ရန်ကုန်လေဆိပ် အခွန်မြင့်တက် တဦး ၁ဝ ဒေါ်လာ
အောင်မြတ်စိုး | အင်္ဂါနေ့၊ မတ်လ ၂၉ ရက် ၂၀၁၁ဘန်ကောက် (မဇ္ဈိမ)။ ။ ဧပြီ ၁ ရက်နေ့မှစ၍ နိုင်ငံခြားခရီးသွားမည့် မြန်မာနိုင်ငံသားများလည်း ရန်ကုန် မင်္ဂလာဒုံလေဆိပ်ခွန်ကို တိုးမြှင့်ပေးဆောင်ရတော့မှာဖြစ်
အောက်ခြေအုပ်ချုပ်ရေးအဖွဲ့များ အမည်ပြောင်း
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ မတ်လ ၂၉ ရက် ၂၀၁၁ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း မြို့နယ်နှင့် ရပ်ကွက်အသီးသီးရှိ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ရုံးများကို အုပ်ချုပ်ရေးရုံးဟု စတင် အမည်ပြောင်းလဲနေကြောင်း သိရသည်။ရန်ကုန်တိုင်း မြို့နယ်၊ ရပ်ကွက်အားလုံးရှိ မ.ယ.က၊ ရ.ယ.က ရုံးများကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး စသဖြင့် မတ်လ ၃ဝ ရက်နေ့ နံနက်အပြီး အမည်ပြောင်းလဲရန် ညွှန်ကြားထားသဖြင့် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း စမ်းချောင်းမြို့နယ် ရ.ယ.က အဖွဲ့ဝင်တဦးက ပြောသည်။
"ဒီမှာတော့ အခုစပြောင်းနေပြီ၊ အရင်ဆိုင်းဘုတ်ထက်တော့ နည်းနည်းသေးသွားတယ်။ အရင်က ၄ ပေx ၆ ပေ၊ အခုက ၃ ပေx ၆ ပေ။ ကိုယ့်ရပ်ကွက်အလိုက်ပဲ ကိုယ်လုပ်ရတာ" ဟု သူက ပြောသည်။ဆိုင်းဘုတ်ကို အောက်ခံအစိမ်းရောင်ပေါ်၌ အဖြူရောင် စာလုံးဖြင့် ပြင်ဆင်ထားရန် ညွှန်ကြားချက်ရရှိထားကြောင်း၊ မနက်ဖြန် မနက်ပိုင်းတွင် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်အလိုက် ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ရမည် ဖြစ်ပြီး အချိန် အတိအကျ မသိရသေးကြောင်း ကျောက်တံတားမြို့နယ် မ.ယ.က အဖွဲ့ဝင် တဦးက ပြောသည်။ "ဆိုင်းဘုတ်ကိုတော့ ညတွင်းခြင်း အပြီးတင်ထားဖို့ ပြောထားတယ်" ဟု သူက ဆိုသည်။
အစိုးရသစ် ကျမ်းသစ္စာ ကျိန်မည်
ခင်ဦးသာ Tuesday, 29 March 2011စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်သည် မတ်လ ၃၀ ရက်တွင် တနိုင်ငံလုံး၌ တပြိုင်တည်း ကျမ်းသစ္စာ ကျိန်ဆိုပွဲပြုလုပ်မည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

မြန်မာပြည် (၂၀၁၀ - ရွေးကောက်ပွဲမှ ) တက်လာသော ဖွတ်မင်းကြီး (သိန်းစိန်)
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရန်ကုန်မြို့ လမ်းဖွင့်ပွဲတခုတွင် မိန့်ခွန်းပြောနေသော
အစိုးရသစ်ခေါင်းဆောင် ဝန်ကြီးချုပ် ဖွတ်မင်းကြီး ဦးသိန်းစိန်ကို တွေ့ရစဉ် (ဓာတ်ပုံ - အေပီ)
“မနက်ဖြန် ၁၀ နာရီအရောက်လို့ ဖိတ်စာပေးထားပါတယ်၊ ဒါပေမယ့် ကျမ်းကျိန်ပွဲ လုပ်မယ်ဆိုတာက လွဲပြီး ဘယ်အချိန်၊ ဘယ်လို ဆိုတာကို ဘာမှသေချာ မသိရသေးပါဘူး”ဟု ချင်းအမျိုးသား ပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီကို ပြောသည်။ပြည်နယ် ကိုယ်စားလှယ်များအား ဖိတ်ကြားစာ၌ မည်သည့် အကြောင်းအရာမှ ရေးမထားဘဲ နံနက် ၁၀ နာရီ အရောက် အစည်းအဝေး တက်ရောက်ရန်ဟုသာ ရေးသားထားကြောင်း သိရသည်။“ကျမ်းကျိန်မယ်ဆိုတာ သေချာပြောတာမဟုတ်ပေမယ့် နောက်နေ့ အစည်းအဝေးလုပ်မယ်ဆိုရင် ကြိုပြောတယ်၊ ကြံ့ခိုင်ရေး အမတ်တွေ အပြောအရ ကျမ်းကျိန် မယ်ဆိုတာ သိရတာပါ”ဟု နေပြည်တော်ရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး က ဧရာဝတီ ကိုပြောသည်။မနက်ဖြန်ပြုလုပ်မည့် ကျမ်းကျိန်ပွဲ၌ အစိုးရသစ်တွင် တာဝန်ထမ်းဆောင်ကြမည့် ၀န်ကြီးဌာနနှင့်ဝန်ကြီးများ၏ အမည်စာရင်း ကိုပါ ပူးတွဲ ကြေညာသွားမည်ဟု သိရကြောင်း ကိုယ်စားလှယ်များက ပြောသည်။ဝန်ကြီးအမည်နှင့်ဌာနကို တွဲဖက်မသိရသေးသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်ရှိဝန်ကြီး ဦးကျော်ဆန်း၊ ကျန်းမာ ရေး ၀န်ကြီးဌာနကို ဒေါက်တာ ဖေသက်ခင်၊ ဌာနအသစ်ဖြစ်သော စက်မှုနှင့်ဖွံ့ဖြိုးရေးဌာနကို UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က တာဝန်ယူမည်ဟု သတင်းများထွက်နေကြောင်း နေပြည်တော်ရှိ ကိုယ်စားလှယ်များက ပြောသည်။လယ်ယာစိုက်ပျိုးရေးနှင်
