Sunday, December 26, 2010

ပိုက်ဆံကိုစတာပလာနဲ့တွဲ တိတ်တွေနဲ့ ကပ်တဲ့ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီး& ရမ်းဗြဲကျွန်းမှ လယ်ယာမြေများ လယ်သမားများ လက်လွတ် ဆုံးရှုံးနေ & မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း
















စူနမီ လှိုင်း

show details Dec 26 (1 day ago)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipVSq9cSzC3MI54_y3h0V9hJNVnugV53Ik2sMOcxUGlE1PwTkm8ZGJ5OL5pIVr-wZnpg8YuMGRhWLJ7cCU8PghmDj_rgMDnlaHWs8i0V52Ra8aYxFZv9VIg3uAs6mEK5_WIb3_uAkHBSA/s1600/My+flag2.bmp

ပုံများ စာများ မပေါ်ပါက Display Image Below  ( သို့ )   Always Display Image Below ကို နှိပ်ပါ။

ဓာတ်ပုံများ ချဲ့ ၍ကြည့်လိုလျှင် ပုံပေါ်တင်၍ ကလစ်ခေါက်လိုက်ပါ။ အချို့ အ၀င်မေးလ်များ Inbox  မှာ မတွေ့ လျှင်  Spam နေရာတွင်ဝင်ကြည့်ပါ။

ဗွီဒီယို ဖိုင်တွေ ...မေးလ်နဲ့ ပို့ ရတာ တစ်ချို့ တွေက သိပ်အဆင်မပြေလို့ 
နောက်ဆုံးရ သတင်း၊ ရုပ်/သံ မှတ်တမ်းများ...      ဒီနေရာမှာ  ၀င်ပြီး ကြည့်ရှု့ / ဖတ်ရှု့ နိုင်ပါတယ်။
နောက်ဆုံးရ သတင်း၊ ဆောင်းပါးများ ကို ...         ဒီနေရာမှာ ၀င်ပြီး ကြည့်ရှု့ / ဖတ်ရှု့ နိုင်ပါတယ်။
ကဲ... “ စူနာမီ လှိုင်း ” ကို မြင်ဖူး တွေ့ ဖူးချင်ရင်     ဒီနေရာမှာ  ၀င်ကြည့်လိုက်ကြနော် ...
“ နှင်းဆီရင်ခွင် အငြိမ့် ”စ/ဆုံး ကြည့်ရှု့ လိုပါက    ဒီနေရာ မှာ  ... ၀င်ရောက် ကြည့်ရှု့ နိုင်ပါတယ်။

Merry Christmas and Happy Newyear ရေးထားသောစာသားဖြင့် ကရင်ပြည်နယ်ရှေ့တန်းတနေရာမှမြင်ကွင်းပုံ 

 

ရမ်းဗြဲကျွန်းမှ လယ်ယာမြေများ လယ်သမားများ လက်လွတ် ဆုံးရှုံးနေ

ရခိုင်ပြည်နယ် ကျောက်ဖြူ ခရိုင် အတွင်းရှိ ရမ်းဗြဲကျွန်း ပတ်ပတ်လည်တွင် တည်ရှိသော ကျွန်းငယ်များနှင့် ကျေးရွာများမှ လယ်မြေများကို ဂတ်စ်နှင့် ရေနံပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံ လယ်သမားများက လက်လွှတ် ဆုံးရှုံး နေကြရကြောင်း လယ်သမားများက ပြောသည်။
မဒေးကျွန်းမှ တရုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း
မဒေးကျွန်းမှ တရုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း
ကျောက်ဖြူ အနောက်ဘက် ၈ မိုင်ခန့်တွင်ရှိသည့် မဒေးကျွန်း၌ နိုင်ငံတကာ အဆင့်မီ ရေနံတင် ဆိပ်ကမ်း တစ်ခုကို ဆောက်လုပ်နေပြီး အဆိုပါ ဆိပ်ကမ်း အတွက် လိုအပ်သော မြေများကို နိုင်ငံခြား ကုမ္ပဏီများက ဒေသခံ အာဏာပိုင်များနှင့် ပူပေါင်းကာ မရောင်းမနေရ ၀ယ်ယူနေသဖြင့် လယ်သမားများ အနေဖြင့် လယ်မြေများ ဆုံးရှုံးနေကြရခြင်း ဖြစ်သည်။အမည်မဖေါ်လိုသူ ဒေသခံ တစ်ဦးက “ ဘိုးဘွားပိုင် ကိုယ့်လယ်မြေကို ဘယ်လောက်ဈေးဘဲရရ ဘယ်သူမှ မရောင်းချင်ကြပါဘူး။ မရောင်းရင် မရဆိုတော့ ကြိုက်ကြိုက် မကြိုက်ကြိုက် ရောင်းရတာပါဘဲ။ အခု လယ်သမားတွေ ကျွန်တော်တို့ မဒေးကျွန်းပေါ်မှာ တော်တော်များများ လယ်မြေတွေ မရှိကြတော့ပါဘူး” ဟု ပြောသည်။

