Wednesday, March 30, 2011

ကော့ကရိတ်စစ်ဆေးရေးဂိတ်ကို DKBAတိုက်ခိုက်& အကူအညီပေးပါရန်မေတ္တာရပ်ခံခြင်း& တာလေနှင့်မိုင်းလင်း အပျက်အစီး& ရှမ်းပြည်အရှေ့ပိုင်းငလျင် အကူအညီများလိုအပ်ဆဲ& သေဆုံးသူ ၁၅၀အထိ မြင့်တက်နိုင်

ပုံများ စာများ မပေါ်ပါက Display Image Below  ( သို့ )   Always Display Image Below ကို နှိပ်ပါ။

ဓာတ်ပုံများ ချဲ့ ၍ကြည့်လိုလျှင် ပုံပေါ်တင်၍ ကလစ်ခေါက်လိုက်ပါ။ အချို့ အ၀င်မေးလ်များ Inbox  မှာ မတွေ့ လျှင်  Spam နေရာတွင်ဝင်ကြည့်ပါ။

ဗွီဒီယို ဖိုင်တွေ ...မေးလ်နဲ့ ပို့ ရတာ တစ်ချို့ တွေက သိပ်အဆင်မပြေလို့ 
နောက်ဆုံးရ သတင်း၊ ရုပ်/သံ မှတ်တမ်းများ...      ဒီနေရာမှာ  ၀င်ပြီး ကြည့်ရှု့ / ဖတ်ရှု့ နိုင်ပါတယ်။
“ စူနာမီ လှိုင်း ” ကို မြင်ဖူး တွေ့ ဖူးချင်ရင်    ဒီနေရာမှာ  ၀င်ကြည့်လိုက်ကြနော် ...( ၁ )
“ စူနာမီ လှိုင်း ” ကို မြင်ဖူး တွေ့ ဖူးချင်ရင်    ဒီနေရာမှာ  ၀င်ကြည့်လိုက်ကြနော် ...( ၂ )

Burma VJ   စ/ဆုံး ကြည့်ရှု့ လိုပါက        ဒီနေရာ မှာ   ၀င်ရောက် ကြည့်ရှု့ နိုင်ပါတယ်။
Rambo_4  စ/ဆုံး ကြည့်ရှု့ လိုပါက         ဒီနေရာ မှာ   ၀င်ရောက် ကြည့်ရှု့ နိုင်ပါတယ်။

၂၀၀၇ “ရွှေဝါရောင် လှိုင်း” သံဃာတော်များ စီတန်းလမ်းလျှောက် မေတ္တာပို့ ၊ ပြည်သူ့ ဆန္ဒထုတ်ဖေါ်ပွဲအား
စစ်အာဏာရူး၊ န.အ.ဖ တို့ ကြမ်းတမ်း၊ ရက်စက်၊ ယုတ်မာစွာ အကြမ်းဖက် ဖြိုခွင်းခဲ့ပုံများ။ ရုပ်/သံ မှတ်တမ်း...

(၁)   ဒီနေရာမှာ
(၂)   ဒီနေရာမှာ
(၃)   ဒီနေရာမှာ
(၄)   ဒီနေရာမှာ

ဧရာဝတီ Tuesday, 29 March 2011
ကရင်ပြည်နယ် ကော့ကရိတ်မြို့အ၀င် စစ်ဆေးရေးဂိတ်ကို ယနေ့မွန်းလွဲပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ က လက်နက်ကြီးများဖြင့် တိုက်ခိုက်သောကြောင့် ခရီးသွား ယာဉ်တန်း ရပ်ဆိုင်း မှုဖြစ်ပွားခဲ့သည်ဟု ကုန်သည်များက ပြောသည်။

Battle_dkba
မြ၀တီ-ကော့ကရိတ်-ဘားအံ တရက်ခြား ပြေးဆွဲသည့် ယာဉ်တန်း (ဓာတ်ပုံ - ဧရာဝတီ)

မြ၀တီမြို့ခံကုန်သည်တဦးက“ဒီနေ့
က ကားတန်း အဆင်းရက်၊ ဖြစ်တာက ကော့ကရိတ်အ၀င် အဖွဲ့စုံစစ်ဆေးရေး ဂိတ်မှာဖြစ်တာ DKBA အဖွဲ့က အဲဒီဂိတ်ကိုလက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ ကားသမားနဲ့ ခရီးသည်တွေလည်း ကားရပ်ပြီး အားလုံး ဆင်းပြေးကြရတယ်၊ မွန်းလွဲ ၁၂ နာရီကျော်မှာဖြစ်တာ၊ သေနတ်သံကတော့ အကြီးအသေး အတိုင်းသားကြားနေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။ပစ်ခတ်မှုကြောင့်ခရီးသည်များ ထိခိုက်မှုမရှိသော်လည်း စစ်ဆေးရေးဂိတ်အတွင်းရှိ ၀န်ထမ်းတချို့ဒဏ်ရာရရှိကြောင်း၊ ယာဉ်တန်းထဲမှကားတချို့ ဒေါနတောင်တန်းပေါ်တွင် နာရီအတော်ကြာ ပိတ်မိနေကြောင်းလည်း ၎င်းက ဆိုသည်။
ယနေ့ပစ်ခတ်မှုကို ကော့ကရိတ်ခရိုင် အာဏာပိုင်များက တောတွင်း ကရင်သူပုန်များက ရပ်ရွာတည်ငြိမ်မှုကိုမလိုလား၍ လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ တပ်မတော်ကလိုက်လံတိုက်ခိုက်၍ သူပုန်များထွက်ပြေးသွားကြကြောင်း သတင်းဖြန့်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ရေးလမ်းကြောဖြစ်သည့် မြ၀တီ-ကော့ကရိတ်-ဘားအံ လမ်းကြောတွင် တည်ရှိသော နအဖ ၏ စီးပွားရေးလမ်းကြောင်းကို ပိတ်ဆို့မှုပြုလုပ်နိုင်ရန်အတွက် ယင်းလမ်းကြောင်းပေါ်တွင် ယခု နှစ်ဆန်းမှစတင်ကာ အကြိမ် ၃၀ ခန့် တိုက်ခိုက်မှုများပြူလုပ်ခဲ့သည်ဟု DKBA တပ်မဟာ ၅ က ပြောဆိုသည်။ယနေ့တိုက်ခိုက်မှုကို DKBA နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၆ မှ ပူးတွဲတပ်ဖွဲ့များဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်သည် KNLA တပ်မှူးတဦးက ပြောသည်။KNLA တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင်က“ဒီနေ့မွန်းလွဲပိုင်းက ကော့ကရိတ်အ၀င်မှာဖြစ်တဲ့ စစ်ဆင် ရေးကို ပူးတွဲစစ်ဆင်ရေးအဖွဲ့က ပြုလုပ်တာဖြစ်တယ်၊ အဲဒီနယ်မှာက KNLA တပ်မဟာ ၆ က တပ်မဟာ လုံခြုံရေးတပ်နဲ့ DKBA တပ်မဟာ ၅ က ဗိုလ် ကျော်သက်တို့ လှုပ်ရှားတဲ့ စစ်ဆင်ရေး နယ်မြေဖြစ်တယ်”ဟု ပြောပြသည်။အဆိုပါပူးပေါင်းအဖွဲ့သည် မြ၀တီခရိုင်နှင့် ကော့ကရိတ်ခရိုင် အတွင်းရှိ နအဖ တပ်စခန်းများကို ပြောက်ကျားစနစ်အသုံးပြုကာ တိုက်ခိုက်ကြ ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်ရှိ ကျောက် တလုံး စခန်းကို DKBA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် မြ၀တီမှ ကော့ကရိတ်သို့ ထွက်ခွာသည့် ယာဉ်တန်းများ၏ ထက်ဝက်ခန့် မြ၀တီသို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။

