Tuesday, December 28, 2010

နိုင့်ငံ အေ၇း ဖတ်စ၇ာ သိစ၇ာများ & ဒီကေဘီအေတပ်ကို နအဖ တပ်ရင်းသုံးရင်းဖြင့် တိုက်ခိုက် & သျှမ်းတပ်ဖွဲ့နယ်မြေသို့ နအဖတပ် အင်အားထပ်ဖြည့် & ကချင်ပြည်နယ် ဧရာဝတီတံတားတွင် လူဖြတ်သန်းခွင့် အချိန်ကန့်သတ်

ဖိလစ်ပိုင် အမတ် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ရန်ပိုင် Monday, 27 December 2010
ဒေါ်အောင်ဆန်းစုကြည်အား ဖိလစ်ပိုင် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော် အမတ် မစ္စ လော်ရင် လီဂါးဒါး(Loren Legarda) ယမန့်နေ့က လာရောက်တွေ့ဆုံကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ပြောသည်။
gathering_at_NLD400 ဒီဇင်ဘာ ၁၀ ရက်နေ့ က ရန်ကုန် NLD ရုံးချုပ်၌ ကျင်းပသည့် ၆၂ နှစ် မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်း အ မှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - Reuters)
မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကို သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ဖိလစ်ပိုင်နိုင်ငံသည် သမ္မတ ဘစ်နစ်နို အကွီနို ၏ လက်ထက်တွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ပိုမိုတက်ကြွမှုရှိလာကြောင်း NLD ခေါင်းဆောင်တဦးဖြစ်သည့် ဦးအုန်း
ကြိုင် က ဧရာဝတီသို့ ပြောပြသည်။“အခုလို အာဆီယံ နိုင်ငံထဲက အထက်လွှတ်တော် အမတ် လာတွေ့တာ တနည်းအားဖြင့် ဒီမိုကရေစီအရေးမှာ အားတက်စရာပဲ” ဟု ၎င်းက ဆိုသည်။မစ္စ လီဂါးဒါး နှင့် အတူ ၎င်း၏ သားနှစ်ဦးလည်း လိုက်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုသို့တွေ့ဆုံနိုင်ရန် ၎င်း၏ အရင်း အနှီးဆုံး မိတ်ဆွေ ဖြစ်သည့် အရှေ့တီမော သမ္မတ ဂျိုးဇက် ဟိုဆေး ရာမို့စ် ဟော်တာ က အကူအညီပေးကြောင်း ဖိလစ်ပိုင် စတား သတင်း တွင် ဖော်ပြထားသည်။

“ပုဂ္ဂိုလ်ရေးရာ ခင်မင်မှုအဖြစ် သွားလည်တာပါ၊ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်မှာပါ၊ အထူးသဖြင့် မြန်မာ့ဒီမိုကရေစီ အရေးနဲ့ ပတ်သက်ပြီးပေါ့”ဟု မစ္စ လီဂါးဒါးက ပြောသည်။နှစ်ပေါင်း ၂၀ခန့် နေအိမ်အကျယ်ချုပ် ဘ၀ဖြင့် နေထိုင်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသည့် ဒေါ်အောင်ဆန်း စုကြည် ထံမှ သင်ယူစရာများ ရှိနိုင်သည်ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆိုသည်။ထို့အပြင် လူ့အခွင့်အရေး ကာကွယ်ရာတွင် အမျိုးသမီးခေါင်းဆောင်များ၏ အရေးပါမှု ကဏ္ဍကိုလည်း မြန်မာ့ ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်စုကြည်က ပြသခဲ့သည်ဟု ၎င်းက ပြောဆိုကြောင်း အဆိုပါ သတင်းတွင် ရေးသားထားသည်။

အာဆီယံ အဖွဲ့အတွင်း စီးပွားရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှု ရရှိစေ ရန် အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုအပ်နေသည့်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းကို ကြိုဆိုကြောင်း ဦးအုန်းကြိုင်က ဆက်လက်ပြောသည်။ဒေသတွင်း အာဆီယံနိုင်ငံများ ဖြစ်သည့် ထိုင်း၊ စင်္ကာပူ၊ မလေးရှား စသည့်နိုင်ငံများမှ သံတမန်များက ဒေါ်အောင်ဆန်းစုကြည် အား လာရောက်တွေ့ဆုံသည့် အပြင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ကလည်း မကြာသေးမီက ဖုံးဆက်၍ မြန်မာ့ ဒီမိုကရေစီ အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သေးသည်။ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံအဖွဲ့အတွင်း မြန်မာစစ်အစိုးရကို ပွင့်လင်းစွာပြောဆို ဝေဖန်သည့် နိုင်ငံတနိုင်ငံ ဖြစ်သည်။

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း၂၂ နှစ်မြောက် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်း

ရန်ပိုင် Monday, 27 December 2010
ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ ၀တ်ပြု ဆု တောင်းပွဲ အခမ်းအနားကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ယနေ့နံနက် ၁၀ နာရီခွဲ ခန့်က ပြုလုပ်သည်။
daw_khin_kyi400 မိခင် ဒေါ်ခင်ကြည် ၏ ဂူဗိမာန်တွင် ဂါရ၀ပြု နေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)
နံနက်ပိုင်းတွင် ရွှေတောင်ကုန်း သာသနာ့ရိပ်သာမှ ဆရာတော် ဦးပဏ္ဍိတ ၀ံသ၊ ချမ်းမြေ့ဆရာတော် ရှင်ဇနကာဘိဝံသ အပါအ၀င် သံဃာတော် ၁၀ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင်တဦးဖြစ်သည့် ဦးအုန်းကြိုင် က ပြောသည်။ထို့နောက် နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး ခရစ်ယာန်ဘာသာမှ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဦးအာသာကိုလေး၊ ဦးခင် မောင်ရွှေ၊ ရိုမန်ကက်သလစ် ဂိုဏ်းမှ သိက္ခာတော်ရ ဆရာကြီး ဦးရယ်ဂျီ စသည့် ခရစ်ယာန် ဘာသာ ဂိုဏ်းပေါင်းစုံမှ ပုဂ္ဂိုလ်များ လည်းကောင်း၊ ညနေပိုင်းတွင် အစ္စလမ် ဓမ္မ ဗိမာန်မှ ဦးအေးလွင် ဦးဆောင်သော အစ္စလမ် ဘာသာရေး အဖွဲ့နှင့် ဦးလှအောင် ခေါင်း ဆောင်သည့် ဟိန္ဒူဘာသာရေး အဖွဲ့ စသည့် ဘာသာရေး အဖွဲ့များက အလှည့်ကျ လာရောက် ဆုတောင်းကြကြောင်း ၎င်းက ဆက်လက်ပြောသည်။တက်ရောက်လာကြသည့် ဧည့်ပရိသတ်၏ မေတ္တာရပ်ခံချက်အရ မိခင်ကြီး ဒေါ်ခင်ကြည်၏ ကျေးဇူးတရားများကို ဒေါ်အောင်ဆန်း စုကြည် က ပြောကြားပြီးနောက် ညနေ ၄နာရီတွင် ရွှေတိဂုံဘုရားလမ်းရှိ ဒေါ်ခင်ကြည်၏ အုတ်ဂူသို့ သွားရောက်ပြီး ဂါရ၀ပြုသည်။ဒေါ်ခင်ကြည်အား ရွှေတိဂုံ ခြေတော်ရင်း တောင်ဘက်မုခ် အနီးရှိ သီပေါမင်း ၏ မိဖုရား စုဘုရားလတ်၊ ငြိမ်းချမ်းရေးဗိသုကာ ဆရာ ကြီး သခင်ကိုယ်တော် မှိုင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် စသည့် ပုဂ္ဂိုလ်ကြီးများ၏ ဂူဗိမာန်များအနီးတွင် ဂူသွင်း သဂြိုဟ် ထားသည်။

