ပုံများ စာများ မပေါ်ပါက Display Image Below ( သို့ ) Always Display Image Below ကို နှိပ်ပါ။
ဓာတ်ပုံများ ချဲ့ ၍ကြည့်လိုလျှင် ပုံပေါ်တင်၍ ကလစ်ခေါက်လိုက်ပါ။ အချို့ အ၀င်မေးလ်များ Inbox မှာ မတွေ့ လျှင် Spam နေရာတွင်ဝင်ကြည့်ပါ။
ဗွီဒီယို ဖိုင်တွေ ...မေးလ်နဲ့ ပို့ ရတာ တစ်ချို့ တွေက သိပ်အဆင်မပြေလို့ 
“ စူနာမီ လှိုင်း ” ကို မြင်ဖူး တွေ့ ဖူးချင်ရင် ဒီနေရာမှာ ၀င်ကြည့်လိုက်ကြနော် ...( ၁ )
“ စူနာမီ လှိုင်း ” ကို မြင်ဖူး တွေ့ ဖူးချင်ရင် ဒီနေရာမှာ ၀င်ကြည့်လိုက်ကြနော်
“ Burma VJ ” စ/ဆုံး ကြည့်ရှု့ လိုပါက ဒီနေရာ မှာ ၀င်ရောက် ကြည့်ရှု့ နိုင်ပါတယ်။
“ Rambo_4 ” စ/ဆုံး ကြည့်ရှု့ လိုပါက ဒီနေရာ မှာ ၀င်ရောက် ကြည့်ရှု့ နိုင်ပါတယ်။
၂၀၀၇ “ရွှေဝါရောင် လှိုင်း” သံဃာတော်များ စီတန်းလမ်းလျှောက် မေတ္တာပို့ ၊ ပြည်သူ့ ဆန္ဒထုတ်ဖေါ်ပွဲအား
စစ်အာဏာရူး၊ န.အ.ဖ တို့ ကြမ်းတမ်း၊ ရက်စက်၊ ယုတ်မာစွာ အကြမ်းဖက် ဖြိုခွင်းခဲ့ပုံများ။ ရုပ်/သံ မှတ်တမ်း...
(၁) ဒီနေရာမှာ
(၂) ဒီနေရာမှာ
(၃) ဒီနေရာမှာ
(၄) ဒီနေရာမှာ
အောက်ပါသတင်းများအား အပြည့်အစုံဖတ်ရှု့ လိုလျှင် ခေါင်းစဉ်များအပေါ် CLICK တင်၍ခေါက်ပါ။ facebook သတင်းများဖြစ်သောကြောင့် facebook Sign ၀င်ထားပါ။
တာချီလိတ်သင်္ကြန်
ဓာတ်ပုံသတင်း
ဧပြီ ၁၆၊ ၂၀၁၀
နိုင်းနိုင်းစနေရဲ့ ဘလော့ http://www.99sanay.com/ မှာ ၁၄ ရက်နေ့ ရက်စွဲနဲ့ တင်ထားတဲ့ ပုံတွေ၊ စာတွေကို ကူးယူ ဖော်ပြပါတယ်။ "လူတွေက ငလျင်လှုပ်ခံထားရတာ မကြာသေးတာမို့ သင်္ကြန်ကို ခါတိုင်းလောက် သိပ်ရင်ခုန်ခဲ့ကြပုံ မရဘူး။ ရေကစားကြတဲ့ထဲမှာ လူငယ်တွေပဲများခဲ့တယ်" လို့ ဆိုပါတယ်။
ဗေလုဝ၊ သက်ကြီးစကား၊ နိုင်ငံရေးလွင်မိုး၊ စိုးမြတ်သူဇာ၊ သင်္ကြန်
သက်ကြီးစကား
"အနုပညာကဝေ လို့ ဆိုရမယ့် ရှေ့မီနောက်မီ ၀ါရင့် မြန်မာအနုပညာရှင်" ဘိုကလေးတင့်အောင် ပြောပြတဲ့ သင်္ကြန်အကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေ၊ သူ့အယူအဆတွေကို ဖတ်ရမှာပါ။ စာတွေအောက်မှာ ဓာတ်ပုံခပ်ဝါးဝါးတွေနဲ့ ဒီဇိုင်းဆင်ထားတော့ ဖတ်ရတာ သိပ် မရှင်းဘူး။ နားနားပြီး ဖတ်သင့်ပါတယ်။ အင်္ဂလိပ်တွေပြောတဲ့ new year resolution ဆိုလား အဲဒါမျိုးတွေလည်း သူက ပြောပြထားပါတယ်။
သူပြောထားတာတွေအရ ဆိုရင် သူဟာ တယူသန်မဟုတ် လိုက်လျောညီထွေရှိတဲ့ အနုပညာရှင်လို့  ယူဆရတယ်။ အင်တာဗျူးသူတွေကလည်း အဲဒီလိုပဲ ယူဆမယ် ထင်ပါရဲ့၊ သူတို့ရဲ့ မေးခွန်းတခုကို ကြည့်ပါ - "ရေးခဲ့တဲ့ သီချင်းတွေထဲက Hearth အထိဆုံး သီချင်းက"? ဆိုပဲ။
ဖတ်ကြည့်ပါအုံး။ မှတ်သားစရာတွေ အတော်လေး ပါပါတယ်။
ဗေလုဝ ပြောတဲ့ သံချပ်