ခင်ဦးသာ Tuesday, 29 March 2011
မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံများ၌ ငလျင်ကဲ့သို့ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုသည် အချိန်မရွေး ကျရောက်လာနိုင်၍ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ပိုမိုခိုင်ခန့်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်း၏ ဥက္ကဋ္ဌ နှင့် ဘူမိဗေဒ ပညာရှင် ဒေါက်တာ ၀င်းဆွေ က ပြောသည်။

earthquake-goes-through-the-rubble-of-his-destroyed-house ငလျင် ဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားသည့် တာလေရှိ အဆောက်အအုံ တခုကို တနင်္ဂနွေနေ့က တွေ့ရစဉ် (ဓာတ်ပုံ - Getty Images)
“ငလျင်လှုပ်လို့ လူမသေဘူးဗျ၊ အဆောက် အအုံတွေပိလို့ သေကြရတာ များတယ်”ဟု ဒေါက်တာ ၀င်းဆွေက ဧရာဝတီကို ပြောသည်။အထူးသဖြင့် မြို့ပြဒေသများ၌ လူနေထူထပ်လာပြီး အဆောက်အအုံ များပြားလာကာ အထပ်မြင့်များ၊ ကွန်ဒို အဆောက်အအုံများ ပေါများလာခြင်းနှင့်အတူ ခိုင်ခန့်မှုအပိုင်းကိုပါ အလေးထား လုပ်ဆောင်ရန် အရေးကြီးကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ၌ ကြီးမားသော ငလျင်လှုပ်ခတ်မှုများ ယခင်ကလည်း ဖြစ်ပွားခဲ့ကြောင်း၊ မကြာခင်ရက်ပိုင်းက လှုပ်ခတ်ခဲ့သော ရှမ်းပြည်နယ်၊ ကျိုင်းတုံ၊ တာချီလိတ် ဒေသ၌ ယခင်ကလည်း လှုပ်ခတ်ခဲ့ ဖူးကြောင်း၊ သို့သော် လူနေထိုင်မှု နည်းပါးခြင်း၊ အဆောက်အအုံ နည်းပါးခြင်းတို့ကြောင့် ယခုကဲ့သို့ သေဆုံးမှု မရှိခဲ့၍ လူသိမများ ခဲ့ကြောင်းလည်း ဒေါက်တာ ၀င်းဆွေက ပြောသည်။

မြန်မာနိုင်ငံ၌ လူနေအထူထပ်ဆုံးဖြစ်သော ရန်ကုန်မြို့၌ ယခုအခါ ကန်ထရိုက်တိုက် အဆောက် အအုံများပေါများလာပြီး အများစုမှာ စိတ်မချရကြောင်း၊ ခိုင်ခန့်မှု အားနည်းခြင်း တို့ကြောင့် အဆောက်အအုံ မပြီးစီးခင်ပြိုကျပြီး လူအသေ အပျောက်များ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (စည်ပင်) အဆောက်အအုံ ဌာန၏ အငြိမ်းစား ၀န်ထမ်းတဦးက ဧရာဝတီကို ပြောသည်။

“စည်ပင်က တာဝန်ရှိသူတွေက ဆောက်ပြီးတဲ့ ကန်ထရိုက်တိုက်တွေကို သွားစစ်ဆေးရတယ်၊ အဲဒီလို စစ်ဆေးတဲ့အခါ ကန်ထရိုက်တချို့က သေချာ စစ်ဆေးမှာကို မလိုလားဘူးဆိုရင် စစ်ဆေးတဲ့သူနဲ့ ညှိပြီးတော့ အဆင်ပြေသွား တတ်တယ်”ဟု ၎င်း က ဆိုသည်။အထက်ပါ စည်ပင် ၀န်ထမ်းက ဆက်လက်ပြီး“ရန်ကုန်မှာသာ တာချီလိတ်လိုမျိုး ငလျင်လှုပ်ရင်တော့ အကုန်သေကြမှာ၊ တိုက် တွေက ခိုင်ခန့်မှု အားနည်းတော့ အတော့်ကို စိုးရိမ်စရာ ကောင်းပါတယ်”ဟု ပြောဆိုသည်။
ကန်ထရိုက်တိုက်များ ခိုင်ခန့်မှုနည်းပါးရခြင်းမှာ ဆောက်လုပ်ရေးသုံးပစ္စည်းများ ဈေးနှုန်းအဆမတန်မြင့်မား၍ ကုန်ကျမှုများပြား ခြင်း၊ တိုက်ခန်းများအား ပြန်လည်ရောင်းချရာ၌ အမြတ်အစွန်းနည်းပါးခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရသည်။ရန်ကုန်မြို့၌ ငလျင်ကြီး မလှုပ်သော်လည်း တိုက်ပြိုကျခြင်း၊ ၀ရံတာမှပြုတ်ကျ၍ သေဆုံးခြင်း စသည့်သတင်းများကို ပြည်တွင်း ထုတ် ဂျာနယ်များ၌ မကြာခဏ ရေးသားဖော်ပြခဲ့ကြသည်။

