Thursday, December 30, 2010

ထားဝယ်ဆိပ်ကမ်းကြောင့် ဒေသခံလူထုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဖွယ်ရှိ & “မိုးညအိပ်မက်မြူ” အကယ်ဒမီ ရနိုင်ဟု ခန့်မှန်းနေ & ဝ' အဖွဲ့က ဒုတိယပင်လုံကို စောင့်ကြည့်မည

ထားဝယ်ဆိပ်ကမ်းကြောင့် ဒေသခံလူထုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဖွယ်ရှိ

ဘသန့် Thursday, 30 December 2010 17:25
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် တနင်္သာရီဒေသ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ရဖွယ်ရှိကြောင်း သိရသည်။
htar-wel-port-01
ထားဝယ်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း စတင်ရန် ပြင်ဆင်နေသည့် မြင်ကွင်:ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာအတွင်း ကျရောက်လျက်ရှိသော တနင်္သာရီတိုင်း ရေဖြူနှင့် လောင်းလုံမြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာမှ လူပေါင်း ၃ သောင်းကျော် ရွှေ့ပြောင်းပေးရဖွယ် ရှိနေသော်လည်း အာဏာပိုင် များက မည်ကဲ့သို့ တာဝန်ယူဖြေရှင်းပေးမည်ကို ယခုအချိန်အထိ အကြောင်းမကြားသေးပေ။

စီမံကိန်း ဆောက်လုပ်ခွင့်ရ Italian-Thai Development Public Company ကုမ္ပဏီ၏ စာရင်းဇယားများအရ အဆိုပါ စီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းမည်ဟု သိရသည်။အရှေ့တောင်အာရှတွင် အကြီးဆုံး အထူး စီးပွားရေးဇုန်ဖြစ်လာမည်ဟု ဆိုသော ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်း စတင်ရန် အစိတ်အပိုင်း အများအပြားတွင် ပြင်ဆင်ပြီးပြီ ဖြစ်သော်လည်း ထိုဧရိယာအတွင်း ကျရောက်နေသော ကျေးရွာများကို မည်သည့်နေရာသို့ ရွှေ့ပြောင်းမည်၊ သိမ်းယူမည့် ဥယျာဉ်ခြံမြေများကို လျော်ကြေးငွေ မည်မျှပေးမည် စသည့် အကြောင်းအရာ များနှင့် ပတ်သက်၍မူ မည်သို့သော တရားဝင် သတင်းစကားမျှ ကြားရခြင်းမရှိသေးကြောင်း ဒေသခံများက ပြောကြသည်။တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မောင်းမကန် မြောက်ဘက်တွင် တည်ဆောက်မည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထိုင်းနိုင်ငံ အခြေစိုက် Italian-Thai Development ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း
၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ သံမဏိစက်ရုံများ၊ ရေနံသန့်စင်ချက်လုပ်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ်ကြောင်းနှင့် ခန့်မှန်းကုန်ကျငွေ စုစုပေါင်း ဒေါ်လာ ၁၀၀ ဘီလီယံအထိ ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို လာမည့် ဇန်န၀ါရီတွင် စတင်မည်ဟု မြန်မာဆိပ်ကမ်းအာဏာပိုင်များက ပြောဆိုသော်လည်း ဒီဇင်ဘာလကုန်သည်အထိ စီမံကိန်း ဧရိယာအတွင်း ကျရောက်နေသော ထားဝယ် ဒေသခံများကို စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းစွာ အသိပေးခြင်း မရှိသေးကြောင်း ကြားသိရသည်။ သို့သော် Italian-Thai ကုမ္ပဏီမှ တာဝန်ရှိသူ Mr. Anan ကမူ “ကျနော်တို့ ဒေသခံ ရွာသားတွေနဲ့ ညှိနှိုင်းနေပါတယ်” ဟု The International Herald Tribune သတင်းစာကို ပြီးခဲ့သော နိုဝင်ဘာလက ပြောဆိုခဲ့သည်။ဒေသခံအများစုမှာ ပြောင်းရွှေ့ရမည်ကို သိထားကြကြောင်း၊ မြေနေရာ ပြန်ပေးမည်ဟု အားလုံးက မျှော်လင့်နေကြကြောင်း၊ စီမံကိန်းအစပြုခါစ ပရောဂျက်များအရ ဒေသခံများမှာ လတ်တလော ပြောင်းရွှေ့ရန် မလိုအပ်သေးကြောင်း ဆိပ်ကမ်း အာဏာပိုင် အရာရှိ တဦးက ပြောသည်။ “ဒေသခံတွေကတော့ မိရိုးဖလာ လုပ်ငန်းတွေ ပုံမှန်ပဲ ဆက်လုပ်နေတယ်။ နှစ်တို သီးနှံတွေ စိုက်တာပေါ့။ ရော်ဘာ တို့လို နှစ်ရှည်ပင်တွေကိုတော့ တော်တော်များများက ပစ်ထားလိုက်ပြီ” ဟု ၎င်းကဆိုသည်။

ဥယျာဉ်ခြံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်၍ အဓိက အသက်မွေးဝမ်းကြောင်းပြုရာ နဘုလယ်အမည်ရှိ ထားဝယ် ဆိပ်ကမ်း ဆောက်လုပ်မည့် ဒေသတွင် ယခုအခါ ယခင်ကာလများက ကဲ့သို့ တိတ်ဆိတ် မနေတော့ဘဲ စီးပွားရေးသမားများ၊ စီမံကိန်း တည်ဆောက်မည့် Italian-Thai ကုမ္ပဏီမှ ထိုင်းနိုင်ငံသားများဖြင့် စည်ကားနေသည်ဟု သိရသည်။“ရွာထဲမှာ အရင်ကလိုမဟုတ်တော့ဘူး။ အသွားအလာ အရမ်းများလာပြီ။ အိမ်လိုက်ဝယ်တဲ့ သူတွေ၊ သူဌေးတွေနဲ့ ရှုပ်နေတာပဲ” ဟု ထားဝယ်မြို့နယ် မောင်းမကန် ဒေသခံ တဦးက ပြောသည်။ အဆိုပါ ဒေသခံ၏ ကျေးရွာမှာ စီမံကိန်းဧရိယာအတွင်း ကျရောက်ခြင်းမရှိသဖြင့် ခြံကွက်များ၊ မြေကွက်များ ၀ယ်ယူရန် လာရောက် စုံစမ်းခြင်းဖြစ်ပြီး စီမံကိန်း ဧရိယာအတွင်း ကျရောက်လျက်ရှိသော ကျေးရွာများတွင်မူ အရောင်းအ၀ယ် မရှိကြောင်း သိရသည်။