သူတို့ခေတ်က ရန်ကုန်သင်္ကြန်အကြောင်း လိုတိုရှင်း ပြောသွားတာ အားကျစရာပါပဲ။ ဖတ်ပြီးတော့ အားကျလိုက်ကြပါအုံး။ "သံချပ်တွေ အလှပြကားတွေ ကြည့်ဖို့  ထမင်းချိုင့်နဲ့  လာကြတာ" ဆိုပဲ။
စကားလုံးတွေကလည်း သိပ် ကောင်းပါတယ် "အလှ အက သဘာဝ သံချပ်တွေနဲ့ ဖုံးလွှမ်းနေတဲ့ သင်္ကြန်ကို လွမ်းတာပေါ့ဗျာ"တဲ့။
လူငယ်တချို့ ရဲ့ သင်္ကြန်
ခေတ်လူငယ်တွေဖြစ်တဲ့ သန္တာဗို၊ ရွှေစင်၊ ကျော်ကျော်ဗို၊ ညီဆက်ကျော်၊ အွန်ဆိုင်း၊ မိုးမိုး၊ ကိုလင်း တို့ရဲ့ သင်္ကြန်အကြောင်း နည်းနည်းပါးပါး ပြောထားတာပါ။ တချို့ကတော့ ကြိုက်မှာ မဟုတ်။ ဒါပေမယ့် ဒါမျိုးတွေ ဖတ်ချင်တဲ့ ပရိသတ်လည်း ရှိမယ် မဟုတ်လား။
စိုးမြတ်သူဇာစတိုင်
"ကျွန်မတို့ညီအစ်မတွေ ကတုံးတုံးဖို့ တစ်ယောက်မှ ၀န်မလေးဘူးနော်။ အချိန်မရွေး တုံးချင်နေကြတာ" ဆိုပဲ။ စိုးမြတ်သူဇာရဲ့ လတ်တလော လှုပ်ရှားမှုတွေပါ။
နိုင်ငံရေးလွင်မိုး
မင်းသားက နိုင်ငံရေးစကား ပြောတော့ ဂျာနယ်လစ်တွေ အကြိုက်ပေါ့။ ဆရာလွင်မိုးကလည်း ဖိုးပြောချင်။ ကိုယ့်နိုင်ငံနဲ့ကိုက်ညီမယ့် ဒီမိုကရေစီ ဖော်ဆောင်နေတာ "၃၀" ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တာမို့  ၀ိုင်းကြ ၀န်းကြဖို့ လှုံ့ဆော်ပါတယ် တဲ့။
ဆောင်းပါးရှင် - ဗိုလ်အေးမင်းဦး
မြန်မာ့တပ်မတော်သည် ယခင်က အလွန်တရာမှ ဂုဏ်သိက္ခာ ရှိခဲ့သည်။ ပြည်သူလူထုနှင့် တပ်မတော်သည် တသားတည်း ဖြစ်ခဲ့သည်။ ယနေ့စစ်တပ်ကတော့ ယခင်နှင့် မတူတော့ပေ။ ပြည်သူလူထုနှင့် စစ်တပ်သည် ကွဲပြား၍ ရန်သူသဖွယ် ဖြစ်နေကြပေပြီ။ ထို့အတူ စစ်တပ်အတွင်းတွင်လည်း ဤသို့ ဖြစ်ပျက်လျှက်ရှိသည်။ အထက်ဗိုလ်ချုပ်များသည် အောက်ခြေ ရဲဘော်မှ အရာရှိငယ် အဆင့်အထိ နှိုင်းယှဉ်သော် ကွဲပြား၍ သခင်နှင့် ကျွန်သဖွယ် ဖြစ်နေပေပြီ။
ဗိုလ်ချုပ်နှင့်အထက် အကြီးအကဲများသည် လက်အောက် ရဲဘော်များမှ အရာရှိငယ် အဆင့်အထိ ငယ်သားများအား တာဝန်မယူဘဲ လက်အောက်ကို လွှဲချဖို့၊ ဖိနှိပ်ဖို့၊ နှိပ်ကွပ်ဖို့နှင့် ကျွန်များသဖွယ် သဘောထားကာ ခိုင်းစေနေကြပြီ။ ထုတ်ပြန်ထားသော၊ ပြဌာန်းထားသော ဥပဒေများ၊ ကျင့်ဝတ်များသည်လည်း ပျောက်ဆုံးနေပြီ။ တပ်မတော်သည် စည်းကမ်းရှိသော အဖွဲ့အစည်း ဖြစ်ရမည်ဟုဆိုကာ စည်းကမ်းချက်များ၊ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ ခမ်းခမ်းနားနား ပြဌာန်းခဲ့သည်။ သို့သော် ၄င်းဥပဒေများသည် အထက်အရာရှိကြီးများနှင့် မဆိုင်ဘဲ လက်အောက် ငယ်သားများအတွက်သာ ဖြစ်ခဲ့တော့သည်။

