Friday, January 7, 2011

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် & ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ (UNHCR) ရှေ့တွင် ဒီကေဘီအေတပ်မှ ရဲဘော်တဦးဖြစ်သူ စောသံမဏိဗုံးကိုင်၍ ဆန္ဒပြတောင်းဆိုသော (ဗွီဒီယိုမှတ်တမ်း)0 ကျနော်ပြောခြင်တဲ့ Sanction အကြောင်း(၂) ( ရေးသားသူ - ဒေါက်တာ လှိုင်မြင့် )

ရေးသူ-ဗမာ့သွေး

ကျွန်ူပ်တို့ အဘိုးအဘွားတို့ တိုင်းပြည်ကောင်းစားရေး စိတ်ထားများ ဖြင့် သူတို့၏ အသွေးအသားတို့အား လွတ်လပ်ရေး ယဇ်ပလ္လင်ထက်တွင် မကြောက်မရွံ့ နောက်မတွန့်ဘဲ စတေးခံသွားခဲ့ကြသည့် အကြောင်းများကို ဖတ်ရှုရသူ အပေါင်း နှစ်ထောင်းအားရ စိတ်ဓါတ်များဖြင့် အာဇာနည်ဟု ကြွေးကြော် ၊ သူတို့ကို ဦးခိုက် ပူဇော်ထိုက်ပါတယ်လို့ ချီးမွမ်း စကားသံတွေမှာ သူတို့တွေ ပျော်ရွှင်နေမယ်လို့ မိတ်ဆွေ ယုံကြည်ပါသလား ။ လွတ်လပ်၍ အချုပ်အချာ အာဏာကို ပိုင်ဆိုင်ခွင့်ရကာ လူ့အခွင့်အရေး အပြည့်ဝေ ရရှိနိုင်သည် ဒီမိုကရေစီ နိုင်ငံ တည်ဆောက် နိုင်ရန် အတွက် လွတ်လပ်ရေး ပန်းတိုင် ဖမ်းဆုပ်ကိုင်နိုင်ရန် အားသွန်ခွန်စိုက် တကြောင်းတည်းသော လမ်းစဉ်ကို လမ်းပြချီတက်ခဲ့သည့် လွတ်လပ်ရေး ဖခင်ကြီးကကော ယနေ့ ( ၆၃ ) နှစ်မြောက် လွတ်လပ်ရေး နေ့ အတွက် ပျော်ရွှင်နေမည်ဟု သင်ယုံကြည်ပါသလား ..။

ကျွန်ူပ်၏ အမြင်အရ ဆိုလျှင် သူတို့တွေ ပျော်ရွှင်နေမည့် အစား တမျိုးသားလုံး အတွက် ဦးတည်လုပ်ဆောင်ခဲ့သော အလုပ်များသည် လက်တစ်ဆုပ်စာ လူတစ်စု ကောင်းစားရေးသာ ဖြစ်သွားခဲ့သည် အပြင် အခြားလူများမှာ ကျေးကျွန်များ သဖွယ် ဒုက္ခကို ပွေ့ဖက်၍ မျက်ရည်ရွှဲကာ အံကြိတ်ခေါင်းငုံ့၍ သီးခံနေကြသော ပြည်သူလူထု၏ ပုံရိပ်စစ်များသည် သူတို့ နှလုံးသားကို ပူလောင် ပြင်းပြစေရုံသာမက မင်းတို့ခေတ်ကြမှ အညံ့ခံကြတော့မှာလားလို့ ဟစ်ကြွေးပေလိမ့်မယ် ။ လွတ်လပ်၍ တရားမျှတသော အချုပ်အချာ အာဏာပိုင် နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သော နိုင်ငံတနိုင်ငံမှ နိုင်ငံသားများသည် လွတ်လပ်ရေး နေ့ကို မလွတ်လပ်စွာ ဆင်ယင် ကျင်းပခဲ့ရသည်မှာ နှစ်ပေါင်း ( ၆၃ ) နှစ် တိုင်ခဲ့ပေပြီဟု ကြွေးကြော်ညည်းတွားလိုက်လျှင် လွတ်လပ်ရေး ဖခင်ကြီးက တမလွန် ဘုံဘ၀မှ ထကြည့်၍ ငါတို့ အသွေးအသားတွေကို မင်းတို့တွေ ညည်းတွားဖို့ ပေးဆပ်ခဲ့တာ မဟုတ်ပါဘူးလို့ အားမလို အားမရ မိန့်ကြားပေလိမ့်မည်...။အပွင့်လင်းဆုံး နဲ့ အရိုးသားဆုံး ဝေဖန်ပြရရင် မြန်မာနိုင်ငံသား တော်တော်များများက အမေစုကို ချစ်ခင်လေးစားကြတယ်လို့ ၀န်ခံထားပေမယ့် တဖက်က မသိစိတ်မှာ သံသယတွေက ကြားခံနေတော့ တကယ့်လက်တွေ့ကျတဲ့ ၀န်းရံမှု အဖြစ်ကို မရောက်နိုင်သေးတာပါ ။ ဒီလို သံသယတွေ ဘာကြောင့် ဖြစ်လာရတဲ့ အကြောင်းအရင်းကလည်း ၂၂ နှစ်လုံးလုံး ဘာမှ မဖြစ်ခဲ့ပါဘူး ဆိုတဲ့ အာဏာရှင် ဘက်တော်သားတွေရဲ့ သွေးထိုးစကားကို ခင်ဗျာတို့ မသိစိတ်က လွဲမှားစွာ သိမ်းပိုက်ထားလို့ပါဘဲ ။ လူထုခေါင်းဆောင်က တိုင်းပြည်အရေး နဲ့ ပုဂ္ဂိုလ်ရေးရာ အားပြိုင်လာတဲ့ အချိန်မှာ ပြည်သူလူထု အကျိုးစီးပွား အတွက် ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မေ့ထားခဲ့တာတွေ ကို အားလုံးသိနေပါလျှက် နဲ့ ဒီလို စကားမျိုးတွေကို နားယောင်နေကြတာဟာ အာဏာရှင် အစိုးရကို တဖတ်တလမ်းက အားပေးနေတယ် ဆိုတာ မေ့မထားစေချင်ပါဘူး ။ ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးကို ရယူပေးနိုင်ခဲ့လို့ လေးစားတာလား ၊ လွတ်လပ်ရေး အတွက် ကိုယ်ကျိုး မဖက် တိုင်းပြည် အတွက် လုပ်ဆောင်ပေးခဲ့တဲ့ စိတ်ဓါတ်ကို လေးစားတာလား ဆိုတဲ့ စကားကို ကွဲကွဲပြားပြား သာ သိကြမယ် ဆိုရင် ခင်ဗျာတို့ အမေစုကို ထင်နေတဲက ယုံမှားသံသယဆိုတာ အကုန်ကွယ်ပျောက် ကုန်ပါလိမ့်မယ် ။

ခေါင်းဆောင် ရှိလျှင် နောက်လိုက်ကောင်း ဖြစ်အောင်ကြိုးစား ၊ ခေါင်းဆောင် မရှိလျှင် ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်အောင် ကျင့်ကြံ သည်မှာ လူသားတို့၏ အကျင့်မှန်ပင် ဖြစ်လေသည် ။ လူပီသသော လူသားတစ်ယောက် သည် ခေါင်းဆောင်ကို ချစ်မြတ်နိုးသလို နောက်လိုက်များကိုလည်း လေးစားလေ့ရှိသည်မှာ သဘာဝ ဟု ဆိုပါလျှင် ကျွန်ူပ်တို့ လူပီသ ကြရဲ့လား စဉ်းစားကြည့်သင့်ပါတယ် ။ ထမင်း နပ်မှန်ဖို့တောင် မနည်း ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံသားတွေက နိုင်ငံရေး သဘောတရား တွေကို သင်ကြားဖို့ အချိန်မရှိပါဟု ပြောကြသည့်လူများ တဖြည်းဖြည်း များပြားလာပါသည် ။ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတနိုင်ငံတွင် ၀မ်းရေး အတွက် ခက်ခဲစွာ ရှာဖွေစားသောက်ရခြင်းတို့မှ အစဉ် လွတ်မြောက်နေပါတယ် ဆိုတာကို မမေ့ကြပါနဲ့ ။ ခေတ်မှီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံ အဖြစ်ရောက် အောင် ချီတက်နိုင်ရင် ၀မ်းရေး ဆိုတာ လွယ်ကူစွာ ဖြေရှင်းနိုင်မှာ အသေအချာပါဘဲ ။ လူဖြစ်ရတဲ့ ခဏတာ အချိန်လေးမှာ ထမင်းနပ်မှန်ရေး အတွက် ကြိုးစားပြီး ထမင်း၀၀လေး စားနေရတာ လူ့ဘ၀ ရဲ့ အနှစ်သာရလို့ ယူဆနေကြတာလား ။

အမေစုရဲ့ တိုင်းပြည်အပေါ်ကို ထားရှိတဲ့ စေတနာ ၊ မွန်မြတ်တဲ့ စိတ်ထား ၊ သန့်ရှင်းတဲ့ ကိုယ်ကျင့်တရား ၊ လေးနက်တဲ့ အသိဥာဏ် ၊ ပြည်သူလူထု အပေါ်ကို ပေးဆပ်နေတဲ့ လုပ်ရပ်တွေကို အဓိကထားပြီး မဆုံးဖြတ်ဘဲ အောင်မြင်မှု ၊ ရှုံးနိမ့်မှု ဆိုတာတွေ ကို နောက်ကို သံယောင်လိုက်ပြီး လိုက်နေကြရင် ခင်ဗျာတို့လည်း အာဏာရှင်ရဲ့ ဘက်တော်သား အဖြစ် ရောက်မှန်းမသိ ရောက်နေကြပြီ လို့ သတိပေး စကား ပြောကြားချင်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းကို မြင့်မြတ်လွန်းတဲ့ သူရဲကောင်းပါလို့ အခုချိန်မှာ ပြည်သူတွေရဲ့ နှလုံးသားနဲ့ အသိဥာဏ်မှာ မော်ကွန်းရေးထိုးခြင်း ခံနေရတဲ့ လူတစ်ယောက်ကို အဲဒီခေတ်က လူတချို့က မလိုတမာ စိတ်ယုတ်မာတွေ နဲ့ အမျိုးမျိုး ချောက်တွန်း ၊ သူသွားရာ လမ်းမှာ ခြေထိုးခံ ၊ နောက်ဆုံး မတတ်နိုင်လို့ လုပ်ကြံခံခဲ့ကြတာ ပုံပြင် မဟုတ်ဘူးဗျ ။ အခုလည်း အမေစုရဲ့ အောင်မြင်ကျော်ကြားမှု ကို မနာလို မရှုစိမ့် ၊ ကိုယ်ကျိုး အတ္တအလွန်ကြီးမားတဲ့ လူတွေက အမေစုရဲ့ အားနည်းချက်တွေပါလို့ ထောက်ပြ ပြောဆိုနေတာကို ခင်ဗျာတို့ မသိစိတ်က လက်ခံထားရင် ခင်ဗျာတို့လည်း အဲဒီလူတွေနဲ့ သိပ်မထူးခြားပါဘူး ။ ကိုယ်တိုင်ကလည်း သိပ်နားမလည်တော့ သူတပါးစကားကို ယုံမှားကြတာ ပုထုဇဉ် လူသားတွေရဲ့ သဘာဝကို ပြစ်တင်ပြောဆိုချင်လို့ မဟုတ်ပါဘူး ။ စဉ်းစားစေချင်လို့ အသိပေးနေတဲ့ စေတနာ စကားတွေကို အမုန်းခံပြီး ပြောကြားနေတာပါ ။