“လုပ်လက်စတွေ ဖြစ်နေတာရယ်၊ အတွေ့အကြုံရှိတာတွေကြောင့် သူ့တို့နေရာ သူတို့ပဲ ပြန်ခန့်ထားမယ်လို့ သိရတယ်”ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ ကိုယ်စားလှယ်တဦးက ပြောသည်။အစိုးရသစ်သည် ဧပြီ လဆန်း ၁ ရက်မှ စတင်၍ တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်းလည်
“ဒု ၀န်ကြီးခန့်ထားမယ့် အငြိမ်းစား ဗိုလ်မှူးတွေ၊ ဗိုလ်မှူးကြီးတွေလည်း လွှတ်တော်ထဲမှာ ဧည့်သည်အဖြစ် တက်ရောက် လာနေကြတာ တွေ့ရတယ်၊ မနက်ဖြန် အသေးစိတ် ကြေညာသွားမယ် ထင်တယ်”ဟု RNDP ကိုယ်စားလှယ်က ပြောသည်။မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့အား ခမ်းနားစွာ မကျင်းပခြင်းကို ငွေကုန်ကျမှု သက်သာ သည်ဟု သာ လွှတ်တော်ကိုယ်စားလှယ်များက ယူဆပြီး စိတ်ဝင်စားမှု မရှိကြကြောင်း၊ စစ်တပ်ကို ခမ်းနားစွာ ထုတ်မသုံးသော်လည်း စစ်တပ်ကသာ ဆက်လက် အုပ်ချုပ်နေသည့် သဘောကို လွှတ်တော် အစည်းအဝေးများက သက်သေပြသွားကြောင်း ကိုယ်စားလှယ်များက ဝေဖန်ကြသည်။လွှတ်တော်ကိုယ်စားလှ
အစိုးသစ်တာဝန်ယူတော့မည်ဖြစ်၍ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော ဆိုင်းဘုတ်များကို ရန်ကုန် နှင့် တခြားသော ဒေသများ၌ ယနေ့တွင်ဖြုတ်ချခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟု ဆိုင်းဘုတ်သစ်များကို ပြောင်းလဲ တပ်ဆင် လိုက် ကြောင်း သိရသည်။အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို နိုင်ငံတကာ၌ ခမ်းနားစွာကျင်းပပြီး ပြည်တွင်းပြည်ပ မီဒီယာများ၊ ရုပ်သံများကို ဖိတ်ကြား၍ ထုတ်လွှင့်ပြသလေ့ ရှိသော်လည်း စစ်တပ်မှ သမ္မတ စနစ်သို့ကူးပြောင်း၍ ဒီမိုကရေစီ လမ်းကြောင်းကို သွားမည်ဟု ကြွေးကြော်နေသော မြန်မာစစ်အစိုးသည် သတင်းမီဒီယာကို အမှောင်ချထားဦးမည်ဟု ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာန သတင်းထောက် တဦးက ဆိုသည်။
မီဒီယာကို ထိန်းချုပ်ထားသော စစ်အစိုးရ၏ စာပေစိစစ်ရေး ညွန်ကြားရေးမှူး ဖြစ်ခဲ့သူ ဦးတင့်ဆွေကမူ အနုပညာ ရသ သုတ၊ အားကစား၊ ကလေးစာပေ၊ ဂမ္ဘီရ၊ ကျန်းမာရေး၊ နည်းပညာ စသည့် အမျိုးအစားများကို စာပေစိစစ်ရေးသို့ တင်ပြစရာ မလို တော့ ဘဲ ထုတ်ဝေခွင့်ပြုသွားမည်ဖြစ်ကြော
မြောက်ကိုရီးယားလည်း သဝဏ်လွှာပို့ ၊ အနောက်အုပ်စု မပို့သေး
မျိုးသန့် | အင်္ဂါနေ့၊ မတ်လ ၂၉ ရက် ၂၀၁၁ချင်းမိုင် (မဇ္စျိမ) ။ ။ မြောက်ကိုရီးယား အပါအဝင် မြန်မာ့အိမ်နီးချင်းနိုင်ငံများ
“ဥရောပနိုင်ငံတွေက ပို့တာတော့ လုံးဝမပါဘူး၊ အဖွဲ့အစည်းထဲကဆိုလို့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ကုလသမဂ္ဂကပဲပါတယ်” ဟုသူကပြောသည်။ပြည်ထောင်စုလွှတ်ေ
ထို့အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ရေးနှင့်ပတ်သက်သည့် လွှတ်တော်အမတ်များ၏ အမေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးတင်နိုင်သိန်းက ပြန်လည် ဖြေကြားရာတွင် နယ်စပ်လုံခြုံရေး၊ ကုန်သွယ်မှု ချောမောစွာ စီးဆင်းနိုင်ရေး၊ နှစ်နိုင်ငံသဘောတူညီချက်၊ ကုန်သွယ်မှုပမာဏ စသည်တို့ ကိုက်ညီမှု မရှိခြင်းကြောင့် ဖေါ်ဆောင်နိုင်ခြင်းမရှိသေးကြော
ဦးခင်မောင်အေး တို့ လေးဦး လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်သွားကြသည်။ထိုနုတ်ထွက်
ငလျင်ကြောင့် တပ်တွင်း သေပျောက် သတင်း အမှောင်ချ ... <- မှ အဆက်
လင်းသန့် Tuesday, 29 March 2011
ရှမ်းပြည်နယ် ငလျင်ကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိသွားပြီဖြစ်ပြီး စစ်တပ်အတွင်း လူအသေ အပျောက်နှင့် ပတ်သက်၍ သတင်း ပေါက်ကြားမှု မရှိစေရန် လမ်းပန်း ဆက်သွယ်ရေးနှင့် ကူးသန်းသွားလာမှုများကို စစ်တပ်က တင်းကျပ်စွာကန့်သတ် ထားသည်ဟု သိရသည်။

