်လည်း ထိန်းချုပ်ရန် ခက်ခဲသည် ဟုပြော ကြားကြောင်း သိရသည်။နေပြည်တော်၌ မကြာမီ ကျင်းပမည့် ...

လူ့အခွင့်အရေး ချိုးဖောက်မှုမရှိဟု စစ်အစိုးရ ငြင်းဆို

ဧရာဝတီ Thursday, 27 January 2011
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ယနေ့ ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ လူ့အခွင့်အရေး မှတ်တမ်းပြန် လည် သုံးသပ်သည့် ညီလာခံ၌ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့က ...

ဦးပိုင် ကားပြပွဲ အရောင်းထိုင်း

နရီလင်းလက် Thursday, 27 January 2011
ဦးပိုင် ကားပြပွဲ အရောင်းထိုင်းမြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ် ကားကုမ္ပဏီ တို့ ရန်ကုန် တပ်မတော် ပြခန်းတွင် ပူးပေါင်းကျင်းပသည့် ဒုတိယအကြိမ် ကားပြပွဲမှာ လူအများ စိတ်ဝင်စားမှု အလွန်နည်းကြောင်း...

ခေတ်ပေါ် အဝတ်အစားနှင့် ဓာတ်ပုံများကြောင့် ဂျာနယ် ၂ စောင် ယာယီပိတ်ခံရ

ဟိန်းသူ Thursday, 27 January 2011
ခေတ်ပေါ် အဝတ်အစားနှင့် ဓာတ်ပုံများကြောင့် ဂျာနယ် ၂ စောင် ယာယီပိတ်ခံရသရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ မင်္ဂလာဆောင် ညစာစားပွဲ တက်သည့်ပုံများ ဖော်ပြခဲ့သည့် အတွက် ပြည်တွင်းဂျာနယ် ၂ စောင်ကို စာပေစိစစ်ရေးမှ ထုတ်ဝေခွင့် ခေတ္တရပ်ဆိုင်း ...

ဝန်ကြီးများ ရာထူးမှမထွက်ဘဲ လွှတ်တော်တက်မည်

ခင်ဦးသာ Thursday, 27 January 2011
ဝန်ကြီးများ ရာထူးမှမထွက်ဘဲ လွှတ်တော်တက်မည်စစ်အစိုးရအဖွဲ့၌ လက်ရှိတာဝန် ထမ်းဆောင် နေကြသော အစိုးရ အဖွဲ့ဝန်ကြီးများသည် လက်ရှိရာထူးများကို မနုတ်ထွက်ဘဲ လွှတ်တော် တက်ကြမည်ဟု သိရသည်။“ရက်က နီးကပ်နေပြီဆိုတော့ ...

အာဆီယံ သီချင်းဆိုပြိုင်ပွဲတွင် မြန်မာ တတိယဆုရ

နရီလင်းလက် Thursday, 27 January 2011
အာဆီယံ သီချင်းဆိုပြိုင်ပွဲတွင် မြန်မာ တတိယဆုရအာဆီယံ ရွှေရောင်သံစဉ်များ သီချင်းဆိုပြိုင်ပွဲ၏ ပေါ့ပ်သီချင်း ကဏ္ဍတွင် "I will always love you" သီချင်းဖြင့်  မြန်မာအဆိုတော် ကိုကျော်ဇင်မင်းက တတိယဆု (ကြေးတံဆိပ်) ရရှိခဲ့သည်။
-

ဧရာဝတီ Friday, 28 January 2011 19:18 ကာတွန်း
ca-jan-28-11

ဟန်လေး Tuesday, 25 January 2011 19:01 ကာတွန်း
ca-jan-25-11

ဘီရုမာ Friday, 14 January 2011 19:13 ကာတွန်း
Beruma615



နအဖ တပ်က အကျဉ်းသား ပေါ်တာများကို သတ်ဖြတ်မှုရှိ

ဧရာဝတီ Friday, 28 January 2011 19:22
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မာနယ်ပလော ဒေသ စစ်မြေပြင်တွင် အသုံးပြုနေသည့် အကျဉ်းသား ပေါ်တာများကို နအဖ စစ်တပ်က သတ်ဖြတ်မှုများ ရှိကြောင်း ထွက်ပြေး လွတ်မြောက်လာသည့် ပေါ်တာများက ပြောသည်။
porter2011 ယမန်နေ့က ထွက်ပြေးလာသည့် အကျဉ်းသားပေါ်တာများ (ဓာတ်ပုံ - ဧရာဝတီ)
အားအင်ကုန်ခမ်း၍ ပစ္စည်းမထမ်းနိုင်သူများနှင့် ထွက်ပြေးသူများကို နအဖ တပ်မ၂၂ လက်အောက်ခံ ခြေမြန် တပ်ရင်း(ခမရ)၂၀၈ တပ်ဖွဲ့ဝင်များက တခြားသော အကျဉ်းသားများရှေ့တွင်ပင် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

ယမန်နေ့က မာနယ်ပလော စစ်မြေပြင်မှ ထွက်ပြေးလွတ်မြောက်လာသည့် အကျဉ်းသားပေါ်တာ ၁၃ ဦး အနက် အင်းစိန် ထောင်မှ ကိုအောင်ကျော်မိုး၊ ကိုဂျိုးဇက်နှင့် ကိုလင်းမာန်အောင် တို့က ၎င်းတို့ရှေ့တွင် နအဖ တပ်က သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဧရာဝတီသို့ ပြောပြသည်။

ကိုအောင်ကျော်မိုးက"ဒီလ ၁၅ ရက်နေ့လောက်က ကျနော်တို့ထဲက အားကုန်ပြီး နားခွင့်ပေးပါလို့ပြောတဲ့ အင်းစိန်ထောင် က ကိုစံပေါ ရဲ့ ရင်ဝကို ဓားမြှောင်နဲ့ ၂ ချက်ထိုးပြီး ချောက်ထဲကို ကန်ချလိုက်တယ်၊ ဓားထိုးတဲ့လူက ဗိုလ်မှူး အရပ်ပုပုနဲ့ခမရ ၂၀၈ ထောက်ပို့ တပ်ကပါ"ဟု ဆိုသည်။

