Friday, January 7, 2011
NLD ၏ ကဗျာစာအုပ်တွင် ကဗျာဆရာများ ၀င်ရောက် အားဖြည့် & ကျပ် သိန်း ၂၀၀ ဖိုး ရောင်းရတဲ့ NLD ရဲ့ ဈေးရောင်းပွဲ & ကိုကျော်သူရဲ့ Art Zone ပန်းချီ ပြပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက
NLD ၏ ကဗျာစာအုပ်တွင် ကဗျာဆရာများ ၀င်ရောက် အားဖြည့်
တာရာဝေယံ
ဇန်န၀ါရီ ၅၊ ၂၀၁၁  ဦးဝင်းတင်ရဲ့ အမှာစာ
(ကဗျာများကို သတင်း အောက်ဆုံးတွင် ဖတ်နိုင်သည်)
အပြည့်အစုံသို့ ...
“---အခုအချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ကောင်းတစ်ယောက် အပေါ်မှာ အပြည့်အ၀ ယုံကြည်တဲ့ နောက်လိုက်ကောင်းတွေ များများပေါ်ထွန်းဖို့ အထူးပဲ လိုအပ်နေတဲ့ အချိန်---”
အပြည့်အစုံသို့ ...
စင်္ကာပူရောက် မြန်မာများအတွက် တစ်သုံးလုံးအဖွဲ့က ကုသိုလ်ဖြစ်ဘုရားဖူး လူ ၅၀၀ ကျော်ဖြင့် စည်ကား
မိုးမခအထောက်တော် စင်္ကာပူ (ဓာတ်ပုံသတင်း)
(ဓာတ်ပုံဆရာများ - ကျော်မိုးထွန်းနိုင်၊ ကျော်မိုးဦး၊ သုမင်းလှိုင်)
ဇန်န၀ါရီ ၅၊ ၂၀၁၁
အပြည့်အစုံသို့ ...
စူနာမီ လှိုင်း
Shine........
wave.sunami@gmail.com
လူငယ်များရဲ့ ဆောင်းရာသီ တရားစခန်း
အရှင်သြသဓ  -  ဇန်န၀ါရီ ၄၊ ၂၀၁၁
---“ခရစ်စမတ် ဘယ်နေ့လဲ” မေးလျှင် လူတိုင်း သိသော်လည်း “ဗုဒ္ဓနေ့ ဘယ်နေ့လဲ” မေးလျှင် သိတဲ့လူ မရှိသလောက်ပင်---
၁၉၉၈-ခုနှစ်၊ ဝါဆိုပွဲမှာဟု ထင်ပါသည်။ ကျေးဇူးတော်ရှင် ဓမ္မာနန္ဒဆရာတော်ကြီးက “ဒီနှစ်နွေရာသီမှာ ကလေးတွေအတွက် အခြေခံဗုဒ္ဓဘာသာသင်တန်းတွေ ဖွင့်တော့မယ်။ ဒီမှာက နေရာလဲ ကျယ်တော့ ဖွင့်လို့ ရပြီ။ အဲဒိ အခြေခံသင်တန်း တက်ပြီးတဲ့ လူငယ်လေးတွေကိုလည်း နောင်ဆိုရင် အဆင့်မြင့်သင်တန်းနဲ့ လက်တွေ့ အားထုတ်တဲ့ တရားစခန်းတွေပါ တွဲလုပ်ဖို့ထိ ဘုန်းကြီးတို့ စိတ်ကူးထားတယ်။ မိဘတွေက ကိုယ့်ကလေးတွေ လာပို့ကြပေါ့။ အမှန်က ကလေးတွေက ဒီမှာ မွေးတော့ သူတို့ အတွက် ပိုလုပ်ပေးရမယ်။ အခုတော့ ဘုန်းကြီးတို့က လူကြီးတွေအတွက်ချည်းပဲ လုပ်နေသလို ဖြစ်နေတယ်။ ကလေးတွေကို အဲဒီလို လုပ်မပေးရင် အမြစ်ခြောက်လာတဲ့ သစ်ပင်ကြီးလို ဘာသာရေးမျိုးစေ့ ပြတ်သွားလိမ့်မယ်” ဟု ကလေးများနှင့်ပတ်သက်ပြီး ထည့်ပြောခဲ့ဖူးပါတယ်။
ပထမအဆင့်ဖြစ်တဲ့ အခြေခံ သင်တန်းကိုတော့ စခဲ့တာ ကြာပေပြီ။ ညအိပ် ကျောင်းသား များကိုတော့ ၂ဝဝ၆-ခုနှစ်ကမှ စပြီး လက်ခံခဲ့၏။ သို့သော်လည်း အခြေခံသင်တန်းပြီးသော ဟိုက်စကူးနှင့် ကောလိပ်ကျောင်းသားအရွယ် လူငယ်များအတွက် စာတွေ့လက်တွေ့ တွဲလုပ်သည့် အဆင့်မြင့် တရားစခန်းကိုတော့ သင်တန်းဆရာ၊ လုပ်အားပေးမည့်သူ၊ အချိန်ကာလ သတ်မှတ်မှု စသည့် အခက်ခဲအမျိုးမျိုး ကြောင့် မဖွင့်နိုင်ခဲ့သေးပေ။ စိတ်ကူးထဲမှာသာ လမ်းဆုံးနေခဲ့ပေ၏။
