Tuesday, December 28, 2010

နေပြည်တော် နိုင်ငံတကာကျောင်းတည်ထောင်မှု ကို ကျောင်းဆရာများ ဒေါသထွက်နေ & အောင်သိန်းလင်း ခင်းတဲ့လမ်းဆို သတိထားလျှောက်ကြ & ဖုန်းဘေးမှာ ဗိုလ်ချုပ်မှူးကြီး ထိုင်စောင့်နေတာ ၉ ရက် &အအေးလှိုင်း ဖြတ်ဖွယ်ရှိဟု ဦးထွန်းလွင် ပြော

ဒေါ်စုသတင်း ဖော်ပြရန် ပါကစ္စတန်သတင်းအဖွဲ့ တောင်းဆို

မျိုးသိဏ်း | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာပြည်၌ ဒေါ်အောင်ဆန်းစုကြည် သတင်းများနှင့် အင်တာဗျူးများကို ထိန်းချုပ်ခြင်း မလုပ်ဘဲ ဖော်ပြခွင့်ပြုရန် ပါကစ္စတန် သတင်းဖောင်ဒေးရှင်း Pakistan Press Foundation - PPF က တောင်းဆိုလိုက်သည်။စာပေစိစစ်ရေး
နှင့် ပုံနှိပ်မှတ်ပုံတင်ဌာန (ဆင်ဆာဘုတ်) အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သတင်းများကို ပြန်လည် သုံးသပ်ရန်နှင့် စာနယ်ဇင်း လွတ်လပ်ခွင့်ပေးရန် ယခုလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာပေးပို့ကာ PPF က တောင်းဆိုခြင်း ဖြစ်သည်။“ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး အထိန်းချုပ်ခံရဆုံး နိုင်ငံတခုဖြစ်တယ်။ အာဏာပိုင်တွေအနေနဲ့ ဒီလို တင်းကျပ်ချုပ်ကိုင်မှုကို ပြောင်းလဲသင့်ပြီလို့ ထင်ပါတယ်” ဟု PPF အထွေထွေ အတွင်းရေးမှူး မစ္စတာ အိုဝေ့စ် အက်စ်လမ် အလီက မဇ္ဈိမကို ပြောသည်။

ယခုလအတွင်း ပြည်သူ့ခေတ်နှင့် ဗီးနပ်စ် အပါအဝင် ပြည်တွင်းဂျာနယ်အချို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိကာ ဓာတ်ပုံနှင့်တကွ အင်တာဗျူး စာမူကြမ်းများကို ဆင်ဆာဘုတ်အဖွဲ့သို့  ပုံနှိပ်ထုတ်ဝေခွင့် တင်ခဲ့ရာ ဆိုင်းငံ့ဟူ၍ သတ်မှတ်ခံခဲ့ရသည်။“ဆိုင်းငံ့ဆိုပေမယ့် အချိန်ကာလ မရှိဘူး။ ဖြုတ်ခိုင်းတဲ့ သဘောပဲ။ ထုံးစံက စိစစ်ရေးက “ဆိုင်းငံ့” ဆိုရင် သတင်းကို ပုံစံပြန်ပြောင်းပြီး ရေးရတယ်။ ခပ်ပျော့ပျော့လေးဖြစ်သွားအောင် ဗားရှင်းပြောင်းပြီး ပြန်တင်ကြည့်။ ဒါမှ မရဘူးဆိုရင် အဲ့ဒီသတင်း သုံးလို့မရတော့ဘူး” ဟု ပြည်တွင်းဂျာနယ် အယ်ဒီတာ တဦးက ရှင်းပြသည်။ပါကစ္စတန်သည် အာဏာရှင်စနစ်အောက်မှ ၂ဝဝ၈ ဖေဖော်ဝါရီလကမှ လွတ်မြောက်လာခဲ့သော်လည်း စစ်အုပ်ချုပ်မှု လက်အောက်၌ နေစဉ်ကတည်းက သတင်းမီဒီယာ လွတ်လပ်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင်မူ အလွန်အမင်း တင်းကျပ်ထားသဖြင့် ဒီမိုကရေစီနိုင်ငံဖြစ်ရန် နှောင့်နှေးဦးမည်ဖြစ်ကြောင်း မစ္စတာ အိုဝေ့စ် အက်စ်လမ် အလီက ပြောသည်။

“ဒီချုပ်ကိုင်ထားမှုတွေကို ပြောင်းလဲပစ်မှ ဒီမိုကရေစီနိုင်ငံဆိုတဲ့ ဘက်ကို ဦးလှည့်နိုင်မှာပါ” ဟု သူက ဆိုသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲသည် နိုင်ငံတကာအဆင့် စံနှုန်းများဖြင့် မလုပ်ခဲ့ဘဲ၊ လက်ရှိလည်း ပြောင်းလဲမှု လမ်းကြောင်းပေါ် ရောက်ပြီဟု မထင်ကြောင်း သူက ဆက်ပြောသည်။ ဆင်ဆာဘုတ်သည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံမှ လွတ်မြောက်စဉ်က သတင်းနှင့် ဓာတ်ပုံများ ဖော်ပြခဲ့သည့် သတင်းဂျာနယ် ၇ စောင် အပါအဝင် ဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ယာယီ ပိတ်ခဲ့သေးသည်။ ထိုအထဲမှ အချို့ကို ၂ ပတ်စီနှင့် အချို့ကိုမူ တပတ်စီ ပိတ်ခဲ့သေးသည်။ထိုအထဲမှ ဒေါ်အောင်ဆန်းစုကြည်သတင်း ဖော်ပြရာ၌ အချပ်ပိုအဖြစ် ဖော်ပြခြင်း၊ ဓာတ်ပုံများကို သတ်မှတ်သည့် အရွယ်ထက် ကြီး၍ ဖော်ပြသဖြင့် စည်းကမ်းနှင့် မညီဟုဆိုကာ 7Days နှင့် The Voice ကို တပတ်စီ ပိတ်ပင်ခဲ့သည်။PPF ကို ၁၉၆၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး သတင်းမီဒီယာဖွံ့ဖြိုးရေးနှင့် သတင်းလွတ်လပ်ခွင့်အတွက် IFEX အပါအဝင် နိုင်ငံတကာ သတင်းအဖွဲ့အစည်း အများအပြားနှင့် ပူးပေါင်းဆောင်ရွက်နေသည်။
နေပြည်တော် နိုင်ငံတကာကျောင်းတည်ထောင်မှု ကို ကျောင်းဆရာများ ဒေါသထွက်နေကြ

၂၀၁၀ ခုနှစ်၊ မတ်လတွင် မြန်မာ့ ပညာရေးလောကသား များအကြား ပုဂ္ဂလိကကျောင်း ဂယက်ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။ သို့လော၊ သို့လော မျှော်လင့်ချက်၊ ပြင်ဆင်ချက်များနှင့် ကြိုးပမ်းလိုစိတ်များကို ရိုက်ချိုးခံလိုက်ရသဖြင့် ပညာရေး အရည်အသွေးကို မျှော်လင့်နေသူ ပြည်သူများအကြား အကြီးအကျယ် စိတ်ပျက်ခဲ့ကြရသည်။ လွန်စွာလိုအပ်နေသည့် ပုဂ္ဂလိကကျောင်း ဥပဒေမှာ ၂၀၁၀ ခုနှစ် ကုန်ဆုံးချိန်အထိ အရိပ်အရောင်မမြင်ရသေး။ သို့သော် နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းကို ခမ်းနားစွာ တည်ဆောက်ဖွင့်လှစ်ရန် ပြင်ဆင်နေမှုရှိကြောင်း သတင်းရရှိပါသည်။
အလယ်တန်းနှင့် အထက်တန်းကျောင်းသားများအတွက် ဘော်ဒါဆောင်နှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ ဖွင့်လှစ်ထားသူ ရန်ကုန်မြို့ပေါ်မှ ဆရာတစ်ဦးက ရန်ကုန်ပညာရေးလောကတွင် ဒေါသထွက်နေရကြောင်းကို မောက္ခသို့ ပြောပြခဲ့ပါသည်။ “ကျနော်တို့ အကြီးအကျယ်ကို မျှော်လင့် ပြင်ဆင်ခဲ့ဖူးပါတယ်။ ပညာရေး လွတ်လပ်ခွင့် တစ်စုံတရာတော့ ရရှိလိမ့်မယ်လို့လဲ ယုံကြည်ခဲ့တာ။ သင်ရိုးတွေ၊ ဘာသာရပ်တွေကိုတောင် နိုင်ငံတကာနဲ့ ညှိနှိုင်းပြီးတော့ ပြင်ဆင်ခဲ့ကြတာပါ။ အရည်အသွေးတိုးတက်လာအောင် ကျနော်တို့ မြန်မာဆရာတွေမှာ လုပ်လိုတဲ့ ဆန္ဒအပြည့်ရှိပါတယ်။ နိုင်ငံတကာ ပညာရေးကို ကိုယ်တိုင်လည်း လေ့လာ ထားကြသူတွေ အများကြီးပါ။ လုပ်နိုင်ပါတယ်။ ပုဂ္ဂလိကကျောင်းဖွင့်ခွင့်ကို လုံးဝကို ခွင့်မပြုတော့ စိတ်ပျက်ခဲ့ကြပါတယ်။ ပညာရေး လုပ်လိုစိတ်တွေလည်း ကုန်ခမ်းသွားသလိုပါပဲ။ အခုတော့ နေပြည်တော်မှာ နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိကျောင်း ထောင်နေတယ်ကြားတော့ ကျနော်တို့ ပညာရေးလုပ်သားတွေကြားမှာ ဒေါသတော်တော် ထွက်နေကြတယ်။ ဒါဟာ အင်မတန်မှ အဆင့်ခွဲခြားခံနေကြရတာ ထင်ရှားတယ်။”

ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပုဂ္ဂလိကကျောင်းထောင်ရန် စိုင်းပြင်းခဲ့သူ မြစ်ကြီးနားမြို့မှ ကချင်ဆရာတစ်ဦးကလည်း စေတနာ့ဝန်ထမ်း အခမဲ့ ကျောင်းကိုတောင် ခိုးကြောင်ခိုးဝှက် ဖွင့်လှစ်နေရကြောင်း ပြောပြခဲ့ပါသည်။ “ကျနော်တို့က အစိုးရသင်ရိုးညွှန်းတမ်းကိုပဲ သင်တာတောင်မှ ကျောင်းဖွင့်ခွင့်ကို မပြုနိုင်ဘူးလို့ ပြည်နယ်အဆင့် အာဏာပိုင်တွေက ခြိမ်းခြောက် ပြောဆိုခဲ့တယ်။ မတတ်နိုင်ဘူးလေ။”နေပြည်တော်တွင် တည်ထောင်ဖွင့်လှစ်မည့် နိုင်ငံတကာ အဆင့်မီကျောင်းတွင် အပြည်ပြည်ဆိုင်ရာ ဆရာအတတ်ပညာရေးဘွဲ့သင်တန်းများ အောင်မြင်ထားပြီးသူများကိုသာ ခန့်အပ်မည်ဖြစ်သည်။  မူကြိုမှ အထက်တန်းအဆင့်အထိကို internatinal bacalaureate  IB ခေါ် နိုင်ငံတကာ တက္ကသိုလ်ဝင်တန်းဖြစ်သည့် ၁၂ တန်းပညာရေးနှင့်အညီ သင်ကြားမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားကို အဓိက သင်ကြားမှု မဏ္ဍိုင် ဘာသာစကား medium of instruction အနေဖြင့် ပြောဆို သုံးနှုံးမည်ဟုလည်း သိရသည်။ မြန်မာစစ်ခေါင်းဆောင်ပိုင်း၏ သားသမီး၊ မြေးမြစ်များအတွက် ရည်ရွယ်ဖွင့်လှစ်ကြောင်းနှင့် IB အောင်လက်မှတ်များ ရရှိပြီးပါက နိုင်ငံခြားတက္ကသိုလ်များတွင် တက်ရောက်ရန်အတွက် ရည်ရွယ်ထားပုံရကြောင်းကို နေပြည်တော်တွင် နေထိုင်သူ ၀ါရင့် ကျူရှင်ဆရာ တစ်ဦးမှ မောက္ခသို့ ပြောပြခဲ့သည်။   မောက္ခ ပြည်တွင်း ပညာရေးသတင်း         http://www.maukkha.org/

ကချင့်အရှေ့မြောက် အအေးလှိုင်း ဖြတ်ဖွယ်ရှိဟု ဦးထွန်းလွင် ပြော

သိန်းဇော် | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၁ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။      ။ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ကျေးရွာများတွင် ရေခဲမှတ်အောက် ရောက်နေကာ လာမည့်လ ပထမပတ်အတွင်း အအေးလှိုင်း ဖြတ်သန်းဖွယ်ရှိကြောင်း ရန်ကုန်ရှိ မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင် ခန့်မှန်းချက်အရ သိရသည်။ကချင်ပြည်နယ် အရှေ့မြောက်ဖျားရှိ ဆွမ်ပရာဘွန်မြို့တွင် ရေခဲမှတ်အောက် အေးနေရာမှ အင်အား အသင့်အတင့်ရှိ အအေးလှိုင်းတခု ဝင်လာနိုင်သည်ဟု ဦးထွန်းလွင်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြပါရှိခြင်း ဖြစ်သည်။

“မြန်မာပြည် မြောက်ပိုင်းစွန်းလေး၊ ကချင်ပြည်နယ်
weather photo :: www.tunlwin.com
အရှေ့မြောက် ထိပ်လေးလောက်မှာ ကျတယ်။  ရေခဲမှတ်ထိရောက်အောင် အေးနေတဲ့ အပူအချိန်ကို တွေ့ရပါတယ်။ ရေခဲမှတ်အောက် ရောက်နေကြတဲ့ အပူချိန်ကတော့  ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းပါ။ အင်အားအသင့်အတင့်ရှိတဲ့ အအေးလှိုင်း ဝင်ချင်တဲ့ သဘောပေါ့နော်“ ဟု ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။  အအေးလှိုင်း စီးဆင်းမှုမှာ ဒေသတခုချင်းအတွက်ရှိ ပျမ်းမျှအပူချိန်ထက် အပူချိန် လျော့နည်းလာခြင်းဖြစ်ပြီး ထိုအပူချိန်ထက် ၁၂ မှတ်အောက် ကျဆင်းပါက အပြင်းထန်ဆုံး ဖြစ်သည်ဟု သူက ဆိုသည်။

ယခင်က မြန်မာနိုင်ငံသို့ အအေးလှိုင်းဖြတ်သန်းရာတွင် အနောက်ဘက် အိန္ဒိယလေစီးကြောင်းနှင့် အရှေ့ဘက် တရုတ်လေစီးကြောင်းကသာ ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် ယခုနှစ် ကချင်ပြည်နယ်အတွင်း အအေးပြင်းထန်လာမှုမှာ မြန်မာပြည်အပေါ်ဘက် ဟိမဝန္တာတောင်တန်းတွင် ဖြစ်ပေါ်သော လေစီးကြောင်းကြောင့် ဖြစ်ကြောင်းနှင့် ယခုလေစီးကြောင်းသည် ကချင်မြောက်ပိုင်း သာမက  အချို့ဒေသများတွင်ပါ အအေးပိုလာနိုင်ရာ ရေခဲမှတ်အောက်အထိ ရောက်ရှိလာနိုင်ကြောင်း ဦးထွန်းလွင်က ဆက်လက်ခန့်မှန်းသည်။

သူက “စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊  ရှမ်းပြည်နယ် မြောက်ပိုင်း တွေဟာလောလောဆယ်မှာ ဒုတိယ အအေးဆုံးပါ။ ပထမ အအေးဆုံးက  ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း၊ ရခိုင်ပြည်နယ်ရယ်၊ မန္တလေးရယ်၊ မကွေးရယ်၊ ရှမ်းတောင်ရယ်၊ ကယားရယ်၊ ပဲခူး၊ ဧရာဝတီလည်း ပါတယ်။ အဲဒါတွေက တတိယမြောက်ပေါ့“ ဟု ဆိုသည်။အအေးမြင့်မား မှုမှာ ယခင်နှစ်များထက် စောလျင်စွာ ဖြစ်ပေါ်နေပြီး ယခုထက် မြင့်မားလာပါက ကလေးနှင့် သက်ကြီးရွယ်အိုများအပေါ် အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း ဦးထွန်းလွင်က ပြောဆိုလိုက်သည်။