အကြီးအကဲ ဗိုလ်ချုပ်များသည် ဥပဒေအထက်တွင်ရှိပြီး လိုသလို ခွစီးနေကြပြီ။ ထို့ကြောင့် စစ်ဥပဒေသည် အဓိပ္ပာယ်တစ်မျိုး သက်ရောက်သွားတော့သည်။ ထို့ကြောင့် “စစ်ဥပဒေဟူသည် လက်အောက်ငယ်သား အောက်ခြေ လူတန်းစားများအတွက်သာ ထုတ်ပြန်ထားခြင်းဖြစ်သည်” ဟု နားလည်ရပေတော့မည်။ ရဲဘော်အဆင့်မှ အရာရှိငယ်အဆင့်ထိ လူတန်းစားများသည် စစ်တပ်မှ ထုတ်ပြန်ထားသော ဥပဒေနှင့် ငြိစွန်းလျှင် ၄င်းပြစ်မှုပြစ်ဒဏ်များကို မလွဲမသွေ ကျခံရမည် ဖြစ်သည်။ သို့သော် ၄င်းဥပဒေများသည် အကြီးအကဲများနှင့်တော့ လားလားမျှ မသက်ဆိုင်ပေ။
အဘယ့်ကြောင့် ယခုကဲ့သို့ ပြောပါသနည်း။ ရှင်းပါသည်။ စစ်ဥပဒေနှင့် ငြိစွန်း၍ အပြစ်ပေးခံ၊ အပြုတ်ခံ၊ ထောင်ချခံရသူများကို ကြည့်ပါက ရဲဘော်မှ ဗိုလ်ကြီးအဆင့်ထိ လူများကိုသာ တွေ့နေရသည်။ အထက်လူကြီး ဆိုသူများသည်ပင် ဥပဒေနှင့် မငြိစွန်းသော လုပ်ငန်းများ လုပ်ကိုင်နေသလား၊ သန့်ရှင်းနေသလား၊ သမာဓိရှိရှိ နေထိုင် ကျင့်ကြံနေသလားဟု စဉ်းစားမိသည်။ မထင်ပါ။ န၀တမှ ပထမဦးဆုံးအကြိမ် ဖယ်ရှားခံရသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၊ ထွန်းကြည်၊ မြင့်အောင် ၊ မောင်သင့် စသည်တို့သည် တစုံတရာ အရေးယူခံရခြင်း မရှိဘဲ လွတ်မြောက်နယ်မြေမှာ ပျော်ရွှင် မြူးတူးနေကြသည်။ ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့်ဆိုလျှင် ညီအမနှစ်ဦးကို တပြိုင်နက် မယားပြိုင်သဘော ယူထားသေးသည်။ ကောင်းလေစွ။
ဥပဒေနှင့် ငြိစွန်းသော အလုပ်များ လုပ်ကိုင်နေကြသည်မှာ စစ်ဗိုလ်ချုပ်များပင် ဖြစ်တော့သည်။ အာဏာကို ပါဝါတစ်ခုလို အသုံးချကြသည်။ ရဲဘော်အဆင့်မှ ဗိုလ်ကြီးအဆင့် လူများသည် မိသားစုအတွက် ရုံးကန်ရင်း အပြစ်ဖြစ်ကြသည်။ ဥပမာ ဆိုင်ကယ် ကယ်ရီ၊ မှောင်ခိုပစ္စည်း လုပ်မိကြသည်။ ထုတ်ပြန်ထားသော ဥပဒေနှင့် ငြိစွန်းသည်။ အပြစ်ရှိသည် မှန်၏။ ပြုတ်မည် (သို့) ထောင်ချခံရမည်။ ပြစ်ဒဏ်များ ချမှတ်ပြပါလိမ့်မည်။ အကြီးအကဲများ၊ စစ်တရားသူကြီးဆိုသူများ။ သို့သော် ယင်းစစ်ဗိုလ်ချုပ်များ၊ စစ်တရားသူကြီးများ၊ အကြီးအကဲ ဆိုသူများသည်ပင် ဇိမ်ခံကားများ အစီးရာနှင့်ချီ၍ တရားမဝင် သွင်းနေကြသည်။ လေလံအဖြစ် ပြန်လည် ရောင်းစားနေကြသည်။ ချမ်းသာနေကြသည်မှာ ဆွေစဉ်မျိုးဆက် စားမကုန်နိုင်အောင် ဖြစ်သည်။
ဤသို့ တရားမ၀င်ကိစ္စများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ကို မည်သူ တရားစီရင်ပါမည်နည်း။ ထုတ်ပြန်ထားသော စစ်ဥပဒေသည် အဘယ့်သို့ ရောက်သွားပါသနည်း။ ၄င်းတို့ကိုယ်တိုင် ထုတ်ပြန်ထားသော ဥပဒေများအတိုင်းသာ အရေးယူရပါလျှင် စစ်တပ်အတွင်း အကြီးအကဲဟူသည် ရှိနိုင်တော့မည်ပင်မထင်။ ငယ်သားများအား အပြစ်ပေး ထောင်ချနေသော စစ်တရားသူကြီးများ ကိုယ်တိုင်ပင် ထောင်ထဲတွင် အရိုးထုတ်ရဖွယ်ရှိမည်။ ကားမှောင်ခိုမှု၊ လာဘ်စားမှု၊ အာဏာသုံး မတရားသိမ်းပိုက်မှု၊ ကိုယ်ကျိုးရှာ စီးပွားရေးသမားများနှင့် ပေါင်းကာ စီးပွားရှာမှု၊ မိန်းမပျက်များနှင့် ပျော်ပါးမှု၊ မိန်းမ ရှုပ်ထွေးမှု စသည့် မမြင်ဘူးသေးသော အမှုများ အမြောက်အများ ရှိပါဦးမည်။ ဂုဏ်သိက္ခာဟူသည် မရှိ။ “ကာရင် အိုကေ” ဆိုသော ကာရာအိုကေ စားသောက်ဆိုင်၊ ကေတီဗွီများနှင့် မိန်းကလေး အနှိပ်ခန်း မာဆာ့ခ်ျဆိုင်များသို့ ဝင်ကာ အပျော်အပါး လိုက်စားကြသည်။ အငယ်အနှောင်းများ ထားကြသည်။ ဘာကြောင့် ဥပဒေကို လူတန်းစားခွဲခြား သတ်မှတ်ထားပါသလဲ။
