Monday, December 27, 2010

လုံခြုံရေးကို အမြဲတမ်း ဂရုစိုက်ပါတယ် & KNPP နအဖ တပ် ယာဉ်တန်းကို တိုက်ခိုက်၊ ၃ ဦး ကျဆုံး & နအဖတို့လှူုအခွင့်အရေးချိုးဖေါက်မှုသတင်း & ဘတ် ၃ သိန်း အကူအညီရသဖြင့် မြန်မာတဦး ဘန်ကောက်တွင်

မိုးမခ၏ ဒီဇင်ဘာလ စာကိုး၊ စကားကိုး
ဒီဇင်ဘာ ၂၆၊ ၂၀၁၀
လုံခြုံရေးကို အမြဲတမ်း ဂရုစိုက်ပါတယ်။ အထပ်တိုင်းမှာ လြုံခုံရေးရှိပါတယ်။ Hand Scanner နဲ့ သေချာ စစ်ပါတယ်။ လုံခြုံရေးအင်အားကို အမြဲတမ်း ၆ဝ ယောက်နဲ့ အပြည့် တာဝန်ယူပါတယ် - - - - - အမျိုးသမီးက ၈ ယောက် နဲ့ အမျိုးသားက ၅၂ ယောက်ပါ။
လုံခြုံရေးမန်နေဂျာရူဘီမတ်ရှော့ပင်းစင်တာ၊ ရန်ကုန်
7DAY ဂျာနယ်၊ ဒီဇင်ဘာ ၁၆


အင်တာနက်ခေတ်ထဲမှာတောင် ပါးစပ်ကပွင့်လင်းမှု၊ ထင်သာမြင်သာရှိမှု ဆိုတဲ့ စကားတွေ အမြှုပ်တစီစီ ထွက်အောင် ပြောနေပေမယ့် . . . ရိုးရိုး သာမန် တိုင်းသူပြည်သားများ အတွက်တော့ ၀ီကီလိခ်ဟာ မိတ်ဆွေပါ။ ခုခေတ်မှာ အပြောများတဲ့ 'လူထုသတင်းသမား' (Citizen Journalist)လို့ ပြောရင်လည်း ရတယ်လို့ပဲ ထောပနာပြုလိုက်ပါတယ်။   လူထုစိန်ဝင်း

ချဉ်ပေါင်စပ်ချဉ်ချက်၊ နှမ်းဖတ်ချဉ်သုပ်နဲ့ ငါးခုံးမ သေးသေးလေးတွေ အိုးကပ်ချက်နဲ့ဆို ထမင်းမြိန်ပေါ့ - - ငယ်ငယ်ကတော့ ခင်ပွန်းနဲ့အတူ တောင်သူလုပ်ငန်းကို အတူ လုပ်ခဲ့တယ်။ အဘွားကတော့ ပျိုးနုတ်၊ ကောက်စိုက်ပေါ့။ အစားအသောက်ကတော့ သားကြီး၊ ငါးကြီးမစားဘူး၊ အသီးအနှံနဲ့ ငါးသေးသေးလေးတွေကိုပဲ စားတယ်။ ညစာမစားဘဲ ဥပုသ်စောင့်ခဲ့တာ အခုဆိုရင် ၁၇နှစ် ရှိပြီ။
ဒေါ်မြကြည်၊ အမရပူရမြို့နယ် (အသက် ၁၁၉ နှစ်ထဲ ၀င်လာသူ ကမ္ဘာ့အသက်အကြီးဆုံး လူသား)
မြန်မာ့အလင်း၊ ဒီဇင်ဘာ ၂၂

မသန်စွမ်း ဆိုတဲ့ လောကထဲနေပေမယ့် တန်းတူ ရည်တူ လူသားပဲလေ။ ပညာလည်း တတ်တယ်၊ လုပ်လည်း လုပ်နိုင်တယ်ဆိုရင် ကျွန်တော်တို့ကို လက်တွဲခေါ်ယူစေချင် တာပေါ့။ ကျွန်တော်တို့လည်း ပန်းခြံ၊ ဘုရားတွေ အများနည်းတူ သွားလာချင်တယ်။ တော်တော်များများက မသန်စွမ်း မြင်ရင် သူတောင်းစား ဆိုတာမျိုး မြင်ကြတာ များတာ။ ပိုက်ဆံ လာပေးတဲ့သူတွေလည်း ရှိတယ်။ ကျွန်တော် တောင်းတဲ့သူ မဟုတ်ပါဘူးလို့ပဲ ကောင်းကောင်း ပြန်ပြောပြပါတယ်။ စိတ်ထဲတော့ မကောင်းဘူးပေါ့။
ဝဏ္ဏကျော်စွာ၊
ရွှေမင်းသားအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း တာဝန်ခံတဦး။ ၂၄၃ မိုင် ခရီးကို ဘီးတပ်ကုလားထိုင်ဖြင့် သွားပြခြင်းဖြင့် စွမ်းရည်ပြခဲ့သူ။
The Voice ဂျာနယ်၊ ဒီဇင်ဘာ ၂၀



မီဒီယာလည်း မဟုတ်ဘူး၊ diplomat လည်း မဟုတ်ဘူး၊ ယူကေက ခရီးသွားတယောက် တွေ့ဆုံခွင့်တောင်းတာ ဒီနေ့ အဖွဲ့ချုပ်ရုံးမှာ လက်ခံတွေ့ဆုံပါတယ်၊ မနက်ပိုင်းက။ သူက အဓိက တောင်းဆိုတာကိုက သူက သူ့အမေရဲ့ မွေးနေ့ အသက် ၆၀ ပြည့် မွေးနေ့မှာ ဒေါ်စုနဲ့ တွေ့ခဲ့တယ်ဆိုတဲ့ မှတ်တမ်းလေး သူ့အမေကို မွေးနေ့လက်ဆောင် ပေးချင်လို့ တွေ့ခွင့်ပြုပါဆိုလို့ အဲဒါနဲ့ တွေ့ခွင့်ပြုလိုက်တာပါ။
ဦးဉာဏ်ဝင်း၊ NLD
RFA အသံလွှင့်ဌာန၊ ဒီဇင်ဘာ ၁၆


နျူကလီးယားစီမံကိန်းက သူတို့ရဲ့  စိတ်ကူးစိတ်သန်းနဲ့ လုပ်တာပါ။ အဲဒီလို စိတ်ကူးစိတ်သန်းတွေကလည်း ဝန်ကြီးဦးသောင်းရဲ့  အစီအစဉ်တွေပါ။ သူက IAEA က seminar တွေကို သူရဲ့  ဒေါက်တာတွေကို သွားတက်ခိုင်းတယ်။ ပြီးတော့ မြန်မာပြည်ကို ပညာရှင်တွေ ဖိတ်ခေါ်ပြီးတော့ ပြည်ပပညာရှင်တွေ ဖိတ်ကြားပြီးတော့ အဲဒီကရတဲ့ အချက်အလက်တွေကို မူတည်ပြီးတော့ ကိုယ်နည်းကိုယ်ဟန်နဲ့ လုပ်တဲ့ သဘောပါ။ ဒီစီမံကိန်းရဲ့  နောက်ကွယ်မှာ နိုင်ငံခြားပရောဂ မပါဘူးလို့ ကျနော်မြင်ပါတယ်။
ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း
ဗွီအိုအေ အသံလွှင့်ဌာန၊ ဒီဇင်ဘာ ၁၅


ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အပါအဝင် မြန်မာ နေရှင်နယ်လိဂ် နှင့် ဆက်စပ်၍ လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများအားလုံး ၏ ယခုနှစ်ပိုင်းအတွင်း ဘောလုံးအားကစားအတွက် အသုံးပြုမှုကို ပေါင်းလိုက်ပါက ကျပ်သန်းပေါင်း သောင်းဂဏန်း များစွာပင် ရှိနိုင်သည်။ထိုသို့ ငွေကြေး အကုန်အကျ များစွာ ခံ၍ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ ကျင်းပခဲ့ခြင်းကြောင့် ဘောလုံးသမားများ၊ နည်းပြများ၊ နည်းစနစ် ဒါရိုက်တာများ စသော ဘောလုံးအားကစားနှင့် ဆက်စပ်သူများ အားလုံး ဝင်ငွေများ ကောင်းခဲ့သည်။ ကျပ် သိန်းပေါင်းများစွာ လုပ်ခ လစာ ရနေသော ဘောလုံးသမားများထဲမှ အကောင်းဆုံးဟု ဆိုသော မြန်မာဘောလုံးသမားများကို ရွေးကာ နိုင်ငံတကာပြိုင်ပွဲဝင်ရာတွင် ဗီယက်နမ်ကို ၇-၁ ဂိုး ဖြင့် စံချိန်တင် ဂိုးပေးကာ ရှုံးနိမ့်ခဲ့ပြီး စင်ကာပူကိုလည်း အစဉ်အလာမပျက် ရှုံးကာ အိမ်ပြန်ခဲ့ရပြီ ဖြစ်သည်။
- - - မြန်မာဘောလုံးသမား အများစု၏ အသက်ကို အမှန်တကယ် အသက်ထက် နှစ်များစွာ လျှော့ထား၍ ပျမ်းမျှ အသက် ၂၅ နှစ် ၀န်းကျင်သာ ရှိသည် ဆိုသော အသင်းမှ မြန်မာဘောလုံးသမား အများစုမှာ ပွဲ ကစားသောအခါ သက်လုံ မကောင်း၊ နိုင်လိုစိတ်ပျောက်ဆုံးကာ ကစားနေပုံများကြောင့် ဘောလုံးချစ်ပရိသတ် အားလုံး စိတ်ပျက်ခဲ့ရသည်။
အားမာန်၊ ဗိုလ်ဗိုလ်ဝင်း (သတင်းထောက်များ)
7DAY ဂျာနယ်၊ ဒီဇင်ဘာ ၉


ကိုဘိုကြည်
နိုင်ငံရေး အကျဉ်းသားတွေကို မိသားစုတွေနဲ့ ဝေးလံတဲ့ နေရာတွေကို ပြောင်းရွှေ့ထားတာ ရှိတယ်။ ဒီလိုပြောင်းရွှေ့တဲ့အတွက် နိုင်ငံရေး အကျဉ်းသားကိုတင် ပြစ်ဒဏ်ပေးတာ မဟုတ်ဘဲနဲ့ သူ့မိသားစုကိုပါ ရောပြီး ပြစ်ဒဏ်ပေးတဲ့ ပုံစံမျိုး ဖြစ်တယ်။ အဲဒီအတွက် မိသားစုရော၊ နိုင်ငံရေး အကျဉ်းသားရော ရုပ်ပိုင်း စိတ်ပိုင်းရော စီးပွားရေး အခြေအနေရော အတော် ချွတ်ခြုံကျသွားတဲ့ အနေအထားမျိုးတွေ ဖြစ်ပါတယ်။ ဒါဟာ တော်တော် ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ အနေအထားပါ။
ကိုဘိုကြည်၊ AAPP အသင်း
VOA အသံလွှင့်ဌာန၊ ဒီဇင်ဘာ ၁၄


နေဘုန်းလတ် (ဓာတ်ပုံ - minnyoonthit net)
အင်းစိန်မှာ နေတုန်းကတော့ သူ့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဒီလို ဖြုန်းတီးပစ်ရတဲ့ အတွက်ကြောင့် သူ စိတ်မကောင်းဘူးပေါ့။ ဒါပေမဲ့ နောက်ပိုင်း ဘားအံရောက်တဲ့ အခါကြတော့ သူပြောပါတယ်၊ သူတို့ အခု ထောင်ထဲမှာ နေနေရတာ တာဝန်တခု ထမ်းဆောင်နေရတာနဲ့ အတူတူပါပဲတဲ့။ ဘာဖြစ်လို့လဲဆိုရင် သူတို့ကို အပြစ်မရှိဘဲ ထောင်ချထားတဲ့ အတွက်ကြောင့် သူတို့ကို သက်သေထားပြီး ကမ္ဘာကို တင်ပြလို့ ရတယ်တဲ့။ အဲဒီအတွက်ကြောင့် သူတို့ အလုပ်တခု လုပ်နေတာနဲ့ အတူတူပါပဲ တဲ့၊ အဲဒီလို သူ ခံယူချက် ပြောင်းသွားတယ်။
ဒေါ်အေးအေးသန်း၊ ဘလော့ဂ်ဂါ နေဘုန်းလတ်၏ မိခင်
VOA အသံလွှင့်ဌာန၊ ဒီဇင်ဘာ ၁၄


(လူနာတယောက်) စိတ်ရောဂါစပြီး ခံစားခဲ့ရတာ ဗေဒင်က အသက် ၆၀ မှာ သေမယ်လို့ စဟောခဲ့တုန်းကပါ။ ညတိုင်း အိပ်မပျော်ဖြစ်ခဲ့ပြီး အဲဒီအချိန်ကတည်းက စိတ်ကယောက်ကယက် စတင် ခံစားခဲ့ရတယ်။ ဖြစ်ချင်တော့ သူက သေမယ်လို့ကို အတပ် ဟောပြီး ဘာယတြာမှ လုပ်လို့ မရဘူးလို့ ပြောခဲ့တယ်။ ဒါနဲ့ အိပ်မပျော်တဲ့ရက်တွေ များခဲ့ပြီး အခုလို စိတ်ရောဂါကု ဆေးခန်းကို ရောက်ခဲ့ရတာပဲ။ အခု အသက် ၆၂ ကျော်သွားပြီ။
အထူးကုဆရာဝန်ကြီး ဒေါက်တာ အုန်းမောင်

Eleven Media Group- news-eleven.com


ကင်မရာကို လှမ်းကိုင်သည့် ဂျောက်ဂျက် (ဓာတ်ပုံ-မြန်မာတိုင်းမ်)

ရသက ကျွန်တော့ကို ပြောဖူးတယ်။ 'မင်းက အဆိုတော် without' တဲ့။ အခွေ မထွက်သေးတော့ လိုင်စင် မရှိတဲ့ အဆိုတော်ပေါ့။ ခု .. ကျွန်တော် ခွေထွက်တော့မယ် ဆိုတော့ အကုန် ပြောင်းလဲသွားတယ်။ အခွေ ထွက်တော့မယ်၊ ခွေတစ်ခွေလုပ်နေပြီဆိုရင် လူတွေ ကြည့်တဲ့အကြည့်၊ ဆက်ဆံပုံတွေ၊ အဆိုတော် အချင်းချင်း ကြည့်တဲ့ အကြည့်၊ မိဘဆွေမျိုးတွေက ကြည့်တဲ့အကြည့်။ သူတို့ အထင်အမြင်တွေ အားလုံး ပြောင်းလဲသွားပါတယ်။