လုပ်သင့်သည်ကတော့ သေချာပေသည်။ အဘယ့်ကြောင့် ဆိုသော် အချို့ကလေးများ ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းလာ၊ နွေရာသီသင်တန်းလေးတွေ ၂နှစ် ၃နှစ် တက်၊ နည်းနည်းလေး ကြီးလာပြီး ဟိုက်စကူးကျောင်းသား အရွယ်လောက် ဆိုလျှင် ကျောင်းကို မလာကြတော့ပေ။ အိမ်မှာ ဆွမ်းကပ်၍ ဘုန်းကြီးနှင့် တွေ့လျှင်တောင်မှ ရှက်သလိုလိုနှင့် အနားမကပ်ကြတော့။ မိဘတွေကပြောလို့ ရှိခိုးပြန်တော့လဲ ဖြစ်ကတတ်ဆန်း၊ ဟိုတုန်းက သင်ပေးထားသည့် ထိခြင်းငါးပါး အင်္ဂါရပ်တွေနှင့် မညီတော့။ သင်ပေးလိုက်ရသည့် ဘုန်းကြီးများမှာ အမောတောင် မပြေသေးပေ၊ ကလေးတွေက သင်ထားတာတွေ မေ့ပျောက်ကုန်ပြီ။
ဤတွင် စာရေးသူလည်း စဉ်းစားလာမိ၏။ ကိုယ်တိုင် မျိုးစေ့ချပြီး တက်လာသည့် အပင်ပေါက်ကလေးတွေကို မြေချစိုက်ပျိုးထားလိုက်ရုံနှင့် စိတ်မချရသေးပေ။ နောက်ထပ် ရေလောင်းပေါင်းသင် ပြုစုခြင်းများမလုပ်လျှင် ညှိုးခြောက်ပြီး သေသွားနိုင်သည်။ ထို့ကြောင့် အခြေခံသင်တန်း ပြီးသွားသော ကလေးများအတွက် ကျောင်းနှင့် ဆက်သွယ်နေမည့် သင်တန်းလေးများ တနည်း နည်းဖြင့် လုပ်မှ ဖြစ်တော့မည်။ သည့်အတိုင်းထားလျှင် အနေဝေးပြီး ဘာသာ အဆုံးအမတွေ မေ့ပျောက်သွားနိုင်သည်။ နောက်ဆုံး ဘာသာကိုးကွယ်မှုပါ ဆုံးရှုံးသွားနိုင်ပေသည်။ မည်သည့်အရာမဆို အနေဝေးလျှင် သွေးအေးသွားတတ်စမြဲပင်။
အစောပိုင်းတွင် တစ်ယောက်နှစ်ယောက်ဖြင့် စာသင်ရမည်မှာ အဆင်မပြေ၍ မစဖြစ်ခဲ့ပါ။ အခုတလော အခြေခံသင်တန်းများ အောင်ပြီးသော ကလေးများ ကိုယ်တိုင်က တောင်းဆိုလာကြပေသည်။ အခြေခံ ဗုဒ္ဓဘာသာသင်တန်း တန်ဘိုးရှိမှန်း၊ ကောင်းမှန်း သူတို့ ကိုယ်တိုင် သိလာတော့ နောက်ထပ်ဆက်လေ့လာချင်ကြပေသည်။ တချို့လူငယ်လေးများက “တပည့်တော် တို့အတွက် နောက်ထပ် သင်တန်းလေးတွေ မရှိတော့ဘူးလား၊ ပိုပြီးတော့ အဆင့်မြင့်တဲ့တရားတွေကို လေ့လာချင်ပါသေး တယ်။ ကိုယ်တိုင်လက်တွေ့လည်း အားထုတ်ကြည့်ချင်ပါသေးတယ်”လို့ ဆိုလာကြပေသည်။ အားရှိစရာပင်။
တချို့ကလည်း “ခရစ်စမတ်ကျောင်းပိတ်ရက်ဆိုရင် တပည့်တော်တို့မှာ အားနေတယ်ဘုရား။ ကိုယ့်ဘာသာရေးပွဲ မဟုတ် တော့လဲ သွားစရာမရှိဘူး။ ရာသီတွေကလဲ မကောင်းတော့ ခရီးလဲမထွက် ဖြစ်ဘူး။ ဘုန်းကြီးကျောင်းတွေမှာဖွင့်တဲ့ တရား စခန်းတွေကလဲ လူကြီးတွေအတွက် မြန်မာလိုသက်သက်ပဲ ဟောတော့ တပည့်တော်တို့က ကောင်းကောင်း နားမလည်ဘူး။ ဒါကြောင့် ဆရာတော်တို့ကျောင်းမှာ လူငယ်တွေအတွက် သီးသန့် အင်္ဂလိပ်လို သင်တန်းဖြစ်စေ၊ တရားစခန်းဖြစ်စေ၊ တစ်ခုခု ရှိရင် ကောင်းမယ် ဘုရား” ဟု အကြံပေးလျှောက်ထားသည်များလည်း ရှိလာပေသည်။
ဤသို့သောစကားမျိုးကို ကြားလိုက်ရ၍ စာရေးသူမှာ ရင်ထဲ သိမ့်သိမ့်ခါအောင် ဝမ်းသာသွားမိပေသည်။ ဆယ်ကျော်သက် လူငယ်လေးများမှာ ဒီဇင်ဘာကျောင်းပိတ်ရက် ဆိုလျှင် “ရှောပင်းထွက်မယ်၊ ခရီးထွက်မယ်၊ သူငယ်ချင်းတွေနှင့် တွေ့မယ်၊ စာမေးပွဲပြီးလို့ အိမ်မှာ နားပစ်လိုက်မယ်၊ ဂိမ်းကစားမယ်” ဤသို့သော စိတ်ကူးများသာ ရှိတတ်ကြပေသည်။ ဘုန်းကြီးကျောင်း သွားပြီး ဘာသာရေးစာပေများ အချိန်ရခိုက် လေ့လာမယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပေ။ တရားထိုင်ဖို့ ဆိုလျှင် လူကြီးတွေတောင် စိတ်ကူးမရှိ။ အခုတော့ သူတို့ ကိုယ်တိုင်က အကျိုးရှိမဲ့အလုပ်ကလေးတွေ မိဘတွေ မတိုက်တွန်းရဘဲ လုပ်ချင်လာကြသည်။ အလုပ်ကလေး တပိုင်းတစ လုပ်နေတဲ့ကလေးတွေတောင် ခွင့်ယူပြီးတက်မယ်လို့ ပြောလာကြ၏။ ကြည့်စမ်း၊ သူတို့ စိတ်ဓာတ်ကလေးတွေ ဘယ့်လောက် ချစ်စရာ ကောင်းသလဲ။ ဟုတ်တယ်လေ။ မြတ်စွာဘုရားက သလ္လေခ သုတ်ထဲမှာ “ကုသိုလ်တရားများကို စိတ်ကူးမိရုံနှင့်ပင် အလွန် ကျေးဇူးများလှပေ၏။ ကိုယ်နှုတ်တို့ဖြင့် ပြုလုပ်လျှင်ကား ဘယ်မှာဆိုဖွယ်ရာ ရှိတော့အံ့နည်း” ဟု ဟောထားသည် မဟုတ်ပါလား။ သူတို့ကျောင်းကို လာချင်တဲ့စိတ်ကလေး ရှိတာနှင့်တောင် လေးစားဖို့ ကောင်းနေပြီ။ ဒါသည်ပင် စာရေးသူကို သင်တန်း မြန်မြန်စဖြစ်ဖို့ ဧရာမ တွန်းအားကြီးတစ်ရပ် ဖြစ်သွားတော့၏။ ကိုယ်ကတောင် လူငယ်လေးတွေကို ဖျောင့်ဖျမြူဆွယ်ရအုံးမည်။ ခုလို သူတို့က လိုလိုလားလား တောင်းဆိုလာမှတော့ ကိုယ့်ဘက်က ဘယ်လိုအခြေမျိုးရှိနေသည် ဖြစ်စေ၊ ဖြစ်အောင်ကို လုပ်ပေးရပေတော့မည်။
လွန်လေပြီးသော ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ သြဝါဒကို လိုက်နာ ဆောင်ရွက်သောအားဖြင့် လည်းကောင်း၊ အထက်က ဆိုခဲ့ပြီးသည့် အကြောင်း အရပ်ရပ်ကြောင့် လည်းကောင်း လူငယ်လေးများအတွက် Youth Winter Retreat ကို ၂ဝ၁ဝ-ခုနှစ် ဒီဇင်ဘာလ ၂၂-ရက် နေ့မှ ၂၅-ရက်နေ့ အထိ ပြုလုပ်နိုင်ခဲ့ပေသည်။ ပထမဆုံးသင်တန်း ဖြစ်၍ ၁၅-ယောက်လောက်သာ မှန်းထားသော်လည်း ၂၉-ယောက် စာရင်းသွင်းပြီး၊ ၂၄-ယောက် တက်ရောက်လေ့လာခဲ့ကြ၏။
သင်တန်းမှာ ကလေးတွေ နံနက် ၆-နာရီထပြီး ၆-နာရီခွဲမှာ ဘုရားဝတ်တက် တရားထိုင်၊ ၇-နာရီမှာ နံနက်စာစားရ၏။ ၈-နာရီခွဲက ၉-နာရီခွဲတစ်ကြိမ်၊ ၁ဝ-နာရီက ၁၁-နာရီ တစ်ကြိမ်၊ နံနက်ပိုင်း ဒီနှစ်ချိန်မှာ Mr. Li Chan က သမထနှင့် ဝိပဿနာကမ္မဋ္ဌာန်းများအကြောင်း သင်ကြားပို့ချပြီး လက်တွေ့လည်း ကျမ်းရှိအတိုင်း တရားရှုမှတ်နည်း သင်ပေး၏။ ဒီဆရာ ကတော့ ထောင်ကျနေသည့် လူငယ်များကို စိတ်ထားတည်ငြိမ်ပြီး စာရိတ္တပြန်လည် ကောင်းမွန်ရေးအတွက် သင်ကြားပေးနေသည့် ဆရာ ဖြစ်၍ သင်ကြားမှုပိုင်းမှာ အင်မတန် ကျွမ်းကျင်လှပေသည်။ လိုအပ်သည့် နေရာများတွင် ဗွီဒီယို မှတ်တမ်းများ၊ သတင်းမှတ်တမ်းများ၊ ဓာတ်ပုံများဖြင့် ပြည့်ပြည့်စုံစုံ စိတ်ဝင်စားဖွယ်ရာ သင်ကြားသွားပေသည်။
နေ့လည်ပိုင်းအတန်းကို ၁နာရီမှ ၂နာရီခွဲတကြိမ်၊ ၃နာရီမှ ၄နာရီတကြိမ်၊ ဒီနှစ်ကြိမ်မှာ Ms. Sarah Marks က Funda¬mentals of Buddhism  ကို သင်ကြားပို့ချပေး၏။ တချို့လေ့လာပြီးသော အပိုင်းများကို အမေးအဖြေ သဘောမျိုးဖြင့် ခပ်သွက်သွက် သင်ကြားသွားပေသည်။ သင်တန်းဆရာက ဓမ္မာနန္ဒဆရာတော်ကြီး၏ တပည့်ရင်းဖြစ်ပြီး တရား သင်တန်းပေါင်း မြောက်မြားစွာ၊ တရားစခန်းပေါင်း မြောက်မြားစွာ လေ့လာသင်ယူ အားထုတ်ထားသူမို့ ကျမ်းဂန်များစွာမှ ဗဟုသုတ ဖြစ်ဖွယ်ရာများကို မိမိကိုယ်တွေ့ အတွေ့အကြုံများနှင့်တွဲကာ သင်ကြားသွားပေသည်။