နေပြည်တော်မှရန်ကုန် အစည်းအဝေးအသွား လူပင်မရောက်သေး၊ ဟိုတယ် (၃) လုံးတွင် ပျော်ပါးနေကြ မိန်းမပျက် (၃) ယောက်က တစ်ခန်းစီတွင် အသင့် စောင့်လျှက်ရှိသည်။ ခေါင်းဆောင်ဆိုသုများ ငွေကြေး သိန်းပေါင်း သန်းနှင့်ချီကာ ချမ်းသာကြသည်။ ဤမျှ များပြားသော ငွေများ အဘယ်က ရကြပါသနည်း။ စစ်တပ်အကြီးဆုံး တပ်ချုပ်ပင် (၁၂) သိန်း မကျော်သော လစာနှင့် ၄င်းတို့ချမ်းသာမှုများကို စဉ်းစားနှိုင်းယှဉ်ကြည့်လျှင် စစ်ဥပဒေအပြင် နယ်ဘက်ဥပဒေများနှင့်ပါ မုချ ငြိစွန်းနေပေလိမ့်မည်။
ရဲဘော်မှ အရာရှိငယ်အဆင့် လူများတွင်တော့ စစ်တပ်မှ အနားယူလျှင် နေစရာအိမ်ပင် မရှိပေ။ ဘဝ အာမခံချက်လည်း မရှိပေ။ စစ်ဗိုလ်ချုပ်များကတော့ မြေကွက်များ၊ အိမ်ကြီးအိမ်ကောင်းများက မြို့တိုင်းလိုလိုတွင် ရှိကြသည်။ သိန်း ထောင်သောင်းကျော်တန် မြေကွက်များ တစ်ကွက်ပြီးတစ်ကွက် ဝယ်နိုင်နေကြသည်။ မည်သူစစ်ဆေးပါသနည်း။ ဗိုလ်ကြီးတစ်ယောက် ဤမျှ ချမ်းသာသွားပါက စစ်ဆေးမှုများ မှိုလိုပေါက် ရောက်လာပါလိမ့်မည်။

စစ်တပ်အကြီးအကဲများနှင့် ဝန်ကြီးများ ဤမျှ ချမ်းသာနေကြသည်ကိုတော့ စစ်ဆေးရန် မသိကျိုးကျွံ ပြုနေကြသည်။ ဥပဒေမရှိသယောင် မေ့ထားကြသည်။ ဤအချက်များကြောင့်ပင် အောက်ခြေအဆင့် ရဲဘော်များ၊ အရာရှိများသည် မကျေနပ်ချက်များနှင့် တင်းမာမှုများ တစ်စ တစ်စ ပိုတိုးလာနေသည်။ နာကြည်းချက်များ၊ အငြိုးအတေးများနှင့် ခဲထားကြသည်။ ဘယ်အချိန်မှာ ထပေါက်ကွဲမလဲ ဆိုသည်သာ စောင့်ကြည့်နေရသည်။ အကြီးအကဲများကလည်း မိမိတို့ အမှားများ လုပ်မိနေကြသည်၊ မတရားမှုများ လုပ်နေကြသည်ကို သိ၍ အမှန်တရား ထုတ်ဖော်သူများကို အတင်းအကြပ် လိုက်လံတားဆီး နှိပ်ကွပ်နေကြသည်။
တပ်တွင်း စည်းလုံးညီညွတ်ရေး ဟောပြောပွဲများ၊ စစ်စည်းကမ်းဆိုင်ရာ ဟောပြောပွဲများ၊ တပ်တွင်းစည်းရုံးရေး ကော်မတီများ အစရှိသော အသင်းအဖွဲ့များ ဖွဲ့၍ တပ်မတော်သားများကို တက်ရောက်စေကာ ၀ါဒမှိုင်းသွင်းပြီး ၄င်းတို့အား တော်လှန်ပုန်ကန်လာမည်ကို ကြောက်ကန် ကန်နေကြသည်။ အမှန်တကယ်ဆိုလျှင် တပ်တွင်းစည်းလုံး ညီညွတ်ရေးကို ပျက်ပြားအောင် လုပ်ဆောင်နေသူသည် ၄င်းတို့သာ ဖြစ်နေသည်။ မည်သူ တစ်ဦးတစ်ယောက်ကမှ တကူးတက သွေးထိုးပေးစရာ မလို။ ၄င်းတို့၏ လုပ်ရပ်များက အလိုလို သွေးထိုး ခွဲခြားပြီးသား ဖြစ်နေသည်။