ဒေါ်ခင်ကြည်ကို ၁၉၁၂ ခုနှစ် ဧရာဝတီတိုင်း မြောင်းမြမြို့ အဘ ဦးဖိုးညှင်း၊ အမိ ဒေါ်ဖွားစု တို့မှ မွေးဖွားခဲ့ပြီး ဒုတိယ ကမ္ဘာစစ် အတွင်း အစ်မဖြစ်သူ ဒေါ်ခင်ကြီးနှင့် အတူ သူနာပြုဆရာမ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ထိုသို့ တာဝန်ထမ်းနေစဉ်အတွင်း မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် တွေ့ဆုံ၍ ၁၉၄၂ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင် လက်ထပ်ခဲ့သည်။ အစ်မဖြစ်သူ ဒေါ်ခင်ကြီးမှာလည်း မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် အရေးပါသော ခေါင်း ဆောင် တဦးဖြစ်သည့် သခင် သန်းထွန်းနှင့် လက်ထပ်ခဲ့သည်။ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် လက်ထပ်ခဲ့ပြီးနောက်ပိုင်း သား (၂)ယောက်၊ သမီး (၁)ယောက်မွေးဖွားခဲ့ပြီး အငယ် ဆုံးသား ဖြစ်သူ အောင်ဆန်းလင်းမှာ ငယ်စဉ်ကပင် ရေနစ်သေဆုံးခဲ့သည်။ခင်ပွန်း ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး နောက်ပိုင်းတွင် အာဏရ ဖဆပလ အစိုးရအဖွဲ့တွင် ၁၉၄၇ ခုနှစ်မှ ၁၉၅၂ ခုနှစ် အထိ လွှတ်တော်အမတ်၊ ၁၉၆၀ ခုနှစ်တွင် မြန်မာပြည်၏ ပထမဆုံး အိန္ဒိယနိုင်ငံဆိုင်ရာ အမျိုးသမီး သံအမတ်အဖြစ် တာဝန်ယူ ခဲ့ သည်။ထို့နောက် ဒေါ်ခင်ကြည်သည် ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် လေဖြတ်ဝေဒနာကို ခံစားရပြီး ဒီဇင်ဘာ ၂၇ ရက်နေ့ အသက် ၇၆ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။သား အကြီးဆုံးဖြစ်သူ ဦးအောင်ဆန်းဦးမှာ ယခုလက်ရှိ အမေရိကန် ပြည်ထောင်စုတွင် နေထိုင်နေပြီး သမီးဖြစ်သူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်တွင် နေထိုင်လျက်ရှိသည်။

ဒီကေဘီအေတပ်ကို နအဖ တပ်ရင်းသုံးရင်းဖြင့် တိုက်ခိုက်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းက ဖလူးလေးမှာရှိတဲ့ ဒီကေဘီအေ တပ်ရင်းကို နအဖ တပ်ရင်းသုံးရင်းက တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ဒီကေဘီအေ ကလိုထူးဘောဗျူဟာမှူး ဗိုလ်မှူးကျော်သက် က ပြောပါတယ်။ဒီမနက် ၆ နာရီခွဲလောက်ကနေ နေ့ခင်း ၁ နာရီ လောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် နှစ်ဖက် ထိခိုက်မှု တွေရှိခဲ့ပေမယ့် အရေအတွက် အတိအကျ မသိရသေးဘူးလို့ ဗိုလ်မှူးကျော်သက် က ပြောပြပါတယ်။ဒီတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံအတွင်းကို ထွက်ပြေးခိုလှုံတဲ့ ဒုက္ခသည်တွေက အခြေအနေ မငြိမ်သက် သေးတဲ့အတွက် ထိုင်းဘက်ခြမ်းမှာပဲ ရှိနေဆဲဖြစ်ပါတယ်။နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ် မြဝတီမြို့နယ်အပါအဝင် ဘုရားသုံးဆူမြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ စစ်အစိုးရတပ်နဲ့ ဒီကေဘီအေတို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပါတယ်။ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်မြို့နယ်ရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင်ကျေးရွာ တွေအပြင် မာနယ်ပလော ဒေသမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
နော်နိုရင်း

KNPP နအဖ တပ် ယာဉ်တန်းကို တိုက်ခိုက်၊ ၃ ဦး ကျဆုံး

သန်းထိုက်ဦး Monday
ကယားပြည်နယ် ဖရှုးဆိုးမြို့နယ်တွင် သံလွင် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအတွက် သွားနေသည့် အစီး၂၀ ခန့်ရှိ နအဖ ယာဉ်တန်းကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် သောကြာနေ့က ခြုံခို တိုက် ခိုက် ခဲ့သောကြောင့် နအဖဘက်မှ ၃ ဦး ကျဆုံးကြောင်း KNPP အတွင်းရေး မှူး (၁) ခူးဦးရယ်က ဧရာဝတီသို့ ပြောသည်။  
KNPP400“နိုင်ငံခြားသား အလုပ်သမား အင်ဂျင်နီယာတွေ သယ်ဆောင်နေတဲ့ ယာဉ်တန်းလို့လည်း ပြောလို့ရတယ်၊ စစ်ကားနဲ့ပဲ၊ နအဖ လုံခြုံရေး တပ်တွေလည်း ပါတယ်၊ အဲဒါကို ကျနော်တို့ ရဲဘော်တွေကနေပြီးတော့ လမ်းမှာ ဖြတ်တိုက်တယ်”ဟု ၎င်းက ဆို သည်။ တိုက်ပွဲကြောင့် ၃ ဦး ကျဆုံးသည်ဟု သတင်းရရှိထားပြီး ထိခိုက် ဒဏ်ရာရရှိသူများ စာရင်းကိုမှု သတင်းမရသေးကြောင်း ၎င်း က ဆက်ပြောသည်။

သံလွင်မြစ်ပေါ်တွင် ရေကာတာ တည်ဆောက်ရန် လွိုင်ကော်မြို့နယ်မှ ဖရှုးဆိုးဒေသသို့ အသွား လမ်းခုလပ်တနေရာတွင် ခြုံခို တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ တိုက်ခိုက်ခံရသော နအဖ တပ်ရင်း အမည်နှင့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအဖွဲ့၏ ကုမ္ပဏီကိုမှု မသိရှိရသေးပေ။ သို့သော် ယင်း ဒေသတ၀ိုက်တွင် နအဖ၏ ခြေမြန်တပ်ရင်း(ခမရ) ၄၂၈နှင့် တပ်ရင်း ၅၃၀ တို့က လှုပ်ရှားနေကြောင်း သိရ သည်။  နအဖ စစ်အစိုးရ ရေကာတာ တည်ဆောက်ရေး စီမံကိန်းကို ဘော်လခဲမြို့နယ် ရွာသစ် အနီးရှိ သံလွင်မြစ်ပေါ်တွင် တည်  ဆောက်ရန် စီစဉ်ထားသည်ဟု KNPP တပ်ဖွဲ့ဝင်များက သတင်းရရှိထားကြောင်း ခူးဦးရယ်က ဆိုသည်။

ရေကာတာ တည်ဆောက်မှုကြောင့် ဒေသခံများ ရွှေ့ပြောင်းခံရနိုင်ခြင်းရှိသကဲ့သို့ ကျေးရွာ အနီး တ၀ိုက်တွင်လည်း ရေလွှမ်း မိုးမှုများ ကြုံတွေ့ရနိုင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။ “အနီးအနားမှာ ရှိတဲ့ ဒေသတွေမှာလည်း ရေလွှမ်းမိုးနိုင်ဖွယ် ရှိတယ်၊ ဒါ့အပြင်ကို ကျနော်တို့ သားရဲ တိရစ္ဆာန်တွေ သေဆုံး ပျက်စီး နိုင်တဲ့ အခြေအနေတွေရှိတယ် ဆိုတော့ ဆုံးရှုံးမှုတွေ ပိုပြီးများမယ့် အခြေအနေရှိပါတယ်”ဟု ခူးဦးရယ်က ပြောသည်။ အောက်တိုဘာလ နောက်ဆုံးအပတ်ကလည်း လွိုင်ကော်မြို့နှင့် ရှားတောမြို့နယ်ကြားတွင်ရှိသော ပွန်ချောင်းတံတား အနီးတွင် KNPP တပ် နှင့် စစ်အစိုးရ ခြေလျင်တပ်ရင်း (ခလရ) ၇၂ တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၎င်း တံတား ပျက်စီးသွားခဲ့ သည်။KNPP အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးပေါင်း၍ စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ကော်မတီ တရပ်ကိုလည်း နိုဝင်ဘာ လဆန်းပိုင်းက ဖွဲ့စည်းခဲ့သည်။ ယင်း မဟာမိတ်အဖွဲ့တွင် အပစ်ရပ် တိုင်းရင်းသား အဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA- N) ၊ မွန်ပြည်သစ်ပါတီ (NMSP) တို့အပြင် အပစ် မရပ်သေးသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်နီ တိုးတက်ရေး ပါတီ (KNPP) နှင့် ချင်းအမျိုးသား တပ်ဦး (CNF) တို့ ပါဝင်ကြောင်း သိရှိရသည်။