အဆိုတော် ဂျောက်ဂျက် မြန်မာတိုင်းမ် ဂျာနယ်၊ ဒီဇင်ဘာ ၁၃


ကိုယ်တို့ ရဲ့  အကောင်းဆုံး အရွယ် တွေကို တိုင်းပြည်အတွက် ပေးလှူပြီး လုပ်ခဲ့ကြတာ။ သေချင်းပေါင်း ရှင်ချင်းပေါင်းတွေ သေဖော် ရှင်ဖက်တွေ လုပ်ခဲ့ကိုင်ခဲ့ကြတာ။ တိုင်းပြည်လွတ်လပ်ရေးအတွက် ကိုယ်တို့ လုပ်ခဲ့ကြတယ်။ ဘွဲ့ ထူး ဂုဏ်ထူးတွေ ဘာမှ ကိုယ်မလျှောက်ခဲ့ဘူး၊ လျှောက်မှ ရတာမျိုးကို ကိုယ်တသက်လုံး မလျှေက်ဘူး။ ကိုယ့်ဘ၀ကို ကိုယ်ကျေနပ်တယ်၊ ကိုယ့်ကို လူတွေက ချစ်ခင်လေးစားကြတယ်။ သည်နေ့အထိ ကိုယ့်အိမ်နီးချင်း မိတ်ဆွေတွေက ဟင်းခွက်ပို့တုန်း။
သခင်မဒေါ်မြရီ မဇ္ဈိမသတင်းဌာန၊ ဒီဇင်ဘာ ၁၀
(မကွယ်လွန်မီ ပြောခဲ့သည်များကို သူ၏ နာရေးသတင်းတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။)
ဘတ် ၃ သိန်း အကူအညီရသဖြင့် မြန်မာတဦး ဘန်ကောက်တွင် ကုသမှု ရယူနိုင်ခဲ့
မိုးမခအထောက်တော် အမှတ် ၀၀၆
ဒီဇင်ဘာ ၂၆၊ ၂၀၁၀


နယ်စပ်သို့ ရောက်လာစဉ်က ဖခင်နှင့်အတူတွေ့ရသည့် မ၀င့်ဝါသော်

ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဝေဒနာ ခံစားနေရသူ မြန်မာအမျိုးသမီးတဦးသည် အလှူငွေ ဘတ် ၃ သိန်း (ဒေါ်လာ တသောင်း) ရရှိသဖြင့် ဘန်ကောက်မြို့တွင် ကုသမှုခံယူပြီး ဝေဒနာ သက်သာသွားကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးထားသည်။ကျန်းမာရေး ကောင်းမွန်လာသည့် မ၀င့်ဝါသော် ခံစားခဲ့ရသည့် ဝေဒနာ အမည်မှာ arteriovenous malformation ဖြစ်သည်။ဝေဒနာ ခံစားရစဉ်က ပြင်းထန်စွာ ကိုက်ခံနာကျင်မှုကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှု ခံယူခဲ့ကြောင်း၊ ဆရာဝန်က ပြည်ပတွင် သွားရောက်ကုသရန် အကြံပေးခဲ့ကြောင်း သတင်းစာတွင် ရေးထားသည်။မိဘများက ပြည်ပတွင် ကုသမှု ရနိုင်ရေးအတွက် ထိုင်းမြန်မာနယ်စပ်သို့ သွားရောက်ခဲ့သည်။ နယ်စပ်တွင် ကျန်းမာရေးဆိုင်ရာ အကူအညီပေးသည့် အဖွဲ့တဖွဲ့က ရန်ပုံငွေရရေး လှုံ့ဆော်ပြီး လအနည်းငယ်အကြာတွင် ကုသမှု ခံယူနိုင်ခဲ့သည်။

ကုသမှုခံယူစဉ် အသုံးပြုရမည့် မျက်နှာဖုံးနှင့် မ၀င့်ဝါသော်

CyberKnife system စက် အပြင်ဘက် မြင်ကွင်း နှင့် ကုသမှု ခံယူစဉ် မြင်ကွင်း

ဘန်ကောက်မြို့ Ramathibodi ဆေးရုံတွင် နောက်ဆုံးပေါ် နည်းပညာအကူအညီဖြင့် ကုသခဲ့ကြောင်း၊ CyberKnife နည်းစနစ်ဖြင့် ကုသသည့် ထိုဆေးရုံမှ စက်သည် ထိုင်းနိုင်ငံရှိ တခြား ဆေးရုံများတွင် မတပ်ဆင်ရသေးကြောင်း၊ တကမ္ဘာလုံးတွင် အရေအတွက် ၁၅၀ သာ ရှိကြောင်း သိရသည်။ဆေးကုရန် လိုအပ်သည့် ရန်ပုံငွေရရေးအတွက် ကျန်းမာရေး အဖွဲ့တခုက အလှူခံခဲ့ရာ ကူညီသူ အများအပြား ရှိခဲ့သည်ဟု ဆိုသည်။ ထိုအထဲတွင် သြစတြေးလျရှိ ကျောင်းတကျောင်းမှ ရန်ပုံငွေ ဘတ် သုံးသောင်း ကောက်ခံပေးခဲ့သူ Martha Zwartz အမည်ရှိ အမျိုးသမီးငယ်တဦး၊ ရန်ပုံငွေ ရရေးအတွက် ၁၀ ကီလိုမီတာ ပြေးပွဲ ပြုလုပ်ခဲ့သူ ဘန်ကောက်အခြေစိုက် စာနယ်ဇင်းသမား Jim Pollard တို့လည်း ပါဝင်သည်။“ကျမ အခု သက်သာလာပြီ။ တကယ့်ကို ကြောက်ကြောက် လန့်လန့် လုပ်ခဲ့ရတဲ့ စွန့်စားခန်းကြီးပဲ။ ခုတော့ အေးအေးဆေးဆေး အိပ်လို့ ရပြီ၊ ခေါင်းကိုက်တာတွေ မရှိတော့ဘူး၊ စားပြီး အန်တာတွေ ဘာတွေလည်း မဖြစ်တော့ဘူး။ ဟိုတုန်းကတော့ ဇက်ကြောတွေ တက်လိုက်တာ၊ ခုတော့ ဘာမှ မဖြစ်တော့ဘူး။ အရမ်း ပျော်တာပဲ။ ကျမ မိသားစုကို ကူလို့ ရပြီ၊ ကျမ ပတ်ဝန်းကျင်ကို အကူအညီ ပေးလို့ ရပြီ” ဟု မ၀င့်ဝါသော်က ပြောကြောင်း ဘန်ကောက်ပို့စ်တွင် ရေးထားသည်။