“ငလျင်လှုပ်ရင် ရုတ်တရက် ထွက်ပြေးတာတို့၊ အကြောက်လွန်ပြီး ခုန်ချတာတို့ မလုပ်ရဘူး၊ အပေါ်က ပစ္စည်းတခုခုပြုတ်ကျတာတွေ ဖြစ်ရင် အန္တရာယ်များတယ်၊ သတိထားပြီးတော့ အဆောက်အအုံနဲ့ ဝေးရာမှာ သွားနေရမယ်၊ ထိုင်နေရမယ်၊ ဒါမှ မဟုတ် ခိုင်ခန့် တောင့်တင်းတဲ့ စားပွဲတွေအောက်မှာ ၀င်နေရမယ်”ဟု ဒေါက်တာ ၀င်းဆွေ က ပြောသည်။သဘာဝ ဘေးအန္တရာယ်သည် အချိန်မရွေးကျရောက်လာနိုင်၍ ပညာပေးမှု အပိုင်းနှင့်ကျရောက်ပြီးပါက အရေးပေါ်လုပ်ဆောင် ရမည့် ကူညီကယ်ဆယ်ရေး ကိစ္စများကိုလည်း ကြိုတင်၍ စနစ်တကျဆောင်ရွက်ထားရန်လိုအပ်ကြောင်းလည်း ၎င်းက ဆက် လက် ပြောဆိုသည်။“ဂျပန်ဆိုရင် ကြိုတင်ပြင်ဆင်ထားမှု၊ နည်းပညာ၊ အရေးပေါ် ကူညီမှု အပိုင်းတွေက အကောင်းဆုံး လုပ်ဆောင်ထားတယ်၊ အဲဒါတောင် သဘာဝ ဘေးအန္တရယ်ကို ကာကွယ်တားဆီမှု အပြည့်မလုပ်နိုင်လိုက်ဘူး”ဟု ဒေါက်တာ ၀င်းဆွေ က ဆိုသည်။

ငလျင်၏ သဘောသဘာဝသည် တခါလှုပ်ခတ်ပြီးပါက ထိုနေရာ၌ နောက်ထပ်တဖန် လှုပ်ခတ်တတ်ကြောင်း၊ သို့သော် နောက် တကြိမ်သည် မည်သည့်အချိန်တွင် လှုပ်ခတ်မည်ကို အတိအကျ မပြောနိုင်ကြောင်း၊ နှစ်ပေါင်း ဆယ်ချီ၊ ရာချီ၊ ထောင်ချီ၍ ကြာ တတ်ကြောင်း သိရသည်။“ငလျင်ဘေးက ကျန်တာနဲ့မတူဘူး၊ အတော့်ကိုဆိုးတဲ့ အန္တရာယ်၊ ဒါကြောင့် သတိထားဖို့အရေးကြီးတယ်၊ ငလျင်လှုပ်ပြီးတာနဲ့ ကူညီမှုတွေ အချိန်မီဖို့ အရေးကြီးတယ်၊ မဟုတ်ရင် နောက်ဆက်တွဲ အန္တရာယ်တွေက ထပ်ဖြစ်လာတာတွေ ရှိတတ်တယ်”ဟု ဒေါက်တာ ၀င်းဆွေ က ပြောသည်။ပြီးခဲ့သည့် ရက်ပိုင်းက ရှမ်းပြည်နယ်၌ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် လူပေါင်း ရာဂဏန်းသေဆုံးခဲ့ပြီး ဒုက္ခရောက်နေသူပြည်သူများအတွက်မူ ကူညီကယ်ဆယ်ရေး ကိစ္စများ မလုံလောက်သည့်အပြင် ပုဂ္ဂလိက အလှူရှင်များမှာလည်း လွတ်လပ်စွာလှူခွင့် မရကြဟု ဒေသခံများက ပြောဆိုကြသည်။မြန်မာနိုင်ငံ၌ ယခင်က လှုပ်ခတ်ခဲ့သော ငလျင်များသည် ပျက်စီးဆုံးရှုံးမှု များခဲ့သော်လည်း လူသေဆုံးမှု နည်းပါးခဲ့ကြောင်း သိရ သည်။ ၁၉၅၆ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုး၌ ပြင်းထန်သော မြေငလျင်လှုပ်ခတ်ခဲ့ရာ လူသေဆုံးမှု မရှိခဲ့ပေ။

မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော ငလျင်များအနက် ၁၈၃၉ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော အင်းဝ ငလျင်၊ ၁၉၂၇ တွင်လှုပ်ခတ်ခဲ့သော ပဲခူးငလျင်၊ ၁၉၃၀ တွင်လှုပ်ခတ်ခဲ့သော ဒုတိယ အကြိမ်မြောက် ပဲခူး ငလျင်နှင့် ၁၉၇၅ တွင်လှုပ်ခတ်ခဲ့သော ပုဂံငလျင်တို့သည် ပျက်စီးဆုံးရှုံးမှုကြီးမားသော ငလျင်များဖြစ်သည်။“မြန်မာနိုင်ငံမှာ အဓိက ငလျင်ကြော ၂ ခုရှိပါတယ်၊ စစ်ကိုင်း ငလျင်ကြောနဲ့ အိန္ဒိယ နယ်စပ်က ငလျင်ကြောဆိုပြီးရှိတယ်၊ စစ်ကိုင်း ငလျင်ကြောက ကုန်းတွင်းမို့ ဆူနာမီ ဖြစ်လာနိုင်ခြေနည်းပါးတယ်၊ အိန္ဒိယ နယ်စပ် ငလျင်ကြော ဖြစ်ရင်တော့ နောက် ဆက်တွဲ ဆူနာမီလို ဟာမျိုးကို သတိထားဖို့လိုအပ်တယ်၊ အိန္ဒိယ နယ်စပ်ငလျင်ကြောက အင်ဒိုနီးရှားနဲ့ပိုပြီးဆက်စပ်နေတယ်” ဟု ဒေါက်တာ ၀င်းဆွေက ရှင်းပြသည်။မြန်မာနိုင်ငံ၌ စစ်ကိုင်း၊ မိုးမိတ်၊ ကဘော်၊ ဂွေးချို၊ မြောက်ဦး၊ ကျောက်ကြမ်း၊ ဖာပွန်နှင့် ဘုရားသုံးဆူ ငလျင်ကြောများရှိကြောင်း သိရသည်။စစ်ကိုင်း ငလျင်ကြောသည် ဟူးကောင်းတောင်ကြား အပါအ၀င် မိုးကောင်း၊ မိုးညှင်း ဒေသများမှတဆင့် ဧရာဝတီမြစ်ကြောင်း တလျှောက်၊ ထိုမှတဆင့် မန္တလေး အထက်ပိုင်းဒေသများ၊ စစ်ကိုင်း တောင်ရိုး၊ တောင်ငူ၊ ပဲခူး စသည့် ဒေသများကို ဖြတ်သန်း သွားကြောင်း ဒေါက်တာ ၀င်းဆွေက ပြောဆိုသည်။
အစိုးရသစ် ကျမ်းသစ္စာ ကျိန်မည်

အစိုးရသစ် ကျမ်းသစ္စာ ကျိန်မည်

စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်သည် မတ်လ ၃၀ ရက်တွင် တနိုင်ငံလုံး၌ တပြိုင်တည်း ကျမ်းသစ္စာ ကျိန်ဆိုပွဲပြုလုပ်မည်ဟု လွှတ်တော်
ငလျင်ကြောင့် တပ်တွင်း သေပျောက် သတင်း အမှောင်ချ

ငလျင်ကြောင့် တပ်တွင်း သေပျောက် သတင်း အမှောင်ချ

ရှမ်းပြည်နယ် ငလျင်ကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိသွားပြီဖြစ်ပြီး စစ်တပ်အတွင်း လူအသေ အပျောက်နှင့် ပတ်သက်၍ သတင်း ပေါက်ကြားမှု မရှိစေရန် လမ်းပန်း