ငလျင်ဒဏ်ခံ တာလေမြို့ကူညီရေးလုပ်ငန်းခွင်တွ င် မတ်လ၂၆ရက်က တွေ့ရသည့် နအဖ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - Reuters)
“အစိုးရကဘာမှ မကူတဲ့အပြင် ကျမတို့ကို လာလှူတဲ့ဟာတွေကိုသူတို့စခန်းမှာ သိမ်းထားလိုက်တယ်။ သူတို့ကလာ ကြည့် သွားပြီး ဓာတ်ပုံအရိုက်ခံတာလေ၊ လာဝေတဲ့ ရေသန့်ဘူး၂လုံးနဲ့ ခေါက်ဆွဲခြောက်၂ ထုပ် ကျမ ဒီနေ့ရတယ်”ဟု ဒေသခံ ဒုက္ခသည် အမျိုးသမီးတဦးက ပြောသည်။ယခုအချိန်အထိ ငလျင်ဘေးသင့်ဒေသ တခုဖြစ်သော ကျကူနီကျေးရွာ သို့ ကူညီကယ်ဆယ်ရေး အဖွဲ့များ မရောက်ရှိသေး ကြောင်း သိရသည်။အဆိုပါ ငလျင်ဒဏ်ခံ ဒေသသည် ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA-S)၊ “၀”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ လားဟူ နယ်ခြားစောင့် တပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားရာ ဒေသဖြစ်နေသဖြင့် အစိုးရစစ်တပ်က ကူညီ ကယ် ဆယ် ရေး အဖွဲ့များအား လုံခြုံရေးအရ သွားရောက်ခြင်းမပြုရန် တားမြစ်ထားသည်။နောက်ဆုံးရ သတင်းများအရ တာချီလိတ်၊ တာလေ၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ် ကားလမ်းများကို ယာယီပြင်ဆင်မှုများပြုလုပ်ပြီးေ
၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူး တိုင်း၊ တနင်္သာရီတိုင်း၊ မွန် ပြည်နယ် တို့တွင် အနည်းဆုံးလူပေါင်း ၁၃၄,၀၀၀ ကျော် သေကြေပျက်စီးခဲ့ပြီး အိုးအိမ်၊ လယ်ယာ၊ ရေလုပ်ငန်းသုံး လှေ၊ သမ္ဗန် ၊ သင်္ဘောများစွာလည်း ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။အေ
အနိမ့်ဆုံး အခကြေးငွေ နှင့် သီးစားခ
ဦးမျိုး (ဥပဒေ) | အင်္ဂါနေ့၊ မတ်လ ၂၉ ရက် ၂၀၁၁လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး “ပြည်ထောင်စုမြန်မာနိုင်ငံ၏ဖွဲ့
(၁) နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်။
(၂) ဤအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ မြေယာပိုင်ဆိုင်ခွင့်စနစ်များကိ
(၃) မည်သည့် အခြေခံစနစ်နှင့်မျှ မြေယာ အမြောက်အမြား ပိုင်ဆိုင်နိုင်သော အခွင့်အရေးမရှိစေရ။ တဦးတည်းပိုင် ဖြစ်သော မြေယာ၏အများဆုံး မြေဧက အရေအတွက်ကို အကြောင်းညီညွတ်လျှင် ညီညွတ် ခြင်း တရားဥပဒေဖြင့် သတ်မှတ်ရမည်။ ဟုပြဋ္ဌာန်းထားသည်။
“လွတ်လပ်ပြီး မြန်မာနိုင်ငံတွင် သီးစားချထားရေး ဥပဒေတွေ အထပ်ထပ် အခါခါ ပြဋ္ဌာန်းပြီး လယ်သမား အမြောက်အများ သွေးစုတ်ခံနေရသည်ကို မခံနိုင်လွန်း၍ ” ဥပဒေ နောက်ထပ် မတိုးလိုက်ပါနဲ့ သူအမေ ကြောက်တတ်တဲ့ အမျိုးဟာမို့ ”
မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီက လယ်ယာမြေအများစုကို တောင်သူလယ်သမား မဟုတ်သော ငွေရှင်ကြေးရှင်များ လက်ထဲသို့ လယ်ယာများရောက်နေခြင်းကြောင့် တောင်သူလယ်သမားများ အများထုကြီးသည် သီးစားခ ကြီးမားလွန်း၍ လယ်ယာကို စွဲစွဲမြဲမြဲ မလုပ်ကိုင်နိုင်ခြင်း၊ လက်ငုတ်လယ်ယာ လက်မဲ့ဖြစ်ရခြင်း၊ ကြွေးမြီတင်ခြင်း စသည့် ပြဿနာမြောက်များစွာနှင့် တွေ့ကြုံ ရင်ဆိုင်ခဲ့ကြရသည်။ ထို့ကြောင့် “လယ်လုပ်သူသာ လယ်ပိုင်ရမည်”ဟူသော သဘောတရား ပေါ်ထွက်လာခဲ့သည်။လယ်ယာ မလုပ်သူတို့ ပိုင်ဆိုင်ထားသည့် လယ်ယာမြေများကို သိမ်းယူ၍ လယ်လုပ်ခွင့် မရသူတို့အား ဝေပေးရန်အတွက် ”၁၉၄၈ ခုနှစ်တွင် သီးစားချထားရေး ဥပဒေနှင့် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေများကို ပြဋ္ဌာန်းခဲ့သည်။
၁၉၄၈ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို ၁၉၅ဝ တွင် သန်လျင်မြို့၌စတင်ကျင့်သုံးရာတွ
မြန်မာနိုင်ငံတွင် အနိမ့်ဆုံး အခကြေးငွေနှင့် ပတ်သက်၍ ”လယ်ယာ အလုပ်သမား အနည်းဆုံး အခကြေးငွေ အက်ဥပဒေ (၁၉၄၈ ခုနှစ်၊ ဥပဒေအမှတ် ၄၄)ကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ဤ ၁၉၄၈ ခုနှစ်အက်ဥပဒေ ပုဒ်မ -၃ တွင် ” မည်သည့် အလုပ်ရှင်မဆို သူရင်းငှား တယောက်ကို ငှားသည်ရှိသော် ထိုသူရင်းငှားအား...