စာရေးသူကတော့ ၂၅-ရက်၊ စနေနေ့ မနက်ပိုင်းအချိန်တွင် Buddhist Traditional Ceremonies များ အကြောင်း သင်ကြားပို့ချပေးခဲ့၏။ “ခရစ်စမတ် ဘယ်နေ့လဲ” မေးလျှင် လူတိုင်း သိသော်လည်း “ဗုဒ္ဓနေ့ ဘယ်နေ့လဲ” မေးလျှင် သိတဲ့လူ မရှိသလောက်ပင်။ ထို့ကြောင့် ဗုဒ္ဓနေ့ အကြောင်းကို ကမ္ဘာ့ ဗုဒ္ဓဘာသာနိုင်ငံများတွင် သူတို့ရိုးရာ ထုံးတမ်းများနှင့် အညီ ကျင်းပပုံအကြောင်း အကျယ်တဝင့် ရှင်းပြပေးခဲ့၏။ နောက်ထပ် ဗဟုသုတအဖြစ် သိစရာကောင်းသော မွေးနေ့ပွဲအကြောင်း၊ အိမ်တက် အကြောင်း၊ ကွယ်လွန်သူ ဆွေမျိုး မိဘများအတွက် အမျှဝေပုံ အကြောင်းများကို နောက်ခံ ဇာတ်လမ်းများနှင့်တကွ အကျယ် ရှင်းပြပေးခဲ့၏။ ကွယ်လွန်သူအတွက် အမျှဝေပုံများကို စိတ်ဝင်တစား မေးမြန်းခဲ့ကြ၏။
ဒါတွေ သင်ပေးရတာလဲ အကြောင်းရှိ၏။ အခမ်းအနားတွေ လုပ်တိုင်း၊ သာရေးနာရေးပွဲတွေ လုပ်တိုင်း ကလေးတွေ ပါလာသော်လည်း ဗမာလို တရားဟောတော့ မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်နေသည်ဆိုသည်ကို သူတို့ နားမလည်ကြရှာပေ။ နားမလည်တော့ နောင်ခါ ပွဲလုပ်တိုင်း ကလေးတွေက လူကြီးတွေ အနား မလာကြတော့ပေ။ မလာတော့ ပိုလို့ နားမလည်တော့ပေ။ ဝေးပြီးရင်း ဝေးရင်။ ကျွန်ုပ်တို့က သူတို့ကို ဘေးထုတ် အလေးမထားသလို ဖြစ်နေတော့၏။ သူတို့ကြီးလျှင် ဗုဒ္ဓဘာသာ ထုံးတမ်း စဉ်လာတွေ ပျောက်ကွယ်မည်မှာ သေချာနေတော့၏။ အမေအဖေ သေလို့ပင် အမျှဝေရကောင်းမှန်း သိတော့မည်မဟုတ်။ အမှန်တကယ် စဉ်းစားကြည့်လျှင် ကျွန်ုပ်တို့လူကြီးများ ကိုယ်တိုင်ပင် ကိုယ့်မျိုးဆက် ကိုယ်ဖြတ်သလို ဖြစ်နေ၏။ သို့ပါ၍ ဘာသာရေး ရိုးရာ အစဉ်အလာတွေ လက်ဆင့်ကမ်း သယ်ဆောင်သွားစေနိုင်ဖို့ သင်ကြားပေးရခြင်းပင် ဖြစ်၏။
ညပိုင်းမှာတော့ ၆-နာရီမှ ၇-နာရီ အားလုံး စုပေါင်း တရားထိုင်ရ၏။ အလေ့အကျင့် မရှိသေးလို့ လှုပ်စိလှုပ်စိ ရှိသော်လည်း ဆရာသမားကို လေးစားသောအားဖြင့် တစ်နာရီ ပြည့်အောင် ထိုင်ကြရှာပေသည်။ တရားထိုင်ပြီး ၁၅-မိနစ် နားချိန်ပေးကာ ၇-နာရီ မိနစ်၂ဝ မှ ၈-နာရီခွဲ အထိ လူငယ်နှင့် ဘာသာရေး အကြောင်းအရာများကို ဆွေးနွေးကြရပေသည်။ ထိုအချိန်တွင် ချပေးသော ခေါင်းစဉ်များအလိုက် အုပ်စုဖွဲ့ ဆွေးနွေးအဖြေရှာခြင်း၊ အကြံပေး တင်ပြခြင်း၊ သိလိုသည်များကို မေးမြန်းခြင်း၊ အတွေ့အကြုံများ နှီးနှောဖလှယ်ခြင်း စသည်များ ပြုလုပ်ကြရပေသည်။ ထိုအချိန်သည် ကျောင်းသားများ ကိုယ်တိုင် အုပ်စုဖွဲ့ ကာ ပါဝင်ဆွေးနွေးရ၍ သူတို့အကြိုက်ဆုံး အချိန်ဖြစ်ပေသည်။ အချိန်စေ့၍ တခါတလေ မနည်း အဆုံးသတ်ခိုင်းရ၏။ ဆွေးနွေးပွဲတွင် ဆူညံနေသော သူတို့ပြောဆိုသံများသည် စိတ်မဝင်စားသူများအဖို့တော့ ‘လက်ပံပင် ဇရက်ကျသလိုဘဲ’ဟု ပြောကောင်း ပြောမည်။ သို့သော် စာရေးသူအဖို့တော့ သူ့အမြင်ကိုယ့်အမြင်တွေကို အသံလွင်လွင်ကလေးတွေနှင့် ငြင်းခုံနေကြတာဟာဖြင့် နံနက်ခင်း အိပ်တန်းထလာတဲ့ ငှက်ကလေးတွေ အသံချိုချိုနှင့် သီချင်းဆိုနေသလိုမျိုး ခံစားနေမိ၏။