အာဏာရှင် စနစ်ဆိုး၏ ယုတ်မာ ပက်စက်မှု ကြောင့် တိုင်းပြည် ပြိုကျ ပျက်စီး နေပါသည့် အယူအဆကို ပြည်သူလူထု အားလုံးက လက်ခံထားကြသည် ။ ထိုသို့ အာဏာရှင် စနစ်ဆိုး ကို တိုက်ထုတ်၍ ဒီမိုကရေစီ ကြွေးကြော်သံများ ဖြင့် လုပ်ရှားနေသူများကို ပြည်သူလူထုက သဘောကျ နှစ်ခြိုက်လေ့ ရှိကြသည် ။ ထိုအခါ တဆင့်တက်၍ ကျနော်တို့ အာဏာရှင် စနစ်ဆိုးကို ၀ိုင်းဝန်း တိုက်ထုတ်သင့်သည်ဟု အဆိုပြု တင်သွင်းလိုက်လျှင် အနည်းငယ်မျှ စဉ်းစား ပြီးသည်နှင့် တပြိုင်နက် ငြင်းဆန်ခြင်း မရှိဘဲ သဘောတူ လက်ခံလေ့ ရှိကြပြန်သည် ။ ထိုအခါ နောက် တဆင့်တက်၍ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းအောင် အဓိက လုပ်ဆောင် နိုင်သူများမှာ ပြည်သူလူထု သာ ဖြစ်သော ကြောင့် ကျရာ အခန်းဂဏ္ဍမှ နိုင်ရာ တာဝန်ကို ယူ၍ လက်တွေ့ကျကျ လုပ်ဆောင်သင့်ကြောင်း တင်ပြလိုက်သည့် အချိန်တွင်မူ တွေဝေသွား ကြသူ များလွန်း လှသော ယနေ့ ချိန်ခါ သမယတွင် တကယ် လက်တွေ့ ထိရောက်စွာ ကြိုးစားနေသော လူများမှာ အဏာရှင် တို့၏ တဖက်သိပ် ဖိနှိပ်မှုကို ခါးသီးရင်နင့် စဖွယ် ခံနေကြရကာ မြန်မာပြည်ကြီး ၏ ဆုတ်ယုတ်သထက် ပိုမို ဆုတ်လာရခြင်း၏ အဓိက အကြောင်းအရင်း တရပ် ဖြစ်သည်ဟု ထင်မြင် ယူဆမိလေသည် ။

စစ်အာဏာရှင်တို့၏ ဆိုးရွားလှသော ယုတ်မာပက်စက်မှု ကို ခေါင်းငုံ့ခံနေလိုက်၍ အာဏာရှင် စနစ်ဆိုးအောက်မှ ဘယ်တော့မှ လွတ်မြောက်မည် မဟုတ်ကို လူတိုင်းသိ၏ ။ ပြည်သူလူထုက ခေါင်းငုံ့သီးခံလိုက်၍ အာဏာရှင် စနစ်အောက်မှ လွတ်မြောက် သည့် နိုင်ငံဟူ၍ အတိတ်သမိုင်းတွင် မရှိခဲ့သလို ပစ္စပ္ပုန်နှင့် အနာဂတ်တွင်လည်း ဘယ်ခါမှ ရှိလိမ့်မဟုတ်။ ထိုသို့ ခေါင်းငုံ့ခံနေသမျှ သူတို့၏ ဖိနှိပ်မှု က ပိုမို ဆိုးရွားလာပေသည် ကို လည်း လူတိုင်း လက်တွေ့ကျကျ ခံစားခဲ့ရသလို အခု ချိန်ထိလည်း ခံစားနေရခြင်းဆဲ ပင် ဖြစ်ကြောင်း သိနေပါလျှက် အဘယ်ကြောင့် ဆန့်ကျင်မှု မပြု လိုကြပါသနည်း ဟု မေးခွန်းကို ကိုယ်တိုင်မေး၍ ကိုယ်တိုင်ဘဲ အားမနာတမ်း လက်တွေ့ကျကျ စဉ်စားသင့်ကာ ဖြေကြည့်သင့်ပါသည် ။
ထိုသို့ အာဏာရှင် စနစ်မှ လွတ်မြောက်ရေး အတွက် ကြိုးစား ဆောင်ရွက်နေသူများတွင် အကြမ်း နှင့် အနု လမ်းစဉ် နှစ်ခု ကွဲပြားသွားကြပြန်သည် ။ ဘယ်လို နည်းလမ်းကိုသုံးသုံး ဦးတည်ချက် နှင့် စစ်မှန်သော တိုင်းပြည် ချစ်စိတ် အပေါ်ကိုအခြေခံ ထားကြဖို့သာ လိုအပ်ပေသည် ။ ဖက်ဆစ်ကို တိုက်ထုတ် အပြီး ၊ အင်္ဂလိပ်က ပြန်ဝင်လာသည့် အချိန် ၊ လွတ်လပ်ရေးကိစ္စ အင်္ဂလန်သို့ ဗိုလ်ချုပ်အောင်ဆန်း သွားရောက် အရေး ဆိုသည့် အချိန်တွင် အောင်မြင်လျှင် ညောင်ရေမှာ ပန်းထိုးမယ် ၊ မအောင်မြင်လျှင် တောင်ခြေမှ ယမ်းအိုးတည် ကြ ဟု ၍ ဗိုလ်ချုပ်က မသွားခင် ပြည်သူလူထု အား မှာကြားသွားခဲ့ပါသည် ။ ယခုချိန်တွင် ထိုကဲ့သို့ပင် တွေ့ဆုံဆွေးနွေးရေးကို အမေစုက တောင်းဆိုထားသည်ကို အားလုံး အသိ ။ စစ်အာဏာရှင်တို့ဘက်က လက်မခံခဲ့လျှင် ပြည်သူလူထုက လုပ်သင့်လုပ်ထိုက်တာကို ဆက်လက် လုပ်ဆောင်ရပေမည် ။ ယနေ့မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲရေး လမ်းစဉ်မှာ ပြည်သူလူထု၏ သွေးများ မြေသို့ကျ မကျ ဆိုသည်မှာ လက်ရှိ အာဏာသိမ်း စစ်အစိုးရ၏ သဘောထားပေါ်တွင်သာ မူတည်နေပါသည် ။

တိုင်းပြည်ကို တကယ်ချစ်ရဲ့လား ၊ တိုင်းပြည်ကို တကယ်ချစ်တယ် ဆိုပါလျှင် တိုင်းပြည် အတွက် ဘာလုပ်ပေးနိုင်သလည်း ဆိုသည့် အခြေခံကြသည့် မေးခွန်းလေးများက ရိုးစင်းလွန်းလှပေသည် ။ သို့သော် ထွက်လာသည့် အဖြေများက ၀ိုးတ၀ါး နိုင်လွန်း လှပေသည် ။ အာဏာရှင် စနစ်ကြောင့် တိုင်းပြည်ပျက်နေ ပါသည် ဆိုသည့် အချက်ကို လက်ခံလျှင် အာဏာရှင် စနစ်ကို ဖြုတ်ချမှ တိုင်းပြည် ပြည်လည် အေးချမ်းသာယာကာ ခေတ်မှီဖွံ့ဖြိုးတိုးတက် နိုင်မည် ဆိုသည့် ယုံကြည်ချက်ကို ကိုင်စွဲ၍ မိမိတို့ တတ်နိုင်သည့် တာဝန်ကို ယူနိုင်ပါမှ တိုင်းပြည်ကို တကယ်ချစ်ရာ ရောက်သည် ဟု ကျွန်ူပ် လေးနက်စွာ ယုံကြည်မိပါသည် ။ ထိုကြောင့် နောင်လာမည့် ( ၆၄ ) လွတ်လပ်ရေး နေ့အခမ်းအနားတွင် လူ့အခွင့်အရေး အပြည့်အ၀ ရယူပိုင်ဆိုင်ကာ လွတ်လပ်ရေးနေ့ကို လွတ်လပ်စွာ ဆင်နွှဲနိုင်သည့် နိုင်ငံသားတို့ ဘ၀ ကို ရောက်ရှိနိုင်အောင် ဒီမိုကရေစီ စနစ်ကို အမြန်ဆုံးတည်ဆောက်ကြရအောင်လို့ လေးစားစွာ တိုက်တွန်း နိုးဆော်ရင်း ဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး သမိုင်းမှ သူရဲကောင်းများ ၊ ဒီမိုကရေစီခေါ် လူ့အခွင့်အရေး တိုက်ပွဲကြီးတွင် ကျဆုံးခဲ့သော သူရဲကောင်းများကို လေးစားစွာ ဦးညွတ် ဂါဝရ ပြုလိုက်ပါတယ် .......။   ခင်မင်လေးစားလျှက်     /   ဗမာ့သွေး   /   ဒီဆောင်းပါးလေးနဲ့ ပက်သက်ပြီး ပြောစရာ ရှိခဲ့ရင် ဒီနေရာလေးမှာ လာရောက် ရင်ဖွင့်ပြောဆို ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

http://www.facebook.com/notes/burma-thwe/-__php/182830835067905?ref=notif&notif_t=like

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ (UNHCR) ရှေ့တွင် ဒီကေဘီအေတပ်မှ ရဲဘော်တဦးဖြစ်သူ စောသံမဏိဗုံးကိုင်၍ ဆန္ဒပြတောင်းဆိုသော (ဗွီဒီယိုမှတ်တမ်း)