အလုပ်သမား တဦး၏အနိမ့်ဆုံး လစာမှာ (တလ ၁၂,ဝဝဝ/ကျပ်) ဖြစ်ကာ အစိုးရ ဝန်ထမ်း တဦး၏ အနိမ့်ဆုံး လစာမှာ (တလ ၃ဝ,ဝဝဝ/ကျပ်) ဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့နေရပေသည်။
(က) တတုံးထွန်ထက် ပိုမိုသည့် လုပ်ခွင်ကို ချထားလုပ်ကိုင်စေခြင်းမပြုရ။
(ခ) လယ်ယာထွန်ယက်ခြင်း မပြုသည့် အချိန်တွင် ခိုင်းနွားတရှဉ်း ထိန်းကျောင်းကျွေးမွေးရန် တာဝန်ထက် ပိုသော တာဝန်ကို ချထားခြင်း မပြုရ၊
ဤဥပဒေ ပုဒ်မ -၄ တွင်” (၁)(က) ကျီဝင် သူရင်းငှား တဦး၏ အခကြေးငွေမှာ ထိုသူ၏ လုပ်ခွင်မှ ထွက်သည့် သီးနှံ၏ ၃၅ ရာခိုင်နှုန်း အနည်းဆုံး ဖြစ်စေရမည်။ ထို့ပြင် အလုပ်ရှင်က ထိုသူရင်းငှားအား ငှားရမ်းသည့် အချိန်ကာလပတ်လုံး ကျွေးမွေးထားရမည်။ (ခ) ကျီဝင် သူရင်းငှားမှ အပ အခြားသူရင်းငှားများ ပုတ်ပြတ် လယ်ယာအလုပ်သမားများ နေ့စားလယ်ယာ အလုပ်သမားများအတွက် အခကြေးငွေကို နိုင်ငံတော်သမ္မတက ကျီဝင်သူရင်းငှားများ၏ နှုန်းနှင့် နှိုင်းယှဉ်ပြီး သင့်တော်သည့်နှုန်းကို ကန့်သတ်ပေးရမည်။ သို့သော် တနှစ်ပတ်လုံး လုပ်ကိုင်ရသည့် သူရင်းငှားများကို ပိုမို၍ ငှားရမ်းစေခြင်းငှာ နှုန်းများကို နိုင်ငံတော် သမ္မတ က ပြုပြင်ပေးနိုင်သည်။” ဟုဖော်ပြထားသည် ကိုတွေ့ရသည်။
အနည်းဆုံး အခကြေးငွေ အက် ဥပဒေ (၁၉၄၉ ခုနှစ်၊ ဥပဒေအမှတ် ၆၆)ကိုလည်း စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်း အရပ်ရပ်တို့၌ လုပ်ကိုင်လျက်ရှိကြသော အလုပ်သမားများအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်လောက်သော အခကြေးငွေကို ရရှိစေရန် ရည်ရွယ်၍ ၁၉၄၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ဤဥပဒေ ပုဒ်မ (၂) (၁) တွင် ”အလုပ်သမား” ဆိုသော စကားရပ်တွင် အလုပ်ရှင်နှင့် ပဋိဉာဉ်ပြုလုပ်ခဲ့သူ၊ သို့တည်းမဟုတ် ပဋိဉာဉ်အရ အလုပ်လုပ်ကိုင်နေဆဲ ဖြစ်သူကို ဆိုလိုသည်။
(က) အလုပ်ရှင်၏ စီးပွားရေး လုပ်ငန်းအတွက် မဟုတ်ဘဲ အခြားကိစ္စအတွက် ခေတ္တခဏ ခိုင်းစေခြင်း ခံရသူ၊
(ခ) အစိုးရ ဌာနကဖြစ်စေ၊ အစိုးရ ကိုယ်စားလှယ်ကဖြစ်စေ၊ လုပ်ကိုင်ဆောင်ရွက်သော စီးပွားရေးလုပ်ငန်း၊ သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်း၊ သို့တည်းမဟုတ် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း မှတပါး အခြား ကိစ္စအတွက် နိုင်ငံတော် အစိုးရက ခိုင်းစေခြင်းခံရသူ၊ ထို့ပြင်
(ဂ) ၁၉၄၈ ခုနှစ် လယ်ယာအလုပ်သမား အနည်းဆုံး အခကြေးငွေ အက်ဥပဒေနှင့် သက်ဆိုင်သော အလုပ်သမား။ ဟူ၍ ဖော်ပြပါရှိပါသည်။
အနည်းဆုံး အခကြေးငွေ ကောင်စီများ ဖွဲ့စည်းခြင်း၊ ထိုကောင်စီများ၏ အရာရှိများနှင့် ကောင်စီများ ၏ ဆောင်ရွက်မှုများကို ပဌမ ဇယား (ပုဒ်မ ၈) တွင်လည်းကောင်း၊ စုံစမ်းရေးကော်မရှင် အဖွဲ့များ ဖွဲ့စည်းခြင်း၊ ကော်မရှင်အဖွဲ့၏ အရာရှိများနှင့် ကော်မရှင်အဖွဲ့များ၏ ဆောင်ရွက်မှုများကို ဒုတိယဇယား (ပုဒ်မ ၉) တွင် လည်းကောင်း ဖော်ပြထားသည်။ ဒုတိယဇယား အပိုဒ် (၁) တွင် ” စုံစမ်းရေး အဖွဲ့တွင် နိုင်ငံတော် သမ္မတက ခန့်ထားသူများ ပါဝင်ရမည်။ထိုသူများသည်...
(က) အလုပ်ရှင် အလုပ်သမားတို့နှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်များအနက် နိုင်ငံတော် သမ္မတက ရွေးချယ်သည့် သုံးဦးထက် မပိုသော သူများ။
(ခ) အလုပ်ရှင် ကိုယ်စားအဖြစ် နိုင်ငံတော် သမ္မတက ရွေးချယ်သည့် နှစ်ဦးထက် မပိုသော သူများ။
(ဂ) အလုပ်သမား ကိုယ်စားအဖြစ် နိုင်ငံတော် သမ္မတက ရွေးချယ်သည့် နှစ်ဦးထက် မပိုသော သူများ။”
ဟူ၍ ဖော်ပြထားသည်။
ပြဋ္ဌာန်း ဥပဒေများ၏ အခွင့်အရေးများကို မုချမသွေ အလုပ်သမား လယ်သမားများ ခံစားကြရပေမည်။ သို့သော်ခေတ်အဆက်ဆက် အစိုးရများက ဥပဒေသည် ဥပဒေပြဋ္ဌာန်းသူများ အတွက်သာ ပြဋ္ဌာန်းခြင်း ဖြစ်သည့်အလား ကြွေးကြော်လာခဲ့ကြသည်မှာ ယခုလောလောလတ်လတ် နအဖ စစ်အစိုးရလက်ထက်ထိပင် ဖြစ်သည်။ လက်တွေ့ ဖြစ်ပျက်နေသည်များကို တစေ့တစောင်းဖော်ပြရလျှင် မြန်မာနိုင်ငံရှိ အလုပ်သမား တဦး၏အနိမ့်ဆုံး လစာမှာ (တလ ၁၂,ဝဝဝ/ကျပ်) ဖြစ်ကာ အစိုးရ ဝန်ထမ်း တဦး၏ အနိမ့်ဆုံး လစာမှာ (တလ ၃ဝ,ဝဝဝ/ကျပ်) ဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့နေရပေသည်။ လုံးဝ ငြင်းမရပါ။