ပထမဆုံးအကြိမ် လူငယ်များအတွက် ဆောင်းရာသီ ဓမ္မသင်တန်းနှင့် တရားစခန်းကို ဒီဇင်ဘာ ၂၅-ရက်၊ စနေနေ့ နေ့လည် ၂-နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပေသည်။ ပထမဆုံးအကြိမ် ဖြစ်၍ လိုသည် ပိုသည်လေးများကိုလည်း တွေ့ရပေသည်။ မည်သို့ဆိုစေ၊ ထိုစခန်း ဖြစ်မြောက်အောင် ဦးဆောင် လမ်းညွှန်ပေးသည့် ဆရာတော်များ၊ အဖက်ဖက်က ဝိုင်းဝန်း ထောက်ပံ့ လှူဒါန်းခဲ့ကြသူများ၊ အားလပ်ရက်တွင် ဘယ်မှ ခရီးမထွက်ဘဲ ဝေယျာဝစ္စ လုပ်အား လာပေးသူများ အားလုံးကို ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။
၂၀၁၁ နှစ်ဆန်း တရက်နေ့ ညမှာ ဆီမီး ၉၀၀၀ ပူဇော်
တာရာဝေယံ   -   ဇန်န၀ါရီ ၄၊ ၂၀၁၁
သာသနာ့ဟိတ ၀တ်အသင်းရဲ့ ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ နံသာ ၉၀၀၀၊ ပန်း ၉၀၀၀၊ ဆီမီး ၉၀၀၀ ပူဇော်ပွဲကို ၂၀၁၁ နှစ်ဆန်း တရက်နေ့ ညနေ ၅ နာရီခွဲကနေ ၇ နာရီခွဲအထိ ပြုလုပ်ခဲ့ပါတယ်။ပါဝင် ဆင်နွှဲသူ အများအပြားနဲ့ စည်ကားစွာ ကျင်းပတာ တွေ့ရပါတယ်။
“ရင်ပြင်တော်ပေါ်မှာ ပန်းဆီမီး ပူဇော်ရတာ စိတ်ထဲမှာ အရမ်း ကြည်နူးမိတယ်။ နှစ် တနှစ်ရဲ့ ပထမဆုံးနေ့မှာ ကုသိုလ်ယူရတာလည်း စိတ်ထဲမှာ အေးချမ်းတဲ့ ခံစားမှု ရတယ်။ တောင်ဘက်စောင်းတန်း အတက်မှာ စားပွဲနဲ့ ဆိုင်းဘုတ်ကြီး ထောင်ပြီး ဗုံးရှာနေတာက ဘုရားဖူးတွေ စိတ် ကသိကအောက် ဖြစ်တာက လွဲလို့ ဆီမီး ပူဇော်ရတာ ပီတိ ဖြစ်ပါတယ်” လို့ ဆီမီး ပူဇော်သူ ဘုရားဖူး ဧည့်သည်တဦးက ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်အနက် တဦးကို ရွေးချယ်ပြီး အားပေး ကူညီကြရန် NLD လှုံ့ဆော်
ဓာတ်ပုံသတင်း   -   ဇန်န၀ါရီ ၅၊ ၂၀၁၁  NLD ရုံးချုပ်တွင် တွေ့ရသော ဖိတ်ခေါ်ချက်။ ဤအစီအစဉ်က ယခု နှစ်ဆန်းပိုင်းတွင် ပေါ်ပေါက်လာသည့် NLD ၏ လှုပ်ရှားမှု တခု ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားများကို ကူညီနေသည့် NLD ရုံးချုပ်၏ လွတ်လပ်ရေးနေ့ အခမ်းအနား မြင်ကွင်း တချို့။
ကျပ် သိန်း ၂၀၀ ဖိုး ရောင်းရတဲ့ NLD ရဲ့ ဈေးရောင်းပွဲ
တာရာဝေယံ   -   ဇန်န၀ါရီ ၅၊ ၂၀၁၁ ဈေးပွဲတော်မှာ HIV လို့ ခေါ်ကြတဲ့ အရောင်းဆိုင်ရှေ့ မြင်ကွင်း
NLD ရဲ့ လွတ်လပ်ရေးနေ့အကြို ၃ ရက်ကြာ ဈေးရောင်းပွဲတော်ကို မနေ့က အဆုံးသတ်ခဲ့ပါတယ်။ ဗဟန်းမြို့နယ်က NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ ပွဲတော်မှာ မြို့နယ်အသီးသီးက NLD အဖွဲ့ဝင်တွေက အမှတ်တရ ပစ္စည်းဆိုင်တွေ ဖွင့်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲတဲ့ ပို့စကဒ်၊ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါတဲ့ ပြက္ခဒိန်၊ ပိုစတာ၊ ကော်ဖီခွက်၊ သော့ချိတ်၊ ဆွဲကြိုးလော့ကက်သီး တို့ကို ၀ယ်ယူသူ များပြားလှတာ တွေ့ရပါတယ်။ဈေးရောင်းပွဲက ရတဲ့ အမြတ်ငွေတွေ၊ အလှူငွေတွေကို လူမှုရေး လုပ်ငန်းတွေမှာ ထောက်ပံ့ကူညီနိုင်ဖို့ NLD က စီစဉ်သွားမယ်လို့ သိရပါတယ်။ ရောင်းရငွေပေါင်း သိန်း ၂၀၀ ၀န်းကျင် ရှိတယ်လို့ သိရပါတယ်။ အမြတ်ငွေ၊ အလှူငွေ ဘယ်လောက် ရှိမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ပုံပါ အရောင်းသွက် ပြက္ခဒိန်