ထားဝယ် အိမ်ခြံမြေဈေးများသည် အဆများစွာ မြင့်တက်သွားခဲ့ပြီး အများစုမှာ ဘဏ်များ၊ ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်ရန် ဖြစ်ကြောင်း စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်များ အများဆုံး လာရောက် စုံစမ်းကြောင်း ထားဝယ်ဒေသခံ လုပ်ငန်းရှင် တဦးက ဆိုသည်။ ထားဝယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် အဓိက နေရာဖြစ်သော နဘုလယ်-ထားဝယ်လမ်းသည်လည်း ယခင်ကဲ့သို့ ကျောက်ကြမ်းလမ်း မဟုတ်တော့ဘဲ ၂၀၁၀ နိုဝင်ဘာလမှ စတင်၍ မြေနီလမ်းချော အဖြစ် ပြုပြင်ပြီး ဖြစ်သည်။ထားဝယ်မြို့ပေါ်ရှိ အချက်အချာကျ လမ်းမကြီးများတွင် မျက်နှာဖွင့် တပေလျှင် ကျပ် သိန်း ၁၅၀ မှ ၂၀၀ အကြား ခေါ်ဈေး ရှိနေပြီး ထားဝယ်မြို့ပေါ်ရှိ ဟိုတယ် ဆောက်လုပ်ရန် ကောင်းမွန်သော ၁ ဧက ကျော် ကျယ်ဝန်းသည့် ခြံမြေမှာ ကျပ် သိန်း ၁ သောင်းခွဲအထိခေါ်ဈေးရှိကြောင်း သိရသည်။
htar-wel-port-02 ထားဝယ်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို အပေါ်စီးမှ ဤအနေအထားအတိုင်း မြင်တွေ့ရမည်ဖြစ်သည် အဆိုပါ ဈေးနှုန်းမှာ ယခင်က တခါမှ မကြားဘူးသော ဈေးဖြစ်ကြောင်း၊ ထားဝယ်ဒေသတွင် ယခင်က ဈေးနှုန်းထက် ၃ ဆခန့်မြင့်တက်သွားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
“ကုမ္ပဏီတွေကတော့ မျက်နှာဖွင့်ကျယ်တာကို ပိုလိုချင်ကြတယ်။ ဒါကြောင့် ထားဝယ်ကနေ အဲဒီဒေသကို သွားတဲ့ လမ်းတလျှောက် ခြံတွေကို လိုက်မေးနေကြတယ်။ စီမံကိန်း ဧရိယာထဲပါတဲ့ ခြံတွေကတော့ တဧကကို သိန်း ၁၀၀ ကျော်လောက်ပဲ ခေါ်ဈေးရှိတယ်” ဟု ၎င်းကဆိုသည်။၁၀ နှစ်စီမံကိန်းချကာ ဆောင်ရွက်မည့် ထားဝယ် ရေနက်ဆိပ်ကမ်းတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ သံမဏိ စက်ရုံ၊ ဓာတ်မြေသြဇာ စက်ရုံ၊ သင်္ဘောကျင်း၊ ရေနက်ဆိပ်ကမ်း စသည်တို့ ပါဝင်သော အကြီးစား စက်မှုဇုန် (A)၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံဓာတု စက်ရုံများ ပါဝင်သော အကြီးစားစက်မှုဇုန် (B)၊ အလတ်စားစက်မှုဇုန် (C) နှင့် (D)၊ အပေါ့စား စက်မှုလုပ်ငန်းများအတွက် ဇုန် (E) နှင့် မြို့ပြအတွက် ဇုန် (F)တို့ ပါဝင်မည်ဖြစ်သည်။၎င်းအပြင် ထိုင်းနိုင်ငံ ကန်ချနဘူရီ - ထားဝယ် အဝေးပြေးလမ်း၊ မီးရထားလမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ Transmission Line များပါဝင်မည်ဖြစ်သည်။ ထိုအထူးစီးပွားရေးဇုန်တည်ဆောက်ရန် အတွက် သဘောတူညီချက်ကို ရွေးကောက်ပွဲကျင်းပ ရန် ၅ ရက် အလို နိုဝင်ဘာ ၂ ရက်နေ့က ထိုင်းနှင့်မြန်မာ အစိုးရတို့ လက်မှတ် ရေးထိုးခဲ့ကြသည်။

ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူထက်သာမည်ဟု ဆိုထားသော ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အရေးပါပုံ၊ အဆိုပါစီမံကိန်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်လာနိုင်ပုံတို့ကို မီဒီယာအများစုက မီးမောင်းထိုး ရေးသားကြသော်လည်း ဒေသခံများ၏ နစ်နာမှုအတွက် မည်သို့ ဆောင်ရွက် ပေးသင့်သည်ကိုမူ ရေးသားဖော်ပြခြင်းများ မတွေ့ရပေ။“ရွေးကောက်ပွဲ မတိုင်ခင် ကြံ့ဖွံ့ပါတီ မဲဆွယ်တုန်းက ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသဘယ်လို အကျိုးဖြစ်ထွန်း လာမယ် ဆိုပြီးတော့ပဲ ပြောတယ်။ ဒီလို ဆုံးရှုံးမှုတွေ ဖြစ်လာရင် ဘယ်လို လုပ်ပေးမလဲဆိုတာတော့ မပြောဘူး” ဟု ထားဝယ်မြို့နယ် သစ်တိုထောက်ကျေးရွာမှ ဒေသခံတဦးက ဆိုသည်။ ထိုင်းနိုင်ငံ အပါအ၀င် လူ့အခွင့်အရေးကို လေးစားသော တခြားနိုင်ငံများတွင် ထိုကဲ့သို့ အကြီးစားစီမံကိန်းများ ချမှတ် ဆောင်ရွက်မည်ဆိုပါက ဒေသခံများကိုရှင်းပြ ညှိနှိုင်းကာ ရွှေ့ပြောင်းပေးရမည့် သူများကို ထိုက်တန်သော လျော်ကြေးများ ပေးခြင်း၊ နေရာချထားပေးခြင်းတို့အား အလေးထား ပြုလုပ်ကြသော်လည်း ယခုအနေအထားတွင် ထိုကဲ့သို့သော အနေအထားမတွေ့ရ ကြောင်း ဒေသခံများ၊ ထားဝယ်မြို့ခံ ရပ်ရွာအဖွဲ့အစည်း ခေါင်းဆောင်များက ပြောကြားကြသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသခံများ ဆုံးရှုံးနစ်နာမှုများ ရှိလာမည် ဖြစ်သကဲ့သို့ မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်း တလျှောက်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု များစွာ ကြုံတွေ့ရမည်ဖြစ်ကြောင်း ပညာရှင်များက ပြောသည်။“ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန် စီမံကိန်းကြီးကြောင့် မြိတ်ကျွန်းစုနဲ့ တနင်္သာရီကမ်းရိုးတန်း တလျှောက် ပင်လယ်ပြင်မှာ သဘာဝ ပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ပျက်စီးဖို့ရှိတယ်။ ပင်လယ်ရေနေ သတ္တ၀ါတွေ မျိုးသုဉ်းပျက်စီးတဲ့အထိ မဖြစ်မနေကြုံရမယ်” ဟု တနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။အဆိုပါ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်း၏အဆိုအရ စစ်အစိုးရသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက် ရေးစီမံကိန်း အကောင်အထည်ဖော်ရန် ထိုင်းကုမ္ပဏီနှင့် လက်မှတ်ရေးထိုးပြီးသည်အထိ စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေး စီမံချက်များ ထည့်သွင်းထားခြင်း မရှိကြောင်း သိရသည်။

