Thursday, December 30, 2010

ထားဝယ်ဆိပ်ကမ်းကြောင့် ဒေသခံလူထုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဖွယ်ရှိ & “မိုးညအိပ်မက်မြူ” အကယ်ဒမီ ရနိုင်ဟု ခန့်မှန်းနေ & ဝ' အဖွဲ့က ဒုတိယပင်လုံကို စောင့်ကြည့်မည

ထားဝယ်ဆိပ်ကမ်းကြောင့် ဒေသခံလူထုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဖွယ်ရှိ

ဘသန့် Thursday, 30 December 2010 17:25
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် တနင်္သာရီဒေသ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ရဖွယ်ရှိကြောင်း သိရသည်။
htar-wel-port-01
ထားဝယ်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း စတင်ရန် ပြင်ဆင်နေသည့် မြင်ကွင်:ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာအတွင်း ကျရောက်လျက်ရှိသော တနင်္သာရီတိုင်း ရေဖြူနှင့် လောင်းလုံမြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာမှ လူပေါင်း ၃ သောင်းကျော် ရွှေ့ပြောင်းပေးရဖွယ် ရှိနေသော်လည်း အာဏာပိုင် များက မည်ကဲ့သို့ တာဝန်ယူဖြေရှင်းပေးမည်ကို ယခုအချိန်အထိ အကြောင်းမကြားသေးပေ။

စီမံကိန်း ဆောက်လုပ်ခွင့်ရ Italian-Thai Development Public Company ကုမ္ပဏီ၏ စာရင်းဇယားများအရ အဆိုပါ စီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းမည်ဟု သိရသည်။အရှေ့တောင်အာရှတွင် အကြီးဆုံး အထူး စီးပွားရေးဇုန်ဖြစ်လာမည်ဟု ဆိုသော ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်း စတင်ရန် အစိတ်အပိုင်း အများအပြားတွင် ပြင်ဆင်ပြီးပြီ ဖြစ်သော်လည်း ထိုဧရိယာအတွင်း ကျရောက်နေသော ကျေးရွာများကို မည်သည့်နေရာသို့ ရွှေ့ပြောင်းမည်၊ သိမ်းယူမည့် ဥယျာဉ်ခြံမြေများကို လျော်ကြေးငွေ မည်မျှပေးမည် စသည့် အကြောင်းအရာ များနှင့် ပတ်သက်၍မူ မည်သို့သော တရားဝင် သတင်းစကားမျှ ကြားရခြင်းမရှိသေးကြောင်း ဒေသခံများက ပြောကြသည်။တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မောင်းမကန် မြောက်ဘက်တွင် တည်ဆောက်မည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထိုင်းနိုင်ငံ အခြေစိုက် Italian-Thai Development ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း
၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ သံမဏိစက်ရုံများ၊ ရေနံသန့်စင်ချက်လုပ်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ်ကြောင်းနှင့် ခန့်မှန်းကုန်ကျငွေ စုစုပေါင်း ဒေါ်လာ ၁၀၀ ဘီလီယံအထိ ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို လာမည့် ဇန်န၀ါရီတွင် စတင်မည်ဟု မြန်မာဆိပ်ကမ်းအာဏာပိုင်များက ပြောဆိုသော်လည်း ဒီဇင်ဘာလကုန်သည်အထိ စီမံကိန်း ဧရိယာအတွင်း ကျရောက်နေသော ထားဝယ် ဒေသခံများကို စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းစွာ အသိပေးခြင်း မရှိသေးကြောင်း ကြားသိရသည်။ သို့သော် Italian-Thai ကုမ္ပဏီမှ တာဝန်ရှိသူ Mr. Anan ကမူ “ကျနော်တို့ ဒေသခံ ရွာသားတွေနဲ့ ညှိနှိုင်းနေပါတယ်” ဟု The International Herald Tribune သတင်းစာကို ပြီးခဲ့သော နိုဝင်ဘာလက ပြောဆိုခဲ့သည်။ဒေသခံအများစုမှာ ပြောင်းရွှေ့ရမည်ကို သိထားကြကြောင်း၊ မြေနေရာ ပြန်ပေးမည်ဟု အားလုံးက မျှော်လင့်နေကြကြောင်း၊ စီမံကိန်းအစပြုခါစ ပရောဂျက်များအရ ဒေသခံများမှာ လတ်တလော ပြောင်းရွှေ့ရန် မလိုအပ်သေးကြောင်း ဆိပ်ကမ်း အာဏာပိုင် အရာရှိ တဦးက ပြောသည်။ “ဒေသခံတွေကတော့ မိရိုးဖလာ လုပ်ငန်းတွေ ပုံမှန်ပဲ ဆက်လုပ်နေတယ်။ နှစ်တို သီးနှံတွေ စိုက်တာပေါ့။ ရော်ဘာ တို့လို နှစ်ရှည်ပင်တွေကိုတော့ တော်တော်များများက ပစ်ထားလိုက်ပြီ” ဟု ၎င်းကဆိုသည်။

ဥယျာဉ်ခြံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်၍ အဓိက အသက်မွေးဝမ်းကြောင်းပြုရာ နဘုလယ်အမည်ရှိ ထားဝယ် ဆိပ်ကမ်း ဆောက်လုပ်မည့် ဒေသတွင် ယခုအခါ ယခင်ကာလများက ကဲ့သို့ တိတ်ဆိတ် မနေတော့ဘဲ စီးပွားရေးသမားများ၊ စီမံကိန်း တည်ဆောက်မည့် Italian-Thai ကုမ္ပဏီမှ ထိုင်းနိုင်ငံသားများဖြင့် စည်ကားနေသည်ဟု သိရသည်။“ရွာထဲမှာ အရင်ကလိုမဟုတ်တော့ဘူး။ အသွားအလာ အရမ်းများလာပြီ။ အိမ်လိုက်ဝယ်တဲ့ သူတွေ၊ သူဌေးတွေနဲ့ ရှုပ်နေတာပဲ” ဟု ထားဝယ်မြို့နယ် မောင်းမကန် ဒေသခံ တဦးက ပြောသည်။ အဆိုပါ ဒေသခံ၏ ကျေးရွာမှာ စီမံကိန်းဧရိယာအတွင်း ကျရောက်ခြင်းမရှိသဖြင့် ခြံကွက်များ၊ မြေကွက်များ ၀ယ်ယူရန် လာရောက် စုံစမ်းခြင်းဖြစ်ပြီး စီမံကိန်း ဧရိယာအတွင်း ကျရောက်လျက်ရှိသော ကျေးရွာများတွင်မူ အရောင်းအ၀ယ် မရှိကြောင်း သိရသည်။

ထားဝယ် အိမ်ခြံမြေဈေးများသည် အဆများစွာ မြင့်တက်သွားခဲ့ပြီး အများစုမှာ ဘဏ်များ၊ ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်ရန် ဖြစ်ကြောင်း စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်များ အများဆုံး လာရောက် စုံစမ်းကြောင်း ထားဝယ်ဒေသခံ လုပ်ငန်းရှင် တဦးက ဆိုသည်။ ထားဝယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် အဓိက နေရာဖြစ်သော နဘုလယ်-ထားဝယ်လမ်းသည်လည်း ယခင်ကဲ့သို့ ကျောက်ကြမ်းလမ်း မဟုတ်တော့ဘဲ ၂၀၁၀ နိုဝင်ဘာလမှ စတင်၍ မြေနီလမ်းချော အဖြစ် ပြုပြင်ပြီး ဖြစ်သည်။ထားဝယ်မြို့ပေါ်ရှိ အချက်အချာကျ လမ်းမကြီးများတွင် မျက်နှာဖွင့် တပေလျှင် ကျပ် သိန်း ၁၅၀ မှ ၂၀၀ အကြား ခေါ်ဈေး ရှိနေပြီး ထားဝယ်မြို့ပေါ်ရှိ ဟိုတယ် ဆောက်လုပ်ရန် ကောင်းမွန်သော ၁ ဧက ကျော် ကျယ်ဝန်းသည့် ခြံမြေမှာ ကျပ် သိန်း ၁ သောင်းခွဲအထိခေါ်ဈေးရှိကြောင်း သိရသည်။
htar-wel-port-02 ထားဝယ်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို အပေါ်စီးမှ ဤအနေအထားအတိုင်း မြင်တွေ့ရမည်ဖြစ်သည် အဆိုပါ ဈေးနှုန်းမှာ ယခင်က တခါမှ မကြားဘူးသော ဈေးဖြစ်ကြောင်း၊ ထားဝယ်ဒေသတွင် ယခင်က ဈေးနှုန်းထက် ၃ ဆခန့်မြင့်တက်သွားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
“ကုမ္ပဏီတွေကတော့ မျက်နှာဖွင့်ကျယ်တာကို ပိုလိုချင်ကြတယ်။ ဒါကြောင့် ထားဝယ်ကနေ အဲဒီဒေသကို သွားတဲ့ လမ်းတလျှောက် ခြံတွေကို လိုက်မေးနေကြတယ်။ စီမံကိန်း ဧရိယာထဲပါတဲ့ ခြံတွေကတော့ တဧကကို သိန်း ၁၀၀ ကျော်လောက်ပဲ ခေါ်ဈေးရှိတယ်” ဟု ၎င်းကဆိုသည်။၁၀ နှစ်စီမံကိန်းချကာ ဆောင်ရွက်မည့် ထားဝယ် ရေနက်ဆိပ်ကမ်းတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ သံမဏိ စက်ရုံ၊ ဓာတ်မြေသြဇာ စက်ရုံ၊ သင်္ဘောကျင်း၊ ရေနက်ဆိပ်ကမ်း စသည်တို့ ပါဝင်သော အကြီးစား စက်မှုဇုန် (A)၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံဓာတု စက်ရုံများ ပါဝင်သော အကြီးစားစက်မှုဇုန် (B)၊ အလတ်စားစက်မှုဇုန် (C) နှင့် (D)၊ အပေါ့စား စက်မှုလုပ်ငန်းများအတွက် ဇုန် (E) နှင့် မြို့ပြအတွက် ဇုန် (F)တို့ ပါဝင်မည်ဖြစ်သည်။၎င်းအပြင် ထိုင်းနိုင်ငံ ကန်ချနဘူရီ - ထားဝယ် အဝေးပြေးလမ်း၊ မီးရထားလမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ Transmission Line များပါဝင်မည်ဖြစ်သည်။ ထိုအထူးစီးပွားရေးဇုန်တည်ဆောက်ရန် အတွက် သဘောတူညီချက်ကို ရွေးကောက်ပွဲကျင်းပ ရန် ၅ ရက် အလို နိုဝင်ဘာ ၂ ရက်နေ့က ထိုင်းနှင့်မြန်မာ အစိုးရတို့ လက်မှတ် ရေးထိုးခဲ့ကြသည်။

ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူထက်သာမည်ဟု ဆိုထားသော ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အရေးပါပုံ၊ အဆိုပါစီမံကိန်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်လာနိုင်ပုံတို့ကို မီဒီယာအများစုက မီးမောင်းထိုး ရေးသားကြသော်လည်း ဒေသခံများ၏ နစ်နာမှုအတွက် မည်သို့ ဆောင်ရွက် ပေးသင့်သည်ကိုမူ ရေးသားဖော်ပြခြင်းများ မတွေ့ရပေ။“ရွေးကောက်ပွဲ မတိုင်ခင် ကြံ့ဖွံ့ပါတီ မဲဆွယ်တုန်းက ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသဘယ်လို အကျိုးဖြစ်ထွန်း လာမယ် ဆိုပြီးတော့ပဲ ပြောတယ်။ ဒီလို ဆုံးရှုံးမှုတွေ ဖြစ်လာရင် ဘယ်လို လုပ်ပေးမလဲဆိုတာတော့ မပြောဘူး” ဟု ထားဝယ်မြို့နယ် သစ်တိုထောက်ကျေးရွာမှ ဒေသခံတဦးက ဆိုသည်။ ထိုင်းနိုင်ငံ အပါအ၀င် လူ့အခွင့်အရေးကို လေးစားသော တခြားနိုင်ငံများတွင် ထိုကဲ့သို့ အကြီးစားစီမံကိန်းများ ချမှတ် ဆောင်ရွက်မည်ဆိုပါက ဒေသခံများကိုရှင်းပြ ညှိနှိုင်းကာ ရွှေ့ပြောင်းပေးရမည့် သူများကို ထိုက်တန်သော လျော်ကြေးများ ပေးခြင်း၊ နေရာချထားပေးခြင်းတို့အား အလေးထား ပြုလုပ်ကြသော်လည်း ယခုအနေအထားတွင် ထိုကဲ့သို့သော အနေအထားမတွေ့ရ ကြောင်း ဒေသခံများ၊ ထားဝယ်မြို့ခံ ရပ်ရွာအဖွဲ့အစည်း ခေါင်းဆောင်များက ပြောကြားကြသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသခံများ ဆုံးရှုံးနစ်နာမှုများ ရှိလာမည် ဖြစ်သကဲ့သို့ မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်း တလျှောက်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု များစွာ ကြုံတွေ့ရမည်ဖြစ်ကြောင်း ပညာရှင်များက ပြောသည်။“ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန် စီမံကိန်းကြီးကြောင့် မြိတ်ကျွန်းစုနဲ့ တနင်္သာရီကမ်းရိုးတန်း တလျှောက် ပင်လယ်ပြင်မှာ သဘာဝ ပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ပျက်စီးဖို့ရှိတယ်။ ပင်လယ်ရေနေ သတ္တ၀ါတွေ မျိုးသုဉ်းပျက်စီးတဲ့အထိ မဖြစ်မနေကြုံရမယ်” ဟု တနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။အဆိုပါ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်း၏အဆိုအရ စစ်အစိုးရသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက် ရေးစီမံကိန်း အကောင်အထည်ဖော်ရန် ထိုင်းကုမ္ပဏီနှင့် လက်မှတ်ရေးထိုးပြီးသည်အထိ စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေး စီမံချက်များ ထည့်သွင်းထားခြင်း မရှိကြောင်း သိရသည်။

ကီလိုမီတာ ၃၀၀၀ ရှည်သော မြန်မာ့ပင်လယ် ကမ်းရိုးတန်းတွင် တနင်္သာရီတိုင်း ပင်လယ်ကမ်းရိုးတန်းသည် ကီလိုမီတာ ၁၂၀၀ ရှည်လျားကြောင်း၊ ယင်းကမ်းရိုးတန်း တလျှောက်တွင် ကြည်လင်သန့်ရှင်းသော ရေနှင့် ရေနေသတ္တ၀ါ မျိုးကွဲပေါင်း များစွာဖြင့် မပျက်စီးသေးသော သဘာဝပတ်ဝန်းကျင် ရှိသည့်အတွက် နိုင်ငံတကာ အဏ္ဏ၀ါသိပ္ပံ အဖွဲ့အစည်းများကြားတွင် ထင်ရှားသော ကမ်းရိုးတန်းတခုဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင်များက ဆိုသည်။တနင်္သာရီ ပင်လယ်ကမ်းရိုးတန်းတွင် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ အကြီးအကျယ် ပျက်စီးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဏ္ဏ၀ါသိပ္ပံအသင်းမှ ပညာရှင်တဦးက သုံးသပ်သည်။အငြိမ်းစား အဏ္ဏ၀ါသိပ္ပံ ပါမောက္ခတဦးကလည်း “ဒီရေတောနဲ့ သန္တာကျောက်တန်းက ရေနေသတ္တ၀ါ မျိုးစိတ်ပေါင်း မြောက်မြားစွာအတွက် အင်မတန်မှ အရေးကြီးတဲ့ နေရာတွေပဲ။ ဒီရေတောနဲ့ သန္တာကျောက်တန်းဆိုတာ ရေသတ္တ၀ါ တွေအတွက် မွေးဖို့၊ စားဖို့၊ ရှင်သန်နေထိုင်ဖို့၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းဖို့ အင်မတန်မှ မရှိမဖြစ် လိုအပ်တဲ့ ပတ်ဝန်းကျင်ပဲ။ ဒါတွေပျောက်ကွယ်သွားရင် ရေနေသတ္တ၀ါတွေလည်း ရှင်သန်ရပ်တည်မှု မဖြစ်နိုင်ဘူး။ ဂေဟစနစ်ပျက်ယွင်းသွားမယ်” ဟု ပြောသည်။

တနင်္သာရီ ကမ်းရိုးတန်းရှိ ကျွန်းပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော မြိတ်ကျွန်းစုတွင် သန္တာကျောက်တန်းပေါင်း ၆၀၁ ခု တွေ့ရှိထားပြီး သုတေသန မလုပ်ရသေးသော သဘာဝပတ်ဝန်းကျင် များစွာကျန်ရှိနေသေးရာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် သန္တာကျောက်တန်း မျိုးစိတ်ပေါင်းများစွာ ပျက်သုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် တောင်ပိုင်းဆိပ်ကမ်းနှင့် မြောက်ပိုင်းဆိပ်ကမ်းဟူ၍ ဆိပ်ကမ်းနှစ်ခု ပါဝင်မည်ဖြစ်ပြီး
တန်ချိန် ၂၀၀၀၀ မှ ၅၀၀၀၀ အထိ ကုန်တင် သင်္ဘောကြီး ၂၅ စင်း တပြိုင်တည်း ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုဆိပ်ကမ်းနှစ်ခုမှ တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ်တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချပြုလုပ်နိုင်မည်ဟု စစ်အစိုးရပိုင် သတင်းစာများက ရေးသားသည်။“သင်္ဘောတွေက စွန့်ပစ်မယ့် စက်သုံးဆီ အညစ်အကြေးကလည်း သဘာဝပတ်ဝန်းကျင်အတွက် အတော်ကို ဖြေရှင်းရခက်မယ့် ပြသနာတရပ်ဖြစ်လာမယ်” ဟု သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း (FREDA) မှ ၀န်ထမ်းတဦးက ပြောသည်။

ရေနက်ဆိပ်ကမ်းအပြင် စတုရန်းကီလိုမီတာ ၂၅၀ ကျယ်ဝန်းသော စက်မှုဇုန်နယ်မြေများ ပါဝင်ပြီး မြေဧရိယာ ၂၀.၉ စတုရန်းကီလိုမီတာရှိ အကြီးစားစက်မှုဇုန်နှစ်ခု၊ မြေဧရိယာ ၆၅.၁ စတုရန်းကီလိုမီတာရှိ အလယ်အလတ် အကြီးစား စက်မှုဇုန်တခု ပါဝင်နေသည်။စီမံကိန်းတွင် မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်သော လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်ဖြစ်ပြီး ရေထုထည်ပမာဏ ကုဗမီတာ ၂၁၉ သန်း သိုလှောင်နိုင်သည့် ရေလှောင်တမံ တည်ဆောက်ကာ တရက်လျှင် ရေကုဗမီတာ ၉၇၅၀၀၀ ထုတ်လုပ် နိုင်သော ရေသန့်စက်ရုံ တည်ဆောက်ဖြန့်ဖြူးမည့် အစီအစဉ်များလည်း ပါရှိသည်ဟု စစ်အစိုးရက သတင်းထုတ်ပြန်ထားသည်။
“သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ လျှပ်စစ်ဓာတ်အားစက်ရုံ၊ ရေပေးဝေတဲ့ စက်ရုံတွေနဲ့ စက်မှုကုန်ထုတ်စက်ရုံတွေ တော်တော်များများ ပါမယ့်အခြေအနေရှိတော့ ထွက်လာမယ့် စွန့်ပစ်ပစ္စည်းတွေကြောင့် ပျက်စီးမယ့် သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လိုကိုင်တွယ် ထိန်းသိမ်းမလဲဆိုတဲ့ နည်းလမ်းတွေ အခုကတည်းက စဉ်းစားထားသင့်ပြီ” ဟု FREDA ၀န်ထမ်းက ဆက်ပြောသည်။သဘာဝ ပတ်ဝန်းကျင် ထိခိုက်သည်နှင့်အမျှ တဆက်တည်း ရေရှည်တွင် ဒေသခံများ၏ ကျန်းမာရေး ပြဿနာများ ကြုံတွေ့လာမည်ကို စိုးရိမ်ရကြောင်းလည်း ပညာရှင်များက ပြောကြသည်။
htar-wel-port-03
ထားဝယ်ဆိပ်ကမ်း ပြီးသွားပါက ဥရောပနှင့် အင်ဒိုချိုင်းနားကို ရေးလမ်းမှ ဖြတ်လမ်းအတိုင်း ဆက်သွယ်နိုင်မည်ကို ပြသည့် မြေပုံ
ထိုင်းကုမ္ပဏီနှင့် အစိုးရအာဏာပိုင်များအနေဖြင့် အထက်ပါကဲ့သို့သော ကိစ္စရပ်များအတွက် ဒေသခံများနှင့် ဆွေးနွေးသင့် သည်ဟု ၎င်းတို့က ဆိုသည်။
ထိုင်းနိုင်ငံရှိ Map Ta Phut ကဲ့သို့သော စက်မှုဇုန်များတွင် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့လာရခြင်းကြောင့် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ရေးရာ စည်းမျဉ်း စည်းကမ်းများ တင်းကျပ်ခြင်း မရှိသော မြန်မာနိုင်ငံကို ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေးဇုန် ဆောက်လုပ်ရန် ထိုင်းနိုင်ငံက ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ရေးသားဖော်ပြကြသည်။ရေတိုတွင် ကြုံတွေ့ရမည့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများအပြင် ရေရှည်ပြဿနာများဖြစ်သော ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စများ၊ ဖြစ်ပေါ်လာနိုင်သော လူမှုရေး၊ စီးပွားရေး အကျိုးဆက်များနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းကမျှ လာရောက်ရှင်းပြခြင်း၊ ပညာပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ထိုင်းမှာတော့ ဒီလိုစက်မှုဇုန်တွေရှိလို့ ရောဂါ အရမ်းထူတယ်လို့တော့ ပြောသံကြားတယ်။ တခြား ဘာမှတော့မသိဘူး” ဟု နဘုလယ် ဒေသခံ တဦးကပြောသည်။
ပြည်တွင်း စီးပွားရေးပညာရှင်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် တချို့ကလည်း ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင် မြန်မာနိုင်ငံသည် စီးပွားရေး တိုးတက်မှု မဖြစ်မနေလိုအပ်သည်မှာ မှန်ကန်သော်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်၍ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောဆိုကြသည်။“ဒီလိုစက်မှုဇုန်တွေ လာဆောက်ရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်ကို တွက်ချက်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ တိတိကျကျ ချမှတ်ဆောင်ရွက်ဖို့ လိုကိုလိုပါတယ်။ ဒီလိုမှ မလုပ်ဘူးဆိုရင် အခုပြောနေကြသလို မြန်မာနိုင်ငံမှာ လုပ်ချင်တိုင်း လာလုပ်လို့ ရတယ်ဆိုတာ ဖြစ်သွားလိမ့်မယ်” ဟု ပြည်တွင်းစီးပွားရေးပညာရှင်တဦးက သုံးသပ်သည်။

အထူးစီးပွားရေး စက်မှုဇုန်တွင် ပါဝင်မည့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် မြန်မာကုမ္ပဏီများက ၆၀ ရာခိုင်နှုန်း ကန်ထရိုက်ရရှိထားပြီး စစ်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သော ဦးဇော်ဇော်ပိုင်ဆိုင်သည့် Max Myanmar နှင့် ဘိန်းဘုရင် လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင်ပိုင်ဆိုင်သော Asia World ကုမ္ပဏီတို့က အဓိက လုပ်ပိုင်ခွင့် ရရှိထားကြောင်း ရန်ကုန် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀န်းမှ သိရသည်။   ဧရာဝတီ သတင်းထောက် အောင်သက်ဝိုင်း ပါဝင်ရေးသားသည်။