( ဦးဌေးဦး (လယ်ဆည် ဝန်ကြီး) က တခွန်းတည်း ဖြေကြားသည်မှာ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပါသည် ဟူ၍သာ )
အထက်ပါ ဥပဒေများအပြင် နောက်ဆုံး လက်ရှိတည်ဆဲ ဥပဒေဖြစ်သည့် ၁၉၆၃ ခုနှစ် သီးစား ချထားရေး ဥပဒေ နှင့် ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ များ၌ သီးစားခကို ငွေဖြင့်သာ ပေးရမည်။(၆၃ သီးစားချထားရေး ဥပဒေ ပုဒ်မ ၄ (၃) ဟု ဖော်ပြထားသည်။ ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ ပုဒ်မ ၃ (၁) (က) တွင် ”လယ်ယာမြေကိုသော်၎င်း၊ လယ်ယာမြေ လုပ်ကိုင်ရာ၌ အသုံးပြုသည့် ကျွဲ၊ နွားနှင့်ကိရိယာ တန်ဆာပလာ၊ ထွန်စက်နှင့် ကိရိယာတန်ဆာပလာ၊ အခြားသက်ရှိ သက်မဲ့ ကိရိယာတန်ဆာပလာများကိုသော်၎င်း၊ လယ်ယာမြေမှ ထွက်သောပစ္စည်းများကိုသော်၎င်း၊ ဝရမ်းကပ်ခြင်း၊သိမ်းဆည်းခြင်း မပြုရ။” (ခ) တွင် “လယ်ယာမြေကို မလုပ်ကိုင်ရဟုသော်၎င်း ၊ လယ်ယာမြေထဲသို့ မဝင်ရ ဟုသော်၎င်း တားဆီးခြင်းမပြုရ။” ဟူ၍ အတိအလင်း ပြဋ္ဌာန်းထားပါသည်။
တရားဥပဒေ ကိုလေးစားလိုက်နာပြီး တရားဥပဒေပါ အခွင့်အရေး များကို လယ်သမား ၊ အလုပ်သမားများ ရရှိခံစားခွင့် ရှိပါသလား။ ယခုကျင်းပခဲ့သော ပြည်သူ့လွှတ်တော် (၉ -၃ - ၂ဝ၁၁) နေ့တွင် ဦးအောင်ခင် (ပုဇွန်တောင်၊မဲဆန္ဒနယ်) နှင့် ဦးရဲထွန်း (သီပေါ မဲဆန္ဒနယ်) တို့ “လယ်သမားများ ၏ လယ်မြေများကို လျော်ကြေးငွေဖြင့်သိမ်းယူခြင်း၊ စက်ရုံတည်ဆောက်ရန် သိမ်းယူခြင်း ကိစ္စများကို ဖြေရှင်းပေးရန်ရှိမရှိ” မေးခွန်းနှင့် “ကုမ္ပဏီများ၏ လျော်ကြေးအနည်းငယ်ပေး သိမ်းယူမှု၊ လယ်လုပ်သူတိုင်း လယ်လုပ်ပိုင်ခွင့်သာရှိ၊ လယ်လုပ်သူတိုင်း လယ်ပိုင်ခွင့် မရှိခြင်း၊ လယ်သမားများ လယ်ယာမြေပိုင်ဆိုင်ခွင့်ကို အာမခံချက်ပေးရန် ဥပဒေ ပြဋ္ဌာန်းပေးနိုင်ခြင်း ရှိမရှိ” မေးခွန်းများကို မေးမြန်းခဲ့ ကြသည်ကို တွေ့ရှိရပါသည်။ ဦးဌေးဦး (လယ်ဆည် ဝန်ကြီး) က တခွန်းတည်း ဖြေကြားသည်မှာ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပါသည် ဟူ၍သာဖြစ်သည်။ ဤစကား ကို ကြားရရုံ ဖြင့် စည်းမဲ့ကမ်းမဲ့ နိုင်ငံနှင့်အဝှမ်း လယ်သမားများထံမှ လယ်မြေများကို မတရားသိမ်းဆည်း ထားခြင်းကြောင့် အိုင်အယ်အိုက ပါဝင်ဆောင်ရွက်နေရသည်ကို နိုင်ငံတကာ မှာ သက်သေခံ အထောက်အထားများ ရောက်ရှိနေပါလျက်သားနှင့် အလိမ်အညာ လည်ဆယ် ဖြေကြားခဲ့သော ကြောင့် အုတ်အော်သောင်းနင်း ဖြစ်ကုန်ပါသည်။ လည်ဆယ် ဝန်ကြီး ဦးဌေးဦးကြောင့် ပြည်သူ့လွှတ်တော် တခုလုံး ပြည်သူလူထုကို လိမ်ညာနေကြောင်း မတော်မတရား ဥပဒေတွေ ထွက်ပေါ်လာတော့မည် ဖြစ်ကြောင်း သိနေကြပေပြီ။
အလုပ်သမား၊ လယ်သမား တည်းဟူသော မြင်းမိုရ်တောင်ကြီးကို မဖြစ်စလောက် လွှတ်တော်များက ဇီးစေ့နှင့် ပေါက်၍ ရွေ့နိုင်ပါမည်လော။
ဦးမျိုး (ဥပဒေ)
ကူညီကယ်ဆယ်ရေး မျှော်နေဆဲ ငလျင်ဒဏ်ခံဒေသ
ရန်ပိုင် Monday, 28 March 2011 ဆောင်းပါးရှမ်းပြည်အရှေ့ပိုင်း ငလျင်ဒဏ်ခံဒေသ အခြေအနေတွေကို သွားရောက်လေ့လာ တင်ပြဖို့ တာချီလိတ်မြို့က စထွက်ပြီး မယ်ယန်း၊ မယ်ဟုတ်၊ မိုင်းကိုး စတဲ့ ကျေးရွာတွေကို စတင်ဖြတ်သန်း ကတည်းက အိမ်တိုင်းအိမ်တိုင်းရှေ့မှာ သဲ ကိုးပုံ၊ ရေ ကိုးခွက်၊ ထီးဖြူ၊ တံခွန် ကုက္ကားနဲ့ ပူဇော်ထားတာကို တွေ့နေရပါတယ်။

လားဟူ ဘုရားရှိခိုးကျောင်း ပြိုကျသဖြင့် လူ ၂၂ ဦး ပွဲချင်းပြီး သေဆုံးသွားသည်