ပစ္စည်း မထမ်းနိုင်သည့် ပြည်ထောင်မှ အကျဉ်းသားပေါ်တာ ၃ ဦးကိုလည်း နအဖ စစ်သားများက ရက်ရက် စက်စက် သတ်ဖြတ်ခဲ့သည်ဟုလည်း ကိုဂျိုးဇက်က ပြောသည်။
"မာနယ်ပလောနားက ဘုရားကျောင်းရှိတဲ့ ထီးသေ့ခီးရွာမှာ လမ်းမသွားနိုင်တော့တဲ့ ပြည်ထောင်က ၃ ယောက်ထဲက နှစ် ယောက်ကို ဓားနဲ့ လည်လှီးသတ်ပြီး တယောက်ကိုတော့ သေနတ်နဲ့ ပစ်သတ်လိုက်တယ်၊ ငါတို့ တပ်မတော်သားတွေကို အသေမခံနိုင်ဘူး၊ သေစရာရှိရင် မင်းတို့ပဲ သေရမယ်ဆိုပြီး ကျနော်တို့ကိုကြိမ်းတယ်၊ အသတ်ခံရတဲ့လူထဲက နှစ်ယောက် သိတယ်၊ ချစ်ကိုကို(၁၈)နှစ်နဲ့ အောင်သူဝင်း(၁၇)နှစ်"ဟု ၎င်းက ပြောပြသည်။

ထွက်ပြေးသည့်ပေါ်တာ၂ ဦးကိုလည်း လိုက်လံဖမ်းဆီးပြီး တဦးကို နားထင်သေနတ်တေ့၍ ပစ်သတ်ပြီး ကျန်တဦး၏ ရင်ဝကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ဖြစ်ရပ်ကို မျက်မြင်တွေ့ရှိ ခဲ့သည်ဟု အကျဉ်းသားပေါ်တာ ကိုလင်းမာန်အောင် ကလည်း ပြောသည်။အဆိုပါ အကျဉ်းသားပေါ်တာ ၁၃ ဦးသည် မာနယ်ပလော ဒေသ စစ်မြေပြင်မှတဆင့် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ထွက်ပြေး လာကြပြီး ယမန်နေ့က ကရင် အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ တပ်စခန်းသို့ ရောက်ရှိလာခြင်းဖြစ် သည်။၎င်းအကျဉ်းသားပေါ်တာများမှာ ကိုမောင်မျိုး၊ ကိုဆန္ဒကျော်၊ ကိုအောင်ကျော်မိုး၊ ကိုလင်းအောင်၊ ကိုဂျိုးဇက်၊ ကိုထွန်းထွန်း နိုင်၊ စိုင်းကော်ခမ်း၊ ကိုပေါက်စ၊ ကိုကျော်ဦး၊ ကိုကံထွန်း၊ ကိုရဲထွန်း၊ ကိုလင်းမာန်အောင်နှင့် ကိုမင်းသူ တို့ဖြစ်ပြီး ဖျာပုံ၊ ဘားအံ၊ အင်းစိန်၊ လားရှိုးနှင့် ပြည် ထောင်များမှတဆင့် မာနယ်ပလော ဒေသသို့ ရောက်ရှိလာကြသူများဖြစ်သည်။

ရောက်ရှိလာသည့် အကျဉ်းသားပေါ်တာများကို(KNU)တပ်
မဟာ ၇ မှ လက်ခံစောင့်ရှောက်ထားပြီး ယခုလ အတွင်း မာနယ်ပလော ဒေသမှ ထွက်ပြေးလာသည့် အကျဉ်းသားပေါ်တာ ၄၀ ခန့် ရှိသွားပြီဟု တပ်မဟာ ၇ မှ တပ်မှူးတဦးက ပြောဆိုသည်။KNU တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း၂၂ သည် ယမန်နေ့က လှိုင်းဘွဲ့မြို့နယ် ခေါတူးခီး ရွာ ရှိ ကရင်နယ်ခြား စောင့် တပ်ရင်း ၁၀၁၅ ၏ ရှေ့တန်း ကင်းစခန်းတခုကို ၀င်ရောက်စီးနင်းရာ  ဗိုလ်ကြီး အဆင့်တဦး အပါအ၀င် တပ်ဖွဲ့ဝင် ၈ ဦး ကို လက်နက်မျိုးစုံ ၁၄ လက်နှင့်အတူ သိမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

ဖမ်းဆီးရမိသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှာ ဗိုလ်ကြီး စောအရှား၊ ကမ္ဘာကျော်၊ ဝေါ်ခို့၊ ဖလုံ သား၊ အောင်ကြည် ဌေး၊ ဒါဘောင်မင်၊ လော်ကယ်နှင့် စောဖားအဲ တို့ဖြစ်သည်ဟု KNU က ပြောသည်။ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖ တပ်က အကျဉ်းသား ပေါ်တာများကို လူသား မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုမှုများလည်း ရှိခဲ့ သည်။ထို့သို့ မိုင်းရှင်းကိရိယာများအဖြစ် အသုံးခံနေရသည့် အန္တရာယ်မှ လွတ်မြောက်လိုသောကြောင့် ဇန်န၀ါရီ လဆန်းပိုင်း ကလည်း အကျဉ်းသားပေါ်တာ ၁၂ ဦးခန့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဘက်သို့ တိမ်းရှောင်လာခဲ့ကြသေးသည်။