ကြံ့ဖွံ့ ထိပ်တန်းအစည်းအဝေး ကျင်းပမည်

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 29 ရက် 2010 ခုနှစ် ကျော်ခ သတင်း - မဇ္ဈိမသတင်းဌာန
ချင်းမိုင် (မဇ္ဈိမ) ။     ။ ပထမဆုံး လွှတ်တော်အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ထိပ်ပိုင်း ခေါင်းဆောင်းများ သီးသန့်ပါဝင်သော အစည်းအဝေးတရပ်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လာမည့် သီတင်းပတ်အတွင်း ပြုလုပ်မည်ဟု ပါတီတွင်း သတင်းရင်းမြစ်များက ပြောသည်။ကြံ့ဖွံ့ဗဟိုအလုပ်မှုဆောင်နှင့် ဗဟိုဦးစီးအဖွဲ့တို့ချည်း ပါဝင်သော အစည်းအဝေးကို ဇန်နဝါရီ ၂ ရက်နေ့မှ နှစ်ရက်ကြာ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်တွင် ကြံ့ဖွံ့က တင်ပြ ဆွေးနွေးမည့် အကြောင်းအရာများ အတွက် ကြိုတင်ပြင်ဆင်မှုဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။အဆိုပါ အစည်းအဝေးမှ အစိုးရသစ်အောက်တွင် ပြည်နယ်နှင့်တိုင်း ဝန်ကြီးအဆင့် ရာထူးရလာမည့်သူများ ရွေးထုတ်လိမ့်မည်ဟု ဆိုသည်။ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပါဝင်သော ပြည်ထောင်စု လွှတ်တော်ကို ဇန်နဝါရီလလယ်တွင် ခေါ်ယူလိမ့်မည်ဟု နေပြည်တော်ရှိ စစ်အစိုးရ သတင်းရပ်ကွက်များက ပြောသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့နှင့် ၂၂ နေ့များကလည်း နိုင်ငံတဝန်းရှိ ကြံ့ဖွံ့၏ အနိုင်ရ ကိုယ်စားလှယ်များကို ပယမဆုံး အကြိမ်အဖြစ် ခေါ်ယူ၍ ပါတီကို ပိုမို ကျစ်လစ်ခိုင်မာရန်နှင့် လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် ရှေ့ဆက် လုပ်ဆောင်သွားကြရမည့် လုပ်ငန်းစဉ်များကို အသင်းဥက္ကဌ ဝန်ကြီးချုပ် ဦးသိန်းစိန် နှင့် အတွင်းရေးမှူး စိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦး တို့က ဆွေးနွေးခဲ့ကြောင်း အစည်းအဝေးကို တက်ရောက်ခဲ့သူတဦး ဖြစ်သော ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ပြောသည်။  ကြံ့ဖွံ့အနေဖြင့် လုပ်ထားလက်စဖြင့် ပစ်ထားသော လမ်းများ ၊ အဆောက်အဦးများ၊ ရေနှင့် လျှပ်စစ်မီးပေးရေး လုပ်ငန်းများ ပါတီနာမည်မပျက်အောင် ဆက်လက် လုပ်ဆောင်သွားဖို့ ဥက္ကဌ မှ ညွန်ကြားခဲ့သည်ဟု သူက ပြောသည်။ရွေးကောက်ပွဲတွင် လွှတ်တော် သုံးရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက်  ကြံ့ဖွံ့က ၈၈၂ နေရာ ၇၆.၅ ရာခိုင်နှုန်းဖြင့် ကြံ့ဖွံ့က အနိုင်ရသွားသည်။ပြိုင်ဘက်ပါတီများနှင့် နိုင်ငံရေး အကဲခတ်များ၊ အတိုက်အခံများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေသော ရွေးကောက်ပွဲတွင်း ကြံ့ဖွံ့၏ မဲမသမာမှုများနှင့် ပတ်သက်၍ မဇ္ဈိမက မေးမြန်းရာ အလေးမထားကြောင်း တိုင်းအဆင့် ပါတီခေါင်းဆောင်တဦးက ပြောသည်။

“ကျနော်တို့ပါတီကို မလိုလားတဲ့လူတွေ မကြိုက်မနှစ်သက်တဲ့ လူတွေကတော့ ပြောမှာပေါ့ဗျာ။ ကျနော်တို့လည်း ကြားနေ၊ ကြုံနေရတာပဲ။ ဒါတွေကို ကျနော်တို့ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ကျနော်တို့ ဒီအစည်းအဝေးတွေကနေ ဆုံးဖြတ်ချက်ကျတဲ့အတိုင်း ဆက်တိုက် လုပ်ဆောင်သွားမှာပါ”ဟု သူက မဇ္ဈိမကို ပြောသည်။ ဇေကမ္ဘာဦးခင်ရွှေကတော့ နောက်တက်လာမည့် အစိုးရသည် ပိုမိုကောင်းမွန် လာလိမ့်မည်ဟု ပြောသည်။“အရင်ကတော့ တပ်မတော် အစိုးရဆိုတော့ တမိန့် တအာဏာနဲ့ သွားကြတာကိုး။ အခုဟာကတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ဖွဲ့စည်းပုံမှာလည်းပါပါတယ်။ အုပ်ချုပ်ရေးအာဏာ၊ စီမံခန့်ခွဲ့ရေး အာဏာ၊ တရားစီရင်ရေး အာဏာ ဒီအာဏာသုံးရပ်နဲ့ အုပ်ချုပ်သွားမှာ” ဟု ဇေကမ္ဘာ ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။  လက်ရှိစစ်အစိုးရက ကျောထောက် နောက်ခံပေးထားသော အရပ်ဝတ်လဲ ဗိုလ်ချုပ်များ ဦးဆောင်သော ကြံ့ဖွံ့အနေဖြင့် ဥပဒေဘောင်ကို ကျော်လွှားနိုင်စွမ်းရှိသည်ဟု ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် - SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

“ကြံ့ဖွံ့ပါတီက လက်ရှိ အာဏာရ အစိုးရရဲ့ ပါတီလည်းဖြစ်သလို လုပ်ပိုင်ခွင့်တွေအရ ဥပဒေပိုင်းနဲ့ ညှိစွန်းတာတွေ မလုပ်သင့်တာတွေကို လုပ်မိသလို၊ လုပ်ခွင့်ရအောင်လည်း ဥပဒေ ဘောင်ကို ကျော်ပြီးတော့လည်း လုပ်သွားနိုင်တာပေါ့ဗျာ” ဟု ဦးစိုင်းလိတ်က ပြောသည်။  ကြံဖွံ့ ပါတီသည် ၁၉၉၃ ခုနှစ်မှ ၁၇ နှစ်ကြာ လူမှုရေးအသင်းအမည်ဖြင့် စစ်အစိုးရက ထူထောင်ခဲ့ပြီး ရွေးကောက်ပွဲ မတိုင်မီတွင် ပါတီအဖြစ်သို့ ပြောင်းလဲခဲ့သည်။၂ဝဝ၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များကို ဒီပဲယင်းအရပ်၌ အသေအပျောက်များသည့် လုပ်ကြံမှုကြီးတွင် အဓိက လက်သည် ဖြစ်ခဲ့သည်။ အတိုက်အခံများ အဆိုအရ စစ်တပ်၏ ကွပ်ကဲမှုဖြင့် စနစ်တကျ စီစဉ် သတ်ဖြတ်မှုကြောင့် လူ ၇၀ အထိ သေဆုံးခဲ့သည်ဟု ဆိုသည်။ စစ်အစိုးရကတော့ နှစ်ဘက်အချင်းများရာက လူ ၄ ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

နှစ်သစ် လက်ဆောင်

ဟန်လေး Wednesday, 29 December 2010 13:42 ကာတွန်း
cartroon0003




စူနာမီ လှိုင်း
Shine........
wave.sunami@gmail.com

ဟန်လေး Saturday, 25 December 2010 12:49 ကာတွန်း
ca-dec-25-10

ဟန်လေး Monday, 20 December 2010 18:08 ကာတွန်း
ca-dec-20-10

“မိုးညအိပ်မက်မြူ” အကယ်ဒမီ ရနိုင်ဟု ခန့်မှန်းနေ

ဟိန်းသူ Thursday, 30 December 2010 17:37
“မိုးညအိပ်မက်မြူ” အကယ်ဒမီ ရနိုင်ဟု ခန့်မှန်းနေမကြာမီ ကျင်းပမည့် ၂၀၀၉ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ အတွက် “မိုးညအိပ်မက်မြူ” ဇာတ်ကားကို အကောင်းဆုံး ဇာတ်ကားဆု ရရှိနိုင်ကြောင်း အနုပညာ အသိုင်းအ၀ိုင်းက ထင်ကြေးပေး

ထားဝယ်ဆိပ်ကမ်းကြောင့် ဒေသခံလူထုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဖွယ်ရှိ

ဘသန့် Thursday, 30 December 2010 17:25
ထားဝယ်ဆိပ်ကမ်းကြောင့် ဒေသခံလူထုနှင့် သဘာဝပတ်ဝန်းကျင် 
ထိခိုက်ဖွယ်ရှိထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် တနင်္သာရီဒေသ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ရဖွယ်ရှိကြောင်း

နှစ်သစ်အစောပိုင်း လများတွင် အအေးလှိုင်း ဖြတ်မည်

ရန်ပိုင် Thursday, 30 December 2010 16:41
လာမည့် နှစ်သစ် ၂၀၁၁ ဇန်န၀ါရီ လဆန်းပိုင်းမှ မတ်လဆန်းအတွင်း မြန်မာနိုင်ငံသို့ အအေးလှိုင်း လေးကြိမ်ခန့် ဖြတ်ဖွယ်ရှိကြောင်း သိရသည်။မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးချုပ်ဟောင်း

လွတ်လပ်ရေးနေ့ အကြို NLD ဈေးရောင်းပွဲ ကျင်းပမည်

ဝင့်နဒီ Thursday, 30 December 2010 16:02
လွတ်လပ်ရေးနေ့ အကြို NLD ဈေးရောင်းပွဲ ကျင်းပမည်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွှေဂုံတိုင် ရုံးချုပ်တွင် နိုင်ငံရေး အကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များအား ထောက်ပံ့နိုင်ရေး အတွက် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ဈေးရောင်းပွဲ

ဦးတေဇ မိတ္ထီလာထောင်ကို ၀ယ်မည်

စည်သူ Thursday, 30 December 2010 15:31
ဦးတေဇ မိတ္ထီလာထောင်ကို ၀ယ်မည်စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက မန္တလေးတိုင်း မိတ္ထီလာမြို့ရှိ မိတ္ထီလာ အကျဉ်းထောင်ကို ကျပ် သိန်းပေါင်း နှစ်သောင်းဖြင့် ၀ယ်ယူ၍ ဈေးဝယ် စင်တာ (Shopping Mall)

စစ်တိုင်းဌာနချုပ် အသစ်တိုးချဲ့

ရန်ပိုင် Wednesday, 29 December 2010 18:57
စစ်တိုင်းဌာနချုပ် အသစ်တိုးချဲ့စစ်အစိုးရက “အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်” ဟု အမည်ပေးထားသည့် တိုင်းစစ်ဌာနချုပ် အသစ်ကို ရှမ်းပြည်တောင်ပိုင်းတွင် ထပ်မံဖွင့်လှစ်လိုက်သည်။

NLD ပြန်ကြားရေး မြန်ဆန်ရန် သတင်းနည်းပညာ သုံးမည်

မင်းနိုင်သူ Wednesday, 29 December 2010 18:53
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြန်ကြားရေး လုပ်ငန်းများ သွက်လက်မြန်ဆန်ရေး ၊ လူထုနှင့် တိုက်ရိုက်ထိတွေ့နိုင်ရေးတို့ အတွက် သတင်းနည်းပညာ အသုံးပြုသွားရန် ပါတီတွင်း ညှိနှိုင်းလျက်

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး အဆိုပြုလွှာ ဦးသိန်းညွန့် တင်သွင်းမည်

ခင်ဦးသာ Wednesday, 29 December 2010 18:19
စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး အဆိုပြုလွှာ ဦးသိန်းညွန့် 
တင်သွင်းမည်အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ အနိုင်ရထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် ကိုယ်စားလှယ် တချို့သည် ပေါ်ပေါက်လာမည့် လွှတ်တော်၌ အမေရိကန်နှင့်

ကျောက်မျက်ပြပွဲအပြီး ဒေါ်လာဈေး ထိုးကျ

ဧရာဝတီ Wednesday, 29 December 2010 17:26
ကျောက်မျက်ပြပွဲအပြီး ဒေါ်လာဈေး ထိုးကျပြည်တွင်း၌ ယခုနှစ်ကုန်ပိုင်းတွင် တန်ဖိုးကျဆင်းနေသော အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ၌ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံကျော်ဖိုး ရောင်းချခဲ့ရပြီးနောက်

ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် UNHCR ပြော

သန်းထိုက်ဦး Wednesday, 29 December 2010 17:03
ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် UNHCR ပြောနယ်စပ် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည် ၁၆၆ ဦးကို ပြန်ပို့လိုက်ခြင်းနှင့် ပတ်သက်၍ အတင်းအကျပ် ပြန်မပို့ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ

ဦးတေဇ မိတ္ထီလာထောင်ကို ၀ယ်မည်

စည်သူ Thursday, 30 December 2010 15:31
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက မန္တလေးတိုင်း မိတ္ထီလာမြို့ရှိ မိတ္ထီလာ အကျဉ်းထောင်ကို ကျပ် သိန်းပေါင်း နှစ်သောင်းဖြင့် ၀ယ်ယူ၍ ဈေးဝယ် စင်တာ (Shopping Mall) ဆောက်မည် ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနနှင့် စီးပွားရေး လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြောသည်။

MYANMAR PRESS AWARD 2010 ဆု ပေးပွဲ စိစစ်ရေး ဖိအားပေး

ရန်ပိုင် Tuesday, 28 December 2010 19:36
MYANMAR PRESS AWARD 2010 ဟု အမည်ပေးထားသော မြန်မာလူငယ် သတင်းသမားများ ဂုဏ်ပြုဆုပေးပွဲကို စာပေစိစစ်ရေး မှ ဖိအားပေးမှုကြောင့် လာမည့် ဇန်န၀ါရီလ အတွင်းသို့

ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ် ၃၀၀ ကျော် တွေ့ဆုံ

ဧရာဝတီ Tuesday, 28 December 2010 18:43
ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ် ၃၀၀ ကျော် တွေ့ဆုံမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်ပယ် အသီးသီးမှ လူငယ် ၃၀၀ ကျော်တို့ ယနေ့ တွေ့ဆုံကြရာ  လူငယ် ၅၂ ဦးက ၎င်းတို့ ကြုံတွေ့နေရသော ပညာရေး၊ စီးပွားရေး၊

“ဝ”ညီလာခံ အစိုးရသစ်နှင့်ဆက်ဆံရေး ဆုံးဖြတ်ချက်များ ချမှတ်

စိုင်းဇွမ်ဆိုင်း Tuesday, 28 December 2010 17:58
“ဝ”ညီလာခံ အစိုးရသစ်နှင့်ဆက်ဆံရေး ဆုံးဖြတ်ချက်များ ချမှတ်“ဝ”ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP)မှ ဦးစီး၍ ၁၀ ရက်ကြာ ကျင်းပနေသည့် ညီလာခံတွင် ဝ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အပါအဝင် လာမည့် အစိုးရသစ်နှင့် ဆက်ဆံရေးကိစ္စများအပေါ်

မယ်လ ဒုက္ခသည် စခန်း၌ အတုဟုယူဆရသော ၅၀၀၀ တန်များ ဖမ်းမိ

ဧရာဝတီ Tuesday, 28 December 2010 17:34
မယ်လ ဒုက္ခသည် စခန်း၌ အတုဟုယူဆရသော ၅၀၀၀ တန်များ ဖမ်းမိထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည် စခန်း၌  မြန်မာနိုင်ငံသား တဦးထံတွင် ကျပ်ငွေ သိန်း ၃၀ ခန့်ရှိ အတုဟု ယူဆ ရသော ၅၀၀၀ တန် ငွေစက္ကူများကို စခန်း အာဏာပိုင်များက ယမန်နေ့က

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း၂၂ နှစ်မြောက် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်း

ရန်ပိုင် Monday, 27 December 2010 19:16
ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း၂၂ နှစ်မြောက် ဘာသာပေါင်းစုံ 
ဝတ်ပြုဆုတောင်းဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ ၀တ်ပြု ဆု တောင်းပွဲ အခမ်းအနားကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင်

Forever Group နှင့် ရွှေသံလွင် စီးပွားရေး ပြိုင်

ဧရာဝတီ Monday, 27 December 2010 17:26
Forever Group နှင့် ရွှေသံလွင် စီးပွားရေး ပြိုင်အခပေး ဖျော်ဖြေရေး ရုပ်သံလိုင်းများ ရောင်းချသော ရွှေသံလွင် ကုမ္ပဏီနှင့် ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းနှင့် နီးစပ်သူများ ထူထောင်ထားသော Forever Group ကုမ္ပဏီတို့ အပြိုင်အဆိုင

KNPP နအဖ တပ် ယာဉ်တန်းကို တိုက်ခိုက်၊ ၃ ဦး ကျဆုံး

သန်းထိုက်ဦး Monday, 27 December 2010 16:39
KNPP နအဖ တပ် ယာဉ်တန်းကို တိုက်ခိုက်၊ ၃ ဦး ကျဆုံးကယားပြည်နယ် ဖရှုးဆိုးမြို့နယ်တွင် သံလွင် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအတွက် သွားနေသည့် အစီး၂၀ ခန့်ရှိ နအဖ ယာဉ်တန်းကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)

ဖိလစ်ပိုင် အမတ် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ရန်ပိုင် Monday, 27 December 2010 16:27
ဖိလစ်ပိုင် အမတ် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဒေါ်အောင်ဆန်းစုကြည်အား ဖိလစ်ပိုင် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော် အမတ် မစ္စ လော်ရင် လီဂါးဒါး(Loren Legarda) ယမန့်နေ့က လာရောက်တွေ့ဆုံကြောင်း

ဈေးရွှေ့ပြောင်းမှု နေရာ မလုံလောက်၍ ဆန္ဒပြသူများကို ဖမ်းဆီး

ခိုင်သွယ် Saturday, 25 December 2010 14:47
ဈေးရွှေ့ပြောင်းမှု နေရာ မလုံလောက်၍ ဆန္ဒပြသူများကို ဖမ်းဆီးရန်ကုန်တိုင်း ကြည်မြင်တိုင်မြို့နယ် ကမ်းနားလမ်းရှိ သီရိမင်္ဂလာဈေးမှ ဆိုင်များအား လှိုင်မြို့နယ်၊ ပိတောက်ချောင်း ရပ်ကွက်ရှိ ဈေးသစ်သို့ ရွှေ့ပြောင်းခိုင်း သော်လည်း ဆိုင်နေရာ မလုံလောက်

စစ်ပြေးဒုက္ခသည်များကို ဆေးစစ်၊ တိုက်ပွဲများ ဆက်ဖြစ်ဆဲ

ဧရာဝတီ Saturday, 25 December 2010 14:02
စစ်ပြေးဒုက္ခသည်များကို ဆေးစစ်၊ တိုက်ပွဲများ ဆက်ဖြစ်ဆဲနယ်စပ်တိုက်ပွဲ များကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသော စစ်ပြေး ဒုက္ခသည် ၂၀၀ ကျော်ကို ထိုင်းဒေသခံ ရွာသားများက ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့်

“မိုးညအိပ်မက်မြူ” အကယ်ဒမီ ရနိုင်ဟု ခန့်မှန်းနေ

ဟိန်းသူ Thursday, 30 December 2010 17:37
မကြာမီ ကျင်းပမည့် ၂၀၀၉ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ အတွက် “မိုးညအိပ်မက်မြူ” ဇာတ်ကားကို အကောင်းဆုံး ဇာတ်ကားဆု ရရှိနိုင်ကြောင်း အနုပညာ အသိုင်းအ၀ိုင်းက ထင်ကြေးပေး ခန့်မှန်းနေကြသည်။
moenyaeainmaephyuမိုးညအိပ်မက်မြူ ဇာတ်ကားတွင် မင်းသားနေတိုးနှင့် မင်းသမီး စိုးပြည့်သဇင်၊ သင်ဇာဝင့်ကျော်နှင့် မိုးဟေကိုတို့ ပါဝင်ပြီး စာရေး ဆရာ တက္ကသိုလ် ဘုန်းနိုင် ၏ အောင်မြင်ခဲ့သော ၀တ္ထုကို ဒါရိုက်တာ ကြည်ဖြူရှင်က ပြန်လည် ရိုက်ကူးထားခြင်းဖြစ်သည်။ အဆိုပါဇာတ်ကား၌ မင်းသားနေတိုး က အကယ်ဒမီဆု မျှော်မှန်းကာ အစွမ်းကုန်ကြိုးစား ထားကြောင်း၊ မိုးဟေကိုမှာ သရုပ်ဆောင် ပိုင်းနှင့် ၀တ်စား ဆင်ယင်မှုပိုင်း အားနည်းခဲ့သည့်အတွက် အကယ်ဒမီ မရနိုင်ကြောင်း၊ သင်ဇာဝင့်ကျော်မှာ သရုပ်ဆောင်ပိုင်းတွင် ပီပီပြင်ပြင်လုပ်ပြနိုင်ခဲ့ကြောင်း ကြည့်ရှုခဲ့သည့် ပရိသတ်များက ပြောဆိုကြသည်။

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုနှင့် အမျိုးသမီး ဇာတ်ဆောင်ဆုများ အတွက် မင်းသားနေတိုးနှင့် မင်းသမီး စိုးမြတ်သူဇာ တို့ ရရှိနိုင်ကြောင်းလည်း အနုပညာ အသိုင်းအ၀ိုင်းတွင် ခန့်မှန်းနေကြသည်။
ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က“ကျနော်ကတော့ ဒီနှစ် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု သရုပ်ဆောင် နေတိုး ရလိမ့်မယ်လို့ ထင်တယ်။ မင်းသမီးထဲမှာတော့ စိုးမြတ်သူဇာပါ”ဟု ပြောသည်။
ယခု ကျင်းပမည့် အကယ်ဒမီပေးပွဲအတွက် ရန်ကုန်နှင့် နယ်မြို့များတွင် ရုံတင်ပြသခဲ့သည့် ဇာတ်ကား ပေါင်း ၁၅ ကားရှိကြောင်း သိရသည်။

၎င်းတို့မှာ ဟော့ရှော့ ၂၊ ယောက္ခမနှင့် တစ်ထောင့်တစ်ည၊ အချစ်ဟု အဓိပ္ပာယ် သက်ရောက်ခြင်း မရှိစေရ၊ ချစ်လို့စတာ၊ ဇော်က ကနေသည်၊ သူငယ်ချင်းယောက္ခမ၊ မာမီရှိန်း၊ ရှော့ရှိတဲ့အချစ်၊ အတိတ်၏အရိပ်၊ မိုးညအိပ်မက်မြူ၊ ကြိုးကြာတောင်ပံခတ်သံ၊ ကျောက်စက်ရေ၊ အတည်ပေါက်နောက်တဲ့ လူ၊ ၀ါဆိုဖယောင်းတိုင်၊ ပင်လယ်ကိုဖြတ်၍ စသည့် ဇာတ်ကားများ ဖြစ်သည်။မင်းသားနေတိုးက ယခုနှစ်တွင် အကယ်ဒမီဆုရရှိလိမ့်မည်ဟု ၎င်းကိုထင်ကြေးပေးနေကြသည့်အတွက် ၀မ်းသာမိကြောင်း ပြော သည်။“ကျနော် ဒီနှစ် ရိုက်ထားတဲ့ကားက ၄ ကားရှိပါတယ်။ ဇော်က ကနေသည်။ မိုးညအိမ်မက်မြူ၊ မာမီရှိန်းနဲ့ ကြိုကြာ တောင်ပံခတ်သံ ပါ။ အကယ်ဒမီဆု ရခဲ့မယ်ဆိုရင်တော့ အနုပညာရှင် တယောက် ကြိုးစားမှုအတွက် ရလာမယ့် ရလဒ်တခုလို့ ထင်ပါတယ်”ဟု နေ တိုး က ပြောသည်။