ဒေါ်အောင်ဆန်းစုကြည် ဖန်တီးတဲ့ ပို့စ်ကဒ်။
ဒီပို့စကဒ်ရဲ့ ကျောဘက်မှာ အင်္ဂလိပ် ဘာသာနဲ့ ရေးထားတာကတော့ "နွေရာသီ - ဤကားသည် ရာသီဥတုများဟူသော ပန်းချီကားတွဲများတွင် ပါဝင်သည်။ နောက်ဆုံးအကြိမ် အိမ်ချုပ် ကျစဉ် ကွန်ပျူတာသုံးပြီး ဆွဲထားခြင်း ဖြစ်သည်" လို့ ဖြစ်ပါတယ်။
'Summer' - This is one of the 'seasons' series that I draw on my computer during my last term of house arrest.
Aung San Suu Kyi
 နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အတွက် ကူညီမည့်သူများကို မဲနှိုက်ရွေးချယ်ပွဲ
အန်အယ်ဒီရုံးချုပ် တွင် ပြုလုပ်
မိုးမခ အထောက်တော် ၀၀၅၊ ရန်ကုန်
ဇန်န၀ါရီ ၅၊ ၂၀၁၁
နိုင်ငံရေး အကျဉ်းသားများနှင့် ဌင်းတို့၏ မိသားစုများကို အားပေးကူညီစောင့်ရှောက် ရန်အတွက် စေတနာ့ဝန်ထမ်း တစ်ဦးစီထားရှိ ကူညီမည့် အစီအစဉ်ကို ယနေ့ အန်အယ်ဒီရုံးချုပ် တွင်ကျင်းပ ပြုလုပ်သည့် လွတ်လပ်ရေးနေ့အခန်းအနားတွင် မဲနှိုက်ရွေးချယ်ခဲ့ကြောင်းသိရသည်။
 နိုင်ငံရေးအကျဉ်းသားတစ်ဦးစီ၏ အမည်၊ နေရပ် နှင့် ရောက်ရှိနေသည့် အကျဉ်းထောင်အမည်ကို ရေးထိုးထားသော   ရင်ထိုးတံဆိပ်များကို လွတ်လပ်ရေးပွဲသို့ လာရောက်သော အန်အယ်ဒီအဖွဲ့ဝင်များ နှင့်စေတနာရှင်များမှ မဲနှိုက်ကာပေါက်သည့် အကျဉ်းသားများရဲ့ မိသားစုများကို ဆက်သွယ်အားပေး ကူညီသါားရန်ပြုလုပ်ထားသည့် အစီအစဉ်ဖြစ်သည်။
ထိုသို့မဲနှိုက်ယူရာတွင် ဒေါ်အောင်ဆန်းစုကြည်မှ ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ ကိုစိုးမင်းမင်း ၊
ဗဟိုအလုပ်မှုဆောင်  ဦးဝင်းတင်မှ ပူတာအိုထောင်ရှိ  မန္တလေးတိုင်းစည်း ဒေါ်ဝင်းမြမြ၊ 
ရန်ကုန်တိုင်း အမျိုးသမီးတာဝန်ခံ ဒေါ်မေ၀င်းမြင့်မှ သရက်ထောင်ရှိ ရှမ်းပြည်တပ်မတော် အက်စအက်စ်အေမှ ကိုရွှေအုန်း ခေါ် ကိုရွှေဘုန်း၊ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးသန်းထွန်းမှ မန္တလေးထောင်ရှိ ကိုအောင်ကိုကိုလွင် ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးလွင်မှ လှိုင်သာယာရှိ ကိုအောင်ကျော်မိုး အားလည်းကောင်း အသီးသီး တာဝန်ယူသွားမည်ဖြစ်သည်။
ယခုလိုနိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေးအတွက် မဲနှိုက်တာနှင့် ပတ်သတ်ပြီး `ကောင်းတယ်၊ အမှန်က ကျတော်တို့က လုပ်ချင်တာ အကျဉ်းသား ၂၀၀၀ကျော်အတွက် လုပ်ချင်တာ၊ အခုကတစ်ချို့ အကျဉ်းသားတွေက မရတာလဲရှိတယ်။ မနိုင်တာလဲ ရှိတယ်။ ဒါကြောင့် နိုင်သလောက် အဖွဲ့ချုပ်ထဲမှာ ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသား ခြောက်ရာကျော်ကို စလုပ်ထားတယ်။နောင်လဲ တိုးချဲ့လုပ်သွားဦးမယ်။´လို့ အန်အယ်ဒီ ဗဟိုကော်မတီဝင် ဦးဝင်းတင်က ပြောပြခဲ့သည်။ 
