ရန်ကုန် ၃၃ လမ်း တိုက်ခန်းနေသူများ အင်အားသုံး ဖယ်ရှားခံရ
ဟိန်းဇော် Tuesday, 18 January 2011 15:46
အင်အားသုံး ဖယ်ရှားခံရသည့် ရန်ကုန် ၃၃ လမ်း (အထက်) ရှိ တိုက်ခန်းများ (ဓာတ်ပုံ - ဧရာဝတီ)“ဒုတိယထပ်မှာ တိုက်ခန်း ၀ယ်ပြီး နေတဲ့ လူတွေက တံခါးဖွင့်မပေးတော့ အတင်းပဲ တံခါးတွေ ရိုက်ဖွင့်မယ်ဆိုပြီး အချေအတင် ဖြစ်ကြတယ်။ ရဲတွေလာပြီး ဖယ်ခိုင်းတာပါ” ဟု ၎င်းက ဆိုသည်။ယင်း တိုက်တွင် နေထိုင်သူများကို ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြောင်းရွှေ့ရန် စာပို့ထားပြီး မပြောင်းရွှေ့ပါက ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် အင်အားသုံးကာ ဖယ်ရှားမည်ဟု စာထဲတွင် ပါရှိကြောင်း၊ အဆိုပါ ပြောင်းရွှေ့စာပေးပို့ပြီး ၅ ရက်အတွင်း ဖယ်ရှားခိုင်းခြင်းသည် နေထိုင်သူများအတွက် မဖြစ်နိုင်သော လုပ်ရပ်တခုဖြစ်ကြောင်း၊ နေထိုင်သူများထဲတွင် ငွေကြေး အခက်အခဲကြောင့် ပြောင်းရွှေ့ရန် မဖြစ်နိုင်သူများ ပါဝင်ကြောင်း အဆိုပါ တိုက်တွင် နှစ်ပေါင်း ၃၀ ကျော်ကြာ နေထိုင်ခဲ့သူ တဦးက ပြောသည်။
“နေဖို့ အိမ်တလုံး ရှာတယ်ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ ကျမကတော့ ပစ္စည်းတွေ ပျက်စီးမှာစိုးလို့ ငါတို့ဘာသာ ဖယ်ပေး ပါမယ်လို့ ပြောရတယ်။ ပစ္စည်းတွေကို အတင်းပဲ အောက်ကို ပစ်ချတာလေ” ဟု ၎င်းက ဆိုသည်။လက်ရှိတွင် ပြန်လည်ညှိနှိုင်းမှုကို မယက က ဆောင်ရွက် ပေးနေသောကြောင့် အဆိုပါ တိုက်တွင် နေထိုင်သူများသည် ပစ္စည်းများကို တိုက်ရှေ့တွင် ပုံထားပြီး တိုက်ခန်းပေါ်တွင် ပြန်လည်နေထိုင် နေကြသည်။ လာပြီး ဖယ်တဲ့ရဲတွေက အမိန့်စာမှာ ဆွဲချဖို့ ပါပြီးသားဆိုပြီး အတင်းဆွဲချတာ။ နောက်တော့ မယက ပါ ရောက်လာပြီး ညှိနှိုင်းဖို့ လုပ်နေတယ်” ဟု အဆိုပါ တိုက်တွင် နေထိုင်သူ တခြားတဦးက ပြောသည်။အဆိုပါ လေးခန်းတွဲ သုံးထပ်တိုက်ကို ၁၉၅၅ ခုနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး မြေညီထပ် ၄ ခန်းကို စက်မှု (၁) ဝန်ကြီးဌာနမှ ၀န်ထမ်းများအား လစာဖြင့် ငှားရမ်းထားကာ ကျန်ဒုတိယထပ်နှင့် တတိယထပ် ၈ ခန်းကို ကန်ထရိုက်မှ အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုပြီး ရောင်းချခဲ့သည်။
“ဒီကနေ ဖယ်ခိုင်းနေတာ ကျနော်တို့ကို တိုက်ခန်း အစားပြန်ပေးဖို့လည်း အစီအစဉ်မရှိဘူး။ ၇၅ ကျပ် ကတည်းက လစာ ပေးပြီး ငှားနေလာခဲ့တာ။ အခုအချိန်ထိ လစာ ပေးနေတာ။ အခုလို လုပ်တော့ ဒုက္ခများကုန်တယ်” ဟု အဆိုပါတိုက်တွင် နေထိုင်သူ စက်မှု ၁ ၀န်ထမ်း တဦးက ဆိုသည်။
အခမဲ့ ပညာဒါနကျောင်း တားမြစ်ခံရ
ဟိန်းသူ Tuesday, 18 January 2011 18:37
ယင်းကျောင်းကို ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူငယ်ကွန်ရက်က ကမကထပြုဖွင့် လှစ်ခြင်းဖြစ်ပြီး ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များအတွက် အဓိက ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါကျောင်း ဖြစ်မြောက်ရန်အတွက် ဦးဆောင်နေသည့် ဦးမင်းလွင်၊ ဦးဖြိုးမင်းသိန်း၊ ဦးအေးဘို တို့ကို ပညာရေးဝန်ကြီးဌာန အမှတ်(၃) အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းမြင့်က ဘာသာရပ် ကိုယ်ပိုင်သင်တန်း ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ ကိုက်ညီမှု မရှိကြောင်းနှင့် ဖွင့်လှစ်ခွင့် မပြုကြောင်း စာ ပေးပို့ခဲ့သည် ဟု ကိုဖြိုးမင်းသိန်း က ပြောသည်။
ပညာရေးဝန်ကြီးဌာနမှ ပေးပို့သည့် စာတွင် ကလေးငယ်များအတွက် ကူညီပေးနေကြောင်း၊ ကျောင်းစာအုပ်များ ပေးသည့် အပြင် ကျောင်းလည်း အပ်ပေးနေကြောင်း ပါဝင်သော်လည်း လက်တွေ့တွင် မတူညီသည့်အတွက် မိမိတို့ကျောင်းမှ ကူညီရန် ကြိုးစားခြင်း ဖြစ်သည်ဟု ၎င်း က ရှင်းပြသည်။
ယခုဖွင့်လှစ်သည့် ကျောင်းမှာ မွန်းမံသင်တန်းကျောင်းသဘောမျိုး
အမေ့အိမ် ပညာဒါန ကျောင်း၌ နွေရာသီတွင် အင်္ဂလိပ်စာ အခြေခံ သင်းတန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး လာမည့် မတ်လတွင် ၁၀ တန်း ကျောင်းသားများ အတွက် ဟောပြောပွဲများပြုလုပ်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