ကီလိုမီတာ ၃၀၀၀ ရှည်သော မြန်မာ့ပင်လယ် ကမ်းရိုးတန်းတွင် တနင်္သာရီတိုင်း ပင်လယ်ကမ်းရိုးတန်းသည် ကီလိုမီတာ ၁၂၀၀ ရှည်လျားကြောင်း၊ ယင်းကမ်းရိုးတန်း တလျှောက်တွင် ကြည်လင်သန့်ရှင်းသော ရေနှင့် ရေနေသတ္တ၀ါ မျိုးကွဲပေါင်း များစွာဖြင့် မပျက်စီးသေးသော သဘာဝပတ်ဝန်းကျင် ရှိသည့်အတွက် နိုင်ငံတကာ အဏ္ဏ၀ါသိပ္ပံ အဖွဲ့အစည်းများကြားတွင် ထင်ရှားသော ကမ်းရိုးတန်းတခုဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင်များက ဆိုသည်။တနင်္သာရီ ပင်လယ်ကမ်းရိုးတန်းတွင် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ အကြီးအကျယ် ပျက်စီးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဏ္ဏ၀ါသိပ္ပံအသင်းမှ ပညာရှင်တဦးက သုံးသပ်သည်။အငြိမ်းစား အဏ္ဏ၀ါသိပ္ပံ ပါမောက္ခတဦးကလည်း “ဒီရေတောနဲ့ သန္တာကျောက်တန်းက ရေနေသတ္တ၀ါ မျိုးစိတ်ပေါင်း မြောက်မြားစွာအတွက် အင်မတန်မှ အရေးကြီးတဲ့ နေရာတွေပဲ။ ဒီရေတောနဲ့ သန္တာကျောက်တန်းဆိုတာ ရေသတ္တ၀ါ တွေအတွက် မွေးဖို့၊ စားဖို့၊ ရှင်သန်နေထိုင်ဖို့၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းဖို့ အင်မတန်မှ မရှိမဖြစ် လိုအပ်တဲ့ ပတ်ဝန်းကျင်ပဲ။ ဒါတွေပျောက်ကွယ်သွားရင် ရေနေသတ္တ၀ါတွေလည်း ရှင်သန်ရပ်တည်မှု မဖြစ်နိုင်ဘူး။ ဂေဟစနစ်ပျက်ယွင်းသွားမယ်” ဟု ပြောသည်။

တနင်္သာရီ ကမ်းရိုးတန်းရှိ ကျွန်းပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော မြိတ်ကျွန်းစုတွင် သန္တာကျောက်တန်းပေါင်း ၆၀၁ ခု တွေ့ရှိထားပြီး သုတေသန မလုပ်ရသေးသော သဘာဝပတ်ဝန်းကျင် များစွာကျန်ရှိနေသေးရာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် သန္တာကျောက်တန်း မျိုးစိတ်ပေါင်းများစွာ ပျက်သုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် တောင်ပိုင်းဆိပ်ကမ်းနှင့် မြောက်ပိုင်းဆိပ်ကမ်းဟူ၍ ဆိပ်ကမ်းနှစ်ခု ပါဝင်မည်ဖြစ်ပြီး
တန်ချိန် ၂၀၀၀၀ မှ ၅၀၀၀၀ အထိ ကုန်တင် သင်္ဘောကြီး ၂၅ စင်း တပြိုင်တည်း ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုဆိပ်ကမ်းနှစ်ခုမှ တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ်တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချပြုလုပ်နိုင်မည်ဟု စစ်အစိုးရပိုင် သတင်းစာများက ရေးသားသည်။“သင်္ဘောတွေက စွန့်ပစ်မယ့် စက်သုံးဆီ အညစ်အကြေးကလည်း သဘာဝပတ်ဝန်းကျင်အတွက် အတော်ကို ဖြေရှင်းရခက်မယ့် ပြသနာတရပ်ဖြစ်လာမယ်” ဟု သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း (FREDA) မှ ၀န်ထမ်းတဦးက ပြောသည်။

ရေနက်ဆိပ်ကမ်းအပြင် စတုရန်းကီလိုမီတာ ၂၅၀ ကျယ်ဝန်းသော စက်မှုဇုန်နယ်မြေများ ပါဝင်ပြီး မြေဧရိယာ ၂၀.၉ စတုရန်းကီလိုမီတာရှိ အကြီးစားစက်မှုဇုန်နှစ်ခု၊ မြေဧရိယာ ၆၅.၁ စတုရန်းကီလိုမီတာရှိ အလယ်အလတ် အကြီးစား စက်မှုဇုန်တခု ပါဝင်နေသည်။စီမံကိန်းတွင် မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်သော လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်ဖြစ်ပြီး ရေထုထည်ပမာဏ ကုဗမီတာ ၂၁၉ သန်း သိုလှောင်နိုင်သည့် ရေလှောင်တမံ တည်ဆောက်ကာ တရက်လျှင် ရေကုဗမီတာ ၉၇၅၀၀၀ ထုတ်လုပ် နိုင်သော ရေသန့်စက်ရုံ တည်ဆောက်ဖြန့်ဖြူးမည့် အစီအစဉ်များလည်း ပါရှိသည်ဟု စစ်အစိုးရက သတင်းထုတ်ပြန်ထားသည်။
“သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ လျှပ်စစ်ဓာတ်အားစက်ရုံ၊ ရေပေးဝေတဲ့ စက်ရုံတွေနဲ့ စက်မှုကုန်ထုတ်စက်ရုံတွေ တော်တော်များများ ပါမယ့်အခြေအနေရှိတော့ ထွက်လာမယ့် စွန့်ပစ်ပစ္စည်းတွေကြောင့် ပျက်စီးမယ့် သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လိုကိုင်တွယ် ထိန်းသိမ်းမလဲဆိုတဲ့ နည်းလမ်းတွေ အခုကတည်းက စဉ်းစားထားသင့်ပြီ” ဟု FREDA ၀န်ထမ်းက ဆက်ပြောသည်။သဘာဝ ပတ်ဝန်းကျင် ထိခိုက်သည်နှင့်အမျှ တဆက်တည်း ရေရှည်တွင် ဒေသခံများ၏ ကျန်းမာရေး ပြဿနာများ ကြုံတွေ့လာမည်ကို စိုးရိမ်ရကြောင်းလည်း ပညာရှင်များက ပြောကြသည်။
htar-wel-port-03
ထားဝယ်ဆိပ်ကမ်း ပြီးသွားပါက ဥရောပနှင့် အင်ဒိုချိုင်းနားကို ရေးလမ်းမှ ဖြတ်လမ်းအတိုင်း ဆက်သွယ်နိုင်မည်ကို ပြသည့် မြေပုံ
ထိုင်းကုမ္ပဏီနှင့် အစိုးရအာဏာပိုင်များအနေဖြင့် အထက်ပါကဲ့သို့သော ကိစ္စရပ်များအတွက် ဒေသခံများနှင့် ဆွေးနွေးသင့် သည်ဟု ၎င်းတို့က ဆိုသည်။
ထိုင်းနိုင်ငံရှိ Map Ta Phut ကဲ့သို့သော စက်မှုဇုန်များတွင် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့လာရခြင်းကြောင့် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ရေးရာ စည်းမျဉ်း စည်းကမ်းများ တင်းကျပ်ခြင်း မရှိသော မြန်မာနိုင်ငံကို ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေးဇုန် ဆောက်လုပ်ရန် ထိုင်းနိုင်ငံက ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ရေးသားဖော်ပြကြသည်။ရေတိုတွင် ကြုံတွေ့ရမည့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများအပြင် ရေရှည်ပြဿနာများဖြစ်သော ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စများ၊ ဖြစ်ပေါ်လာနိုင်သော လူမှုရေး၊ စီးပွားရေး အကျိုးဆက်များနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းကမျှ လာရောက်ရှင်းပြခြင်း၊ ပညာပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ထိုင်းမှာတော့ ဒီလိုစက်မှုဇုန်တွေရှိလို့ ရောဂါ အရမ်းထူတယ်လို့တော့ ပြောသံကြားတယ်။ တခြား ဘာမှတော့မသိဘူး” ဟု နဘုလယ် ဒေသခံ တဦးကပြောသည်။
ပြည်တွင်း စီးပွားရေးပညာရှင်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် တချို့ကလည်း ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင် မြန်မာနိုင်ငံသည် စီးပွားရေး တိုးတက်မှု မဖြစ်မနေလိုအပ်သည်မှာ မှန်ကန်သော်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်၍ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောဆိုကြသည်။“ဒီလိုစက်မှုဇုန်တွေ လာဆောက်ရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်ကို တွက်ချက်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ တိတိကျကျ ချမှတ်ဆောင်ရွက်ဖို့ လိုကိုလိုပါတယ်။ ဒီလိုမှ မလုပ်ဘူးဆိုရင် အခုပြောနေကြသလို မြန်မာနိုင်ငံမှာ လုပ်ချင်တိုင်း လာလုပ်လို့ ရတယ်ဆိုတာ ဖြစ်သွားလိမ့်မယ်” ဟု ပြည်တွင်းစီးပွားရေးပညာရှင်တဦးက သုံးသပ်သည်။