မင်းသားနေတိုးက ၎င်းပါဝင်သရုပ်ဆောင်ခဲ့သည့် မိုးညအိမ်မက်မြူ ဇာတ်ကားကို အကောင်းဆုံးဇာတ်ကားဆု ရရှိနိုင်သည်ဟုလည်း ဆိုသည်။ သရုပ်ဆောင် မိုးယုစံက“ဒီနှစ် အကောင်းဆုံး အမျိုးသားဇတ်ဆောင်ဆုကို ကိုနေတိုးရလိမ့်မယ်လို့ထင်တယ်။ သူကဒီနှစ်အတွက် ၃၊ ၄ ကားလောက် ရိုက်ထားတယ်လေ။ နောက်ထပ်တစ်ယောက်က မြင့်မြတ်လို့ ကြားတယ်။ မင်းသမီးထဲမှာတော့ မအူဝဲ(အိန္ဒြာကျော်ဇင်) ရလိမ့်မယ်လို့ ထင်တယ်။ ပြီးတော့ မစိုးမြတ်သူဇာ လို့လည်းကြားပါတယ်”ဟု ပြောသည်။
ယခုကျင်းပမည့် ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲမှာ ၅၇ ကြိမ်မြောက်ဖြစ်ပြီး နေပြည်တော်တွင် ပဉ္စမအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပသည့် ၂၀၀၈ ခုနှစ်အတွက် ဆုပေးပွဲမတိုင်မီ မိန့်ခွန်းတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း က ယနေ့ မြန်မာ့ ရုပ်ရှင် လောက အဆင့်အတန်းမှာ ဇာတ်လမ်း ဇာတ်ကွက်၊ သရုပ်ဆောင်မှု၊ ၀တ်စားဆင်ယင်မှု၊ studio အပါအ၀င် ရိုက်ကူးရေး အထောက်အကူပြု အပိုင်း၊ ပြသမှုနှင့် ရုပ်ရှင်ရုံ ၀န်ဆောင်မှု ၊ ပြည်ပဈေးကွက် ထိုးဖောက်ပြသ နိုင် မှု၊ စက်မှုနည်းပညာနှင့် ထုတ်လုပ်သူအပိုင်း စသည့် လုပ်ငန်း အားလုံးတွင် အားနည်းချက်၊ လိုအပ်ချက်များရှိနေသေးကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတွင် ဓာတ်ပုံဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ ဇာတ်ကားဆု၊ ဒါရိုက်တာဆု အကယ်ဒမီဆု ၇ ဆုသာပေးခဲ့ပြီး ဇာတ်ညွှန်းဆု၊ တည်းဖြတ် ဆု၊ တေးဂီတဆု၊ အသံဆုများကို ပေးအပ်ခဲ့ခြင်း မရှိချေ။
ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတွင်လည်း အမျိုးသမီး ဇာတ်ဆောင်ဆု အပြင် အမျိုးသမီးဇာတ်ပို့ ဆု၊ ဇာတ်ညန်း ဆု၊ တည်းဖြတ် ဆု၊ အသံဆု များကိုလည်း ပေးအပ်ခဲ့ခြင်း မရှိချေ။ ယခုနှစ်တွင်လည်း ပြီးခဲ့သည့် ၂ နှစ်ကကဲ့သို့ အကယ်ဒမီဆုများ ချန်လှပ်နိုင်ကြောင်း အနုပညာအသိုင်းအ၀ိုင်းတွင် ပြောဆိုနေကြ သည်။

ပါတီ၏ ရှေ့ဆက် လုပ်ငန်းစဉ်းအတွက် အင်အားဖြည့်

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 29 ရက် 2010 ခုနှစ် လွတ်လပ်သော မွန်သတင်း အေဂျင်စီ သတင်း - လွတ်လပ်သော မွန်သတင်းအေဂျင်စီ
၂၀၁၀ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့်ရွေးကောက်ပွဲ၌ ကိုယ်စာလှယ်လောင်း ၁၆ နေရာအနိုင်ရရှိခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပါတီရှေ့ရေးလုပ်ငန်းစဉ် ပိုမိုခိုင်မာလာအောင် ချမှတ်လုပ်ဆောင်နေသည်။
AMDP-300x168“မြို့နယ်အလိုက် ဘယ်သူက ဘာတာဝန်၊ ဘာလုပ်၊ လုပ်ငန်းတွေ ပိုမိုပြီးတော့ သေသေချာချာဖြစ်လာအောင် လုပ်ဆောင်ထားပြီးဖြစ်တယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

ပါတီ၏ ရှေ့ဆက်လုပ်ငန်းစဉ်များ အခိုင်အမာလုပ်ဆောင်ရန် ပထမအကြိမ်အစည်းအဝေးမှာ ချမှတ်ထားပြီး ဒီဇင်ဘာ ၂၇၊ ၂၈ ရက်နေ့မှာ ကျင်းပသည့် ဒုတိယအကြိမ်အစည်းအဝေးမှာ လွှတ်တော်အတွက် ပြင်ဆင်မှုများ ချမှတ်သွားမည်ဟုလည်း နိုင်ငွေသိန်းက ပြောသည်။

ပြည်သူလူထုက တင်မြှောက်ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများလည်း လွှတ်တော်မှာ ပါတီ၏ မူဝါဒနှင့် ရပိုင်ခွင့်၊ ပြည်သူလူထုတို့၏ လိုအပ်ချက်၊ ရသင့် ရထိုက်သည့် အခွင့်အရေးတွေကို သတ္တိရှိရှိ တင်ပြ တောင်းဆိုနိုင်ရန်အတွက်လည်း ပြင်ဆင်ဆောင်ရွက်နေသည်ဟုလည်း ၄င်းက ပြောသည်။လွှတ်တော်ဝင်မည့် ကိုယ်စားလှယ်လောင်းများနေရာမှာလည်း နောက်ထပ်ကိုယ်စားလှယ်များ ပြန်လည်ဖြည့်စွတ်နိုင်အောင်လည်း ပါတီအနေနှင့် စီစဉ်လျှက်ရှိသည်။တဘက်မှာလည်း ပါတီ၏ ရေရှည်တည်တံ့နိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ရန်လည်း စီစဉ်လျှက်ရှိကြောင်း သိရသည်။နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း လွှတ်တော် သုံးရပ်၌ ကိုယ်စားလှယ်လောင်း (၃၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ် (၁၆) ဦး အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။(၁၆) ဦးတွင် ပြည်သူ့လွှတ်တော် (၃) ဦး၊ အမျိုးသားလွှတ်တော် (၄) ဦးနှင့် ပြည်နယ်လွှတ်တော် (၉) ဦး ဖြစ်သည်။
  1. ကြံ့ဖွံ့ ထိပ်တန်းအစည်းအဝေး ကျင်းပမည်
  2. ဝ' အဖွဲ့က ဒုတိယပင်လုံကို စောင့်ကြည့်မည်
  3. လမ်းခင်းငွေကို မယက ဥက္ကဋ္ဌ အလွဲသုံးစားလုပ်ဟု ရွာသားများ စွပ်စွဲ
  4. ဂီရိသင့်ဒေသကို ကူညီရန် ဒေါ်စုက နိုင်ငံတကာသို့ ပန်ကြား
  5. ရခိုင်ပါတီ ခေါင်းဆောင် ဦးပတီးဖြူ အလင်းဝင်
  6. ဒေါ်အောင်ဆန်းစုကြည်က လူငယ်ကွန်ယက်ဖွဲ့
  7. ဖားကန့် လယ်ယာမြေအမှု အမြန်စီရင်မည်
  8. ဂီရိသင့်ဒေသကို ကူညီရန် ဒေါ်စုက နိုင်ငံတကာသို့ ပန်ကြား
  9. ဒေါ်အောင်ဆန်းစုကြည်က လူငယ်ကွန်ယက်ဖွဲ့
  10. အင်္ဂါဆုတောင်းပွဲ ဆက်လက်ပြုလုပ်မည်
  11. ဒေါ်စုကို နိုင်ငံသားဆု ရယူရန် ကနေဒါ ဖိတ်ခေါ်
  12. ဒေါ်စုသတင်း ဖော်ပြရန် ပါကစ္စတန်သတင်းအဖွဲ့ တောင်းဆို
  13. အန်အယ်ဒီက ပြည်ထောင်စု စိတ်ဓာတ် ဟောပြော
  14. အိန္ဒိယအာဏာရပါတီက ဒေါ်စု လွတ်မြောက်မှုကို ကြိုဆို

ဝ' အဖွဲ့က ဒုတိယပင်လုံကို စောင့်ကြည့်မည်

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။      ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင

Tuesday, December 28, 2010

နိုင့်ငံ အေ၇း ဖတ်စ၇ာ သိစ၇ာများ & ဒီကေဘီအေတပ်ကို နအဖ တပ်ရင်းသုံးရင်းဖြင့် တိုက်ခိုက် & သျှမ်းတပ်ဖွဲ့နယ်မြေသို့ နအဖတပ် အင်အားထပ်ဖြည့် & ကချင်ပြည်နယ် ဧရာဝတီတံတားတွင် လူဖြတ်သန်းခွင့် အချိန်ကန့်သတ်

ဖိလစ်ပိုင် အမတ် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ရန်ပိုင် Monday, 27 December 2010
ဒေါ်အောင်ဆန်းစုကြည်အား ဖိလစ်ပိုင် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော် အမတ် မစ္စ လော်ရင် လီဂါးဒါး(Loren Legarda) ယမန့်နေ့က လာရောက်တွေ့ဆုံကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ပြောသည်။
gathering_at_NLD400 ဒီဇင်ဘာ ၁၀ ရက်နေ့ က ရန်ကုန် NLD ရုံးချုပ်၌ ကျင်းပသည့် ၆၂ နှစ် မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်း အ မှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - Reuters)
မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကို သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ဖိလစ်ပိုင်နိုင်ငံသည် သမ္မတ ဘစ်နစ်နို အကွီနို ၏ လက်ထက်တွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ပိုမိုတက်ကြွမှုရှိလာကြောင်း NLD ခေါင်းဆောင်တဦးဖြစ်သည့် ဦးအုန်း
ကြိုင် က ဧရာဝတီသို့ ပြောပြသည်။“အခုလို အာဆီယံ နိုင်ငံထဲက အထက်လွှတ်တော် အမတ် လာတွေ့တာ တနည်းအားဖြင့် ဒီမိုကရေစီအရေးမှာ အားတက်စရာပဲ” ဟု ၎င်းက ဆိုသည်။မစ္စ လီဂါးဒါး နှင့် အတူ ၎င်း၏ သားနှစ်ဦးလည်း လိုက်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုသို့တွေ့ဆုံနိုင်ရန် ၎င်း၏ အရင်း အနှီးဆုံး မိတ်ဆွေ ဖြစ်သည့် အရှေ့တီမော သမ္မတ ဂျိုးဇက် ဟိုဆေး ရာမို့စ် ဟော်တာ က အကူအညီပေးကြောင်း ဖိလစ်ပိုင် စတား သတင်း တွင် ဖော်ပြထားသည်။

“ပုဂ္ဂိုလ်ရေးရာ ခင်မင်မှုအဖြစ် သွားလည်တာပါ၊ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်မှာပါ၊ အထူးသဖြင့် မြန်မာ့ဒီမိုကရေစီ အရေးနဲ့ ပတ်သက်ပြီးပေါ့”ဟု မစ္စ လီဂါးဒါးက ပြောသည်။နှစ်ပေါင်း ၂၀ခန့် နေအိမ်အကျယ်ချုပ် ဘ၀ဖြင့် နေထိုင်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသည့် ဒေါ်အောင်ဆန်း စုကြည် ထံမှ သင်ယူစရာများ ရှိနိုင်သည်ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆိုသည်။ထို့အပြင် လူ့အခွင့်အရေး ကာကွယ်ရာတွင် အမျိုးသမီးခေါင်းဆောင်များ၏ အရေးပါမှု ကဏ္ဍကိုလည်း မြန်မာ့ ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်စုကြည်က ပြသခဲ့သည်ဟု ၎င်းက ပြောဆိုကြောင်း အဆိုပါ သတင်းတွင် ရေးသားထားသည်။

အာဆီယံ အဖွဲ့အတွင်း စီးပွားရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှု ရရှိစေ ရန် အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုအပ်နေသည့်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းကို ကြိုဆိုကြောင်း ဦးအုန်းကြိုင်က ဆက်လက်ပြောသည်။ဒေသတွင်း အာဆီယံနိုင်ငံများ ဖြစ်သည့် ထိုင်း၊ စင်္ကာပူ၊ မလေးရှား စသည့်နိုင်ငံများမှ သံတမန်များက ဒေါ်အောင်ဆန်းစုကြည် အား လာရောက်တွေ့ဆုံသည့် အပြင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ကလည်း မကြာသေးမီက ဖုံးဆက်၍ မြန်မာ့ ဒီမိုကရေစီ အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သေးသည်။ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံအဖွဲ့အတွင်း မြန်မာစစ်အစိုးရကို ပွင့်လင်းစွာပြောဆို ဝေဖန်သည့် နိုင်ငံတနိုင်ငံ ဖြစ်သည်။

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း၂၂ နှစ်မြောက် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်း

ရန်ပိုင် Monday, 27 December 2010
ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ ၀တ်ပြု ဆု တောင်းပွဲ အခမ်းအနားကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ယနေ့နံနက် ၁၀ နာရီခွဲ ခန့်က ပြုလုပ်သည်။
daw_khin_kyi400 မိခင် ဒေါ်ခင်ကြည် ၏ ဂူဗိမာန်တွင် ဂါရ၀ပြု နေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)
နံနက်ပိုင်းတွင် ရွှေတောင်ကုန်း သာသနာ့ရိပ်သာမှ ဆရာတော် ဦးပဏ္ဍိတ ၀ံသ၊ ချမ်းမြေ့ဆရာတော် ရှင်ဇနကာဘိဝံသ အပါအ၀င် သံဃာတော် ၁၀ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင်တဦးဖြစ်သည့် ဦးအုန်းကြိုင် က ပြောသည်။ထို့နောက် နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး ခရစ်ယာန်ဘာသာမှ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဦးအာသာကိုလေး၊ ဦးခင် မောင်ရွှေ၊ ရိုမန်ကက်သလစ် ဂိုဏ်းမှ သိက္ခာတော်ရ ဆရာကြီး ဦးရယ်ဂျီ စသည့် ခရစ်ယာန် ဘာသာ ဂိုဏ်းပေါင်းစုံမှ ပုဂ္ဂိုလ်များ လည်းကောင်း၊ ညနေပိုင်းတွင် အစ္စလမ် ဓမ္မ ဗိမာန်မှ ဦးအေးလွင် ဦးဆောင်သော အစ္စလမ် ဘာသာရေး အဖွဲ့နှင့် ဦးလှအောင် ခေါင်း ဆောင်သည့် ဟိန္ဒူဘာသာရေး အဖွဲ့ စသည့် ဘာသာရေး အဖွဲ့များက အလှည့်ကျ လာရောက် ဆုတောင်းကြကြောင်း ၎င်းက ဆက်လက်ပြောသည်။တက်ရောက်လာကြသည့် ဧည့်ပရိသတ်၏ မေတ္တာရပ်ခံချက်အရ မိခင်ကြီး ဒေါ်ခင်ကြည်၏ ကျေးဇူးတရားများကို ဒေါ်အောင်ဆန်း စုကြည် က ပြောကြားပြီးနောက် ညနေ ၄နာရီတွင် ရွှေတိဂုံဘုရားလမ်းရှိ ဒေါ်ခင်ကြည်၏ အုတ်ဂူသို့ သွားရောက်ပြီး ဂါရ၀ပြုသည်။ဒေါ်ခင်ကြည်အား ရွှေတိဂုံ ခြေတော်ရင်း တောင်ဘက်မုခ် အနီးရှိ သီပေါမင်း ၏ မိဖုရား စုဘုရားလတ်၊ ငြိမ်းချမ်းရေးဗိသုကာ ဆရာ ကြီး သခင်ကိုယ်တော် မှိုင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် စသည့် ပုဂ္ဂိုလ်ကြီးများ၏ ဂူဗိမာန်များအနီးတွင် ဂူသွင်း သဂြိုဟ် ထားသည်။

ဒေါ်ခင်ကြည်ကို ၁၉၁၂ ခုနှစ် ဧရာဝတီတိုင်း မြောင်းမြမြို့ အဘ ဦးဖိုးညှင်း၊ အမိ ဒေါ်ဖွားစု တို့မှ မွေးဖွားခဲ့ပြီး ဒုတိယ ကမ္ဘာစစ် အတွင်း အစ်မဖြစ်သူ ဒေါ်ခင်ကြီးနှင့် အတူ သူနာပြုဆရာမ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ထိုသို့ တာဝန်ထမ်းနေစဉ်အတွင်း မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် တွေ့ဆုံ၍ ၁၉၄၂ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင် လက်ထပ်ခဲ့သည်။ အစ်မဖြစ်သူ ဒေါ်ခင်ကြီးမှာလည်း မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် အရေးပါသော ခေါင်း ဆောင် တဦးဖြစ်သည့် သခင် သန်းထွန်းနှင့် လက်ထပ်ခဲ့သည်။ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် လက်ထပ်ခဲ့ပြီးနောက်ပိုင်း သား (၂)ယောက်၊ သမီး (၁)ယောက်မွေးဖွားခဲ့ပြီး အငယ် ဆုံးသား ဖြစ်သူ အောင်ဆန်းလင်းမှာ ငယ်စဉ်ကပင် ရေနစ်သေဆုံးခဲ့သည်။ခင်ပွန်း ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး နောက်ပိုင်းတွင် အာဏရ ဖဆပလ အစိုးရအဖွဲ့တွင် ၁၉၄၇ ခုနှစ်မှ ၁၉၅၂ ခုနှစ် အထိ လွှတ်တော်အမတ်၊ ၁၉၆၀ ခုနှစ်တွင် မြန်မာပြည်၏ ပထမဆုံး အိန္ဒိယနိုင်ငံဆိုင်ရာ အမျိုးသမီး သံအမတ်အဖြစ် တာဝန်ယူ ခဲ့ သည်။ထို့နောက် ဒေါ်ခင်ကြည်သည် ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် လေဖြတ်ဝေဒနာကို ခံစားရပြီး ဒီဇင်ဘာ ၂၇ ရက်နေ့ အသက် ၇၆ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။သား အကြီးဆုံးဖြစ်သူ ဦးအောင်ဆန်းဦးမှာ ယခုလက်ရှိ အမေရိကန် ပြည်ထောင်စုတွင် နေထိုင်နေပြီး သမီးဖြစ်သူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်တွင် နေထိုင်လျက်ရှိသည်။

ဒီကေဘီအေတပ်ကို နအဖ တပ်ရင်းသုံးရင်းဖြင့် တိုက်ခိုက်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းက ဖလူးလေးမှာရှိတဲ့ ဒီကေဘီအေ တပ်ရင်းကို နအဖ တပ်ရင်းသုံးရင်းက တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ဒီကေဘီအေ ကလိုထူးဘောဗျူဟာမှူး ဗိုလ်မှူးကျော်သက် က ပြောပါတယ်။ဒီမနက် ၆ နာရီခွဲလောက်ကနေ နေ့ခင်း ၁ နာရီ လောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် နှစ်ဖက် ထိခိုက်မှု တွေရှိခဲ့ပေမယ့် အရေအတွက် အတိအကျ မသိရသေးဘူးလို့ ဗိုလ်မှူးကျော်သက် က ပြောပြပါတယ်။ဒီတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံအတွင်းကို ထွက်ပြေးခိုလှုံတဲ့ ဒုက္ခသည်တွေက အခြေအနေ မငြိမ်သက် သေးတဲ့အတွက် ထိုင်းဘက်ခြမ်းမှာပဲ ရှိနေဆဲဖြစ်ပါတယ်။နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ် မြဝတီမြို့နယ်အပါအဝင် ဘုရားသုံးဆူမြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ စစ်အစိုးရတပ်နဲ့ ဒီကေဘီအေတို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပါတယ်။ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်မြို့နယ်ရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင်ကျေးရွာ တွေအပြင် မာနယ်ပလော ဒေသမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
နော်နိုရင်း

KNPP နအဖ တပ် ယာဉ်တန်းကို တိုက်ခိုက်၊ ၃ ဦး ကျဆုံး

သန်းထိုက်ဦး Monday
ကယားပြည်နယ် ဖရှုးဆိုးမြို့နယ်တွင် သံလွင် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအတွက် သွားနေသည့် အစီး၂၀ ခန့်ရှိ နအဖ ယာဉ်တန်းကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် သောကြာနေ့က ခြုံခို တိုက် ခိုက် ခဲ့သောကြောင့် နအဖဘက်မှ ၃ ဦး ကျဆုံးကြောင်း KNPP အတွင်းရေး မှူး (၁) ခူးဦးရယ်က ဧရာဝတီသို့ ပြောသည်။  
KNPP400“နိုင်ငံခြားသား အလုပ်သမား အင်ဂျင်နီယာတွေ သယ်ဆောင်နေတဲ့ ယာဉ်တန်းလို့လည်း ပြောလို့ရတယ်၊ စစ်ကားနဲ့ပဲ၊ နအဖ လုံခြုံရေး တပ်တွေလည်း ပါတယ်၊ အဲဒါကို ကျနော်တို့ ရဲဘော်တွေကနေပြီးတော့ လမ်းမှာ ဖြတ်တိုက်တယ်”ဟု ၎င်းက ဆို သည်။ တိုက်ပွဲကြောင့် ၃ ဦး ကျဆုံးသည်ဟု သတင်းရရှိထားပြီး ထိခိုက် ဒဏ်ရာရရှိသူများ စာရင်းကိုမှု သတင်းမရသေးကြောင်း ၎င်း က ဆက်ပြောသည်။

သံလွင်မြစ်ပေါ်တွင် ရေကာတာ တည်ဆောက်ရန် လွိုင်ကော်မြို့နယ်မှ ဖရှုးဆိုးဒေသသို့ အသွား လမ်းခုလပ်တနေရာတွင် ခြုံခို တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ တိုက်ခိုက်ခံရသော နအဖ တပ်ရင်း အမည်နှင့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအဖွဲ့၏ ကုမ္ပဏီကိုမှု မသိရှိရသေးပေ။ သို့သော် ယင်း ဒေသတ၀ိုက်တွင် နအဖ၏ ခြေမြန်တပ်ရင်း(ခမရ) ၄၂၈နှင့် တပ်ရင်း ၅၃၀ တို့က လှုပ်ရှားနေကြောင်း သိရ သည်။  နအဖ စစ်အစိုးရ ရေကာတာ တည်ဆောက်ရေး စီမံကိန်းကို ဘော်လခဲမြို့နယ် ရွာသစ် အနီးရှိ သံလွင်မြစ်ပေါ်တွင် တည်  ဆောက်ရန် စီစဉ်ထားသည်ဟု KNPP တပ်ဖွဲ့ဝင်များက သတင်းရရှိထားကြောင်း ခူးဦးရယ်က ဆိုသည်။