အန်အယ်ဒီတွင် ပြုစုထားသော လက်ရှိစာရင်းအရ နိုင်ငံရေး အကျဉ်းသား ၆၀၀ကျော်ရှိသည့်အနက် ယနေ့တွင်၃၀၀ကျော်ကို မဲနှိုက်ကာတစ်ဦးချင်းအလိုက် တာဝန်ယူကြခြင်း ဖြစ်သည်။လက်ရှိ ထိုင်းနိုင်ငံ အခြေစိုက် အေအေပီပီ ခေါ်နိုင်ငံေ၇း အကျဉ်းသားကူညီစောင့်ရှောက်ရေး အသင်းနှင့် လူ့အခွင့်အရေး အဖွဲ့များ၏ ထုတ်ပြန် ကြေငြာချက်အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၀ခန့် ရှိကြောင်း သိရသည်။
                   `အပြောင်းအလဲလိုလားတဲ့ နိုင်ငံသူ-သားပေါင်း သန်း၅၀ကျော်မှာ တော်လှန်ဆန့်ကျင်သူ ၂၀၀၀ကျော်ကို အကူအညီမပေးနိုင်ကြဘူးဆိုတာ သိပ်ပြီးကြားလို့ မကောင်းဘူးပေါ့ မြန်မာနိုင်ငံတွင်းမှာ စိတ်ဓါတ်အရဘဲဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ကျော်ကို ၀န်းရံမယ့်အား ၂၀၀၀ကျော် မရှိနိုင်သေးတာတော့ အတော်ကို အားနည်းတယ်လို့ မြင်တယ် လို့နိုင်ငံရေးအကျဉ်းသား ဟောင်း တစ်ဦးကသူ့၏အမြင်ကို ပြောပြခဲ့သည်။
နိုင်ငံရေး အကျဉ်းသားတို့အတွက် ရွှေတိဂုံရင်ပြင်တွင် ၀တ်ပြုဆုတောင်း
မိုးမခအထောက်တော် ၀၀၅၊ ရန်ကုန်
ဇန်န၀ါရီ ၅၊ ၂၀၁၁
အကျဉ်းကျခံ နိုင်ငံေ၇းအကျဉ်းသားများအတွက် ၀တ်ပြုဆုတောင်းပွဲ အခမ်းအနားကို ဇန်န၀ါရီလ ၄ရက်နေ့ မနက် ဆယ်နာရီ လေးဆယ့်ငါးမိနစ်တွင် အန်အယ်ဒီအဖွဲ့ဝင် တစ်ချို့နှင့် အကျဉ်းသူဟောင်း တစ်ချို့ တို့မှ ရွှေတိဂုံဘုရား အင်္ဂါထောင့်မှ စတင်ဆီမီးပူဇော် ထွန်းညှိဆုတောင်းခဲ့သည်။
`ကျမတို့လိုပဲ ထောင်ထဲကလူတွေ အမြန်ဆုံးလွတ်မြောက်အောင် ဆုတောင်းပေးရတာပါ။ ဒီလိုလုပ်ရတာ စိတ်ထဲမှာ ၀မ်းလဲသာတယ်၊ ၀မ်းလဲနည်းတယ်။ တစ်မျိုးကြီးခံစားရတယ်´လို့ တောင်ဒဂုံမြို့နယ်မှ နိုင်ငံရေး အကျဉ်းသူဟောင်းတယောက်က ပြောပြသည်။
          ထိုဝတ်ပြုဆုတောင်းပွဲတွင် ဖယောင်းတိုင်ပေါင်း ၂၂၀၀ကျော် ထွန်းညှိခဲ့ပြီး လာရောက် ၀တ်ပြုဆုတောင်းသူ လေးဆယ်ခန့်ရှိသည်ဟု သတင်းရရှိသည်။
ဘုရားပွဲနဲ့ တူတဲ့ ဗိုလ်တထောင်ဘုရားပွဲ
မိုးမခအထောက်တော် ၀၀၅
ဇန်န၀ါရီ ၅၊ ၂၀၁၁
အခုရက်ပိုင်းမှာ ကျင်းပနေတဲ့ ဗိုလ်တထောင် ဘုရားပွဲဟာ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အခြားသော ပွဲတွေဖြစ်တဲ့ တရုတ်တန်း တန်ဆောင်တိုင်၊ ရွှေတိဂုံ တပေါင်းပွဲ၊ မိုးကောင်းဘုရားပွဲတွေနဲ့ ကွဲပြားပြီး ကျိုက်ခေါက်ဘုရားပွဲလို၊ အခြားနယ်က ဘုရားပွဲတွေနဲ့ ဆင်တူပါတယ်။
မြန်မာ့ရိုးရာ သဘင်ပွဲတော်  
မိုးမင်းရဲ့ ဇတ်ပွဲလည်းရုံသွင်း ပြီးပြသနေတာ တွေ့ရပါတယ်။ ဇတ်ရုံရဲ့ အငွေ့အသက်၊ ဖျာခင်း ပက်လက်ကုလားထိုင်နဲ့ စားစရာတွေ၊ အနွေးထည်တွေယူလာပြီး ဇတ်ပွဲလာကြည့်တဲ့ မြင်ကွင်းမျိုး မြို့ပြမှာမြင်ရတာ ထူးခြားနေပါတယ်။ 
သားရေကွင်းပစ်ခြင်းဖြင့် အပျော်ရှာမယ်၊ ၀င်ငွေရှာမယ်။  ပွဲဈေးထဲက မျက်လှည့်ပွဲ မြင်ကွင်း