သျှမ်းတပ် မဟာမိတ် လမ်းကြောင်း ဖြတ်တောက်ရန် သံလွင်အရှေ့ခြမ်းသို့ နအဖတပ် အင်အားဖြည့်

သျှမ်းတပ် မဟာမိတ် လမ်းကြောင်း ဖြတ်တောက်ရန် သံလွင်အရှေ့ခြမ်းသို့ နအဖတပ် အင်အားဖြည့်

သံလွင် အရှေ့ခြမ်းရှိ သျှမ်းပြည် တပ်မတော်နှင့် ကရင်တပ်ဖွဲ့ ရာချီစစ်အင်အား သံလွင်အနောက် ခြမ်း သို့ အင်အားဖြည့် မည့် နအဖသတင်းကြောင့်  စစ်ယဉ်တန်း ၁၆ ...
အပြည့်အစုံသို့ ...
တောင်ပိုင်း ဝ ရွာတရွာ မီးလောင် လူထု ၉၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

တောင်ပိုင်း ဝ ရွာတရွာ မီးလောင် လူထု ၉၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

တောင်ပိုင်း ဝ တပ်ဖွဲ့ထိန်းချုပ်နယ်မြေ မိုင်းတုံမြို့နယ် အတွင်းရှိ ဝ ကျေးလက် ရွာတရွာမှ အိမ်ခြေ ၅၀ ကျော် မီးစွဲလောင် သဖြင့် လူထု ၉၀ ကျော် အိုးမဲ့အိမ်မဲ့...
အပြည့်အစုံသို့ ...
တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်း ယာဉ်တင်ကုန်တန်ချိန် ပိုပြန်တင်

တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်း ယာဉ်တင်ကုန်တန်ချိန် ပိုပြန်တင်

အာစီယံစံ ကုန်အလေးချိန် သတ်မှတ်ချက်ထက်ကျော် လွန်၍ တရုတ် - မြန်မာနယ်စပ် မူစယ် ၁၀၅ မိုင်ကုန် သွယ် ရေးလမ်း တွင်ကုန်တင်ယာဉ်များတန်ပိုတင်လာ ကြောင်း သိရသည်။ ...
အပြည့်အစုံသို့ ...

စိစစ်ရေး ကင်းလွတ်ခွင့် သတင်းဂျာနယ်များ မပါ

ဟိန်းသူ Tuesday, 29 March 201
စိစစ်ရေး ကင်းလွတ်ခွင့် သတင်းဂျာနယ်များ မပါ“အရပ်သား”အစိုးရသစ် ပေါ်ပေါက်လာပါက အခြေခံဥပဒေသစ်အရ မီဒီယာများ အပေါ် ထိန်းချုပ်မှု လျှော့ပေါ့ပေးသည့် အနေဖြင့် စာပေအမျိုးအစား ၆ မျိုး ကို စာပေစိစစ်ရေး ...

ကော့ကရိတ် စစ်ဆေးရေးဂိတ်ကို DKBA တိုက်ခိုက်

ဧရာဝတီ Tuesday, 29 March 2011
ကော့ကရိတ် စစ်ဆေးရေးဂိတ်ကို DKBA တိုက်ခိုက်ကရင်ပြည်နယ် ကော့ကရိတ်မြို့အ၀င် စစ်ဆေးရေးဂိတ်ကို ယနေ့မွန်းလွဲပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ က...

ရော့စ် ဒန်ကလေ သိန်း ၁၀၀ ဖြင့် အာမခံရ

သင်းအောင် Tuesday, 29 March 2011 
ရော့စ် ဒန်ကလေ သိန်း ၁၀၀ ဖြင့် အာမခံရမြန်မာတိုင်းမ် ဂျာနယ်ကို ပူးတွဲတည်ထောင်သူ မစ္စတာ ရော့စ် ဒန်ကလေ၏ ရှေ့နေများ အာမခံ လျှောက်ထားမှုကို ယနေ့ နေ့လယ် ၃ နာရီ ၁၅ မိနစ်တွင် ကမာရွတ်မြို့နယ်

ဒေါက်တာ တူးဂျာ ကြံ့ဖွံ့ပါတီ ၀င်မလား

မင်းနိုင်သူ Tuesday, 29 March 2011 16:23
ဒေါက်တာ တူးဂျာ ကြံ့ဖွံ့ပါတီ ၀င်မလား၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီဖွဲ့စည်းခွင့် မရခဲ့သော ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ဥက္ကဌ ဒေါက်တာတူးဂျာသည် မကြာမီ ရက်ပိုင်းများက...

သဘာဝဘေး အချိန်မရွေး ကျရောက်နိုင်၊ အဆောက်အအုံများ ခိုင်ခန့်ရန်လို

ခင်ဦးသာ Tuesday, 29 March 2011
သဘာဝဘေး အချိန်မရွေး ကျရောက်နိုင်၊ အဆောက်အအုံများ ခိုင်ခန့်ရန်လိုမြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံများ၌ ငလျင်ကဲ့သို့ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုသည် အချိန်မရွေး ကျရောက်လာနိုင်၍ အဆောက်အအုံများ ဆောက်လုပ်ရာတွင်...

ထိုင်းက နိုင်ငံခြားသား အလုပ်သမား ထပ်ခေါ်ရန် စီစဉ်နေ

ဘစောတင် Monday, 28 March 2011
နိုင်ငံတွင်း တရားဝင် လာရောက် လုပ်ကိုင်နေသော မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံများမှ အလုပ်သမားများနှင့် မလုံ လောက်၍ ဘင်္ဂလားဒေ့ရှ် နှင့် အင်ဒိုနီးရှား နိုင်ငံများမှ ...

CDMA 800 ဖုန်း ငွေဖြည့်သွင်းကတ် သက်တမ်း ၁၀ နှစ်မှ ၆ လသို့ လျှော့

နရီလင်းလက် Monday, 28 March 2011
CDMA 800 ဖုန်း ငွေဖြည့်သွင်းကတ် သက်တမ်း ၁၀ နှစ်မှ ၆ လသို့ လျှော့၅ သိန်းတန် CDMA 800 MHz ဖုန်းများ၏ ငွေဖြည့်သွင်းကတ်များ သက်တမ်းအား ၁၀ နှစ် မှ ၆ လ သက်တမ်းသို့ လျှော့ချမည်ဟု သိရသည်။ ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းက ...

မြန်မာနှင့် ဆက်စပ်သည့် FIFA ဥက္ကဌ စစ်ဆေးခံရဖွယ်ရှိ

မင်းနိုင်သူ Monday, 28 March 2011
မြန်မာနှင့် ဆက်စပ်သည့် FIFA ဥက္ကဌ စစ်ဆေးခံရဖွယ်ရှိမြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဌ မစ္စတာ ဆတ် ဘလတ္တာကို ...