ရေကာတာ တည်ဆောက်မှုကြောင့် ဒေသခံများ ရွှေ့ပြောင်းခံရနိုင်ခြင်းရှိသကဲ့သို့ ကျေးရွာ အနီး တ၀ိုက်တွင်လည်း ရေလွှမ်း မိုးမှုများ ကြုံတွေ့ရနိုင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။ “အနီးအနားမှာ ရှိတဲ့ ဒေသတွေမှာလည်း ရေလွှမ်းမိုးနိုင်ဖွယ် ရှိတယ်၊ ဒါ့အပြင်ကို ကျနော်တို့ သားရဲ တိရစ္ဆာန်တွေ သေဆုံး ပျက်စီး နိုင်တဲ့ အခြေအနေတွေရှိတယ် ဆိုတော့ ဆုံးရှုံးမှုတွေ ပိုပြီးများမယ့် အခြေအနေရှိပါတယ်”ဟု ခူးဦးရယ်က ပြောသည်။ အောက်တိုဘာလ နောက်ဆုံးအပတ်ကလည်း လွိုင်ကော်မြို့နှင့် ရှားတောမြို့နယ်ကြားတွင်ရှိသော ပွန်ချောင်းတံတား အနီးတွင် KNPP တပ် နှင့် စစ်အစိုးရ ခြေလျင်တပ်ရင်း (ခလရ) ၇၂ တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၎င်း တံတား ပျက်စီးသွားခဲ့ သည်။KNPP အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးပေါင်း၍ စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ကော်မတီ တရပ်ကိုလည်း နိုဝင်ဘာ လဆန်းပိုင်းက ဖွဲ့စည်းခဲ့သည်။ ယင်း မဟာမိတ်အဖွဲ့တွင် အပစ်ရပ် တိုင်းရင်းသား အဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA- N) ၊ မွန်ပြည်သစ်ပါတီ (NMSP) တို့အပြင် အပစ် မရပ်သေးသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်နီ တိုးတက်ရေး ပါတီ (KNPP) နှင့် ချင်းအမျိုးသား တပ်ဦး (CNF) တို့ ပါဝင်ကြောင်း သိရှိရသည်။

အပစ်ရပ်သျှမ်းတပ်ဖွဲ့နယ်မြေသို့ နအဖတပ် အင်အားထပ်ဖြည့်

ယမန်နေ့က သျှမ်းပြည်တပ်မတော် အပစ်ရပ်တပ်မဟာ ၁ နယ်ဘက်သို့ နအဖစစ်တပ် ၅ ရင်း ခန့်အင်အား တိုးချဲ့ဖြည့်ထားကြောင်း တရုတ်နယ်စပ် သတင်းရပ်ကွက်ကဆိုသည်။“မိုင်းရယ်က ခမရ ၃၂၅၊ ဟိုယက ခလရ ၆၇၊ နောင်တော် (နမ္မတူ) က ခလရ ၁၄၇၊ သီပေါက ခလရ ၂၃ နဲ့ ဆိုင်းခေါင် (တန့်ယန်း) က ခလရ ၂၂ လက်အောက်ခံ တပ်ခွဲတွေပေါ့၊ တခြားဒေသမှာ သွားလှုပ်ရှားနေတဲ့ တပ်ခွဲတွေ ဒီဘက်ကို ပို့လိုက်တဲ့သဘော၊ အင်အားက စုစုပေါင်း ၃၀၀ ကျော်ရှိမယ်လို့ခန့်မှန်းရတာဘဲ” - ဟု တပ်မဟာ ၁ မိသားစုဝင်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။တပ်မဟာ ၁ ၏ စစ်ဒေသအမှတ် ၁ နယ်မြေ သီပေါ - မိုင်းရယ် နှင့် ကျေးသီးဘက်သို့ ပြန်ဆင်းလာ ခြင်းဖြစ်ပြီး ဝမ့်ဟိုင်းနှင့်စိန်ကျော့ကြား တိုးချဲ့နေရာယူလာသည်ကို ၂၂ ရက်ညမှ စတွေ့ ခြင်းဖြစ်သည်ဟု အဆိုပါ ပုဂ္ဂိုလ်က ပြော၏။

“မိုင်းရယ်အနောက်ဘက် ၇ - ၈ မိုင်လောက်ဝေးတဲ့ မိုင်းရယ် - ဆိုင်ကျော့ကြား၊ ၀မ့်ဟိုင်းဆိုင် ကျော့ကြားနယ်မြေအထိ ဝင်လာတာ။ တပ်မဟာ ၁ ဘက်ကလဲ ပိုပြီး သတိထားရတယ်။ အသင့်ပြင်ဆင် ထားရတယ်။သူတို့ ဘယ်ဖက်ထပ်ထိုး ဖောက်ဦးမလဲ။ ဘယ်လို ထပ်လှုပ် ရှားမလဲ စောင့်ကြည့်ရဦးမှာပေါ့” - ဟု ၎င်းက ပြောပြသည်။သို့သော် ယခုလ ၁၈ ရက် သျှမ်းပြည်တပ်မတော် (တပ်မဟာ ၁ ) ၏ ဝမ့်ဆော့တိုက်နယ် အနောက်ဘက် ၃ မိုင်ခန့်အကွာ ဝမ့်လွေရွာ ကွန်ကျိုင်း SSA တပ်စခန်းအား နအဖ စစ်တပ် ဝင်ရောက်တိုက်ခိုက်စဉ် ဝမ့်ဟိုင်းမှ SSA တပ် အင်အားများထပ်ဖြည့်၍ တိုက်ပွဲအပြင် ဘက်မှ ၀န်းရံလိုက်ပြီး ၁၉ ရက် ညနေပိုင်းမှ ထွက်ပေါက် ပေးခဲ့၏။ နအဖတပ် ထပ်မံကျူးကျော် ၀င်ရောက်လာပါက အချိန်မရွေး ပစ်ခတ်ရန် ထိုစဉ်က အမိန့် ထုတ်ထားခဲ့သည်။

အလားတူ ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်လည်း တရုတ်နယ်စပ် မူစယ်မှ စစ်လက်နက်တင် ၁၀ ဘီးကားကြီး ၂ စီး လားရှိုးသို့ ဆင်းသွားရာ ကွတ်ခိုင်မြို့အ၀င် ၁၃ မိုင်အကွာ၌ ကားပျက် လမ်းပိတ်နေသည်ကို မွန်းတည့်ချိန်တွေ့ရကြောင်း မူစယ်မှလာသော ခရီးသည်တဦးက ပြောပြသည်။“ဘီအီး ၁၀ ဘီးကား ကြီး ၂ စီး မူစယ်က ချောဆွဲလာတာ။ ကားကြီးက လေးလွန်းလို့ ကွတ်ခိုင် မ၀င်ခင်မှာ ပျက်နေတယ်။ လုံခြုံရေးယူပေးတဲ့စစ်သား ၂၀ ကျော်ဟာ ဟိုင်းလက်ကား ၂ စီးနဲ့ ၁၀ဘီး ကားကြီးရဲ့ အရှေ့မှာရော အနောက်မှာရောဘဲ။ ဆိုတော့ အတန်းလိုက်ကြီး လမ်းပိတ်နေတာ။ တရုတ်ဆီက လက်နက်ကြီးတွေ ရလာတယ်လို့ စပယ်ယာတယောက်က ပြောတယ်။မူစယ် လားရှိုးလမ်းတလျှောက် တချို့အကွေ့တွေမှာ လုံခြုံရေးချထားတယ် ” ဟု အဆိုပါ ခရီးသည်က ပြောပြသည်။

ကချင်ပြည်နယ် ဧရာဝတီတံတားတွင် လူဖြတ်သန်းခွင့် အချိန်ကန့်သတ်

ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန
ကချင်ပြည်နယ်၏ အဓိက တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းရှိ ဗလမင်းထင် ဧရာဝတီ တံတားတွင် လူဖြတ်သန်း သွားလာမှုအား မြန်မာစစ်အစိုးရမှ အချိန် ကန့်သတ်လိုက်ခြင်းကြောင့် ဒေသခံပြည်သူများနှင့် ကုန်သည်များ အခက်ကြုံတွေ့နေရကြောင်း သိရသည်။
တံတားမုဒ်ဝ တွက် ခရီးသွားများအား မြန်မာစစ်အာဏာပိုင်များမှ စစ်ဆေးနေပုံ။ ပုံ-ကချင်သတင်းဌာန
တံတားမုဒ်ဝ တွက် ခရီးသွားများအား မြန်မာစစ်အာဏာပိုင် များမှ စစ်ဆေးနေပုံ။ ပုံ-ကချင်သတင်းဌာန
ဧရာဝတီမြစ်၏ တဖက်တချက်ရှိ မြစ်ကြီးနား နှင့် ၀ိုင်းမော် မြို့နှစ်မြို့ကို ဆက်သွယ်ပေး သည့် ဗလမင်းထင်တံတားတွင် ပြီးခဲ့သည့် အပတ်မှစ၍ ညနေ ၆နာရီမှ မနက် ၆နာရီထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်သည်။“ဒေသခံ ပြည်သူတွေက ခက်ပြီလေ။ ၆နာရီပိတ်တာဆိုတော့ ၆နာရီအတောအတွင်းဝင်လာရမယ်။အဲထက်နောက်ကျရင်တော့ ဝိုင်းမော်မြို့မှာ အိပ်လိုက်ရတယ်။” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ယခုလို ညသွားလာခွင့် ပိတ်ပင်လိုက်သည်မှာ လာမည့် နှစ်သစ် ဇန်န၀ါရီ ၇ ရက်မှ ၁၁ ရက်ထိ “၆၃ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး” အား မြစ်ကြီးနားတွင် ကျင်းပမည်ဖြစ်သောကြောင့် မြို့တွင်းလုံခြုံရေး တင်းကြပ်လာခြင်းဖြစ်သည်ဟု ဒေသခံများ သုံးသပ်ပြောပါသည်။နှစ်စဉ်နှစ် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး ကျင်းပချိန်ရောက်တိုင်း မြို့တွင်း လူအဝင်အထွက် စစ်ဆေးမှုများတင်းကြပ်ပြီး မနောပွဲကျင်းပသည့် စီတာပူ မနောကွင်းအထဲတွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာချထားလျက်ရှိသည်။

မြစ်ကြီးနားမြို့တွင် ကျောင်းတက်နေသည့် ဝိုင်းမော်တစ်ဖက်ကမ်းမှ ကျောင်းသူကျောင်းသားများက အိမ်ပြန်နောက်ကျမည် စိုးရိမ်သဖြစ် ၎င်းတို့၏ ညကျူရှင်ချိန် ရွှေ့လိုက်ရကြောင်းကိုလည်း ဝိုင်းမော် ဒေသခံတစ်ဦးမှ ပြောသည်။တဖက်မှာလဲ ယခုလို တံတား ဖြတ်သန်းခွင့် အချိန်ကန့်သတ်လိုက်ခြင်းပေါ် ဝိုင်းမော်မြို့နယ် ဒေသခံတစ်ဦးမှ “စစ်အစိုးရနှင့် ဆိုင်တဲ့ လူတွေ၊ ရေအားလျှပ်စစ်ကားတွေဖြတ်ဖို့နေမှာ။ အဲကားမှာ ဘာတွေ သယ်သွား၊ သယ်လာလုပ်တယ် ဆိုတာ မသိခိုင်းစေတာကြောင့် ဖြစ်မယ်။” ဟုလည်း ထင်မြင်ချက်ပြောသည်။တရုတ်နယ်စပ်မှ မြစ်ကြီးနားသို့ ဝင်ရန် တစ်ခုတည်းသာရှိသည့် ဗလမင်းထင်တံတား မုဒ်ဝ၌လည်း ဖြတ်သန်း သွားလာနေသည့် ဒေသခံ၊ ခရီးသွားများအား စစ်အာဏာပိုင်များမှ ပုံမှန်မေးမြန်းစစ်ဆေးနေသည်မှာ ယခုချိန် ပိုပြီးတင်းကြပ်လာကြောင်း ဒေသခံများပြောသည်။

မြန်အောင်မြို့က ရဲ ဆိုးတယောက်အကြောင်း

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတဦးက စားသောက်ဆိုင်တခုမှာ အလုပ်လုပ်တဲ့ မိန်းမပျိုတဦးကို အတင်းအဓမ္မ သားမယားအဖြစ်ပြုကျင့်ခဲ့တဲ့ အဖြစ်အပျက်တခုပါ။၁၂.၈.၂ဝ၁ဝ နေ့ ညပိုင်း ၇ နာရီလောက်မှာ မြန်အောင်မြို့နယ် ရဲစခန်းမှ နယ်ထိန်း အင်ချပ် ဒုရဲအုပ် မင်းမင်းစိုး ဟာ အမှတ် (၁) အတွင်းမှာ ဖွင့်ထားတဲ့ ဘမ်းဘူးဟောက် စားသောက်ဆိုင် သီးသန့်ခန်းထဲတွင် အရက်သေစာ သောက်စားခဲ့ပါတယ်။အဲဒီအခန်းထဲမှာ မသီတာဆိုသူ မိန်းခလေးတဦးနှင့် စက်ဖွင့်သူ လူငယ်တဦးဟာ သူနဲ့ အတူရှိနေပါတယ်။ သူတို့နှစ်ဦးဟာ ဒုရဲအုပ် မင်းမင်းစိုးကို ဧည့်ခံနေတာပါ။ ဒုရဲအုပ် မင်းမင်းစိုး မူးလာချိန်မှာ စက်ကိုင်တဲ့လူငယ်ကို အခန်းပြင်ထွက်ခိုင်းလိုက်ပြီး သီးသန့်ခန်း ထဲမှာ မသီတာ တယောက်ပဲ နေခိုင်းပါတယ်။
ထို့နောက် ဒုရဲအုပ်မင်းမင်းစိုး ဟာ အခန်းတံခါးကို သေချာပိတ်ပြီး ကောင်မလေးကို အတင်းတွန်းလှဲ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ပါတော့တယ်။ မသီတာ က အတင်း ရုန်းကန်ပေမယ့် နောက်ဆုံးတွင် သားမယား ပြုကျင့်တာကို ခံလိုက်ရပါသည်။ မသီတာ က သက်သေအဖြစ် အောက်ခံဘောင်းဘီကို သိမ်းဆည်းထားပြီး မန်နေဂျာ ဦးခင်မောင်ဦး ကို တိုင်ခံပါတယ်။မန်နေဂျာက ငါရှင်းပေးမယ် စိတ်အေးအေးထားပါလို့ ပြောပြီး ဆိုင်ရှင် ဦးမြကြီး၊ ဦးသိန်းဌေး၊ ဦးဌေးလွင် တို့ကို ပြောပြရာ ဆိုင်ရှင်မှ စခန်းမှူး ဦးမောင်မောင်တာနှင့် ဆွေးနွေး တိုင်ပင်ခဲ့ပါတယ်။ စခန်းမှူး ဦးမောင်မောင်တာ က ဒုရဲအုပ်မင်းမင်းစိုး ကို ဥပဒေအညီ အရေးယူ ဆောင်ရွက်ပေးပါမယ်လို့ ပြောခဲ့ပေမယ့် ယခုအချိန်အထိ အရေးယူခြင်း မရှိသေးပါ။မြန်အောင်မြို့နယ်ဆိုတာ ရဲအရာရှိဆိုရင် အလွန်ကြောက်ရပါတယ်။ သူတို့မြို့နယ် သူတို့ ရဲစခန်းက ရဲအရာရှိကို ပြန်ပြီးအမှုဖွင့်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ သက်ဆိုင်ရာအာဏာပိုင်များ သိစေရန် ယခုလို တင်ပြရခြင်း ဖြစ်ပါတယ်။
စားသောက်ဆိုင်မှာလုပ်တဲ့ မိန်းခလေးတိုင်းဟာ မိန်းမပျက် မဟုတ်ပါဘူး၊ နယ်ထိန်း အင်ချပ်ဒုရဲအုပ် မင်းမင်းစိုးဟာ သူ့မှာ သားမယားရှိပါလျှက် သားသမီးခြင်း၊ နှမခြင်းကိုယ်ချင်း မစာနာဘဲ မသီတာဆိုသူ မိန်းခလေးကို သားမယားပြုကျင့်သည်မှာ အင်မတန်မှ အရုပ်ဆိုး အကျည်းတန်လှပါတယ်။ ဥပဒေကို ကိုင်ဆောင်ထားတဲ့ ဥပဒေဘက်တော်သားတဦးက ပြည်သူလူထုမှ အပ်နှင်းထားသော အာဏာနဲ့ လုပ်ပိုင်ခွင့်ကိုသုံးပြီး သားပျို၊ သမီးပျိုကို ဖျက်စီးတာဟာ အင်မတန် ကြေကွဲဖွယ်ရာကောင်းတဲ့ ဖြစ်ရပ်တခုပါ။မြန်အောင်မြို့နယ်ရဲ့ နေရာတိုင်းမှာ လူသတ်မှု ကျုးလွန်ရင် ထောင်ဒါဏ် တသက်တကျွန်း ကျခံရမည်။ မုဒိန်းမှု ကျူးလွန်ရင် ထောင်ဒါဏ် တသက်တကျွန်း ကျခံရမည် ဆိုတဲ့ ဆိုင်းဘုတ်တွေ လမ်းဆုံ လမ်းခွမှာ စိုက်ထူထားပြီး တာဝန်ကျ ရဲဝန်ထမ်းကိုယ်တိုင် ကျူးလွန်နေတော့ ပြည်သူတွေအပေါ် စော်ကားရာရောက်သလို ပြည်သူလူထုနဲ့ မြန်အောင် မြို့သူ မြို့သားတွေက ဘယ်လိုလုပ်ပြီး တာဝန်ကျ ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှု ရှိနိုင်ပါမလဲ ဆိုတာ သက်ဆိုင်ရာ အာဏာပိုင်များသိစေရန် တင်ပြလိုက်ပါတယ်။
( ဖြစ်စဉ် အကျဉ်းချုပ်လောက်သာဖြစ်ပါတယ်။ )   ပေးပို့ … လွင်မြင့်

ပြင်းထန်သည့် အအေးလှိုင်း မြန်မာနိုင်ငံကို ဖြတ်သန်းဖွယ်

မြန်မာနိုင်ငံအတွင်း လာမဲ့သီတင်းပတ် ဇန်နဝါရီလဆန်းပိုင်းမှာ အင်အားအတန်အသင့် ပြင်းထန်တဲ့ အအေးလှိုင်းတခု ဖြတ်သန်း ဝင်ရောက်ဖို့ ရှိတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က RFA ကို ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားပါတယ်။“တွက်ကြည့်တော့ ခရစ်စမတ်အပြီး ဆိုတော့ ဒီဇင်ဘာအကုန် ဇန်နဝါရီ လဆန်းလောက်မှာတော့ ဖြစ်နိုင်တယ် ထင်ပါတယ်။ သိသိသာသာတော့ အေးလိမ့်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ် ဆောင်းတွေက လွန်ကဲနေတယ်ဗျ။ ကမ္ဘာ့ မြောက်ဖက်ခြမ်းမှာလေ ဥရောပမှာလည်း တော်တော်ကြီးကို အခြေအနေ ဆိုးနေတယ်။ ဆိုတော့ ကျွန်တော်တို့ဖက်လည်း အထိုက်အလျောက်တော့ အေးလိမ့်မယ်လို့ ထင်ပါတယ် ခင်ဗျ။အခုလို အအေးလှိုင်းဝင်ရောက်မှုကြောင့် ဆောင်းသီးနှံအထွက်နှုန်း ထိခိုက်မှု ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတဝန်း မနက်ခင်းတွေမှာ မြူနှင်းတွေ အထူအထပ် ဖုံးအုပ်ကျဆင်းနိုင်တဲ့အတွက် အမြင်အာရုံ မသဲကွဲမှုကြောင့် ဖြစ်ပွားနိုင်တဲ့ မတော်တဆမှုနဲ့ အန္တရာယ်တွေကို သတိပြုဖို့ လိုအပ်ကြောင်း ဦးထွန်းလွင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ တခြား ကမ္ဘာ့ နိုင်ငံတွေမှာလို ရာသီဥတု ပြောင်းလဲမှုနဲ့ ရင်ဆိုင်နေရပြီး အအေးဓာတ် ပြင်းထန်တဲ့ ဆောင်းရာသီကို မနှစ်က စတင်ကြုံလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အခါလွန်မိုး ရွာသွန်းခဲ့တာကြောင့် မြန်မာပြည် အောက်ပိုင်းဒေသတွေမှာ ရင့်မှည့်စပါးတွေ အတော်များများ ပျက်စီးမှု ရှိခဲ့ပါတယ်။ မိုးလေဝသပညာရှင် ဦးထွန်းလွင်ကတော့ အခုနှစ်အတွင်း နောက်ထပ် မိုးရွာသွန်းမှု မရှိနိုင်တော့ဘူးလို့ ခန့်မှန်းပြောဆိုပါတယ်။မြန်မာနိုင်ငံရဲ့ ဆောင်းတွင်းကာလ အအေးလှိုင်း ဖြတ်သန်းမှုနဲ့ မိုးလေဝသ ရှေ့အလားအလာ ခန့်မှန်းချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက် နားဆင်ရန်

မြောက်ကိုရီးယား နျူကလီးယားသုံးရန် အသင့်

တောင်ကိုရီးယားနိုင်ငံက နောက်ထပ် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေစဉ်မှာပဲ တောင်နဲ့မြောက် ၂ ဘက်အကြား အပြန်အလှန် တုံ့ပြန် ပြောဆိုမှုတွေလည်း တိုးလာနေပါတယ်။ရန်စတဲ့ အပြုအမူတွေ လုပ်ရင် နျူကလီးယား စွမ်းရည်ကို အသုံးပြုပြီး မြင့်မြတ်တဲ့စစ်ပွဲ ဆင်နွှဲဖို့ အဆင်သင့် ရှိနေတယ်လို့ မြောက်ကိုရီးယားက ကြာသပတေးနေ့မှာ ပြောဆိုလိုက်တာပါ။စစ်မက်ဖြစ်ပွားမယ့် အခြေအနေတွေကို ရောက်အောင် တောင်ကိုရီးယားက တွန်းပို့နေတယ်လို့လည်း မြောက်ကိုရီးယား လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ၀န်ကြီး ကင်မ်ယုံချွန်း (Kim Yong Chun) ကို ကိုးကားပြီး မြောက်ကိုရီးယား သတင်းအေဂျင်စီက ဖော်ပြခဲ့တာပါ။နယ်စပ်ဒေသအနီးက စစ်အခြေစိုက် စခန်းကို သွားရောက်ခဲ့တဲ့ တောင်ကိုရီးယား သမ္မတ အီမြောင်ဘက်ခ် (Lee Myung-bak) ကလည်း မြောက်ကိုရီးယားရဲ့ တိုက်ခိုက်မှု အသစ်တွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်ရမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး ရရှိဖို့ စိတ်ရှည်ဖို့ လိုမယ်လို့ ထင်ခဲ့တာဟာ မှားယွင်းတယ်လို့လည်း တောင်ကိုရီးယား သမ္မတက ပြောခဲ့တာပါ။ တောင်ကိုရီးယားကတော့ နောက်ဆုံးအကျော့ စစ်ရေးလေ့ကျင့်မှုတွေကို ကြာသပတေးနေ့က မြေပြင်နဲ့ ဝေဟင် တပ်ဖွဲ့တွေ အသုံးပြု လုပ်ဆောင်ခဲ့ပါတယ်။ဗုံးတွေ၊ လက်နက်ကြီးတွေ၊ ရော့ကတ် လောင်ချာတွေနဲ့ F-15 တိုက်လေယာဉ်တွေရဲ့ ပစ်ခတ် လေ့ကျင့်မှုတွေကြောင့် တောင်နဲ့မြောက် နယ်ခြားက မိုင် ၂၀ လောက်အကွာ မြစ်ဝှမ်းဒေသမှာ ယမ်းငွေ့တွေ ဖုံးလွှမ်း နေခဲ့တာပါ။တောင်ကိုရီးယားနိုင်ငံရဲ့ အရှေ့ဘက် ကမ်းရိုးတန်း အလွန်မှာလည်း ရေတပ်က ၃ ရက်မြောက် စစ်ရေးလေ့ကျင့်မှုတွေကို ဆက်လက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
နားဆင်ရန်