ဝေဒနာများ ပျောက်ကင်းအပြီး ဖခင်နှင့် တွေ့ရသည့် မြန်မာအမျိုးသမီးငယ်
ကာတွန်း နေမျိုးအေး – ကျန်းမာရေး ၀၁
ဒီဇင်ဘာ ၂၆၊ ၂၀၁၀   -   မူရင်း - နိုက်တင်ဂေးလ် ဂျာနယ်
ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅)
တင်မိုး
ဒီဇင်ဘာ ၂၅၊ ၂၀၁၀

(၁)
ဗမာပြည်မှာ နာရီတွေ ကြောက်ရုပ်နဲ့ နောက်ဆုတ်နေရပြီ။ သူတပါးတိုင်းပြည်မှာ နာရီတွေ ကျော်လွှား ခုန်ပျံကစားပြီး၊ ရှေ့ကဦးဆောင်ပြီး ကျော်လွှားနေကြပြီ။ ဒါကို လူတိုင်းအသိ။ ငါတို့တတွေ ခေတ်နောက် ပြန်သွားလို့ ပြဒါးလင်းဂူနား ပုံတောင်ပုံညာနား ရောက်နေပါကလား။ ကျောက်ခေတ်လူသားအဖြစ်နဲ့ ပြတိုက်ထဲ ရောက်နေရတော့မှာပါကလား။ကိုယ့်တိုင်းပြည်ထဲနေရရင်တော့ ရေတွင်းထဲကဖားသူငယ်၊ ကိုယ့်လူတွေ အပေါ်မှာ လူတွင်ကျယ်လုပ်ပြီး အဟုတ်ကြီး ဟုတ်နေဦးမှာပေါ့။ အခုတော့ ကိုယ့်ပြည်မှာ ကိုယ်မနေအား၊ နိုင်ငံရပ်ခြား တသွားထဲ သွားနေရတဲ့ ပြည်ပြေးသမားမို့ မမြင်ချင် မနေရ၊ မကြားချင် မနေရ၊ ငါတို့ဘ၀နဲ့ သူတို့ဘ၀ အကွာဟကြီး ကွာဟပုံကို မယုံချင် မနေရ လင်ငင်းပဲကြုံနေရတယ်။ဒီတော့မှ ငါတို့ဘ၀ ငါတို့ပြန်မြင်ပြီး ရှက်ကြောမျှင်တွေ ထဖျင်းဖျင်းထ၊ ကမြင်းမသား လူ့ငကြွားတွေရဲ့ စကားဟာ အညာအ၀ါး တမာလိုခါးမှန်း သတိပြုမိတော့တယ်။ “မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ဆိုတာ အခြောက်တိုက် ချိုသွေးတဲ့စကားမှန်း သတိပြုမိတော့တယ်။ အို … ရှက်ဖွယ်။

(၂)
ဒီနေ့ ငါတို့ မြန်မာ့လူ့ဘောင်က ကျွန်စုတ်တဲ့ သရက်စေ့လောက်တောင်မပြောင်၊ ကိုယ့်ရပ်ကိုယ့်ဌာနေ ကိုယ့်မွေးမေမို့ ချစ်စေတနာရင်းနဲ့ အချစ်နှောင်ကြိုးတင်းပေမယ့် ဖအေရင်းအနိစ္စရောက်တော့ ပထွေးက ဖနောင့်နဲ့ပေါက်တာခံရသလို အသက်ပျောက်မတတ် မြန်မာနိုင်ငံဟာ တာတေလန်ဘ၀။ဒီလိုနဲ့ မြန်မာနိုင်ငံရဲ့အဖြစ်တွေနဲ့ ဆွေးပင်လယ်ဝေနေတုန်း ဓာတ်ဆီဓာတ်စံဆိုတဲ့ နာမည်ကျော် လူရွှင်တော်ပြက်လုံးကို ဗြုန်းခနဲသတိရမိတော့ ပြုံးစစကလေး ဖြစ်သွားမိတယ်။ “ဆရာတော် သခင်၊ နိဗ္ဗာန်နဲ့လွဲပါတဲ့ ကျွဲမလင်ဘုရား” တဲ့။ ကြံကြံစည်စည် အမှတ်ရမိပြီး ကိုယ့်ဘ၀ကို မြင်ယောင်၊ ရုပ်ပြောင်တခုလို ခံစားမိရတယ်။ ငါတို့မြန်မာတွေခမျာ ကြိုးစားလိုက်ရ၊ ကြံစည်လိုက်ရ၊ စွန့်လွှတ်လိုက်ရနဲ့ လောကနိဗ္ဗာန်ရောက်အောင် အမျိုးမျိုးအားထုတ်ခဲ့ရတယ်။ အခုတော့ မသမာသူ လူလက်တဆုပ်ကြောင့် လောကနိဗ္ဗာန်နဲ့လွဲပြီး ကျွဲမလင်ဖြစ်ရချေတကား။ဒုက္ခထဲက ဒီအပြုံးကလေးကို ကဗျာသီကုံးချင်စိတ် ပေါ်လာမိတယ်။ ဖတ်ကြည့်ပါလေဦး ကဗျာချစ်သူ။

(၃)
ကဗျာက ဒီလိုပါ။
ကျွဲမလင်
အရိပ် “က” နေသလို
စိတ္တဇ အရုပ်တွေပေါ်လာ
ရာသီတွေမှား
နာရီတွေနားနေတဲ့
ဗမာပြည်က ဖြစ်စဉ်များ။

ကိုယ့်အရောင်က မှုန်မှုန်
သူ့ရောင်စုံက တလျှပ်လျှပ်
ကိုယ့်ဓာတ်ပုံတောင် ကိုယ်မမည်
မတည်ငြိမ်လို့ တလှုပ်လှုပ်
ရေပေါ်ရေးတဲ့အရုပ်များ။

မုန်တိုင်းမွှေလို့
နင်းချေခံရတဲ့ မြန်မာ့မြေပုံ
ကိုယ့်ဂုဏ်ရည်တွေ ပျောက်ပြီး
အမှောက်မှောက် အမှားမှား
အချောက်ချောက် အချားချား
မတောက်ကြွားနိုင်တော့ပါတကား။

အိမ်အတွင်းမှာ
သိမ်ဖျင်းယုတ်ညံ့၊ ဂွကလန့်တိုက်
ပွဲလှန့်ပြီး ဗိုလ်လုပ်
အပြင်မှာတော့ အမြီးကုပ်
ကိုယ့်ရုပ်မှမပြရဲ
မဲနယ်အိုးထဲကျတဲ့ခွေးလို
ပွဲမတိုးတဲ့သတ္တ၀ါပေတကား။

ကိုယ့်ဂုဏ် ကိုယ့်အဟန့်နဲ့
ခန့်ခန့်မနေရ
အမြီးတနှန့်နှန့်နဲ့
အလန့်တကြားနေရတဲ့
မြန်မာ့ရုပ်ပုံ၊ ခေတ်ရုပ်စုံကို
ကြိုးစုံဆွဲ၍ ပွဲမပြချင်ဘု
နိဗ္ဗာန်နဲ့လွဲတဲ့ ကျွဲမလင်ပါတကား။ ။