မလေးရှားရွှေအခြေအနေ

မလေးရှားရောက် မြန်မာပြည်သားတွေအကြောင်းပါ။VOICE ဂျာနယ်က ဖြစ်ပါတယ်။အလုပ်ရှင်တွေက ရွှေ ဆိုရင် မကြိုက်တော့လို့  ဟင့်အင်းလို့ ပြောနေပြီ တဲ့။ ရွှေတွေ မလေးကို အ၀င်ခက်ပြီလို့ ဆိုတယ်။အဲဒီသတင်းအောက်က နောက်တပုဒ်မှာတော့ ပုံမှန် ၀င်နေတယ်လို့  ဆိုတယ်။သတင်း ၂ ပုဒ်လုံး အထိုက်အလျောက် မှန်တာ ဖြစ်နိုင်တယ်။၁ ပုဒ်က မှားနေတာလည်း ဖြစ်နိုင်တယ်။မှားတယ် ဆိုရင်တော့ သတင်းထောက် အလိမ်ခံရတဲ့သဘော ဖြစ်မယ် ထင်ပါရဲ့။

အမျိုးသားအလှကုန်ပစ္စည်းဆိုင် ဖွင့်ရင် ကောင်းမလား

Voice က ကော်ပီ ကူးပါတယ်။ ဖတ်လို့ သိပ်ကောင်း။ အချိန်မရသူများ ဖတ်ဖို့ တချို့  စာပိုဒ်တွေကို အရောင်ခြယ် ဘောင်ခတ်ပေးလိုက်တယ်။

ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံ မင်းသမီးရဲ့ ဒီနေ့စတင်တဲ့ မဲဆောက်ခရီးစဉ်အတွင်း ယနေ့မွန်းလွှဲ ၂ နာရီက မဲဆောက်မြို့တော် သမိုင်းပြတိုက် ဖွင့်ပွဲကို လာရောက်ဖွင့်လှစ်ပေးတာမှာ ဒေသတွင်းရောက် မြန်မာနိုင်ငံသားများတွေက သက်ဆိုင်ရာ တိုင်းရင်းသား ဝတ်စုံပြည့်နဲ့ သွားရောက် ဂါရ၀ပြုကြိုဆိုကြတဲ့ ပုံတွေပါ။ (ဓာတ်ပုံ - ဧရာဝတီ)

ဦးအောင်သိန်းလင်း ခင်းတဲ့လမ်းဆို သတိထားလျှောက်ကြရန်


မြို့တော်ဝန်ဦးအောင်သိန်းလင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားသော တောင်ဥက္ကလာပ မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက ခင်းထားသော ကွန်ကရစ်လမ်း မခြောက်သွေ့မီ
ဖြတ်လျှောက်မိသော ဒဂုံတက္ကသိုလ်ကျောင်းသားတဦးကို အရက်မူးနေသော ကြံ့ခိုင်ရေးပါတီဝင်လည်းဖြစ်၊ ရပ်ကွက်အာဏာပိုင်လည်းဖြစ်သူအချို့က ၀ိုင်းဝန်းရိုက်နှက်မှုတခုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက်ရှိ ရာဇသူရ ၁၄ လမ်းကို ကြံ့ခိုင်ရေးပါတီက ကွန်ကရစ် လမ်းအဖြစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ခင်းကျင်းခဲ့ကြောင်း၊ လမ်းခင်းနေသည့်အတွက် လမ်းပိတ်ထားခဲ့ရာ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၉ ကိုးနာရီတွင် အသက် ၂၂ နှစ် ဒဂုံတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား မောင်ကျော်ဇင်သန့်(ခ) သားကြီးက ဖြတ်လျှောက် မိကြောင်း၊ ထိုသို့ ဖြတ်လျှောက်မိစဉ် ၇ ရပ်ကွက်မှ ရယက အဖွဲ့ဝင်တဦးဖြစ်သူ ဦးညီညီနှင့် အပေါင်းအပါများက ကျော်ဇင်သန့်(ခ)သားကြီးကို
ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ၇ ရပ်ကွက်သားတဦးက ပြောသည်။

“သားကြီးက လမ်းထဲမှာရှိတဲ့ သူ့သူငယ်ချင်းဆီကို လာလည်တာ။ ခင်းထားတဲ့ ကွန်ကရစ် လမ်းပေါ်ကိုလည်း တက်လျှောက်တာမဟုတ်ဘူး။ လွတ်နေတဲ့မြေသားလမ်းလေးကနေ ကပ် ပြီးလျှောက်တာ။ အဲဒါကို အရက်မူးနေတဲ့ ရယက ဦးညီညီက စပြီးထိုးကြိတ်ရိုက်နှိက်တယ်။ ပြီးတော့ သူ့မိသားစုဝင်တွေနဲ့
ဆွေမျိုးတွေကပါ သားကြီးကို ၀ိုင်းပြီးရိုက်ကြတယ်” ဟု မောင်ကျော်ဇင်သန့်(ခ) သားကြီး၏ သူငယ်ချင်း ဒဂုံတက္ကသိုလ်ကျောင်းသားတဦးက ရှင်းပြသည်။ကြံ့ဖွတ်ပါတီဝင် ရယက ဦးညီညီနှင့် အပေါင်းအပါများ၏ ရိုက်နှက်မှုကြောင့် မောင်ကျော်ဇင်သန့်(ခ) သားကြီးမှာ ခေါင်းမူးပြီး မျက်လုံးအနည်းငယ်ဝါးသွားသော်လည်း ကြီးကြီးမားမားထိခိုက် ဒဏ်ရာရရှိခြင်းမရှိကြောင်း တောင်ဥက္ကလာပ ၇ ရပ်ကွက်သားများက ရှင်းပြသည်။

ရိုက်နှက်မှုကြောင့် ခေါင်းမူးဒဏ်ခံစားနေရသည့် မောင်ကျော်ဇင်သန့် ကို တောင်ဥက္ကလာပ မြို့နယ်မှ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်က ဆေးခန်းပို့ ဆောင်ပေးခဲ့ပြီး လိုအပ်သော ဆေးဝါးများကို ၀ယ်ယူပံ့ပိုးပေးခဲ့ကြောင်း သိရှိရသည်။“ဆရာ စောနိုင်က ဆေးခန်းပို့ပေးတယ်။ အရိုက်ခံရတဲ့ကလေးကို ရယကဦးညီညီက တောင်းပန်တာ၊ ဆေးခန်းပို့ပေးတာလုပ်ရမှာ။ ဘာမှ လုပ်မပေးဘူး။ ကြီးကြီးမားမားဒဏ်ရာ မရပေမယ့် အုပ်စုဖွဲ့ဝိုင်းရိုက်တာက မင်းမဲ့စရိုက်ဆန်လွန်း တယ်” ဟု ရာဇသူရ ၁၄ လမ်းနေ ရပ်မိ၊ ရပ်ဖတဦးက ဆိုသည်။ကြံ့ဖွတ်ပါတီဝင် ရယကတဦးက ဒဂုံတက္ကသိုလ်ကျောင်းသားတဦးကို ၀ိုင်းဝန်းရိုက်နှက်ခဲ့သည် ဆိုသော သတင်းမှာ တောင်ဥက္ကလာပဒေသခံများနှင့် တက္ကသိုလ်ကျောင်းသားများအကြားပျံ့ နှံ့သွားခဲ့ကြောင်း သိရှိရသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ၇ ရပ်ကွက်ရုံးက မောင်ကျော်ဇင်သန့်(ခ) သားကြီးနှင့် ဦးညီညီတို့ကို ခေါ်ယူတွေ့ဆုံခဲ့သော်လည်း ကြံ့ဖွတ်ပါတီဝင် ရယကဦးညီညီကို တစုံတရာ အရေးယူခဲ့ခြင်း မရှိသည့်အတွက်တောင်ဥက္ကလာပပြည်သူအများစု ဒေါသထွက်နေကြ ကြောင်း စုံစမ်းသိရှိရသည်။ပြည်ထောင်စု ကြံ့ခိုင်ရေှးနှင့်ဖွံဖြိုးရေးပါတီသည် ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ အများစုတွင် အနိုင်ရရှိထားပြီး လွှတ်တော်မပေါ်ပေါက်မီ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်းအုပ်ချုပ်ရေး ယန္တရားများတွင်
ကြံ့ခိုင်ရေးပါတီဝင် အမာခံများဖြင့် အစားထိုးခန့်အပ်ရန် ပြင်ဆင်မှုများပြုလုပ်လျက်သည်။