၂၂ နှစ်ပြည့် ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ နိုင်ငံရေးမူသစ်အချို့ ချမှတ်

ဒီဇင်ဘာ ၂၀ ရက်မှ ၂၉ ရက်နေ့အထိ ၁၀ ရက်ကြာ ကျင်းပမည့် ဝ ပြည်သွေးစည်း ညီညွှတ်ရေးပါတီ ခရိုင်အဆင့် ညီလာခံတွင် အသစ်တက်လာမည့် နိုင်ငံတော်အစိုးရနှင့် ညှိနှိုင်းတိုင်ပင်ရေး ကမ်းလှမ်းချက် အပါအ၀င် မူဝါဒအချို့ထပ်မံ ချမှတ်ကြောင်း စုံစမ်း သိရှိရပါသည်။
UWSP ဝ ပြည်သွေးစည်းရေးပါတီ ဒီမိုကရေစီ ရွေးကောက်ပွဲ တက်ရောက်သူ ရှောက်မင်လျဲန်(တတိယမြောက် ပုဂ္ဂိုလ်)
“ပြီးခဲ့တဲ့ ၂၀ ရက်နေ့က ကျနော်တို့ ပါတီရဲ့ ၂၂ နှစ်ပြည့် မွေးနေ့လေ၊ ဆွေးနွေးရမယ့်ဟာတွေတော့ အများကြီးပေါ့။ အဓိက ဆွေးနွေးဖြစ်တာကတော့ နောင်လာမယ့် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသစ်နဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းထားတဲ့ အချက်တွေပါတယ်”- ဟု ညီလာခံ တက်ရောက်သူ ဝ အရာရှိတဦးက ပြောပြပါသည်။ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ မိုင်းမောခရိုင် ညီလာခံတွင် ဝ ပြည်နယ်အစိုးရ ဒုသမတနှင့် UWSP ဒု အတွင်းရေးမှူး ရှောက်မင်လျဲန် က အဓိက ၆ချက် မိန့်ခွန်းချွေခဲ့ကြောင်း၊ နောင်တက်လာမည့် အစိုးရသစ်နှင့် လက်ရှိစစ်အစိုးရတို့အကြား ကွာခြားမှုမှာ ယူနီဖောင်း ၀တ်စုံသာဖြစ်ကြောင်း၊ သို့သော် အစိုးရသစ်နှင့် ဆွေးနွေးရန် ဆက်ဆံရေးကော်မတီ စေလွှတ်လိုကြောင်း၊မိမိတို့ UWSP/UWSA သည် ပြည်တွင်းစစ်ကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး အတွက် အခြေခံရပ်တည်ကြောင်း၊ ငြိမ်းချမ်းရေး မပျက်ပြားရန် အထူး ထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ပြီး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစိုက်မတ်မတ် ကြိုးစား သွားမည် ဖြစ်ကြောင်း တင်ပြခဲ့သည်ဟုဆို၏။“ကျနော်တို့ ဝ ပြည် သွေးစည်းညီညွှတ်ရေးပါတီမှာ ပါတီဝင် ၇၅၀၀ ရှိတယ်၊ ပါတီ အထွေထွေအတွင်းရေးမှူးက ဦးပေါက်ယူချမ်း၊ ဒု အတွင်းရေးမှူးက ရှောက်မင်လျဲန်၊ နိုင်ငံရေး အတိုင်အပင်ခံကွန်ကရက် ဥက္ကဌ က ဗိုလ်လာခမ်း” - ဟု ညီလာခံတက်ရောက်သူ ပန်ဆန်းမှ အရာရှိတဦးက ပြောပါသည်။
UWSP မဲပေးနေပုံ
ယနေ့ ဒီဇင်ဘာ ၂၃ ရက် ညီလာခံ တက်ရောက်သူများက ဒီမိုကရေစီနည်းဖြင့် နောင်လာမည့် ၅ နှစ်သက်တမ်းအတွက် ခရိုင်ပါတီကော်မတီဝင်များ ရွေးကောက် တင်မြောက်သွားမည်ဟုလည်း ပြောပါ သည်။ အနယ်နယ်အရပ်ရပ်မှ အရပ်ဖက်၊ စစ်ဖက်ပါတီဝင် ၂၅၀၀ ခန့် တက်ရောက်ပြီး တောင်ပိုင်းဝနယ်(၁၇၁ စစ်ဒေသ) ကိုယ်စား-ပါတီဒုအတွင်းရေးမှူး ၂ (ပေါက်ယူချမ်း၏အစ်ကို) ပေါက်ယိုရီး UWSA ဒု စစ်ဦးစီးချုပ် တာ့အိုက်လွန်းနှင့် (ပေါက် ယူချမ်း၏တူ) တပ်မဟာ ၃၁၈ တပ်မဟာမှူး ပေါက်အိုက်ရုန့် တို့လည်း တက်ရောက်ကြ၏။ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP သည် နအဖစစ်အုပ်စု ပြီးလျှင် (အင်အား သောင်းချီရှိ) ဒုတိယအင်အား အကြီးဆုံး ဝ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA ကို ဦးဆောင် ဦးရွက်ပြုနေသည့် ပါတီဖြစ်သည်။
http://www.mongloi.org

ရှေ့တန်းစစ်မျက်နှာအတွက် UWSA အထူးတပ်မဟာတခု တိုးချဲ့ဖွဲ့စည်း

နော်မန် အကြောင်းအရာ
စက်တင်ဘာ ၁ ရက် နောက်ဆုံးထား၍ လက်နက်ချ ရမည်ဟု နအဖစစ်အုပ်စု ရာဇဒဏ်ပေးပြီးနောက်ပိုင်း ဝ ပြည်သွေးစည်းညီညွှတ် ရေး တပ်မတော်တွင် အရေးကြီးရှေ့တန်း စစ်မျက်နှာအတွက် အထူးတိုက်ခိုက်ရေး တပ်မဟာတခု တိုးချဲ့ဖွဲ့စည်းထားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

တပ်မဟာ ၆၁၈ တပ်မဟာမှူး ပေါက်ဆမ်ရိုင်း
“အရင်တုန်းက ကျနော်တို့ မြောက်ပိုင်း ဝ နယ်မှာ တပ်မဟာ ၃ ခု ရှိတယ်။ စစ်ရေး တင်းမာမှု တွေဖြစ်ပြီးနောက်ပိုင်း အရေးကြီးတဲ့ နယ်ခြားမျဉ်းတလျှောက် အထူးတိုက်ခိုက်ရေးအတွက် တပ်မဟာသစ်တခု ထပ်မံတိုးချဲ့ဖွဲ့စည်းထား ရတာဖြစ်တယ်” - ဟု ယခု ရက်ပိုင်း မိုင်းမော UWSP ပါတီညီလာခံ တက်ရောက်သူ ဝ တပ်မှူးတဦး ကပြောပါ သည်။မြောက်ပိုင်း ဝ နယ်၌ ရှိရင်းစွဲတပ်မဟာ ၃ ခုအပြင် ထပ်မံတိုးချဲ့ဖွဲ့စည်းသည့် တပ်မဟာ ၆၁၈ သည် အထူးရှေ့ တန်းစစ်မျက်နှာ ဖြစ်သည့် မန်းဆိုင် နှင့် နောင်ခစ်မြို့နယ် ဒေသတွင် ထိန်းချုပ်တာဝန်ယူရကြောင်း၊တပ်မဟာ ၆၁၈ တပ်မဟာမှူးမှာ ပေါက်ဆမ်ရိုင်း ဖြစ်ကြောင်း၊ နအဖ ထိန်း ချုပ်နယ်မြေ (သံလွင်အနောက် ခြမ်း)တန့်ယန်းမြို့နယ်နှင့် မျက်နှာခြင်းဆိုင်ဖြစ်ကြောင်း၊ (သံလွင်အရှေ့ခြမ်း) တာ့ကောင်းအက်တံတားအလွန် နအဖ၏ အကြီးဆုံးခံတပ် လွယ်ပန်လုံတ၀ိုက်ဖြစ်ကြောင်း၊ ထိုခံတပ်နှင့်အပြိုင် အရေးကြီးဆုံးရှေ့ပြေး လွယ်ပန်ဇုံ ဝ ခံတပ်ကို ဤ တိုးချဲ့ဖွဲ့စည်း လိုက်သည့် တပ်မဟာသစ် ၆၁၈ က တာဝန်ယူရကြောင်း ဆိုပါသည်။

“ဒီညီလာခံကနေ ဆုံးဖြတ်ပြီး ဖွဲ့စည်းတာ မဟုတ်ဘူး၊ စက်တင်ဘာလ ကတည်းက ထပ်တိုးချဲ့ ဖွဲ့စည်းလိုက်တာ၊ စစ်ရေးတာဝန်ယူ လာတာ ၃ လလောက်ရှိပါပြီ”
- ဟု ဆက်၍ ပြောပြပါသည်။လက်ရှိ ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်တွင် တပ်မဟာ ၉ ခု ရှိကြောင်း၊ တောင်ပိုင်း ဝ နယ် ၅ ခု၊ မြောက်ပိုင်း ဝ နယ် ၄ ခု၊ တပ်မဟာတခုလျှင် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိရှိကြောင်း၊ ထို့အပြင် ပြည်သူ့စစ် တပ်မဟာလည်းရှိသေးကြောင်း ပန်ဆန်း ဌာနချုပ် ၀ အရှိကြီးတဦးက ယခုကဲ့သို့ပြောပါသည်။“မိုင်းမောမှာပြည်သူ့ စစ်တပ်မဟာ ၉၁၆ ရှိတယ်၊လက်အောက်ခံတပ်ရင်းက ၁၁ ရင်း၊ ၀ိန်းကောဝ်မြို့နယ် တပ်မဟာ ၉၁၇ အောက် မှာ ၅ တပ်ရင်း၊ မိုင်းပေါက်က ၉၁၈ က ၅ ရင်း၊ နောက်ပြီး တောင်ပိုင်း ဝ နယ် မိုင်းယွန်း မှာ လဲရှိသေးတယ်၊ အဲဒါတွေက မိမိရပ် ရွာကိုကာကွယ်တဲ့ ဒေသခံ လူထုတပ်ဖွဲ့တွေဘဲ”  ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ မြောက်ပိုင်း ဝ နယ်တွင် တပ်မဟာ ၃၁၈ ၊ တပ်မဟာ ၄၁၈ ၊ တပ်မဟာ ၄၆၈ မိုင်းပေါက်နှင့် တိုးချဲ့တပ်မဟာသစ် ၆၁၈ အပြင် တောင်ပိုင်း ဝ နယ် အမှတ် ၁၇၁ စစ်ဒေသတွင်မူ တပ်မဟာ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၁၈ တို့ ဖြစ်ကြသည်။

ဟန်လေး Saturday, 25 December 2010 12:49 ကာတွန်း
ca-dec-25-10

Forever Group နှင့် ရွှေသံလွင် စီးပွားရေး ပြိုင်

ဧရာဝတီ 
အခပေး ဖျော်ဖြေရေး ရုပ်သံလိုင်းများ ရောင်းချသော ရွှေသံလွင် ကုမ္ပဏီနှင့် ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းနှင့် နီးစပ်သူများ ထူထောင်ထားသော Forever Group ကုမ္ပဏီတို့ အပြိုင်အဆိုင် ဈေးလျှော့ ရောင်းချခြင်းဖြင့် အခပေး ရုပ်သံလိုင်း ကြည့်ရှုမည့် ဖောက်သည် အသစ်များ ရှာဖွေ၍ စီးပွားရေး အားပြိုင်မှု ပြင်းထန်နေကြသည်။
skynet_two ရန်ကုန်မြို့ တပ်မတော် ခန်းမ၌ ဒီဇင်ဘာ ၂၃ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်သော YANGON EXPO 2010 တွင် SKY NET အခပေး ရုပ်သံလိုင်း အရောင်း မြှင့်တင်ရေး သရုပ်ဆောင်နေသည့် မြန်မာမော်ဒယ် လှပျိုဖြူ နှစ်ဦးကို တွေ့ရစဉ်(ဓာတ်ပုံ - ဧရာဝတီ)
၂၀၀၅ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ ဆွေမျိုးသားချင်းတချို့နှင့် ဦးဝင်းမော်၊ ဦးအေးကျော် အပါအ၀င် အပေါင်း အပါ များက မြန်မာ စာတန်းထိုး နိုင်ငံခြားရုပ်ရှင်များ ပြသသည့် ဖျော်ဖြေရေး ရုပ်သံလိုင်းနှင့် အားကစားလိုင်းများကို ရောင်းချခဲ့ပြီး မြန်မာ နိုင်ငံတွင် ပထမ ဆုံးသော အခပေး ရုပ်သံလိုင်း ဈေးကွက်ကို ဦးဆောင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး ရွှေသံလွင် ကုမ္ပဏီက Sky Net အမည်ဖြင့် အခပေးရုပ်သံလိုင်းများ ဈေးကွက်တွင်း ၀င်ရောက်လာခြင်းကြောင့် အဆိုပါ ကုမ္ပဏီ နှစ်ခု၏ ဈေးကွက်အားပြိုင်မှုမှာ ပြင်းထန်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွှေသံလွင် Sky Net က သူတို့ရဲ့ အခပေး ရုပ်သံလိုင်းတွေရဲ့ဈေးနှုန်းကို တ၀က်တိတိ လျှော့ပစ်လိုက်တယ်။ Forever Group က လည်း အခပေး ရုပ်သံလိုင်းတွေကို ဈေးတွေတ၀က်ကျော်ကျော်လျှော့ပစ်တယ်။ ဒီ ကုမ္ပဏီနှစ်ခုက အပြိုင်အဆိုင်ကို ဈေးတွေလျှော့ရောင်း နေကြတယ်”ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ရွှေသံလွင်ကုမ္ပဏီ၏ Sky Net အခပေးရုပ်သံလိုင်း ၃၈ လိုင်းကြည့်ရှုရန် ရုပ်သံလိုင်းဖမ်းစက် တန်ဖိုး၏ ပုံမှန်ကုန်ကျစရိတ်မှာ ၆၈၀၀၀ ကျပ် ဖြစ်သော်လည်း ၅၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ၃၄၀၀၀ ကျပ်၊ ရုပ်သံလိုင်းနှစ်စဉ်ကြေးအတွက် တလလျှင် ၁၈၀၀၀  ကျပ်နှုန်း ဖြင့် တနှစ်စာ ၂၁၆၀၀၀ ကျပ်ကျသင့်မည်ဖြစ်သော်လည်း ၅၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ၁၀၈၀၀၀ ကျပ်အထိ ဈေးနှုန်းများ လျှော့ချ ပေးထားကြောင်း သိရှိရသည်။Forever Group ကုမ္ပဏီကလည်း MRTV 4 နှင့် နိုင်ငံတကာ ရုပ်သံလိုင်းများ ပါဝင်သည့် အခပေးရုပ်သံဖမ်းစက် နှင့် 5 Movie ၊5 Series နှင့် Star Sports ဖမ်းယူနိုင်သော ရုပ်သံဖမ်းစက် ဟူ၍ နှစ်မျိုးခွဲခြားပြီး ဈေးနှုန်များ လျှော့ချရောင်းခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။
YANGON_EXPO_2010_SKY_NET400 ရန်ကုန်မြို့ တပ်မတော် ခန်းမ၌ ဒီဇင်ဘာ ၂၃ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပသော YANGON EXPO 2010 တွင် SKY NET အခပေး ရုပ်သံလိုင်း အရောင်းမြှင့်တင်ရေး သရုပ်ဆောင်နေသည့် မြန်မာမော်ဒယ် တဦး(ဓာတ်ပုံ - ဧရာဝတီ)


“MRTV 4 နဲ့ နိုင်ငံတကာလိုင်းတွေ ဖမ်းနိုင်တဲ့ ရုပ်သံဖမ်းစက်နဲ့ တနှစ်စာ ရုပ်သံလိုင်း ကြည့်ရှုခွင့်အတွက် ၆၀၀၀၀ ကျပ်ပါ။ 5 Movie ၊ 5 Series နဲ့ 5 Sports ရုပ်သံလိုင်းဖမ်းစက် ၆၂၀၀၀ ကျပ်။ အဲဒီအထဲမှာ သုံးလ အခပေး ရုပ်သံလိုင်း ကြည့်ခွင့် ပါတယ်” ဟု Forever Group ကုမ္ပဏီ မှ အရောင်း ကိုယ်စားလှယ် တဦးက ပြောသည်။ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ရှိသူတဦးကမူ လက်ရှိ Sky Net ရုပ်သံလိုင်းများ လျှော့ဈေးဖြင့် ရောင်းချခြင်းမှာ ကုမ္ပဏီအတွက် အရှုံးပေါ်စေကြောင်း၊ သို့သော်လည်း ဈေးကွက်ရရှိရေးကိုသာ အာရုံထားနေသည့်အတွက် အရှုံးခံ ရောင်းချနေခြင်းဖြစ်ကြောင်း ရှင်းပြ သည်။

“Sky Net က အခပေး ရုပ်သံလိုင်း ၀န်ဆောင်မှုအပါအ၀င် ၀န်ဆောင်မှု သုံးမျိုးလုပ်နေတယ်။ ပထမ က DTH လို့ခေါ်တဲ့ Direct To Home စနစ်နဲ့ အခပေးရုပ်သံလိုင်း ရောင်းတာ။ ဒုတိယ က MPS လို့ခေါ်တဲ့ Multi-play Services စနစ်နဲ့ ရုပ်သံလိုင်း၊ အင်တာ နက်၊ ဖုန်းလိုင်း ၀န်ဆောင်မှု ပေးတာ။ တတိယ က FTTX လို့ခေါ်တဲ့ ဖိုက်ဘာဆက်ကြောင်းနဲ့ ရုပ်သံလိုင်း၊ ဖုန်း၊ အင်တာနက် ၀န်ဆောင်မှု ပေးတာပါ။ လောလောဆယ်တော့ ရုပ်သံလိုင်းဝန်ဆောင်မှု တခုပဲ ရောင်းနိုင်သေးတယ်။ ကျန်တဲ့ အင်တာနက်၊ ဖုန်း၊ရုပ်သံလိုင်း သုံးမျိုးပေါင်းဝန်ဆောင်မှုက ၂၀၁၁ ခုနှစ်ထဲမှာ စရောင်းမယ်”ဟု ရွှေသံလွင် ကုမ္ပဏီ တာဝန်ရှိသူက ဆိုသည်။

ရွှေသံလွင်နှင့် Forever Group ကုမ္ပဏီတို့က ရောင်းချသော အခပေးရုပ်သံလိုင်းများတွင် CNN ကဲ့သို့သော နိုင်ငံတကာ သတင်း ရုပ်သံ လိုင်းများပါဝင်သော်လည်း သတင်းများမှာ တိုက်ရိုက်ကြည့်ရှုရခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံနှင့် စစ်အစိုးရအကြောင်းပါသော သတင်းများကို ဖြုတ်ပယ် ဆင်ဆာတည်းဖြတ်ပြီးမှ ကြည့်ရှုခွင့်ပြုခြင်းဖြစ်ကြောင်
း သိရှိရသည်။ရုပ်သံလိုင်း ဈေးကွက်တွင် ရွှေသံလွင်နှင့် Forever Group ကုမ္ပဏီတို့ အားပြိုင်နေချိန် အမှန်တကယ်ဈေးကွက်ကို ဦးဆောင်နေသူ မှာ အိမ်နီးချင်းထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ၀င်ရောက်နေသော ရှစ်ပေဂြိုဟ်တု ရုပ်သံစလောင်းများ ဖြစ်ကြောင်း ရန်ကုန်မြို့ရှိအီလက်ထရွန်နစ် ပစ္စည်း အရောင်းဆိုင်များက ပြောသည်။“အဓိက ဒီမိုကရက်တစ်မြန်မာ့ အသံ DVB ရုပ်သံလိုင်းနဲ့ ပြည်ပမြန်မာသတင်း မီဒီယာတွေကို ကြည့်ချင်လို့ ရှစ်ပေစလောင်း တပ် တာ များတယ်။ အချို့တွေက အယ်ဂျာဇီးယားနဲ့ စင်ကာပူ စီအင်အေလို နိုင်ငံတကာ သတင်းလိုင်း တွေကြည့်ချင်ကြ တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတဲ့နောက် ရှစ်ပေစလောင်းတပ်တဲ့သူ တော်တော်များလာတယ်”ဟု ရန်ကုန်မြို့မှ ရှစ်ပေ စလောင်း ရောင်းချသူ အီလက်ထရွန်နစ် အရောင်းဆိုင်ပိုင်ရှင် တဦးက ရှင်းပြသည်။

ရှစ်ပေဂြိုဟ်တု ရုပ်သံစလောင်းဖမ်းစက် တခုလျှင် မြန်မာငွေ ကျပ်နှစ်သိန်းနီးပါး ကုန်ကျပြီး ပြည်တွင်းအခပေးရုပ်သံလိုင်းများကဲ့သို့ လစဉ်ကြေး၊ နှစ်စဉ်ကြေးပေးရန် မလိုသောကြောင့် လူကြိုက်များကြောင်း သိရှိရသည်။“5 Movie ၊ 5 Series နဲ့ Star Sports ရုပ်သံလိုင်းတွေဆိုရင် တလရုပ်သံလိုင်းကြေး ကျပ် ၁၁၀၀၀ ပေးရတယ်။ ရှစ်ပေစလောင်း က တော့ တခါပဲကုန်တယ်။ နိုင်ငံတကာ သတင်းတွေ လွတ်လွတ်လပ်လပ် ကြည့်ရတယ်။ မြန်မာ့နိုင်ငံရေးသတင်းတွေ စုံစုံလင်လင် သိရ၊ မြင်ရတယ်”ဟု ရန်ကုန် လသာမြို့နယ်မှ ရှစ်ပေစလောင်း တပ်ဆင်ထားသူ တဦးက ပြောသည်။မြန်မာနိုင်ငံတွင် မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီရုပ်မြင်သံကြား၊ MRTV 4 ၊ International Myanmar ဟူသော စစ်အစိုးရပိုင် ရုပ်သံ လိုင်း လေးခုရှိပြီး အများစုမှာ အစိုးရ၏ ၀ါဒဖြန့်သတင်း နှင့် အာဘော်များကိုသာ ထုတ်လွှင့်လျက်ရှိသည်။

ဘက်မလိုက် ကြားနေမူဝါဒဖြင့် ၀ ပြည်ဖွံ့ဖြိုး တိုးတက်ရေးဆက်လက် အကောင်အထည် ဖော်မည်

2010 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း - သျှမ်းသံတော်ဆင့်သတင်း
ယခုလ ၂၀ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပနေသည့် ၀ ပြည်သွေးစည်း ညီညွှတ်ရေးပါတီ ခရိုင်အဆင့် ပါတီအတွင်းရေးမှူး၏ ညီလာခံ  မိန့်ခွန်း  အတိုင်း ဘက်မလိုက် ကြားနေ၀ါဒ မူအတိုင်း ရပ်တည်သွားမည်ဖြစ်ပြီး  ၀ ပြည်ဖွံ့ဖြိုး တိုးတက်ရေးကိုသာ လက်တွေ့ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း  ၀ ခေါင်း ဆောင်ပိုင်းတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။“၀ ပြည်အုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ ဆွေးနွေးတယ်။ ရှေ့လုပ်ငန်းစဉ်တွေချတယ်။ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေး အဓိကထားလုပ်သွားမယ်။ အပြောထက် အလုပ်နဲ့သက်သေပြသွားမယ် ။ ရပ်တည်ချက် ၆ ချက်ကို အကောင်အထည် ဖော်သွားမယ်။ အရင်က တင်ပြခဲ့ဖူးတဲ့ ၉ ချက် ၈ ချက်တွေနဲ့ လုံးဝ ကွဲပြားသွားပါပြီ ” ဟု အစည်းအဝေး တက်ရောက်သူ ၀ ခေါင်းဆောင်တဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။    