နအဖတပ် ထိုင်းနယ်မြေမှ DKBA ကို ၀င်တိုက်

ဧရာဝတီ Wednesday, 26 January 2011 18:47
ကရင်ပြည်နယ် မြ၀တီခရိုင် ချောင့်ခက် ဒေသတွင် ယနေ့နံနက်က စတင်ကာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် နအဖ တပ်ဖွဲ့ဝင်တချို့ထိုင်းနယ်မြေဘက်မှ ၀င်ရောက် တိုက်ခိုက်မှုပြုလုပ်သည်ဟု DKBA ကလိုထူးဘော ဗျူဟာ(၁)မှူး ဗိုလ်မှူးကြီး ကျော်သက်က ဧရာဝတီ သို့ ပြောသည်။
dkba-kyaw-thet DKBA ဗိုလ်မှူးကြီး ကျော်သက်နှင့် တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - ဧရာဝတီ)
၎င်းက"ဒီမနက် ၇ နာရီကစပြီးကျနော်တို့ ချောင့်ခက်စခန်းရှိတဲ့နယ်မြေကို နအဖ တပ်တွေက ၁၂၀ မမ၊ ၈၁ မမ၊ လက်နက်ကြီးတွေနဲ့ပစ်တာ အလုံး ၁၀၀ ကျော်သွားပြီ၊ အခုမွန်းလွှဲ ၃ နာရီ ခွဲ ရှိပြီ၊ တိုက်ပွဲကမပြီးသေးဘူး၊ တိုက်ပွဲက ထိပ်တိုက် ရင် ဆိုင် တိုက်ပွဲဖြစ်တယ်၊ ကျနော်တို့စခန်းကို နအဖ တပ်တွေက အနောက်ကနေ၀င်တိုက်ဖို့ ထိုင်းဘက်ခြမ်း ချောင့်ခက်ရွာကနေ အရပ်ဝတ်တွေနဲ့ဝင်ပြီး တိုက်တာတွေရှိတယ်၊ တိုက်ပွဲကတော့ တိုက်နေတုန်းပဲ၊ စခန်းကိုတော့ထိန်းထားနိုင်ပါတယ်" ဟု ပြောဆိုသည်။

နအဖ တပ်ဖွဲ့ဝင်များ ထိုင်းဘက်ခြမ်းမှ ၀င်ရောက်ခဲ့မှုကို ထိုင်း နယ်ခြားစောင့် တပ်များက တစုံတရာ ဟန့်တား အရေးယူမှုများ ပြုလုပ်ခြင်း မရှိဟုလည်း ဗိုလ်မှူးကြီး ကျော်သက်က ဆက်လက်ပြောကြားသည်။တိုက်ပွဲတွင် နအဖ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၂ လက်အောက်ခံ ခမရ ၅၄၆-၅၄၈- ၅၄၉ နှင့် စကခ ၉ လက်အောက်ခံ ၃၅၆-၃၅၇ တပ်ရင်းများ၏ ပူးပေါင်းအင်အား ၂၀၀ ကျော်ပါရှိ ပြီး နအဖ ဘက်မှ တပ်ခွဲမှူးတဦး အပါအ၀င် ၁၄ ဦး ကျဆုံး၍ ၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု DKBA ဘက်က ပြောသည်။

တိုက်ပွဲ၌ ထိခိုက်ဒဏ်ရာရရှိသည့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ယနေ့တွင် တဦးမျှ ရောက်ရှိလာခြင်းမရှိဟု ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ဆေးရုံကြီး ထိခိုက်ဒဏ်ရာ ကုသဌာနမှ သူနာပြု တဦးက ပြောသည်။ထိုင်းနယ်စပ် အာဏာပိုင်များက ထိုင်း- မြန်မာနယ်စပ်တွင် မြန်မာစစ်တပ်နှင့် လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များအကြားဖြစ် ပွားသည့်တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရရှိခဲ့ကြသည့် နှစ်ဘက်တပ်ဖွဲ့ဝင်များကို ထိုင်းနိုင်ငံတွင်ဆေးဝါးကုသခွင့်နှင့် ထိုင်းနယ် မှ တဆင့် မြန်မာနိုင်ငံ ဘက်သို့ သယ်ဆောင်မှုများကို ခွင့်ပြု ထားသည်။အဆိုပါ ဒေသတွင် တာဝန်ကျသည့် ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် တပ်ကြပ်တဦးက ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲမှာပြင်း ထန် သော်လည်း ထိုင်းနိုင်ငံဘက်သို့လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခြင်း မရှိကြောင်းနှင့် နအဖ တပ်ဖွဲ့ဝင်များထိုင်းဘက်မှ တဆင့် မြန်မာဘက်ကူးကာ DKBA ကို ၀င်တိုက်သည့်ကိစ္စကိုလည်း မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

ယနေ့ဖြစ်ပွားသည့်တိုက်ပွဲကြောင့် မြန်မာဘက်ခြမ်းရှိ ချောင့်ခက်နှင့် အူးကလေးထာ့ ရွာများ မှ ရွာသား ၂၀၀ ကျော်ထိုင်း နိုင်ငံ ဖုတ်တရ မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။နောက်ဆုံးရရှိသည့် သတင်းများအရ DKBA အဖွဲ့က နအဖ တပ်ဖွဲ့ဝင် သုံ့ပန်းတချို့နှင့် လက်နက်ကြီးကျည် တချို့ဖမ်းဆီး ရမိ ထားသည်ဟု ဗိုလ်မှူးကြီးကျော်သက်ကပြောသည်။