လွှတ်တော်တက်မည့် ကိုယ်စားလှယ်များအတွက် ကန့်သတ်ချက် များပြား
ခင်ဦးသာ
၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် ခေါ်ယူမည့် လွှတ်တော်သို့ တက်ရောက်ကြရမည်ဖြစ်သော ကိုယ်စားလှယ်များအတွက် ကြိုတင် ကန့်သတ်ချက် စည်းကမ်းများ ချမှတ်ထားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု ကိုမင်းကိုနိုင် ကြိုဆို
ရန်ပိုင်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းကို ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ကြိုဆိုကြောင်း ပြောဆိုလိုက်သည်ဟု မကြာသေးမီက စစ်တွေ ၌ ကြက်၊ ဘဲ အရောင်းအ၀ယ် ပိတ်
ခင်ဦးသာ
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျေးရွာ တချို့၌ ယခုလအတွင်း ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ရာ ကြက်သေဆုံးမှုများရှိ၍ ကြက်ခြံ ၆ ခု မှ ကြက်များကို သုတ်သင်ရှင်းလင်းခဲ့ပြီး ရောင်းချခွင့်
ချင်းလူထု ၉၀ ရာခိုင်နှုန်းကျော် နှိပ်ကွပ်ခံနေရ
ဧရာဝတီ
ချင်းပြည်နယ်တွင် လူထု ၉၂ ရာခိုင်နှုန်းနီးပါးသည် စစ်အစိုးရ၏ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ အမျိုးသမီးများ အနိုင်ကျင့်ခံရမှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အကြီးအကျယ်ခံစားနေရကြောင်း အကယ်ဒမီပွဲမတိုင်မီ ၂ ပတ်မှစ၍ ရုပ်ရှင်၊ ဗီဒီယို မရိုက်ရန်တားမြစ်
နရီလင်းလက်
နေပြည်တော်၌ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ကျင်းပမည့် ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ မတိုင်မီ ၂ ပတ်ခန့်မှ စတင်၍ ရုပ်ရှင်နှင့် ဗီဒီယို ရိုက်ကူးမှုများ မပြုလုပ်ရန် တားမြစ်ထားသည်ဟု သိရသည်။အခမဲ့ ပညာဒါနကျောင်း တားမြစ်ခံရ
ဟိန်းသူ
အမေ့အိမ် ပညာဒါန အမည်ရှိ အခြေခံပညာအဆင့် အခမဲ့ ပညာသင်ကျောင်းကို ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ တားမြစ်သော်လည်း ဆက်လက် ဖွင့်သွားမည် ဖြစ်သည်
အဆင့်မြင့် ဟိုတယ်ကြီး ၃ ခု IGE ကုမ္ပဏီသို့ လွှဲပြောင်း
ရန်ပိုင်
ရန်ကုန်မြို့ရှိ သမ္မတ၊ အင်းလျားလိပ်၊ စထရင်း ဟိုတယ်ကြီး ၃ ခုအား အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၏သား ဦးနေအောင်ပိုင် IGE ကုမ္ပဏီ လီမိတက်သို့ စစ်အစိုးရက ရန်ကုန် အိမ်ခြံမြေ ဈေးနှုန်းများ ထိုးတက်
ခိုင်သွယ်
ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန် ဒေသများနှင့် မင်္ဂလာဒုံနှင့် မြောက်ဥက္ကလာပ မြို့နယ်များကို ဖြတ်သွားသည့် အမှတ် (၃) လမ်းမကြီးဘေးရှိ အိမ်ခြံမြေများကို စီးပွားရေး လုပ်ငန်းရှင်များက လိုက်လံ
အစိုးရသစ်လက်ထက် မီဒီယာများကို ပိုတင်းကျပ်နိုင်
ဧရာဝတီ
စစ်အစိုးရ၏ လမ်းပြမြေပုံ ၇ ချက်အရ မကြာမီ လွှတ်တော်များနှင့် အစိုးရသစ် ပေါ်ပေါက်လာမည် ဖြစ်သော်လည်း မီဒီယာများ သတင်းလွတ်လပ်ခွင့် မရရှိနိုင်ဘဲ ပိုမိုတင်းကျပ် နိုင်ကြောင်း သတင်းဂျာနယ် ရန်ကုန် ၃၃ လမ်း တိုက်ခန်းနေသူများ အင်အားသုံး ဖယ်ရှားခံရ
ဟိန်းဇော်
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၃ လမ်း (အထက်) ရှိ သုံးထပ်တိုက်တွင် နေထိုင်သူများကို အမှတ် (၁) စက်မှု ဝန်ကြီးဌာန သားရေစက်ရုံမှ စက်ရုံမှူး ဦးထင်ကျော်အမိန့်ဖြင့် အင်အားသုံး ဖယ်ရှား -
အစိုးရသစ်လက်ထက် မီဒီယာများကို ပိုတင်းကျပ်နိုင်
ဧရာဝတီ
သတင်းဂျာနယ်တစောင်ကို စိတ်ဝင်တစား ကြည့်နေသည့် ဈေးသည် အမျိုးသမီးတဦး (ဓာတ်ပုံ - အေပီ)“လက်ရှိ ဥပဒေတွေ အရတော့ လွှတ်တော် အစည်းအဝေးထဲကို ပုဂ္ဂလိက သတင်းမီဒီယာတွေ တရားဝင် သတင်းယူခွင့်မရှိဘူး။ လွှတ်တော် ဥက္ကဋ္ဌက ခွင့်ပြုမှ ၀င်လို့ရမယ်။ လွှတ်တော် အဆောက် အအုံနားကို ခွင့်ပြုချက်မရဘဲ ကပ်ရင်တောင် ထောင်ကျမယ့်ကိန်း ဖြစ်နေတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းမီဒီယာကြီး တခု၏ အမှုဆောင် အယ်ဒီတာ တဦးက ပြောသည်။
လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၂ တွင် လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော လွှတ်တော် ကိုယ်စားလှယ်များမှအပ တခြားမည်သူမျှ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရရှိဘဲ ၀င်ရောက်ခွင့် မရှိကြောင်း၊ လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် ခန်းမအတွင်းသို့ လိမ်လည် ပြောဆိုဝင်ရောက်ခြင်း သို့မဟုတ် တပါးသူ အယောင် ဆောင် ၀င်ရောက်ခြင်း၊ လွှတ်တော်အစည်းအဝေး ကျင်းပချိန်ဖြစ်စေ၊ အစည်းအဝေး ကျင်းပချိန် အပ၌ဖြစ်စေ ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရှိဘဲ လွှတ်တော် ပရ၀ဏ်အတွင်း နေထိုင်ခြင်းများပြုလုပ်လျှင် အနည်းဆုံး ထောင်ဒဏ် တနှစ်၊ ငွေဒဏ် ကျပ်တသိန်း သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်ကြော
ထို့အပြင် လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၃ (စ) တွင် မည်သူမဆို လျှို့ဝှက်စွာ ထိန်းသိမ်း ထားရှိရမည့် လွှတ်တော်ဆိုင်ရာ စာရွက်စာတမ်းများ၊ အကြောင်းအရာများ၊ အချက်အလက်များ၊ ကိန်းဂဏန်းများ၊ ရုပ်ပုံကားချပ်များနှင့် တခြားသော အထောက်အထားများကို ပြင်ပသို့ ပေါက်ကြားစေရန် ပြောဆိုခြင်း၊ ရေးသားခြင်း၊ ပုံနှိပ်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် တနည်းနည်းဖြင့် ဆက်သွယ်ပေးပို့ခြင်း မပြုလုပ်ရန် ပြဋ္ဌာန်းထားပြီး ထိုသို့ပြုလုပ်လျှင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ် ကျပ် ၂ သိန်း သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း ပြဌာန်းထားသည်။လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးချက်များကို လွှတ်တော်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိဘဲ ပြင်ပသို့ ပြောဆိုပေါက်ကြားပါက မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ဥပဒေအရ အရေးယူနိုင်သည် ဆိုသော အချက်ကိုလည်း ဥပဒေများထဲတွင် မကြာခဏဆိုသလို ဖော်ပြထားကြောင်း တွေ့ရှိရသည်။
“လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ မီဒီယာတွေမှာ နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ စီးပွားရေးဆိုင်ရာ ဥပဒေတွေ၊ ကိစ္စတွေကို လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့် မရှိဘူး” ဟု တသီးပုဂ္ဂလ လွှတ်တော်အမတ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ တဦးက ပြောသည်။ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၂၉/ ဂ (၆) တွင် လွှတ်တော်ကိုယ်စားလှယ် တဦးအနေနှင့် နိုင်ငံတော် လျှို့ဝှက်ချက်ကို ဖောက်ဖျက်လျှင် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက် အက်ဥပဒေအရ လည်းကောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေဖောက်ဖျက်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေအရ လည်းကောင်း အရေးယူခြင်း ပြုလုပ်နိုင်ကြောင်း ရေးသားထားသည်။
လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး တက်ရောက်ရာတွင် ကင်မရာ၊ အသံဖမ်းစက်၊ မီးခြစ် အပါအ၀င် တားမြစ်ပစ္စည်း ခုနစ်မျိုးကို သယ်ဆောင်ခြင်း မပြုရဟုလည်း လွှတ်တော် အစည်းအဝေး တက်ရောက်ရန် လွှတ်တော်ကိုယ်စားလှယ်များသို့ တရားဝင်ပေးပို့သော ဖိတ်ကြားလွှာတွင် ရေးသား ဖော်ပြထားသည်။
လွှတ်တော်များတွင် ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့် အရေးကော်မတီနှင့် အစိုးရအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီဆိုသော လွှတ်တော်ကော်မတီ ၄ ရပ်ကို ဖွဲ့စည်းမည်ဖြစ်ပြီး အဆိုပါ ကော်မတီများတွင် ဆွေးနွေးသော အကြောင်းအရာများကို ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရန် လျှို့ဝှက်ထားရမည်ဟု ဥပဒေများတွင် တရားဝင်ပြဋ္ဌာန်းထားသည်။အစိုးရသစ် လက်ထက်တွင် သတင်းမီဒီယာများကို လွတ်လပ်ခွင့် မပေးနိုင်သည့်အပြင် ပိုမိုတင်းကျပ်သော ထိန်းချုပ်မှုများ ပြုလုပ်လာနိုင်သည်ဟုလည်း သတင်းသမားများက ပြောဆိုနေကြသည်။“အခြေအနေက ပိုပြီးတောင် ကျပ်လာမယ်ထင်တယ်။ အထူးသဖြင့် အစိုးရနဲ့ လွှတ်တော်အကြောင်း ရေးဖို့ တော်တော် ခက်မယ်။ အစိုးရကို ဝေဖန်ဖို့မပြောနဲ့ သူတို့ဆီကရတဲ့ သတင်းတောင် စိစစ်ရေးက လွှတ်ပေးပါ့မလား။ အခုအချိန်ထိတော့ စိစစ်ရေးက တင်းကျပ်နေတုန်းပဲ” ဟု အမျိုးသမီး အယ်ဒီတာတဦးက ဆိုသည်။