အထူးစီးပွားရေး စက်မှုဇုန်တွင် ပါဝင်မည့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် မြန်မာကုမ္ပဏီများက ၆၀ ရာခိုင်နှုန်း ကန်ထရိုက်ရရှိထားပြီး စစ်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သော ဦးဇော်ဇော်ပိုင်ဆိုင်သည့် Max Myanmar နှင့် ဘိန်းဘုရင် လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင်ပိုင်ဆိုင်သော Asia World ကုမ္ပဏီတို့က အဓိက လုပ်ပိုင်ခွင့် ရရှိထားကြောင်း ရန်ကုန် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀န်းမှ သိရသည်။   ဧရာဝတီ သတင်းထောက် အောင်သက်ဝိုင်း ပါဝင်ရေးသားသည်။

ကြံ့ဖွံ့ ထိပ်တန်းအစည်းအဝေး ကျင်းပမည်

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 29 ရက် 2010 ခုနှစ် ကျော်ခ သတင်း - မဇ္ဈိမသတင်းဌာန
ချင်းမိုင် (မဇ္ဈိမ) ။     ။ ပထမဆုံး လွှတ်တော်အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ထိပ်ပိုင်း ခေါင်းဆောင်းများ သီးသန့်ပါဝင်သော အစည်းအဝေးတရပ်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လာမည့် သီတင်းပတ်အတွင်း ပြုလုပ်မည်ဟု ပါတီတွင်း သတင်းရင်းမြစ်များက ပြောသည်။ကြံ့ဖွံ့ဗဟိုအလုပ်မှုဆောင်နှင့် ဗဟိုဦးစီးအဖွဲ့တို့ချည်း ပါဝင်သော အစည်းအဝေးကို ဇန်နဝါရီ ၂ ရက်နေ့မှ နှစ်ရက်ကြာ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်တွင် ကြံ့ဖွံ့က တင်ပြ ဆွေးနွေးမည့် အကြောင်းအရာများ အတွက် ကြိုတင်ပြင်ဆင်မှုဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။အဆိုပါ အစည်းအဝေးမှ အစိုးရသစ်အောက်တွင် ပြည်နယ်နှင့်တိုင်း ဝန်ကြီးအဆင့် ရာထူးရလာမည့်သူများ ရွေးထုတ်လိမ့်မည်ဟု ဆိုသည်။ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပါဝင်သော ပြည်ထောင်စု လွှတ်တော်ကို ဇန်နဝါရီလလယ်တွင် ခေါ်ယူလိမ့်မည်ဟု နေပြည်တော်ရှိ စစ်အစိုးရ သတင်းရပ်ကွက်များက ပြောသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့နှင့် ၂၂ နေ့များကလည်း နိုင်ငံတဝန်းရှိ ကြံ့ဖွံ့၏ အနိုင်ရ ကိုယ်စားလှယ်များကို ပယမဆုံး အကြိမ်အဖြစ် ခေါ်ယူ၍ ပါတီကို ပိုမို ကျစ်လစ်ခိုင်မာရန်နှင့် လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် ရှေ့ဆက် လုပ်ဆောင်သွားကြရမည့် လုပ်ငန်းစဉ်များကို အသင်းဥက္ကဌ ဝန်ကြီးချုပ် ဦးသိန်းစိန် နှင့် အတွင်းရေးမှူး စိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦး တို့က ဆွေးနွေးခဲ့ကြောင်း အစည်းအဝေးကို တက်ရောက်ခဲ့သူတဦး ဖြစ်သော ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ပြောသည်။  ကြံ့ဖွံ့အနေဖြင့် လုပ်ထားလက်စဖြင့် ပစ်ထားသော လမ်းများ ၊ အဆောက်အဦးများ၊ ရေနှင့် လျှပ်စစ်မီးပေးရေး လုပ်ငန်းများ ပါတီနာမည်မပျက်အောင် ဆက်လက် လုပ်ဆောင်သွားဖို့ ဥက္ကဌ မှ ညွန်ကြားခဲ့သည်ဟု သူက ပြောသည်။ရွေးကောက်ပွဲတွင် လွှတ်တော် သုံးရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက်  ကြံ့ဖွံ့က ၈၈၂ နေရာ ၇၆.၅ ရာခိုင်နှုန်းဖြင့် ကြံ့ဖွံ့က အနိုင်ရသွားသည်။ပြိုင်ဘက်ပါတီများနှင့် နိုင်ငံရေး အကဲခတ်များ၊ အတိုက်အခံများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေသော ရွေးကောက်ပွဲတွင်း ကြံ့ဖွံ့၏ မဲမသမာမှုများနှင့် ပတ်သက်၍ မဇ္ဈိမက မေးမြန်းရာ အလေးမထားကြောင်း တိုင်းအဆင့် ပါတီခေါင်းဆောင်တဦးက ပြောသည်။