ခေတ်ပေါ် အဝတ်အစားနှင့် ဓာတ်ပုံများကြောင့် ဂျာနယ် ၂ စောင် ယာယီပိတ်ခံရ

ဟိန်းသူ Thursday, 27 January 2011 17:34
သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ မင်္ဂလာဆောင် ညစာစားပွဲ တက်သည့်ပုံများ ဖော်ပြခဲ့သည့် အတွက် ပြည်တွင်းဂျာနယ် ၂ စောင်ကို စာပေစိစစ်ရေးမှ ထုတ်ဝေခွင့် ခေတ္တရပ်ဆိုင်း ခဲ့ကြောင်း သိရသည်။
aye-myat-thu-wd ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် မင်္ဂလာညစာစားပွဲတွင် တွေ့ရသည့် သရုပ်ဆောင် အေးမြတ်သူ (ဓာတ်ပုံ - myanmarcilibrities.com)
မင်္ဂလာဆောင် ညစာစားပွဲသို့ တက်ရောက် လာသည့် မင်းသမီးများ မလုံခြုံသည့် အ၀တ်အစားများ ၀တ်ထားသည့် ဓာတ်ပုံများကို ဖော်ပြခဲ့သော မော်နီတာ ဂျာနယ်မှာ ထုတ်ဝေခွင့် ၂ ပတ် အပိတ်ခံရပြီး ဟယ်လို ဂျာနယ်မှာ ၁ ပတ် ပိတ်ခံခဲ့ရသည်။ “ကျနော်တို့ ဂျာနယ် ၂ ပတ်ပိတ်ခံရတာ ဟုတ်ပါတယ်။ မင်းသမီးတွေရဲ့ မလုံမခြုံ ၀တ်ထားတဲ့ ပုံတွေကို ဂျာနယ်မှာ ဖော်ပြခဲ့လို့ ပိတ်တယ်လို့ သိရပါတယ်” ဟု မော်နီတာ ဂျာနယ်မှ အယ်ဒီတာ တဦးက ပြောသည်။

The First ဂျာနယ်၏ အယ်ဒီတာကိုလည်း ထိုကဲ့သို့ ပုံများ ထည့်သွင်း ဖော်ပြသည့် အတွက် ခေါ်ယူကာ ပြင်းထန်စွာ သတိပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ အထက်ပါ ဂျာနယ်များမှာ သတင်းဓာတ်ပုံများကို စာပေစိစစ်ရေးသို့ ကြိုမတင်ဘဲ ထုတ်ခဲ့သည့် အတွက်ကြောင့် ယခုကဲ့သို့ အပြစ်ပေး ခံရခြင်း ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် ဂျာနယ်အယ်ဒီတာ တဦးက ပြောသည်။“နောက်တခါ ဒီလိုမျိုးဖြစ်လာရင် ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေအရ အရေးယူသွားမယ်။ သူတို့ ပြောနေကျ မလိုက်နာရင် အနားပေးမယ်၊ ထုတ်ဝေခွင့်ပိတ်မယ် ဆိုတာတွေပြောပြီး The First ဂျာနယ် အယ်ဒီတာတွေကို စိစစ်ရေးက ဆူပါတယ်” ဟု ၎င်းကပြောသည်။

htun-Andrw-bo-wd ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် မင်္ဂလာညစာစားပွဲ တက်ရောက်လာသည့် ထွန်းအိန္ဒြာဗို (ဓာတ်ပုံ - myanmarcilibrities.com)
ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ ၆ ပွဲဆက် ခြိမ့်ခြိမ့် သည်းသည်း ဆင်နွှဲခဲ့သည့် မင်္ဂလာဆောင် အခမ်းအနားများကို နေပြည်တော်ရှိ  ဗိုလ်ချုပ်မှူးကြီး မိသားစုက ဘ၀င်မကျ ဖြစ်နေသည် ဟုလည်း နေပြည်တော် အသိုင်းအ၀န်းမှ သိရသည်။

ထိုမင်္ဂလာပွဲကြောင့် ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲတွင် အမျိုးသမီး သရုပ်ဆောင်ဆု ရမည်ဟု ခန့်မှန်းထားသည့် အိန္ဒြာကျော်ဇင် မရခဲ့ခြင်း ဖြစ်သည်ဟုလည်း ရုပ်ရှင် အစည်းအရုံးနှင့် နီးစပ်သူများက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ချိန်က ၎င်း သတင်းနှင့် ဓာတ်ပုံများကို ပုံကြီးချဲ့ အချပ်ပို ထုတ်ဝေ ဖော်ပြခဲ့မှုဖြင့် စာပေစိစစ်ရေးက ပြည်တွင်း သတင်းဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခြင်းဖြင့် အရေးယူခဲ့သည်။ မြန်မာနိုင်ငံတွင်လက်ရှိအချိန်အထိ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်မရသေးဘဲ အပတ်စဉ်ထုတ် ဂျာနယ်နှင့် လစဉ်ထုတ် မဂ္ဂဇင်းများကိုသာ စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် ရေးသား ထုတ်ဝေခွင့် ပြုထားသည်။

သာသနာရေး ၀န်ကြီးဌာနပိုင် မြေနေရာ တရားမ၀င် ငှားရမ်း

သင်းအောင် Tuesday, 25 January 2011 16:25
ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း သာသနာရေး ၀န်ကြီးဌာန သာသနာရေး ပုံနှိပ်ခန်း၏ အနောက်ဘက်ရှိ ဂိုဒေါင်နှင့် မြေနေရာကို ပုဂ္ဂလိက လုပ်ငန်းတခုအား ငှားရမ်းခွင့် ပြုလိုက်သည့် အပေါ် ၀န်ထမ်းများ စိတ်မသက်မသာ ဖြစ်ကြရသည်ဟု သိရသည်။၎င်းဂိုဒေါင်သည် ၄၀x၆၀ ပေ အကျယ်အ၀န်းရှိပြီး Yangon Publishing & Printing Group(YPPG)သို့ တလ ကျပ် ၈ သိန်း ဖြင့် တနှစ် စာချုပ် အငှား ချထားလိုက်ခြင်းဖြစ်သည်။ထို့အပြင် သာသနာရေး ပုံနှိပ်ခန်းမှ ကိုမိုရီ အမျိုးအစား 2 UNIT အော့ဖ်ဆက် ပုံနှိပ်စက် အသစ်တလုံး၊ ဓားစက် တလုံးကိုပါ ပုဂ္ဂလိ က သို့ ငှားရမ်းခွင့်ပြုလိုက်ခြင်းကြောင့် ၀န်ထမ်းများအကြား ယခုကဲ့သို့ မကျေနပ်မှုများ ဖြစ်ပေါ်လာရခြင်းဖြစ် သာသနာရေး ၀န်ထမ်း များက ပြောသည်။