အပစ်ရပ်သျှမ်းတပ်ဖွဲ့နယ်မြေသို့ နအဖတပ် အင်အားထပ်ဖြည့်

ယမန်နေ့က သျှမ်းပြည်တပ်မတော် အပစ်ရပ်တပ်မဟာ ၁ နယ်ဘက်သို့ နအဖစစ်တပ် ၅ ရင်း ခန့်အင်အား တိုးချဲ့ဖြည့်ထားကြောင်း တရုတ်နယ်စပ် သတင်းရပ်ကွက်ကဆိုသည်။“မိုင်းရယ်က ခမရ ၃၂၅၊ ဟိုယက ခလရ ၆၇၊ နောင်တော် (နမ္မတူ) က ခလရ ၁၄၇၊ သီပေါက ခလရ ၂၃ နဲ့ ဆိုင်းခေါင် (တန့်ယန်း) က ခလရ ၂၂ လက်အောက်ခံ တပ်ခွဲတွေပေါ့၊ တခြားဒေသမှာ သွားလှုပ်ရှားနေတဲ့ တပ်ခွဲတွေ ဒီဘက်ကို ပို့လိုက်တဲ့သဘော၊ အင်အားက စုစုပေါင်း ၃၀၀ ကျော်ရှိမယ်လို့ခန့်မှန်းရတာဘဲ” - ဟု တပ်မဟာ ၁ မိသားစုဝင်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။တပ်မဟာ ၁ ၏ စစ်ဒေသအမှတ် ၁ နယ်မြေ သီပေါ - မိုင်းရယ် နှင့် ကျေးသီးဘက်သို့ ပြန်ဆင်းလာ ခြင်းဖြစ်ပြီး ဝမ့်ဟိုင်းနှင့်စိန်ကျော့ကြား တိုးချဲ့နေရာယူလာသည်ကို ၂၂ ရက်ညမှ စတွေ့ ခြင်းဖြစ်သည်ဟု အဆိုပါ ပုဂ္ဂိုလ်က ပြော၏။

“မိုင်းရယ်အနောက်ဘက် ၇ - ၈ မိုင်လောက်ဝေးတဲ့ မိုင်းရယ် - ဆိုင်ကျော့ကြား၊ ၀မ့်ဟိုင်းဆိုင် ကျော့ကြားနယ်မြေအထိ ဝင်လာတာ။ တပ်မဟာ ၁ ဘက်ကလဲ ပိုပြီး သတိထားရတယ်။ အသင့်ပြင်ဆင် ထားရတယ်။သူတို့ ဘယ်ဖက်ထပ်ထိုး ဖောက်ဦးမလဲ။ ဘယ်လို ထပ်လှုပ် ရှားမလဲ စောင့်ကြည့်ရဦးမှာပေါ့” - ဟု ၎င်းက ပြောပြသည်။သို့သော် ယခုလ ၁၈ ရက် သျှမ်းပြည်တပ်မတော် (တပ်မဟာ ၁ ) ၏ ဝမ့်ဆော့တိုက်နယ် အနောက်ဘက် ၃ မိုင်ခန့်အကွာ ဝမ့်လွေရွာ ကွန်ကျိုင်း SSA တပ်စခန်းအား နအဖ စစ်တပ် ဝင်ရောက်တိုက်ခိုက်စဉ် ဝမ့်ဟိုင်းမှ SSA တပ် အင်အားများထပ်ဖြည့်၍ တိုက်ပွဲအပြင် ဘက်မှ ၀န်းရံလိုက်ပြီး ၁၉ ရက် ညနေပိုင်းမှ ထွက်ပေါက် ပေးခဲ့၏။ နအဖတပ် ထပ်မံကျူးကျော် ၀င်ရောက်လာပါက အချိန်မရွေး ပစ်ခတ်ရန် ထိုစဉ်က အမိန့် ထုတ်ထားခဲ့သည်။

အလားတူ ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်လည်း တရုတ်နယ်စပ် မူစယ်မှ စစ်လက်နက်တင် ၁၀ ဘီးကားကြီး ၂ စီး လားရှိုးသို့ ဆင်းသွားရာ ကွတ်ခိုင်မြို့အ၀င် ၁၃ မိုင်အကွာ၌ ကားပျက် လမ်းပိတ်နေသည်ကို မွန်းတည့်ချိန်တွေ့ရကြောင်း မူစယ်မှလာသော ခရီးသည်တဦးက ပြောပြသည်။“ဘီအီး ၁၀ ဘီးကား ကြီး ၂ စီး မူစယ်က ချောဆွဲလာတာ။ ကားကြီးက လေးလွန်းလို့ ကွတ်ခိုင် မ၀င်ခင်မှာ ပျက်နေတယ်။ လုံခြုံရေးယူပေးတဲ့စစ်သား ၂၀ ကျော်ဟာ ဟိုင်းလက်ကား ၂ စီးနဲ့ ၁၀ဘီး ကားကြီးရဲ့ အရှေ့မှာရော အနောက်မှာရောဘဲ။ ဆိုတော့ အတန်းလိုက်ကြီး လမ်းပိတ်နေတာ။ တရုတ်ဆီက လက်နက်ကြီးတွေ ရလာတယ်လို့ စပယ်ယာတယောက်က ပြောတယ်။မူစယ် လားရှိုးလမ်းတလျှောက် တချို့အကွေ့တွေမှာ လုံခြုံရေးချထားတယ် ” ဟု အဆိုပါ ခရီးသည်က ပြောပြသည်။

ကချင်ပြည်နယ် ဧရာဝတီတံတားတွင် လူဖြတ်သန်းခွင့် အချိန်ကန့်သတ်

ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန
ကချင်ပြည်နယ်၏ အဓိက တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းရှိ ဗလမင်းထင် ဧရာဝတီ တံတားတွင် လူဖြတ်သန်း သွားလာမှုအား မြန်မာစစ်အစိုးရမှ အချိန် ကန့်သတ်လိုက်ခြင်းကြောင့် ဒေသခံပြည်သူများနှင့် ကုန်သည်များ အခက်ကြုံတွေ့နေရကြောင်း သိရသည်။
တံတားမုဒ်ဝ တွက် ခရီးသွားများအား မြန်မာစစ်အာဏာပိုင်များမှ စစ်ဆေးနေပုံ။ ပုံ-ကချင်သတင်းဌာန
တံတားမုဒ်ဝ တွက် ခရီးသွားများအား မြန်မာစစ်အာဏာပိုင် များမှ စစ်ဆေးနေပုံ။ ပုံ-ကချင်သတင်းဌာန
ဧရာဝတီမြစ်၏ တဖက်တချက်ရှိ မြစ်ကြီးနား နှင့် ၀ိုင်းမော် မြို့နှစ်မြို့ကို ဆက်သွယ်ပေး သည့် ဗလမင်းထင်တံတားတွင် ပြီးခဲ့သည့် အပတ်မှစ၍ ညနေ ၆နာရီမှ မနက် ၆နာရီထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်သည်။“ဒေသခံ ပြည်သူတွေက ခက်ပြီလေ။ ၆နာရီပိတ်တာဆိုတော့ ၆နာရီအတောအတွင်းဝင်လာရမယ်။အဲထက်နောက်ကျရင်တော့ ဝိုင်းမော်မြို့မှာ အိပ်လိုက်ရတယ်။” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ယခုလို ညသွားလာခွင့် ပိတ်ပင်လိုက်သည်မှာ လာမည့် နှစ်သစ် ဇန်န၀ါရီ ၇ ရက်မှ ၁၁ ရက်ထိ “၆၃ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး” အား မြစ်ကြီးနားတွင် ကျင်းပမည်ဖြစ်သောကြောင့် မြို့တွင်းလုံခြုံရေး တင်းကြပ်လာခြင်းဖြစ်သည်ဟု ဒေသခံများ သုံးသပ်ပြောပါသည်။နှစ်စဉ်နှစ် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး ကျင်းပချိန်ရောက်တိုင်း မြို့တွင်း လူအဝင်အထွက် စစ်ဆေးမှုများတင်းကြပ်ပြီး မနောပွဲကျင်းပသည့် စီတာပူ မနောကွင်းအထဲတွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာချထားလျက်ရှိသည်။