“ကျနော်တို့ပါတီကို မလိုလားတဲ့လူတွေ မကြိုက်မနှစ်သက်တဲ့ လူတွေကတော့ ပြောမှာပေါ့ဗျာ။ ကျနော်တို့လည်း ကြားနေ၊ ကြုံနေရတာပဲ။ ဒါတွေကို ကျနော်တို့ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ကျနော်တို့ ဒီအစည်းအဝေးတွေကနေ ဆုံးဖြတ်ချက်ကျတဲ့အတိုင်း ဆက်တိုက် လုပ်ဆောင်သွားမှာပါ”ဟု သူက မဇ္ဈိမကို ပြောသည်။ ဇေကမ္ဘာဦးခင်ရွှေကတော့ နောက်တက်လာမည့် အစိုးရသည် ပိုမိုကောင်းမွန် လာလိမ့်မည်ဟု ပြောသည်။“အရင်ကတော့ တပ်မတော် အစိုးရဆိုတော့ တမိန့် တအာဏာနဲ့ သွားကြတာကိုး။ အခုဟာကတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ဖွဲ့စည်းပုံမှာလည်းပါပါတယ်။ အုပ်ချုပ်ရေးအာဏာ၊ စီမံခန့်ခွဲ့ရေး အာဏာ၊ တရားစီရင်ရေး အာဏာ ဒီအာဏာသုံးရပ်နဲ့ အုပ်ချုပ်သွားမှာ” ဟု ဇေကမ္ဘာ ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။  လက်ရှိစစ်အစိုးရက ကျောထောက် နောက်ခံပေးထားသော အရပ်ဝတ်လဲ ဗိုလ်ချုပ်များ ဦးဆောင်သော ကြံ့ဖွံ့အနေဖြင့် ဥပဒေဘောင်ကို ကျော်လွှားနိုင်စွမ်းရှိသည်ဟု ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် - SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

“ကြံ့ဖွံ့ပါတီက လက်ရှိ အာဏာရ အစိုးရရဲ့ ပါတီလည်းဖြစ်သလို လုပ်ပိုင်ခွင့်တွေအရ ဥပဒေပိုင်းနဲ့ ညှိစွန်းတာတွေ မလုပ်သင့်တာတွေကို လုပ်မိသလို၊ လုပ်ခွင့်ရအောင်လည်း ဥပဒေ ဘောင်ကို ကျော်ပြီးတော့လည်း လုပ်သွားနိုင်တာပေါ့ဗျာ” ဟု ဦးစိုင်းလိတ်က ပြောသည်။  ကြံဖွံ့ ပါတီသည် ၁၉၉၃ ခုနှစ်မှ ၁၇ နှစ်ကြာ လူမှုရေးအသင်းအမည်ဖြင့် စစ်အစိုးရက ထူထောင်ခဲ့ပြီး ရွေးကောက်ပွဲ မတိုင်မီတွင် ပါတီအဖြစ်သို့ ပြောင်းလဲခဲ့သည်။၂ဝဝ၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များကို ဒီပဲယင်းအရပ်၌ အသေအပျောက်များသည့် လုပ်ကြံမှုကြီးတွင် အဓိက လက်သည် ဖြစ်ခဲ့သည်။ အတိုက်အခံများ အဆိုအရ စစ်တပ်၏ ကွပ်ကဲမှုဖြင့် စနစ်တကျ စီစဉ် သတ်ဖြတ်မှုကြောင့် လူ ၇၀ အထိ သေဆုံးခဲ့သည်ဟု ဆိုသည်။ စစ်အစိုးရကတော့ နှစ်ဘက်အချင်းများရာက လူ ၄ ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

နှစ်သစ် လက်ဆောင်

ဟန်လေး Wednesday, 29 December 2010 13:42 ကာတွန်း
cartroon0003




စူနာမီ လှိုင်း
Shine........
wave.sunami@gmail.com

ဟန်လေး Saturday, 25 December 2010 12:49 ကာတွန်း
ca-dec-25-10

ဟန်လေး Monday, 20 December 2010 18:08 ကာတွန်း
ca-dec-20-10

“မိုးညအိပ်မက်မြူ” အကယ်ဒမီ ရနိုင်ဟု ခန့်မှန်းနေ

ဟိန်းသူ Thursday, 30 December 2010 17:37
“မိုးညအိပ်မက်မြူ” အကယ်ဒမီ ရနိုင်ဟု ခန့်မှန်းနေမကြာမီ ကျင်းပမည့် ၂၀၀၉ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ အတွက် “မိုးညအိပ်မက်မြူ” ဇာတ်ကားကို အကောင်းဆုံး ဇာတ်ကားဆု ရရှိနိုင်ကြောင်း အနုပညာ အသိုင်းအ၀ိုင်းက ထင်ကြေးပေး

ထားဝယ်ဆိပ်ကမ်းကြောင့် ဒေသခံလူထုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဖွယ်ရှိ

ဘသန့် Thursday, 30 December 2010 17:25
ထားဝယ်ဆိပ်ကမ်းကြောင့် ဒေသခံလူထုနှင့် သဘာဝပတ်ဝန်းကျင် 
ထိခိုက်ဖွယ်ရှိထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် တနင်္သာရီဒေသ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ရဖွယ်ရှိကြောင်း

နှစ်သစ်အစောပိုင်း လများတွင် အအေးလှိုင်း ဖြတ်မည်

ရန်ပိုင် Thursday, 30 December 2010 16:41
လာမည့် နှစ်သစ် ၂၀၁၁ ဇန်န၀ါရီ လဆန်းပိုင်းမှ မတ်လဆန်းအတွင်း မြန်မာနိုင်ငံသို့ အအေးလှိုင်း လေးကြိမ်ခန့် ဖြတ်ဖွယ်ရှိကြောင်း သိရသည်။မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးချုပ်ဟောင်း

လွတ်လပ်ရေးနေ့ အကြို NLD ဈေးရောင်းပွဲ ကျင်းပမည်

ဝင့်နဒီ Thursday, 30 December 2010 16:02
လွတ်လပ်ရေးနေ့ အကြို NLD ဈေးရောင်းပွဲ ကျင်းပမည်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွှေဂုံတိုင် ရုံးချုပ်တွင် နိုင်ငံရေး အကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များအား ထောက်ပံ့နိုင်ရေး အတွက် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ဈေးရောင်းပွဲ

ဦးတေဇ မိတ္ထီလာထောင်ကို ၀ယ်မည်

စည်သူ Thursday, 30 December 2010 15:31
ဦးတေဇ မိတ္ထီလာထောင်ကို ၀ယ်မည်စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက မန္တလေးတိုင်း မိတ္ထီလာမြို့ရှိ မိတ္ထီလာ အကျဉ်းထောင်ကို ကျပ် သိန်းပေါင်း နှစ်သောင်းဖြင့် ၀ယ်ယူ၍ ဈေးဝယ် စင်တာ (Shopping Mall)

စစ်တိုင်းဌာနချုပ် အသစ်တိုးချဲ့

ရန်ပိုင် Wednesday, 29 December 2010 18:57
စစ်တိုင်းဌာနချုပ် အသစ်တိုးချဲ့စစ်အစိုးရက “အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်” ဟု အမည်ပေးထားသည့် တိုင်းစစ်ဌာနချုပ် အသစ်ကို ရှမ်းပြည်တောင်ပိုင်းတွင် ထပ်မံဖွင့်လှစ်လိုက်သည်။

NLD ပြန်ကြားရေး မြန်ဆန်ရန် သတင်းနည်းပညာ သုံးမည်

မင်းနိုင်သူ Wednesday, 29 December 2010 18:53
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြန်ကြားရေး လုပ်ငန်းများ သွက်လက်မြန်ဆန်ရေး ၊ လူထုနှင့် တိုက်ရိုက်ထိတွေ့နိုင်ရေးတို့ အတွက် သတင်းနည်းပညာ အသုံးပြုသွားရန် ပါတီတွင်း ညှိနှိုင်းလျက်