တယ်လီဖုန်းဘေးမှာ ဗိုလ်ချုပ်မှူးကြီး ထိုင်စောင့်နေတာ ၉ ရက် ရှိပါပြီ။

ဒီဟာသ အတွက် ပုံကို ဒီက ယူပြီး ဖြတ်ညှပ်ကပ် ပါတယ်။
တယ်လီဖုန်းဘေးမှာ ဗိုလ်ချုပ်မှူးကြီး ထိုင်စောင့်နေတာ ၉ ရက် ရှိပါပြီ။နိုင်ငံတကာဒိတ်ဒိတ်ကြဲတွေက တက္ကသိုလ်ရိပ်သာလမ်းကို ဖုန်းဆက်တာ တဂွမ်ဂွမ်ပဲ ဆိုတဲ့အကြောင်း ရေးထားတဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေကို တဗျင်းဗျင်း ဆုတ်ဖြဲထားတာလည်း တောင်ပုံယာပုံ။ ဒါပေမယ့် လူမိုက်တို့ ဒေါသ ထွက်လည်း ခဏပေါ့။
“ဘိုးဘိုးက မင်းတြားကြီးပဲ၊ အဲဒီဘဲတွေနဲ့ တယ်လီဖုန်းပြောနိုင်တာပဲ” ဆိုတဲ့ မြေးမျောက်မူးလဲ ပြောတဲ့ အကြံကို အကောင်အထည် ဖော်ဖို့ နိုင်ငံခြားရေး ဌာနကို တာဝန်ပေးလိုက်တယ်။နိုင်ငံခြားရေး ၀န်ကြီးလည်း အပြည်ပြည်ကို ဆက်သွယ်ရပြီလေ၊ “ပေါတာကြီးကို ဖုန်းဆက်ကြပါ” ပေါ့ဗျာ။

ဂျပန်ဝန်ကြီးချုပ်က - 良い!
အမေရိကန် သမ္မတ ကတော်ဟောင်းက - Oh, very good!
တရုတ် ၀န်ကြီးချုပ်က - 现在?
လီကွမ်ယုက - Are you kidding la?
အဖိဆစ် ဝေ့ချာချီဝက - พร้อมที่จะพูดคุย!
ဘန်ကီမွန်းကြီးက -내가 말하는 사랑 !
ပူတင်က - хорошую работу, глупый человек!
စသဖြင့် ချက်ချင်း တုံ့ပြန်ကြတယ်။

သို့ကလို တုံ့ပြန်တာတွေကို ၀န်ကြီးက နေပြည်တော်ကို ၀မ်းသာအားရ ဖော်ဝပ် လုပ်ပြီး ညွှန်ကြားချက် နောက်တခု ဆက် စောင့်တယ်။ သိပ်ကြာကြာ မစောင့်ရဘူး။ ဖုန်းပြောချင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးဆီက ညွှန်ကြားချက်က ဟောဒီလို ရောက်လာတယ် -“ဒီကောင်တွေနဲ့ ဖုန်းဆက်တဲ့အခါ ငါပဲ ပြောမယ်။ သူတို့က နားထောင်တဲ့ အလုပ်ပဲ လုပ်ရမယ်။ ငါပြောမှာတွေက ငါတို့ဆီမှာ တံတားတွေ ဆောက်တယ်၊ လမ်းတွေဖောက်တယ်၊ ကျောင်းတွေမှာ ကွန်ပျူတာအခန်းတွေ ရှိပြီ၊ ဆေးရုံတွေလည်း အကြီးကြီး ဆောက်ပြီးပြီ ဆိုတာတွေ ပြောမယ်”အကြီးအကဲညွှန်ကြားချက် ဆိုတော့ ၀န်ကြီးလည်း နိုင်ငံတကာခေါင်းဆောင်များထံကို ချက်ချင်း ကြေးနန်းရိုက်ရပြီပေါ့ - “ပေါတာကြီးရဲ့ ကြိုတင် စည်းကမ်းသတ်မှတ်ချက်က ဒီလို ဒီလို ဖြစ်ပါတယ်၊ အခုချိန်က စပြီး ဖုန်းခေါ်လို့ ရပါပြီ အဆွေတော် ၀န်ကြီးချုပ်၊ သမ္မတကြီး၊ မဒမ် သမ္မတကတော်ဟောင်း - -” ပေါ့ဗျာ။
ဗိုလ်ချုပ်မှူးကြီးက ပြောဖို့ အသင့် ပြင်ထားတယ်။ အသံ မထိခိုက်အောင် မှန်ချို သလိပ်ပျော်ဆေးဗူးတွေတောင် တဒါဇင် ဆောင်ထားသေးတယ်။ ဒီလိုနဲ့ - - -
တယ်လီဖုန်းဘေးမှာ ဗိုလ်ချုပ်မှူးကြီး ထိုင်စောင့်နေတာ ၉ ရက် ရှိပါပြီ။

ကြာသပတေးနေ့က လုပ်တဲ့ ရန်ကုန်မြို့ ၂၀၁၀ ခရစ်စမတ် အလှမယ် ပြိုင်ပွဲ (Miss Christmas 2010 model competition at Traders Hotel)
၇ ကြိမ်မြောက်လို့ ဆိုတယ်။ Xinhua သတင်းဌာန ဓာတ်ပုံတွေပါ။ဒီပြိုင်ပွဲအပြင် မျက်လှည့်ပွဲ၊ ကလေးတွေရဲ့ သီချင်းဆိုပြိုင်ပွဲတို့လည်း ပါဝင်တယ် တဲ့။

ဖော်နိုင်မှ ခေတ်မီတယ်လို့ ယုံကြည်နေကြသလား???မာနလေးတော့ ထားတတ်စေချင်

အပျိုစင်လေးတို့ရေ ... အပျိုစင်ဆိုတဲ့ ဂုဏ်ပုဒ်လေးကို ကြီးကြပ်ကလေ သိပ်ပြီးတန်ဖိုး ထားတာကွဲ့။ ဒါပေမယ့်ကွယ် ကြီးကြီး မြင်နေရတဲ့ ပတ်ဝန်းကျင်ကတော့ ရင်မောစရာတွေချည်းပါပဲ။ ဒါတွေကို သိဖို့သတိထားဖို့၊ ရှောင်ဖို့ အားကျအတူယူဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကြီးကြီးချစ်တဲ့ အပျိုစင်လေးတွေကို ကြီးကြီးဘဝကြီးကို နမူနာထားပြီး မျှဝေပေးချင်တာပါ။

ပထမဆုံးတော့ ကြီးကြီးကိုယ်ကြီးကြီး မိတ်ဆက်ခွင့် ပြုပါဦးနော်။ ကြီးကြီးကလေ နယ်မြို့လေးမှာ မွေးပေမယ့် ၉ တန်းကနေ ခုချိန်ထိမြို့မှာ နေတာပါ။ အဲဒီတော့ တောသူဆိုလည်းဟုတ်၊ မြို့သူဆိုလည်း ဟုတ်တာပေါ့။ မွေးတဲ့မြို့မှာပဲ အမေ့စကား နားထောင်ပြီး နေခဲ့ရင် (တစ်မျိုးမထင်နဲ့ဦးနော်) ၆ တန်းလောက်နဲ့ပဲ ခုလောက်ဆို သေများနေမလားတောင် မသိဘူးပေါ့နော်။ ကြီးကြီးမှာလေ အင်္ကျီလုံချည် နှစ်စုံပဲရှိတယ်။ မိုးရွာရင် ဆောင်းစရာ ထီးမရှိဘူး။ ကျူရှင်မတက်နိုင်ဘူး။ ကျောင်းနဲ့ အိမ်နဲ့ သုံးမိုင်လောက်ကို အသွားအပြန် လမ်းလျှောက်ပြီး ဆယ်တန်းအောင်အောင် ကြိုးစားခဲ့ရတာ။ နေတဲ့အိမ်က မီတာခ တက်မှာစိုးလို့တဲ့။ ညဘက်ဆို ဖယောင်းတိုင်နဲ့ စာကျက်ရတယ်။ ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ အောင်မှငါရွာပြန်မယ်လို့ ဆုံးဖြတ်ခဲ့တာ။ တစ်ညကို သင်္ချာအပုဒ်တစ်ရာ တွက်ပြီးမှ အိပ်တယ်ကွဲ့။ တောသူမ ကြီးကြီးက သင်္ချာနဲ့ ဓာတုဗေဒ ဂုဏ်ထူးတွေနဲ့ အောင်ခဲ့တာ။ အဲဒီတော့မှ ရွာပြန်တယ်။ အောင်ပြန်တော့ အမှတ်တွေများပေမယ့် တက္ကသိုလ် ထားပေးမယ့်သူ မရှိပြန်ဘူး အပျိုစင်တို့ရေ ... ကြီးကြီးမှာ ငိုရတာအမောပေါ့။