၎င်းတို့ ခြိမ်းခြောက်ပုံအရ အစိုးရ ဝန်ထမ်းများအားလုံးသည် ကြံ့ဖွံ့ကိုသာ ဇွတ်အတင်း မဲပေးခဲ့ကြရပါသည်။ ထို့အပြင် ၄င်းဝန်ထမ်းနှင့် ပတ်သက်သော အရပ်သား ဆွေမျိုးများ၊ ဇနီးနှင့်သားသမီးများ၊ ဇနီး၏ဆွေမျိုးများ အားလုံးတို့သည်လည်း ကြံ့ဖွံ့ကိုသာ မဲပေးခဲ့ကြသည်။ မဲမပေးပါက အဆိုပါဝန်ထမ်း၏ ဘဝသည် ၄င်းတို့လက်ထဲတွင် ပျောက်ခြင်းမလှ ပျောက်သွားပေမည်။ ဤစနစ်နှင့် မဲပေးခိုင်းခဲ့ကြပြီး တရားမျှတသော ရွေးကောက်ပွဲကြီးကို ဟန်လုပ်ကာ ကျင်းပခဲ့သည်။ သိပ်ပြီး စိတ်မချရပါက မဲဆန္ဒနယ်မြေများတွင် ကြိုတင်မဲများ ကောက်ယူပြီး ထောက်ခံမဲ ရယူခဲ့သည်။ သူတို့အခြေခံဥပဒေ ထောက်ခံခြင်း မဲပေးသည့် အခါကလည်း ဤနည်းအတိုင်း ပြုလုပ်သွားခဲ့ကြသည့်အတွက် ဝန်ထမ်းနှင့် လုံးဝ ကင်းရှင်းသူများသာ မထောက်ခံကြခြင်း ဖြစ်သည်။
အမှန်တကယ်မှာ တပ်မတော်သားများသည် တပ်မတော်မှ ထွက်ချင်နေကြသည်။ ထွက်ချင်ပါသော်လည်း ပေးမထွက်သည့်အတွက် ယခုရွေးကောက်ပွဲ အပြောင်းအလဲကို မျှော်လင့်ချက်ရှိရှိ စောင့်မျှော်နေကြသည်။ သို့အတွက် ပါတီအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များသည် ဒီမိုကရေစီစနစ် ကျင့်သုံးဖော်ဆောင်မည့် ခေါင်းဆောင်များပီပီ တပ်မတော်သားများ၊ ဝန်ထမ်းများအားလုံးအတွက် ၄င်းတို့ဆန္ဒ သဘောအလျောက် နုတ်ထွက်လိုက နုတ်ထွက်နိုင်ရန် အာမခံချက်များ၊ အပြောင်းအလဲများ လွှတ်တော်တွင် ပြုလုပ်ပေးကြရန် ၄င်းတို့ကိုယ်စား တောင်းဆိုလိုက်ပါသည်။ ထို့အပြင် သမ္မတလောင်းများသည် မြန်မာနိုင်ငံအား အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းမှ ကင်းဝေးပြီး ပီပြင်သော မှန်ကန်သော ဒီမိုကရေစီစနစ်၊ Human Right စနစ်များ ချမှတ်ကျင့်သုံးပေးကြရန် မြန်မာပြည်သူများကိုယ်စား အလေးထား ရေးသားလိုက်ရပေသည်။

ဆောင်းပါးရှင် - ဗိုလ်အေးမင်းဦး (အပိုင်း (၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်)
တပ်တွင်းမှ အဖြစ်မှန်များ အနေနှင့် တပ်မတော်တွင် အောက်ခြေ လူတန်းစားတစ်ရပ်ဖြစ်သည့် အခြားအဆင့်များနှင့် မိသားစုများသည် ကျွန်များသဖွယ် ဖြစ်နေကြသည်။ တပ်မတော်အတွင်း ဝင်ခါစမှာတော့ နိုင်ငံကို ကာကွယ်ဖို့ဖြစ်သည်။ သို့သော် တပ်မတော်အတွင်း တကယ် ရောက်သွားသောအခါ ဗိုလ်ချုပ်ကြီးများ၊ မိသားစု ဆွေမျိုးများ၏ အသက်ကိုသာ ကာကွယ်နေရသည့် ကျွန်များသာ ဖြစ်သွားကြသည်။ တပ်အလုပ်များအပြင် ၄င်းတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ၊ ကတော်ဆိုသူများ၏ ခိုင်းစေမှုများ၊ ၄င်းတို့ သားသမီးများ၏ ခိုင်းစေမှုများ၊ မဆီမဆိုင် ဆွေမျိုးတော်စပ်သူများ၏ ခိုင်းစေနေမှုများကိုပါ အခမဲ့ လုပ်ကိုင်ပေးနေရသည်။