ဝ ပြည်နယ်အစိုးရ ဒုဥက္ကဌနှင့် ပါတီ ဒု အတွင်းရေးမှူး ရှောက်မင်လျဲန်၏ UWSA ၏ရပ်တည်ချက် ၆ ချက် မိန့်ခွန်းမှာ -
၁။ ၀ ပြည်နယ်ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ရပ်တည်သွားမည်။
၂။ ၀ပြည်နယ်တွင် မိမိကိုယ်ပိုင်တပ်မတော်ရှိရမည်။ ၀ လက်နက် ၀ လက်တွင်းရှိရမည်။ ၀ ပြည်နယ်၌ ၀ လက်နက်ကိုင်တပ်မတော်သာရှိရမည်။
၃။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ ခွဲထွက်မည်မဟုတ်။
၎။ ဘယ်စိုးရပဲတက်တက် သီးခြား ၀ လွတ်လပ်ရေး  တောင်းဆို/ ကြေငြာမည်မဟုတ်။
၅။ ဘယ်စိုးရပဲတက်တက် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ  ၀ ပြည်နယ်ရရှိရေးတောင်းဆိုသွားမည်။
၆။  ယခုတက်လာမည့် အရပ်သားအစိုးရနှင့် ၀ ပြည်နယ်အရေးဆွေးနွေးမည်။ ဘက်မလိုက် ကြားနေမူဝါဒကျင့်သုံးမည်။
smlအဆိုပါပုဂ္ဂိုလ် ဆက်ပြောသည်မှာ “ နအဖစစ်အစိုးရက ၀ ပြည်တိုးတက်ဖို့သူ့မှာစေတနာရှိတာမဟုတ်ဘူး။ ဒီတော့ကျနော် တို့ တိုးတက်ချင်ရင် ကျနော်တို့ကိုယ်တိုင် လုပ်မှဘဲရတော့မယ်။ တက်လာမယ့်  အစိုးရသစ်နဲ့ ၀ အရေး သွားဆွေးနွေးမယ်။ စစ်အစိုးရ လုပ်ငန်းစဉ်ထဲမှာလဲမပါဘူး။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစု ပင်လုံထဲမှာလဲ ၀င်မပါဘူး။ မိန့်ခွန်းထဲမှာပါတဲ့ အတိုင်း ဘက်မလိုက် ကြားနေ၀ါဒမူအတိုင်းရပ်တည်သွားမယ် ” - ဟု ဆို၏။

ထို့အပြင် အခြားနိုင်ငံကို အားကိုးမည်မဟုတ်ဘဲ မိမိဘာသာရပ်တည်နိုင်ရေးကြိုးစားသွားမည်ဟု ဆို၏။

“ ရေနံ ဂက်စ်ရောင်းရဖို့အရေး နအဖက တရားအားထုတ်နေရတယ်လေ။ တရုတ်ကလဲ သူမသာရင် သူမလုပ်ဘူးဆိုတာ ကျနော် တို့ သိနေပြီးသားဘဲ။ တဖက်ကလဲ ကျနော်တို့ဟာ တရုတ်အတွက် အပေါက်ဖြစ်နေလို့ သူတို့ဖိအားမပေးပါဘူး” - ဟု ရှင်းပြ သည်။

ဝ ပြည်ဖွံ့ဖြိုးတိုးတက်ရေး ၅ နှစ်တာစီမံကိန်းအနက် ယခုအကောင်အထည်ဖော်နေသည်မှာ ၀ ပြည်အတွက် ရေအားလျှပ်စစ် ၂ နေရာတည်ဆောက်နေပြီး နအဖ ထိန်းချုပ်နယ်မြေ တန့်ယန်းမြို့အထိ ဖြန့်ဝေပေးနိုင်မည်ဟု ရေအားလျှပ်စစ်အင်္ဂျင်နီယာ တဦး ကပြောသည်။

ဆက်ဖတ်ရန် ...
“ တခုက သံလွင်မြစ်နဲ့ နမ့်မားချောင်းဆုံမှာလုပ်တယ်။ ၈၀၀ မဂ္ဂါဝပ်အထိ အားရှိမယ်။ တန့်ယန်းအထိ ပေးနိုင်မယ်။ နောက်တခု က နမ့်မားချောင်းပေါ်မှာဘဲ။ ဒါကတော့ ၂၀၀ မဂ္ဂါဝပ်ဘဲပေးနိုင်မယ်။ ၀ ပညာရှင်နဲ့ တရုတ်ခွန်းမင်ဖွံ့ဖြိုးရေး ကုမ္မဏီက ပညာရှင် တွေ ပူးပေါင်း...

နေပြည်တော် နိုင်ငံတကာကျောင်းတည်ထောင်မှု ကို ကျောင်းဆရာများ ဒေါသထွက်နေ & အောင်သိန်းလင်း ခင်းတဲ့လမ်းဆို သတိထားလျှောက်ကြ & ဖုန်းဘေးမှာ ဗိုလ်ချုပ်မှူးကြီး ထိုင်စောင့်နေတာ ၉ ရက် &အအေးလှိုင်း ဖြတ်ဖွယ်ရှိဟု ဦးထွန်းလွင် ပြော

ဒေါ်စုသတင်း ဖော်ပြရန် ပါကစ္စတန်သတင်းအဖွဲ့ တောင်းဆို

မျိုးသိဏ်း | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာပြည်၌ ဒေါ်အောင်ဆန်းစုကြည် သတင်းများနှင့် အင်တာဗျူးများကို ထိန်းချုပ်ခြင်း မလုပ်ဘဲ ဖော်ပြခွင့်ပြုရန် ပါကစ္စတန် သတင်းဖောင်ဒေးရှင်း Pakistan Press Foundation - PPF က တောင်းဆိုလိုက်သည်။စာပေစိစစ်ရေး
နှင့် ပုံနှိပ်မှတ်ပုံတင်ဌာန (ဆင်ဆာဘုတ်) အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သတင်းများကို ပြန်လည် သုံးသပ်ရန်နှင့် စာနယ်ဇင်း လွတ်လပ်ခွင့်ပေးရန် ယခုလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာပေးပို့ကာ PPF က တောင်းဆိုခြင်း ဖြစ်သည်။“ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး အထိန်းချုပ်ခံရဆုံး နိုင်ငံတခုဖြစ်တယ်။ အာဏာပိုင်တွေအနေနဲ့ ဒီလို တင်းကျပ်ချုပ်ကိုင်မှုကို ပြောင်းလဲသင့်ပြီလို့ ထင်ပါတယ်” ဟု PPF အထွေထွေ အတွင်းရေးမှူး မစ္စတာ အိုဝေ့စ် အက်စ်လမ် အလီက မဇ္ဈိမကို ပြောသည်။

ယခုလအတွင်း ပြည်သူ့ခေတ်နှင့် ဗီးနပ်စ် အပါအဝင် ပြည်တွင်းဂျာနယ်အချို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိကာ ဓာတ်ပုံနှင့်တကွ အင်တာဗျူး စာမူကြမ်းများကို ဆင်ဆာဘုတ်အဖွဲ့သို့  ပုံနှိပ်ထုတ်ဝေခွင့် တင်ခဲ့ရာ ဆိုင်းငံ့ဟူ၍ သတ်မှတ်ခံခဲ့ရသည်။“ဆိုင်းငံ့ဆိုပေမယ့် အချိန်ကာလ မရှိဘူး။ ဖြုတ်ခိုင်းတဲ့ သဘောပဲ။ ထုံးစံက စိစစ်ရေးက “ဆိုင်းငံ့” ဆိုရင် သတင်းကို ပုံစံပြန်ပြောင်းပြီး ရေးရတယ်။ ခပ်ပျော့ပျော့လေးဖြစ်သွားအောင် ဗားရှင်းပြောင်းပြီး ပြန်တင်ကြည့်။ ဒါမှ မရဘူးဆိုရင် အဲ့ဒီသတင်း သုံးလို့မရတော့ဘူး” ဟု ပြည်တွင်းဂျာနယ် အယ်ဒီတာ တဦးက ရှင်းပြသည်။ပါကစ္စတန်သည် အာဏာရှင်စနစ်အောက်မှ ၂ဝဝ၈ ဖေဖော်ဝါရီလကမှ လွတ်မြောက်လာခဲ့သော်လည်း စစ်အုပ်ချုပ်မှု လက်အောက်၌ နေစဉ်ကတည်းက သတင်းမီဒီယာ လွတ်လပ်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင်မူ အလွန်အမင်း တင်းကျပ်ထားသဖြင့် ဒီမိုကရေစီနိုင်ငံဖြစ်ရန် နှောင့်နှေးဦးမည်ဖြစ်ကြောင်း မစ္စတာ အိုဝေ့စ် အက်စ်လမ် အလီက ပြောသည်။

“ဒီချုပ်ကိုင်ထားမှုတွေကို ပြောင်းလဲပစ်မှ ဒီမိုကရေစီနိုင်ငံဆိုတဲ့ ဘက်ကို ဦးလှည့်နိုင်မှာပါ” ဟု သူက ဆိုသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲသည် နိုင်ငံတကာအဆင့် စံနှုန်းများဖြင့် မလုပ်ခဲ့ဘဲ၊ လက်ရှိလည်း ပြောင်းလဲမှု လမ်းကြောင်းပေါ် ရောက်ပြီဟု မထင်ကြောင်း သူက ဆက်ပြောသည်။ ဆင်ဆာဘုတ်သည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံမှ လွတ်မြောက်စဉ်က သတင်းနှင့် ဓာတ်ပုံများ ဖော်ပြခဲ့သည့် သတင်းဂျာနယ် ၇ စောင် အပါအဝင် ဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ယာယီ ပိတ်ခဲ့သေးသည်။ ထိုအထဲမှ အချို့ကို ၂ ပတ်စီနှင့် အချို့ကိုမူ တပတ်စီ ပိတ်ခဲ့သေးသည်။ထိုအထဲမှ ဒေါ်အောင်ဆန်းစုကြည်သတင်း ဖော်ပြရာ၌ အချပ်ပိုအဖြစ် ဖော်ပြခြင်း၊ ဓာတ်ပုံများကို သတ်မှတ်သည့် အရွယ်ထက် ကြီး၍ ဖော်ပြသဖြင့် စည်းကမ်းနှင့် မညီဟုဆိုကာ 7Days နှင့် The Voice ကို တပတ်စီ ပိတ်ပင်ခဲ့သည်။PPF ကို ၁၉၆၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး သတင်းမီဒီယာဖွံ့ဖြိုးရေးနှင့် သတင်းလွတ်လပ်ခွင့်အတွက် IFEX အပါအဝင် နိုင်ငံတကာ သတင်းအဖွဲ့အစည်း အများအပြားနှင့် ပူးပေါင်းဆောင်ရွက်နေသည်။
နေပြည်တော် နိုင်ငံတကာကျောင်းတည်ထောင်မှု ကို ကျောင်းဆရာများ ဒေါသထွက်နေကြ

၂၀၁၀ ခုနှစ်၊ မတ်လတွင် မြန်မာ့ ပညာရေးလောကသား များအကြား ပုဂ္ဂလိကကျောင်း ဂယက်ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။ သို့လော၊ သို့လော မျှော်လင့်ချက်၊ ပြင်ဆင်ချက်များနှင့် ကြိုးပမ်းလိုစိတ်များကို ရိုက်ချိုးခံလိုက်ရသဖြင့် ပညာရေး အရည်အသွေးကို မျှော်လင့်နေသူ ပြည်သူများအကြား အကြီးအကျယ် စိတ်ပျက်ခဲ့ကြရသည်။ လွန်စွာလိုအပ်နေသည့် ပုဂ္ဂလိကကျောင်း ဥပဒေမှာ ၂၀၁၀ ခုနှစ် ကုန်ဆုံးချိန်အထိ အရိပ်အရောင်မမြင်ရသေး။ သို့သော် နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းကို ခမ်းနားစွာ တည်ဆောက်ဖွင့်လှစ်ရန် ပြင်ဆင်နေမှုရှိကြောင်း သတင်းရရှိပါသည်။
အလယ်တန်းနှင့် အထက်တန်းကျောင်းသားများအတွက် ဘော်ဒါဆောင်နှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ ဖွင့်လှစ်ထားသူ ရန်ကုန်မြို့ပေါ်မှ ဆရာတစ်ဦးက ရန်ကုန်ပညာရေးလောကတွင် ဒေါသထွက်နေရကြောင်းကို မောက္ခသို့ ပြောပြခဲ့ပါသည်။ “ကျနော်တို့ အကြီးအကျယ်ကို မျှော်လင့် ပြင်ဆင်ခဲ့ဖူးပါတယ်။ ပညာရေး လွတ်လပ်ခွင့် တစ်စုံတရာတော့ ရရှိလိမ့်မယ်လို့လဲ ယုံကြည်ခဲ့တာ။ သင်ရိုးတွေ၊ ဘာသာရပ်တွေကိုတောင် နိုင်ငံတကာနဲ့ ညှိနှိုင်းပြီးတော့ ပြင်ဆင်ခဲ့ကြတာပါ။ အရည်အသွေးတိုးတက်လာအောင် ကျနော်တို့ မြန်မာဆရာတွေမှာ လုပ်လိုတဲ့ ဆန္ဒအပြည့်ရှိပါတယ်။ နိုင်ငံတကာ ပညာရေးကို ကိုယ်တိုင်လည်း လေ့လာ ထားကြသူတွေ အများကြီးပါ။ လုပ်နိုင်ပါတယ်။ ပုဂ္ဂလိကကျောင်းဖွင့်ခွင့်ကို လုံးဝကို ခွင့်မပြုတော့ စိတ်ပျက်ခဲ့ကြပါတယ်။ ပညာရေး လုပ်လိုစိတ်တွေလည်း ကုန်ခမ်းသွားသလိုပါပဲ။ အခုတော့ နေပြည်တော်မှာ နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိကျောင်း ထောင်နေတယ်ကြားတော့ ကျနော်တို့ ပညာရေးလုပ်သားတွေကြားမှာ ဒေါသတော်တော် ထွက်နေကြတယ်။ ဒါဟာ အင်မတန်မှ အဆင့်ခွဲခြားခံနေကြရတာ ထင်ရှားတယ်။”

ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပုဂ္ဂလိကကျောင်းထောင်ရန် စိုင်းပြင်းခဲ့သူ မြစ်ကြီးနားမြို့မှ ကချင်ဆရာတစ်ဦးကလည်း စေတနာ့ဝန်ထမ်း အခမဲ့ ကျောင်းကိုတောင် ခိုးကြောင်ခိုးဝှက် ဖွင့်လှစ်နေရကြောင်း ပြောပြခဲ့ပါသည်။ “ကျနော်တို့က အစိုးရသင်ရိုးညွှန်းတမ်းကိုပဲ သင်တာတောင်မှ ကျောင်းဖွင့်ခွင့်ကို မပြုနိုင်ဘူးလို့ ပြည်နယ်အဆင့် အာဏာပိုင်တွေက ခြိမ်းခြောက် ပြောဆိုခဲ့တယ်။ မတတ်နိုင်ဘူးလေ။”နေပြည်တော်တွင် တည်ထောင်ဖွင့်လှစ်မည့် နိုင်ငံတကာ အဆင့်မီကျောင်းတွင် အပြည်ပြည်ဆိုင်ရာ ဆရာအတတ်ပညာရေးဘွဲ့သင်တန်းများ အောင်မြင်ထားပြီးသူများကိုသာ ခန့်အပ်မည်ဖြစ်သည်။  မူကြိုမှ အထက်တန်းအဆင့်အထိကို internatinal bacalaureate  IB ခေါ် နိုင်ငံတကာ တက္ကသိုလ်ဝင်တန်းဖြစ်သည့် ၁၂ တန်းပညာရေးနှင့်အညီ သင်ကြားမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားကို အဓိက သင်ကြားမှု မဏ္ဍိုင် ဘာသာစကား medium of instruction အနေဖြင့် ပြောဆို သုံးနှုံးမည်ဟုလည်း သိရသည်။ မြန်မာစစ်ခေါင်းဆောင်ပိုင်း၏ သားသမီး၊ မြေးမြစ်များအတွက် ရည်ရွယ်ဖွင့်လှစ်ကြောင်းနှင့် IB အောင်လက်မှတ်များ ရရှိပြီးပါက နိုင်ငံခြားတက္ကသိုလ်များတွင် တက်ရောက်ရန်အတွက် ရည်ရွယ်ထားပုံရကြောင်းကို နေပြည်တော်တွင် နေထိုင်သူ ၀ါရင့် ကျူရှင်ဆရာ တစ်ဦးမှ မောက္ခသို့ ပြောပြခဲ့သည်။   မောက္ခ ပြည်တွင်း ပညာရေးသတင်း         http://www.maukkha.org/

ကချင့်အရှေ့မြောက် အအေးလှိုင်း ဖြတ်ဖွယ်ရှိဟု ဦးထွန်းလွင် ပြော

သိန်းဇော် | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၁ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။      ။ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ကျေးရွာများတွင် ရေခဲမှတ်အောက် ရောက်နေကာ လာမည့်လ ပထမပတ်အတွင်း အအေးလှိုင်း ဖြတ်သန်းဖွယ်ရှိကြောင်း ရန်ကုန်ရှိ မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင် ခန့်မှန်းချက်အရ သိရသည်။ကချင်ပြည်နယ် အရှေ့မြောက်ဖျားရှိ ဆွမ်ပရာဘွန်မြို့တွင် ရေခဲမှတ်အောက် အေးနေရာမှ အင်အား အသင့်အတင့်ရှိ အအေးလှိုင်းတခု ဝင်လာနိုင်သည်ဟု ဦးထွန်းလွင်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြပါရှိခြင်း ဖြစ်သည်။

“မြန်မာပြည် မြောက်ပိုင်းစွန်းလေး၊ ကချင်ပြည်နယ်
weather photo :: www.tunlwin.com
အရှေ့မြောက် ထိပ်လေးလောက်မှာ ကျတယ်။  ရေခဲမှတ်ထိရောက်အောင် အေးနေတဲ့ အပူအချိန်ကို တွေ့ရပါတယ်။ ရေခဲမှတ်အောက် ရောက်နေကြတဲ့ အပူချိန်ကတော့  ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းပါ။ အင်အားအသင့်အတင့်ရှိတဲ့ အအေးလှိုင်း ဝင်ချင်တဲ့ သဘောပေါ့နော်“ ဟု ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။  အအေးလှိုင်း စီးဆင်းမှုမှာ ဒေသတခုချင်းအတွက်ရှိ ပျမ်းမျှအပူချိန်ထက် အပူချိန် လျော့နည်းလာခြင်းဖြစ်ပြီး ထိုအပူချိန်ထက် ၁၂ မှတ်အောက် ကျဆင်းပါက အပြင်းထန်ဆုံး ဖြစ်သည်ဟု သူက ဆိုသည်။

ယခင်က မြန်မာနိုင်ငံသို့ အအေးလှိုင်းဖြတ်သန်းရာတွင် အနောက်ဘက် အိန္ဒိယလေစီးကြောင်းနှင့် အရှေ့ဘက် တရုတ်လေစီးကြောင်းကသာ ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် ယခုနှစ် ကချင်ပြည်နယ်အတွင်း အအေးပြင်းထန်လာမှုမှာ မြန်မာပြည်အပေါ်ဘက် ဟိမဝန္တာတောင်တန်းတွင် ဖြစ်ပေါ်သော လေစီးကြောင်းကြောင့် ဖြစ်ကြောင်းနှင့် ယခုလေစီးကြောင်းသည် ကချင်မြောက်ပိုင်း သာမက  အချို့ဒေသများတွင်ပါ အအေးပိုလာနိုင်ရာ ရေခဲမှတ်အောက်အထိ ရောက်ရှိလာနိုင်ကြောင်း ဦးထွန်းလွင်က ဆက်လက်ခန့်မှန်းသည်။

သူက “စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊  ရှမ်းပြည်နယ် မြောက်ပိုင်း တွေဟာလောလောဆယ်မှာ ဒုတိယ အအေးဆုံးပါ။ ပထမ အအေးဆုံးက  ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း၊ ရခိုင်ပြည်နယ်ရယ်၊ မန္တလေးရယ်၊ မကွေးရယ်၊ ရှမ်းတောင်ရယ်၊ ကယားရယ်၊ ပဲခူး၊ ဧရာဝတီလည်း ပါတယ်။ အဲဒါတွေက တတိယမြောက်ပေါ့“ ဟု ဆိုသည်။အအေးမြင့်မား မှုမှာ ယခင်နှစ်များထက် စောလျင်စွာ ဖြစ်ပေါ်နေပြီး ယခုထက် မြင့်မားလာပါက ကလေးနှင့် သက်ကြီးရွယ်အိုများအပေါ် အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း ဦးထွန်းလွင်က ပြောဆိုလိုက်သည်။

မလေးရှားရွှေအခြေအနေ

မလေးရှားရောက် မြန်မာပြည်သားတွေအကြောင်းပါ။VOICE ဂျာနယ်က ဖြစ်ပါတယ်။အလုပ်ရှင်တွေက ရွှေ ဆိုရင် မကြိုက်တော့လို့  ဟင့်အင်းလို့ ပြောနေပြီ တဲ့။ ရွှေတွေ မလေးကို အ၀င်ခက်ပြီလို့ ဆိုတယ်။အဲဒီသတင်းအောက်က နောက်တပုဒ်မှာတော့ ပုံမှန် ၀င်နေတယ်လို့  ဆိုတယ်။သတင်း ၂ ပုဒ်လုံး အထိုက်အလျောက် မှန်တာ ဖြစ်နိုင်တယ်။၁ ပုဒ်က မှားနေတာလည်း ဖြစ်နိုင်တယ်။မှားတယ် ဆိုရင်တော့ သတင်းထောက် အလိမ်ခံရတဲ့သဘော ဖြစ်မယ် ထင်ပါရဲ့။

အမျိုးသားအလှကုန်ပစ္စည်းဆိုင် ဖွင့်ရင် ကောင်းမလား

Voice က ကော်ပီ ကူးပါတယ်။ ဖတ်လို့ သိပ်ကောင်း။ အချိန်မရသူများ ဖတ်ဖို့ တချို့  စာပိုဒ်တွေကို အရောင်ခြယ် ဘောင်ခတ်ပေးလိုက်တယ်။

ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံ မင်းသမီးရဲ့ ဒီနေ့စတင်တဲ့ မဲဆောက်ခရီးစဉ်အတွင်း ယနေ့မွန်းလွှဲ ၂ နာရီက မဲဆောက်မြို့တော် သမိုင်းပြတိုက် ဖွင့်ပွဲကို လာရောက်ဖွင့်လှစ်ပေးတာမှာ ဒေသတွင်းရောက် မြန်မာနိုင်ငံသားများတွေက သက်ဆိုင်ရာ တိုင်းရင်းသား ဝတ်စုံပြည့်နဲ့ သွားရောက် ဂါရ၀ပြုကြိုဆိုကြတဲ့ ပုံတွေပါ။ (ဓာတ်ပုံ - ဧရာဝတီ)