တစ်နေ့တော့ ကြီးကြီးကို ဘွဲ့ရအောင် ထားပေးမယ်၊ ဘွဲ့ရပြီးရင် သူ့သားနဲ့ ယူရမယ်လို့ရွာက သူဋ္ဌေးတစ်ယောက်က လာပြောသေးတာ။ ကြီးကြီးအမေကလေ စာတစ်လုံးမှ မတတ်ဘူး။ ဒါပေမဲ့ ဘယ်လိုပြန်ပြောလဲ သိလား။ ကျွန်မ သမီးကို ကျွန်မတောင်းပဲ ကျွေးရကျွေးရ၊ ဖြစ်အောင် ထားပေးမှာလို့ ပြန်ပြောရှာတာ။ တကယ်လည်း အမေက ရွာနဲ့ရန်ကုန်ကို ရထားနဲ့ကူးပြီး ကုန်စိမ်းရောင်းလိုက်၊ ဖျာရောင်းလိုက်နဲ့ ကြီးကြီးကို တက္ကသိုလ် ထားပေးခဲ့တာ။ ကြီးကြီးလေ ခုနေမှာ ပြန်တွေးရင် ငါတော်တော် ဆင်းရဲဒုက္ခ ရောက်ခဲ့တာပဲလို့ ခံစားရတယ်။ ကြီးကြီးတို့ခေတ်က စတိုင်ပင်လို့ခေါ်တဲ့ ပညာသင် ထောက်ပံ့ကြေးရတော့ ကျောင်းလခနဲ့ အဆောင်လခလေးတော့ အဆင်ပြေ သွားတာပေါ့။ ဒါပေမဲ့ သူများတွေ ရောင်စုံထည်လဲ ဝတ်နေချိန်မှာ ကြီးကြီးက ဘားမားတက်ထရွန် အင်္ကျီလေးနဲ့ တောင်ဥက္ကလာက ထွက်တဲ့ ပန်းရိုက်လုံချည်လေးနဲ့ပဲ ကျောင်းတက်ခဲ့ရတာ။ တစ်ခုခု စားချင်တာဆိုရင် အဆောင်မှာ သူငယ်ချင်းတွေရဲ့ အဝတ်ကို မီးပူတိုက်ပေးပြီး ရတဲ့လုပ်အားခနဲ့ စားတယ်။ သူများချစ်အောင် နေတယ်။

ဒါပေမဲ့ အပျိုစင်လေးတို့ရေ ... ဒုတိယနှစ်ရောက်တော့ ဘသားချောတွေက လာပြန်ရော။ ကြီးကြီးကိုမှ လိုချင်လို့ပါ၊ ကျောင်းဆက်တက်ပါ။ စိတ်တိုင်းကျ ထားပါ့မယ်နဲ့ အပြင်စီးပွားရေး လုပ်နေတဲ့ လူပျိုတွေက ကမ်းလှမ်းကြတယ်။ အိမ်ကိုလည်း ပြောကြတယ်။ အိမ်ကတော့ ကြီးကြီး သဘောကျရင် လက်ခံပါမယ်လိုပဲ ကောင်းအောင် ကြည့်ပြောရတာပေါ့။ ကြီးကြီးကလေ ဘယ်လောက်ပဲ ဒုက္ခရောက်ပါစေ ဘွဲ့ရအောင်ယူမယ်။ ဝန်ထမ်းလုပ်မယ်။ အိမ်ထောင်ပြုရင်လည်း ဝန်ထမ်းကိုပဲ လက်ထပ်မှာလို့ အပြတ်ပြောပြီး ငြင်းခဲ့ရှောင်ခဲ့တာ။ ကြွားရဦးမယ်။ ကြီးကြီးကလေ ရုပ်မချောပါဘူး။ ရုပ်လည်းမဆိုးပါဘူး။ ရိုးသားပွင့်လင်းတဲ့ သန့်စင်တဲ့ ကြီးကြီး မျက်လုံးကိုကြည့်ပြီး ကြိုက်ကြတာတဲ့။ ရယ်ရတယ်နော်။ အားလုံး လူရိုးလူအေး တွေချည်းပေမယ့် ကိုယ့်ရည်မှန်းချက်မှ မပြည့်သေးတာလေ ...။ တကယ်တော့ အပျိုစင်တိုင်းမှာ သူ့အလှနဲ့သူတော့ ရှိကြတာ ချည်းပါပဲကွယ်။ ပင်ကိုယ်အလှ မပျောက်အောင် နေဖို့ပဲလိုတာပါ။

ကြီးကြီးတို့ ခေတ်တုန်းကလည်း တက္ကသိုလ် ကျောင်းသူတွေ ပြင်ကြပါတယ်။ ဒါပေမဲ့ ခုခေတ်လောက်တော့ သရုပ်မပျက် ကြဘူးပေါ့ကွယ်။ စိတ်တော့ ဆိုးမသွား ကြနဲ့နော်။ မိန်းကလေးတွေမှာ ကာယဣနြေ္ဒဆိုတာ ရှိတယ်။ မိန်းကလေး တွေရဲ့စည်းပေါ့။ ဣနြေ္ဒရှိတဲ့ မိန်းကလေးဆိုရင် ဝတ်တာ၊ သွားတာလည်း လုံခြုံတယ်။ လျှပ်ပေါ်လော်လည်မှု မရှိဘူး။ အဲဒီအခါကျ ဘယ်ပုရိသ ယောက်ျားကမှ မတို့မထိရဲ မစရဲဘူးပေါ့။ ဘယ်လောက်ပွေတဲ့ လူပဲ ဖြစ်ပါစေ။ ဣနြေ္ဒရှိတဲ့ မိန်းကလေးဆို အနားမကပ်ရဲဘူး။ ရှိန်နေတာ ပေါ့ကွယ် ..။

ခုများတော့ကွယ်၊ အရင်ခေတ်ကလို မမြင်ဝံ့ ဆေးသမား ဆိုတာမျိုးရှိကို မရှိတော့တာကလား။ ဖော်နိုင်မှ ခေတ်မီတယ်လို့ ယုံကြည်နေကြသလား မှတ်ရတယ်နော်။ တိုလိုက်ကြတာ၊ ကျပ်လိုက်ကြတာ၊ ပြောင်လိုက်ကြတဲ့ ကျောပြင်တွ ဖြစ်နေပြီနော်။ အရင်တုန်းကဆို မိန်းကလေးရဲ့ ခြေသလုံးကို မြင်ရဖို့ဆိုတာ ဘယ်လွယ်လိမ့်မတုံး အခုကတော့ ခြေသလုံးရော၊ ပေါင်ရော မမြင်ချင်မှ အဆုံး၊ ချက်ကိုတောင် စိန်တပ်ပြီး လူမြင်အောင် ဗိုက်ပေါ်တဲ့ အင်္ကျီတို့ ဘောင်းဘီတို့ ဝတ်ကြသတဲ့။ ကြီးကြီးဖြင့် အံ့သြ ကုန်နိုင်ဖွယ်ပါပဲ။ အဲ .... ကြီးကြီးအကြောင်း ပြောနေရာကနေ ဘေးချော် သွားပြန်ပြီ။ ကြီးကြီးက အစားသမား၊ သူများလိုပဲ ကောင်းကောင်းစားချင်တာ ပေါ့နော်။ သူငယ်ချင်းတွေ ကြားထဲမှာ ကိုယ်ကဝတ်ကောင်းစားလှ မရှိတော့ သိမ်ငယ်တာပေါ့။

ဒါပေမဲ့ ကြီးကြီးက မာနရှိတယ်။ ကိုယ်ကျင့်တရားကို တန်ဖိုးထားတယ်။ ငတ်ရင်ငတ်ပါစေ။ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒီလိုနဲ့ပဲ ဘွဲ့ရကျောင်းဆရာမ ဖြစ်ခဲ့တာပေါ့။ အခု ကြီးကြီး မြင်တွေ့နေရတဲ့ မိန်းကလေးတွေကတော့ ဝတ်ချင်လှချင်စိတ်က လွှမ်းမိုးပြီးတော့ ခေတ်ကာလအရ အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးတွေ အကူအညီတွေနဲ့ ပိုက်ဆံထောတဲ့ ယောက်ျားဆို တွဲလိုက်ကြတာပဲ။ ပျိုတာအိုတာ ဂရုမစိုက်တော့ဘူး။ မယားကြီးနဲ့ ပက်ပင်းတိုးရင်တောင်မှ “ကိုယ့်ယောက်ျား ကိုယ်နိုင်အောင် ထိန်းပါလား” လုပ်ရဲကြတာ။