အဲဒါ ဘာအတွက်လဲလို့ ဒေသခံတဦးကို မေးကြည့်တော့ နာမည်ကြီး ဆရာတော်တပါးဖြစ်တဲ့ မိုင်းဖုန်းဆရာတော်က နောက်ထပ် ငလျင်ဒဏ် မခံရအောင် အစီအမံပေးထားတာလို့ သိရတယ်။ ဒါ့အပြင် အိမ်တိုင်းရှေ့မှာလည်း ပရိတ်ကြိုးအဖြူတွေကို ချည်နှောင်ထားတာ မြင်ရတယ်။ ဒါပေမယ့် လောလောလတ်လတ် ငလျင်ဒဏ်ခံထားရတာမို့ လူတွေကတော့ စိတ်မချနိုင်ဘဲ အိမ်ရှေ့မှာ ရွက်ဖျင်တဲလေးတွေ ထိုးနေကြတာ မြင်ရတယ်၊တာလေသွားတဲ့ ကတ္တရာလမ်းတလျှောက်မှာ ငလျင်ဒဏ်ကြောင့် ကွဲထွက်သွားတဲ့ ပတ်ကြားအက်ကြောင်းကြီးတွေကို တွေ့နေရပါတယ်။ “တာလေမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကို ကျော်လွန်တော့ တဘက်ကို နိမ့်ဆင်းသွားတဲ့ တာလေတံတားကြီးမှာ တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး ကိုယ်တိုင် လာရောက်စစ်ဆေးနေတဲ့အတွက် စက်ယန္တရားကြီးတွေနဲ့ အားချင်း ပြင်ဆင်နေကြတယ်။မြို့အ၀င်က ခြေမြန်တပ်ရင်း (၃၁၆) မှာလည်း လူနေတန်းလျားတွေ ပြိုပျက်သွားတဲ့အတွက် တပ်ရှေ့က ကွင်းပြင်မှာ တပ်မိသားစုတွေ ချက်ပြုတ်စားသောက်ပြီး လဲလျောင်းနေကြပါတယ်။ ဒုက္ခသည်တွေကို နေရာချထားပေးထားတဲ့ တံတားနားအနီး ကွင်းပြင်ထဲက ရွက်ဖျင်တဲတွေထဲမှာ ဒုက္ခသည်တွေသာမက စစ်သားတွေလည်း အိပ်နေကြပါတယ်။ ဒုက္ခသည်အများစုဟာ နောက်ထပ် မြေငလျင်လှုပ်မှာကို စိုးရိမ်တဲ့အတွက် ညပိုင်း ရဲရဲဝံ၀ံ မအိပ်ရဲကြဘူးလို့ သိရတယ်။ ဗိုလ်မှူးချုပ် သန်းထွန်းဦးနဲ့ စစ်ဒေသမှူး၊ ဒေသဆိုင်ရာ အာဏာပိုင်တွေအပြင် ရဲတပ်ဖွဲ့တွေက တဘက်နိမ့်ဆင်းသွားတဲ့ တာလေ တံတားကို သွားလာနိုင်အောင် မြေတူးစက်ကြီးတွေနဲ့ ရှင်းလင်းပြင်ဆင်နေတဲ့ အနီးမှာ ရှိနေကြပါတယ်။ တိုင်းမှူးနဲ့ အဖွဲ့ကို လုံခြုံရေး ယူပေးထားရတဲ့ မောင်းပြန်သေနတ်ကိုင် စစ်သားတွေ၊ ကားခေါင်မိုးပေါ်မှာ စက်သေနတ်ကို ထောက်တင်ထားပြီး လာသမျှကားတွေ၊ ဆိုင်ကယ်တွေကို လမ်းဘေးဆင်းဖို့ ၀ီစီတကြော်ကြော် မှုတ်ပြီး မောင်းနှင်နေတဲ့ စစ်ကားတွေကိုလည်း တွေ့နေရပါတယ်။
အပြည့်အစုံသို့ 

ဒီတခါ နင့်အလှည့်ပဲ …

ကာတွန်း စောငို - ဒီတခါ နင့်အလှည့်ပဲ … မတ် ၂၉၊ ၂၀၁၁

မြောက်ကိုရီးယာလည်း သဝဏ်လွှာပို့၊ အနောက်အုပ်စု မပို့သေး
မြောက်ကိုရီးယား အပါအဝင် မြန်မာ့အိမ်နီးချင်း နိုင်ငံများက သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတများ ...
ဒန်ကလေကို အင်းစိန်ထောင်မှ အာမခံဖြင့် လွှတ်
လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုနှင့် အမျိုးသမီးတဦးကို နာကျင်အောင် ပြုလုပ်မှုတို့ဖြင့် ...
အနိမ့်ဆုံး အခကြေးငွေ နှင့် သီးစားခ
(ဆောင်းပါး) လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး “ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်း ...
ဒေါက်တာတူးဂျာ ကြံ့ဖွံ့ပါတီဝင်ရန် ကြိုးပမ်း
(အင်တာဗျူး) ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ နုတ်ထွက်ကာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန် ...
အဂတိလိုက်စားမှု တိုက်ဖျက်ရန် အစိုးရသစ်အဖွဲ့ကိုပြော
အဂတိလိုက်စားမှု ပြဿနာ တိုက်ဖျက်ရန် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ...
မြောက်ကိုရီးယား အပါအဝင် မြန်မာ့အိမ်နီးချင်း နိုင်ငံများက သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတများ ...
ဒန်ကလေကို အင်းစိန်ထောင်မှ အာမခံဖြင့် လွှတ်
လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုနှင့် အမျိုးသမီးတဦးကို နာကျင်အောင် ပြုလုပ်မှုတို့ဖြင့် ...
အနိမ့်ဆုံး အခကြေးငွေ နှင့် သီးစားခ
(ဆောင်းပါး) လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး “ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်း ...
ဒေါက်တာတူးဂျာ ကြံ့ဖွံ့ပါတီဝင်ရန် ကြိုးပမ်း
(အင်တာဗျူး) ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ နုတ်ထွက်ကာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန် ...
အဂတိလိုက်စားမှု တိုက်ဖျက်ရန် အစိုးရသစ်အဖွဲ့ကိုပြော
အဂတိလိုက်စားမှု ပြဿနာ တိုက်ဖျက်ရန် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ...