“၂၀၁၀ စက်တင်ဘာမှာ Yangon Media Group က ကိုကို(စက်မှု တက္ကသိုလ်)နဲ့ အဖွဲ့ဂိုဒေါင်ကိုလာကြည့်တယ်။ သူတို့ပိုင် ပုံနှိပ် စက်တွေထား ဖို့ ၀န်ကြီးနဲ့ ညှိတယ်။ နိုဝင်ဘာမှာ YPPG ဒါရိုက်တာ ဦးအောင်သန်းချစ်က လာရောက် စာချုပ်တာပဲ”ဟု သာသနာ တော် ထွန်းကားပြန့်ပွားရေး အရာထမ်း တဦးက ဆိုသည်။
ထို့ကြောင့် အလုပ်ခန်းနေရာ ဦးစွာ လာရောက်လေ့လာသူ Yangon Media Group နှင့် ငှားရမ်းသူ Yangon Publishing & Printing Group တနည်းနည်း ပတ်သက်ဆက်နွှယ်နေရမည်ဟု ၀န်ထမ်းများအကြား ပြောဆိုနေကြသည်။“အခု ၂၀၁၁ ဇန်န၀ါရီ လဆန်းမှာ YPPG ရဲ့စက်နှစ်လုံး ရောက်လာပြီ။ သာသနာရေးက ငှားရမ်းထားတဲ့ စက်တလုံးနဲ့ ပေါင်း ၃ လုံး လည်ပတ်နိုင်ဖို့ စက်တွေ စတင်တပ်ဆင်နေပြီ။ ဌာနတွင်းဆိုတော့ မီးမှန်တယ်။ လုပ်ငန်း နေ့ ည လည်ပတ်လို့ ရတယ်”ဟု YPPG ၏ ပုံနှိပ်စက် ဆရာတဦးက ပြောဆိုသည်။

သာသနာရေး ၀န်ကြီးဌာနပိုင် ကိုမိုရီ အော့ဖ်ဆက်၊ ဓားစက်များကို ယခုကဲ့သို့ ငှားရမ်းခွင့်ပြုလိုက်ခြင်းကို သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များပင် မသိရှိလိုက်ကြဟုလည်း ဆိုသည်။“စက္ကူအခက်အခဲကြောင့် အသုံးမပြုဘဲ ရပ်ထားတဲ့ 4 UNIT ကိုမိုရီကို ငှားလိုက်တယ်ပဲ ထင်နေကြတာ။ ဌာနမှာ လက်ရှိ လည်ပတ် နေတဲ့ ကိုမိုရီ ၅ လုံးအနက် အကောင်းဆုံးစက်ကို အခုလို ငှားလိုက်တာ။ အဲဒီစက်က ၂၀၀၉ ခုနှစ်တုန်းက ထိုင်ဝမ်ဘုန်းကြီး `ဆင်တောက်´ကနေ သာသနာရေးကို လှူဒါန်းထားတဲ့ စက်ပါ”ဟု သာသနာရေး ဦးစီးဌာန ၀န်ထမ်းများက ပြောသည်။သာသနာရေး အရာထမ်း တဦးကလည်း“ဒီအပေါ် ၀န်ထမ်းသက်သာ ရန်ပုံငွေအဖြစ် သတ်မှတ်ငှားရမ်းခြင်းမျိုး မဟုတ်ဘူး။ သက်သာ ရန်ပုံ ငွေ နဲ့ ပတ်သက်တဲ့ ညှိနိုင်းမှု၊ ညွှန်ကြားမှု၊ စာရွက်စာတမ်း ဘာမှ မရှိဘူး”ဟု ပြောသည်။

ထို့အပြင် သာသနာရေးဝန်ကြီးဌာန ၀န်ကြီးသည် ၎င်း၏ ကိုယ်ကျိုးအတွက် ပြီးခဲ့သည့် ၂ နှစ်ခန့်မှ ယနေ့အထိ သာသနာရေးရုံးဝင်း အတွင်း KMD ကွန်ပျူတာ သင်တန်းအား နေရာပေးငှားရမ်းခဲ့ကြောင်း သိရသည်။KMD သင်တန်းသားဝင်ကြေး၏ ၃၀ ရာခိုင်နှုန်းကို လစဉ်ပေးအပ်ရန် ညှိနှိုင်းမှုအရ ၀န်ကြီး၏ တလ၀င်ငွေသည် ကျပ် ၁၀ သိန်းနှင့် အထက် ရှိနိုင်သည်ဟု ၀န်ထမ်းများက ထင်ကြေးပေးနေကြသည်။ထို့အပြင် ကမ္ဘာအေးဘုရား လမ်းမပေါ်ရှိ ၀ိသကြုံ သင်္ကန်း ပရိက္ခရာဆိုင်၊ မကြာမီက ဖွင့်လှစ်လိုက်သည့် ပန်းပျိုးပင် အရောင်းဆိုင် တို့၏ ငှားရမ်းခများကိုလည်း ဌာနတွင်း စာရင်းရှင်းလင်းခြင်း မရှိဘဲ ၀န်ကြီး၏ လစဉ်ဝင်ငွေအတွင်း ရောက်ရှိသွားကြသည်ဟု ၀န်ထမ်း များက ဆိုသည်။