ဦးအောင်သိန်းလင်း ခင်းတဲ့လမ်းဆို သတိထားလျှောက်ကြရန်


မြို့တော်ဝန်ဦးအောင်သိန်းလင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားသော တောင်ဥက္ကလာပ မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက ခင်းထားသော ကွန်ကရစ်လမ်း မခြောက်သွေ့မီ
ဖြတ်လျှောက်မိသော ဒဂုံတက္ကသိုလ်ကျောင်းသားတဦးကို အရက်မူးနေသော ကြံ့ခိုင်ရေးပါတီဝင်လည်းဖြစ်၊ ရပ်ကွက်အာဏာပိုင်လည်းဖြစ်သူအချို့က ၀ိုင်းဝန်းရိုက်နှက်မှုတခုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက်ရှိ ရာဇသူရ ၁၄ လမ်းကို ကြံ့ခိုင်ရေးပါတီက ကွန်ကရစ် လမ်းအဖြစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ခင်းကျင်းခဲ့ကြောင်း၊ လမ်းခင်းနေသည့်အတွက် လမ်းပိတ်ထားခဲ့ရာ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၉ ကိုးနာရီတွင် အသက် ၂၂ နှစ် ဒဂုံတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား မောင်ကျော်ဇင်သန့်(ခ) သားကြီးက ဖြတ်လျှောက် မိကြောင်း၊ ထိုသို့ ဖြတ်လျှောက်မိစဉ် ၇ ရပ်ကွက်မှ ရယက အဖွဲ့ဝင်တဦးဖြစ်သူ ဦးညီညီနှင့် အပေါင်းအပါများက ကျော်ဇင်သန့်(ခ)သားကြီးကို
ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ၇ ရပ်ကွက်သားတဦးက ပြောသည်။

“သားကြီးက လမ်းထဲမှာရှိတဲ့ သူ့သူငယ်ချင်းဆီကို လာလည်တာ။ ခင်းထားတဲ့ ကွန်ကရစ် လမ်းပေါ်ကိုလည်း တက်လျှောက်တာမဟုတ်ဘူး။ လွတ်နေတဲ့မြေသားလမ်းလေးကနေ ကပ် ပြီးလျှောက်တာ။ အဲဒါကို အရက်မူးနေတဲ့ ရယက ဦးညီညီက စပြီးထိုးကြိတ်ရိုက်နှိက်တယ်။ ပြီးတော့ သူ့မိသားစုဝင်တွေနဲ့
ဆွေမျိုးတွေကပါ သားကြီးကို ၀ိုင်းပြီးရိုက်ကြတယ်” ဟု မောင်ကျော်ဇင်သန့်(ခ) သားကြီး၏ သူငယ်ချင်း ဒဂုံတက္ကသိုလ်ကျောင်းသားတဦးက ရှင်းပြသည်။ကြံ့ဖွတ်ပါတီဝင် ရယက ဦးညီညီနှင့် အပေါင်းအပါများ၏ ရိုက်နှက်မှုကြောင့် မောင်ကျော်ဇင်သန့်(ခ) သားကြီးမှာ ခေါင်းမူးပြီး မျက်လုံးအနည်းငယ်ဝါးသွားသော်လည်း ကြီးကြီးမားမားထိခိုက် ဒဏ်ရာရရှိခြင်းမရှိကြောင်း တောင်ဥက္ကလာပ ၇ ရပ်ကွက်သားများက ရှင်းပြသည်။

ရိုက်နှက်မှုကြောင့် ခေါင်းမူးဒဏ်ခံစားနေရသည့် မောင်ကျော်ဇင်သန့် ကို တောင်ဥက္ကလာပ မြို့နယ်မှ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်က ဆေးခန်းပို့ ဆောင်ပေးခဲ့ပြီး လိုအပ်သော ဆေးဝါးများကို ၀ယ်ယူပံ့ပိုးပေးခဲ့ကြောင်း သိရှိရသည်။“ဆရာ စောနိုင်က ဆေးခန်းပို့ပေးတယ်။ အရိုက်ခံရတဲ့ကလေးကို ရယကဦးညီညီက တောင်းပန်တာ၊ ဆေးခန်းပို့ပေးတာလုပ်ရမှာ။ ဘာမှ လုပ်မပေးဘူး။ ကြီးကြီးမားမားဒဏ်ရာ မရပေမယ့် အုပ်စုဖွဲ့ဝိုင်းရိုက်တာက မင်းမဲ့စရိုက်ဆန်လွန်း တယ်” ဟု ရာဇသူရ ၁၄ လမ်းနေ ရပ်မိ၊ ရပ်ဖတဦးက ဆိုသည်။ကြံ့ဖွတ်ပါတီဝင် ရယကတဦးက ဒဂုံတက္ကသိုလ်ကျောင်းသားတဦးကို ၀ိုင်းဝန်းရိုက်နှက်ခဲ့သည် ဆိုသော သတင်းမှာ တောင်ဥက္ကလာပဒေသခံများနှင့် တက္ကသိုလ်ကျောင်းသားများအကြားပျံ့ နှံ့သွားခဲ့ကြောင်း သိရှိရသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ၇ ရပ်ကွက်ရုံးက မောင်ကျော်ဇင်သန့်(ခ) သားကြီးနှင့် ဦးညီညီတို့ကို ခေါ်ယူတွေ့ဆုံခဲ့သော်လည်း ကြံ့ဖွတ်ပါတီဝင် ရယကဦးညီညီကို တစုံတရာ အရေးယူခဲ့ခြင်း မရှိသည့်အတွက်တောင်ဥက္ကလာပပြည်သူအများစု ဒေါသထွက်နေကြ ကြောင်း စုံစမ်းသိရှိရသည်။ပြည်ထောင်စု ကြံ့ခိုင်ရေှးနှင့်ဖွံဖြိုးရေးပါတီသည် ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ အများစုတွင် အနိုင်ရရှိထားပြီး လွှတ်တော်မပေါ်ပေါက်မီ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်းအုပ်ချုပ်ရေး ယန္တရားများတွင်
ကြံ့ခိုင်ရေးပါတီဝင် အမာခံများဖြင့် အစားထိုးခန့်အပ်ရန် ပြင်ဆင်မှုများပြုလုပ်လျက်သည်။

တယ်လီဖုန်းဘေးမှာ ဗိုလ်ချုပ်မှူးကြီး ထိုင်စောင့်နေတာ ၉ ရက် ရှိပါပြီ။

ဒီဟာသ အတွက် ပုံကို ဒီက ယူပြီး ဖြတ်ညှပ်ကပ် ပါတယ်။
တယ်လီဖုန်းဘေးမှာ ဗိုလ်ချုပ်မှူးကြီး ထိုင်စောင့်နေတာ ၉ ရက် ရှိပါပြီ။နိုင်ငံတကာဒိတ်ဒိတ်ကြဲတွေက တက္ကသိုလ်ရိပ်သာလမ်းကို ဖုန်းဆက်တာ တဂွမ်ဂွမ်ပဲ ဆိုတဲ့အကြောင်း ရေးထားတဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေကို တဗျင်းဗျင်း ဆုတ်ဖြဲထားတာလည်း တောင်ပုံယာပုံ။ ဒါပေမယ့် လူမိုက်တို့ ဒေါသ ထွက်လည်း ခဏပေါ့။
“ဘိုးဘိုးက မင်းတြားကြီးပဲ၊ အဲဒီဘဲတွေနဲ့ တယ်လီဖုန်းပြောနိုင်တာပဲ” ဆိုတဲ့ မြေးမျောက်မူးလဲ ပြောတဲ့ အကြံကို အကောင်အထည် ဖော်ဖို့ နိုင်ငံခြားရေး ဌာနကို တာဝန်ပေးလိုက်တယ်။နိုင်ငံခြားရေး ၀န်ကြီးလည်း အပြည်ပြည်ကို ဆက်သွယ်ရပြီလေ၊ “ပေါတာကြီးကို ဖုန်းဆက်ကြပါ” ပေါ့ဗျာ။

ဂျပန်ဝန်ကြီးချုပ်က - 良い!
အမေရိကန် သမ္မတ ကတော်ဟောင်းက - Oh, very good!
တရုတ် ၀န်ကြီးချုပ်က - 现在?
လီကွမ်ယုက - Are you kidding la?
အဖိဆစ် ဝေ့ချာချီဝက - พร้อมที่จะพูดคุย!
ဘန်ကီမွန်းကြီးက -내가 말하는 사랑 !
ပူတင်က - хорошую работу, глупый человек!
စသဖြင့် ချက်ချင်း တုံ့ပြန်ကြတယ်။

သို့ကလို တုံ့ပြန်တာတွေကို ၀န်ကြီးက နေပြည်တော်ကို ၀မ်းသာအားရ ဖော်ဝပ် လုပ်ပြီး ညွှန်ကြားချက် နောက်တခု ဆက် စောင့်တယ်။ သိပ်ကြာကြာ မစောင့်ရဘူး။ ဖုန်းပြောချင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးဆီက ညွှန်ကြားချက်က ဟောဒီလို ရောက်လာတယ် -“ဒီကောင်တွေနဲ့ ဖုန်းဆက်တဲ့အခါ ငါပဲ ပြောမယ်။ သူတို့က နားထောင်တဲ့ အလုပ်ပဲ လုပ်ရမယ်။ ငါပြောမှာတွေက ငါတို့ဆီမှာ တံတားတွေ ဆောက်တယ်၊ လမ်းတွေဖောက်တယ်၊ ကျောင်းတွေမှာ ကွန်ပျူတာအခန်းတွေ ရှိပြီ၊ ဆေးရုံတွေလည်း အကြီးကြီး ဆောက်ပြီးပြီ ဆိုတာတွေ ပြောမယ်”အကြီးအကဲညွှန်ကြားချက် ဆိုတော့ ၀န်ကြီးလည်း နိုင်ငံတကာခေါင်းဆောင်များထံကို ချက်ချင်း ကြေးနန်းရိုက်ရပြီပေါ့ - “ပေါတာကြီးရဲ့ ကြိုတင် စည်းကမ်းသတ်မှတ်ချက်က ဒီလို ဒီလို ဖြစ်ပါတယ်၊ အခုချိန်က စပြီး ဖုန်းခေါ်လို့ ရပါပြီ အဆွေတော် ၀န်ကြီးချုပ်၊ သမ္မတကြီး၊ မဒမ် သမ္မတကတော်ဟောင်း - -” ပေါ့ဗျာ။
ဗိုလ်ချုပ်မှူးကြီးက ပြောဖို့ အသင့် ပြင်ထားတယ်။ အသံ မထိခိုက်အောင် မှန်ချို သလိပ်ပျော်ဆေးဗူးတွေတောင် တဒါဇင် ဆောင်ထားသေးတယ်။ ဒီလိုနဲ့ - - -
တယ်လီဖုန်းဘေးမှာ ဗိုလ်ချုပ်မှူးကြီး ထိုင်စောင့်နေတာ ၉ ရက် ရှိပါပြီ။

ကြာသပတေးနေ့က လုပ်တဲ့ ရန်ကုန်မြို့ ၂၀၁၀ ခရစ်စမတ် အလှမယ် ပြိုင်ပွဲ (Miss Christmas 2010 model competition at Traders Hotel)
၇ ကြိမ်မြောက်လို့ ဆိုတယ်။ Xinhua သတင်းဌာန ဓာတ်ပုံတွေပါ။ဒီပြိုင်ပွဲအပြင် မျက်လှည့်ပွဲ၊ ကလေးတွေရဲ့ သီချင်းဆိုပြိုင်ပွဲတို့လည်း ပါဝင်တယ် တဲ့။

ဖော်နိုင်မှ ခေတ်မီတယ်လို့ ယုံကြည်နေကြသလား???မာနလေးတော့ ထားတတ်စေချင်

အပျိုစင်လေးတို့ရေ ... အပျိုစင်ဆိုတဲ့ ဂုဏ်ပုဒ်လေးကို ကြီးကြပ်ကလေ သိပ်ပြီးတန်ဖိုး ထားတာကွဲ့။ ဒါပေမယ့်ကွယ် ကြီးကြီး မြင်နေရတဲ့ ပတ်ဝန်းကျင်ကတော့ ရင်မောစရာတွေချည်းပါပဲ။ ဒါတွေကို သိဖို့သတိထားဖို့၊ ရှောင်ဖို့ အားကျအတူယူဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကြီးကြီးချစ်တဲ့ အပျိုစင်လေးတွေကို ကြီးကြီးဘဝကြီးကို နမူနာထားပြီး မျှဝေပေးချင်တာပါ။

ပထမဆုံးတော့ ကြီးကြီးကိုယ်ကြီးကြီး မိတ်ဆက်ခွင့် ပြုပါဦးနော်။ ကြီးကြီးကလေ နယ်မြို့လေးမှာ မွေးပေမယ့် ၉ တန်းကနေ ခုချိန်ထိမြို့မှာ နေတာပါ။ အဲဒီတော့ တောသူဆိုလည်းဟုတ်၊ မြို့သူဆိုလည်း ဟုတ်တာပေါ့။ မွေးတဲ့မြို့မှာပဲ အမေ့စကား နားထောင်ပြီး နေခဲ့ရင် (တစ်မျိုးမထင်နဲ့ဦးနော်) ၆ တန်းလောက်နဲ့ပဲ ခုလောက်ဆို သေများနေမလားတောင် မသိဘူးပေါ့နော်။ ကြီးကြီးမှာလေ အင်္ကျီလုံချည် နှစ်စုံပဲရှိတယ်။ မိုးရွာရင် ဆောင်းစရာ ထီးမရှိဘူး။ ကျူရှင်မတက်နိုင်ဘူး။ ကျောင်းနဲ့ အိမ်နဲ့ သုံးမိုင်လောက်ကို အသွားအပြန် လမ်းလျှောက်ပြီး ဆယ်တန်းအောင်အောင် ကြိုးစားခဲ့ရတာ။ နေတဲ့အိမ်က မီတာခ တက်မှာစိုးလို့တဲ့။ ညဘက်ဆို ဖယောင်းတိုင်နဲ့ စာကျက်ရတယ်။ ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ အောင်မှငါရွာပြန်မယ်လို့ ဆုံးဖြတ်ခဲ့တာ။ တစ်ညကို သင်္ချာအပုဒ်တစ်ရာ တွက်ပြီးမှ အိပ်တယ်ကွဲ့။ တောသူမ ကြီးကြီးက သင်္ချာနဲ့ ဓာတုဗေဒ ဂုဏ်ထူးတွေနဲ့ အောင်ခဲ့တာ။ အဲဒီတော့မှ ရွာပြန်တယ်။ အောင်ပြန်တော့ အမှတ်တွေများပေမယ့် တက္ကသိုလ် ထားပေးမယ့်သူ မရှိပြန်ဘူး အပျိုစင်တို့ရေ ... ကြီးကြီးမှာ ငိုရတာအမောပေါ့။

တစ်နေ့တော့ ကြီးကြီးကို ဘွဲ့ရအောင် ထားပေးမယ်၊ ဘွဲ့ရပြီးရင် သူ့သားနဲ့ ယူရမယ်လို့ရွာက သူဋ္ဌေးတစ်ယောက်က လာပြောသေးတာ။ ကြီးကြီးအမေကလေ စာတစ်လုံးမှ မတတ်ဘူး။ ဒါပေမဲ့ ဘယ်လိုပြန်ပြောလဲ သိလား။ ကျွန်မ သမီးကို ကျွန်မတောင်းပဲ ကျွေးရကျွေးရ၊ ဖြစ်အောင် ထားပေးမှာလို့ ပြန်ပြောရှာတာ။ တကယ်လည်း အမေက ရွာနဲ့ရန်ကုန်ကို ရထားနဲ့ကူးပြီး ကုန်စိမ်းရောင်းလိုက်၊ ဖျာရောင်းလိုက်နဲ့ ကြီးကြီးကို တက္ကသိုလ် ထားပေးခဲ့တာ။ ကြီးကြီးလေ ခုနေမှာ ပြန်တွေးရင် ငါတော်တော် ဆင်းရဲဒုက္ခ ရောက်ခဲ့တာပဲလို့ ခံစားရတယ်။ ကြီးကြီးတို့ခေတ်က စတိုင်ပင်လို့ခေါ်တဲ့ ပညာသင် ထောက်ပံ့ကြေးရတော့ ကျောင်းလခနဲ့ အဆောင်လခလေးတော့ အဆင်ပြေ သွားတာပေါ့။ ဒါပေမဲ့ သူများတွေ ရောင်စုံထည်လဲ ဝတ်နေချိန်မှာ ကြီးကြီးက ဘားမားတက်ထရွန် အင်္ကျီလေးနဲ့ တောင်ဥက္ကလာက ထွက်တဲ့ ပန်းရိုက်လုံချည်လေးနဲ့ပဲ ကျောင်းတက်ခဲ့ရတာ။ တစ်ခုခု စားချင်တာဆိုရင် အဆောင်မှာ သူငယ်ချင်းတွေရဲ့ အဝတ်ကို မီးပူတိုက်ပေးပြီး ရတဲ့လုပ်အားခနဲ့ စားတယ်။ သူများချစ်အောင် နေတယ်။

ဒါပေမဲ့ အပျိုစင်လေးတို့ရေ ... ဒုတိယနှစ်ရောက်တော့ ဘသားချောတွေက လာပြန်ရော။ ကြီးကြီးကိုမှ လိုချင်လို့ပါ၊ ကျောင်းဆက်တက်ပါ။ စိတ်တိုင်းကျ ထားပါ့မယ်နဲ့ အပြင်စီးပွားရေး လုပ်နေတဲ့ လူပျိုတွေက ကမ်းလှမ်းကြတယ်။ အိမ်ကိုလည်း ပြောကြတယ်။ အိမ်ကတော့ ကြီးကြီး သဘောကျရင် လက်ခံပါမယ်လိုပဲ ကောင်းအောင် ကြည့်ပြောရတာပေါ့။ ကြီးကြီးကလေ ဘယ်လောက်ပဲ ဒုက္ခရောက်ပါစေ ဘွဲ့ရအောင်ယူမယ်။ ဝန်ထမ်းလုပ်မယ်။ အိမ်ထောင်ပြုရင်လည်း ဝန်ထမ်းကိုပဲ လက်ထပ်မှာလို့ အပြတ်ပြောပြီး ငြင်းခဲ့ရှောင်ခဲ့တာ။ ကြွားရဦးမယ်။ ကြီးကြီးကလေ ရုပ်မချောပါဘူး။ ရုပ်လည်းမဆိုးပါဘူး။ ရိုးသားပွင့်လင်းတဲ့ သန့်စင်တဲ့ ကြီးကြီး မျက်လုံးကိုကြည့်ပြီး ကြိုက်ကြတာတဲ့။ ရယ်ရတယ်နော်။ အားလုံး လူရိုးလူအေး တွေချည်းပေမယ့် ကိုယ့်ရည်မှန်းချက်မှ မပြည့်သေးတာလေ ...။ တကယ်တော့ အပျိုစင်တိုင်းမှာ သူ့အလှနဲ့သူတော့ ရှိကြတာ ချည်းပါပဲကွယ်။ ပင်ကိုယ်အလှ မပျောက်အောင် နေဖို့ပဲလိုတာပါ။

ကြီးကြီးတို့ ခေတ်တုန်းကလည်း တက္ကသိုလ် ကျောင်းသူတွေ ပြင်ကြပါတယ်။ ဒါပေမဲ့ ခုခေတ်လောက်တော့ သရုပ်မပျက် ကြဘူးပေါ့ကွယ်။ စိတ်တော့ ဆိုးမသွား ကြနဲ့နော်။ မိန်းကလေးတွေမှာ ကာယဣနြေ္ဒဆိုတာ ရှိတယ်။ မိန်းကလေး တွေရဲ့စည်းပေါ့။ ဣနြေ္ဒရှိတဲ့ မိန်းကလေးဆိုရင် ဝတ်တာ၊ သွားတာလည်း လုံခြုံတယ်။ လျှပ်ပေါ်လော်လည်မှု မရှိဘူး။ အဲဒီအခါကျ ဘယ်ပုရိသ ယောက်ျားကမှ မတို့မထိရဲ မစရဲဘူးပေါ့။ ဘယ်လောက်ပွေတဲ့ လူပဲ ဖြစ်ပါစေ။ ဣနြေ္ဒရှိတဲ့ မိန်းကလေးဆို အနားမကပ်ရဲဘူး။ ရှိန်နေတာ ပေါ့ကွယ် ..။

ခုများတော့ကွယ်၊ အရင်ခေတ်ကလို မမြင်ဝံ့ ဆေးသမား ဆိုတာမျိုးရှိကို မရှိတော့တာကလား။ ဖော်နိုင်မှ ခေတ်မီတယ်လို့ ယုံကြည်နေကြသလား မှတ်ရတယ်နော်။ တိုလိုက်ကြတာ၊ ကျပ်လိုက်ကြတာ၊ ပြောင်လိုက်ကြတဲ့ ကျောပြင်တွ ဖြစ်နေပြီနော်။ အရင်တုန်းကဆို မိန်းကလေးရဲ့ ခြေသလုံးကို မြင်ရဖို့ဆိုတာ ဘယ်လွယ်လိမ့်မတုံး အခုကတော့ ခြေသလုံးရော၊ ပေါင်ရော မမြင်ချင်မှ အဆုံး၊ ချက်ကိုတောင် စိန်တပ်ပြီး လူမြင်အောင် ဗိုက်ပေါ်တဲ့ အင်္ကျီတို့ ဘောင်းဘီတို့ ဝတ်ကြသတဲ့။ ကြီးကြီးဖြင့် အံ့သြ ကုန်နိုင်ဖွယ်ပါပဲ။ အဲ .... ကြီးကြီးအကြောင်း ပြောနေရာကနေ ဘေးချော် သွားပြန်ပြီ။ ကြီးကြီးက အစားသမား၊ သူများလိုပဲ ကောင်းကောင်းစားချင်တာ ပေါ့နော်။ သူငယ်ချင်းတွေ ကြားထဲမှာ ကိုယ်ကဝတ်ကောင်းစားလှ မရှိတော့ သိမ်ငယ်တာပေါ့။

ဒါပေမဲ့ ကြီးကြီးက မာနရှိတယ်။ ကိုယ်ကျင့်တရားကို တန်ဖိုးထားတယ်။ ငတ်ရင်ငတ်ပါစေ။ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒီလိုနဲ့ပဲ ဘွဲ့ရကျောင်းဆရာမ ဖြစ်ခဲ့တာပေါ့။ အခု ကြီးကြီး မြင်တွေ့နေရတဲ့ မိန်းကလေးတွေကတော့ ဝတ်ချင်လှချင်စိတ်က လွှမ်းမိုးပြီးတော့ ခေတ်ကာလအရ အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးတွေ အကူအညီတွေနဲ့ ပိုက်ဆံထောတဲ့ ယောက်ျားဆို တွဲလိုက်ကြတာပဲ။ ပျိုတာအိုတာ ဂရုမစိုက်တော့ဘူး။ မယားကြီးနဲ့ ပက်ပင်းတိုးရင်တောင်မှ “ကိုယ့်ယောက်ျား ကိုယ်နိုင်အောင် ထိန်းပါလား” လုပ်ရဲကြတာ။