နောက်လောင်းကစားဝိုင်းလေးတွေမြင်ရတာလည်း နယ်အငွေ့အသက်ကို ခံစားရသလိုပါပဲ။ သားရေကွင်းပစ်တဲ့ ကစားနည်း၊ ဘောလုံး ၃ လုံးကန် ကျပ် ၂၀၀၊ ဘောလုံးကို ကားတာယာအ၀ိုင်းထဲ ၀င်အောင်ကန်နိုင်ရင် တလုံးကို ၃ ရာကျပ်လျော်မှာတဲ့။ နောက်ပြီး မြေရေအိုးတွေထဲ ဘောလုံးပစ်ထည့်လို့ ၀င်ရင် ဘယ်လောက်ဆိုတာလည်း ရှိသလို၊ စီးကရက်ဘူးတွေကို ကော်သေနတ်နဲ့ ပစ်လို့မှန်ရင် ပိုက်ဆံရမယ့် ကစားနည်းအလယ် ၊ ရှေးရိုးနည်းဖြစ်တဲ့ အန်စာခေါက်တဲ့ဟာ လည်းတွေ့ရပါတယ်။ 
ခွပ်ဒေါင်းနဲ့ နိုင်ငံရေး ဆေးမင်ကြောင် ထိုးမပေးရန် အမိန့်ထုတ်ထားဟု ဆိုသည်
             ချားရဟတ်တွေ ရေမုန့်သည်တွေ၊ အကြော်သည်တွေ၊ စောင်သည်တွေ၊ ပလပ်စတစ်ပစည်းဆိုင်တွေနဲ့ ခံစားမှု ပုံစံတမျိုးခံစားရတဲ့ ဘုရားပွဲပါ။
 ဗိုလ်တထောင် ဘုရားပွဲတော် မုဒ်ဦးအ၀င်။ ကွမ်းယာသည်နဲ့ ညဈေးမြင်ကွင်း။
 ဗိုလ်တထောင် ဘုရားပွဲတော် မုဒ်ဦးအ၀င်။
မြန်မာလူမှုရေးအသင်းတခု နယူးယောက်တွင် ဖွဲ့စည်း
မိုးမခအထောက်တော် ၀၀၂
ဇန်န၀ါရီ ၅၊ ၂၀၁၁
          နယူးယောက်တွင် မြန်မာများနှင့် မြန်မာ-အမေရိကန်များအတွက် သာရေး၊ နာရေး နှင့် လူမှုရေးဆိုင်ရာ အကူအညီများကို စေတနာဝန်ထမ်း လုပ်အားပေးမည့် မြန်မာလူမှုရေးအဖွဲ့ (နယူးယောက်) - Burma Community Service Society (New York) ကို နယူးယောက်မြို့ တွင် စိတ်ပါဝင်စားသူ မြန်မာမိသားစုများဖြင့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့၌ ဖွဲ့စည်းခဲ့သည်။
အပြည့်အစုံသို့ ...
ကိုကျော်သူရဲ့ Art Zone ပန်းချီ ပြပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
တာရာဝေယံ
ဇန်န၀ါရီ ၃၊ ၂၀၁၀
ရန်ကုန်မြို့ နာရေးကူညီမှု အသင်း နဲ့ လူမှုရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နေတဲ့ ရုပ်ရှင်မင်းသားဟောင်း ကိုကျော်သူရဲ့ Art Zone ပန်းချီ ပြပွဲကို ဇန်န၀ါရီ ၁ ရက်နေ့က ပြည်လမ်း၊ ပြည်သူ့လမ်းသွယ် အမှတ် ၂၄ မှာ ရှိတဲ့ ကိုကျော်သူ့အိမ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။နံနက် ၈ နာရီခွဲလောက်မှာ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခဲ့ပြီး ကိုကျော်သူရဲ့ အနုပညာ လက်ရာများကို လှည့်လည် ကြည့်ရှုကာ တက်ရောက်လာကြတဲ့ အနုပညာရှင်များ၊ ဧည့်ပရိသတ်များနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။ပန်းချီပြပွဲ အမှတ်တရ အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ရေလှိုင်းသဏ္ဌာန် ကောက်ကြောင်းတွေ ပါဝင်တဲ့ ပန်းချီလက်ရာ တစ်ခု ရေးဆွဲခဲ့ပါတယ်။
ပြပွဲမှာ ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ ပန်းချီမြင့်အောင် အစရှိတဲ့ အနုပညာ နယ်ပယ်က ပု ဂ္ဂိုလ်များနဲ့ နွေးထွေးလှတဲ့ ကိုကျော်သူ၊ မရွှေဇီးကွက်တို့ အပါအ၀င် နာရေးကူညီမှု အဖွဲ့သားတွေရဲ့ ဧည့်ခံ ကြိုဆိုမှုကို တွေ့ရပါတယ်။
No comments:
Post a Comment