၁၁၊ ၉၊ ၂၀၀၀
အဲဒီလို ဆွေးရိပ်ဖုံးရာက ရင်နာနာနဲ့ ပြုံးမိရတဲ့အဖြစ် ကဗျာကလေးခြစ်မိပြန်ပါရော။ ။   တင်မိုး
ရာသီစာ၊ ကကြီး ရောဂါ၊ ၀ီကီလိ၊ ဓာတ်လိုက်သေဆုံးမှု
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဒီဇင်ဘာ ၂၅၊ ၂၀၁၀
သူတို့မြင်တဲ့ ၀ီကီလိခ် ဖောက်ချမှု (Envoy ဂျာနယ် 23.12.2010 အပိုင်းအစများ)
မြန်မာနိုင်ငံ စာပေလောကသားတွေ ၀ီကီလိခ် နဲ့ အဆန့်(ဂ်ျ) ကို ဘယ်လိုမြင်သလဲ ဆိုတဲ့ ဆောင်းပါး။ စာပေလောကတခုလုံးကို ကိုယ်စားပြုမယ်တော့ မထင်။ သို့သော် တချို့လဲ သဘောညီလိမ့်မယ်။
ပင်လယ်ဓါးပြနဲ့ မြန်မာသင်္ဘောသား နောက်ဆက်တွဲ
မြန်မာသဘောင်္သားတွေ ဆိုမာလီ ပင်လယ်ဓါးပြတွေ လက်ထဲ ဘယ်လိုရှိကြပါလိမ့်လို့ အစိုးရကို သွားမမေးနဲ့ ဘာမှ သိမှာ ဟုတ်ဖူး..။ သိချင်လား အီးယူဆီသွားလို့ပြောရလိမ့်မယ်..။ ညှိနှိုင်းနေတာလဲ ဘယ်သူဘယ်ဝါလို့ ဂျာနယ်ထဲမှာ မကွဲပြား..။ အစိုးရကသာ ညှိနှိုင်းနေလို့က မြင်သာအောင် မရေးချင်လဲ ရေးကိုရေးရမှာ.. ဒီတော့ နားလည် ပေးလိုက်ပါနော်.. ဂျာနယ်ဆရာတွေကို.. ။

မောင်စူးစမ်း၊ လူထုစိန်ဝင်း - - -
မီဒီယာဆိုတာ တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်တဲ့ ကိရိယာ လို့ စီကာရီကာ ပြောလိုက်ကြတဲ့ ၀ါရင့် မီဒီယာ သမားကြီးတွေရဲ့ အနာဂတ်လွှတ်တော်နဲ့ ဆက်စပ်ပြောကြပုံက စိတ်ဝင်စားစရာပါ..။
အားသွင်းပေးတဲ့ ဆောင်းပါး
မကြောက်ပါနဲ့တဲ့.. ရင်ဆိုင်ပါတဲ့..

ကကြီး ရောဂါ
အင်ဗွိုင်ဂျာနယ် က ဒီဇင်ဘာမို့ ၂၀၁၀ တနှစ်တာတွင်း မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ကောင်းတဲ့ .. မကောင်းတဲ့ .. ထူးခြားဖြစ်စဉ် တွေကို တင်ပြထားတာတွေ့ရတယ်..။ သဘောတကျကျနဲ့ ကြည့်ရင်း အနုပညာထူးခြားဖြစ်စဉ်ကျတော့ မျက်စိက အတော်နောက်သွားတယ်..။ ကိုရီးယား မင်းသား မင်းသမီးတို့ လာလည်တာ ထူးခြားဖြစ်စဉ်တဲ့။ အရပ်ရပ် နေပြည်တော် ကြားလို့ မှမလျော်.. မြန်မာ့ရုပ်ရှင်လောကသားတွေ ဘာမှမလုပ် ငုတ်တုတ် မို့လား ခုလိုတခြား နိုင်ငံသားတွေအကြောင်း ရေးတာ..။ တချိန်က တို့တတွေ အမြဲတန်း ဆိုဆိုပြီး ဂုဏ်ယူခဲ့ရတဲ့ သီချင်းလေ.. ဘာတဲ့.. မြန်မာ့.. မြန်မာ့ရုပ်ရှင်..
နိုင်ငံ့ဂုဏ်အင်…… ။ ကိုင်း.. ဘာတွေ ဖြစ်ကုန်ပြီတုန်း..ကွယ်ရို့..။

ရာသီစာ
ခရစ်စမတ်ရာသီ ဆိုတော့လည်း ခရစ်ယာန်တို့ရဲ့ အမြင်နဲ့ ခံစားချက်များကို ထင်ပေါ်တဲ့ အနုပညာ လောကသား တွေနဲ့တင်ပြထားတာလေး ဆန်းသစ်တယ် ထင်လို့ပါ..။ ဖတ်ကြည့်ပါဦး..

ရေချိုးခန်းထဲ ဓာတ်လိုက် သေသတဲ့(Venus ဂျာနယ် 23.12.2010)

ဘယ်ဌာနပဲ ဖြစ်ဖြစ် နားလည် တတ်ကျွမ်းတဲ့ ၀န်ထမ်း ခန့်ထားသင့်ကြောင်း မီးမောင်း ထိုးပြတဲ့ သတင်းပါ။

KNU စောင့်ကြိုတိုက်ခိုက်မှုကြောင့် ရက်ပိုင်းအတွင်း နအဖနှင့်BGF တပ်များထိခိုက်မှုရှိ

ဒီဇင်ဘာလ ၂၅ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောဒေသတွင် ယခု ရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA ၏ စောင့် ကြိုတိုက်ခိုက်မှုကြောင့် နအဖ ခလရ(၁၀၆)တပ်ဖွဲ့မှ ကျဆုံးပြီး နယ်ခြားစောင့်တပ် BGF မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇)က ပြောသည်။
နအဖ ခလရ(၁၀၆)တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ရက်နေ့မနက်ပိုင်းမှစ၍ ၎င်းတို့လက်နက်ကြီးတပ်ဆင်ထားရာ ကဆော ၀ါးလေး၊ ကြယ်ပြောင်ကုန်းနေရာများမှ မာနယ်ပလောရှိ ကေအဲန်ယူတပ်များ ရှိနိုင်မည့်နေရာများသို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ပြီးနောက် စစ်ကြောင်းတက်လာရာ မွန်းလွဲပိုင်း၌ မောကွီးနေရာအရောက်တွင် ကေအဲန်ယူ တပ်မဟာ(၇) လုံခြုံရေးတပ်ခွဲ ၏ စောင့်ကြိုတိုက်ခိုက်ခြင်းခံရပြီး ခလရ(၁၀၆) တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၇)မှူးက ကေအိုင်စီ ကို ပြောသည်။ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “အဲဒီနေ့ မနက်ပိုင်းကတည်းက နအဖ ခလရ(၁၀၆)က မာနယ်ပလော ဂွင်မှာ လက်နက်ကြီးတွေ အလုံး ၅၀ကျော် ပစ်ချတယ်လေ။ သဘောက သူတို့တက်လာဖို့အတွက် အဲဒီမှာလှုပ်ရှားနေတဲ့ ကျနော်တို့တပ်တွေ ရှိနိုင်တဲ့နေရာကို လှမ်းပစ်တာ။ မွန်းလွဲ ၂း၅၅နာရီမှာ သူတို့တက်လာတော့ ကျနော်တို့တပ်တွေက စောင့် ပြီးပစ်တယ်။ အဲဒီမှာ တခါတည်းပဲ နအဖ ၅ယောက် ကျသွားတယ်။”ဟု ဆိုသည်။အဆိုပါမွန်းလွဲပိုင်း တိုက်ပွဲမှာ ၈မိနစ်သာ ကြာမြင့်သော်လည်း နအဖတပ်များက ၁၂၀-မမ စိန်ပြောင်း၊ ၆၀-မမ၊ ၈၁-မမနှင့် RPG-7 စသည့် လက်နက်ကြီး အမျိုးအစားများကိုသုံးပြီး မာနယ်ပလောဂွင်တစ်ဝိုက်တွင် နယ်မြေရှင်းလင်းသည့်အနေဖြင့် ပစ် ခတ်နေခြင်း ဖြစ်သည်။