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး အဆိုပြုလွှာ ဦးသိန်းညွန့် တင်သွင်းမည်

ခင်ဦးသာ Wednesday, 29 December 2010 18:19
စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး အဆိုပြုလွှာ ဦးသိန်းညွန့် 
တင်သွင်းမည်အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ အနိုင်ရထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် ကိုယ်စားလှယ် တချို့သည် ပေါ်ပေါက်လာမည့် လွှတ်တော်၌ အမေရိကန်နှင့်

ကျောက်မျက်ပြပွဲအပြီး ဒေါ်လာဈေး ထိုးကျ

ဧရာဝတီ Wednesday, 29 December 2010 17:26
ကျောက်မျက်ပြပွဲအပြီး ဒေါ်လာဈေး ထိုးကျပြည်တွင်း၌ ယခုနှစ်ကုန်ပိုင်းတွင် တန်ဖိုးကျဆင်းနေသော အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ၌ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံကျော်ဖိုး ရောင်းချခဲ့ရပြီးနောက်

ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် UNHCR ပြော

သန်းထိုက်ဦး Wednesday, 29 December 2010 17:03
ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် UNHCR ပြောနယ်စပ် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည် ၁၆၆ ဦးကို ပြန်ပို့လိုက်ခြင်းနှင့် ပတ်သက်၍ အတင်းအကျပ် ပြန်မပို့ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ

ဦးတေဇ မိတ္ထီလာထောင်ကို ၀ယ်မည်

စည်သူ Thursday, 30 December 2010 15:31
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက မန္တလေးတိုင်း မိတ္ထီလာမြို့ရှိ မိတ္ထီလာ အကျဉ်းထောင်ကို ကျပ် သိန်းပေါင်း နှစ်သောင်းဖြင့် ၀ယ်ယူ၍ ဈေးဝယ် စင်တာ (Shopping Mall) ဆောက်မည် ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနနှင့် စီးပွားရေး လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြောသည်။

MYANMAR PRESS AWARD 2010 ဆု ပေးပွဲ စိစစ်ရေး ဖိအားပေး

ရန်ပိုင် Tuesday, 28 December 2010 19:36
MYANMAR PRESS AWARD 2010 ဟု အမည်ပေးထားသော မြန်မာလူငယ် သတင်းသမားများ ဂုဏ်ပြုဆုပေးပွဲကို စာပေစိစစ်ရေး မှ ဖိအားပေးမှုကြောင့် လာမည့် ဇန်န၀ါရီလ အတွင်းသို့

ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ် ၃၀၀ ကျော် တွေ့ဆုံ

ဧရာဝတီ Tuesday, 28 December 2010 18:43
ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ် ၃၀၀ ကျော် တွေ့ဆုံမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်ပယ် အသီးသီးမှ လူငယ် ၃၀၀ ကျော်တို့ ယနေ့ တွေ့ဆုံကြရာ  လူငယ် ၅၂ ဦးက ၎င်းတို့ ကြုံတွေ့နေရသော ပညာရေး၊ စီးပွားရေး၊

“ဝ”ညီလာခံ အစိုးရသစ်နှင့်ဆက်ဆံရေး ဆုံးဖြတ်ချက်များ ချမှတ်

စိုင်းဇွမ်ဆိုင်း Tuesday, 28 December 2010 17:58
“ဝ”ညီလာခံ အစိုးရသစ်နှင့်ဆက်ဆံရေး ဆုံးဖြတ်ချက်များ ချမှတ်“ဝ”ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP)မှ ဦးစီး၍ ၁၀ ရက်ကြာ ကျင်းပနေသည့် ညီလာခံတွင် ဝ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အပါအဝင် လာမည့် အစိုးရသစ်နှင့် ဆက်ဆံရေးကိစ္စများအပေါ်

မယ်လ ဒုက္ခသည် စခန်း၌ အတုဟုယူဆရသော ၅၀၀၀ တန်များ ဖမ်းမိ

ဧရာဝတီ Tuesday, 28 December 2010 17:34
မယ်လ ဒုက္ခသည် စခန်း၌ အတုဟုယူဆရသော ၅၀၀၀ တန်များ ဖမ်းမိထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည် စခန်း၌  မြန်မာနိုင်ငံသား တဦးထံတွင် ကျပ်ငွေ သိန်း ၃၀ ခန့်ရှိ အတုဟု ယူဆ ရသော ၅၀၀၀ တန် ငွေစက္ကူများကို စခန်း အာဏာပိုင်များက ယမန်နေ့က

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း၂၂ နှစ်မြောက် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်း

ရန်ပိုင် Monday, 27 December 2010 19:16
ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း၂၂ နှစ်မြောက် ဘာသာပေါင်းစုံ 
ဝတ်ပြုဆုတောင်းဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ ၀တ်ပြု ဆု တောင်းပွဲ အခမ်းအနားကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင်

Forever Group နှင့် ရွှေသံလွင် စီးပွားရေး ပြိုင်

ဧရာဝတီ Monday, 27 December 2010 17:26
Forever Group နှင့် ရွှေသံလွင် စီးပွားရေး ပြိုင်အခပေး ဖျော်ဖြေရေး ရုပ်သံလိုင်းများ ရောင်းချသော ရွှေသံလွင် ကုမ္ပဏီနှင့် ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းနှင့် နီးစပ်သူများ ထူထောင်ထားသော Forever Group ကုမ္ပဏီတို့ အပြိုင်အဆိုင

KNPP နအဖ တပ် ယာဉ်တန်းကို တိုက်ခိုက်၊ ၃ ဦး ကျဆုံး

သန်းထိုက်ဦး Monday, 27 December 2010 16:39
KNPP နအဖ တပ် ယာဉ်တန်းကို တိုက်ခိုက်၊ ၃ ဦး ကျဆုံးကယားပြည်နယ် ဖရှုးဆိုးမြို့နယ်တွင် သံလွင် ရေကာတာ တည်ဆောက်ရေး စီမံကိန်းအတွက် သွားနေသည့် အစီး၂၀ ခန့်ရှိ နအဖ ယာဉ်တန်းကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)

ဖိလစ်ပိုင် အမတ် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ရန်ပိုင် Monday, 27 December 2010 16:27
ဖိလစ်ပိုင် အမတ် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဒေါ်အောင်ဆန်းစုကြည်အား ဖိလစ်ပိုင် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော် အမတ် မစ္စ လော်ရင် လီဂါးဒါး(Loren Legarda) ယမန့်နေ့က လာရောက်တွေ့ဆုံကြောင်း

ဈေးရွှေ့ပြောင်းမှု နေရာ မလုံလောက်၍ ဆန္ဒပြသူများကို ဖမ်းဆီး

ခိုင်သွယ် Saturday, 25 December 2010 14:47
ဈေးရွှေ့ပြောင်းမှု နေရာ မလုံလောက်၍ ဆန္ဒပြသူများကို ဖမ်းဆီးရန်ကုန်တိုင်း ကြည်မြင်တိုင်မြို့နယ် ကမ်းနားလမ်းရှိ သီရိမင်္ဂလာဈေးမှ ဆိုင်များအား လှိုင်မြို့နယ်၊ ပိတောက်ချောင်း ရပ်ကွက်ရှိ ဈေးသစ်သို့ ရွှေ့ပြောင်းခိုင်း သော်လည်း ဆိုင်နေရာ မလုံလောက်