စိတ်က ဘယ်လောက်ပဲ ရိုးသားစေဦးတော့၊ ဝတ်ထားတာကမှ မလုံတာ၊ ပြီးတော့လေ ကြီးကြီးတို့ဆို ဘွဲ့သာရပြီးရော လက်ဖက်ရည်ဆိုင် တစ်ခါမှ မထိုင်ဖူးဘူး။ ဆိုင်ရှေ့ကတောင် ဖြတ်မလျှောက်ရဲဘူး။ အအေးဆိုင်ပဲ မိန်းကလေး သူငယ်ချင်းတွေနဲ့ ထိုင်ခဲ့တာ။ ခုကျမိန်းကလေးတွေ ကိုယ်တိုင်က မလုံမခြုံဝတ်ပြီး ကလပ်တက်တယ်။ ယောက်ျားတွေနဲ့ အတူထိုင်ပြီး ဘီယာသောက်တယ်။ ကြီးကြီးဖြင့် မြင်ခါစက အံ့သြလွန်းလို့ မယုံနိုင်ဘူး။ ကြီးကြီးသားကတောင် antique ဖြစ်နေပြီပြောလို့ ကြီးကြီးဖြင့် ဆွေ့ဆွေ့ခုန်ရသေးတယ်။ ခေတ်ကြီးက တိုးတက်လာတော့ အင်တာနက် ဆိုင်တွေထိုင်ရင် တစ်နာရီမှ သုံးရာ၊ လေးရာပဲ ပေးရတာမို့လား။ တစ်နေ့တစ်နေ့ အဲဒီကနေ အရည်မရ၊ အဖတ်မရတွေ ပြောကြ၊ ကြည့်ကြ၊ ချက်တင်ထဲမှာပဲ ကြိုက်ကြ။ အပြင်မှာ ချိန်းတွေ့ကြ။ ဘာမျိုးရိုး၊ ဘာစိတ်ဓာတ်လဲ မသိသေးဘူး၊ လိုက်ပြေးကြပြီ။ ဒုက္ခတွေရောက်မှ မိဘအိမ်ပြန် ပြေးကြပြီ။ တချို့လည်း ဘဝကို ရေစုန်မျော သွားကြတာ ပေါ့နော်။

ကြီးကြီးနေတဲ့ ရပ်ကွက်ရဲ့ ခြောက်လွှာ၊ ခုနစ်လွှာ၊ ရှစ်လွှာတိုက်ခန်း တွေမှာလေ။ တရားဝင် လက်မထပ်ဘဲ အတူနေကြတဲ့ လူငယ်အတွဲတွေ၊ ငွေပေါသူတွေရဲ့ ပျော်တော်ဆက်တွေ တော်တော်များများ နေကြတာ။ ကြီးကြီးဖြင့် သူတို့ မိဘတွေအစား ရင်နာလိုက်တာ။ ငယ်ငယ်ချောချော လေးတွေကိုး။ ကြီးကြီးပြောခဲ့ သလိုပါပဲ။ မိန်းကလေးတိုင်းမှာ အလှကိုယ်စီ ရှိပြီးသားပါ။ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့ ဝအောင်စား၊ ကိုယ်ရဲ့ အပျိုစင်ဘဝကို တန်ဖိုးထားရမှာပေါ့။
ကြီးကြီး နားလည်တာ ကတော့လေ အပျိုစင်ဆိုတာ အပျိုနဲ့စင်နဲ့ ပေါင်းထားတာမို့လား။ အပျိုဆိုတာက ယောက်ျား တစ်ယောက်ယောက်နဲ့ လက်ထပ်မထားရင် အတူတကွ ပေါင်းသင်း မနေရင် အပျိုပဲ။ ငယ်ရင်အပျိုလေး၊ ကြီးရင် အပျိုကြီးပေါ့။ ဒါပေမဲ့ “စင်” ဆိုတဲ့ စာလုံးကတော့ သန့်စင်တယ်။ အပျိုစစ်တယ်ဆိုတဲ့ ဂုဏ်ပုဒ်လေးကို ဆိုလိုတာ။ အရပ်စကားနဲ့ ပြောရရင်တော့ အပျိုစစ်တာကိုမှ အပျိုစင်လို့ ခေါ်တာ။ ငယ်ဂုဏ်လေးလည်း ပါတာပေါ့ကွယ်။ မိဘတွေက စောင့်ရှောက်ထိန်းသိမ်း ပေးရုံပဲရှိတာ။ ကိုယ့်ရဲ့ အပျိုဂုဏ်ကို ကိုယ်ပဲ ထိန်းသိမ်းရမှာ။ ခုခေတ် ယောက်ျားလေးတွေကလေ တိုးတက်နေတဲ့ ခေတ်ကြီးကို အသုံးချပြီး အတတ်မျိုးစုံတွေ တတ်နေကြတာ။ sex ကိစ္စဆိုလည်း သူတို့က ကျွမ်းကျင်ပြီးသား။

ရှေ့မှာ သားကောင် တွေ့လို့ကတော့။ အင်း ... ပြေး မလွတ်ဘူးသာ မှတ်ပေရော့။ ကိုယ်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင်နေမှ ကိုယ့်ကို တန်ဖိုးထားမယ့် ယောက်ျားကောင်းနဲ့ ဆုံရမှာပါ။ မဟုတ်ရင်တော့ အရှက်လည်းကွဲ လူလည်း ... အဲ .. ဒုက္ခတွေရောက် ဖြစ်ကျန်မှာ။ ဘာလို့အဖြစ်ခံမှာလဲ အပျိုစင်တို့ရယ်။ ကိုယ့်ရဲ့ကိုယ်ပိုင် မာနလေးနဲ့ ရည်မှန်းချက် ကြီးကြီးထား ကိုယ့်အလှလေးနဲ့ ကိုယ်နေ။ ဗုဒ္ဓဘာသာ မဟုတ်တဲ့ နိုင်ငံတွေရဲ့ မိန်းကလေးတွေ ဝတ်စားဆင်ယင်မှုကို အားမကျနဲ့။

ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်မှမထိန်းရင် ကိုယ့်မျိုးဆက်က ဘယ်ထိန်းတော့မလဲနော်။ စာများများ ဖတ်ပါ။ စာဖတ်များတဲ့သူကို သူများ လာလိမ်လို့ မရဘူးကွဲ့။ စာဆိုလည်း အားရှိမယ့် စာမျိုးတွေ ရွေးဖတ် စေချင်တာပါပဲ။ ကြီးကြီးတုန်းက ကြီးကြီးဘဝကို ဘာနဲ့မတ်ခဲ့သလဲ သိလား။ ဆရာမကြီး ခင်ဆွေဦးရဲ့ ဝတ္ထုတွေ ဖတ်မိလို့ပေါ့ကွယ်။ ကိုယ့်ကိုယ်ကိုယ် အားတင်းတတ်အောင် စောင့်ရှောက် တတ်လာတာ ပေါ့နော်။ ဆရာကြီး ပါရဂူရဲ့ စာအုပ်တွေကိုလည်း သဲကြီးမဲကြီး ဖတ်ခဲ့တော့ စိတ်ကစားဖို့ မတွေးအားတော့ဘူး ပေါ့နော်။ ခုခေတ်မှာဆို စာရေးဆရာတွေ အများကြီးပေါ့။ အနီးစပ်ဆုံး ဥပမာတစ်ခု ပြောရဦးမလား။ အပျိုစင်တို့ အားကျ အတုယူနေကြတဲ့ အနုပညာ သမားတွေကိုပဲ ကြည့်ပါနော်။ သန့်သန့်စင်စင် ရိုးသားကြိုးစားတဲ့ ကလေးတွေက ကြာရင်သာကြာမယ်။ နောက်ဆုံးတော့ အောင်မြင်ခဲ့ကြတာ ချည်းပဲလေ။ အဲ ... ဖြတ်လမ်းကနေ ကြီးပွားချမ်းသာ အောင်မြင်ချင်ကြတဲ့ ကလေးတွေကတော့ ခဏပဲခံပြီး နာမည်ဆိုးနဲ့ မြုပ်သွားကြတာလေ။ ကဲ ... ကြီးကြီးရဲ့ အပျိုစင်လေးတို့လည်း သန့်စင်တဲ့ အပျိုစင်လေးတွေ အဖြစ်နဲ့ ကိုယ့်ဘဝ၊ ကိုယ့်မိသားစု၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ ဂုဏ်ကို ဆောင်နိုင်ကြပါစေလို့ ကြီးကြီးက ဆုတောင်းပေးလိုက် ပါတယ်နော်...။ -

ဆောင်းရာသီ၊ ဖုန်း၊ သက်မွန်မြင့်၊ လျှပ်စစ်ကား၊ ဗုဒ္ဓဘာသာ
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဒီဇင်ဘာ ၂၆၊ ၂၀၁၀
(News Watch ဂျာနယ် အပိုင်းအစများ 22.12.2010)
မြန်မာပြည်တွင်သာ တွေ့နိုင်သည်
၅ သိန်းတန် GSM ဖုန်း နေပြည်တော်မှာ ငှားရမ်းမဲ့ ကိစ္စ။ ပြောချင်တာက နေပြည်တော်မှာ GSM သုံးနိုင်ဖို့ မဟုတ်ပါဘူး..။ မြင်ရသမျှ အူပွလွန်းလို့ခင်ဗျ..။ ကြည့်ပါဦး.. ငါးသိန်းတန်ကို ငှားသတဲ့လေ..။ သူများ တိုင်းပြည်မှာ လမ်းဘေး အချိန်မရွေး ပေါပေါပဲပဲ ၀ယ်လို့ ရတဲ့ တယ်လီဖုန်းကို သိန်း ၂၀ တို့ ၁၅ သိန်းတို့ ၅ သိန်းတို့ ပေးနေရတဲ့ မြန်မာပြည်သားများဘ၀များ ဆိုးချက်..။ အဲဒါထက် ဆိုးတာက အစိုးရမင်းများက ရောင်းစားတယ်လို့ အပြောမခံ.. အသုံးမခံ။ ငှားသတဲ့ ဗျာရဲ့..။ ဘယ်လောက်များ အထက်စီးက နေချင်ကြသလဲ ဆိုရင်..အရှက်ကို မရှိကြဘူး။ ကျော်မကောင်း ကြားမကောင်း ဒီစနစ်မျိုး ဒီတတိုင်းပြည်ဘဲ ရှိပုံရတယ်..။
ရှိသေးရင်လဲ ပြောကြပါဦးဗျာ..။ တကတည်း.. အမြင်ကတ်စရာ..။
ဂျာနယ်တွေခမြာလည်း ကျေနပ်နိုင်ကြမယ်တော့ ထင်ပါဘူး.. ဟို.. စာပေကင်ပေတိုင်အဖွဲ့ကို ကြောက်နေရလို့သာ..။
အစိုးရ လုပ်တဲ့ အပြောင်းအလဲ
သီရိမင်္ဂလာဈေးကြီး ရွှေ့ပြောင်းမဲ့အကြောင်း။ ဒီဈေးသူဈေးသားများ.. ပြောင်းသွားမဲ့ ပတ်ဝန်းကျင် လှိုင်မြို့နယ် ဘုရင့်နောင်လမ်း တ၀ိုက်မှာတော့ အိမ်ခန်းဈေးတွေ ဗြောင်းဆန်ကုန်ပါပြီ။ လူတွေအများကြီး လှုပ်လှုပ်ရွရွ နေ့မအိပ်ညမအိပ် ဖြစ်ကြမဲ့ကိစ္စကို မတုန်လှုပ်သူ ရှိသလို.. စိတ်ညစ်လို့ ပြောင်းပြေးမဲ့သူတွေလဲ မရှား ဆိုတော့ ရောင်းကြ၀ယ်ကြ နဲ့ သွက်သွက်လက်လက် ဖြစ်နေကြတဲ့ အကြောင်းလေး ကိုပြောပြချင်လို့ပါ။
ဈေးကောင်းလေးရတုံးရောင်းပြီး ပြောင်းဦးမှဆိုတဲ့သူတွေကတော့ ဈေးလေးတခေါ်ခေါ်နဲ့ဗျ..။
လျှပ်စစ်ကား ဆိုပဲ
လျှပ်စစ်ကားထုတ်မလားတဲ့ ဆိုတာကတော့ တကွက်ကာတွန်းလေးဗျ.. ထုံးစံအတိုင်း မြန်မာပြည် လျှပ်စစ်မီး ကတော့ ဘာရေးရေး ငြိနေတော့တာဘဲ လေ..။ ခုလဲကြည့်..
ဆောင်း ကုန်ပါပြီ
ရန်ကုန်ဆောင်းကို ပြောထားတဲ့ ဦးစိန်ဝင်း ကတော့ တကယ့်ကို အစုံမြင် အကုန် ရေုးနိုင်တဲ့ ပုဂ္ဂိုလ်ထူးပါခင်ဗျာ..။ ရေးလိုက်ရင်လဲ ဖတ်သချင့်ဘွယ် ရှိလှတယ်..။ ခုလဲ ဖတ်ကြည့်ပါဦး.. သူ့ဆောင်းပါးထဲမှာ.. ဧရာဝတီမြစ် သေဆုံးခြင်းတဲ့..။ စိနတိုင်းသားတို့ မဟားဒယား တည်ဆောက်နေကြတဲ့ ဆည်တွေဟာ နယ်စပ်မှာ များမှများ။
သက်မွန်မြင့်
သက်မွန်မြင့် ဆိုတဲ့ ရုပ်ရှင်မင်းသမီး ချောချောလေးတယောက် ခုတလော တရားစကားခဏခဏပြောသံ ကြားနေရပါတယ်..။ ခုလဲ တရားစခန်း ဖွင့်ချင်နေပါသတဲ့..။
ဟိုဂျာနယ် .. ဒီဂျာနယ်.. စသည်ဖြင့် တစောင် နှစ်စောင်မျှမကအောင် တွေ့နေရတာကြောင့် တမျိုး ထူးခြားနေလို့ ထည့်ပေးတာပါ..။
မောင်သာနိုး ပြောတဲ့ ဗုဒ္ဓဘာသာ
ဆရာမောင်သာနိုးကို မြန်မာနိုင်ငံ စာတတ်ပေတတ်လောက မှာတော့ မသိသူ မရှိကြပါဘူး..။ အင်္ဂလိပ်စာကို ထောင်ထဲမှာ အသေအချာလေ့လာခဲ့တဲ့ တကယ့်လူပါဘဲ..။ သူဘာသာပြန်ပြတဲ့ ကဗျာတပုဒ်ကို နားနဲ့ဆတ်ဆတ်ကြားဘူးတဲ့ ကိုယ့်အတွက်တော့ သူ့မှာရှိတဲ့ စာပေ၀မ်းစာကို အထင် မသေးဝံ့ကြောင်းပါ။
ဝေဖန်ရေးများ ရေးလိုက်ရင်လဲ.. တပုဒ်ဆို..ဆိုသလောက် ပွဲဆူစေတဲ့ ဆရာတဦးပါ ခင်ဗျ..။ တခြား တော်တာတွေလဲများတယ်.. မုန်းတဲ့သူလဲ များတယ်..။
သူ့အယူကိုယ့်အယူ မတူသူတွေထဲ.. သူကတော့ ခပ်တည်တည်ဘဲ..။ အခု စောင့်ကြည့်ထဲမှာ ရေးပြန်ပြီ.. ဗုဒ္ဓဘာသာ အကောင်းဆုံး တဲ့..။ ဆုံးအောင် ဖတ်ကြည့်စေချင်ပါတယ်..။ အရေးအသား ကောင်းတာကိုတော့ အာမခံ နိုင်ပါရဲ့..။
ကျန်တာတော့ ငြင်းချင်လဲငြင်းကြပေါ့..။ လွတ်လပ်စွာ ကွဲပြားနိုင်ကြတာဘဲမို့လား..။
 
http://3.bp.blogspot.com/_HF31iQYRThc/TRk93omdptI/AAAAAAAAHS0/2vZCbjesBoA/s1600/SN_2054.jpg
ကာတွန်း စောငို ...  ခွေးကတက် က ခစားလိုကြသူများ  ...  ဒီဇင်ဘာ ၂၈၊ ၂၀၁၀

ကွန်ဒုံး ဆောင်လျှင် ဖမ်းသဖြင့် ပြည့်တန်ဆာ တချို့ ဒုက္ခရောက်နေ
ခင်နှင်းလွင်၊ ရန်ကုန်
ဒီဇင်ဘာ ၂၇၊ ၂၀၁၀
ပြည့်တန်ဆာမှုတွင် ကွန်ဒုံးကို သက်သေခံပစ္စည်းအဖြစ် သတ်မှတ်ခြင်း မပြုရန် လွန်ခဲ့သည့် ၁၀ နှစ် ကတည်းက ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း  ရဲတပ်ဖွဲ့ဝင် အများအပြားက လိုက်နာခြင်း မရှိဟု သိရသည်။
“ခုခံအားကျဆင်းရေး ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေး ဗဟိုအဖွဲ့မှာ ကွန်ဒုံးကို ပြည့်တန်ဆာများ ဖမ်းရာတွင် အသုံးမပြုရ ဆိုပြီး  အဲတုန်းက ရဲမှုးချူပ်ဇော်ဝင်း (ယခု အကျဉ်းဦးစီး ညွန်ချုပ်)က စာအမှတ် ၁၀၄၆ ၊ ၁/၂၀၀၀ အရ လက်မှတ်ရေးထိုး ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ စာကို အများသိအောင် ကြေညာဖို့ ဆိုတာကို ပြည်ထဲရေးက လုပ်ပေမဲ့ ကျန်းမာရေးဌာနက သဘော မတူတော့ အများပြည်သူ သိအောင် မလုပ်နိုင်ပဲ ရဲစခန်းအဆင့်ဆင့်ကိုပဲ ညွှန်ကြားချက် ထုတ်ခဲ့ရတယ်။ ထုတ်ထားလျက်နဲ့ ထပ်ဖမ်းတဲ့ ရဲအရာရှိ သုံးယောက်ကို နယ်ပြောင်း ပြစ်ဒဏ်ပေးတယ်။ နောက် ၂၀၀၁မှာ တစ်ကြိမ်၊ ၂၀၀၃ မှာ တကြိမ် စာ ထပ်ထုတ် ပေမဲ့ အခုထိ ရဲက ပြည့်တန်ဆာတွေ့ရင် ကွန်ဒုံးကြောင့် ဖမ်းပါတယ် ပြောတယ်။ ရုံးတင်တော့ ရုံးစာမှာ ကွန်ဒုံးတွေ့ရှိတာ မပါဘူး။ ဒါနဲ့ပဲ ပြည့်တန်ဆာ မိန်းကလေးတွေ ကွန်ဒုံး မဆောင်ရဲကြတော့ဘူး”  ဟု ကျန်းမာရေးဌာနမှ ဆရာဝန် တစ်ဦးက ပြောပြခဲ့သည်။
          ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေကို ၁၉၄၈ လွတ်လပ်ရေး ရအပြီးတွင် ထုတ်ပြန်ခဲ့သည်။ ကွန်ဒုံး အသုံးပြုပါက ဖမ်းဆီးနိုင်ကြောင်း မည်သည့်ဥပဒေ တွင်မှ ညွှန်ကြား မထားပေ။
          `ကျမကို ရဲက ကွန်ဒုံးတွေ့လို့ ဖမ်းတယ်ဆိုရင် အဲဒီဖမ်းတဲ့ သက်သေခံမှာ ကွန်ဒုံးကို တင်ပါလို့ ကျမက ပြောတယ်။ အဲဒီလို သိနေတဲ့ လူမျိုးကျတော့ သူတို့တွေ ဖြုံတယ်လေ။ ကျမ ရောဂါပြနေကြ ဆရာတစ်ယောက်က ဆိုရင် ဒီလို ကွန်ဒုံးနဲ့ အကြောင်းပြပြီး ရဲက ဖမ်းရင် သူ လိုက်ရှင်းပေးမယ် ဆိုတဲ့အကြောင်း ဒီအလုပ် လုပ်စားတဲ့ ကလေးမတွေကို ကျမ ပြောပြတယ်´ ဟု ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်ခဲ့သူ တစ်ဦးက ဆိုသည်။
          ကွန်ဒုံးကို အသုံးပြု မဖမ်းဆီးရန် ထုတ်ပြန်ထားသော စာကို အများ ပြည်သူ သိရန် ကြော်ငြာရန် လိုအပ်ကြောင်း၊ ပြည်တန်ဆာများ ကွန်ဒုံး ကျယ်ကျယ်ပြန့်ပြန့် သုံးလာခြင်းကြောင့် ခုခံကျ ရောဂါ ကူးစက်နှုန်းကို တားဆီးပေးနိုင်ကြောင်း အဆိုပါရောဂါကို လေ့လာသည့် ဆရာဝန်တစ်ဦးက ပြောသည်။
          `ဒီလို ပြည့်တန်ဆာ အလုပ်တွေ ဆိုတာက ပျောက်သွားအောင် တားဆီးလို့ရတာ မဟုတ်ဘူးလေ။ လူတွေရှိသရွေ့ သွေးသားခန္ဒာကိုယ် ရှိသရွေ့ ဒီလုပ်ငန်းတွေ ရှိနေမှာပဲ။ ဒါကို တိုင်းပြည် အတွက် အရှက် ရစေတယ် ၊ နစ်နာစေတယ် ဆိုပြီး ဆေးမြီးတိုနဲ့ ကြိတ်ကုနေလို့ကတော့ ဒီ ရောဂါမျိုးက အမြဲ ခေါင်းထောင်နေမှာပဲ” ဟု  အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး အန်ဂျီအိုတစ်ခုမှ လုပ်သက်ရင့် ၀န်ထမ်းတစ်ဦးက ပြောသည်။

၂၀၀၆ခုနှစ် နိုဝင်ဘာလ ၁၀ရက်နေ့ အမျိုးသားညီလာခံက သတင်းပါ..။ သတင်းပုံကတော့ Google Search ကရတာပါ....
၂၀၀၆တုန်းက ပြောတဲ့ပုံအရဆို အပေါ်ကအလံပေါ့...။ တဖြည်းဖြည်းနဲ့ ကြယ်ဖြူက ရသမျှ စားရင်း စားရင်း Evolution Teoryဆင့်ကဲ ဖြစ်စဉ်အရ ကြီးကြီးလာပြီး အလယ်ကို ရွှေ့လျှားလာပါတယ်... အစိမ်းက အလယ်ရောက် အဝါက အပေါ်ရောက်နဲ့
အစိမ်းရောင်တွင် လက်ဝဲဘက်၌ ကြယ်ဖြူကြီးကို အထက်သို့ မတ်မတ်ညွှန်လျှက် တည်စေရမည်တဲ့...။  ကြယ်ဖြူကြီးဆိုတာ တပ်ချုပ်ကြီးကို ပြောတာလားတော့မသိပါဘူး.. ။ ခုမှ တရေးနိုးလို့ ထရေးတာတော့ မဟုတ်ပါဘူး.. သတင်းပုံလေးတွေ့လို့ မျက်စိများမှားလားလို့ပါ...။ ၂၀၀၆ခုနှစ်က အပြောနဲ့ ၂၀၁၀ ခုနှစ် ထွက်လာတဲ့ အလံရဲ့ ကြယ်ဖြူက ဗိုက်ပူနံကား စားတာ များတဲ့ နအဖ စစ်ခေါင်းဆောင်တွေကိုများ ကိုယ်စားပြုလားလို့ပါ..။ သြော်နအဖ လက်ထက် အလံက အစ အဓိပ္ပါယ်တွေ ...ခုတစ်မျိုး တော်ကြာတစ်မျိုး ကဘောက်တိ ကဘောက်ချာတွေနဲ့ပါလား။

အဓိကအားဖြင့် မြန်မာစာပေလောကမှာ ကြုံနေရတဲ့ ပြဿနာတွေဟာ စာပေစိစစ်ရေးကြောင့် ဖြစ်ပါတယ်။ ကျွန်တော်ဟာ မြန်မာစာပေလောကသား တစ်ယောက်ပါ။ ဒါကြောင့် မြန်မာစာပေနယ်မှာ စာပေစိစစ်ရေးဟာ ဘယ်လောက်ဆိုးရွား ဒုက္ခပေးလှတယ်ဆိုတာကို အချက်အလက်တွေ ရှာဖွေပေးပို့လိုက်ပါတယ်။ ဖြစ်နိုင်ရင် BBC အနေနဲ့ တစ်ပြည်လုံးသိအောင် ဖြန့်ချိပေးပါခင်ဗျား....     http://www.demowaiyan.co.cc/