ဆားဈေး ၂ ဆကျော် ခုန်တက်
ဈေးကွက်အတွင်း ကုန်ကြမ်းပြတ်လပ်ရာမှ ရန်ကုန်တွင် ၂ ရက်အတွင်း ဆားကြမ်းဈေးနှုန်းမှာ ၂ ဆ ကျော် ခုန်တက်သွားပြီး တပိဿာလျှင်...ရှမ်းပြည် ငလျင်သင့်ဒေသသို့ ကူညီမည်ဟု NLD ပြော
ငလျင်ဒေသ အခက်အခဲ
အာဆီယံ ညီလာခံ တက်ရေးအဆို လွှတ်တော်သစ်တွင် အတည်ပြု
မြန်မာ့ပင်လယ်ပြင်တွင် မုန်တိုင်းငယ် ဖြစ်တည်

တနင်္သာရီတိုင်းတောင်ပိုင်းအစွန်း ရေပြင်အနီးကို ဗဟိုပြု၍ မုန်တိုင်းငယ်တစ်ခု ဖြစ်လာရန်ရှိနေပါတယ်။ ဒီကနေ့မနက်
တိုင်းတာချက်တွေအရ မုန်တိုင်းဖြစ်ဖို့ ပဏာမ လိုအပ်တဲ့ ခရုပတ်တိမ်စွယ်တန်းတွေ စဖြစ်လာတာကိုတွေ့ရပါတယ်။နောက်(
ထိုင်းက ရေငုပ်သင်္ဘော ၆ စီး ဝယ်မည်
အန်ဒမန် ပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့ကို ကာကွယ်ဖို့ ထိုင်းတော်ဝင်ရေတပ်အတွက် ပထမဆုံးအကြိမ်အဖြစ် ဘတ်၇၇ ဘီလီယံ တန်ဖိုးရှိ တပတ်ရစ် ရေငုပ်သင်္ဘော ၆ စီးကို ဂျာမနီကနေဝယ်ဖို့ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝကသဘောတူလိုက်ပါပြီ။ေ“ရေငုပ်သင်္ဘောတွေဟာ ရေအောက်အနက် မီတာ ၃၀ အထိ သွားနိုင်မယ်။ ထိုင်းပင်လယ်ကွေ့မှာ ရေတိမ်တဲ့အတွက် ဒီရေငုပ်သင်္ဘောတွေ အလုပ်မဖြစ်ဘူးဆို့တဲ့ ကောလာဟလတွေကို မယုံပါနဲ့။ ကောင်းကောင်း အလုပ်လုပ်နိုင်ပါတယ်” လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။ဂျာမန်ရေတပ်က အခုထိုင်းက ဝယ်မယ့် ရေငုပ်သင်္ဘောတွေကို အနှစ် ၃၀ ကျော် အသုံးပြုပြီးလို့ ဆက်မသုံးတော့ဘဲ ထားမလို့ လုပ်နေတာပါ။ ဒါပေမယ့် ကျွမ်းကျင်သူတွေ အဆိုအရတော့ နောက်ထပ် ၁၀ နှစ်လောက်တော့ ကောင်းကောင်း သုံးလို့ရပါတယ်တဲ့။
ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာနက ကထိက ဆူရာချတ် ဘန်ရန်ဆပ်ကတော့ ထိုင်းစီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရခိုက်မှာ ဒီလို တန်ဖိုးကြီးလှတဲ့ ရေငုပ်သင်္ဘောတွေ ဝယ်ယူတာကို သဘောမတူဘူးလို့ ပြောပါတယ်။ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်ဟာ မသိမသာတမျိုး၊ သိသိသာသာ တဖုံ စစ်လက်နက်ကို အပြိုင်တပ်ဆင်နေကြတာ ကြာပါပြီ။ မြန်မာစစ်အင်အား ကြီးထွားလာတာနဲ့ အမျှ ထိုင်းစစ်တပ်ကလည်း စစ်လက်နက် ကရိယာတွေကို ဝယ်ယူတပ်ဆင်ခဲ့ပါတယ်။ မြန်မာစစ်တပ်ကို မြောက်ကိုရီးယားက ရေငုပ်သင်္ဘောအငယ်စား ရောင်းမယ် (Irrawaddy Magazine, Vol-7, No-5)၊ မြန်မာရေတပ်မှာ ရေငုပ်သင်္ဘော ၂ စီး ရှိနေပြီ စတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း အတည်ပြုတာ မရှိသေးပါဘူး။
ပြင်ကြဆင်ကြ မူးကြရူးကြ လွှတ်တော်ပုံရိပ်များ

တပ်ချုပ်ရဲ့ လျှို့ဝှက်ချက်တွေအပေါ်မှာ ခံစားနေကြရတဲ့ နအဖ ဝန်ကြီးများ၊ စစ်တပ်အာဏာကို လက်လွှတ်ပြီး နိုင်ငံရေးသမားတဖြစ်လဲ ဗိုလ်ချုပ်ဟောင်းများ၊ ထိုစဉ်နဲ့အမျှ တပ်ချုပ်ရဲ့ ဆုပေး ဒဏ်ပေးအပေါ် အခြေခံတဲ့ အာဏာနဲ့ နေရာအတွက် ရွှေပြည်တော်မှာ ကြိတ်ဝိုင်းထိုင်နေကြရပါတယ်။ပြီ
တပ်ချုပ်က ဒီလောက်တော့ မညံ့ပါဘူးလို့ တပ်ချုပ်ကို အမြဲစောင့်ကြည့်နေသူတွေက ဆိုပါတယ်။ အာဏာတွေကို တယောက်တည်း လက်ထဲထည့်ခဲ့မိတဲ့ ဦးနေဝင်းလိုတော့ မဖြစ်ခံမှာ မဟုတ်ဘူး၊ တယောက်နဲ့ တယောက် အဆင်မပြေလေ သူ့အတွက် စိတ်ချရလေပဲလို့ မှတ်ချက်ပေးပါတယ်။ဝန်ကြီးအဖွဲ့