စာပေစိစစ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေသည် ဒု ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူး တိုးမြှင့်ခြင်း ခံထားရပြီး သူ၏ ညွှန်ကြားရေးမှူးနေရာတွင် ရေတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်မောင်ဆိုသူကို အစားထိုးခန့်ထားလိုက်ပြီ ဖြစ်ကြောင်း မီဒီယာ အသိုင်းအ၀န်းမှ သိရသည်။မြန်မာနိုင်ငံတွင် ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်မရသေးဘဲ အပတ်စဉ်ထုတ် ဂျာနယ်နှင့် လစဉ်ထုတ် မဂ္ဂဇင်းများကိုသာ စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် ရေးသား ထုတ်ဝေခွင့် ရရှိသည်။
အကယ်ဒမီပွဲမတိုင်မီ ၂ ပတ်မှစ၍ ရုပ်ရှင်၊ ဗီဒီယို မရိုက်ရန်တားမြစ်
နရီလင်းလက် Wednesday, 19 January 2011 11:31
ယမန်နှစ်က နေပြည်တော်တွင် ကျင်းပသည့် အကယ်ဒမီဆုပေးပွဲတွင် သရုပ်ဆောင် ခန့်စည်သူကို အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ယူအပြီး တွေ့ရစဉ် (ဓာတ်ပုံ - maygawaddyfamily.blogspot.com)ယခင်က အကယ်ဒမီ ထူးချွန်ဆုပေးပွဲ နီးကပ်လာပါက နယ်ထွက် ရိုက်ကူးခြင်းကို တားမြစ်ခဲ့ခြင်းများ ရှိခဲ့သော်လည်း ယခုကဲ့သို့ မည်သည့် နေရာတွင်မှ ရိုက်ကူးမှုမပြုလုပ်ရန် တားမြစ်ခြင်းမှာမူ ပထမဆုံး ဖြစ်သည်ဟု သူက ဆိုသည်။
ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး ကုမ္ပဏီများသို့ ဇန်န၀ါရီ ၁၀ ရက်နေ့ မှ ၂၄ ရက်နေ့အထိ ရိုက်ကူးရေးလုပ်ငန်းများ မပြု လုပ်ရန် ရုပ်ရှင်အစည်းအရုံးမှ စာပို့ထားသည်ဟု ဗီဒီယို ဇာတ်ကားများ ထုတ်လုပ်ဖြန့်ချိနေသည့် ကုမ္ပဏီ တခုမှ တာဝန်ရှိ သူတဦးက ပြောသည်။
“တချို့ ထုတ်လုပ်ရေးတွေ ကျတော့လည်း ဘယ်ရက်မှာ ကားပြီးရမယ်လို့ သတ်မှတ်ပြီး ရိုက်နေတော့ နည်းနည်း ကသီတာပေါ့။ သတ်မှတ်ထားတဲ့ ရက်ထက် နောက်ကျမှ ကားထွက်တာမျိုးတွေ ရှိသွားနိုင်တယ်။ အရင်နှစ်တွေက နယ် မထွက်ရဘူးဆိုတာ သိထားတော့ ကိစ္စမရှိဘူး၊ မြို့တွင်း ပတ်ရိုက်လို့ရတယ်ဆိုပြီး စီစဉ်ထားတာ။ အခု ဒီလို စာထုတ်ပြီး ပို့တော့ မြို့ထဲမှာတောင် ရိုက်လို့မရတော့ဘူး” ဟု သူက ဆက်ပြောသည်။၂၀၀၇ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွ
ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ကျော်သူက “အနုပညာလောကမှာ စာပေဆုပဲဖြစ်ဖြစ်၊ ဂီတ ဆုပဲဖြစ်ဖြစ်၊ ရုပ်ရှင် ဆုပဲ ဖြစ်ဖြစ် ချီးမြှင့်တဲ့ ပွဲကို အနုပညာသမားက ကိုယ်နဲ့ တကယ်ပတ်သက်နေပါလား၊ ငါတို့ သွားမှ ဖြစ်မယ်ဆိုတဲ့ အသိမျိုး ရှိနေဖို့ပဲ လိုတယ်။ မတက် တက်အောင် ဖန်တီးတာမျိုး၊ မတက်မနေရလုပ်တာမျိုးတွေ မလုပ်သင့်ဘူး” ဟု ပြောသည်။အကယ်ဒမီပေးပွဲသို့ သွားရောက်၍ သတင်းနှင့်ဓာတ်ပုံ ရယူမည့် ပြည်တွင်း သတင်း ဂျာနယ် တိုက်များကိုလည်း တနှစ်ထက်တနှစ် ကန့်သတ်မှုများ ပိုမို ပြုလုပ်လာကြောင်း သတင်းထောက် တဦးက ပြောသည်။“မီဒီယာများကို စိစစ်ပြီးမှ တက်ခွင့်ပြုမယ် ဆိုတာကတော့ နှစ်တိုင်း ပြောနေကြဆိုပေမယ့် ဒီနှစ်မှာတော့ လျှောက်လွှာတင် ထားတယ်ဆိုပြီးတိုင်း တက်ရမယ် မထင်ပါနဲ့လို့ ပြောတယ်။ အဓိက ဘယ်ဂျာနယ်တိုက်က ဘယ်သူတွေ တက်မလဲဆိုတာ ကြည့်ပြီး သေချာစိစစ်မယ် ပြောတယ်။
ပုံမှန် တိုက် တတိုက်ကို ၂ ယောက် တက်ခွင့်ပေးနေရာကနေ တယောက်တည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ သူတို့နဲ့ ပိုင်အောင် ပေါင်းထားတဲ့ လူတွေကတော့ ဘယ်လောက် ၀င်ဝင် ထွက်ထွက်ရတယ်။ နောက်တခု ဒီလိုလုပ်တာ မီဒီယာ သမားတွေကို နေရာ တကာမှာ မမြင်ချင်တာလည်း ပါမယ်ထင်တယ်” ဟု သူက ဆိုသည်။