ထိုနေ့မနက် ၇နာရီကျော်၊ ညနေ ၅နာရီနှင့် ည ၁၁နာရီအချိန်တို့တွင် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့နှင့် ကေအဲန်ယူ တပ်ဖွဲ့ ၀င်များ ပလီတခေါ်ကျိုးနေရာ၌ ပစ်ခတ်မှုဖြစ်ပွားရာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ဦး ဒဏ်ရာရရှိခဲ့သည်။အလားတူ ထိုနေ့ညနေ၌လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာအထက်ဘက် တောင်ခြေတနေရာတွင် နအဖ ခမရ (၅၈၈)တပ်နှင့် ကရင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၄ဦး ကျဆုံး၊ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၂ရက်နေ့ကလည်း အင်အား ၆၀ကျော်ရှိ အဆိုပါ ခလရ(၁၀၆)မှ စစ်ကြောင်းတကြောင်းကို ကေအဲန်ယူ တပ်ဖွဲ့ ၀င်များက ကြယ်ပြောင်ကုန်းတ၀ိုက်တွင် စောင့်ပစ်ရာ တပ်သားတဦး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီးနှင့် ဗိုလ်တစ်ဦး စုစုပေါင်း ၄ဦး ကျဆုံးသွားခဲ့သည်။

၎င်းအပြင် ကလူးထောအခြေစိုက် ဗိုလ်မှူးစောပိ ဦးစီးသည့် နယ်ခြားစောင့်တပ်(၁၀၁၂)တပ်ဖွဲ့ဝင်များနှင် ကေအဲန်ယူ တပ်ရင်း (၂၀၂)တပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားရာ မနက် ၆နာရီဝန်းကျင်တွင် ဟောထီးပယ်နေရာ၌ ၂ဦး ထိခိုက်မှုရှိပြီး မွန်းလွဲ ၂နာရီခွဲတွင် သေ့ဝါ့လော်ကျိုးနေရာ၌ ၁ဦး ထိခိုက်မှုရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ပြောသည်။ယင်းတိုက်ပွဲများတွင် ကေအဲန်ယူဘက်မှ ထိခိုက်ကျဆုံးမှုမရှိသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်စောဂျော်နီကို ကေအိုင်စီက မေးမြန်းရာ “ကျနော်တို့က ကိုယ့်လူကို အထိခိုက်၊ အကျဆုံးမခံနိုင်အောင် ပြောက်ကျားနည်းနဲ့ပဲ တိုက်ခိုက်စေ တယ်။ ဒီနည်းက ကိုယ့်တပ်ဖွဲ့ဝင်တွေကို ဆုံးရှုံးမှုနည်းစေတယ်လေ။”ဟု ရှင်းလင်းပြောဆိုသည်။နအဖ တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်များသည် လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ကေအဲန်ယူ၊ ဒီကေဘီအေတပ်များနှင့် တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေသော်လည်း ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှုကို ထုတ် ဖော်ပြောဆိုခြင်း မရှိပေ။

ဒီဇင်ဘာ(၂၅)ရက် နော်ဖေါဂေ
ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဂွင် ဖလူးလေးကျေးရွာရှိ နအဖတပ်ဖွဲ့အား ယမန်နေ့မနက်က ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ သွားရောက်ပစ်ခတ်ခဲ့ရာ နအဖဘက်က ၆ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ယမန်နေ့ မနက် ၇နာရီကျော်အချိန်တွင် ဒီကေဘီအေ တပ်မဟာ(၅) ကလိုထားဘောဗျူဟာမှ ဗိုလ်ဘလာနာ့ ဦးဆောင်သည့်အဖွဲ့သည် ဖလူး လေးဘုန်းကြီးကျောင်းရှိ နအဖ ခလရ(၂၃၀)တပ်ရင်းအား လက်နက်ကြီးငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာတွင် ကျေးရွာအနီးရှိ ခမရ(၅၄၇)၊ ခမရ(၃၅၆)တပ်ရင်းတို့များလည်း လက်နက်ကြီးငယ်များဖြင့် အချိန်အတော်ကြာ တန်ပြန်ပစ်ခတ်ခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။
ဒီကေဘီအေ ကလို့ထူးဘောဗျူဟာမှူး ဗိုလ်မှူးကြီးစောကျော်သက်က “ကျနော်တို့လူတွေသွားပစ်ခဲ့တာ နအဖဘက်က ၆ဦးသေပြီး ၁၀ကျော် ဒဏ်ရာရသွားတယ်။ မနက် ၇း၂၀နာရီကနေ နေ့လည် ၁၂း၄၄နာရီအထိ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်။ နအဖဘက်က ၈၁-မမနဲ့ အချက် ပေါင်း ၄၀လောက် လိုက်လံပစ်ခတ်ခဲ့တယ်ဆိုပေမယ့် ကျနော်တို့လူတွေ တယောက်မှ မထိဘူး။”ဟု ပြောသည်။