စစ်ပြေးဒုက္ခသည်များကို ဆေးစစ်၊ တိုက်ပွဲများ ဆက်ဖြစ်ဆဲ

ဧရာဝတီ Saturday, 25 December 2010 14:02
စစ်ပြေးဒုက္ခသည်များကို ဆေးစစ်၊ တိုက်ပွဲများ ဆက်ဖြစ်ဆဲနယ်စပ်တိုက်ပွဲ များကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသော စစ်ပြေး ဒုက္ခသည် ၂၀၀ ကျော်ကို ထိုင်းဒေသခံ ရွာသားများက ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့်

“မိုးညအိပ်မက်မြူ” အကယ်ဒမီ ရနိုင်ဟု ခန့်မှန်းနေ

ဟိန်းသူ Thursday, 30 December 2010 17:37
မကြာမီ ကျင်းပမည့် ၂၀၀၉ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ အတွက် “မိုးညအိပ်မက်မြူ” ဇာတ်ကားကို အကောင်းဆုံး ဇာတ်ကားဆု ရရှိနိုင်ကြောင်း အနုပညာ အသိုင်းအ၀ိုင်းက ထင်ကြေးပေး ခန့်မှန်းနေကြသည်။
moenyaeainmaephyuမိုးညအိပ်မက်မြူ ဇာတ်ကားတွင် မင်းသားနေတိုးနှင့် မင်းသမီး စိုးပြည့်သဇင်၊ သင်ဇာဝင့်ကျော်နှင့် မိုးဟေကိုတို့ ပါဝင်ပြီး စာရေး ဆရာ တက္ကသိုလ် ဘုန်းနိုင် ၏ အောင်မြင်ခဲ့သော ၀တ္ထုကို ဒါရိုက်တာ ကြည်ဖြူရှင်က ပြန်လည် ရိုက်ကူးထားခြင်းဖြစ်သည်။ အဆိုပါဇာတ်ကား၌ မင်းသားနေတိုး က အကယ်ဒမီဆု မျှော်မှန်းကာ အစွမ်းကုန်ကြိုးစား ထားကြောင်း၊ မိုးဟေကိုမှာ သရုပ်ဆောင် ပိုင်းနှင့် ၀တ်စား ဆင်ယင်မှုပိုင်း အားနည်းခဲ့သည့်အတွက် အကယ်ဒမီ မရနိုင်ကြောင်း၊ သင်ဇာဝင့်ကျော်မှာ သရုပ်ဆောင်ပိုင်းတွင် ပီပီပြင်ပြင်လုပ်ပြနိုင်ခဲ့ကြောင်း ကြည့်ရှုခဲ့သည့် ပရိသတ်များက ပြောဆိုကြသည်။

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုနှင့် အမျိုးသမီး ဇာတ်ဆောင်ဆုများ အတွက် မင်းသားနေတိုးနှင့် မင်းသမီး စိုးမြတ်သူဇာ တို့ ရရှိနိုင်ကြောင်းလည်း အနုပညာ အသိုင်းအ၀ိုင်းတွင် ခန့်မှန်းနေကြသည်။
ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က“ကျနော်ကတော့ ဒီနှစ် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု သရုပ်ဆောင် နေတိုး ရလိမ့်မယ်လို့ ထင်တယ်။ မင်းသမီးထဲမှာတော့ စိုးမြတ်သူဇာပါ”ဟု ပြောသည်။
ယခု ကျင်းပမည့် အကယ်ဒမီပေးပွဲအတွက် ရန်ကုန်နှင့် နယ်မြို့များတွင် ရုံတင်ပြသခဲ့သည့် ဇာတ်ကား ပေါင်း ၁၅ ကားရှိကြောင်း သိရသည်။

၎င်းတို့မှာ ဟော့ရှော့ ၂၊ ယောက္ခမနှင့် တစ်ထောင့်တစ်ည၊ အချစ်ဟု အဓိပ္ပာယ် သက်ရောက်ခြင်း မရှိစေရ၊ ချစ်လို့စတာ၊ ဇော်က ကနေသည်၊ သူငယ်ချင်းယောက္ခမ၊ မာမီရှိန်း၊ ရှော့ရှိတဲ့အချစ်၊ အတိတ်၏အရိပ်၊ မိုးညအိပ်မက်မြူ၊ ကြိုးကြာတောင်ပံခတ်သံ၊ ကျောက်စက်ရေ၊ အတည်ပေါက်နောက်တဲ့ လူ၊ ၀ါဆိုဖယောင်းတိုင်၊ ပင်လယ်ကိုဖြတ်၍ စသည့် ဇာတ်ကားများ ဖြစ်သည်။မင်းသားနေတိုးက ယခုနှစ်တွင် အကယ်ဒမီဆုရရှိလိမ့်မည်ဟု ၎င်းကိုထင်ကြေးပေးနေကြသည့်အတွက် ၀မ်းသာမိကြောင်း ပြော သည်။“ကျနော် ဒီနှစ် ရိုက်ထားတဲ့ကားက ၄ ကားရှိပါတယ်။ ဇော်က ကနေသည်။ မိုးညအိမ်မက်မြူ၊ မာမီရှိန်းနဲ့ ကြိုကြာ တောင်ပံခတ်သံ ပါ။ အကယ်ဒမီဆု ရခဲ့မယ်ဆိုရင်တော့ အနုပညာရှင် တယောက် ကြိုးစားမှုအတွက် ရလာမယ့် ရလဒ်တခုလို့ ထင်ပါတယ်”ဟု နေ တိုး က ပြောသည်။