စိတ်က ဘယ်လောက်ပဲ ရိုးသားစေဦးတော့၊ ဝတ်ထားတာကမှ မလုံတာ၊ ပြီးတော့လေ ကြီးကြီးတို့ဆို ဘွဲ့သာရပြီးရော လက်ဖက်ရည်ဆိုင် တစ်ခါမှ မထိုင်ဖူးဘူး။ ဆိုင်ရှေ့ကတောင် ဖြတ်မလျှောက်ရဲဘူး။ အအေးဆိုင်ပဲ မိန်းကလေး သူငယ်ချင်းတွေနဲ့ ထိုင်ခဲ့တာ။ ခုကျမိန်းကလေးတွေ ကိုယ်တိုင်က မလုံမခြုံဝတ်ပြီး ကလပ်တက်တယ်။ ယောက်ျားတွေနဲ့ အတူထိုင်ပြီး ဘီယာသောက်တယ်။ ကြီးကြီးဖြင့် မြင်ခါစက အံ့သြလွန်းလို့ မယုံနိုင်ဘူး။ ကြီးကြီးသားကတောင် antique ဖြစ်နေပြီပြောလို့ ကြီးကြီးဖြင့် ဆွေ့ဆွေ့ခုန်ရသေးတယ်။ ခေတ်ကြီးက တိုးတက်လာတော့ အင်တာနက် ဆိုင်တွေထိုင်ရင် တစ်နာရီမှ သုံးရာ၊ လေးရာပဲ ပေးရတာမို့လား။ တစ်နေ့တစ်နေ့ အဲဒီကနေ အရည်မရ၊ အဖတ်မရတွေ ပြောကြ၊ ကြည့်ကြ၊ ချက်တင်ထဲမှာပဲ ကြိုက်ကြ။ အပြင်မှာ ချိန်းတွေ့ကြ။ ဘာမျိုးရိုး၊ ဘာစိတ်ဓာတ်လဲ မသိသေးဘူး၊ လိုက်ပြေးကြပြီ။ ဒုက္ခတွေရောက်မှ မိဘအိမ်ပြန် ပြေးကြပြီ။ တချို့လည်း ဘဝကို ရေစုန်မျော သွားကြတာ ပေါ့နော်။

ကြီးကြီးနေတဲ့ ရပ်ကွက်ရဲ့ ခြောက်လွှာ၊ ခုနစ်လွှာ၊ ရှစ်လွှာတိုက်ခန်း တွေမှာလေ။ တရားဝင် လက်မထပ်ဘဲ အတူနေကြတဲ့ လူငယ်အတွဲတွေ၊ ငွေပေါသူတွေရဲ့ ပျော်တော်ဆက်တွေ တော်တော်များများ နေကြတာ။ ကြီးကြီးဖြင့် သူတို့ မိဘတွေအစား ရင်နာလိုက်တာ။ ငယ်ငယ်ချောချော လေးတွေကိုး။ ကြီးကြီးပြောခဲ့ သလိုပါပဲ။ မိန်းကလေးတိုင်းမှာ အလှကိုယ်စီ ရှိပြီးသားပါ။ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့ ဝအောင်စား၊ ကိုယ်ရဲ့ အပျိုစင်ဘဝကို တန်ဖိုးထားရမှာပေါ့။
ကြီးကြီး နားလည်တာ ကတော့လေ အပျိုစင်ဆိုတာ အပျိုနဲ့စင်နဲ့ ပေါင်းထားတာမို့လား။ အပျိုဆိုတာက ယောက်ျား တစ်ယောက်ယောက်နဲ့ လက်ထပ်မထားရင် အတူတကွ ပေါင်းသင်း မနေရင် အပျိုပဲ။ ငယ်ရင်အပျိုလေး၊ ကြီးရင် အပျိုကြီးပေါ့။ ဒါပေမဲ့ “စင်” ဆိုတဲ့ စာလုံးကတော့ သန့်စင်တယ်။ အပျိုစစ်တယ်ဆိုတဲ့ ဂုဏ်ပုဒ်လေးကို ဆိုလိုတာ။ အရပ်စကားနဲ့ ပြောရရင်တော့ အပျိုစစ်တာကိုမှ အပျိုစင်လို့ ခေါ်တာ။ ငယ်ဂုဏ်လေးလည်း ပါတာပေါ့ကွယ်။ မိဘတွေက စောင့်ရှောက်ထိန်းသိမ်း ပေးရုံပဲရှိတာ။ ကိုယ့်ရဲ့ အပျိုဂုဏ်ကို ကိုယ်ပဲ ထိန်းသိမ်းရမှာ။ ခုခေတ် ယောက်ျားလေးတွေကလေ တိုးတက်နေတဲ့ ခေတ်ကြီးကို အသုံးချပြီး အတတ်မျိုးစုံတွေ တတ်နေကြတာ။ sex ကိစ္စဆိုလည်း သူတို့က ကျွမ်းကျင်ပြီးသား။

ရှေ့မှာ သားကောင် တွေ့လို့ကတော့။ အင်း ... ပြေး မလွတ်ဘူးသာ မှတ်ပေရော့။ ကိုယ်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင်နေမှ ကိုယ့်ကို တန်ဖိုးထားမယ့် ယောက်ျားကောင်းနဲ့ ဆုံရမှာပါ။ မဟုတ်ရင်တော့ အရှက်လည်းကွဲ လူလည်း ... အဲ .. ဒုက္ခတွေရောက် ဖြစ်ကျန်မှာ။ ဘာလို့အဖြစ်ခံမှာလဲ အပျိုစင်တို့ရယ်။ ကိုယ့်ရဲ့ကိုယ်ပိုင် မာနလေးနဲ့ ရည်မှန်းချက် ကြီးကြီးထား ကိုယ့်အလှလေးနဲ့ ကိုယ်နေ။ ဗုဒ္ဓဘာသာ မဟုတ်တဲ့ နိုင်ငံတွေရဲ့ မိန်းကလေးတွေ ဝတ်စားဆင်ယင်မှုကို အားမကျနဲ့။

ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်မှမထိန်းရင် ကိုယ့်မျိုးဆက်က ဘယ်ထိန်းတော့မလဲနော်။ စာများများ ဖတ်ပါ။ စာဖတ်များတဲ့သူကို သူများ လာလိမ်လို့ မရဘူးကွဲ့။ စာဆိုလည်း အားရှိမယ့် စာမျိုးတွေ ရွေးဖတ် စေချင်တာပါပဲ။ ကြီးကြီးတုန်းက ကြီးကြီးဘဝကို ဘာနဲ့မတ်ခဲ့သလဲ သိလား။ ဆရာမကြီး ခင်ဆွေဦးရဲ့ ဝတ္ထုတွေ ဖတ်မိလို့ပေါ့ကွယ်။ ကိုယ့်ကိုယ်ကိုယ် အားတင်းတတ်အောင် စောင့်ရှောက် တတ်လာတာ ပေါ့နော်။ ဆရာကြီး ပါရဂူရဲ့ စာအုပ်တွေကိုလည်း သဲကြီးမဲကြီး ဖတ်ခဲ့တော့ စိတ်ကစားဖို့ မတွေးအားတော့ဘူး ပေါ့နော်။ ခုခေတ်မှာဆို စာရေးဆရာတွေ အများကြီးပေါ့။ အနီးစပ်ဆုံး ဥပမာတစ်ခု ပြောရဦးမလား။ အပျိုစင်တို့ အားကျ အတုယူနေကြတဲ့ အနုပညာ သမားတွေကိုပဲ ကြည့်ပါနော်။ သန့်သန့်စင်စင် ရိုးသားကြိုးစားတဲ့ ကလေးတွေက ကြာရင်သာကြာမယ်။ နောက်ဆုံးတော့ အောင်မြင်ခဲ့ကြတာ ချည်းပဲလေ။ အဲ ... ဖြတ်လမ်းကနေ ကြီးပွားချမ်းသာ အောင်မြင်ချင်ကြတဲ့ ကလေးတွေကတော့ ခဏပဲခံပြီး နာမည်ဆိုးနဲ့ မြုပ်သွားကြတာလေ။ ကဲ ... ကြီးကြီးရဲ့ အပျိုစင်လေးတို့လည်း သန့်စင်တဲ့ အပျိုစင်လေးတွေ အဖြစ်နဲ့ ကိုယ့်ဘဝ၊ ကိုယ့်မိသားစု၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ ဂုဏ်ကို ဆောင်နိုင်ကြပါစေလို့ ကြီးကြီးက ဆုတောင်းပေးလိုက် ပါတယ်နော်...။ -