“၀န်ကြီးဌာန သက်သာရန်ပုံငွေဆို ၀န်ထမ်းအားလုံး သိနေရမယ်။ အခုလို မြေငှား၊ စက်ငှား၊ ညွှန်ချုပ်၊ ညွှန်မှူးတွေနဲ့ ညှိနှိုင်းမှုတွေ ရှိရမယ်။ အခုတော့ နေပြည်တော်၊ ရန်ကုန်ရှိ သာသနာရေးဝန်ကြီးဌာန၊ ဌာနကြီး ၄ ခုက လူကြီးနဲ့ ညှိနှိုင်းမှု မရှိဘဲ ၀န်ကြီးက သူ့သဘောနဲ့သူ လုပ်တာ။ ဒါဟာ ဌာနတွင်း လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး”ဟု နေပြည်တော်ရှိ သာသနာရေး ဦးစီးဌာန အရာထမ်းတဦး က ပြောဆိုသည်။ကမ္ဘာအေး ဘုရားလမ်း ပုံနှိပ်ဝန်ထမ်းများမှာမူ လက်ကျန် စက်အဟောင်း ၄ လုံးဖြင့် ဌာန၏ လုပ်ငန်းများ လည်ပတ်ရတော့မည်ဖြစ်ပြီး လုပ်ငန်းနှောင့်နှေးနိုင်မည်ဟု ခန့်မှန်းနေကြသည်။

ဝန်ထမ်းတချို့ကမူ“၂၀၁၀ ခုနှစ်ထဲမှာ ရဲစခန်း၊ မီးသတ်ရှေ့တွေက ၀န်ထမ်းသက်သာ ဆိုင်ခန်းတွေ ဖျက်သိမ်းခဲ့တယ်။၂၀၁၁ နှစ် ဦး မှာ ပါရမီ လမ်းမပေါ်က ၀န်ထမ်းသက်သာ ဆိုင်ခန်းတွေ ဖျက်ခဲ့တယ်။ အဲဒီလို ဖျက်သိမ်းနေတာကို သိလျက်နဲ့ ၀န်ကြီးက ရုံးပိုင် အဆောက်အအုံ မြေနေရာတွေ ငှားရမ်းနေခြင်းဟာ စဉ်းစားစရာဖြစ်နေတယ်”ဟု ပြောဆိုနေကြသည်။

စီးပွားရေး ပညာရှင်တဦးက“နိုင်ငံပိုင်လုပ်ငန်းတွေကို အပြီးအပိုင် ရောင်းချခြင်း၊ တ၀က်တပျက် ရောင်းချခြင်း၊ အချိန်ကာလ သတ် မှတ်၍ အငှားချထားခြင်း စတဲ့ပိုင်ဆိုင်မှုတွေ လွှဲပြောင်းပေးခြင်းဟာ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီအပေါ် တာဝန်ရှိ ပုဂ္ဂိုလ် ဟာ အောက်ခြေနဲ့ ညှိနှိုင်းရပါတယ်။ အထက်ကို တင်ပြရပါတယ်။ အားလုံးခွင့်ပြုမှ ပုဂ္ဂလိကပိုင် ပြုလုပ်လို့ ရပါတယ်။ ဌာနတွင်း အကြီး အကဲတွေတောင် မသိဘဲ အခုလိုလုပ်ခြင်းဟာ ၀န်ကြီးရဲ့ကိုယ်ကျိုးရှာမှုသက်သက် ဖြစ်နိုင်ပါတယ်”ဟု ဝေဖန်သည်။သာသနာရေး ၀န်ကြီးဌာန ၀န်ကြီး သူရ ဦးမြင့်မောင်သည် အသက် ၇၀ ကျော် ရှိနေပြီဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ၏ ရန်ကုန်တိုင်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည်။

DKBA နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့ KNU နှင့် ပူးပေါင်း

ဧရာဝတီ Tuesday, 25 January 2011 18:54
ကရင်ပြည်နယ် မြ၀တီခရိုင် တောင်အုပ်ရွာ အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နယ်ခြားစောင့်တပ် အမှတ် (၁၀၁၉) မှ တပ်ခွဲမှူးတဦး အပါအ၀င် တပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်များနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၇) သို့ ယမန်နေ့က လာရောက်ပူးပေါင်းခဲ့သည်။

DKBA-KNU-JAN-10 KNU နှင့် လာရောက် ပူးပေါင်းသည့် DKBA နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
KNU နှင့် လာရောက် ပူးပေါင်းသည့် DKBA နယ်ခြားစောင့် တပ်ခွဲမှူး စောနေဘလူးထူးက “DKBA ခေါင်းဆောင်တွေက သူတို့ကိုယ်ကျိုး အတွက် ကျနော်တို့ကို နအဖဆီ တဖက်လှည့်နဲ့ ရောင်းလိုက်ပြီး နယ်ခြားစောင့်တပ် လုပ်ခိုင်းတယ်။ သူတို့သာ ကြီးပွား ချမ်းသာသွားပြီး အောက်ခြေ ရဲဘော်တွေကတော့ နအဖ ကျွန်ဖြစ်နေတာပဲ အဖတ်တင်တယ်။ ကိုယ့်အမျိုးသားရေး အတွက် ဘာမှ လုပ်ပိုင်ခွင့် မရှိတော့တဲ့အပြင် အခု ကရင်အချင်းချင်း ပြန်တိုက် နေရတယ်။ ဒါ့ကြောင့် KNU နဲ့ ပြန်လာပေါင်းတာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

လာရောက် ပူးပေါင်းသည့် အဆိုပါတပ်ဖွဲ့ဝင် ၁၇ ဦးအနက် ၁၆ ဦးသည် KNU တပ်မဟာ ၇ နှင့် အတူ တိုက်ပွဲဝင်ရန် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ မာနယ်ပလော ဒေသသို့ မကြာမီ ရက်ပိုင်းအတွင်း ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