မြစ်ကြီးနားမြို့တွင် ကျောင်းတက်နေသည့် ဝိုင်းမော်တစ်ဖက်ကမ်းမှ ကျောင်းသူကျောင်းသားများက အိမ်ပြန်နောက်ကျမည် စိုးရိမ်သဖြစ် ၎င်းတို့၏ ညကျူရှင်ချိန် ရွှေ့လိုက်ရကြောင်းကိုလည်း ဝိုင်းမော် ဒေသခံတစ်ဦးမှ ပြောသည်။တဖက်မှာလဲ ယခုလို တံတား ဖြတ်သန်းခွင့် အချိန်ကန့်သတ်လိုက်ခြင်းပေါ် ဝိုင်းမော်မြို့နယ် ဒေသခံတစ်ဦးမှ “စစ်အစိုးရနှင့် ဆိုင်တဲ့ လူတွေ၊ ရေအားလျှပ်စစ်ကားတွေဖြတ်ဖို့နေမှာ။ အဲကားမှာ ဘာတွေ သယ်သွား၊ သယ်လာလုပ်တယ် ဆိုတာ မသိခိုင်းစေတာကြောင့် ဖြစ်မယ်။” ဟုလည်း ထင်မြင်ချက်ပြောသည်။တရုတ်နယ်စပ်မှ မြစ်ကြီးနားသို့ ဝင်ရန် တစ်ခုတည်းသာရှိသည့် ဗလမင်းထင်တံတား မုဒ်ဝ၌လည်း ဖြတ်သန်း သွားလာနေသည့် ဒေသခံ၊ ခရီးသွားများအား စစ်အာဏာပိုင်များမှ ပုံမှန်မေးမြန်းစစ်ဆေးနေသည်မှာ ယခုချိန် ပိုပြီးတင်းကြပ်လာကြောင်း ဒေသခံများပြောသည်။

မြန်အောင်မြို့က ရဲ ဆိုးတယောက်အကြောင်း

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတဦးက စားသောက်ဆိုင်တခုမှာ အလုပ်လုပ်တဲ့ မိန်းမပျိုတဦးကို အတင်းအဓမ္မ သားမယားအဖြစ်ပြုကျင့်ခဲ့တဲ့ အဖြစ်အပျက်တခုပါ။၁၂.၈.၂ဝ၁ဝ နေ့ ညပိုင်း ၇ နာရီလောက်မှာ မြန်အောင်မြို့နယ် ရဲစခန်းမှ နယ်ထိန်း အင်ချပ် ဒုရဲအုပ် မင်းမင်းစိုး ဟာ အမှတ် (၁) အတွင်းမှာ ဖွင့်ထားတဲ့ ဘမ်းဘူးဟောက် စားသောက်ဆိုင် သီးသန့်ခန်းထဲတွင် အရက်သေစာ သောက်စားခဲ့ပါတယ်။အဲဒီအခန်းထဲမှာ မသီတာဆိုသူ မိန်းခလေးတဦးနှင့် စက်ဖွင့်သူ လူငယ်တဦးဟာ သူနဲ့ အတူရှိနေပါတယ်။ သူတို့နှစ်ဦးဟာ ဒုရဲအုပ် မင်းမင်းစိုးကို ဧည့်ခံနေတာပါ။ ဒုရဲအုပ် မင်းမင်းစိုး မူးလာချိန်မှာ စက်ကိုင်တဲ့လူငယ်ကို အခန်းပြင်ထွက်ခိုင်းလိုက်ပြီး သီးသန့်ခန်း ထဲမှာ မသီတာ တယောက်ပဲ နေခိုင်းပါတယ်။
ထို့နောက် ဒုရဲအုပ်မင်းမင်းစိုး ဟာ အခန်းတံခါးကို သေချာပိတ်ပြီး ကောင်မလေးကို အတင်းတွန်းလှဲ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ပါတော့တယ်။ မသီတာ က အတင်း ရုန်းကန်ပေမယ့် နောက်ဆုံးတွင် သားမယား ပြုကျင့်တာကို ခံလိုက်ရပါသည်။ မသီတာ က သက်သေအဖြစ် အောက်ခံဘောင်းဘီကို သိမ်းဆည်းထားပြီး မန်နေဂျာ ဦးခင်မောင်ဦး ကို တိုင်ခံပါတယ်။မန်နေဂျာက ငါရှင်းပေးမယ် စိတ်အေးအေးထားပါလို့ ပြောပြီး ဆိုင်ရှင် ဦးမြကြီး၊ ဦးသိန်းဌေး၊ ဦးဌေးလွင် တို့ကို ပြောပြရာ ဆိုင်ရှင်မှ စခန်းမှူး ဦးမောင်မောင်တာနှင့် ဆွေးနွေး တိုင်ပင်ခဲ့ပါတယ်။ စခန်းမှူး ဦးမောင်မောင်တာ က ဒုရဲအုပ်မင်းမင်းစိုး ကို ဥပဒေအညီ အရေးယူ ဆောင်ရွက်ပေးပါမယ်လို့ ပြောခဲ့ပေမယ့် ယခုအချိန်အထိ အရေးယူခြင်း မရှိသေးပါ။မြန်အောင်မြို့နယ်ဆိုတာ ရဲအရာရှိဆိုရင် အလွန်ကြောက်ရပါတယ်။ သူတို့မြို့နယ် သူတို့ ရဲစခန်းက ရဲအရာရှိကို ပြန်ပြီးအမှုဖွင့်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ သက်ဆိုင်ရာအာဏာပိုင်များ သိစေရန် ယခုလို တင်ပြရခြင်း ဖြစ်ပါတယ်။
စားသောက်ဆိုင်မှာလုပ်တဲ့ မိန်းခလေးတိုင်းဟာ မိန်းမပျက် မဟုတ်ပါဘူး၊ နယ်ထိန်း အင်ချပ်ဒုရဲအုပ် မင်းမင်းစိုးဟာ သူ့မှာ သားမယားရှိပါလျှက် သားသမီးခြင်း၊ နှမခြင်းကိုယ်ချင်း မစာနာဘဲ မသီတာဆိုသူ မိန်းခလေးကို သားမယားပြုကျင့်သည်မှာ အင်မတန်မှ အရုပ်ဆိုး အကျည်းတန်လှပါတယ်။ ဥပဒေကို ကိုင်ဆောင်ထားတဲ့ ဥပဒေဘက်တော်သားတဦးက ပြည်သူလူထုမှ အပ်နှင်းထားသော အာဏာနဲ့ လုပ်ပိုင်ခွင့်ကိုသုံးပြီး သားပျို၊ သမီးပျိုကို ဖျက်စီးတာဟာ အင်မတန် ကြေကွဲဖွယ်ရာကောင်းတဲ့ ဖြစ်ရပ်တခုပါ။မြန်အောင်မြို့နယ်ရဲ့ နေရာတိုင်းမှာ လူသတ်မှု ကျုးလွန်ရင် ထောင်ဒါဏ် တသက်တကျွန်း ကျခံရမည်။ မုဒိန်းမှု ကျူးလွန်ရင် ထောင်ဒါဏ် တသက်တကျွန်း ကျခံရမည် ဆိုတဲ့ ဆိုင်းဘုတ်တွေ လမ်းဆုံ လမ်းခွမှာ စိုက်ထူထားပြီး တာဝန်ကျ ရဲဝန်ထမ်းကိုယ်တိုင် ကျူးလွန်နေတော့ ပြည်သူတွေအပေါ် စော်ကားရာရောက်သလို ပြည်သူလူထုနဲ့ မြန်အောင် မြို့သူ မြို့သားတွေက ဘယ်လိုလုပ်ပြီး တာဝန်ကျ ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှု ရှိနိုင်ပါမလဲ ဆိုတာ သက်ဆိုင်ရာ အာဏာပိုင်များသိစေရန် တင်ပြလိုက်ပါတယ်။
( ဖြစ်စဉ် အကျဉ်းချုပ်လောက်သာဖြစ်ပါတယ်။ )   ပေးပို့ … လွင်မြင့်