နစက တပ်ဖွဲ့ကို အသွင်ပြောင်းတော့မည်ဟု ဆို

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နယ်ခြားစောင့်တပ်ဖြစ်သည့် ရခိုင်ပြည်နယ် အနောက်ဘက် နယ်...

ရာသီဥတု မညီမျှမှုကြောင့် ရခိုင် နှမ်းလုပ်ငန်း ထိခိုက်

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်၌ ရာသီဥတု မညီမျှမှုကြောင့် နှမ်းစိ...

ဒန်ကလေကို အင်းစိန်ထောင်မှ အာမခံဖြင့် လွှတ်

လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုနှင့် အမျိုးသမီးတဦးကို နာကျင်အောင် ပြုလုပ်...

မြောက်ကိုရီးယားလည်း သဝဏ်လွှာပို့ ၊ အနောက်အုပ်စု မပို့သေး

မြောက်ကိုရီးယား အပါအဝင် မြန်မာ့ အိမ်နီးချင်းနို င်ငံများက သမ္မတ ဦးသိန်းစိန်နှင့်...

သတင်းစာဆရာ ဒန်ကလေ အာမခံရ

မြန်မာတိုင်းမ် အမှုဆောင်ဟောင်း မစ္စတာ ရောစ့် ဒန်ကလေကို ရန်ကုန်တိုင်း ကမာရွတ်မြို့န...

ရန်ကုန်လေဆိပ် အခွန်မြင့်တက် တဦး ၁ဝ ဒေါ်လာ

ဧပြီ ၁ ရက်နေ့မှစ၍ နိုင်ငံခြားခရီးသွားမည့် မြန်မာနိုင်ငံသားများလည်း ရန်ကုန် မင်္ဂလာ...

အောက်ခြေ အုပ်ချုပ်ရေးအဖွဲ့များ အမည်ပြောင်း

ရန်ကုန်တိုင်း မြို့နယ်နှင့် ရပ်ကွက်အသီးသီးရှိ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးေ...

စီအဲန်အေ လက်ချက်နဲ့ သေဆုံးသည့် နအဖစစ်သားကို အစားထိုးရန် လူငယ်နှစ်ဦးအား ဖမ်းဆီး

ချင်းပြည်နယ်တောင်းပိုင်း ပလက်ဝမြို့နယ် ရှင်းလက်ဝ တပ်စခန်းတွင် လက်ရှိအခြေစိုက်နေသ...

နအဖ ပူးပေါင်းတပ် ထပ်မံ ထိခိုက် ကျဆုံး

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်တွင် လှုပ်ရှားနေသည့် နအဖ၊ နယ်ခြားစောင့် BGF ပူးပေါင...

ရှမ်းပြည် တပ်မတော်ကို စစ်အစိုးရမှ ထိုးစစ်ဆင် တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နန့်စန်မြို့နယ် အတွင်းရှိ ရှမ်းပြည် တပ်မ...

ရှမ်းပြည် တိုးတက်ရေး ပါတီအပေါ် ထိုးစစ်ဆင်မှု ရပ်တန့်ရန် (UNFC) မှ ကျေညာချက် ထုတ်ပြန်

ရှမ်းပြည်နယ်ရှိ ရှမ်းပြည် တိုးတက်ရေး ပါတီအပေါ် မြန်မာစစ်အစိုးရ တပ်ကနေ ထိုးစစ်ဆင်ေ...
KIO အရာရှိဟောင်းများ ကြံ့ဖွံ့ပါတီ ၀င်ခွင့်အတွက် လျှောက်လွှာတင်ထား

KIO အရာရှိဟောင်းများ ကြံ့ဖွံ့ပါတီ ၀င်ခွင့်အတွက် လျှောက်လွှာတင်ထား

ဒေါက်တာ မနမ်တူးဂျာနှင့် ဖျက်သိမ်းပြီး ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) မှ အခြ...
၅ သိန်းတန် GSM ဖုန်း အလွယ်တကူ ဝယ်ယူနိုင်

၅ သိန်းတန် GSM ဖုန်း အလွယ်တကူ ဝယ်ယူနိုင်

မတ်လ ၂ ရက်နေ့မှ စပြီး မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မြန်မာ့ ဆက်သွယ်ရေးဌာနက ကျပ...

လှိုင်သာယာ စက်မှုဇုန် ကျူးကျော်နေထိုင်သူ များလာ

သင်းအောင် Monday, 28 March 201
လှိုင်သာယာ စက်မှုဇုန် ကျူးကျော်နေထိုင်သူ များလာရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်ရှိ စက်ရုံ အလုပ်သမားမိသားစု အများဆုံးနေထိုင်ရာ စက်မှုဇုန် အမှတ် (၃)နှင့် (၄) တွင် ဒေသခံ အာဏာပိုင်များက ငွေကြေးယူ၍...

အခါမဲ့ မိုးကြောင့် ဆားကွင်းများ ပျက်စီး

ခိုင်သွယ် Monday, 28 March 2011
အခါမဲ့ မိုးကြောင့် ဆားကွင်းများ ပျက်စီးဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တွင် မတ်လအတွင်း အချိန်အခါမဟုတ် ရွာသောမိုးကြောင့် ဆားကွင်းများ ပျက်စီး၍ ဆားထုတ်လုပ်မှုများ လျော့ကျသွားခဲ့ကြောင်း...

ရှမ်းပြည်အရှေ့ပိုင်းငလျင် သေဆုံးသူ ၁၅၀ အထိ မြင့်တက်နိုင်

ဝေမိုး Saturday, 26 March 2011
ရှမ်းပြည်အရှေ့ပိုင်းငလျင် သေဆုံးသူ ၁၅၀ အထိ မြင့်တက်နိုင်ရှမ်းပြည်အရှေ့ပိုင်းတွင် မတ်လ ၂၄ ရက်နေ့၌ လှုပ်ခတ်သွားသော အားပြင်းငလျင်နှင့် နောက်ဆက်တွဲ ငလျင်များကြောင့် သေဆုံးသူ အနည်းဆုံး ၁၅၀ အထိ မြင့်တက်နိုင်ပြီး ကူညီကယ်ဆယ်ရေး...

ထိုင်းနယ်စပ်မှ မြန်မာဘက်သို့ ဓာတ်ဆီတင်ပို့မှု ၂ ဆ မြင့်တက်

ဧရာဝတီ Saturday, 26 March 2011
ထိုင်းနယ်စပ်မှ မြန်မာဘက်သို့ ဓာတ်ဆီတင်ပို့မှု ၂ ဆ မြင့်တက်မြန်မာနိုင်ငံတွင် ဓာတ်ဆီဈေးနှုန်းများ အဆမတန် မြင့်တက်မှုကြောင့် ထိုင်းနယ်စပ်မှတဆင့် တရားမ၀င် ဓာတ်ဆီတင်ပို့မှုမှာ ယခင်ကထက် ၂ ဆ တိုးလာကြောင်း သိရသည်။

စစ်တပ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ရန် HRW ပြော

နရီလင်းလက် Friday, 25 March 2011
စစ်တပ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ရန် HRW ပြောနိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများနှင့် လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေများကို လေးစားရန် တိုက်တွန်း တောင်းဆို ထားသည့် စာတစောင်ကို အမေရိကန် အခြေစိုက်...