ဆောင်းရာသီ၊ ဖုန်း၊ သက်မွန်မြင့်၊ လျှပ်စစ်ကား၊ ဗုဒ္ဓဘာသာ
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဒီဇင်ဘာ ၂၆၊ ၂၀၁၀
(News Watch ဂျာနယ် အပိုင်းအစများ 22.12.2010)
မြန်မာပြည်တွင်သာ တွေ့နိုင်သည်
၅ သိန်းတန် GSM ဖုန်း နေပြည်တော်မှာ ငှားရမ်းမဲ့ ကိစ္စ။ ပြောချင်တာက နေပြည်တော်မှာ GSM သုံးနိုင်ဖို့ မဟုတ်ပါဘူး..။ မြင်ရသမျှ အူပွလွန်းလို့ခင်ဗျ..။ ကြည့်ပါဦး.. ငါးသိန်းတန်ကို ငှားသတဲ့လေ..။ သူများ တိုင်းပြည်မှာ လမ်းဘေး အချိန်မရွေး ပေါပေါပဲပဲ ၀ယ်လို့ ရတဲ့ တယ်လီဖုန်းကို သိန်း ၂၀ တို့ ၁၅ သိန်းတို့ ၅ သိန်းတို့ ပေးနေရတဲ့ မြန်မာပြည်သားများဘ၀များ ဆိုးချက်..။ အဲဒါထက် ဆိုးတာက အစိုးရမင်းများက ရောင်းစားတယ်လို့ အပြောမခံ.. အသုံးမခံ။ ငှားသတဲ့ ဗျာရဲ့..။ ဘယ်လောက်များ အထက်စီးက နေချင်ကြသလဲ ဆိုရင်..အရှက်ကို မရှိကြဘူး။ ကျော်မကောင်း ကြားမကောင်း ဒီစနစ်မျိုး ဒီတတိုင်းပြည်ဘဲ ရှိပုံရတယ်..။
ရှိသေးရင်လဲ ပြောကြပါဦးဗျာ..။ တကတည်း.. အမြင်ကတ်စရာ..။
ဂျာနယ်တွေခမြာလည်း ကျေနပ်နိုင်ကြမယ်တော့ ထင်ပါဘူး.. ဟို.. စာပေကင်ပေတိုင်အဖွဲ့ကို ကြောက်နေရလို့သာ..။
အစိုးရ လုပ်တဲ့ အပြောင်းအလဲ
သီရိမင်္ဂလာဈေးကြီး ရွှေ့ပြောင်းမဲ့အကြောင်း။ ဒီဈေးသူဈေးသားများ.. ပြောင်းသွားမဲ့ ပတ်ဝန်းကျင် လှိုင်မြို့နယ် ဘုရင့်နောင်လမ်း တ၀ိုက်မှာတော့ အိမ်ခန်းဈေးတွေ ဗြောင်းဆန်ကုန်ပါပြီ။ လူတွေအများကြီး လှုပ်လှုပ်ရွရွ နေ့မအိပ်ညမအိပ် ဖြစ်ကြမဲ့ကိစ္စကို မတုန်လှုပ်သူ ရှိသလို.. စိတ်ညစ်လို့ ပြောင်းပြေးမဲ့သူတွေလဲ မရှား ဆိုတော့ ရောင်းကြ၀ယ်ကြ နဲ့ သွက်သွက်လက်လက် ဖြစ်နေကြတဲ့ အကြောင်းလေး ကိုပြောပြချင်လို့ပါ။
ဈေးကောင်းလေးရတုံးရောင်းပြီး ပြောင်းဦးမှဆိုတဲ့သူတွေကတော့ ဈေးလေးတခေါ်ခေါ်နဲ့ဗျ..။
လျှပ်စစ်ကား ဆိုပဲ
လျှပ်စစ်ကားထုတ်မလားတဲ့ ဆိုတာကတော့ တကွက်ကာတွန်းလေးဗျ.. ထုံးစံအတိုင်း မြန်မာပြည် လျှပ်စစ်မီး ကတော့ ဘာရေးရေး ငြိနေတော့တာဘဲ လေ..။ ခုလဲကြည့်..
ဆောင်း ကုန်ပါပြီ
ရန်ကုန်ဆောင်းကို ပြောထားတဲ့ ဦးစိန်ဝင်း ကတော့ တကယ့်ကို အစုံမြင် အကုန် ရေုးနိုင်တဲ့ ပုဂ္ဂိုလ်ထူးပါခင်ဗျာ..။ ရေးလိုက်ရင်လဲ ဖတ်သချင့်ဘွယ် ရှိလှတယ်..။ ခုလဲ ဖတ်ကြည့်ပါဦး.. သူ့ဆောင်းပါးထဲမှာ.. ဧရာဝတီမြစ် သေဆုံးခြင်းတဲ့..။ စိနတိုင်းသားတို့ မဟားဒယား တည်ဆောက်နေကြတဲ့ ဆည်တွေဟာ နယ်စပ်မှာ များမှများ။
သက်မွန်မြင့်
သက်မွန်မြင့် ဆိုတဲ့ ရုပ်ရှင်မင်းသမီး ချောချောလေးတယောက် ခုတလော တရားစကားခဏခဏပြောသံ ကြားနေရပါတယ်..။ ခုလဲ တရားစခန်း ဖွင့်ချင်နေပါသတဲ့..။
ဟိုဂျာနယ် .. ဒီဂျာနယ်.. စသည်ဖြင့် တစောင် နှစ်စောင်မျှမကအောင် တွေ့နေရတာကြောင့် တမျိုး ထူးခြားနေလို့ ထည့်ပေးတာပါ..။
မောင်သာနိုး ပြောတဲ့ ဗုဒ္ဓဘာသာ
ဆရာမောင်သာနိုးကို မြန်မာနိုင်ငံ စာတတ်ပေတတ်လောက မှာတော့ မသိသူ မရှိကြပါဘူး..။ အင်္ဂလိပ်စာကို ထောင်ထဲမှာ အသေအချာလေ့လာခဲ့တဲ့ တကယ့်လူပါဘဲ..။ သူဘာသာပြန်ပြတဲ့ ကဗျာတပုဒ်ကို နားနဲ့ဆတ်ဆတ်ကြားဘူးတဲ့ ကိုယ့်အတွက်တော့ သူ့မှာရှိတဲ့ စာပေ၀မ်းစာကို အထင် မသေးဝံ့ကြောင်းပါ။
ဝေဖန်ရေးများ ရေးလိုက်ရင်လဲ.. တပုဒ်ဆို..ဆိုသလောက် ပွဲဆူစေတဲ့ ဆရာတဦးပါ ခင်ဗျ..။ တခြား တော်တာတွေလဲများတယ်.. မုန်းတဲ့သူလဲ များတယ်..။
သူ့အယူကိုယ့်အယူ မတူသူတွေထဲ.. သူကတော့ ခပ်တည်တည်ဘဲ..။ အခု စောင့်ကြည့်ထဲမှာ ရေးပြန်ပြီ.. ဗုဒ္ဓဘာသာ အကောင်းဆုံး တဲ့..။ ဆုံးအောင် ဖတ်ကြည့်စေချင်ပါတယ်..။ အရေးအသား ကောင်းတာကိုတော့ အာမခံ နိုင်ပါရဲ့..။
ကျန်တာတော့ ငြင်းချင်လဲငြင်းကြပေါ့..။ လွတ်လပ်စွာ ကွဲပြားနိုင်ကြတာဘဲမို့လား..။
 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihrJeMun_HAtdHHhwXiSuuhO_uox3OaCopS1fPzrACQGp2sVHwTqWAeN3uFjzsG80Pt-lrS7zI6RUqyNVkv5iTRpZ1TAd3Gs_YNZjgRZkRO5Ja6g6_3L0KWuoESeK41gr_lzutMmKn3W0/s1600/SN_2054.jpg
ကာတွန်း စောငို ...  ခွေးကတက် က ခစားလိုကြသူများ  ...  ဒီဇင်ဘာ ၂၈၊ ၂၀၁၀