၎င်းအဖြစ်အပျက်များသည် တာဝန်ထမ်းဆောင်သူ စစ်သည် တစ်ဦးတည်းသာ ကျွန်ဖြစ်နေသည် မဟုတ်။ ယင်းစစ်သည်၏ မိန်းမ၊ သားသမီးများပါမကျန် ၄င်းတို့၏ကျွန်များ ဖြစ်နေကြရသည်။ အမှန်တကယ်ဆိုလျှင် ရဲဘော်သည်လည်း လူသားတစ်ယောက်ပင် ဖြစ်သည်။ ၄င်းတွင်လည်း မိသားစုရှိသည်။ နိုင်ငံတော်ကို ကာကွယ်ရန် တပ်မတော်သို့ ဝင်လာသောသူသည် စစ်သည်တစ်ဦးတည်းသာ ဖြစ်သည်။ သူ၏တာဝန်မှာ စစ်တိုက်ရန်သာဖြစ်ပြီး ကလေးထိန်းရန် မဟုတ်ပါ။

စစ်သည်၏ မိသားစုသည် ၄င်းစစ်သည်၏ ဘဝဖြစ်သည်။ စစ်တပ်အကြီးအကဲ၏ မိသားစုသည်လည်း စစ်တပ်နှင့်မဆိုင်။ စစ်သည်တစ်ယောက်ကို ဆန္ဒမပါဘဲ အတင်းအကြပ် ခိုင်းစေပိုင်ခွင့်မရှိ။ ထို့ထက်ပိုလျှင် ယင်းစစ်သည်၏ မိသားစုများကိုပါ အကြီးအကဲဆိုသူက ခိုင်းစေခွင့် မရှိရပါ။ အကြီးအကဲ၏ ဇနီး သားသမီးဆိုသူများက ယင်းစစ်သည်နှင့်တကွ ယင်းစစ်သည်၏ မိသားစုများကိုပါ ခိုင်းစေခွင့် မရှိရ။ သက်ဆိုင်သော အကြီးအကဲသည် သက်ဆိုင်သော စစ်သည်အား နိုင်ငံတော်တာဝန်၊ တပ်တာဝန်များကိုသာ ခိုင်းစေသင့်သည်။ ယခုတော့ ထိုသို့မဟုတ်ပါ။ အကြီးအကဲဆိုသူများ၏ ဇနီးများ၊ သားသမီးများက တပ်မတော်သား စစ်သည်တစ်ဦး အပါအဝင် ဇနီးနှင့်သားသမီး မိသားစုများကိုပါ အော်ချင်အော်၊ ဟောက်ချင်ဟောက်၊ ဆဲချင်ဆဲ၊ ၄င်းတို့ အဖိုးအခ ပေးထားသော အခိုင်းအစေများသဖွယ် ခိုင်းစေနေကြသည်မှာ အစဉ်အလာသဖွယ် ဖြစ်နေကြပေသည်။
ဝမ်းနည်းဖွယ်ရာ ပဒေသရာဇ်စနစ်မှ အမူအကျင့်များ ရှိနေသေးသည်။ ခိုင်းတာလုပ် ပြန်မပြောနဲ့၊ မဝေဖန်နဲ့ ဟူသော အမိန့်ပေးမှုများက တပ်မတော်အတွင်း ပြည့်နှက်နေပေပြီ။ လိုရင် လိုသလို၊ မလိုရင် မလိုသလို အပြစ်ပေး အရေးယူမှုများလည်း ရှိသည်။ သေချာတွေးကြည့်လျှင် လက်အောက် ရဲဘော်များသည်သာ တပ်မတော်၏ အဓိက အားထားရာ ဖြစ်သည်။ နိုင်ငံတော်ကို အသက်ပေး ကာကွယ်နေသူများ၊ မိသားစုဘဝ အပျက်ခံ ကာကွယ်နေသူများ၊ ဘဝအနာဆုံး ပေးဆပ်နေသူများသည် ရဲဘော်များသာ ဖြစ်သည်။
ယင်းကို အကြီးအကဲဆိုသူများက တပ်မတော်တရပ်လုံး အကြီးအကဲများပါမကျန် ဆွဲထည့်လို့ နိုင်ငံတော်ကို ကာကွယ်နေသည်ဟု ဆိုကြသည်။ စည်းစိမ်ရစ်လို့ ကြွယ်ဝချမ်းသာ နေကြသည်က အကြီးအကဲများဖြစ်ပြီး ဆင်းရဲတွင်းနက်လို့ ဖြစ်သလိုစား ဖြစ်သလိုဘဝနဲ့ သေဆုံးသွားရသူများက လက်အောက်ငယ်သား ရဲဘော်များပင်ဖြစ်သည်။
တပ်မတော်နှင့် ဌာနဆိုင်ရာများတွင် အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။ ရဲဘော် သားသမီးများသည် နိုင်ငံခြားသွားရောက်ခွင့် မရှိ။ ဤသည်ကို လူဝင်မှုကြီးကြပ်ရေးရုံးတွင် အခြားအဆင့်ရဲဘော်၏ သမီးတစ်ဦး နိုင်ငံခြားတွင် အလုပ် လုပ်ကိုင်လို၍ နိုင်ငံကူးလက်မှတ် ထုတ်ယူရန် လိုအပ်သော ပုံစံ (၁ဝ) နှင့် ပုံစံ (၁၇) အတွက် တောင်းယူနေစဉ် လဝကမှ ဝန်ထမ်းက ပြောဆိုနေခြင်းကို ကြားခဲ့ရသည်။