ယခုကျင်းပမည့် ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲမှာ ၅၇ ကြိမ်မြောက်ဖြစ်ပြီး ရုံတင် ပြသခဲ့သည့် မြန်မာ ရုပ်ရှင် ဇာတ်ကား ၁၆ ကားအနက်မှ ရွေးချယ်ပေးအပ်မည်ဖြစ်ကာ ထို ရုပ်ရှင်ကားများ ထဲတွင် ဟာသ ဦးစားပေး ဇာတ်ကား ၁၀ ကား ပါဝင်သည်။အဆိုပါ ဇာတ်ကားများထဲမှ “မိုးညအိပ်မက်မြူ” ဇာတ်ကားကို အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး အမျိုးသားဆုများ ရရှိနိုင်သည်ဟု အနုပညာအသိုင်းအ၀န်းတွင် ခန့်မှန်းပြောဆိုနေကြသည်။
ချင်းလူထု ၉၀ ရာခိုင်နှုန်းကျော် နှိပ်ကွပ်ခံနေရ
ဧရာဝတီ Wednesday, 19 January 2011 15:16
ချင်းပြည်နယ် တီးတိန်မြို့နယ် လမ်းပိုင်းတခုရှိ မြေပြိုသည့်နေရာတွင် အဓမ္မလုပ်အားပေး ခိုင်းစေခြင်း ခံရသည့် အလုပ်သမားများ။ (ဓာတ်ပုံ - Chin Human Rights Organization)စေတနာ့ဝန်ထမ်းများကို လေ့ကျင့်ပေးပြီး ၂၀၀၉ နှင့် ၂၀၁၀ ပြည့်နှစ်များအတွင်း ချင်းပြည်နယ်ထဲတွင် စစ်တမ်းများကောက်ယူကာ ထုတ်ပြန်ထားသည့် စာမျက်နှာ ၆၄ မျက်နှာပါ ယင်းအစီရင်ခံစာတွင် စစ်အစိုးရ၏ ဖိနှိပ်မှုများကို ခံစားခဲ့ရသည့် မိသားစုဝင်များမှ လူပေါင်း ၃၃၀၀ ခန့်ကို မေးမြန်းပြီး အထောက်အထားများဖြင့် ဖော်ပြထားသည်။
ကောက်ယူခဲ့သည့် စစ်တမ်းများအရ မိသားစုတိုင်းတွင် ၉၂ ရာခိုင်နှုန်း၌ မိသားစုဝင်တဦးသည် အဓမ္မလုပ်အားပေး စေခိုင်းခံရဖူးကြောင်း၊ ၆၂ ရာခိုင်းကျော်သည် အသက်အန္တရာယ် ခြိမ်းခြောက်ရသည့် အနေအထားတွင် ရှိကြောင်း သိရသည်။
“ပေါ်တာဆွဲတာတွေ၊ မိုင်းရှင်းလူသားအဖြစ် အသုံးပြုတာတွေ၊ လုပ်ခမပေးဘဲ လုပ်အားပေးခိုင်းတာတွေ၊ လမ်းတံတားဖောက်တဲ့ လုပ်ငန်းမှာ ခိုင်းစေတာတွေကို ချင်းမိသားစုဝင်တွေဟာ တွေ့ကြုံခံစားခဲ့ရပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။စစ်အစိုးရ တပ်များ၏ သတ်ဖြတ်မှု၊ ရိုက်နှက်ညှဉ်းပန်းမှု၊ ခရစ်ယာန် ဘာသာဝင်များဖြစ်သော ချင်းလူမျိုးများအပေါ် ဘာသာရေး ဖိနှိပ်မှု၊ လက်စဖျောက်မှု၊ အမျိုးသမီးများကို အဓမ္မကျင့်မှုများကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ဒီအစီရင်ခံစာမှာ စစ်အစိုးရက ပြည်သူတွေအပေါ် တရားလွန်အဆင့် ချိုးဖောက်ပြုကျင့်နေတဲ့ ဖိနှိပ်မှုတွေကို ဖော်ထုတ်ထားပါတယ်။ လေ့လာတွေ့ရှိရတဲ့ ချိုးဖောက်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအနေနဲ့ စွဲဆိုလို့ ရပါတယ်” ဟု PHR မှ လက်ထောက် ညွှန်ကြားရေးမှူး ရစ်ချတ် ဆော်လွန် က အစီရင်ခံစာနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တွင် ပြောထားသည်။
ဤဖော်ထုတ်ချက်များမှာ မြန်မာ့အရေးနှင့် ပတ်သက်သူအားလုံးကို အာရုံစူးစိုက်လာစေရန်သာမဟုတ်ဘဲ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန်လည်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။၁၉၈၈ ခုနှစ်မှစ၍ ချင်းပြည်နယ်မှ လူပေါင်း ၇ သောင်းခွဲကျော် အိန္ဒိယနယ်စပ်ဒေသသို့ အဓမ္မရွှေ့ပြောင်းခံရပြီး မလေးရှားနိုင်ငံသို့ နည်းလမ်းအမျိုးမျိုးဖြင့် ၅ သောင်းခန့် ထွက်ခွာသွားကြကြောင်း သိရသည်။ အစီရင်ခံစာက ကုလသမဂ္ဂအနေဖြင့် ချင်းပြည်နယ်အတွက်သာမက မြန်မာတပြည်လုံးအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) တရပ်အလျင်အမြန် ဖွဲ့စည်းရန်နှင့် မြန်မာ့ အိမ်နီးချင်း နိုင်ငံများ အနေဖြင့်လည်း ယင်းဖိနှိပ်မှုများ ရပ်တန့်ရေး ဖိအားပေးကြရန် တိုက်တွန်းထားသည်။အစီရင်ခံစာ ရေးသားရာတွင် ပါဝင်ခဲ့သည့် ဂျွန် ဟော့ပ်ကင်း ပြည်သူ့ ကျန်းမာရေးကျောင်းမှ တွဲဖက်သုတေသီတဦးက “ဖော်ပြထားတာတွေကတော့ တုံ့ပြန်ဖြေဆိုသူတွေ ပြောပြတာတွေပါ။ ရရှိတဲ့ အချက်အလက်တွေ၊ ထုတ်ဖော်ပြောကြားချက်တွေအရ ချိုးဖောက်ခံရမှုတွေဟာ ပုံမှန်လိုနဲ့ အနှံ့အပြားမှာ ဖြစ်နေတာပါ” ဟု ပြောသည်။