မြန်မာအလုပ်သမား ၄၀၀ ကျော် အဖမ်းခံရ

ဘစောတင် Friday, 25 March 2011
ထိုင်းနိုင်ငံတောင်ပိုင်း လဗ်ဘူရီခရိုင် ဘန်ချာမြို့နယ်တွင် တည်ရှိပြီး လုပ်ခမှန်ကန်စွာ မရမှုကြောင့် အလုပ်ရှင်နှင့် မြန်မာအလုပ်သမားများ ပြဿနာတက်နေသည့်...

ခေတ်နှင့်လျော်ညီသည့် လုပ်ခလစာ သတ်မှတ်ပေးရန် တောင်းဆို

မင်းနိုင်သူ Friday, 25 March 2011
မြန်မာ အစိုးရအနေဖြင့် အလုပ်သမားများအား ခေတ်ကာလနှင့် လျော်ညီသော အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပေးရန် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား သွေးစည်း

မီးလောင်မှုကြောင့် မိသားစု ၃ စု အိုးမဲ့အိမ်မဲ့ဖြစ်

ဧရာဝတီ Friday, 25 March 2011
ရန်ကုန် မြောက်ဥက္ကလာပ မြို့နယ်၌ မတ်လ ၂၄ ရက်နေ့နံနက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ နှစ်ထပ်တိုက်တလုံး မီးထဲပါသွားခဲ့ပြီး မိသားစု ၃ စု အိုးမဲ့အိမ်မဲ့ ဖြစ်သွား...

ရှမ်းပြည်အရှေ့ပိုင်း အားပြင်းငလျင် လူ ၁၀၀ ကျော်သေ

ရန်ပိုင် Friday, 25 March 2011
ရှမ်းပြည်အရှေ့ပိုင်း အားပြင်းငလျင် လူ ၁၀၀ ကျော်သေရှမ်းပြည်အရှေ့ပိုင်း လွယ်မွေဒေသကို ဗဟိုပြု၍ ယမန်နေ့ညက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ရစ်ချတ်တာ စကေးရှိ ငလျင်ကြောင့် လူ ၁၀၀ ကျော် သေဆုံးနိုင်ကြောင်း ...

ကမ္ဘောဇ လေကြောင်းလိုင်းသစ် မကြာမီ ပြေးဆွဲမည်

ဧရာဝတီ Friday, 25 March 2011 15:44
ကမ္ဘောဇ လေကြောင်းလိုင်းသစ် မကြာမီ ပြေးဆွဲမည်ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူဟု လူသိများသော ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း တည်ထောင်သည့် ကမ္ဘောဇ (KBZ)လေကြောင်းလိုင်းသည် လာမည့်

ဒီတခါ နင့်အလှည့်ပဲ …
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivLySEeyvqpZtA3FX7EZhVgz3ChUAHp5Ffgsh4NuzhLMMQhxkwUhURyLintGKFKEHYsLuxNPo__2CQ7POgOlM8Mbl5GydB5rVWmDTkmPMxQf3brVZjP66WAoD-gbuCF9jzaNyM9I5GSDA/s1600/SN_2095.jpg
ကာတွန်း စောငို - ဒီတခါ နင့်အလှည့်ပဲ    မတ် ၂၉၊ ၂၀၁၁