ယနေ့  နံက် ၇း၂၅ နာရီကျော်တွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ UN ရုံးတွင် ဆန္ဒပြမှုတခု ဖြစ်ပွါးခဲ့သည်။ မြန်မာ့နိုင်ငံရေးတွင် ထူးခြားသည့် ဖြစ်စဉ်တရပ်ဖြစ်သကဲ့သို့ ပြောင်မြောက်သည့် လုပ်ရပ်ဖြစ်သည်။ဆန္ဒပြသူ၏ အမည်မှာ စောသံမဏိ ဖြစ်သည်။ အသက် ၃၅ နှစ်လောက် ခန့်မှန်းမိပါသည်။ဆန္ဒပြရသည့် အကြောင်းရင်းမှာ နယ်ခြားစောင့် တပ် (BGF) အဖြစ် အတင်းစေခိုင်းခံရသည့်ကိစ္စများ အပေါ်မကြေနပ်သလို၂၀၁၀ ရွေးကောက်ပွဲ ကို လက်မခံနိုင်ခြင်းကြောင့်ဖြစ်သည်
ဆန္ဒပြသည့် ပုံစံမှာ ထိုင်းဆိုင်ကယ်တက္ကစီ ကိုငှါးစီး၍ UN (မဲဆောက်) အား စနက်တံ ဖြုတ်ကာ လက်တွင်ဆုတ်ကိုင်၍ ဆန္ဒပြခြင်းဖြစ်သည်။ဆိုင်ကယ်ပေါ်တွင်သာထိုင်၍ တက္ကစီသမားကိုပါ ထိမ်းချုပ်၍ ဆန္ဒပြနေခြင်းဖြစ်သည်။ဆန္ဒပြမှု ကိုဖြေရှင်းရန် အတွက် ထိုင်းအရာရှိကြီးများအားလုံး လုံခြုံရေးတပ်ဖွဲ့ ဝင်များအားလုံးနှင့် မြို့ တော်ဝင်မှ အစ စနစ်တကျကိုင်တွယ်နေသည်ကို မျက်မြင်တွေ့ ခဲ့ရသည်။ပတ်ဝန်းကျင် မှ စိုးရွံထိတ်လန့် နေကြသော်လည်း မည်သည့်ရည်ရွယ်ချက် ရှိသည်ကိုမူချက်ချင်း မသိကြ သေးပေ။
ထိုင်း ရဲအရာရှိများ တပ်ဖွဲ့ ဝင်များနှင့် မြိုတော်ဝန်၏ စနစ်တကျစည်းရုံးကိုင်တွယ်မှုကြောင့်ဆန္ဒပြ ရဲဘော်မှာ လက်ပစ်ဗုံး စနက်တံ အား ထိုင်းအရာရှိမှစနက်တံပြန်လည်သွင်း၍ဆန္ဒပြမှု ကို ရန့် တန့် စေခဲ့ပြီး ဆန္ဒပြရဲဘော်၏တောင်းဆိုချက်များကို လိုက်လျောနားထောင်ခဲ့သည်။ တောင်းဆိုချက်(သို့ ) ရဲဘော်၏ဆန္ဒမှာ

(၁)၂၀၁၀ ရွေးကောက်ပွဲ ကတရားမမျှတဘူး
(၂)DKB အား နယ်ခြားစောင့်အတင်းလုပ်ခိုင်းခြင်းအား မကြေနပ်ဘူး
(၃)(BGF)နယ်ခြားစောင့် တပ်ဖွဲ့ ဝင်အဖြစ်အတင်းစုဆောင်းခံရတဲ့ ကိစ္စကိုလက်မခံဘူး
(၄)မြန်မာပြည်နိုင်ငံရေးကိစ္စ ကို ယူအမ် ကသေချာရှင်းပေးဖို့  --အစရှိသည်တို့ ဖြစ်ပါသည်။
ထို့ အပြင် ထိုင်းအရာရှိများအား ထိုဆန္ဒပြရဲဘော်မှ ၄င်းအား အရေးယူမည်ဆိုပါက နိုင်ငံတကာ ခုံရုံးတွင် အရေးယူပါရန် လည်းတောင်းဆိုခဲ့သည်။ထိုင်းအရာရှိမှ ဆန္ဒပြရဲဘော်အား မြန်မာပြည်သို့ ပြန်မည်လား DKBA သို့ ပြန်မည်လား ပြန်လိုပါက ပြန်ခိုင်းမည်ဆိုသောအခါ မပြန်လိုကြောင်း သိရသည်။ သို့ အတွက်ကြောင့် ယနေ့ မြန်မာပြည်၏ လွတ်လပ်ရေးနေ တွင် မလွတ်လပ်၍ စိတ်ခံစားမှုကျဉ်းကြတ်နေရရှာသောဤ လူငယ်၏ ဆန္ဒပြမှု အား ကိုယ်ချင်းစာနားလည်မိပါသည် ။
မေအိခင်(လယ်ဝေး)

ကျနော်ပြောခြင်တဲ့ Sanction အကြောင်း(၂) ( ရေးသားသူ - ဒေါက်တာ လှိုင်မြင့် )

ကျနော်ပြောခြင်တဲ့ Sanction အကြောင်း(၁) ကို ဒီနေရာမှာဖတ်နိုင်ပါတယ်။
န.အ.ဖ ဟာ တိုင်းသူပြည်သားတွေ လက်ထဲရှိရှိသမျှ ဓနဥစ္စာ.ပိုင်ဆိုင်မှုတွေကို....ကားပါမစ်..( တနစ်ကိုကားပါမစ်..၃၀၀၀၀- ခန့် ကို ပျှမ်းမျှ..ပါမစ်တစ်စောင်ကို...ဒေါ်လာ.တစ်သောင်းခွဲ ( ၁၅၀၀၀--) နူန်း နဲ့  အသားလွတ် ရိတ်ယူတော့..တနှစ်ကိုကားပါမစ် ကနေ. ..ပြည်သူတွေပိုင်တဲ့ ငွေကြေး...ဒေါ်လာ..သန်းပေါင်း...၅၀၀ ခန့်  နစ်စဉ်ရိတ်ယူ သဲ့ယူလိုက်ပါတယ် ။ ကားကိုပါမစ်ကျင့်သုံးခဲ့တာ...ဆယ်နစ်ကျော်ကျော်ဆိုတော့..သန်းပေါင်း...( ၅.၀ ) ဘီလျှံ ( 5.0 ) Billions အသားလွတ်ဝိုက်ယူထားပါတယ် ။ ကားပါမစ်ကို သန်းရွှေ က အဓိက ကိုင်ထားပြိး မောင်အေးကို နဲနဲပါးပါး လုပ်ခွင့်ပေးပါတယ် ။

ဖုံးပါမစ်ကလဲ..ဖုံးတလုံးကို..ကုမ္မဏီကနေ အရစ်ကျနဲ့ ယူတယ်...ပြီးပြည်သူတွေဆီကနေ...ဖုံးတလုံး.( ၄ားရမ်းတာနော် ..အပိုင်ပေးတာမဟုတ်သေး ) တလုံးကို တရားဝင်အစိုးရဈေးနှုန်းက..ဒေါ်လာ..၁၅၀၀ ..အပြင်ဈေးနုံးကဒေါ်လာ..၃၀၀၀.ကနေ .၄၀၀၀ အထိရောက်အောင်တင်းကျပ်ညပီး ဈေးတင်ရိတ်လိုက်တော့..နှစ်စဉ်..ဖုံးအလုံး၃၀၀၀၀-ခန့်ချပေးတော့. .ဖုံးကနေတင်...ဒေါ်လာ..သန်းတစ်ရာခန့်  အသားလွတ်ရိတ်ယူပါတယ် ။ ဖုံးရောင်းစားလာတာ..ကတော့ ဆယ့်ငါးနှစ်မကဆိုတော့..ပြည်သူ့ ငွေတွေ..ဒေါ်လာသန်းပေါင်း..( ၁.၅ ) ဘီလျှံ လောက်အသားလွတ် ယူလိုက်ပါတယ် ။ ( ကုမ္မဏီကနေ သူတို့ ယူထားတဲ့ဈေးက...တိုင်တွေ တာဝါတွေ စက်တွေ အားလုံးထဲ့တွက်မှ..ဖုံးတလုံးကို..ဒေါ်လာ ၄၀၀ လောက်ကုန်ကျတာကို..ပြည်သူတွေက..၃၀၀၀ ) ပေါ်ရတာဘဲ ။
စုစုပေါင်း..ဒီဖုန်း နဲ့ ကားပါမစ်နစ်ခုထဲကတင်...ပြည်သူ့ ငွေတွေ..ဒေါ်လာ နဲ့ ဆို.. ဆယ်နှစ်အတွင်းမှာတင်....ဒေါ်လာသန်းပေါင်း..ရ.၀ ဘီလျှံ..အစိုးလက်ထဲနဲ့ ..ကြိုင်ကြိုင်တို့ တ၀က်ဆီခွဲယူလိုက်ကြပါပြီ ။ ပြည်ပအခြေစိုက်စိးပွားရေးပညာရှင် ကြိးများက ဒီရိတ်ထားတဲ့ ငွေ..ဒီမျှကြီးမားတဲ့ ငွေပမာဏ နဲ့  ပြည်သူတွေ ငွေခန်းခြောက်သွားတာကို ထဲ့မဝေဖန်ကြတာ မမြင်ကြလို့ လား..ကျနော်မသိတတ်ပါ ။ အရေးမကြီးလို့ လား ။ ကျနော်စဉ်းစားမရပါ ။

အခု သူတို့ က ဒီငွေတွေ အပြင်တခြား မြေချပေးတာ...လုပ်ငန်းပါမစ် ..စတဲ့ ..ပြည်သူငွေကိုညှစ်ယူတဲ့ ပါမစ်နို့ ညှစ်စီမံကိန်းကြိးနဲ့  မတရားရယူထားတဲ့ငွေတွေက..ဘီလျှံ ပေါင်း..၁၅..ဘီလျှံ...အထက်မှာ သူတို့ ပိုင်ဆိုင်ထားပါတယ် ။ သူတို့ အုပ်ချုပ်ရေးမခိုင်မြဲတာ သူတို့  သိနေလို့ တိုင်းပြည်မှာပြန်မရင်းနှီးကြဘဲ....တပါးနိုင်ငံတွေမှာ ၀ှက်ထား..ခိုးပြီးရင်းနှီးထားကြပါတယ် ။နိုင်ငံခြားတိုင်းပြည်တွေကို လက်ယက်မခေါ်ခင် ကိုယ်ပိုင်တာကို အရင်ပြန်ရင်းနှီးကြပါအုံး ။ ဒီကြားထဲ..မသာကောင်လေးက မန်ချက်စတာယူနိုက်တက်ကို ၀ယ်ဖို့ အထိပင် အဖိုးကို ပူဆာတယ်ဆိုတာ မဆန်းပါဘူး ။ သူတို့ မှာမတရားနည်းနဲ့ ရထားတဲ့ငွေတွေ..ဒေါ်လာ ဘီလျှံ..ဆယ်ဂဏန်းဘက် နီးပါတယ် ။

န.အ.ဖ ဟာ နိုင်ငံအရေးလုပ်သူကိုမဆိုထားနှင့် နိုင်ငံရေးသမားနှင့် ပတ်သက်သူကိုပင် မညှာတာပါ ။ ကိုမောင်မောင်ဝမ်းရေးခဲ့ဆောင်းပါးထဲပါသလို...ဘာမှ လုပ်ကိုင်စားလို့ မရတော့အောင် ဘ၀ပျက်အောင် သူတို့ ကိုယ်တိုင် SANCTION လုပ်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ဆုံရုံလေးနဲ့ တင် ဘ၀ပျက်အောင် sanction လုပ်ပါတယ် .။ အနုပညာရှင်တွေ စာရေးဆရာတွေ ကို အနုပညာ လုပ်ကိုင်ခွင့်ကိုပိတ်လိုက်ပါတယ် ။အဲဒီလိုပိတ်ပင်ရအောင်...ဘယ်ဥပဒေထဲမှာမှ ရေးထားတာ...ညွှန်ကြားချက်ထုတ်ထားတာမရှိပါဘူး ။ သူတို့ လုပ်တဲ့လူမှုရေး တွေမှာတော့ အနုပညာရှင်တွေကို..မပါမနေရပါခိုင်းပြိး...တကယ်လူမှုရေး အဖွဲ့ တွေကိုသွားကူလို့ ပိတ်ပင်တာဟာ...ဥပဒေမဲ့ sanction ပါဘဲ ။