ပြင်းထန်သည့် အအေးလှိုင်း မြန်မာနိုင်ငံကို ဖြတ်သန်းဖွယ်

မြန်မာနိုင်ငံအတွင်း လာမဲ့သီတင်းပတ် ဇန်နဝါရီလဆန်းပိုင်းမှာ အင်အားအတန်အသင့် ပြင်းထန်တဲ့ အအေးလှိုင်းတခု ဖြတ်သန်း ဝင်ရောက်ဖို့ ရှိတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က RFA ကို ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားပါတယ်။“တွက်ကြည့်တော့ ခရစ်စမတ်အပြီး ဆိုတော့ ဒီဇင်ဘာအကုန် ဇန်နဝါရီ လဆန်းလောက်မှာတော့ ဖြစ်နိုင်တယ် ထင်ပါတယ်။ သိသိသာသာတော့ အေးလိမ့်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ် ဆောင်းတွေက လွန်ကဲနေတယ်ဗျ။ ကမ္ဘာ့ မြောက်ဖက်ခြမ်းမှာလေ ဥရောပမှာလည်း တော်တော်ကြီးကို အခြေအနေ ဆိုးနေတယ်။ ဆိုတော့ ကျွန်တော်တို့ဖက်လည်း အထိုက်အလျောက်တော့ အေးလိမ့်မယ်လို့ ထင်ပါတယ် ခင်ဗျ။အခုလို အအေးလှိုင်းဝင်ရောက်မှုကြောင့် ဆောင်းသီးနှံအထွက်နှုန်း ထိခိုက်မှု ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတဝန်း မနက်ခင်းတွေမှာ မြူနှင်းတွေ အထူအထပ် ဖုံးအုပ်ကျဆင်းနိုင်တဲ့အတွက် အမြင်အာရုံ မသဲကွဲမှုကြောင့် ဖြစ်ပွားနိုင်တဲ့ မတော်တဆမှုနဲ့ အန္တရာယ်တွေကို သတိပြုဖို့ လိုအပ်ကြောင်း ဦးထွန်းလွင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ တခြား ကမ္ဘာ့ နိုင်ငံတွေမှာလို ရာသီဥတု ပြောင်းလဲမှုနဲ့ ရင်ဆိုင်နေရပြီး အအေးဓာတ် ပြင်းထန်တဲ့ ဆောင်းရာသီကို မနှစ်က စတင်ကြုံလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အခါလွန်မိုး ရွာသွန်းခဲ့တာကြောင့် မြန်မာပြည် အောက်ပိုင်းဒေသတွေမှာ ရင့်မှည့်စပါးတွေ အတော်များများ ပျက်စီးမှု ရှိခဲ့ပါတယ်။ မိုးလေဝသပညာရှင် ဦးထွန်းလွင်ကတော့ အခုနှစ်အတွင်း နောက်ထပ် မိုးရွာသွန်းမှု မရှိနိုင်တော့ဘူးလို့ ခန့်မှန်းပြောဆိုပါတယ်။မြန်မာနိုင်ငံရဲ့ ဆောင်းတွင်းကာလ အအေးလှိုင်း ဖြတ်သန်းမှုနဲ့ မိုးလေဝသ ရှေ့အလားအလာ ခန့်မှန်းချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက် နားဆင်ရန်

မြောက်ကိုရီးယား နျူကလီးယားသုံးရန် အသင့်

တောင်ကိုရီးယားနိုင်ငံက နောက်ထပ် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေစဉ်မှာပဲ တောင်နဲ့မြောက် ၂ ဘက်အကြား အပြန်အလှန် တုံ့ပြန် ပြောဆိုမှုတွေလည်း တိုးလာနေပါတယ်။ရန်စတဲ့ အပြုအမူတွေ လုပ်ရင် နျူကလီးယား စွမ်းရည်ကို အသုံးပြုပြီး မြင့်မြတ်တဲ့စစ်ပွဲ ဆင်နွှဲဖို့ အဆင်သင့် ရှိနေတယ်လို့ မြောက်ကိုရီးယားက ကြာသပတေးနေ့မှာ ပြောဆိုလိုက်တာပါ။စစ်မက်ဖြစ်ပွားမယ့် အခြေအနေတွေကို ရောက်အောင် တောင်ကိုရီးယားက တွန်းပို့နေတယ်လို့လည်း မြောက်ကိုရီးယား လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ၀န်ကြီး ကင်မ်ယုံချွန်း (Kim Yong Chun) ကို ကိုးကားပြီး မြောက်ကိုရီးယား သတင်းအေဂျင်စီက ဖော်ပြခဲ့တာပါ။နယ်စပ်ဒေသအနီးက စစ်အခြေစိုက် စခန်းကို သွားရောက်ခဲ့တဲ့ တောင်ကိုရီးယား သမ္မတ အီမြောင်ဘက်ခ် (Lee Myung-bak) ကလည်း မြောက်ကိုရီးယားရဲ့ တိုက်ခိုက်မှု အသစ်တွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်ရမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး ရရှိဖို့ စိတ်ရှည်ဖို့ လိုမယ်လို့ ထင်ခဲ့တာဟာ မှားယွင်းတယ်လို့လည်း တောင်ကိုရီးယား သမ္မတက ပြောခဲ့တာပါ။ တောင်ကိုရီးယားကတော့ နောက်ဆုံးအကျော့ စစ်ရေးလေ့ကျင့်မှုတွေကို ကြာသပတေးနေ့က မြေပြင်နဲ့ ဝေဟင် တပ်ဖွဲ့တွေ အသုံးပြု လုပ်ဆောင်ခဲ့ပါတယ်။ဗုံးတွေ၊ လက်နက်ကြီးတွေ၊ ရော့ကတ် လောင်ချာတွေနဲ့ F-15 တိုက်လေယာဉ်တွေရဲ့ ပစ်ခတ် လေ့ကျင့်မှုတွေကြောင့် တောင်နဲ့မြောက် နယ်ခြားက မိုင် ၂၀ လောက်အကွာ မြစ်ဝှမ်းဒေသမှာ ယမ်းငွေ့တွေ ဖုံးလွှမ်း နေခဲ့တာပါ။တောင်ကိုရီးယားနိုင်ငံရဲ့ အရှေ့ဘက် ကမ်းရိုးတန်း အလွန်မှာလည်း ရေတပ်က ၃ ရက်မြောက် စစ်ရေးလေ့ကျင့်မှုတွေကို ဆက်လက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
နားဆင်ရန်

၂၂ နှစ်ပြည့် ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ နိုင်ငံရေးမူသစ်အချို့ ချမှတ်

ဒီဇင်ဘာ ၂၀ ရက်မှ ၂၉ ရက်နေ့အထိ ၁၀ ရက်ကြာ ကျင်းပမည့် ဝ ပြည်သွေးစည်း ညီညွှတ်ရေးပါတီ ခရိုင်အဆင့် ညီလာခံတွင် အသစ်တက်လာမည့် နိုင်ငံတော်အစိုးရနှင့် ညှိနှိုင်းတိုင်ပင်ရေး ကမ်းလှမ်းချက် အပါအ၀င် မူဝါဒအချို့ထပ်မံ ချမှတ်ကြောင်း စုံစမ်း သိရှိရပါသည်။
UWSP ဝ ပြည်သွေးစည်းရေးပါတီ ဒီမိုကရေစီ ရွေးကောက်ပွဲ တက်ရောက်သူ ရှောက်မင်လျဲန်(တတိယမြောက် ပုဂ္ဂိုလ်)
“ပြီးခဲ့တဲ့ ၂၀ ရက်နေ့က ကျနော်တို့ ပါတီရဲ့ ၂၂ နှစ်ပြည့် မွေးနေ့လေ၊ ဆွေးနွေးရမယ့်ဟာတွေတော့ အများကြီးပေါ့။ အဓိက ဆွေးနွေးဖြစ်တာကတော့ နောင်လာမယ့် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသစ်နဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းထားတဲ့ အချက်တွေပါတယ်”- ဟု ညီလာခံ တက်ရောက်သူ ဝ အရာရှိတဦးက ပြောပြပါသည်။ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ မိုင်းမောခရိုင် ညီလာခံတွင် ဝ ပြည်နယ်အစိုးရ ဒုသမတနှင့် UWSP ဒု အတွင်းရေးမှူး ရှောက်မင်လျဲန် က အဓိက ၆ချက် မိန့်ခွန်းချွေခဲ့ကြောင်း၊ နောင်တက်လာမည့် အစိုးရသစ်နှင့် လက်ရှိစစ်အစိုးရတို့အကြား ကွာခြားမှုမှာ ယူနီဖောင်း ၀တ်စုံသာဖြစ်ကြောင်း၊ သို့သော် အစိုးရသစ်နှင့် ဆွေးနွေးရန် ဆက်ဆံရေးကော်မတီ စေလွှတ်လိုကြောင်း၊မိမိတို့ UWSP/UWSA သည် ပြည်တွင်းစစ်ကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး အတွက် အခြေခံရပ်တည်ကြောင်း၊ ငြိမ်းချမ်းရေး မပျက်ပြားရန် အထူး ထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ပြီး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစိုက်မတ်မတ် ကြိုးစား သွားမည် ဖြစ်ကြောင်း တင်ပြခဲ့သည်ဟုဆို၏။“ကျနော်တို့ ဝ ပြည် သွေးစည်းညီညွှတ်ရေးပါတီမှာ ပါတီဝင် ၇၅၀၀ ရှိတယ်၊ ပါတီ အထွေထွေအတွင်းရေးမှူးက ဦးပေါက်ယူချမ်း၊ ဒု အတွင်းရေးမှူးက ရှောက်မင်လျဲန်၊ နိုင်ငံရေး အတိုင်အပင်ခံကွန်ကရက် ဥက္ကဌ က ဗိုလ်လာခမ်း” - ဟု ညီလာခံတက်ရောက်သူ ပန်ဆန်းမှ အရာရှိတဦးက ပြောပါသည်။
UWSP မဲပေးနေပုံ
ယနေ့ ဒီဇင်ဘာ ၂၃ ရက် ညီလာခံ တက်ရောက်သူများက ဒီမိုကရေစီနည်းဖြင့် နောင်လာမည့် ၅ နှစ်သက်တမ်းအတွက် ခရိုင်ပါတီကော်မတီဝင်များ ရွေးကောက် တင်မြောက်သွားမည်ဟုလည်း ပြောပါ သည်။ အနယ်နယ်အရပ်ရပ်မှ အရပ်ဖက်၊ စစ်ဖက်ပါတီဝင် ၂၅၀၀ ခန့် တက်ရောက်ပြီး တောင်ပိုင်းဝနယ်(၁၇၁ စစ်ဒေသ) ကိုယ်စား-ပါတီဒုအတွင်းရေးမှူး ၂ (ပေါက်ယူချမ်း၏အစ်ကို) ပေါက်ယိုရီး UWSA ဒု စစ်ဦးစီးချုပ် တာ့အိုက်လွန်းနှင့် (ပေါက် ယူချမ်း၏တူ) တပ်မဟာ ၃၁၈ တပ်မဟာမှူး ပေါက်အိုက်ရုန့် တို့လည်း တက်ရောက်ကြ၏။ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP သည် နအဖစစ်အုပ်စု ပြီးလျှင် (အင်အား သောင်းချီရှိ) ဒုတိယအင်အား အကြီးဆုံး ဝ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA ကို ဦးဆောင် ဦးရွက်ပြုနေသည့် ပါတီဖြစ်သည်။
http://www.mongloi.org