KNU တပ်မဟာ ၇ မှ ဗိုလ်ကြီး မျိုးမင်းသူက “ပြန်လည် ပူးပေါင်းလာသူတွေရဲ့ ဆန္ဒအတိုင်းပဲ အကူအညီ ပေးပါတယ်။ သာမန် အရပ်သားလို နေချင်လည်း ရတယ်။ တပ်ထဲမှာပဲ ပြန်လုပ်ချင်လည်း ရတယ်။ သူတို့သဘောဆန္ဒ အတိုင်းပါပဲ”ဟု ပြောသည်။

ယခုနှစ်ဆန်းမှစ၍ KNU တပ်မဟာ (၇) သို့လာရောက်ပူးပေါင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၂၆) ဦးအထိ ရှိနေပြီဖြစ်ပြီး လာ ရောက်ပူးပေါင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် မာနယ်ပလောတိုက်ပွဲမှ ထွက်ပြေးလာသည့် အကျဉ်းသားပေါ်တာ၂၉ ဦးတို့ကို အကူ အညီများ ပေးခဲ့သည်ဟု ဗိုလ်ကြီးမျိုးမင်းသူက ဆက်လက်ပြောဆိုသည်။

ပြည်မြို့ မျိုးသုခ အထူးကုဆေးခန်း တရားစွဲခံရ

သင်းအောင် Thursday, 27 January 2011 13:59
ပြည်မြို့၏ ပုဂ္ဂလိက ဆေးခန်းကြီး ဖြစ်သည့် မျိုးသုခ အထူးကု ဆေးခန်း၌ ကုသနေစဉ် ကွယ်လွန်သွားသူ၏ မိဘများက လူနာကို  သေစေရန် ပူးပေါင်း ကြံစည်ခဲ့သည် ဟူသော ယူဆချက်ဖြင့် ပြီးခဲ့သည့် ဇန်န၀ါရီ ၁၈ ရက်တွင် ဆေးခန်းတာဝန်ရှိသူများကို တရားစွဲဆိုထားကြောင်း သိရသည်။ကွယ်လွန်သူ ဖိုးလမင်း (ခေါ်) ကိုနေဇာမင်း (၃၄ နှစ်)သည် မကွေးတိုင်း သရက်မြို့ လမ်းသစ်လမ်း အမှတ် ၁၆၄ တွင် နေထိုင်ခဲ့သူ ဖြစ်၍ သရက်မြို့ ရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့သည်ဟု ကွယ်လွန်သူ လူနာ ၏ မိဘများက ပြောသည်။ ကွယ်လွန်သူ၏ ဖခင် ဦးမောင်မောင်က“ဖိုးလမင်းက အသည်းရောင် အသားဝါဖြစ်လို့ ပြည်မြို့က သမားတော်ကြီး ဒေါက်တာ ခင်မောင်ညွန့်ရဲ့ကိုယ်ပိုင် ဆေးခန်းမှာ ပြတယ်။ အချိန်မီ ရောက်လာခြင်းကြောင့် အခြေအနေ ကောင်းပါတယ်လို့ ဆရာဝန်ကြီးက ပြောပြီး ဆရာကြီးပဲ ထိုင်တဲ့ မျိုးသုခ ဆေးခန်းကို ဇန်န၀ါရီ ၉ ရက် မနက် ၁၀ နာရီ လောက်မှာ တင်လိုက်တာ”ဟု ပြောသည်။

မျိုးသုခ ဆေးခန်းသို့ ရောက်ရှိစဉ် လူနာမှာ ကားပေါ်မှ ကိုယ်တိုင်ဆင်းနိုင်ပြီး သွေးပေါင်ချိန် ၁၄၀/၉၀ ရှိနေခဲ့ကြောင်း ၎င်းက ဆို သည်။“ည ၈ နာရီမှာ ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ညွှန့် ရောက်လာတယ်။ လူနာကို တမိနစ် ၁၅ စက်နှုန်း အချိုရည် တိုက်ပေးဖို့ တာဝန်ကျတွေကို မှာသွားတယ်”ဟု လူနာ၏ မိခင် ဒေါ်ဝေေ၀လွင်ကလည်း ဆိုသည်။ထိုစဉ်က လိမ္မော်သီးကျွေးနေစဉ် လူနာမှာ အစေ့ အမျှင်များကိုပင် ထွေးထုတ်နိုင်ကြောင်း ၎င်းတို့ အဆိုအရ သိရသည်။
ဆေးခန်း၏ အထူးသူနာပြု နိုနိုသန်းဆွေအား ငှားရမ်းထားသော်လည်း လူနာအပေါ် ဂရုစိုက်ခြင်း မရှိခဲ့ကြောင်း၊ ထို့နောက် လူနာ အသက်ရှု ပြင်းလာသည်ကို တာဝန်ရှိသူများအား သွားရောက် အကြောင်းကြားသော်လည်း တဦးမျှ ရောက်ရှိလာခြင်းမရှိကြောင်း လူနာရှင်များက ပြောသည်။