မဒေးကျွန်းပေါ်တွင် ဒေ၀ူးကုမ္ပဏီနှင့် တရုတ် အင်ဂျင်နီယာများမှ ရေနက်ဆိပ်ကမ်းနှင့် ဂတ်စ်ပိုက်လိုင်းကို တည်ဆောက်နေပြီး ဒေသခံပြည်သူများ အနေဖြင့် လယ်ဧက ၁၀၀ နီးပါးခန့် ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။
“နိုင်ငံခြားကုမ္ပဏီတွေကက တဧကကို လက်ရှိ ပေါက်ဈေးအတိုင်း ကျပ် ၈ သိန်းပေးပေမယ့် သက်ဆိုင်ရာ စစ်တပ်တို့ ရယကတွေက တခါ ကြားကဖြတ်ယူတဲ့ အတွက် တ၀က်လောက်ဘဲ ရပါတယ်။ သူတို့ကို မပေးရင် အမျိုးမျိုး အကြောင်းပြပြီး အနိုင်ကျင့်မှာကို စိုးတဲ့ အတွက် သူတို့ပေးတဲ့ အတိုင်း ယူနေကြရပါတယ်” ဟု သူက ဆက်ပြောသည်။
၎င်းပြင် ကျောက်ဖြူမြို့မှ ၅ မိုင်အကွာ ဂုံးချိန် ကျေးရွာနှင့် ၇ မိုင်အကွာ မရကျွန်းကျေးရွာတွင်လည်း ဓါတ်ငွေ သန့်စင်စက်ရုံများ တည်ဆောက်ရန်အတွက် လယ်ယာမြေများကို အာဏာပိုင်များက လျော်ကြေးပေးပြီး သိမ်းယူခဲ့ကြောင်း သိရသည်။
ကျောက်ဖြူ အမှတ် (၁) 
ဖေါင်တော် ပြန်လည် တည်ဆောက်မည့် မြင်ကွင်း
ကျောက်ဖြူ အမှတ် (၁) ဖေါင်တော် ပြန်လည် တည်ဆောက်မည့် မြင်ကွင်း
“လယ်ယာမြေတွေကို စက်မူလုပ်ငန်းအတွက် ကျရောက်တဲ့ နေရာ ပါဝင်ရင် ရောင်းပေးလိုက်ကြရပါတယ်။ ဖယ်ပေးလိုက်ကြရတယ်။ ဖယ်ပေးလိုက်ရတဲ့ လယ်မြေတွေကို ဘယ်နေရာမှာမှ အစားထိုးမပေးနိုင်တော့ လယ်သမားတွေ လယ်ယာမြေတွေကို လက်လွှတ်ဆုံးရှုံးသွားကြရတာပေါ့။ အခုဆိုရင် လယ်သမားတွေ အလုပ်လက်မဲ့တွေ ဖြစ်ကုန် ကြရပါပြီ ” ဟု ကျောက်ဖြူမှ လူကြီး တစ်ဦးက ပြောသည်။ ကျောက်ဖြူမြို့တွင်လည်း ပြည်သူများ အပန်းဖြေအနားယူစရာနေရာများကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် ငွေကြေး ချမ်းသာသူများက အပိုင်သိမ်းပြီး အဆောက်အဦးများ ဆောက်လုပ်နေသဖြင့် အများပိုင် အပန်းဖြေစရာ မြေကွက်လပ်များမကျန်တော့ကြောင်း သိရှိရသည်။

ကျောက်ဖြူနှင့် စေတီယျ ကျေးရွာအကြားတွင် တည်ရှိသော လေယျာဉ်ကွင်း မြောက်ဘက်တွင် ကျောက်ဖြူမြို့ခံများ အပန်းဖြေ အလှကြည့်ရာ နေရာများမှာ ယခုအခါ မကျန်ရှိတော့ကြောင်း ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောသည်။ယခု အခါ ကျောက်ဖြူမြို့ အမှတ် (၁) ဆိပ်ကမ်းကို လွန်ခဲ့သည့်လ အနည်းငယ်ကစပြီး အသစ်ပြင်ဆင် တည်ဆောက်နေရာ အဆိုပါ တံတား အနီးရှိ ဆိုင်ခန်း အများအပြားကိုလည်း ပြည်သူများက ဖယ်ပေးလိုက်ရကြောင်း သိရသည်။
-
  စူနာမီ လှိုင်း