ရှေ့တန်းစစ်မျက်နှာအတွက် UWSA အထူးတပ်မဟာတခု တိုးချဲ့ဖွဲ့စည်း

နော်မန် အကြောင်းအရာ
စက်တင်ဘာ ၁ ရက် နောက်ဆုံးထား၍ လက်နက်ချ ရမည်ဟု နအဖစစ်အုပ်စု ရာဇဒဏ်ပေးပြီးနောက်ပိုင်း ဝ ပြည်သွေးစည်းညီညွှတ် ရေး တပ်မတော်တွင် အရေးကြီးရှေ့တန်း စစ်မျက်နှာအတွက် အထူးတိုက်ခိုက်ရေး တပ်မဟာတခု တိုးချဲ့ဖွဲ့စည်းထားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

တပ်မဟာ ၆၁၈ တပ်မဟာမှူး ပေါက်ဆမ်ရိုင်း
“အရင်တုန်းက ကျနော်တို့ မြောက်ပိုင်း ဝ နယ်မှာ တပ်မဟာ ၃ ခု ရှိတယ်။ စစ်ရေး တင်းမာမှု တွေဖြစ်ပြီးနောက်ပိုင်း အရေးကြီးတဲ့ နယ်ခြားမျဉ်းတလျှောက် အထူးတိုက်ခိုက်ရေးအတွက် တပ်မဟာသစ်တခု ထပ်မံတိုးချဲ့ဖွဲ့စည်းထား ရတာဖြစ်တယ်” - ဟု ယခု ရက်ပိုင်း မိုင်းမော UWSP ပါတီညီလာခံ တက်ရောက်သူ ဝ တပ်မှူးတဦး ကပြောပါ သည်။မြောက်ပိုင်း ဝ နယ်၌ ရှိရင်းစွဲတပ်မဟာ ၃ ခုအပြင် ထပ်မံတိုးချဲ့ဖွဲ့စည်းသည့် တပ်မဟာ ၆၁၈ သည် အထူးရှေ့ တန်းစစ်မျက်နှာ ဖြစ်သည့် မန်းဆိုင် နှင့် နောင်ခစ်မြို့နယ် ဒေသတွင် ထိန်းချုပ်တာဝန်ယူရကြောင်း၊တပ်မဟာ ၆၁၈ တပ်မဟာမှူးမှာ ပေါက်ဆမ်ရိုင်း ဖြစ်ကြောင်း၊ နအဖ ထိန်း ချုပ်နယ်မြေ (သံလွင်အနောက် ခြမ်း)တန့်ယန်းမြို့နယ်နှင့် မျက်နှာခြင်းဆိုင်ဖြစ်ကြောင်း၊ (သံလွင်အရှေ့ခြမ်း) တာ့ကောင်းအက်တံတားအလွန် နအဖ၏ အကြီးဆုံးခံတပ် လွယ်ပန်လုံတ၀ိုက်ဖြစ်ကြောင်း၊ ထိုခံတပ်နှင့်အပြိုင် အရေးကြီးဆုံးရှေ့ပြေး လွယ်ပန်ဇုံ ဝ ခံတပ်ကို ဤ တိုးချဲ့ဖွဲ့စည်း လိုက်သည့် တပ်မဟာသစ် ၆၁၈ က တာဝန်ယူရကြောင်း ဆိုပါသည်။

“ဒီညီလာခံကနေ ဆုံးဖြတ်ပြီး ဖွဲ့စည်းတာ မဟုတ်ဘူး၊ စက်တင်ဘာလ ကတည်းက ထပ်တိုးချဲ့ ဖွဲ့စည်းလိုက်တာ၊ စစ်ရေးတာဝန်ယူ လာတာ ၃ လလောက်ရှိပါပြီ”
- ဟု ဆက်၍ ပြောပြပါသည်။လက်ရှိ ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်တွင် တပ်မဟာ ၉ ခု ရှိကြောင်း၊ တောင်ပိုင်း ဝ နယ် ၅ ခု၊ မြောက်ပိုင်း ဝ နယ် ၄ ခု၊ တပ်မဟာတခုလျှင် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိရှိကြောင်း၊ ထို့အပြင် ပြည်သူ့စစ် တပ်မဟာလည်းရှိသေးကြောင်း ပန်ဆန်း ဌာနချုပ် ၀ အရှိကြီးတဦးက ယခုကဲ့သို့ပြောပါသည်။“မိုင်းမောမှာပြည်သူ့ စစ်တပ်မဟာ ၉၁၆ ရှိတယ်၊လက်အောက်ခံတပ်ရင်းက ၁၁ ရင်း၊ ၀ိန်းကောဝ်မြို့နယ် တပ်မဟာ ၉၁၇ အောက် မှာ ၅ တပ်ရင်း၊ မိုင်းပေါက်က ၉၁၈ က ၅ ရင်း၊ နောက်ပြီး တောင်ပိုင်း ဝ နယ် မိုင်းယွန်း မှာ လဲရှိသေးတယ်၊ အဲဒါတွေက မိမိရပ် ရွာကိုကာကွယ်တဲ့ ဒေသခံ လူထုတပ်ဖွဲ့တွေဘဲ”  ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ မြောက်ပိုင်း ဝ နယ်တွင် တပ်မဟာ ၃၁၈ ၊ တပ်မဟာ ၄၁၈ ၊ တပ်မဟာ ၄၆၈ မိုင်းပေါက်နှင့် တိုးချဲ့တပ်မဟာသစ် ၆၁၈ အပြင် တောင်ပိုင်း ဝ နယ် အမှတ် ၁၇၁ စစ်ဒေသတွင်မူ တပ်မဟာ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၁၈ တို့ ဖြစ်ကြသည်။