နအဖစစ်တပ်ဘက်မှ လက်နက်ကြီးငယ်များဖြင့် အချက်ပေါင်း ၁၀၀ကျော် ဖလူးလေးကျေးရွာတွင်းနှင့် ရွာအပြင်သို့ ပစ်ခတ်ခဲ့သောကြောင့် ဖလူး လေးရွာသား (၄)ဦး လက်နက်ကြီးထိမှန်ခဲ့သည်ဟု အဆိုပါ တိုက်ပွဲကို ဦးဆောင်ခဲ့သူ ဒီကေဘီအေမှ ဗိုလ်ဘလာနာ့က ပြောသည်။“ဘုန်းကြီးကျောင်းမှာရှိတဲ့ နအဖတပ်ဖွဲ့ကို ကျနော်တို့ အနီးကပ်သွားရာမှ ရွာအနီးအနား တောင်ကုန်းမှာရှိတဲ့ တခြားနအဖတပ်ဖွဲ့တွေလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အချိန်အတော်ကြာ ကူပစ်ပေးတယ်။ အဲဒီမှာ နအဖနဲ့ ကျနော်တို့ကြားမှာရှိတဲ့ ရွာသား ၄ယောက် လက်နက် ကြီး ထိသွားတယ်။ တယောက်က ခြေထောက်နှစ်ဘက်စလုံး ကြေမွသွားတယ်။”ဟု ပြောသည်။ယခုရက်ပိုင်း အတွင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရေး တတ်နိုင်သလောက် ထိန်းသိမ်းလုပ်ဆောင် သွားရန် ထိုင်းအာဏာပိုင်များမှ နအဖနှင့် ဒီကေဘီအေတို့အား မေတ္တာရပ်ခံထားသော်လည်း နအဖစစ်တပ်မှ သတ်မှတ်ထားသည့် နယ်မြေအ တွင် ၀င်ရောက်ကျူးကျော်လာပါက မလွဲမသွေ ပစ်ခတ်ရမည်ပင်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောကျော်သက်က ပြောသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ ၈ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် နအဖနှင့် ဒီကေဘီအေတို့ကြား အပြန်အလှန် ပစ်ခတ်မှုသည် ၁လကျော်အချိန်အ တွင်း နအဖဘက်က ၂၀၀ကျော် ထိခိုက်သေဆုံးခဲ့ပြီးဖြစ်သလို ဝေါ်လေဒေသမှ ဒေသခံလူထု ထောင်နှင့်ချီ၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခို လှုံခဲ့ရပြီး ယနေ့အချိန်ထိ ၎င်းတို့နေရပ်သို့ ပြန်လည်နေထိုင်ခြင်းမရှိဘဲ ထိုင်းဘက်ခြမ်းတွင် သောင်တင်နေဆဲဖြစ်သည်ဟု သိရသည်။အလားတူ ဖားအံခရိုင်၊ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်တွင်လည်း နိုဝင်ဘာလကုန်ပိုင်းမှစ၍ နအဖနှင့် ကေအဲန်ယူ တပ်မဟာ (၇)တပ်ဖွဲ့ဝင်များအ ကြား နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖစစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားလျှက်ရှိသည်ဟု ကေအဲန်ယူ တပ်မဟာ(၇) ထုတ်ဖော်ပြောဆိုသည်။
ဆက်ဖတ်ရန်...

မန္တလေးသား မြနန်းတော်ကို အမှတ်အပြတ်အသတ်နဲ့အနိုင်ယူပြီး ကရင့်အမျိုးသားလက်ဝှေ့ကျော် စောငမန်း ချန်ပီယံလက်စွမ်းပြခဲ့

2010 ဒဂုံရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးရဲ့ အဖွင့်ပွဲစဉ်ကို ဒီဇင်ဘာ(၁၉)ရက်နေ့၊ရန်ကုန်တိုင်း၊သုဝဏ္ဏအားကစားရုံ(၁)မှာ ကျင်းပခဲ့ရာမှာ ကရင်အမျိုးသား လက်ဝှေ့ကျော်တော်တော်များများ အနိုင်ရရှိကြောင်းသိရပါတယ်။ဒုတိယတန်းရွှေအောင်လံပြိုင်ပွဲစဉ်အနေဖြင့် လောလောလတ်လတ်ရွှေခါးပတ်ချန်ပီယံရထားပြီး ဘယ်ညာ တွဲလုံးတွေနဲ့ လက်သီးလှိုင်လှိုင်သုံးသွားတဲ့ စောအုန်းမြင့်ဟာ ပူးချုပ်တိုက်ကွက်နဲ့ယှဉ်ပြိုင်သွားတဲ့ သပြေညိုကို (၅-၀)မှတ်နဲ့ အပြတ်အနိုင်ရသွားပါတယ်။ ဒုတိယတန်း ဒဂုံရွှေအောင်လံဆုအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ သားသား(T&T)နဲ့ကရင့်လက်ဝှေ့ကျော် သတ္တိအောင်(တောင်ကလေး)တို့ရဲ့ပွဲစဉ်ဟာ အသည်းပေါက်မတတ် ထိုးသတ်ခဲ့ကြလို့ ပရိသတ်လက်ခုပ်သံ သောသောညံခဲ့ပါတယ်။ဒုတိယတွေ့မရှောင်လို့ တင်စားခံထားရတဲ့ သားသားဟာ ကရင့်သွေးကရင့်မာန်အပြည့်နဲ့
ဝါရင့်လက်ဝှေ့ကျော်သတ္တိအောင်ကို တိုက်စစ်ဖွင့်ထိုးသတ်ခဲ့လို့ ပထမအချီမှာပဲ မျက်နှာမှာ ဒဏ်ရာများစွာရရှိခဲ့ပါတယ်။ထောက်လက်သီးတစ်လုံးချင်းစီကိုလှလှပပသုံးပြီး သားသားကို အမှတ်ခြွေခဲ့တဲ့သတ္တိအောင်ဟာငါးချီပြည့်လို့ ဒိုင်အဆုံးအဖြတ်ခံယူရာမှာ (၅-၀)နဲ့ အပြတ်အနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲဆီသို့တက်ရောက်သွားပြီဖြစ်ပါတယ်။


နောက်ဆုံးပွဲစဉ်အဖြစ် အလွတ်တန်းရွှေအောင်လံဆုပွဲစဉ်ကို ယှဉ်ပြိုင်ရာမှာရွှေမြန်မာပြည်အလယ်ပိုင်း၊ ရွှေညာမြေ မန္တလေးက လက်ဝှေ့အကျော်အမော် မြနန်းတော်နဲ့ လက်ရှိအလွတ်တန်းရွှေအောင်လံဆုရှင်၊ မြန်မာပြည်ချန်ပီယံ ကရင်အမျိုးသားလက်ဝှေ့ကျော် စောငမန်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒီပွဲမှာ စောငမန်းဟာ လက်သီးထိုးအားကိုသာ အဓိကယှဉ်ပြိုင်ခဲ့တဲ့ မြနန်းတော်ကို အောက်ခြေကန်ချက်များ ထိထိမိမိ အသုံးပြုခဲ့ပြီး လိမ္မာပါးနပ်စွာ ပိုင်မှထိုးကစားခဲ့ကာ အသားနာလေ ဒေါသပိုထွက်လေဖြစ်တဲ့ မြနန်းတော်ဟာ စောငမန်းကို တိုက်စစ်ဖွင့်ထိုးခဲ့ပေမဲ့ စောငမန်းရဲ့ လက်ဝှေ့ရေးနပ်မှုကြောင့် ၅ ချီအပြီးမှာ ထုံးစံအတိုင်း (၅-၀)နဲ့ မရှုမလှ အရေးနိမ့်သွားခဲ့ပါတယ်။မြန်မာ့လက်ဝှေ့ကစားနည်းကို ချန်ပံယံဆုများနှင့်အတူ ကရင့်အမျိုးသား လက်ဝှေ့ အကျော်အမော်များက စိုးမိုးထားဆဲဖြစ်ကြောင်း တင်ပြ လိုက် ရပါတယ်။