အာဖရိကန် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကလည်း “စုံစမ်းလေ့လာသူတွေရဲ့ ထုတ်ဖော်မှုအရ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျဖြစ်နေတဲ့ ချိုးဖောက်မှုတွေကို မြင်သာလာစေပါတယ်။ ရလဒ်ကတော့ စိတ်မကောင်း ဝမ်းနည်းဖွယ်ရာပါပဲ” ဟု PHR ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။လတ်တလောတွင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့သို့ ရောက်ရှိနေပြီး သံတမန်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က “ကျနော်တို့ကတော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ကလေးစစ်သားတွေကိစ္စ၊ အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ ထောင်တွင်း နှိပ်စက်ညှဉ်းပမ်းမှုတွေကို အဓိကထားပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်” ဟု ပြောသည်။လာမည့်သီတင်းပတ်တွင် ဂျနီဗာမြို့၌ ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် AAPP က တက်ရောက်ခွင့် ရမည် မဟုတ်ကြောင်းလည်း သိရသည်။သို့သော် မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှုကဏ္ဍ၌ ချင်းပြည်နယ် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာကို ထည့်သွင်းသုံးသပ်လိမ့်မည်ဖြစ်ြေ
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု ကိုမင်းကိုနိုင် ကြိုဆို
ရန်ပိုင် Wednesday, 19 January 2011 16:56
၂၀၀၇ ခုနှစ် သြဂုတ်လ လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြ ကာလ အတွင်း က တခြားသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့်အတူ တွေ့ရသည့် ကိုမင်းကိုနိုင်ကိုမင်းကိုနိုင်သည် ၁၉၈၉ ခုနှစ် ပထမအကြိမ် စစ်တွေထောင်၌ ထောင်ဒဏ် ၁၆ နှစ် ကျခံခဲ့ရစဉ်က ရရှိခဲ့သည့် အရိုးကျီးပေါင်း တက်သည့် ရောဂါကိုလည်း ခံစားနေရကြောင်း သိရသည်။ကျိုင်းတုံထောင်တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ မြန်မာနေးရှင်း ဂျာနယ်မှ ကိုစိန်ဝင်းမောင်၊ ဆရာတော် ဦးဣဿရိယ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၇ ဦးရှိသည်ဟု ဒေါ်ကြည်ကြည်ညွန့်က ပြောသည်။ယခင်က ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို ထောင်ပရိဝုဏ် ကျဉ်းမြောင်းသည်ဟူသော အကြောင်းပြချက်ဖြင့် လမ်းလျှောက်ခွင့် ပိတ်ပင်ထားသော်လည်း ယခုအခါတွင် လမ်းလျှောက်ခွင့်ပေးကြောင်းလည်း ၎င်းကဆိုသည်။
“အခုတော့ သုံးယောက်တတွဲ လေးယောက်တတွဲ ည၊ မနက် အချိန်ခွဲပြီး လျှောက်ခွင့်၊ လေ့ကျင့်ခန်းလုပ်ခွင့်ပေးတယ်”ဟု ဒေါ်ကြည်ကြည်ညွန့်က ပြောပြသည်။
ကျိုင်းတုံထောင်မှာ ဝေးလံသည့် အတွက် ကိုမင်းကိုနိုင်၏ မိသားစုမှာ သုံးလတကြိမ်သာ ထောင်ဝင်စာ သွားရောက်တွေ့နိုင်သည်။ကိုမင်း
ထို့အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုကိုကြီးမှာလည်း ရှမ်းပြည်နယ် အရှေ့ပိုင်းမိုင်းဆတ်ထောင်သို့ ပို့ဆောင်ခြင်းခံရပြီး မိသားစု သွားရောက်မတွေ့ဆုံနိုင်သည်မှာ ၂ နှစ်ကျော် ရှိပြီ ဖြစ်သည်ဟု ညီဖြစ်သူ ကိုအောင်ထွန်းက ဧရာဝတီ သို့ပြောသည်။“လူချင်းမတွေ့ရတာ ကြာပြီ၊ အအေးလှိုင်း ခဏခဏ ဖြတ်တယ်ဆိုတော့ စိုးရိမ်တယ်၊ ဒီနေ့ပဲ အနွေးထည်နဲ့ စားစရာ ဆေးဝါး ပါ ဆယ် ပို့လိုက်တယ်”ဟု ၎င်းကဆိုသည်။
ကိုကိုကြီးသည် အသည်းရောဂါ၊ အစာအိမ် ရောဂါများကို ခံစားနေရပြီး ယင်းရောဂါများ ပျောက်ကင်းရန် ဝေးလံခေါင်သီသည့် ဒေ သ များတွင် ကုသ၍ မဖြစ်နိုင်ကြောင်းလည်း ကိုအောင်ထွန်းက ဆက်လက်ပြောသည်။ပြီးခဲ့သည်နှစ်က ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိသည်ဟု စွပ်စွဲချက်ဖြင့် ကလေးထောင်တွင် ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ် ကျ ခံနေရ သည့် မှော်ဘီမြို့နယ်မှ ကိုနိုင်လင်းသည်လည်း သွေးအားနည်းသည့် ရောဂါကြောင့် သွေးသွင်းရကြောင်း မကြာသေးခင် ရက်ပိုင်း က သွားရောက်တွေ့ဆုံခဲ့သည့် ဖခင် ဦးခင်မောင်ဝင်းက ပြောသည်။ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက် နိုင်ငံရေး အကျဉ်းသားမိသား စုများနှင့် ၂ ကြိမ်တိုင်တိုင် တွေ့ဆုံ အားပေးခဲ့သည်။မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၈၉ ဦးရှိကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလ အထိ လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား ၁၆ ဦးရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) မှ ကြေညာချက် ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်တွင် နှင်းမုန်တိုင်း တိုက်၊ ပျက်စီးမှုများရှိ