Shine........
wave.sunami@gmail.com

ပျံကျဈေးသည်များ မြို့တော်ဝန်ကို ဈေးနေရာတောင်း

 2010 ခုနှစ် မဇ္ဈိမသတင်းဌာန သတင်း - မဇ္ဈိမသတင်းဌာန
ရန်ကုန် (မဇ္ဈိမ)။    ။ သီရိမင်္ဂလာဈေးမှ ပျံကျဈေးသည်များက ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းကို ဈေးရောင်းစရာ နေရာ စီစဉ်ပေးရန် အသနားခံတောင်းဆိုခဲ့ကြသော်လည်း လျစ်လျူရှုခံလိုက်ရသည်။
ရန်ကုန်မြို့ လှိုင်မြို့နယ် 
ပိတောက်ချောင်းအနီးရှိ သီရိမင်္ဂလာဈေးသစ် ဆိုင်းဘုတ်တင်ဖွင့်ပွဲအပြီး 
လုပ်သားနှစ်ဦးက သိမ်းဆည်းမှုများလုပ်နေကြသည်ကို သောကြာနေ့ ဒီဇင်ဘာ ၂၄ 
ရက်၊ ၂၀၁၀ ပြည့်နှစ်က တွေ့ရစဉ်။
ရန်ကုန်မြို့ လှိုင်မြို့နယ် ပိတောက်ချောင်းအနီးရှိ သီရိမင်္ဂလာဈေးသစ် ဆိုင်းဘုတ်တင်ဖွင့်ပွဲအပြီး လုပ်သားနှစ်ဦးက သိမ်းဆည်းမှုများလုပ်နေကြသည်ကို သောကြာနေ့ ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၁၀ ပြည့်နှစ်က တွေ့ရစဉ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်လည်းဖြစ်သော ဦးအောင်သိန်းလင်း ရန်ကုန် လှိုင်မြို့နယ် ပိတောက်ချောင်းရှိ သီရိမင်္ဂလာဈေးသစ်ဖွင့်ပွဲသို့ တက်လာရာ ပျံကျဈေးသည် ၇၀၀ ကျော်က ဈေးရောင်းစရာ နေရာစီစဉ်ပေးဖို့ အော်ဟစ်တောင်းဆိုခဲ့သည်။ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ရောက်လာသော မြို့တော်ဝန်ကို ဈေးသည်များက ” ဈေးရောင်းမယ့်နေရာ လုပ်ပေးပါ” ဟု သံပြိုင်အော်ကြသည်။ မျှော်လင့်မထားသော တောင်းဆိုမှုအပြီး ဖွင့်ပွဲကို အတိုချုံးကာ ဖဲကြိုးဖြတ်ပြီးသည်နှင့် ပြန်ထွက်လာသော ဦးအောင်သိန်းလင်းကားရှေ့တွင် ဈေးသည်အမျိုးသမီးနှစ်ဦး ၀မ်းလျားမှောက်အိပ်ပြီး ဆိုင်ခန်းစီစဉ်ပေးရန် ငိုယိုအသနားခံကြပြန်သည်။ စည်ပင်ဝန်ထမ်းများက ထိုဈေးသည်နှစ်ဦးကို ဆွဲခေါ်ထုတ်သွားကြသည်။

သီရိမင်္ဂလာဈေးဟောင်းတွင် ရောင်းစရာ နေရာရခဲ့ကြသော်လည်း ယခုဈေးသစ်တွင် မရသည့် အတွက် တောင်းဆိုကြသည်ဟု ဈေးသည်များက ဆိုသည်။ မြို့တော်ဝန်အလာကို နေပူထဲက ဈေးသည်များ စောင့်နေခဲ့ကြပြီး အချို့ မနက်စောစောကတည်းကပင် ရောက်နေခဲ့ကြသည်။
ဈေးသစ်သို့ ပြောင်းလိုက်ပြီဖြစ်သော်လည်း အဆောက်အဦးဆောက်လုပ်မှုများ မပြီးပြတ်သေးပေ။
ဈေးသစ်မှာ တထပ်ဈေးဖြစ်ကာ ဆိုင်ခန်း ၂၀၉၃ ခန်းပါဝင်ပြီး ဈေးဟောင်းထက် ဆိုင်ခန်း ၁၀၃ ခန်း လျော့သည်။ ဦးအောင်သိန်းလင်းသည် ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ နိုင်ခဲ့သည်။ အတိုက်အခံများအပေါ် သဘောထားတင်းမာသူဟု နာမည်ဆိုးထွက်ပြီး အငြင်းပွားဖွယ် ကြိုတင်မဲများဖြင့် မဲနိုင်သွားသည်ဟု ပြိုင်ဘက်များက စွပ်စွဲခံရသူဖြစ်သည်။

No comments:

Post a Comment