ကွန်ဒုံး ဆောင်လျှင် ဖမ်းသဖြင့် ပြည့်တန်ဆာ တချို့ ဒုက္ခရောက်နေ
ခင်နှင်းလွင်၊ ရန်ကုန်
ဒီဇင်ဘာ ၂၇၊ ၂၀၁၀
ပြည့်တန်ဆာမှုတွင် ကွန်ဒုံးကို သက်သေခံပစ္စည်းအဖြစ် သတ်မှတ်ခြင်း မပြုရန် လွန်ခဲ့သည့် ၁၀ နှစ် ကတည်းက ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း  ရဲတပ်ဖွဲ့ဝင် အများအပြားက လိုက်နာခြင်း မရှိဟု သိရသည်။
“ခုခံအားကျဆင်းရေး ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေး ဗဟိုအဖွဲ့မှာ ကွန်ဒုံးကို ပြည့်တန်ဆာများ ဖမ်းရာတွင် အသုံးမပြုရ ဆိုပြီး  အဲတုန်းက ရဲမှုးချူပ်ဇော်ဝင်း (ယခု အကျဉ်းဦးစီး ညွန်ချုပ်)က စာအမှတ် ၁၀၄၆ ၊ ၁/၂၀၀၀ အရ လက်မှတ်ရေးထိုး ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ စာကို အများသိအောင် ကြေညာဖို့ ဆိုတာကို ပြည်ထဲရေးက လုပ်ပေမဲ့ ကျန်းမာရေးဌာနက သဘော မတူတော့ အများပြည်သူ သိအောင် မလုပ်နိုင်ပဲ ရဲစခန်းအဆင့်ဆင့်ကိုပဲ ညွှန်ကြားချက် ထုတ်ခဲ့ရတယ်။ ထုတ်ထားလျက်နဲ့ ထပ်ဖမ်းတဲ့ ရဲအရာရှိ သုံးယောက်ကို နယ်ပြောင်း ပြစ်ဒဏ်ပေးတယ်။ နောက် ၂၀၀၁မှာ တစ်ကြိမ်၊ ၂၀၀၃ မှာ တကြိမ် စာ ထပ်ထုတ် ပေမဲ့ အခုထိ ရဲက ပြည့်တန်ဆာတွေ့ရင် ကွန်ဒုံးကြောင့် ဖမ်းပါတယ် ပြောတယ်။ ရုံးတင်တော့ ရုံးစာမှာ ကွန်ဒုံးတွေ့ရှိတာ မပါဘူး။ ဒါနဲ့ပဲ ပြည့်တန်ဆာ မိန်းကလေးတွေ ကွန်ဒုံး မဆောင်ရဲကြတော့ဘူး”  ဟု ကျန်းမာရေးဌာနမှ ဆရာဝန် တစ်ဦးက ပြောပြခဲ့သည်။
          ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေကို ၁၉၄၈ လွတ်လပ်ရေး ရအပြီးတွင် ထုတ်ပြန်ခဲ့သည်။ ကွန်ဒုံး အသုံးပြုပါက ဖမ်းဆီးနိုင်ကြောင်း မည်သည့်ဥပဒေ တွင်မှ ညွှန်ကြား မထားပေ။
          `ကျမကို ရဲက ကွန်ဒုံးတွေ့လို့ ဖမ်းတယ်ဆိုရင် အဲဒီဖမ်းတဲ့ သက်သေခံမှာ ကွန်ဒုံးကို တင်ပါလို့ ကျမက ပြောတယ်။ အဲဒီလို သိနေတဲ့ လူမျိုးကျတော့ သူတို့တွေ ဖြုံတယ်လေ။ ကျမ ရောဂါပြနေကြ ဆရာတစ်ယောက်က ဆိုရင် ဒီလို ကွန်ဒုံးနဲ့ အကြောင်းပြပြီး ရဲက ဖမ်းရင် သူ လိုက်ရှင်းပေးမယ် ဆိုတဲ့အကြောင်း ဒီအလုပ် လုပ်စားတဲ့ ကလေးမတွေကို ကျမ ပြောပြတယ်´ ဟု ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်ခဲ့သူ တစ်ဦးက ဆိုသည်။
          ကွန်ဒုံးကို အသုံးပြု မဖမ်းဆီးရန် ထုတ်ပြန်ထားသော စာကို အများ ပြည်သူ သိရန် ကြော်ငြာရန် လိုအပ်ကြောင်း၊ ပြည်တန်ဆာများ ကွန်ဒုံး ကျယ်ကျယ်ပြန့်ပြန့် သုံးလာခြင်းကြောင့် ခုခံကျ ရောဂါ ကူးစက်နှုန်းကို တားဆီးပေးနိုင်ကြောင်း အဆိုပါရောဂါကို လေ့လာသည့် ဆရာဝန်တစ်ဦးက ပြောသည်။
          `ဒီလို ပြည့်တန်ဆာ အလုပ်တွေ ဆိုတာက ပျောက်သွားအောင် တားဆီးလို့ရတာ မဟုတ်ဘူးလေ။ လူတွေရှိသရွေ့ သွေးသားခန္ဒာကိုယ် ရှိသရွေ့ ဒီလုပ်ငန်းတွေ ရှိနေမှာပဲ။ ဒါကို တိုင်းပြည် အတွက် အရှက် ရစေတယ် ၊ နစ်နာစေတယ် ဆိုပြီး ဆေးမြီးတိုနဲ့ ကြိတ်ကုနေလို့ကတော့ ဒီ ရောဂါမျိုးက အမြဲ ခေါင်းထောင်နေမှာပဲ” ဟု  အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး အန်ဂျီအိုတစ်ခုမှ လုပ်သက်ရင့် ၀န်ထမ်းတစ်ဦးက ပြောသည်။

၂၀၀၆ခုနှစ် နိုဝင်ဘာလ ၁၀ရက်နေ့ အမျိုးသားညီလာခံက သတင်းပါ..။ သတင်းပုံကတော့ Google Search ကရတာပါ....
၂၀၀၆တုန်းက ပြောတဲ့ပုံအရဆို အပေါ်ကအလံပေါ့...။ တဖြည်းဖြည်းနဲ့ ကြယ်ဖြူက ရသမျှ စားရင်း စားရင်း Evolution Teoryဆင့်ကဲ ဖြစ်စဉ်အရ ကြီးကြီးလာပြီး အလယ်ကို ရွှေ့လျှားလာပါတယ်... အစိမ်းက အလယ်ရောက် အဝါက အပေါ်ရောက်နဲ့
အစိမ်းရောင်တွင် လက်ဝဲဘက်၌ ကြယ်ဖြူကြီးကို အထက်သို့ မတ်မတ်ညွှန်လျှက် တည်စေရမည်တဲ့...။  ကြယ်ဖြူကြီးဆိုတာ တပ်ချုပ်ကြီးကို ပြောတာလားတော့မသိပါဘူး.. ။ ခုမှ တရေးနိုးလို့ ထရေးတာတော့ မဟုတ်ပါဘူး.. သတင်းပုံလေးတွေ့လို့ မျက်စိများမှားလားလို့ပါ...။ ၂၀၀၆ခုနှစ်က အပြောနဲ့ ၂၀၁၀ ခုနှစ် ထွက်လာတဲ့ အလံရဲ့ ကြယ်ဖြူက ဗိုက်ပူနံကား စားတာ များတဲ့ နအဖ စစ်ခေါင်းဆောင်တွေကိုများ ကိုယ်စားပြုလားလို့ပါ..။ သြော်နအဖ လက်ထက် အလံက အစ အဓိပ္ပါယ်တွေ ...ခုတစ်မျိုး တော်ကြာတစ်မျိုး ကဘောက်တိ ကဘောက်ချာတွေနဲ့ပါလား။

အဓိကအားဖြင့် မြန်မာစာပေလောကမှာ ကြုံနေရတဲ့ ပြဿနာတွေဟာ စာပေစိစစ်ရေးကြောင့် ဖြစ်ပါတယ်။ ကျွန်တော်ဟာ မြန်မာစာပေလောကသား တစ်ယောက်ပါ။ ဒါကြောင့် မြန်မာစာပေနယ်မှာ စာပေစိစစ်ရေးဟာ ဘယ်လောက်ဆိုးရွား ဒုက္ခပေးလှတယ်ဆိုတာကို အချက်အလက်တွေ ရှာဖွေပေးပို့လိုက်ပါတယ်။ ဖြစ်နိုင်ရင် BBC အနေနဲ့ တစ်ပြည်လုံးသိအောင် ဖြန့်ချိပေးပါခင်ဗျား....     http://www.demowaiyan.co.cc/

No comments:

Post a Comment