အခုဆို ပိုဆိုးလာပါတယ် ။ လူမှုရေးလုပ်တဲ့ ဥိးကျော်သူ ကို ငွေကူတဲ့သူတွေကိုပါ ရန်လုပ်လာပါတယ် ။ ဒါဘာကိုပြသလဲဆိုရင်....နိုင်ငံအရေး( အများအကြိုး ) လုပ်နေပါတယ်ဆိုတဲ့...သန်းရွှေဟာ လူမှုရေးစိတ်ဓါတ်ရှိသူ ( ပရဟိတ စိတ်ရှိသူ ) တွေကိုပင်.....ဒီလူတွေဟာတရက် တိုင်းသူပြည်သားတွေအရေး စဉ်းစားလာမဲ့ သူတွေ..တရက်ငါ့ကို ရန်သူလို့ မြင်လာမဲ့သူတွေ လို့ ..potential enemy လို့ရှုမြင်ထားတာမို့ ...အဲဒီလူမှုရေးလုပ်သူတွေကို ညစ်ပတ်တော့တာပါဘဲ ။ သူဟာ အတ္တကြီးများလွန်းတော့....ဒီပရဟိတ္တ စိတ်ရှိသူတွေနဲ့  ရေရှည်အတူတွဲလို့ မရဘူးဆိုတာ သိနေပါတယ် ။

သန်းရွှေရဲ့ ထောက်လှမ်းရေးတွေက NLD အဖွဲ့ ဝင်တွေ နိုင်ငံရေးသမားတွေကို နိုင်ငံရေးဆက်မလုပ်နဲ့  မိသားစုအရေးဘဲ လုပ်မယ်ဆိုရင်...ငွေသိန်း ထောင်ချီချေးပေးမယ် လုပ်ငန်းတွေချပေးမယ် နဲ့ အကျပ်ကိုင်တယ် စည်းရုံးပါတယ် ။ ရှင်းရှင်းကတော့..အများအရေးစဉ်းစားရင် ရန်သူ.အဖြစ် အကျပ်ဆက်ကိုင်မယ်....အတ္တ ( တကိုယ်ကောင်းစိတ် ) မွေးမယ်ဆိုရင် ကူညီမယ်..ဘော်ဒါပေါ့လေ အနောက်နိုင်ငံတွေ ကျင့်သုံးတဲ့ ...CARROT & STICK ...မုန့် စားမလား..မစားရင်..ဒုတ်စာမိမယ် အထိခြိမ်းခြောက်ပါတယ် ။

ကျနော်ကိုလဲထောင်က လွှတ်စမှာ...နစ်ကြိမ်..နှမ်းတစေ့နဲ့  ဆီမဖြစ်ပါဘူး...မိသားစုတွေ ဒုက္ခရောက်ရတာ ကြာပြီ...သူတို့အလုပ်ချပေးမယ်..တနှစ်အတွင်းတိုက်ကြီးကားကြိးတွေနဲ့  ဖြစ်လာစေရမယ်ပေါ့ ..တခြား အဖွဲ့ ချုပ်လူတွေကိုလဲ သိန်း..၅၀၀၀ -အထိအတိုးမဲ့ငွေချေးပေးမယ်..လုပ်ငန်းတွေချပေးမယ်..ဆွယ်လဲဆွယ်တယ်..ခြိမ်းလဲခြိမ်းခြောက်တာ တပုံတပင်ကြီးပါ ။အခုဆို အဆိုတော်တွေ အနုပညာရှင်တွေကို...အနုပညာ လုပ်ကိုင်ခွင့်ပိတ်ပင်တဲ့အထိ ယုတ်မာပြလာတာ...ဒါ SANCTION အယုတ်မာဆုံး sanction ပါဘဲ ။ အနုပညာအဖွဲ့ အစည်း..စည်းမျှဉ်းထဲမှာ...လူမှုရေးမလုပ်ရဆိုတဲ့တားမြစ်ချက်မှ မရှိထားဘဲ ..ဒါဟာဥပဒေမဲ့ sanction လုပ်တာဖြစ်ပါတယ် ။

နောက်တခုက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ( ကျနော် တဥိးထဲအမြင်ပါ ) န.အ.ဖ ဟာတကယ်ဘဲ ပိတ်ဆို့ မှုတွေကို သူတို့ ကိုယ်တိုင် ရုတ်သိမ်းစေလိုတဲ့ ကိစ္စဟာ.....တကယ်အစစ်ဆိုတာပေါ်လွင်လာအောင်.....စိးပွားရေး ( ပြည်သူတွေအတွက် တကယ် စံပြစိးပွားရေး ) တခုဖေါ်ဆောင်နိုင်အောင်...ဒေါ်အောင်ဆန်းစုကြည် မှနေပြိး...နိုင်ငံခြားနဲ့ စီးပွားကုန်သွယ်ဖို့....ကုမ္မဏီလုပ်ငန်းတခုလျှောက်ထားပြိး..ပထမဥိးဆုံး...အနေနဲ့ ( ဥပမာ ) အထည်ချုပ်( ချုပ်ထည်တွေ ) ကို တင်ပို့ တာ လုပ်စေချင်ပါတယ် ။

အဲဒီအထည်တွေကို ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေက promotion လုပ်ပေးကြမယ်ဆိုရင်...န.အ.ဖ လိုချင်တဲ့ ဈေးကွက်ဖွင့်ပေးတာ ပိုမြန်သွားပါမယ် ။ အလုပ်သမားတွေကိုလဲ လူလူသူသူ လုပ်ခပေးလာနိုင်ပါမယ် ။ န.အ.ဖ သာ နိုင်ငံသူ နိုင်ငံသားတွေ အတွက် တကယ် ပိတ်ဆို့ တာတွေ ပွင့်စေချင်တယ်ဆိုရင်..ဒေါ်စုက လက်တွေ့ ပွင့်လာအောင် ကိုယ်တိုင် ပို့ ကုန်တွေကိုတင်ပို့ ပေးဖို့ ..အဆင်သင့်ပါခင်ဗျာ ။

အဲဒါဆို...သန်းရွှေ လက်ခံနိုင်ပါမလား ။ ဖွင့်ပေးမယ်လေ ။ ပါးစပ်နဲ့ တောင်မဟုတ်ဘူး ..လက်တွေကို ကိုယ်တိုင်ကိုယ်ကျဖွင့်ပေးမယ်လေ ။ အခုဒေါ်စုသာ အဲဒီလို ကုန်သွယ်ခွင့်ကုမ္မဏီထောင်ဖို့ လျှောက်ထားလိုက်ရင်...သန်းရွှေ ခွင့်ပြုမယ် မပြုဘူးဆိုတာကို... အဖြေဘယ်လိုဖြစ်လာမယ်ဆိုတာကို......၉-တန်း ၁၀ တန်း..ကလေးတွေတောင်သိပါတယ်.. ။ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူတွေ အကျိုးကိုမျှော်ကိုးပြီးတကြောင်း.....ပြည်သူပေါ်ထားတဲ့ သန်းရွှေရဲ့ စိတ်ထားအမှန်ကို ပြည်သူတွေ လက်တွေ့ ကျကျ ကိုယ်တိုင်ကိုယ်ကျ သိမြင်လာအောင်...ကုမ္မဏီတခု ကိုမှတ်ပုံတင်ခွင့်လျှောက်လိုက်စေချင်ပါတယ် ။ ( ကျနော်တဦးထဲအမြင်ပါ )..ဒီကိစ္စကို ဝေဖန်ချက်ပေးကြပါခင်ဗျာ ။

SANCTION ဆိုတာ ဘယ်သူကစတာလဲ..ဘယ်သူကဆက်လုပ်နေတာလဲ လက်တွေ့ ကြည့်ကြရအောင်ပါ ။ ပါးစပ်ပါတိုင်း လျှောက်အော်မနေပါနဲ့  ။ သူခိုးဓါးရိုးကမ်း...ကိုယ်ပြိုင်ဘက်နိုင်ငံ( ထိုင်းနဲ့  တရုတ် )ကို....ဓါတ်ငွေ့ တွေ ထိုးရောင်းတာကိုလဲ အရင်ရပ်ပါ အုံးခင်ဗျာ ။န.အ.ဖ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်ဖို့ ...တိုင်းသူပြည်သားတွေ ငတ်ပြတ်နေတာဟာ....သူတို့ အုပ်ချုပ်တာ..လတ်ပေးလတ်ယူမှုလွန်ကဲလွန်းလို့ စိးပွားပျက်ရတာကို..၀န်မခံဘဲ...ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုံ့ချပြိး တချက်ခုတ်နှစ်ချက်ပြတ်လုပ်ချင်တာ သက်သက်ပါ ။ အခုsanction ကိစ္စအော်ရင် ဒေါ်အောင်ဆန်းစုကြည်ကိုဘဲ ထိမယ်...သူတို့ ကိုမထိဘူး ထင်နေတာကိုက...ဥိးဏှောက်က ကလေးသာသာ ဘဲရှိတယ်ဆိုတာ ပြလိုက်တာပါဘဲ ။

တကယ်တော့ သန်းရွှေဥိးဏှောက်ဟာ ပေါ့သေးသေးမဟုတ်ပါဘူး ။ အလွန်ပါးနပ်တဲ့ ဥိးဏှောက်ပါ ။ တော်လို့ လဲ ..အရည်အချင်းဘာမှသိပ်မရှိဘဲ ဒီနေရာကိုရောက်အောင် နဲ့  မြဲနေအောင်လုပ်နိုင်တာပါ ။ ဒါပေမဲ့ သူ့ ဟာ သူ့ ဥိးဏှောက်ရဲ့ ..၉၀ % နဲ့ သူ့ အချိန်တွေရဲ့ ..၉၀ % ကို...သူ့ အာဏာတည်မြဲရေး...သူ့ သားစဉ်မြေးဆက် အာဏာဆုပ်ကိုင်ထားနိုင်းရေးဘက်ကိုပဲ ဦးစားပေးစဉ်းစားနေတာမို့  တိုင်းပြည်အရေးကို မစဉ်းစာနိုင်တာပါ ။ ခိုးထားတာတွေများလာလေ ပိုပိုပြိးပူပင်ရလေ ဖြစ်လေဘဲ ။