ည ၉ နာရီခန့် ဆီးပိုက် တပ်ပေးနေစဉ် လူနာက ရုန်းကန်ရာ အမျိုးသား သူနာပြု ကိုသက်ဇော်ထွဋ် က စိတ်ဆိုး မာန်ဆိုးဖြင့် ကြိမ်း မောင်းနေသဖြင့် လူနာရှင်များက တောင်းပန်ခဲ့ရကြောင်း၊ ယင်းနောက် ည ၁၁ နာရီခန့် တာဝန်ကျ ဆရာဝန် ဒေါက်တာ သူရလွင် အား အထက်ပါ အခြေအနေများကို ပြောပြရာ ထိုဆရာဝန်က လူနာကို ကြည့်ပင် မကြည့်တော့ဘဲ ပြန်ထွက်သွားခဲ့ကြောင်း လူနာ ရှင်များက ဆက်လက်ပြောဆိုသည်။ဇန်န၀ါရီ ၁၀ ရက် နံနက် ၃ နာရီခန့်တွင် လူနာကို ဆေးထိုးရန် ဆေးပုလင်းဖြတ်နေသည့် အထူးသူနာပြုကို အမျိုးသား သူနာပြု က တခြားသို့သွား၍ ဆေးပုလင်းဖြတ်ရန် တားမြစ်ကာ ခေါ်ဆောင်သွားခဲ့သည်ဟုလည်း လူနာ၏ မိဘများက ပြောသည်။“ခဏအကြာ ဆရာမ ရောက်လာပြီး ဆေးသွင်းတယ်။ ဘာဆေးသွင်းတာလဲ မေးလိုက်တော့ ဆရာမက တုန်တုန်ယင်ယင်နဲ့ ဂလူးကို့စ်ပါလို့ ပြောပြီး အခန်းအပြင် ပြေးထွက်သွားတယ်”ဟု လူနာ၏ မိခင် က ဆိုသည်။ထိုစဉ်က လူနာ သွေးပေါင် ကျနေသည်ကိုလည်း သွေးပေါင် အနည်းငယ် ပြန်တက်လာသည်ဟုသာ သူနာပြုက ပြောဆိုကြောင်း ၎င်းက ဆိုသည်။

ယင်းနောက် လူနာမှာ တာဝန်ကျ တဦးတယောက်မှ အနီးနား မရှိဘဲ ထိုနေ့နံနက် ၅ နာရီခွဲတွင် ကွယ်လွန်သွားခဲ့ကြောင်း၊ တာဝန် ကျ ဒေါက်တာ သူရလွင် က သေဆုံးကြောင်း အတည်ပြုပြီးနောက် အထူးသူနာပြု ရောက်ရှိလာကာ ၎င်း၏လက်ထဲရှိ ဆေးပုလင်း အခွံထုပ်နှင့် အ၀ါရောင် ဆေးရည်အိတ်ကို လုယူကာ အခန်းအပြင် ထွက်သွားခဲ့ကြောင်း လူနာ၏ မိခင် က ပြောသည်။ဆေးခန်း ကျသင့်ငွေ ပြေစာ ၅ စောင် အတွက် စာရင်းရှင်းပေးအပြီး အလောင်းကို နံနက် ၆ နာရီခန့်တွင် သရက်မြို့သို့ ပြန်လည် သယ်ယူလာခဲ့သည်ဟု လူနာ၏ ဖခင် က ပြောပြသည်။“အလောင်းမြေကျပြီး နောက်နေ့ ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ညွန့်ကို အကျိုးအကြောင်း ရှင်းပြတယ်။ ဆေးခန်း မန်နေဂျာ ဦးဉာဏ်ဦးက မျိုးသုခ ဆေးရုံအုပ် ဒေါက်တာ တင်မောင်သန်း ဆီ ခေါ်သွားတယ်။ လူနာကို အသက်ကယ်ဆေး ထိုးပေးခြင်းမှာ မှန် ကန်ကြောင်း ဆေးရုံအုပ်ကြီးကပြောပြီး ဆေးမှတ်တမ်း မိတ္တူတွေ ပေးလိုက်တယ်”ဟု ဖခင်ဖြစ်သူက ပြောသည်။

ပြည်မြို့ရှိ အခြား ဆရာဝန်ကြီး တဦးအား အဆိုပါ ဆေးစာများ ပြသမေးမြန်းရာ အသက်ကယ်ဆေးနှင့် တူသည့် ဆေး တခုမှ မပါဟု သိခဲ့ရကြောင်း ၎င်းက ဆိုသည်။
ယင်းနောက် ဇန်န၀ါရီ ၁၃ ရက် နေ့လယ် ၁၁ နာရီတွင် ပြည်မြို့ မျိုးသုခ ဆေးခန်း ဆေးရုံအုပ်ကြီး၊ မန်နေဂျာ၊ ဓာတ်ခွဲခန်းမှူး ဦးစိုး သန်း၊ တာဝန်ကျ ဆရာဝန်၊ အမျိုးသား သူနာပြု၊ အမျိုးသမီး သူနာပြုတို့ သရက်မြို့ရှိ ကွယ်လွန်သူ၏ မိဘများထံ ရောက်ရှိလာကြောင်း၊ ၎င်းတို့၏ ဆေးကုသမှု ပေါ့ဆခဲ့ခြင်းအပေါ် ၀န်ခံပြီး ခွင့်လွှတ်ရန် ပြောဆို၍ ကန်တော့ရန် ပြင်ဆင်ကြကြောင်း၊ ဤသို့ ပြုမူလာသည့်အပေါ် ၎င်းတို့က လက်မခံခဲ့ကြောင်း ကျန်ရစ်သူ မိသားစုများ အဆိုအရ သိရသည်။“ဇန်န၀ါရီ ၁၄ ရက် နေ့လယ် ၁၂ နာရီမှာ ဆေးခန်းပိုင်ရှင်ရဲ့ဇနီး ဒေါ်လှမြိုင်တို့ ရောက်လာတယ်။ ဆရာဝန်မကြီး တဦး အပါအ၀င် ၄ ဦးပါလာတယ်။ ပြီးတော့ တောင်းပန်တယ်။ အတူပါလာတဲ့ ဓာတ်ခွဲမှူးက အဓိက တာဝန်ရှိတဲ့ အထူးသူနာပြု နိုနိုသန်းဆွေကိုသာ တရားစွဲဖို့ ကျနော့်သမီးကို တိတ်တဆိတ် ပြောသွားတယ်”ဟု ...........

အပြည့်အစုံ သို့ 