နရီလင်းလက် Wednesday, 19 January 2011 17:54
နှင်းမုန်တိုင်းကြောင့် ပန်ဝါရှိ ကုန်သွယ်ရေးဂိတ် ပြိုကျ ပျက်စီးနေပုံ (ဓါတ်ပုံ-ကိုထက် ပန်ဝါ)ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် ပျမ်းမျှ အပူချိန်အောက် ၃ ဒီဂရီ စင်တီ ဂရိတ်မှ ၄ ဒီဂရီ စင်တီဂရိတ်အထိ လျော့နည်းခဲ့သည်ဟု ဇန်န၀ါရီ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းသည် လာနီညာ၏ သဘောသဘာဝများကို ကြုံတွေ့ ရမည့် ကာလဖြစ်သောကြောင့် ဆောင်းရာသီသည် ဖေဖော်ဝါရီလကုန်အထိဖြစ်နိုင်ပြီ
နှင်းမုန်တိုင်းကြောင့် ပန်ဝါရှိ ကုန်သွယ်ရေးဂိတ် ပြိုကျ ပျက်စီးနေပုံ (ဓါတ်ပုံ-ကိုထက် ပန်ဝါ)ယခုနှစ်ဆောင်းတွင် လာနီညာရာသီဥတု၏ သက်ရောက်မှုနှင့် အအေးလှိုင်းများဖြတ်သန်းမှုကြောင်
ရှမ်းပြည်နယ် လွိုင်လင်မြို့နေ မမိုးမိုးက“ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက သိသိသာသာ အရမ်းအေးလာတယ်။ မိုးတွေ လည်း ရွာပြီး အရင်နှစ်တွေကထက် ပိုအေးနေတယ်”ဟု ပြောသည်။
“ချီဖွေမှာကတော့ အခုချိန်ထိကို မိုးသီးတွေ ကြွေနေတုန်း။ တော်တော်တော့ အေးနေတယ်။ ရေအားလျှပ်စစ်စီမံကိန်းထဲက ၀န်ထမ်းတွေကတော့ သိပ်ပြဿနာ မရှိပေမယ့် ဒေသခံတွေကတော့ အေးတဲ့ ဒဏ်နဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကို တော်တော်ကြုံနေရတယ်။ မိုးသီးတွေ ကြွေ၊ နှင်းတွေကျ ရာသီဥတု အေးတော့ ဘယ်မှ သွားလာမရဖြစ်တာပေါ့”ဟု မြစ်ဆုံ အေး ရှား ဝေါလ် စီမံကိန်းမှ ၀န်ထမ်းတဦးက ဆိုသည်။
ကချင်ပြည်နယ်အတွင်း အခြားဒေသများထက် အအေးဓာတ်ပိုမိုသည့် လိုင်ဇာ ဒေသတွင် ပြင်းထန်သည့် အအေးဒဏ် ကြောင့် လေဖြတ်သေဆုံးသူများပြားနေသည်ဟု ကချင်ပြည်နယ် ရွှေကူမြို့မှ ဒေသခံတဦးက ပြောသည်။ သေဆုံးသူ အရေအတွက်ကို မူ အတိအကျ မသိရှိရပေ။ လက်ရှိရာသီ ဥတုအခြေအနေသည် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက်လည်း စိုးရိမ် ပူပန်စရာဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ဆောင်းရာသီကာလအတွင်း ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းတို့သည် ရေခဲ မှတ် ၀န်းကျင်ရောက်ရှိသည်အထိ အေးမြခဲ့သည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။Myanmar Climate Change Watch(MCCW) မှ ဒေါက်တာ ထွန်းလွင်က လာနီညာ ရာသီဥတုဖြစ်စဉ်သည် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလတွင် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာပြီး ယင်း၏ သက်ရောက်မှုသည် ဇန်န၀ါရီ၊ ဖေဖော်ဝါ ရီလများအထိ ဆက်ရှိနေမည်ဖြစ်ကြောင်း၊ နှစ်ဦးပိုင်း ဆောင်းရာသီကို သက်ရောက်စေမည့် အချက် နှစ်ချက်ရှိပြီး တစ်ချက်မှာ လာနီညာဖြစ် စဉ်ဖြစ်ကာ ဒုတိယအချက်မှာ အာတိတ်ရေခဲပြင်မှ အေးသော လေထုများ လတ္တီကျုအနိမ့်ပိုင်းအထိ ဆင်းလာပြီး ဆိုက်ဘေးရီး ယားဒေသမှ ဟိမ၀န္တာ၊ ထိုမှ မြန်မာနိုင်ငံသို့ ၀င်ရောက်လာခြင်းဖြစ်ကြောင်း Weekly Eleven ဂျာနယ်စာမျက်နှာတွင် ပြောဆို ထားသည်။
ဒီဇင်ဘာလ ဒုတိယ ၁၀ ရက်ပတ်အတွင်း ညအပူချိန်များအနေဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း တိုင်း အထက်ပိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် လျော့နည်းနိုင်ပြီး ကျန်ဒေသများ၌ ပျမ်းမျှအပူချိန်ဝန်းကျင်တွင်သာ ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ထုတ်ပြန်ထားသည်။၂၀၀၉ ခုနှစ် အတွင်း အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဖိလစ်ပိုင်၊ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဗီယက်နမ် နှင့် လာအို နိုင်ငံ တို့တွင် ရေကြီးမှုများဖြစ်ပွားပြီး ဗီယက်နမ် နိုင်ငံတွင် ပြီးခဲ့သည့်အပတ်က အအေးလှိုင်းဖြတ်သန်းမှုကြောင့် ကျောင်းများ ပိတ်ခဲ့ရကြောင်း သိရသည်။