တခုတော့ ရှိပါတယ် ။ ကျနော်ဟာ..၉၃..ကနေ ၉၆ ( အဖမ်းခံရချန်အထိ ) ပြည်ပကို ငါးတင်ပို့ ပါတယ် ။ အဲဒီတော့...ထုံးစံအတိုင်း...၀န်ကြီးတွေနဲ့ တိုင်းမှူးတွေက အစည်းအဝေးမကြာခဏခေါ်တော့ ...လုပ်ငန်းရှင်တွေအားလုံးက လိုအပ်တာတွေကို တင်ပြကြရပါတယ် ။ ထုံးစံအတိုင်းပေါ့ ၀န်ကြိးတွေ တိုင်မှူးတွေ မျက်ကိုကြည့် စကားမမှားအောင် ကြည့်ပြောကြရပါတယ် ။ ၀န်ကြိးတွေကလဲ မထင်ရင် ဟိန်းဟောက်တာပါဘဲ ။ အခုထောနေတဲ့..ယုဇနဦးဌေးမြင့်တို့ အပါအ၀င်ပေါ့ ။

အဲဒီတော့ ကျနော်ကတော့ လိုအပ်တာကို...အပိုင်ချည်တုတ်ပြိး...လက်မံခံမချင်း ထပြောတော့တာပါဘဲ ။ အဲဒီမှာ..ရေလုပ်ငန်းဝန်ကြိး....ဗိုလ်မှုးချုပ်မောင်မောင်က ကျနော်ပြောတာ တင်ပြတာတွေကို.. စတင်လက်ခံလာပါတယ် ။ သဘောကျလာပါတယ် ။ နောက်ပိုင်းမှာ..ကုန်သွယ်ရေးဝန်ကြိးဒု-ဗိုလ်ချုပ်ကြိးထွန်းကြည် နဲ့ တည်ရတော့တာပါဘဲ ။ ကျနော်က ထုံးစံအတိုင်း အချက်အလက်နဲ့မလျှော့ဘဲ ဆက်တင်တာပါဘဲ ။ ပထမတော့ ခေါ်ကြိမ်းတယ် ။ ခင်ဗျား လူကြိးတွေနဲ့ စကားပြောရင် မရိုင်းရဘူးဘာညာပေါ့ ။ နောက်တော့ သူတို့ တသက်မှာ ( ကျနော်အထင်ပါ )..ကျနော်လို သူတို့ ကိုခံပြောရဲသူ ကျနော်တယောက်တလေဘဲ...တွေ့ ဘူးတာလား..ကျနော်ပြောတာတွေကိုဘဲ တကယ်သဘောကျလို့ လားမသိ..ကျနော်ကို...ဗိုလ်ချုပ်မောင်မောင်...ဒု-ဗိုလ်ချုပ်ကြိးထွန်းကြည်တဆို့ က မကြာခဏ ခေါ်ပြိးဆွေးနွေးပါတော့တယ် ။

အဲဒီလိုဆွေးနွေးတော့ ဗိုလ်ချုပ်ထွန်းကြည်က ( ခင်ဗျားဗျာ...နိုင်ငံရေးမလုပ်တော့ပါဘူး ခံဝန်ချက်လေးရေးတင်ပေးပါလားဗျာ တဲ့  ။ ခင်ဗျားကို တွေ့ ဆုံခွင့်ကျနော်မှာ မရှိဘူး ။ ခင်ဗျားအရောင်ကြောင့်..ပြီးတပ်ချုပ်ကြီးဆီကအရာရှိပါလာထိုင်နေတာ ) ပေါ့လေ ။ ကျနော်ကလဲ.. ( .ဗိုလ်ချုပ်ကြိးလဲ အခု နိုင်ငံအရေးလုပ်နေတာဘဲလေ ။ ရာထူးယူထားတော့ ကိစ္စမရှိဘူးပေါ့ ။ ကျနော်လဲနိုင်ငံအရေး ရာထူးတောင်မယူဘဲ လုပ်နေတာ..ဘာပြသနာရှိလဲပေါ့ ) ။ အဲဒီမှာသူက ( ဟာ...ခင်ဗျားက မန်းလေပြဲလေ လူစားဘဲ ) ဆိုပြိး ပြောပါတယ် ။

အဲဒီတုံးက ဗိုလ်ချုပ်ထွန်းကြည်နဲ့  ဆွေးနွေးခွင့်မရှိတော့.. အခု ၀န်ကြိးဥိးအောင်သောင်းအပါအ၀င် ဒု-၀န်ကြိးတွေနဲ့ ... ဆွေးနွေးရတာပေါ့ ။ အဲဒီတုံးက..သူက ပိန်သေးသေးလေး ။ အခုရုပ်နဲ့တခြားဆီ ။ ၀န်ကြီးနဲ့ ကတိုက်ရိုက်ဆွေးနွေးခွင့်မရှိတဲ့လေ ။ ပြီးဆွေးနွေးချက်တွေ အသံကူးထားတာတွေကို သန်းရွှေ ရုံးကအရာရှိက ယူသွားပြီး နောက်မှ ၀န်ကြိးတွေဆီပြန်ပို့ တာ ။ ဗြောင်ထိုင်နားထောင်တယ်...၀င်မပြောဘူး.. အသံဖမ်းစက်ကလဲ ဗြောင်ဘဲ ။

ထားပါတော့..နောက်တော့..၉၆ -မေလမှာ ကျနော်ကိုဖမ်းပါလေရော....အခု နံမည်ကျော်..မသာကောင်လေး နေရွှေသွေးအောင်..မွေးနေ့ ညပေါ့ဗျာ...မေလ ၂၂ -ရက်နေ့ ည ပေါ့ ။ မသာကောင်လေး ငါးနစ်ပြည့်ည မှာ ကျနော်မျိုးကို( ငါးည ) နဲ့ အဖမ်းခံရပါလေရော ။ မှတ်မှတ်ရရလေးပေါ့ ။ သန်းရွှေတို့ ကြိုင်ကြိုင်တို့ က အချစ်ဆုံးမြေးလေး ကုသိုလ်ပိုရဖို့ ...အဲဒီနေ့ ကလူတွေကို တန်းစီပြီးဖမ်းထဲ့လိုက်တာပါဗျာ ။ ဘယ်လိုကုသိုလ်လဲတော့မသိပါဘူး ။

အဲဒီမတိုင်ခင်လေးမှာ..အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်...စိးပွားနင့် စိမံရေးရာ ကော်မတီဥက္ကဌ ဥိးကြည်မောင်မှ ( ပင်လုံဥိးခင်မောင်..တောင်ကြိးကိုယ်စားလှယ်ဥိးကျော်ခင် )တို့ မှတဆင့်...ကျနော်ကို နိုင်ငံတော်စိးပွားရေး ရေတိုရေရှည်စီမံကိန်းတွေ ရေးခိုင်းလာပါတယ် ။ ကျနော်ရေးထားတာ...စာမျက်နာ ၁၈ မျက်နာ ခန့် အရမှာ လာဖမ်းတော့... ဒါတွေပါ အဖမ်းခံရတဲ့အထဲပါသွားပါရော ။

အဲဒီမှာ...ငထောက်တွေ ကျနော်ဆီကနေ မြေပုံကြိးတွေလဲတွေ့ ကော...ကျနော့်အိမ်ဖုံးကနေ.. အထက်ကို ချက်ချင်းဖုံးဆက်ပါလေရော...မြေပုံကြိးတွေ မိတယ် ။ ( ၄+၅ ပေ ) ရှိတဲ့ မြေပုံကြိး ( ငါ်းချပ် )...( သုံးမိုင်ကို..တစ်လက်မ နုံး နဲ့  ) ဆွဲထားတဲ့မြေပုံတွေ တွေ့ သွားတာကိုး ။ အဲဒီမှာ အဲဒီမြေပုံနဲ့ ဆိုင်တာတွေကို အဓိက ဆက်စပ်ရှာဖွေတာ လုပ်ပါတယ် ။ အိမ်ကို ည.( .၁၂.၃၀ ) ၀င်ရှာတာ.. နံက် ( ၄.၃၀ ) မှပြိးပါတော့တယ် ။ စာအုပ်တွေ ရှာတယ် မွှေတယ် ။ သူတို့ လူနဲ့ ထောင်ထားတဲ့ အစိုးရဆန့် ကျင်ရေးစာရွက်နစ်ခုကို အိမ်ထဲ ၀င်ဝင်ချင်း..ပထမဆုံး...ဆွဲထုတ်ပါတယ် ။ တခုကဆို..စာအုပ်ဘီဒိုနစ်ခုကြားမှာ...တိပ်နဲ့ ကပ်ထားတာပါ ။ အဲဒါသူတို့ ထောင်ထားတဲ့စာရွက်ပါ ။

အိမ်ဖေါ်အဖွားကြိးက ထောက်လှမ်းရေးသတင်းပေးဖြစ်နေတာကိုး..။ နောက် ကျနော်ထောင်ကျပြိး ကြာမှသိရတယ် ။နောက် စစ်ကြောရေး မှာ..အဓိက က ကျနော်ရေးထားတဲ့  ဒီမိုကရေစီခေတ်..မှာ လုပ်ဆောင်ရမဲ့ စိးပွားရေးစီမံကိန်းတွေ..ဘယ်လို အောင်မြင်အောင် လုပ်ရမယ် ဆိုတာတွေကို အဓိက ထားစစ်ပါတယ် ။ ကျနော်ဆိကနေ...

( ၁ ) သံလွင်မြစ်ပေါ်က မီဂါဝပ်..၆၀၀၀ ခန့် ရှိ( တာဆန်းရေအားလျှပ်စစ် ) ထိုင်းနိုင်ငံနဲ့..၈ျပန်တို့ ပူးတွဲ..ပြိး ( ခိုး ) တိုင်းတာထားတဲ့ စီမံကိန်းစာအုပ်.....( စာမျက်နှာ..၄၀ -ခန့် ဟုထင် )

( ၂ )ကယားပြယ်နယ်ထဲက..( နံမည်မေ့နေ ) မီ၈ါဝပ်..၁၀၀၀ ကျော်..ရေအားလျှပ်စစ် စီမံကိန်းစာအုပ် ( ထိုင်း နဲ့ Australia ) တိုင်းတာထားတာပါ ။

( ၃ )နောက်..့ကရင်ပြည်နယ်ထဲက ....Australia..SNOWY MOUNTAIN နဲ့ ထိုင်းတို့ ပူးတွဲလေ့လာထားတဲ့..ကျိန်ခ၇မ် ( သို့ )..ကျိန်တလီ( ဟုထင် ) ရေအားလျှပ်စစ်စီမံကိန်းစာအုပ်...စတာတွေတွေ့ ပြိး တော်တော်လေး ဖြုံနေကြပါတယ် ။ ဒီလိုနိုင်ငံခြားကတောင် စိတ်ဝင်တစားခိုးဝင်လာတိုင်းထားတာ...နိုင်ငံကိုအုပ်ချုပ်နေသူတွေကဘာမှတိုင်းတာရ လေ့လာရကောင်းမှန်းတောင် မသိတာ...စဉ်းစားသာကြည့်ကြပေတော့ ။ သူတို့ မှာ စိးပွားရေးအမြင်မှ အားမပေးသလို...စစ်ရေးအမြင်ဘဲ ထိပ်ထားတာကိုး ။ တိုင်းပြည်စိးပွားရေးဥိးမော့ဖို့  စွမ်းအင်ဘယ်လောက်အရေးကြိးတယ်ဆိုတာကို တောင်သူတို့  မစဉ်းစားမိကြဘူး ။ မသိတော့...တွေ့ သမျှဓါတ်ငွေ့ တွေ ဈေးပေါပေါ နဲ့ ရောင်းစားဖို့ ဘဲ သိတော့တယ် ။