ဟန်လေး Saturday, 25 December 2010 12:49 ကာတွန်း
ca-dec-25-10

Forever Group နှင့် ရွှေသံလွင် စီးပွားရေး ပြိုင်

ဧရာဝတီ 
အခပေး ဖျော်ဖြေရေး ရုပ်သံလိုင်းများ ရောင်းချသော ရွှေသံလွင် ကုမ္ပဏီနှင့် ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းနှင့် နီးစပ်သူများ ထူထောင်ထားသော Forever Group ကုမ္ပဏီတို့ အပြိုင်အဆိုင် ဈေးလျှော့ ရောင်းချခြင်းဖြင့် အခပေး ရုပ်သံလိုင်း ကြည့်ရှုမည့် ဖောက်သည် အသစ်များ ရှာဖွေ၍ စီးပွားရေး အားပြိုင်မှု ပြင်းထန်နေကြသည်။
skynet_two ရန်ကုန်မြို့ တပ်မတော် ခန်းမ၌ ဒီဇင်ဘာ ၂၃ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်သော YANGON EXPO 2010 တွင် SKY NET အခပေး ရုပ်သံလိုင်း အရောင်း မြှင့်တင်ရေး သရုပ်ဆောင်နေသည့် မြန်မာမော်ဒယ် လှပျိုဖြူ နှစ်ဦးကို တွေ့ရစဉ်(ဓာတ်ပုံ - ဧရာဝတီ)
၂၀၀၅ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ ဆွေမျိုးသားချင်းတချို့နှင့် ဦးဝင်းမော်၊ ဦးအေးကျော် အပါအ၀င် အပေါင်း အပါ များက မြန်မာ စာတန်းထိုး နိုင်ငံခြားရုပ်ရှင်များ ပြသသည့် ဖျော်ဖြေရေး ရုပ်သံလိုင်းနှင့် အားကစားလိုင်းများကို ရောင်းချခဲ့ပြီး မြန်မာ နိုင်ငံတွင် ပထမ ဆုံးသော အခပေး ရုပ်သံလိုင်း ဈေးကွက်ကို ဦးဆောင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး ရွှေသံလွင် ကုမ္ပဏီက Sky Net အမည်ဖြင့် အခပေးရုပ်သံလိုင်းများ ဈေးကွက်တွင်း ၀င်ရောက်လာခြင်းကြောင့် အဆိုပါ ကုမ္ပဏီ နှစ်ခု၏ ဈေးကွက်အားပြိုင်မှုမှာ ပြင်းထန်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွှေသံလွင် Sky Net က သူတို့ရဲ့ အခပေး ရုပ်သံလိုင်းတွေရဲ့ဈေးနှုန်းကို တ၀က်တိတိ လျှော့ပစ်လိုက်တယ်။ Forever Group က လည်း အခပေး ရုပ်သံလိုင်းတွေကို ဈေးတွေတ၀က်ကျော်ကျော်လျှော့ပစ်တယ်။ ဒီ ကုမ္ပဏီနှစ်ခုက အပြိုင်အဆိုင်ကို ဈေးတွေလျှော့ရောင်း နေကြတယ်”ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ရွှေသံလွင်ကုမ္ပဏီ၏ Sky Net အခပေးရုပ်သံလိုင်း ၃၈ လိုင်းကြည့်ရှုရန် ရုပ်သံလိုင်းဖမ်းစက် တန်ဖိုး၏ ပုံမှန်ကုန်ကျစရိတ်မှာ ၆၈၀၀၀ ကျပ် ဖြစ်သော်လည်း ၅၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ၃၄၀၀၀ ကျပ်၊ ရုပ်သံလိုင်းနှစ်စဉ်ကြေးအတွက် တလလျှင် ၁၈၀၀၀  ကျပ်နှုန်း ဖြင့် တနှစ်စာ ၂၁၆၀၀၀ ကျပ်ကျသင့်မည်ဖြစ်သော်လည်း ၅၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ၁၀၈၀၀၀ ကျပ်အထိ ဈေးနှုန်းများ လျှော့ချ ပေးထားကြောင်း သိရှိရသည်။Forever Group ကုမ္ပဏီကလည်း MRTV 4 နှင့် နိုင်ငံတကာ ရုပ်သံလိုင်းများ ပါဝင်သည့် အခပေးရုပ်သံဖမ်းစက် နှင့် 5 Movie ၊5 Series နှင့် Star Sports ဖမ်းယူနိုင်သော ရုပ်သံဖမ်းစက် ဟူ၍ နှစ်မျိုးခွဲခြားပြီး ဈေးနှုန်များ လျှော့ချရောင်းခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။
YANGON_EXPO_2010_SKY_NET400 ရန်ကုန်မြို့ တပ်မတော် ခန်းမ၌ ဒီဇင်ဘာ ၂၃ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပသော YANGON EXPO 2010 တွင် SKY NET အခပေး ရုပ်သံလိုင်း အရောင်းမြှင့်တင်ရေး သရုပ်ဆောင်နေသည့် မြန်မာမော်ဒယ် တဦး(ဓာတ်ပုံ - ဧရာဝတီ)


“MRTV 4 နဲ့ နိုင်ငံတကာလိုင်းတွေ ဖမ်းနိုင်တဲ့ ရုပ်သံဖမ်းစက်နဲ့ တနှစ်စာ ရုပ်သံလိုင်း ကြည့်ရှုခွင့်အတွက် ၆၀၀၀၀ ကျပ်ပါ။ 5 Movie ၊ 5 Series နဲ့ 5 Sports ရုပ်သံလိုင်းဖမ်းစက် ၆၂၀၀၀ ကျပ်။ အဲဒီအထဲမှာ သုံးလ အခပေး ရုပ်သံလိုင်း ကြည့်ခွင့် ပါတယ်” ဟု Forever Group ကုမ္ပဏီ မှ အရောင်း ကိုယ်စားလှယ် တဦးက ပြောသည်။ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ရှိသူတဦးကမူ လက်ရှိ Sky Net ရုပ်သံလိုင်းများ လျှော့ဈေးဖြင့် ရောင်းချခြင်းမှာ ကုမ္ပဏီအတွက် အရှုံးပေါ်စေကြောင်း၊ သို့သော်လည်း ဈေးကွက်ရရှိရေးကိုသာ အာရုံထားနေသည့်အတွက် အရှုံးခံ ရောင်းချနေခြင်းဖြစ်ကြောင်း ရှင်းပြ သည်။

“Sky Net က အခပေး ရုပ်သံလိုင်း ၀န်ဆောင်မှုအပါအ၀င် ၀န်ဆောင်မှု သုံးမျိုးလုပ်နေတယ်။ ပထမ က DTH လို့ခေါ်တဲ့ Direct To Home စနစ်နဲ့ အခပေးရုပ်သံလိုင်း ရောင်းတာ။ ဒုတိယ က MPS လို့ခေါ်တဲ့ Multi-play Services စနစ်နဲ့ ရုပ်သံလိုင်း၊ အင်တာ နက်၊ ဖုန်းလိုင်း ၀န်ဆောင်မှု ပေးတာ။ တတိယ က FTTX လို့ခေါ်တဲ့ ဖိုက်ဘာဆက်ကြောင်းနဲ့ ရုပ်သံလိုင်း၊ ဖုန်း၊ အင်တာနက် ၀န်ဆောင်မှု ပေးတာပါ။ လောလောဆယ်တော့ ရုပ်သံလိုင်းဝန်ဆောင်မှု တခုပဲ ရောင်းနိုင်သေးတယ်။ ကျန်တဲ့ အင်တာနက်၊ ဖုန်း၊ရုပ်သံလိုင်း သုံးမျိုးပေါင်းဝန်ဆောင်မှုက ၂၀၁၁ ခုနှစ်ထဲမှာ စရောင်းမယ်”ဟု ရွှေသံလွင် ကုမ္ပဏီ တာဝန်ရှိသူက ဆိုသည်။

ရွှေသံလွင်နှင့် Forever Group ကုမ္ပဏီတို့က ရောင်းချသော အခပေးရုပ်သံလိုင်းများတွင် CNN ကဲ့သို့သော နိုင်ငံတကာ သတင်း ရုပ်သံ လိုင်းများပါဝင်သော်လည်း သတင်းများမှာ တိုက်ရိုက်ကြည့်ရှုရခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံနှင့် စစ်အစိုးရအကြောင်းပါသော သတင်းများကို ဖြုတ်ပယ် ဆင်ဆာတည်းဖြတ်ပြီးမှ ကြည့်ရှုခွင့်ပြုခြင်းဖြစ်ကြောင်
း သိရှိရသည်။ရုပ်သံလိုင်း ဈေးကွက်တွင် ရွှေသံလွင်နှင့် Forever Group ကုမ္ပဏီတို့ အားပြိုင်နေချိန် အမှန်တကယ်ဈေးကွက်ကို ဦးဆောင်နေသူ မှာ အိမ်နီးချင်းထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ၀င်ရောက်နေသော ရှစ်ပေဂြိုဟ်တု ရုပ်သံစလောင်းများ ဖြစ်ကြောင်း ရန်ကုန်မြို့ရှိအီလက်ထရွန်နစ် ပစ္စည်း အရောင်းဆိုင်များက ပြောသည်။“အဓိက ဒီမိုကရက်တစ်မြန်မာ့ အသံ DVB ရုပ်သံလိုင်းနဲ့ ပြည်ပမြန်မာသတင်း မီဒီယာတွေကို ကြည့်ချင်လို့ ရှစ်ပေစလောင်း တပ် တာ များတယ်။ အချို့တွေက အယ်ဂျာဇီးယားနဲ့ စင်ကာပူ စီအင်အေလို နိုင်ငံတကာ သတင်းလိုင်း တွေကြည့်ချင်ကြ တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတဲ့နောက် ရှစ်ပေစလောင်းတပ်တဲ့သူ တော်တော်များလာတယ်”ဟု ရန်ကုန်မြို့မှ ရှစ်ပေ စလောင်း ရောင်းချသူ အီလက်ထရွန်နစ် အရောင်းဆိုင်ပိုင်ရှင် တဦးက ရှင်းပြသည်။