တိုက်ပွဲသတင်းနှင့်နအဖတို့လှူုအခွင့်အရေးချိုးဖေါက်မှုသတင်း

တပ်မဟာ(၆)ဒူးပလာယာခရိုင်

19-12-2010 ရက်နေ့၊ ၁း၄၀ အချိန်တွင် KNU (၁၈)တပ်ဖွဲ့နှင့် ဒီကေဘီအေအဖွဲ့တို့ပူးပေါင်းပြီးရေကျော်ကြီးစခန်းရှိ ရန်သူခလရ(၂၃၁)ကို သွားရောက်ချေမှုန်းတိုက်ခိုက်ရာ မိမိဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ရန်သူဘက်မှ တစ်ယောက်သေ၊နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိပါသည်။ တဆက်တည်းမှာပင် ရန်သူ မိုးမင်းနိုင်ဦးဆောင်သော ခလရ(၅၄၅)အဖွဲ့နဲ့ ဘုရားသုံးဆယ်ရွာနားတွင်  ပက်ပင်းရင်ဆိုင်တိုးရာ တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ရန်သူဘက်မှ အကျအဆုံးကို မသိရှိရသေးချေ။ဘုရားသုံးဆယ်ရွာနားတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် ရန်သူသည် ရွာထဲသို့ အမြောက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ ရွာသားသုံးဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် နွားသုံးကောင်လည်း ကျည်ထိမှန်သောကြောင့်နေရာမှာပင် သုံးကောင်စလုံး သေဆုံးသွားခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သော ရွာသားသုံးဦးမှာ-
(၁) မောင်ကြည် (၄၀)နှစ်
(၂) မောင်ငြိမ်း (၄၀)နှစ်
(၃) ဒေါ်စန်းဝေ တို့ဖြစ်သည်။

တပ်မဟာ(၂) တောင်ငူခရိုင်

၂၁-၁၂-၂၀၁၀နေ့တွင် ကားလမ်းဖေါက်လုပ်ရာ ဘူဒိုဇာကားနောက်ကို လိုက်ပါနေသော ရန်သူအဖွဲ့သည်ခြေထောက်ပြတ်သွားသော သူ့လူ(၅)ယောက်ကို ကော်သေးဒဲရွာ သို့ ပြန်ပို့ခဲ့သည်။22-12-2010 နေ့တွင် ဘောဂလိစခန်းတွင် လှုပ်ရှားနေသောရန်သူ စကခ (၇)၊ ဗျူဟာမှူးသည်ဘောဂလိရွာသားများကို အတင်းအဓမ္မခိုင်းစေသည့်အပြင် ကောသေးဒဲရွာမှ ဘူဆာခီးရွာအထိ ဖေါက်လုပ်လျှက်ရှိသော ကားလမ်းကို မိုင်းရှင်းရန် စောယိုနား၏ကားကိုလည်း ချောဆွဲခဲ့သည်။မရှေးမနှောင်းမှာပင် စောယိုနား၏ကား လည်း ရစရာမရှိအောင် ပျက်စီးသွားခဲ့ပြီး ဒါရိုက်ဘာတယောက်၊ စပါယ်ယာတစ်ယောက်နှင့် ရွာသားတယောက်၊ ပေါင်း(၃)ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

KNPP နအဖ တပ် ယာဉ်တန်းကို တိုက်ခိုက်၊ ၃ ဦး ကျဆုံး

သန်းထိုက်ဦး Monday, 27 December 2010 16:39
ကယားပြည်နယ် ဖရှုးဆိုးမြို့နယ်တွင် သံလွင် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအတွက် သွားနေသည့် အစီး၂၀ ခန့်ရှိ နအဖ ယာဉ်တန်းကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် သောကြာနေ့က ခြုံခို တိုက် ခိုက် ခဲ့သောကြောင့် နအဖဘက်မှ ၃ ဦး ကျဆုံးကြောင်း KNPP အတွင်းရေး မှူး (၁) ခူးဦးရယ်က ဧရာဝတီသို့ ပြောသည်။  
KNPP400
စစ်ရေးပြ အခမ်းအနားတခုတွင် တွေ့ရသည့် KNPP တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- burmaelection2010.com)
“နိုင်ငံခြားသား အလုပ်သမား အင်ဂျင်နီယာတွေ သယ်ဆောင်နေတဲ့ ယာဉ်တန်းလို့လည်း ပြောလို့ရတယ်၊ စစ်ကားနဲ့ပဲ၊ နအဖ လုံခြုံရေး တပ်တွေလည်း ပါတယ်၊ အဲဒါကို ကျနော်တို့ ရဲဘော်တွေကနေပြီးတော့ လမ်းမှာ ဖြတ်တိုက်တယ်”ဟု ၎င်းက ဆို သည်။ တိုက်ပွဲကြောင့် ၃ ဦး ကျဆုံးသည်ဟု သတင်းရရှိထားပြီး ထိခိုက် ဒဏ်ရာရရှိသူများ စာရင်းကိုမှု သတင်းမရသေးကြောင်း ၎င်း က ဆက်ပြောသည်။ သံလွင်မြစ်ပေါ်တွင် ရေကာတာ တည်ဆောက်ရန် လွိုင်ကော်မြို့နယ်မှ ဖရှုးဆိုးဒေသသို့ အသွား လမ်းခုလပ်တနေရာတွင် ခြုံခို တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

တိုက်ခိုက်ခံရသော နအဖ တပ်ရင်း အမည်နှင့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအဖွဲ့၏ ကုမ္ပဏီကိုမှု မသိရှိရသေးပေ။ သို့သော် ယင်း ဒေသတ၀ိုက်တွင် နအဖ၏ ခြေမြန်တပ်ရင်း(ခမရ) ၄၂၈နှင့် တပ်ရင်း ၅၃၀ တို့က လှုပ်ရှားနေကြောင်း သိရ သည်။ 
နအဖ စစ်အစိုးရ ရေကာတာ တည်ဆောက်ရေး စီမံကိန်းကို ဘော်လခဲမြို့နယ် ရွာသစ် အနီးရှိ သံလွင်မြစ်ပေါ်တွင် တည်  ဆောက်ရန် စီစဉ်ထားသည်ဟု KNPP တပ်ဖွဲ့ဝင်များက သတင်းရရှိထားကြောင်း ခူးဦးရယ်က ဆိုသည်။ ရေကာတာ တည်ဆောက်မှုကြောင့် ဒေသခံများ ရွှေ့ပြောင်းခံရနိုင်ခြင်းရှိသကဲ့သို့ ကျေးရွာ အနီး တ၀ိုက်တွင်လည်း ရေလွှမ်း မိုးမှုများ ကြုံတွေ့ရနိုင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

“အနီးအနားမှာ ရှိတဲ့ ဒေသတွေမှာလည်း ရေလွှမ်းမိုးနိုင်ဖွယ် ရှိတယ်၊ ဒါ့အပြင်ကို ကျနော်တို့ သားရဲ တိရစ္ဆာန်တွေ သေဆုံး ပျက်စီး နိုင်တဲ့ အခြေအနေတွေရှိတယ် ဆိုတော့ ဆုံးရှုံးမှုတွေ ပိုပြီးများမယ့် အခြေအနေရှိပါတယ်”ဟု ခူးဦးရယ်က ပြောသည်။ အောက်တိုဘာလ နောက်ဆုံးအပတ်ကလည်း လွိုင်ကော်မြို့နှင့် ရှားတောမြို့နယ်ကြားတွင် ရှိသော ပွန်ချောင်းတံတား အနီးတွင် KNPP တပ် နှင့် စစ်အစိုးရ ခြေလျင်တပ်ရင်း (ခလရ) ၇၂ တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၎င်း တံတား ပျက်စီးသွားခဲ့ သည်။KNPP အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးပေါင်း၍ စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ကော်မတီ တရပ်ကိုလည်း နိုဝင်ဘာ လဆန်းပိုင်

No comments:

Post a Comment