ဒီ..စီမံကိန်းစာအုပ်တွေကို...ထိုင်းကုမ္မဏိတခုကပေးထားတာပါ ။ မြေပုံတွေလဲ ထိုင်းကုမ္မဏိက အဂ်လန်ကနေမှာပေးထားတာပါ ။

နောက်ဆုံး ကျနော်ဆီကနေ...အခု နိုဝင်ဘာလ - ၂ -ရက်နေ့ က စာချုပ်ချုပ်ဆိုလိုက်တဲ့..( ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကြီး) ပါသွားပါတယ် ။ အခု အာရှရဲ့ အကြိးဆုံး စက်မှုဇုံဖြစ်လာမဲ့ ဧရာမစီမံကိန်းကြိးပါ ။ အဲဒီစီမံကိန်းကြိးနဲ့ ရာထားချက်အဖြစ် အခုနပြောတဲ့ မြေပုံကြိးတွေအပေါ်မှာ...ရေကြောင်းအ၀င်အထွက်...ဆိပ်ကမ်းနေရာ..ကုန်တွင်းပိုင်းမှာဆက်သွယ်မဲ့လမ်းကြောင်းနေရာတွေ..ကို အမှတ်အသားတွေနဲ့  မှတ်ထားတာတွေပါနေပါလေရော ။

အဲဒီမှာ...နိုင်ငံတော်သမ္မတသည် စစ်ရေးအမြင်ရှိမည် ဆိုထားသူတွေနဲ့ ကျနော်နဲ့ အကြိးအကျယ် ပြသနာ ဖြစ်ရပါလေရော ။ စစ်ရေးအမြင်ရှိရမယ်ဆိုသူတွေက..ဒါကျနော်က..အမေရိကန် ကောင်စစ်ဝန်နဲ့ အဆက်ရှိထားတော့...ဒါထားဝယ်ကို ထိုင်းနဲ့ အမေရိကန်ပူးတွဲတိုက်ပြိး ပြန်သိမ်းပိုက်ဖို့ ..စစ်ဆင်ရေးစိမံချက်လို့ စွပ်စွဲပါလေရော ။ ရှင်းပြလို့လဲမရ ။ တစွပ်ထိုး..တယူသန်...ကျနော်ကို အတင်းဝန်ခံခိုင်းပါတယ် ။ ၀န်ခံရင် သေဖို့ သာပြင်ပေတော့..ဘာတွေ ဆက်ထပ် ညစ်မေးမေးအုံးမယ်သာတွက်ကြည့်တော့ ။

နောက်ဆုံး ကျနော်ကို ၀န်မခံလို့ဆိုပြီး....ကျနော်ကို ငြင်းဆဲပါလေရော ။ စစ်ဆင်ရေးထင်တာနဲ့  အမှုကတော်တော်ကို ကြိးနေပြီ ။ ကျနော်ကို ဆိုင်ကယ်စိးခိုင်းပါတယ်..ပထမတခေါက် ပြုတ်ကျသွားတယ်.. ငါး- မိနစ်တောင် မလုပ်နိုင်ဘူး ။ လဲသွားလဲမရဘူး အတင်ထူပြိးနောက်တခါက်ထပ်လုပ်ခိုင်းတယ်....ဒုတိယတခေါက်မှာ..ဖနှောင့်အောက်မှာ...သံချေးတက်နေတဲ့ သံမှိုတွေ လေးငါးခု ချထားပါတော့တယ် ။ ကျနော်လဲကြောက်ကြောက်နဲ့ တောင့်ခံထားလိုက်တာ...သတိရတော့....ကျနော်က ကြမ်းပြင်ပေါ်မှာ....ကျနော်မေးကို လက်နဲ့ ညှစ်ထားပြိး...ပါးကိုရိုက် ပုတ်ပြိး...ဆရာ..ဆရာနဲ့ ..လှုပ်နိုးနေတာ ဘဲသိတော့တယ် ။ ကျနော့်အထင် ကျနော်..သတိလစ်ပြီး တက်သွားတယ်လို့ ဘဲ့ထင်မိပါတယ် ။ မသိဘူး..။ လူတကိုယ်လုံးလဲ ချွေးတွေ ရွှဲရွှဲ ဆိုနေပါတော့တယ် ။

ကျနော်သတိရတော့..ကျနော်ကိုဖိထားတာဘဲ သိတယ် ။ ငါဘယ်ရောက်နေတာပါလိမ့်  ဘယ်သူတွေငါ့ကိုဖိထားတာလဲဘဲ..မှတ်မိတော့တယ် ။ လူလဲမျှော့ခွေသွားတော့တယ် ။ ထိုင်တောင်မထိုင်နိုင်တော့ဘူး ။ သူတို့ လဲ လန့် သွားလားမသိ...ညာတာတာလားမသိ..နောက်ပိုင်း သိပ်မကြမ်းတော့ဘူး ။

နောက်ကွယ်ကဘယ်သူတွေပါသေးတုံးနဲ့  ။ ပါတဲ့သူတွေကို ( ထိုင်းလူမျိုး နဲ့  ဂျာမဏိလူမျိုး ) ၀န်ခံရပါတယ် ။ ထိုသူတွေကိုလဲ ဖုံးဆက်မေးပုံရပါတယ် ။ နောက်ဆုံး..ကျနော် ရေးထားတဲ့အထဲက တချို့ နဲ့  ကွန်ပျူတာ ဒစ်ကဒ် disket ထဲက ပါတာတွေ ကိုဖတ်ခိုင်းပြိး ရှင်းပြရပါတယ် ။ ဒါတောင် အထက်ကထပ်မေးလို့ နဲ့လူကလဲ..ရက်ဆက်မအိပ်ရတော့ ခေါင်းတွေက ထုံထိုင်းမှိုင်းနေ..လူကလဲ နာတွေချီဖျားလာ နဲ့တော်တော်လေးခံရပါတယ် ။ ( အားလုံး...မြောက်ည မှာ...တရက်က တစ်နာရီ..ကျန်ရက်တွေမှာ...နံက်မိုးလင်းခါနိုး..( နာရီဝက် ) ဘဲပေးအိပ်ပါတယ် ။ ..ခြောက်ရက်မှာစုစုပေါင်း..( သုံးနာရိဘဲ ) အိပ်ရပါတယ် ။

အဆိုးဆုံးက ရေမတိုက်တာပါဘဲ ။ စကားပြောရင်းအသံငုတ်သွားပါတယ် ။ အဲဒီအခါ မှာရေကို ခွက်တ၀က်ဘဲတိုက်ပါတယ် ။ အဲဒါဆို နောက်ထပ် ခြောက်နာရီလောက် အသံပြန်ထွက်လာပါတယ် ။

အဲဒိကျမှ သူတို့က လက်မခံချင် ခံချင် နဲ့  လက်ခံပါတယ် ။ ပြိးပြောသေးတယ်....စိတ်ကူးယဉ်စီမံကိန်းတဲ့လေ ။ ၉၄ ၉၅ တလျှောက်လုံး သန်းရွှေက ရခိုင်ပြည်ဘက်ကို ခရီးအကြမ်ကြမ်းထွက်ပြိး...သတင်းစာမျက်နှာဖုံးမှာ ကျောက်ဖြူရေနက်စီမံကိန်း လုပ်နေချိန် ကိုး ။ နိုင်ငံတော်အုပ်ချုပ်နေသူတွေက..သူတပါးတိုင်းပြည်တွေက အဝေးကနေသိနေတာကို.... သိလို့ စီမံချက်ရေးထားတာကိုတောင်...မဟာစစ်ရေးအမြင်ရှိပညာရှိကြိးများက...ဒါထိုးစစ်ဆင်မဲ့စီမံကိန်းတဲ့လေ ။ စိတ်ကူးယဉ်စီမံကိန်းတို့ ပြောတာသာ စဉ်းစားကြည့်ကြပါတော့ ။ ကြားထဲက ငထွားက ခံရတယ် ။ အဲဒီလောက်တော်ကြသူတွေက နိုင်ငံတော်ကို ဥိးဆောင်နေကြတာ ။

ထားတော့...ဒါထက်ပိုပြိး စိတ်ပျက်ဖို့ ကောင်းတာ...လာပါပြီ ။ စာဖတ်သူတွေတော့မသိ ကျနော်ကတော့ တော်တော်လေးကို..ဖျားသွားတယ် ။ ကျနော်က လူဆရာဝန်ပါ ။ စီပွားရေး အထူးသဖြင့်နိုင်ငံတော် စီမံကိန်းတွေကို ထိစပ်မိသမျှလေးလောက် သိနိုင်သူပါ ။ ဒါပေမဲ့ ကျနော် က တွေးတောတတ်တဲ့အကျင့်လေး...လေ့လာတတ်တဲ့အကျင့်လေးရယ် ပြောရဲဆိုရဲတာလေးတော့ ရှိတယ် ။ တချို့ ဆရာဝန်ကြိးတွေ ကျနော်အကြောင်းသိကြပါတယ် ။ စိးပွားရေးအမြင်က ဘာမှမရှိပါဘူး ။

ကျနော်ကို စစ်ကြောရေးလုပ်တာ..အားလုံး..၁၃ -ရက်ကြာပါတယ် ။ ကျနော်ကိုစစ်ကြောတာပြိးမှ ကျနော်နြဲ့ပိုင်တူနိးပါး အဖမ်းခံထားရသူတွေကို ( လူ ၃၀ ၀န်းကျင်ရှိပါမယ် )...ရေချိုးချပါတော့တယ် ။ အားလုံး နှစ်ပတ်ကျော်...ရေမချိုးကြရပါဘူး ။ စစ်ကြောရေးမှာ..နိုင်ငံရေးစစ်ချက်က..(.၁၁ )မျက်နာ ( ခန့်  )လက်မှတ်ထိုးပေးရပါတယ် ။ စိးပွားရေးစစ်ချက်ကတော့..၄၆ မျက်နာလောက် လက်မှတ်ထိုးပေးရပါတယ် ။