ဦးအောင်သောင်း ခမျာ ရွေးကောက်ပွဲမှာ အိပ်စိုက် အကုန်ခံရကြိုး မနပ်ဘူးဆိုပြီး ဆဲဆိုသံတွေ၊ တခြားဝိုင်းတွေက ရပ်ပြီးနားထောင်ကြ။ “တပ်ချုပ်က လုပ်ရက်လိုက်တာ” လို့ တည့်တည့်ပြောရင် နောက်တနေ့ စစ်သင်္ချိုင်းကနေ ထပ်ရွေ့မှာ စိုးလို့လားမသိ၊ “အဘ” လို့ မသုံးရဲ။ “လုပ်ရက်လိုက်ကြတာ” လို့ပဲ သုံးနေရတယ်တဲ့။ မူးတာတောင် ထိန်းမူးကြရတဲ့ စစ်သင်္ချိုင်းရောက် မင်းဆရာတွေအဖြစ်ပါ။သေချာတာကတော့ လွှတ်တော်ထဲမှာ အုပ်စုတွေ တဖြည်းဖြည်း ပေါ်လာနေတာပါပဲ။ တာဝန်ကတော့ တပ်ချုပ်နုတ်အမိန့် မထွက်မချင်း ဟိုယောင်ယောင် ဒီယောင်ယောင်ပဲလို့ ဆိုပါတယ်။ကိုရွှေမန်းကတော့ လွှတ်တော်ဥက္ကဋ္ဌဆိုတော့ ကျန်တဲ့ငယ်သားတွေကို ဆက်ပြီး ဩဇာပေးနိုင်သေးပေမယ့် ဗိုလ်အောင်သောင်းနဲ့ ဆရာသောင်းကတော့ ခြေပြတ်လက်ပြတ် မိုင်းထိခဲ့တဲ့ ရဲဘော်တွေလို ဆဲဆိုလိုက်၊ ကန့်လန့်တိုက်ဖို့ လုပ်လိုက်ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ပြည်ခိုင်ဖြို
သမ္မတ ဦးသိန်းစိန် ကျမ်းသစ္စာဆိုပြီးရင် လစ်လပ်မယ့်နေရာအတွက် ဦးအောင်သောင်းခမျာ မျှော်လင့်ချက် ရှိတုန်းပဲလို့ ဆိုပါတယ်။ မန္တလေး ပြည်ခိုင်ဖြိုးများကတော့ ကိုယ်အရပ်ကလူကို လူကြီးဖြစ်စေချင်တာပါပဲ။ ရှိရှိသမျှ အကြားအမြင်ဆရာတွေ အလုပ်ရှုပ်တဲ့ အချိန်ပေါ့လို့ ဆိုပါတယ်။ မန္တလေးမှာ ပုဏ္ဏားမြင်ရင် ဗေဒင်တတ်သလား၊ ရှေ့ကိုဘာမြင်နေသလဲ မမေးရုံတမယ်ပဲ လို့ဆိုပါတယ်။ ကိုရွှေမန်းကတော့ နှုတ်မိန့်အရ ပြည်ခိုင်ဖြိုးကို ဦးစီးရမယ်ဆိုပေမယ့် ဗေဒင်ကောင်း မင်းလောင်းတောင်ပျက်သေး ဆိုတာကိုလည်း သတိရှိနေတော့တာပေါ့။ အဲဒီတော့ သတို့သားက နောက်ကျနေတဲ့ သတို့သမီးကို မင်္ဂလာဆောင်မှာ မျှော်ရသလို ကိုရွှေမန်းကို “လည်ရှည်ဆရာကြီး” လို့ ရှစ်လုံးအုပ်စုက ခနဲ့ကြတယ်တဲ့။ နအဖရဲ့ တတိယနေရာကို ဆက်ကိုင်ခွင့်ရရင် သမ္မတက ငါ့အောက်က၊ ပါတီနဲ့ လွှတ်တော်ကပဲ ဦးဆောင်မှာပါလို့ ကိုရွှေမန်းကို ထောက်ခံသူတွေက ဇွတ်မှိတ်ငြင်းတာကို ဟားတိုက်နေကြတယ်တဲ့။
ထူးခြားတာကတော့ အတိုက်အခံ အမတ်မင်းများ၊ သူတို့နောက်က ရောင်စုံပါတီများအပေါ် လုံးဝ စိတ်ဝင်စားမှု မရှိခြင်းပါပဲ။ လွှတ်တော်အတွင်းက တိုက်ကြမယ်လို့ ကြွေးကြော်ခဲ့ကြတဲ့ NDF တဖြစ်လည်း ဆရာများကတော့ လွှတ်တော် ဥက္ကဋ္ဌက ပြုပြင်ရေးသမားကြီးလို့ ဇွတ်မှိတ်ပြောတော့တာပဲ။ ကိုရွှေမန်းပြောတာပါလို့ တဆင့်စကား တဆင့်ကြားတာကိုပဲ အတိုက်အခံအမတ်မင်းများက အဟုတ်လုပ် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေး ပင်ပေါင်ဘောလုံးလေးကိုပဲ ဘောလုံးကြီး အထင်နဲ့ ကန်ကြ၊ လှိမ့်ကျနဲ့ပဲ လွှတ်တော်ဘေး မြေကွက်လပ်မှာ အချိန်ကုန်ကြဆိုပဲ။ ပါတီရယ်၊ လွှတ်တော်ရယ်၊ အစိုးရရယ်လို့ နိုင်ငံရေးကွင်း (၃) ခု သတ်မှတ်ထားတဲ့အပေါ် တပ်ချုပ်ငြိုငြင်မှာ အထူးသတိထားပြီး ကိုယ်နဲ့မဆိုင်တော့ဘဲ တပ်မတော်ကို ငွေပေးတာများတယ်လို့ ယူဆခဲ့လို့ တပ်ချုပ်က အထူးရန်ပုံငွေ ဥပဒေ ထုတ်ရတဲ့အထိ ဖြစ်ရတယ်လို့ ဆိုပါတယ်။
သေချာတာကတော့ အသွင်ကူးပြောင်းရေးကာလ စစ်သင်္ချိုင်း လွှတ်တော်ကြီးထဲမှာ ကိုယ်ဘာလုပ်ခွင့်ရှိမလဲဆိုတာနဲ့ အချိန် ၁ လ ကျော်ပြီ၊ တပ်ချုပ်ထုတ်သမျှ ဥပဒေအသစ်တွေကို အဓိပ္ပာယ်မပေါက်လို့ တယောက်နဲ့ တယောက်မေးရတာ အမော။ အရက်ခိုးတွေနဲ့ မနက်ပိုင်း မျက်နှာမကောင်းတဲ့ ဆရာသောင်း၊ ဗိုလ်အောင်သောင်းတို့ အုပ်စု၊ တိုင်းရင်းသားအရေး အတွက်လို့ လက်သီးလက်မောင်းတန်းသူတွေလည်း ပြည်ခိုင်ဖြိုးအမတ်များ နောက်ကလိုက်ပြီး ခေါင်းငြိမ့်နေရတဲ့ အချိန်။ ဥပဒေမှန်း နည်းဥပဒေမှန်း၊ လုပ်ထုံးလုပ်နည်းမှန်း မသိသေးတဲ့ ဒီမိုအုပ်စုများ၊ လွှတ်တော်ဝင်ဖို့ ရွေးကောက်ပွဲ ကျူရှင်လေးတက်ပြီး ကြည့်လုပ်ကြတာပေါ့လို့ ဟန်ပြင်နေတဲ့ ဆရာများကို တပ်ချုပ်နဲ့ မိသားစု၊ ငါတို့ကို မချရင် ဇာဂနာပျက်လုံးနဲ့ သီးလေးသီး အငြိမ့်ကောင်းပါတယ်လို့ဆိုဘူးတဲ
No comments:
Post a Comment