မိုးမခစာများ ပြန်လည်ဆန်းသစ်
မတ် ၂၉၊ ၂၀၁၁


 
ပေးစာ - အကူအညီပေးပါရန် မေတ္တာရပ်ခံခြင်း

 ပြိုကျသွားသော ဘုရားကျောင်း
ကျနော်တို့ တာချီလိတ်နယ်အတွင်း ဖြစ်ပျက်တဲ့ ငလျှင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ဖြစ်ပျက်ပုံကို ပုံနှင့်တကွ တင်ပြပါသည်။ “ရန်ရှင်းရွာ” တွင် အိမ်ခြေ ၁၀ အိမ်လောက် ယိုင်ပြီးကွဲအက်သွားပါသည်။ မပြုပြင်လျှင် ဆက်နေလို့မရတော့ပါ။ ဒဏ်ရာရတဲ့လူ တဦးပဲရှိပါသည်။ဒုတိယရွာ “ကျကူနီ” ရွာတွင် အိမ်ခြေ ပေါင်း ၁၄၅ အိမ်ရှိပြီး အားလုံး ပြိုလဲ ပျက်စီးသွားပါသည်။ ဘုရားကျောင်းတွင် လူပေါင်း ၅၀ ကျော် ၀တ်ပြုနေချိန်တွင် ဘုရားကျောင်းပြိုလဲရာ ၂၂ ဦး ပွဲချင်းပြီးသေဆုံးပြီး တရွာလုံးဒဏ်ရာရကြပါသည်။ ရွာအထဲမှာ လူတယောက်မျှ မနေကြတော့ပါ။ ရွာရဲ့အနီးအနားမှာပဲ တဲထိုးပြီး ယာယီနေထိုင်ကြပါသည်။ စားဖို့သောက်ဖို့၊ ဆေးဝါး၊ သောက်သုံးရေ အင်မတန် လိုအပ်နေပါသည်။ ကျကူနီရွာသည် ရပ်ဝေးတောင်ပေါ်ရွာဖြစ်သောကြောင့် မည်သူမျှသွားရောက်ပြီး မကူညီနိုင်သေးပါ။
တတိယသည် တာလေမြို့ဖြစ်ပြီး အိမ်တွေအားလုံးနီးပါး ပြိုလဲပျက်စီးသွားပါသည်။ ကားလမ်းပေါ်မှာလည်း နှစ်ခြမ်းကွဲအက်သွားပါသည်။ လူဦးရေ ၅၀ လောက် သေဆုံးပြီး တမြိုလုံးရှိ လူတွေ ဒဏ်ရာ အပြင်းအထန်ရရှိကာ ဆေးရုံတွင် ဆေးကုသနေကြပါသည်။ နောက်ထပ် မိုင်းလင်းတွင် အိမ်ခြေပေါင်း ၄၀ နီးပါး ပြိုလဲပျက်စီးသွားပါသည်။ တရွာလုံးက လူတွေ ဒဏ်ရာပြင်းထန်စွာ ရရှိပါသည်။ အယောက် ၃၀ နီးပါး သေဆုံးသွားပါသည်။ ပေသေလ ရွာတွင်လည်း အိမ်ခြေ ၁၂၀၊ အိမ် အားလုံး ပျက်စီးသွားပါသည်။လတ်တလော အလိုအပ်ဆုံးမှာ သောက်သုံးရေများ၊ ဆေးဝါး ၊ရိက္ခာ အ၀တ်အထည်များ အင်မတန် လိုအပ်နေပါသည်။ လူကြီးမင်းတို့ထံ ဒုက္ခသည်များကိုယ်စား စာနာစိတ်နဲ့ တတ်နိုင်သမျှ ကူညီပေးပါရန် ကျနော်တို့ လေးစားစွာ တင်ပြအပ်ပါသည်။
ဦးယောဘ
 တာလေနှင့် မိုင်းလင်း အပျက်အစီး
 ငလျင်ဒဏ်ခံရအပြီး ရှမ်းပြည်နယ် တာလေနှင့် မိုင်းလင်းမြို့ မြင်ကွင်း (ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ )
 ရှမ်းပြည် အရှေ့ပိုင်းငလျင် အကူအညီများ လိုအပ်ဆဲ
MYANMAR-QUAKE/
Soldiers clean debris near a damaged pagoda in Minelin March 27, 2011. At least 74 people were killed in a strong earthquake that struck Myanmar on March 24, 2011, state media said, while a series of aftershocks have caused panic but only limited damage in Thailand and Laos.REUTERS/Soe Zeya Tun (MYANMAR - Tags: DISASTER RELIGION IMAGES OF THE DAY) REUTERS
မိုင်းလင်းတွင် မြေခသွားသော စေတီတဆူကို ရှင်းလင်းနေသော စစ်သားများ (ဓာတ်ပုံ - Reuters)
Hkg4739356
A child survivor of the March 24 earthquake kneels on the side of a road during a funeral service, in Tarlay, northeastern Myanmar on March 27, 2011. Rescue teams struggled to reach those affected by a powerful earthquake that struck Myanmar's east three days ago, as aid workers said they feared the death toll will rise. AFP PHOTO/Soe Than WIN (Photo credit should read Soe Than WIN/AFP/Getty Images) 2011 AFP
တာလေမြို့က ငလျင်ကြောင့် သေဆုံးသွားသူတဦးရဲ့ ဈာပနအခမ်းအနားမှာတွေ့ရတဲ့ ကလေးငယ်တဦး။ ပြင်းထန်တဲ့ သဘာဝဘေးဒဏ်တွေကြောင့် ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရသွားတတ်ပါတယ် (ဓာတ်ပုံ - Getty Images)
THAILAND-QUAKE/
A family member of earthquake victims grieves during a funeral ceremony in Tarlay March 27, 2011. Her two sons, one sister and father have died in the earthquake. At least 74 people were killed in a strong earthquake that struck Myanmar, state media said on Friday, while a series of aftershocks have caused panic but only limited damage in Thailand and Laos.REUTERS/Soe Zeya Tun (MYANMAR - Tags: DISASTER ENVIRONMENT) REUTERS
မိသားစုဝင်များ ဆုံးရှုံးသွားသူ တဦး၏ သောက။ တချို့မိသားစုများတွင် မိသားစုဝင် အားလုံးနီးပါး အသက်ဆုံးရှုံးမှုမျိုးလည်း ရှိသည် (ဓာတ်ပုံ - Reuters)
THAILAND-QUAKE/
People queue in a disaster relief camp for supplies in Tarlay March 27, 2011, after a magnitude 6.8 earthquake hit Myanmar last Thursday. At least 74 people were killed in a strong earthquake that struck Myanmar, state media said on Friday, while a series of aftershocks have caused panic but only limited damage in Thailand and Laos. REUTERS/Soe Zeya Tun (MYANMAR - Tags: DISASTER ENVIRONMENT) REUTERS
တာလေတွင် ငလျင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာပေးဝေရာတွင် တန်းစီနေကြသူများ (ဓာတ်ပုံ - Reuters)
Hkg4739526
Myanmar survivors of the March 24 earthquake extend their hands to receive packets of relief food, in Tarlay, northeastern Myanmar on March 27, 2011. Rescue teams struggled to reach those affected by a powerful earthquake that struck Myanmar's east three days ago, as aid workers said they feared the death toll will rise. AFP PHOTO/Soe Than WIN (Photo credit should read Soe Than WIN/AFP/Getty Images) 2011 AFP
လာရောက်ဝေငှသူများထံမှာ အလုပ်အယက်တောင်းယူနေစဉ် (ဓာတ်ပုံ - Getty Images)
THAILAND-QUAKE/
Children rush to get food when a private donor car arrived at the earthquake-hit Minelin March 27, 2011. At least 74 people were killed in a strong earthquake that struck Myanmar, state media said on Friday, while a series of aftershocks have caused panic but only limited damage in Thailand and Laos. REUTERS/Soe Zeya Tun (MYANMAR - Tags: DISASTER ENVIRONMENT FOOD) REUTERS
ရှမ်းပြည်အရှေ့ပိုင်းငလျင် သေဆုံးသူ ၁၅၀ အထိ မြင့်တက်နိုင်
ဝေမိုး Saturday, 26 March 2011
ရှမ်းပြည်အရှေ့ပိုင်းတွင် မတ်လ ၂၄ ရက်နေ့၌ လှုပ်ခတ်သွားသော အားပြင်းငလျင်နှင့် နောက်ဆက်တွဲ ငလျင်များကြောင့် သေဆုံးသူ အနည်းဆုံး ၁၅၀ အထိ မြင့်တက်နိုင်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများပိုမိုလုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း သိရသည်။ပြင်းအားအဆင့် ၇ ရှိ ငလျင်ကြောင့် သေဆုံးသူ ၇၃ ဦးရှိကြောင်း စစ်အစိုးရ မီဒီယာများက ဖော်ပြထားသော်လည်း မတ်လ ၂၅ ရက်နေ့အထိ နောက်ဆက်တွဲ လှုပ်ခတ်နေသော ငလျင်ငယ်များကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသော ဒေသခံများက ပြောသည်။
     သေဆုံးသွားသူများအတွက် တာလေသို့ ခေါင်းတလားများ သယ်ပို့နေကြစဉ် (ဓာတ်ပုံ - Sai Ngaotai/Facebook)
 “ကြာသပတေးနေ့ ငလျင်နဲ့ သောကြာနေ့တွေမှာ ဆက်ဖြစ်နေတဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် တာလေနဲ့ မိုင်းလင်းလို ငလျင်ဒဏ် အဆိုးဆုံးထိတဲ့ နေရာတွေမှာ အနည်းဆုံး လူ ၁၅၀ လောက် သေနိုင်တယ်” ဟု တာချီလိတ်မြို့မှ ဒေသခံ ကြက်ခြေနီ အဖွဲ့ဝင်တဦးက ပြောသည်။“ပြိုကျ ပျက်စီးနေတဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ရေး အလုပ်သမားတွေနဲ့ ဒေသခံတွေက ဆက်ရှာနေတုန်းပါ။ လေ့ကျင့်ပေးထားတဲ့ အနံ့ခံခွေးတွေလို အပါအဝင် ကိရိယာစုံစုံလင်လင် မရှိတာနဲ့ အတွေ့အကြုံ မရှိကြတာရယ်ကြောင့် အခက်အခဲတွေ အများကြီးတွေ့ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ထိုင်း-မြန်မာ နယ်စပ်မှ ဒေသခံများနှင့် ထိုင်းနယ်စပ်မြို့ မယ်ဆိုင်မှ ဒေသခံများက ငလျင်ဒဏ်ခံရသူများအတွက် အစားအသောက်နှင့် အထောက်အပံ့ပစ္စည်းများ စုဆောင်းပေးပို့နေကြောင်း၊ ရှမ်းပြည်နယ်ရှိ တခြားမြို့နယ်များမှလည်း အလှူငွေများနှင့် ကူညီကယ်ဆယ်ရေးသမားများ ပေးပို့စေလွှတ်နေကြောင်း သိရသည်။
တာချီလိတ် မြို့ခံတဦးက “ငလျင်ဒဏ်ခံရသူတွေအတွက် ကျနော်တို့ ဆန်၊ သောက်ရေနဲ့ စောင်တွေကို စုဆောင်းတယ်။ တာလေနဲ့ မိုင်းလင်းကို ပို့တယ်” ဟု ပြောသည်။ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးသမားများက သေဆုံးသူ ၁၅၀ အထိ ရှိနိုင်သည်ဟု ဆိုသော်လည်း စစ်အစိုးရ မီဒီယာများက ယမန်နေ့က ကြေညာချက်အတိုင်း ယနေ့ နေ့လည်အထိ သေဆုံးသူ ၇၃ ဦးနှင့် ဒဏ်ရာရသူ ၁၂၅ ဦးဟု ထုတ်လွှင့်ဆဲ ဖြစ်သည်။စစ်အစိုးရ သတင်းစာများတွင်လည်း ငလျင်ဘေးနှင့် ကူညီကယ်ဆယ်ရေး သတင်းထက် မနက်ဖြန် ကျရောက်မည့် တော်လှန်ရေးနေ့ဆိုင်ရာ ဝါဒဖြန့်ကိစ္စများကိုသာ ဦးစားပေး ဖော်ပြထားသည်။သတင်းစာ ကျောဖုံးနှင့် အတွင်းပိုင်းတွင် တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းရွာ၊ မိုင်းလင်းရွာနှင့် မိုင်းကိုး ကျေးရွာအုပ်စု၊ ကျကူနီရွာတို့တွင် စုစုပေါင်း အိမ်ခြေ ၂၂၄ လုံးနှင့် ခြောက်ခန်းတွဲ လူနေလိုင်းခန်း ၁ ခု၊ သာသနိက အဆောက်အအုံ ၁၁ ခုနှင့် ဌာနဆိုင်ရာ အဆောက်အအုံ ၉ လုံး ပြိုကျပျက်စီးကြောင်း၊ ငလျင်ဒဏ်ခံဒေသသို့ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ် အောင်သန်းထွဋ်နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးတို့ သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း ဖော်ပြထားသည်။
     တာလေရှိ နေအိမ်အပျက်အစီးများဘေးတွင် ထိုင်နေသော သားအမိ (ဓာတ်ပုံ - Sai Ngaotai/Facebook)