မင်းသားနေတိုးက ၎င်းပါဝင်သရုပ်ဆောင်ခဲ့သည့် မိုးညအိမ်မက်မြူ ဇာတ်ကားကို အကောင်းဆုံးဇာတ်ကားဆု ရရှိနိုင်သည်ဟုလည်း ဆိုသည်။ သရုပ်ဆောင် မိုးယုစံက“ဒီနှစ် အကောင်းဆုံး အမျိုးသားဇတ်ဆောင်ဆုကို ကိုနေတိုးရလိမ့်မယ်လို့ထင်တယ်။ သူကဒီနှစ်အတွက် ၃၊ ၄ ကားလောက် ရိုက်ထားတယ်လေ။ နောက်ထပ်တစ်ယောက်က မြင့်မြတ်လို့ ကြားတယ်။ မင်းသမီးထဲမှာတော့ မအူဝဲ(အိန္ဒြာကျော်ဇင်) ရလိမ့်မယ်လို့ ထင်တယ်။ ပြီးတော့ မစိုးမြတ်သူဇာ လို့လည်းကြားပါတယ်”ဟု ပြောသည်။
ယခုကျင်းပမည့် ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲမှာ ၅၇ ကြိမ်မြောက်ဖြစ်ပြီး နေပြည်တော်တွင် ပဉ္စမအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပသည့် ၂၀၀၈ ခုနှစ်အတွက် ဆုပေးပွဲမတိုင်မီ မိန့်ခွန်းတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း က ယနေ့ မြန်မာ့ ရုပ်ရှင် လောက အဆင့်အတန်းမှာ ဇာတ်လမ်း ဇာတ်ကွက်၊ သရုပ်ဆောင်မှု၊ ၀တ်စားဆင်ယင်မှု၊ studio အပါအ၀င် ရိုက်ကူးရေး အထောက်အကူပြု အပိုင်း၊ ပြသမှုနှင့် ရုပ်ရှင်ရုံ ၀န်ဆောင်မှု ၊ ပြည်ပဈေးကွက် ထိုးဖောက်ပြသ နိုင် မှု၊ စက်မှုနည်းပညာနှင့် ထုတ်လုပ်သူအပိုင်း စသည့် လုပ်ငန်း အားလုံးတွင် အားနည်းချက်၊ လိုအပ်ချက်များရှိနေသေးကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတွင် ဓာတ်ပုံဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ ဇာတ်ကားဆု၊ ဒါရိုက်တာဆု အကယ်ဒမီဆု ၇ ဆုသာပေးခဲ့ပြီး ဇာတ်ညွှန်းဆု၊ တည်းဖြတ် ဆု၊ တေးဂီတဆု၊ အသံဆုများကို ပေးအပ်ခဲ့ခြင်း မရှိချေ။
ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတွင်လည်း အမျိုးသမီး ဇာတ်ဆောင်ဆု အပြင် အမျိုးသမီးဇာတ်ပို့ ဆု၊ ဇာတ်ညန်း ဆု၊ တည်းဖြတ် ဆု၊ အသံဆု များကိုလည်း ပေးအပ်ခဲ့ခြင်း မရှိချေ။ ယခုနှစ်တွင်လည်း ပြီးခဲ့သည့် ၂ နှစ်ကကဲ့သို့ အကယ်ဒမီဆုများ ချန်လှပ်နိုင်ကြောင်း အနုပညာအသိုင်းအ၀ိုင်းတွင် ပြောဆိုနေကြ သည်။

ပါတီ၏ ရှေ့ဆက် လုပ်ငန်းစဉ်းအတွက် အင်အားဖြည့်

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 29 ရက် 2010 ခုနှစ် လွတ်လပ်သော မွန်သတင်း အေဂျင်စီ သတင်း - လွတ်လပ်သော မွန်သတင်းအေဂျင်စီ
၂၀၁၀ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့်ရွေးကောက်ပွဲ၌ ကိုယ်စာလှယ်လောင်း ၁၆ နေရာအနိုင်ရရှိခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပါတီရှေ့ရေးလုပ်ငန်းစဉ် ပိုမိုခိုင်မာလာအောင် ချမှတ်လုပ်ဆောင်နေသည်။
AMDP-300x168“မြို့နယ်အလိုက် ဘယ်သူက ဘာတာဝန်၊ ဘာလုပ်၊ လုပ်ငန်းတွေ ပိုမိုပြီးတော့ သေသေချာချာဖြစ်လာအောင် လုပ်ဆောင်ထားပြီးဖြစ်တယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

ပါတီ၏ ရှေ့ဆက်လုပ်ငန်းစဉ်များ အခိုင်အမာလုပ်ဆောင်ရန် ပထမအကြိမ်အစည်းအဝေးမှာ ချမှတ်ထားပြီး ဒီဇင်ဘာ ၂၇၊ ၂၈ ရက်နေ့မှာ ကျင်းပသည့် ဒုတိယအကြိမ်အစည်းအဝေးမှာ လွှတ်တော်အတွက် ပြင်ဆင်မှုများ ချမှတ်သွားမည်ဟုလည်း နိုင်ငွေသိန်းက ပြောသည်။

ပြည်သူလူထုက တင်မြှောက်ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများလည်း လွှတ်တော်မှာ ပါတီ၏ မူဝါဒနှင့် ရပိုင်ခွင့်၊ ပြည်သူလူထုတို့၏ လိုအပ်ချက်၊ ရသင့် ရထိုက်သည့် အခွင့်အရေးတွေကို သတ္တိရှိရှိ တင်ပြ တောင်းဆိုနိုင်ရန်အတွက်လည်း ပြင်ဆင်ဆောင်ရွက်နေသည်ဟုလည်း ၄င်းက ပြောသည်။လွှတ်တော်ဝင်မည့် ကိုယ်စားလှယ်လောင်းများနေရာမှာလည်း နောက်ထပ်ကိုယ်စားလှယ်များ ပြန်လည်ဖြည့်စွတ်နိုင်အောင်လည်း ပါတီအနေနှင့် စီစဉ်လျှက်ရှိသည်။တဘက်မှာလည်း ပါတီ၏ ရေရှည်တည်တံ့နိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ရန်လည်း စီစဉ်လျှက်ရှိကြောင်း သိရသည်။နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း လွှတ်တော် သုံးရပ်၌ ကိုယ်စားလှယ်လောင်း (၃၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ် (၁၆) ဦး အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။(၁၆) ဦးတွင် ပြည်သူ့လွှတ်တော် (၃) ဦး၊ အမျိုးသားလွှတ်တော် (၄) ဦးနှင့် ပြည်နယ်လွှတ်တော် (၉) ဦး ဖြစ်သည်။
  1. ကြံ့ဖွံ့ ထိပ်တန်းအစည်းအဝေး ကျင်းပမည်
  2. ဝ' အဖွဲ့က ဒုတိယပင်လုံကို စောင့်ကြည့်မည်
  3. လမ်းခင်းငွေကို မယက ဥက္ကဋ္ဌ အလွဲသုံးစားလုပ်ဟု ရွာသားများ စွပ်စွဲ
  4. ဂီရိသင့်ဒေသကို ကူညီရန် ဒေါ်စုက နိုင်ငံတကာသို့ ပန်ကြား
  5. ရခိုင်ပါတီ ခေါင်းဆောင် ဦးပတီးဖြူ အလင်းဝင်
  6. ဒေါ်အောင်ဆန်းစုကြည်က လူငယ်ကွန်ယက်ဖွဲ့
  7. ဖားကန့် လယ်ယာမြေအမှု အမြန်စီရင်မည်
  8. ဂီရိသင့်ဒေသကို ကူညီရန် ဒေါ်စုက နိုင်ငံတကာသို့ ပန်ကြား
  9. ဒေါ်အောင်ဆန်းစုကြည်က လူငယ်ကွန်ယက်ဖွဲ့
  10. အင်္ဂါဆုတောင်းပွဲ ဆက်လက်ပြုလုပ်မည်
  11. ဒေါ်စုကို နိုင်ငံသားဆု ရယူရန် ကနေဒါ ဖိတ်ခေါ်
  12. ဒေါ်စုသတင်း ဖော်ပြရန် ပါကစ္စတန်သတင်းအဖွဲ့ တောင်းဆို
  13. အန်အယ်ဒီက ပြည်ထောင်စု စိတ်ဓာတ် ဟောပြော
  14. အိန္ဒိယအာဏာရပါတီက ဒေါ်စု လွတ်မြောက်မှုကို ကြိုဆို

ဝ' အဖွဲ့က ဒုတိယပင်လုံကို စောင့်ကြည့်မည်

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။      ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင

No comments:

Post a Comment