ရှစ်ပေဂြိုဟ်တု ရုပ်သံစလောင်းဖမ်းစက် တခုလျှင် မြန်မာငွေ ကျပ်နှစ်သိန်းနီးပါး ကုန်ကျပြီး ပြည်တွင်းအခပေးရုပ်သံလိုင်းများကဲ့သို့ လစဉ်ကြေး၊ နှစ်စဉ်ကြေးပေးရန် မလိုသောကြောင့် လူကြိုက်များကြောင်း သိရှိရသည်။“5 Movie ၊ 5 Series နဲ့ Star Sports ရုပ်သံလိုင်းတွေဆိုရင် တလရုပ်သံလိုင်းကြေး ကျပ် ၁၁၀၀၀ ပေးရတယ်။ ရှစ်ပေစလောင်း က တော့ တခါပဲကုန်တယ်။ နိုင်ငံတကာ သတင်းတွေ လွတ်လွတ်လပ်လပ် ကြည့်ရတယ်။ မြန်မာ့နိုင်ငံရေးသတင်းတွေ စုံစုံလင်လင် သိရ၊ မြင်ရတယ်”ဟု ရန်ကုန် လသာမြို့နယ်မှ ရှစ်ပေစလောင်း တပ်ဆင်ထားသူ တဦးက ပြောသည်။မြန်မာနိုင်ငံတွင် မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီရုပ်မြင်သံကြား၊ MRTV 4 ၊ International Myanmar ဟူသော စစ်အစိုးရပိုင် ရုပ်သံ လိုင်း လေးခုရှိပြီး အများစုမှာ အစိုးရ၏ ၀ါဒဖြန့်သတင်း နှင့် အာဘော်များကိုသာ ထုတ်လွှင့်လျက်ရှိသည်။

ဘက်မလိုက် ကြားနေမူဝါဒဖြင့် ၀ ပြည်ဖွံ့ဖြိုး တိုးတက်ရေးဆက်လက် အကောင်အထည် ဖော်မည်

2010 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း - သျှမ်းသံတော်ဆင့်သတင်း
ယခုလ ၂၀ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပနေသည့် ၀ ပြည်သွေးစည်း ညီညွှတ်ရေးပါတီ ခရိုင်အဆင့် ပါတီအတွင်းရေးမှူး၏ ညီလာခံ  မိန့်ခွန်း  အတိုင်း ဘက်မလိုက် ကြားနေ၀ါဒ မူအတိုင်း ရပ်တည်သွားမည်ဖြစ်ပြီး  ၀ ပြည်ဖွံ့ဖြိုး တိုးတက်ရေးကိုသာ လက်တွေ့ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း  ၀ ခေါင်း ဆောင်ပိုင်းတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။“၀ ပြည်အုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ ဆွေးနွေးတယ်။ ရှေ့လုပ်ငန်းစဉ်တွေချတယ်။ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေး အဓိကထားလုပ်သွားမယ်။ အပြောထက် အလုပ်နဲ့သက်သေပြသွားမယ် ။ ရပ်တည်ချက် ၆ ချက်ကို အကောင်အထည် ဖော်သွားမယ်။ အရင်က တင်ပြခဲ့ဖူးတဲ့ ၉ ချက် ၈ ချက်တွေနဲ့ လုံးဝ ကွဲပြားသွားပါပြီ ” ဟု အစည်းအဝေး တက်ရောက်သူ ၀ ခေါင်းဆောင်တဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။    

ဝ ပြည်နယ်အစိုးရ ဒုဥက္ကဌနှင့် ပါတီ ဒု အတွင်းရေးမှူး ရှောက်မင်လျဲန်၏ UWSA ၏ရပ်တည်ချက် ၆ ချက် မိန့်ခွန်းမှာ -
၁။ ၀ ပြည်နယ်ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ရပ်တည်သွားမည်။
၂။ ၀ပြည်နယ်တွင် မိမိကိုယ်ပိုင်တပ်မတော်ရှိရမည်။ ၀ လက်နက် ၀ လက်တွင်းရှိရမည်။ ၀ ပြည်နယ်၌ ၀ လက်နက်ကိုင်တပ်မတော်သာရှိရမည်။
၃။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ ခွဲထွက်မည်မဟုတ်။
၎။ ဘယ်စိုးရပဲတက်တက် သီးခြား ၀ လွတ်လပ်ရေး  တောင်းဆို/ ကြေငြာမည်မဟုတ်။
၅။ ဘယ်စိုးရပဲတက်တက် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ  ၀ ပြည်နယ်ရရှိရေးတောင်းဆိုသွားမည်။
၆။  ယခုတက်လာမည့် အရပ်သားအစိုးရနှင့် ၀ ပြည်နယ်အရေးဆွေးနွေးမည်။ ဘက်မလိုက် ကြားနေမူဝါဒကျင့်သုံးမည်။
smlအဆိုပါပုဂ္ဂိုလ် ဆက်ပြောသည်မှာ “ နအဖစစ်အစိုးရက ၀ ပြည်တိုးတက်ဖို့သူ့မှာစေတနာရှိတာမဟုတ်ဘူး။ ဒီတော့ကျနော် တို့ တိုးတက်ချင်ရင် ကျနော်တို့ကိုယ်တိုင် လုပ်မှဘဲရတော့မယ်။ တက်လာမယ့်  အစိုးရသစ်နဲ့ ၀ အရေး သွားဆွေးနွေးမယ်။ စစ်အစိုးရ လုပ်ငန်းစဉ်ထဲမှာလဲမပါဘူး။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစု ပင်လုံထဲမှာလဲ ၀င်မပါဘူး။ မိန့်ခွန်းထဲမှာပါတဲ့ အတိုင်း ဘက်မလိုက် ကြားနေ၀ါဒမူအတိုင်းရပ်တည်သွားမယ် ” - ဟု ဆို၏။

ထို့အပြင် အခြားနိုင်ငံကို အားကိုးမည်မဟုတ်ဘဲ မိမိဘာသာရပ်တည်နိုင်ရေးကြိုးစားသွားမည်ဟု ဆို၏။

“ ရေနံ ဂက်စ်ရောင်းရဖို့အရေး နအဖက တရားအားထုတ်နေရတယ်လေ။ တရုတ်ကလဲ သူမသာရင် သူမလုပ်ဘူးဆိုတာ ကျနော် တို့ သိနေပြီးသားဘဲ။ တဖက်ကလဲ ကျနော်တို့ဟာ တရုတ်အတွက် အပေါက်ဖြစ်နေလို့ သူတို့ဖိအားမပေးပါဘူး” - ဟု ရှင်းပြ သည်။

ဝ ပြည်ဖွံ့ဖြိုးတိုးတက်ရေး ၅ နှစ်တာစီမံကိန်းအနက် ယခုအကောင်အထည်ဖော်နေသည်မှာ ၀ ပြည်အတွက် ရေအားလျှပ်စစ် ၂ နေရာတည်ဆောက်နေပြီး နအဖ ထိန်းချုပ်နယ်မြေ တန့်ယန်းမြို့အထိ ဖြန့်ဝေပေးနိုင်မည်ဟု ရေအားလျှပ်စစ်အင်္ဂျင်နီယာ တဦး ကပြောသည်။

ဆက်ဖတ်ရန် ...
“ တခုက သံလွင်မြစ်နဲ့ နမ့်မားချောင်းဆုံမှာလုပ်တယ်။ ၈၀၀ မဂ္ဂါဝပ်အထိ အားရှိမယ်။ တန့်ယန်းအထိ ပေးနိုင်မယ်။ နောက်တခု က နမ့်မားချောင်းပေါ်မှာဘဲ။ ဒါကတော့ ၂၀၀ မဂ္ဂါဝပ်ဘဲပေးနိုင်မယ်။ ၀ ပညာရှင်နဲ့ တရုတ်ခွန်းမင်ဖွံ့ဖြိုးရေး ကုမ္မဏီက ပညာရှင် တွေ ပူးပေါင်း...

No comments:

Post a Comment