အောက်ပါသတင်းများအား အပြည့်အစုံဖတ်ရှု့ လိုလျှင် ခေါင်းစဉ်များအပေါ်   CLICK   တင်၍ခေါက်ပါ။
facebook   သတင်းများဖြစ်သောကြောင့်   facebook   Sign  ၀င်ထားပါ။


၁။  ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်း ပြောပြချက် & မြန်မာတွေဟာ ငတုံး ငအတွေ မဟုတ် & စစ်အာဏာရှင်များ အတွင်း လှိုက်စားနေသော သတင်း

၂။  တာချီလိတ် နောက်ဆက်တွဲ ငလျင် အခြေအနေ_သေဆုံးသူ ၁၅၀ အထိ မြင့်တက် & မေးခွန်းနဲ့အဆိုတွေကို ရုပ်သိမ်းခိုင်းနေတဲ့လွှတ်တော်

၃။  အကျဉ်းထောင်ထဲက စစ်ပြေး ကလေးတွေရဲ့ဘဝ & ရုက္ခစိုးနှင့် “ရေနှောက်သည်းပျက်” ချိုကုပ်ဒူးကြီး

၎။  လွယ်မွေမြို့ငလျင်နှင့် ယခင်က မြန်မာပြည်ကို ကိုင်လှုပ်ခဲ့သည့် ငလျင်ကြီးများ & နိုင်ငံရေး သရော် ကာတွန်းလေးများ

၅။  ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ-အပိုင်း (၁/၂)/ ကကလေရဲ့ ဖွဲ့စည်းပုံကို အတည်ပြုနိုင်ပါ့မလား/လေချုပ်ဖတ်ဖို့ ပေါက်ကွဲသံစဉ်

၆။  ရွက်ဖျင်တဲလေး ပြိုလဲလုပြီ & လထခ(မင်္ဂလာဒုံ)ရဲ့ အိမ်ခန်းငှါး အရှုပ်တော်ပုံကြီး & လေတပ်မှ တောက်ခေါက်သံများ & ငလျင်လှုပ်ပြီး ၃ ရက်အကြာ

၇။  ဓာတ်ပုံ ရှမ်း ငလျှုင်/အကူအညီပေးပါရန် မေတ္တာရပ်ခံခြင်း& ရှမ်းပြည်ငလျင်သေဆုံး ၁၅၀အထိမြင့်တက်နိုင်& အခါမဲ့မိုး ဆားကွင်းများပျက်စီး

၈။  မြန်မာနှင့်ဆက်စပ်သည့်FIFAဥက္ကဌ စစ်ဆေးခံရဖွယ်ရှိ& စက်မှုဇုန် ကျူးကျော်နေထိုင်သူများလာ& အရာဝတ္ထုတွေ အလိုလိုမီးထလောင်& CDMA 800 ဖုန်း

၉။  နေရာ-အပိုင်း(၁ မှ ၄)& ငွေရှင်မူစလင် အိန္ဒိယလူမျိုးနှင့် နအဖပုလိပ်ပေါင်းပြီး ဒေသခံအားရိုက်နက်&ဝ တပ်၏စစ်ဆန့်ကျင်ရေးအဆိုကို နအဖပယ်ချ

၁၀။  ငွေမတရား တောင်းမှုကြောင့် လ၀က ဦးစီးမှူးနှင့် အငြိမ်းစားဝန်ထမ်း စကားများ& ဖလမ်းမြို့ စစ်မှု မထမ်းမနေရ ကိစ္စ အစည်းအဝေးခေါ်& BGF၉ဦးသေ

No comments:

Post a Comment