စီးပွားရေးစစ်ချက်တွေကို တမျက်နာကို လက်မှတ်..ခြောက်ခု ကန့် လန့် ဖြတ် ထိုးပေးရပါတယ် ။ အဲဒီနောက်..တလ ခန့် အရမှာ..ထောက်လှမ်းရေးက ဗိုလ်မှုး ( ဇော်လင်း ) နဲ့  အမည်ထုတ်မပြာတဲ့ အရာရှိကြိးတယောက် ကျနော်ကို အချုပ်ထောင်မှာလာတွေ့ ပြိး ...ဆွေးနွေးပါတယ် ။ ဗိုလ်မှုးဇောလင်းကဘဲ အမေးအဖြေ လုပ်ပါတယ် ။ ထိုအရာရှိက လုံးဝ ၀င်မပြောဘူး ။ ဘေးကနေ ကျနော်ကို စိုက်ကြည့်ဘဲနေပါတယ် ။ ( ၃ ) နာရီခန့် ကြာပါတယ် ။ ကျနော်ကိုပထမဆု့း..ကျနော်မှတ်စု စာအုပ်ထဲက အချက်အလက်တွေ...လူကြိးတွေ ( နေ၀င်း..သန်းရွှေ..ခင်ညွှန့်  ) တို့အပေါ် ကျနော်မှတ်ချက်ရေးထားတာလေးတွေကို အစာမကြေ့ပုံရတယ် ။ အဲဒါတွေအသေးစိတ်မေးတယ် ။

နောက် တပ်မတော်ကြီးပြိုကျမယ်ရေးထားတာ ကို အသေးစိတ်ရှင်းလင်းခိုင်းပါတယ် ။ နောက်မှ ကျနော်..စိတ်ကိုစစ်တာဖြစ်ကြောင်း ပြောပြပါတယ် ။ ပြိးမှ ခင်ဗျားက ခံယူချက်ကို စွဲစွဲမြဲမြဲကိုင်ထားသူဆိုတာကိုကျနော်တို့ က သိထားပြိးသား...ခင်ဗျားကို..၁၉၇၁ ခုနစ်ကထဲက စောင့်ကြည့်နေခဲ့တာကောသိလားပေါ့ ။ ထားပါတော့..နောက်ဆုံး..ကျနော်လက်ရှိနိုင်ငံရေးအမြင်တွေမေးတယ် ။ ရေးတယ် လက်မှတ်ထပ်ထိုးခိုင်းတယ် ။

ပြီးမှ...ကျနော်ကို သူတို့ ကို နိုင်ငံတကာက..ပိတ်ဆို့ လာတော့မယ် ။ အဲဒီအတွက် သူတို့ ကို လက်တွဲပြိး..လုပ်ဆောင်ပေးမယ်ဆိုရင်.. အကြံပေးလုပ်ပေးမယ်ဆိုရင်...ရက်ပိုင်းအတွင်းပြန်လွှတ်ပေးမယ်ပေါ့ ။ ကျနော်က ( ဟာဗျာ..ကျနော်က ပညာရှင်မှမဟုတ်တာ..ခင်ဗျားတို့ မှာ..THINK TANK လို အဖွဲ့ ကြိးရှိတာဘဲ....ပါမောက္ခကြိးတွေ...ပါရဂူကြိးတွေနဲ့  ဖွဲ့ ထားတာတွေရှိထားတာမို့ . ) .ပြောတော့ ။ ပြန်ပြောချက်ကို ကျနော်တော်တော်လေးကို ဖျားသွားတယ် ။
လူကြိးတွေက အဲဒီအဖွဲ့ က ပါရဂူကြိးတွေ ရ-ယောက်ပေါင်းရဲ့ ခေါင်းက ခင်ဗျားခေါင်းလောက်မထွက်ဘူးပြောလာတော့.. ကျနော်တော်တော်လေး..........ကြောင်သွားတယ် ။ ဘာဆက်ပြောမှန်းတောင်မသိတော့ဘူး ။ နောက်မှ ခင်ဗျားတို့  ကျနော်ကို ပင်ကိုအရှိထက်အထင်ကြိးတာ သိပ်ပိုနေပြီ ။ ကျနော်က စိပွားရေး အယူအဆ ( သီအိုရီ ) ကိုမပြောနဲ့ ..စိပွားရေးနဲ့ ဆိုင်တဲ့အခေါ်အဝေါ်တွေ ကိုတောင် မသိပါဘူး ။ ကျနော် သူတို့ ထက်သာတာက...ကျနော် သင်မိ ကြားမိ ဆွေးနွေးမိတာ..မြင်တာကို...ဘယ်သူ့ ကိုမဆို ရဲရဲ ပြောရဲတာ ဘဲရှိတာပါ ။

ကျနော် သူတို့ ကိုဥပမာလေးတခုပေးလိုက်ပါတယ် ။ ခင်ဗျားတို့ က..ဆီးချို..သွေးတိုး နှလုံးရော၈ါ..ရောဂါစုံ ရှိနေတဲ့ လူမမာကြိးနဲ့ တူတယ် ။ ဆရာဝန်ဆီပြတော့ ဆရာဝန်က စမ်းသပ်တယ်..တိုင်းတာတယ်...ဆေးကုမယ်ဆိုတော့..ခင်ဗျားတို့ က ဆရာဝန်ကလဲ ( ပါရဂူ ကြိးတွေကလဲ ) ကြောက်တတ်တဲ့လူတွေ ။ အဲဒါကို ခင်ဗျားတို့ ကလဲ..သောက်ရမဲ့ ဆေးဘဲပေး..သွေးတက်နေတာ လာမပြောနဲ့ ...ဆိးချိုနေတာ သွေးချိုနေတာလာမပြောနဲ့ ....အစားလျှော့ရမှာ..လေ့ကျင့်ခန်းလုပ်ရမှာလာမပြောနဲ့ ..ခြိမ်းခြောက်ထားတော့..ဟိုလူတွေခမြာ....သိသော်လဲ..တွေ့ မိစဉ်းစားမိသော်လဲ..မပြောရဲကြတာပါ ။ မသိတယ်ဆိုတာ မဖြစ်နိုင်ဘူး ။ ကြောက်နေလို့ ..မပြောရဲကြတာပါဘဲ လို့ ဘဲ ပြန်ပြောနိုင်ခဲ့တယ် ။

ဂျပန်က THINK TANK အဖွဲ့  တခုကို..၉၃ ၀န်းကျင်က လေ့လာခွင့်ပြုခဲ့ပါတယ် အတိုင်ပင်ခံ ခန့် ပါတယ် ။ နိုင်ငံတော်စီးပွားရေးဆိုတာက...နိုင်ငံရေးနဲ စိးပွားရေးဆိုတာ့က...ဒင်္ဂါးပြားတခုရဲ့ ..ခေါင်းနဲ့ ပန်း မျက်နာနစ်ခုကိုကျောချင်းကပ်ထားတာပါဘဲ ။ ( လုံးဝ ) ကို ခွဲခြားလို့ မရနိုင်တဲ့ကိစ္စပါ ။ အဲဒီတော့ ဟိုက ထုံးစံအတိုင်းနိုင်ငံရေးကို ( နဲနဲလေး ) ထဲ့သုံးသပ်ထားတာပါတာနဲ့  ပြန်တော့လုပ်ထဲ့လိုက်ပါတယ် ။

ကျနော် နောက်ပိုင်း စဉ်းစားမိတိုင်း...အော် ငါဘာမှသိပ်သိသူမဟုတ်မှန်း ကိုယ့်ကိုသိတာပေါ့ ။ ဒီဘာမှမသိသူကို..ဆရာလာတင်တော့...တိုင်းပြည်အတွက်တွေးမိတိုင်း ကျောချမ်းမိတယ်ဗျာ ။ ဘာမှမသိတဲ့သူတွေက အာဏာကိုအကုန်ယူထား...ပြိးတိုင်းပြည်ကို...ဒေါက်တာရမ်းကု နည်းနဲ့ ချကြတော့မှာဆိုတာ တွေးမိတိုင်း စိတ်မကောင်းရပါ ။ ငါ့ကိုဆရာလာတင်မှတော့ လူလွှဲနေတာထက်...သူတို့ ဘာမှမသိမတတ်ဘူးဆိုတာ သိပ်ရှင်းနေပါပြီ ။

အဲဒိတော့ စာဖတ်သူအပေါင်းသိအောင်ပါ ကနေ့န.အ.ဖလုပ်လိုက်တဲ့ထားဝယ်ရေနက်စိမံကိန်း...ရေအားလျှပ်စစ်စီမံကန်းဆွေဆိုတာ....သူများနိုင်ငံက ..နိုင်ငံတော်စိးပွားရေးအတွက် အလွန်အရေးပါတဲ့ စိမံကိန်းကြိးတွေမို့ ...တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို..အကူအညီတောင်းပြိး...ခိုးတိုင်းတာရေးဆွဲထားတာတွေကို...ကျနော်ကို ပေးထားတာတွေကနေ ကျနော်ကိုဖမ်းတော့သူတို့ ရသွားတာတောင်....ပထမ စိတ်ကူးယဉ်စီမံကိန်းလေးဘာလေးနဲ့ .....စစ်ရေးအမြင်နဲ့ ..တကယ့်စီမံကိန်းပါလို့ ပြောတာကိုပင်မယုံ....လူကို ငြင်းပန်းနှိပ်စက်..အတင်းဝန်ခံခိုင်းတဲ့အထိ..အမြင်တော်ကြတာ သိရအောင်မျှဝေလိုက်တာပါ ။ ကျနော်တော်ကြောင်းတတ်ကြောင်းလဲ မယူဆပါ ။ အထက်မှာပြောထားသလိုဘဲ..မှန်တယ်..ဖြစ်နိုင်တယ်ထင်ရင် ပြောရဲတာဘဲ ရှိတာပါခင်ဗျာ ။

အခုထားဝယ်ရေနက်ဆိပ်ကမ်းဟာ...ကျနော်ဆီကနေရတာ မဟုတ်ဘူး ငြင်းချင်ရင်....ဗိုလ်ခင်ညွှန့်  မသေသေးပါဘူး..ဗိုလ်မှုးဇော်လင်း..ကျနော်ကိုစစ်တဲ့ ဗိုလ်ကြိးစိုးဝင်းနဲ့  အဖွဲ့ တွေ....ရဲသတင်းတပ်ဖွဲ့ ဝင် ရ ယောက်ရှိနေပါသေးတယ် ။ ဒီစီမံကိန်းကြိးကို သတင်းရလို့  ဥိးနေ၀င်းကပင် ခင်ညွှန့် ဆီကနေ တောင်းယူတယ်ဆိုတာ..ကိုအေးဇော်ဝင်း..အေးနေ၀င်းတို့ ပြောပြလို့ လဲ သိရပါတယ် ။ ဥိးနေ၀င်းက ဒီကောင်လေးဒါကိုမြင်တာ တော်တော် ခေါင်းပြေးတာဘဲ လို့  ပြောခဲ့ပါသည် ။

အချုပ်ကာလမှာလဲ..ဥိးဝင်းထိန် အပါအ၀င် အားလုံးကို ထားဝယ်ရေနက်ဆိပ်ကမ်းမှအစ..ကျနော်ရေးထားတဲ့စီးပွားရေးစိမံကိန်းတွေအကြောင်းအကုန်ပြန်ပြောပြောပြခဲ့ရာ..ထောက်လှမ်းရေးမှ နစ်ကြိမ်သတိပေးပြိး..တတိယအကြိမ်တွင် နောက်ထပ်ပြောနေပါက.....စစ်ခွေးတိုက်ပို့ ပစ်မည်အထိ ခြိမ်းချောက်ခံခဲ့ရပါသည် ။ကျနော်ဟာ....အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ ....လျှို့ ဝှက် ကိုယ်ပျောက်ပါတီဝင်တဦး ဖြစ်တာမို့ ...ကနေ့  န.အ.ဖ ဖေါ်ဆောင်နေတဲ့ ထားဝယ်ရေနက် စိမံကိန်းဟာ...အမျိုးသားဒီမိုကရေစီရဲ့  ကိုယ်ပိုင်ကြံဆ ထားတဲ့ စိမံကိန်းဖြစ်ကြောင်း..အားလုံးကို အသိပေးလိုက်ပါတယ် ။
အဲဒီတော့ စကားချုပ်အနေနဲ့  ပြောချင်တာကတော့ ယနေ့ မြန်မာနိုင်ငံမှာ စိးပွားရေး ကျဆင်းနေရတာက...