ကရင်ပြည်နယ် တိုက်ပွဲ နအဖ လက်နက်ကြီးများ ဆက်သုံး
ဧရာဝတီ
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် အတွင်း ပြင်းထန်စွာ ဖြစ်ပွားနေသော တပတ်ကျော်ရှိ တိုက်ပွဲများတွင် နအဖ တပ်များက လက်နက်ကြီးများကို အသုံးပြု၍ ဆက်လက် ပစ်ခတ်နေကြောင်းစစ်ခေါင်းဆောင်များအား ပစ်မှတ်ထား ပိတ်ဆို့မှု NLD ဆက်လက်ထောက်ခံ
ခင်ဦးသာ
မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် ၎င်းတို့၏ အပေါင်းအပါများကို ပစ်မှတ်ထား ပိတ်ဆို့မှု ဆက်လက် ဆောင်ရွက်ရန် ထောက်ခံသော်လည်း စီးပွားရေးနှင့် သက်ဆိုင်သည့် တခြားပိတ်ဆို့မှုများNGO များ ငွေသုံးစွဲမှု စစ်ဆေး အရေးယူရန် ပြင်ဆင်
နရီလင်းလက်
ပြည်တွင်းရှိ မြန်မာနိုင်ငံသားများ တည်ထောင်ထားသည့် အစိုးရမဟုတ်သော NGO အဖွဲ့များ၏ ငွေကြေး သုံးစွဲမှုများနှင့် ပတ်သက်၍ အာဏာပိုင်များက စစ်ဆေး အရေးယူသွားရန် ပြင်ဆင်နေ
မလေးရှားရှိ မြန်မာ အမျိုးသမီး ၂ ဦး အသတ်ခံရ
ဟိန်းသူ
မလေးရှားနိုင်ငံ မာလာကာမြို့ရှိ တာမန်မာလင်ပါမိုင်း ရပ်ကွက်တွင် မြန်မာ အမျိုးသမီး ၂ ဦး ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၅ ရက်နေ့ က အသတ်ခံရကြောင်း သိရသည်။အသက် ၃၅ နှစ်အရွယ် မညွန့်ညွန့်
လွှတ်တော်အတွင်း လွတ်လပ်စွာ ပြောဆိုခွင့် ဥပဒေဖြင့် ပိတ်ပင်ထား
ဧရာဝတီ Monday, 17 January 2011 16:51
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော လွှတ်တော် ဆိုင်ရာဥပဒေ၊ နည်းဥပဒေများတွင် လွှတ်တော် ကိုယ်စားလှယ်များကို တင်းကျပ်စွာ ချုပ်ကိုင်ထားပြီး လွှတ်တော်အတွင်း ကမ္ဘာလှည့် ခရီးသွားများကို ခြင်းလုံးဖြင့် ဆွဲဆောင်မည်
ဟိန်းဇော် Monday, 17 January 2011 14:03
ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်သည့် အနေဖြင့် ပထမဆုံးအကြိမ် မြန်မာ့ရိုးရာ ခြင်းလုံး အားကစား ပြိုင်ပွဲကို မန္တလေးတိုင်း ပုဂံ - ညောင်ဦး ၌ ဇန်န၀ါရီလ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည် CB ဘဏ် ပြိုလဲတော့မလား
ရန်ပိုင် Saturday, 15 January 2011 17:11
အပ်နှံထားသည့်ငွေများကို ပြန်လည်ထုတ်ယူသူ များပြားလာသောကြောင့် ပုဂ္ဂလိကနှင့် သမ၀ါယမ ၀န်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် CB ဘဏ် ပြိုလဲနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေပြီး ဘဏ် ရန်ပွဲများကြောင့် ညကလပ်တချို့ ပိတ်
မိုးယံ Saturday, 15 January 2011 16:48
ရန်ကုန်မြို့ရှိ ညကလပ် (Night Club) တချို့ အထူးစီမံချက်ဖြင့် အကန့်အသတ်မရှိ ပိတ်ထားခံရသည်။မင်္ဂလာတောင်ညွန့်သြမ္မတကြီး ဦးသန်းရွှေ ဖြစ်လာမလား
ဧရာဝတီ
နောက်တက်မည့် အစိုးရအဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတအဖြစ် တာဝန်ယူမည်ဟု နေပြည်တော်ရှိ စစ်အစိုးရ အသိုင်းအ၀န်းတွင် ပြောဆိုနေကြကြောင်း ဧရာဝတီမှ သိရသည်။သမ္မတကြီး ဦးသန်းရွှေ ဖြစ်လာမလား
ဧရာဝတီ Friday, 14 January 2011 19:27
နေပြည်တော်တွင် ကျင်းပသည့် ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ညစာစားပွဲတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အရပ်ဘက်ပြောင်း ဗိုလ်ချုပ်ဟောင်းများ။ (ဓာတ်ပုံ - AP)ဒု ဗိုလ်ချုပ်ကြီး ကိုကိုမှာ ပြည်ထဲရေး ၀န်ကြီးအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးမှာမူ အနားယူတော့မည် ဟုဆိုသည်။ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက စစ်တပ်ရာထူး အပြောင်းအလဲများ ပြုလုပ်ခဲ့ရာ ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒု ဗိုလ်ချုပ်ကြီး သာအေး အပါအ၀င် ဒု ဗိုလ်ချုပ်ကြီးများအား အငြိမ်းစားပေးခဲ့ပြီး ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်စေခဲ့သည်။သို

No comments:
Post a Comment