( ၁ ) နိုင်ငံသူနိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ဓန ဥစ္စာတွေ ကုန်ခမ်းနေတာက....အဓိ့ ကျတဲ့အကြောင်းရင်းပါ ။ အဲဒီဓနတွေဟာ...ကြိုင်ကြိုင်တို့  ကားပါမစ် ဖုန်းပါမစ်စတဲ့ပါမစ်တွေနဲ့  ..မြုံးနဲ့ ငါးထောင်ဖမ်းသလို..အ၀င်ဘဲရှိတယ် ။ အထွက်ပြန်မရှိတော့တာက အဓိက ဖြစ်ပါတယ် ။ တိုင်းပြည်မှာ ငွေတွေခမ်းပြိး..သူတို့  ပြန်မရင်းနှီးဘဲ ၀ှက်ထားတာ အဆိုးဆုံ့းပါဘဲ ။
အဲဒီမတရာချမ်းသားထားတဲ့ငွေတွေကို တိုင်းပြည်မှာ ကိုယ်တိုင်ပထမဆုံးပြန်လည်ရင်းနီးကြပါ ။ နိုင်ငံခြားတိုင်းပြည်တွေမှာ ၀ှက်ထားတာလုံခြုံတယ် ထင်ရင် တရက် ဒုက္ခကောင်းကောင်းရောက်သေရပါမယ် ။

( ၂ ) လတ်စားမှု ဆိုးဝါးလွန်းတာကြောင့် လာရောက်ရင်းနှီးမိတဲ့ကုမ္မဏီကြိးတွေ ခွက်ခွက်လန်အောင် ရှုံးပြေးကြရတာအများကြိးပါ ။ စာချုပ်တုံးကတော့..ဟိုဘက်က..ဒီလိုဒီလို ပြသနာဖြစ်လာရင် ဘယ်လိုလုပ်မလဲ လို့ မေါ်ရင် ရတယ်..လူကြိးပြိးရင်ပြိးတယ် ဘာညာနဲ့ ပေါ့ ။ ပြိးတကယ်ပြသနာပေါ်လာတော့ အထက်က သိသွားလို့ နဲ့ ငွေညှစ်တော့တာပါဘဲ ။ ကြာတော့ မခံနိုင်တော့ဘဲ ပြေးကြရတာပါဘဲ ။
ဒါကြောင့်န.အ.ဖ အနေနဲ့  sanction တွေကိုတကယ်ဘဲ ရုတ်သိမ်းစေချင်တယ်ဆိုရင်..ပထမ ဆုံးက လွန်လွန်မင်းမင်း ဖြစ်နေတဲ့ အကြိးအကျယ်လတ်စားမှု ကို အရေးယးတိုက်ဖျက်ပေးရပါမယ် ။ ( ကျနော်ကို..ဗိုလ်မှုးဇော်လင်း တို့ လာဆွေးနွေးတုံးက..ကျနော်က သူတို့ကို နိုင်ငံရေးစိးပွားရေး အကြံပေးပါမယ် ။ ဒါပေမဲ့ ကျနော်အတွက် နစ်ချက် ဖေါ်ဆောင်ပေးစေချင်ပါတာ လို့ တောင်းဆိုခဲ့ပါတယ် ။

( ပထမ ) တချက်က..ငါးနစ်အတွင်း....နေ့ စားအလုပ်သမားလုပ်ခ ကို အနိမ့်ဆုံး..( ၃ -ဒေါ်လာ ) ဖြစ်လာအောင် ရည်မှန်းချက် ( တားဂတ် ) ထားရေး နုင့် ( ဒုတိယ ) နိုင်ငံတော်မှာ လွန်လွန်ကဲကဲ လတ်စားမှုတွေကျု ထိမ်းသိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ် ။ သူတို့  အခန်းအပြင်ထွက် ဖုံးဆက်တယ် ။ ပြီးလူကြီးက ခင်ဗျားအတွက် ဘာဖြစ်ချင်တယ်သာတောင်းပါတဲ့ ။ တိုင်းပြည်အရေးက သူတို့  တာဝန်ပါပေါ့ ပြန်ပြောလာတယ် ။
ကျနော် ဗြောင်ဘဲ ပြောလိုက်တယ် ။ ပထမ တချက်က ကျနော့်နိုင်ငံရေး..။ ရတယ် ။ မတောင်းဘဲထားလို့ ရတယ် ။ ဒုတိယတချက်က နိုင်ငံတော်ကိုတကယ်တိုးတက်စေချင်ရင်....အိမ်ကိုသစ်နဲ့ ဆောက်ထားရင်..ချတွေကို မရှင်းရင်...အဲဒီအိမ်ဟာ....ပြင်ပ လေမုန်တိုင်း ဒါဏ်ကြောင့် ပြိုမှာထက် ချစားလို့  ပြိုကျမှာဘဲ လိုေ့ပြာလွှတ်လိုက်ပါတယ် ။

( ၃ ) နိုင်ငံရေး သမားတွေကို စိးပွားရေး လူမှုရေး လုပ်ကိုင်ခွင့်ပိတ်ထားတာတွေကို ပထမဆုံး ပြန်လည် ရုတ်သိမ်းပေးရပါမယ် ။ နောင် မပိတ်ပင်တော့ပါဘူး အာမခံချက် အရင်ပေးရပါမယ် ။ တဆက်ထဲ..ပတ်စပို့ လျှောက်ထားခြင်း..အလုပ်လျှောက်ထားခြင်းစတာတွေမှာ...နိုင်ငံရေးကင်းရှင်းကြောင်း ခံဝန်ချက်ထိုးခိုင်းစေခြင်းကို လုံးဝ ရုတ်သိမ်းရပါမယ် ။

( ၄ ) နိုင်ငံတော်စိးပွားရေး လုပ်ကိုင်ခွင့်ကို...ယခုပေါ်ပေါက်လာမဲ့ လွတ်တော်က ဆုံးဖြတ်ပိုင်ခွင့်ပေးထားရပါမယ် ။ ၀န်ကြိးကက်ဘိနက် အဖွဲ့ ကသာ ချုပ်ကိုင်ထားမယ် ။ ပြည်သူ့ ကိုယ်စားလှယ်တွေ ပါဝင်ဆုံးဖြတ်ခွင့် ဘေးချိတ်ထားမယ်ဆိုရင်...ပြည်သူတွေကို sanction လုပ်ထားတာမို့ ...ကျေကျေလည်လည် ပြန်လည်စဉ်းစားရပါ လို့ အိသပေးလိုပါတယ် ။

( ၅ ) နိုင်ငံတော် စိးပွားရေးတိုးတက်လာဖို့ ဆိုရင်..နိုင်ငံတော်သမတ သည် စစ်ရေးအမြင်ရှိသူဖြစ်ရမည်ဆိုတဲ့ ကန့် သတ်ချက်ကို ပြန်လည်သုံးသပ်ရပါမည် ။ ကနေ့  စစ်ရေးအမြင်ရှိသူ သန်းရွှေ ဦးဆောင်နေတာ...နိုင်ငံတော်မှာ နိုင်ငံခြားဝင်ငွေတွေ တပုံ့တပင်ကြိးရရှိသော်လည်း..နိုင်ငံတော် စီပွားရေးတွင် စက်ရုံတွေဆောက်သော်လည်း စိပွားရေးအမြင် မရှိတော့ ဘာစီမံကိန်းမှ မအောင်မြင်ပါ ။ ပိုဆိုးသည်က နိုင်ငံဗတော် ၀င်ငွေတွေကို စီးပွားရေး..ကျန်းမာရေး ပညာရေးတွင် နည်းနည်းသာသုံးပြိး စစ်ရေးတိုးချဲ့သာလုပ်ခဲ့တာ လက်တွေ့ ဖြစ်နေပါတော့သည် ။

ယခု နိုင်ငံတော်သည်...စစ်ရေးက အရေးကြိးနေသည်လား...စိပွားရေးကအရေးကြိးနေသည်လား ကို လွှတ်တော်မှ ဆုံးဖြတ်ချက်ပေးရပါမည် .။ စိးပွားရေးက ပိုအရေးကြိးနေလျှင် နိုင်ငံတော်သမတ သည် စိးပွားရေးအမြင်ရှိသူဖြစ်ရန် ပြင်ဆင်ပေးရပါတော့မည် ။ သို့ မဟုတ်ပါက ဂျပန်စိးပွားရေးပညာရှင်အဖွဲ့ ရဲ့ အကြံပြုချက်ကိုပင် ..စီးပွားရေးအမြင်မရှိသူ က မောင်းထုတ်ခဲ့သော သာဓကများရှိခဲ့ဘူးပါပြီ ။

နေပြည်တော် လေဆိပ် စီမံကိန်း တရုတ်လည်း ဝင်ရောက်လုပ်ကိုင်

ရန်ပိုင် Wednesday, 05 January 2011
နေပြည်တော်ရှိ အေလာ၌ နိုင်ငံတကာ အဆင့်မီဖြစ်အောင် တိုးချဲ့တည်ဆောက်နေသော လေဆိပ် စီမံကိန်းတွင် တရုတ်ကုမ္ပဏီ တခုက အမေရိကန် ဒေါ်လာ သန်း ၁၀၀ ဖြင့် ဝင်ရောက် လုပ်ကိုင်မည် ဟု သိရသည်။  

Read More ...........

Naypyidaw_Air_Port2 နေပြည်တော် နိုင်ငံတကာ လေဆိပ် နမူနာ ပုံစံ။ (ဓာတ်ပုံ - Great Myanmar)
ယမန်နှစ် နိုဝင်ဘာလအတွင်းက ဝန်ကြီးချုပ် ဦးသိန်းစိန်သည် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ပြုလုပ်သည့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ တရုတ်နိုင်ငံတို့ တက်ရောက်သည့် စီအယ်လ်အမ်ဗီနှင့် အက်မက်စ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြောင်း၊ ထို့နောက် ဒီဇ

No comments:

Post a Comment