သို့သော်လည်း စစ်ဗိုလ်ချုပ်များ၊ အကြီးအကဲဆိုသူများ၏ သားသမီးများကတော့ နိုင်ငံခြားတွင် အလုပ်လုပ်ရန်ပင် မဟုတ်၊ ပညာသင်လို့ကောင်း၊ ဈေးဝယ်ထွက်လို့ကောင်း၊ Night Club တက်လို့ ကောင်းနေကြသည်။ ဤသို့ဆိုလျှင် ၄င်းတို့ ထုတ်ပြန်ထားသော အမိန့်များသည် အဘယ်မှာ တရားမျှတပါမည်နည်း။ အခြားအဆင့် ရဲဘော်များ၏ သားသမီးများ၊ မိသားစုများ မကောင်းစားရ၊ အခွင့်အရေး မရှိစေရ၊ မကြီးပွားစေရဟူသော အမိန့်နှင့် ထပ်တူထပ်မျှပင် ဖြစ်သည်။
တကယ်ဆိုလျှင် ရဲဘော်သားသမီးသည်လည်း လူသားပင်ဖြစ်သည်။ သူ့ဘဝရှေ့ရေးအတွက် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ တိုးတက်ပိုင်ခွင့်၊ တက်လှမ်းပိုင်ခွင့် ရှိသင့်ပေသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံး လမ်းပြပေးနေသော အစိုးရတရပ် အနေဖြင့် လူတစ်ဦးတစ်ယောက်၏ ပြောရေးဆိုခွင့်၊ လုပ်ပိုင်ခွင့်၊ လူ့အခွင့်အရေးများကို နားလည်ပေးနိုင်ရမည်၊ အခွင့်အရေးများ ပေးနိုင်ရမည်။ ၄င်းတို့ ကိုယ်တိုင်ကပင် ဒီမိုကရေစီ၏ စံနှုန်းများအတိုင်း လိုက်နာကျင့်သုံးနေရတော့မည်။ ထိုသို့မှ မဟုတ်လျှင်တော့ ၄င်းတို့ စီစဉ်ပေးထားသော ဒီမိုကရေစီစနစ်ဟူသည် နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် ဟန်ပြလုပ်ဆောင်နေတဲ့ အတုအယောင် ဒီမိုကရေစီသာ ဖြစ်ပါလိမ့်မည်။
ယနေ့ကျင်းပနေသည့် လွှတ်တော်တွင် သဘာပတိဆိုသော ပုဂ္ဂိုလ်ကြီးများမှာ မကြာသေးခင်အချိန်က ဗိုလ်ချုပ်ကြီး ယူနီဖောင်းဝတ်သူများဖြစ်ပြီး အရပ်ဝတ်လဲကာ လူသူမရှိသော မဲဆန္ဒနယ်များတွင် အသားလွတ် အနိုင်ယူ တက်ရောက်လာသူများ ဖြစ်သည်။ အခြားနယ်မြေ မဆိုထားနှင့် သူတို့၏ ဇာတိနယ်မြေများတွင်ပင် သတ္တိရှိရှိ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံဖို့ စိုးရွံ့ကြသည်မှာ မြေကြီးလက်ခတ် မလွဲဧကန် ဖြစ်ပါသည်။
ဒီမိုကရေစီစနစ် ကျင့်သုံးနေပါပြီဆိုသော အသံသာ ထွက်လာပါမည်။ လက်တွေ့မှာ ပဒေသရာဇ်စနစ်အတိုင်းသာ ဆက်လက် ရှိနေပေဦးမည် ဖြစ်ပါသည်။ ပြည်သူလူထုတွင် ဘာအခွင့်အရေးမှ ရှိမည်မဟုတ်။ သို့ဆိုလျှင် မြန်မာနိုင်ငံသည် ယခင်အတိုင်းသာ ရှိနေပါဦးမည်။ ဘာမှတော့ ထူးခြားလာမည် မဟုတ်ပါ။ သို့ဆိုလျှင် အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ ဒီမိုကရေစီအရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသော ရဟန်းရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူများ၊ အာဏာရှင်များ၏ အကျဉ်းထောင်များထဲတွင် ဘ၀နေ၀င်ချိန်အား စောင့်စားရင်း ပေးဆပ်နေကြသူများအား အဘယ်သို့ သမိုင်းကြွေး ဆပ်ကြမှာလဲ။ မျိုးဆက်သစ်တို့အတွက် အဘယ်သို့ တာဝန်ကျေပြွန်စွာ လူသားအခွင့်အရေး ပေးအပ်နိုင်ပါမည်လဲ စဉ်းစားရင်း……..
ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ရန် ရွာလုံးကျွတ်ပြောင်းရွေ့ခိုင်း
အငြိမ်းစား ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ရန်အတွက် ထားဝယ်မြို့ အရှေ့ပြင်ရွာ တရွာလုံးပြောင်းရွေ့ ပေးနေရပြီး သက်ဆိုင်ရာ အာဏာပိုင်များက ပြန်လည်နေရာ ချထားပေးခြင်း မရှိသည့်အတွက် ဒေသခံများ နေရေးထိုင်ရေးအခက်ခဲနှင့် ကြုံတွေ့နေရသည်။ယခုလ (၁)ရက်နေ့မှ စတင်၍ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ လေယာဉ်ကွင်းအနီး အရှေ့ပြင်ရွာတွင် ဒေသခံများကို ပြောင်းရွေ့ပေးရန် ခယက ဥက္ကဌက အမိန့်ပေးစေခိုင်းခဲ့ခြင်းဖြစ်ေ
“ထားဝယ်ခရိုင် ခယက ဥက္ကဌနဲ့ သူ့လူတွေကလာပြီးတော့ ပြောင်းရွေ့ခိုင်းတာ၊ ဗဟိုကအမိန့်အရလို့ပြောတယ်၊ သူတို့က ကြိုတင်အကြောင်းမကြားဘဲ အခုလို အဓမ္မအာဏာသုံးပြီးလုပ်တော့ တော်တော်ကို ဒုက္ခရောက်တယ်” ဟု ပြောသည်။
အာဏာပိုင်များက ရွာနှင့် ၁၀ မိုင်ကျော်ဝေးသည့် နေရာသို့ ဒေသခံများကို ပြောင်းရွေ့ခိုင်းပြီး ပြန်လည်နေရာချထားခြင်းမရှိသည့်
“တရွာလုံး အိမ်ခြေ (၁၄၀၀) ကျော်ရှိတယ်၊ မိသားစု (၁၈၀၀) နဲ့ ကလေးလူကြီးပေါင်း (၉၀၀၀)လောက်က အိုးမဲ့အိမ်မဲ့ဖြစ်နေတယ်၊ အဲလိုဖြစ်နေတော့ တချို့က နီးစပ်ရာ ရွာတွေ၊ နောက်ထိုင်းနိုင်ငံဘက် ထွက်သွားတာတွေ ဖြစ်နေတယ်၊ ကျောင်းနေအရွယ်ကလေးတွေလဲ ဒုက္ခရောက်ကုန်တယ်” ဟု ဒေသခံက ဆက်ပြောသည်။
ထို့အပြင် ထားဝယ်မြို့ ကမျောဂန်းတံတားအနီး ဥခရံ ရပ်ကွက်တွင် မြို့သစ်တိုးချဲ့ရန်ဟုဆိုကာ ပြီးခဲ့သည့် လဆန်းပိုင်းက လယ်ဧက (၁၀၀၀) ကျော်နှင့် ဥယျာဉ်ခြံများစွာကို မြို့နယ် (မယက)နှင့် ခယက တို့ပေါင်းကာ သိမ်းယူခဲ့ပြီး လျော်ကြေးမပေးသည့်အပြင် ရောင်းချမှုများ ပြုလုပ်နေလျှက်ရှိသည်။
“သူတို့က အဲဒီမှာလည်း သိမ်းပြီးတော့ မြေကွက်ရိုက်ပြီး သိန်း(၄၀) ကနေ (၁၀၀) ကြားကို ပြန်ရောင်းနေတယ်၊ မြေသိမ်းခံလိုက်ရတဲ့ သူတွေကို တန်ရာတန်ကြေး လျော်ပေးတာလည်း မရှိဘူး” ဟု ပြောသည်။
၂၀၀၅ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များတွင်လည်း လေယာဉ်ကွင်းဖောက်လုပ်ရန်အတွက် ဒေသခံ သုံးပုံ တပုံခန့် အိမ်ယာ၊ ဥယျာဉ်၊ ခြံမြေများသိမ်းဆည်းခံခဲ့ရပြီး လျော်ကြေးမရှိခဲ့ကြောင်း ဒေသခံက ဆက်ပြောသည်။
“အဲဒီတုန်းကလည်း အခုလိုဘဲ ဘာမှ လျော်ကြေးပေးတာမရှိဘူး၊ အကုန်သိမ်းတာ၊ အိမ်ခြေက ၃၇၀ နဲ့ ခြံလယ်တွေ ဧက (၇၀၀) ကျော် အသိမ်းခံခဲ့ရတယ်၊ ဒေသခံ တယောက်အနေနဲ့ ပြောရရင်တော့ တော်တော်ကို ကျနော်တို့ ဆုံးရှုံးခဲ့ရတယ်၊ ဒုက္ခလဲရောက်တယ်” ဟု ပြောသည်။

၁၀ - ၄ -၂၀၁၁ ရက်နေ့မှစကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓါတ်ပုံများအား တပ်အသီးသီးရှိ ချိတ်ဆွဲထားရာ နေရာအသီးသီးမှ ဖြုတ်ပြီး သေချာစွာ သိမ်းဆည်းထားရန် ကကကြည်းမှ ညွှန်ကြားခဲ့ပြီး ချက်ချင်း ဆောင်ရွက်ရန်နှင့် ဖြုတ်ပြီးကြောင်း ဖုံးဖြင့်ပြန်လည် တင်ပြကြရန်လည်း ညွှန်ကြားထားကြောင်း သတင်းပေးပို့လာပါသည်။
ထို့ပြင် ယခင် ဗိုလ်ချုပ်မှူးကြီး၏ အစီအစဉ်အရ အရပ်ဘက် ၀န်ကြီးဌာနအသီးသီးသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ၀န်ကြီးဌာန အသီးသီးရှိ လစ်လပ်ရာထူးများနှင့် တိုက်ဆိုင် ပြင်ဆင်ထားသော တပ်မတော်မှအရာရှိများ (ဒုဗိုလ်မှူးကြီးမှ ဗိုလ်ကြီးအဆင့်) အမည်စာရင်းအား အတည်ပြုရန် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ တင်ပြရာ ကြည်းတပ်မှအပ ကျန်ရေတပ်၊ လေတပ်နှင့် လက်ရုံးတပ်ဖွဲ့များမှ အရာရှိများအား ဆိုင်းငံ့ထားရန် ညွှန်ကြားလာသဖြင့် လေချုပ် ရေချုပ် အပါအ၀င် ဗိုလ်ချုပ်များအားလုံးက အံ့သြသွားခဲ့ကြသည်ဟု သိရှိရပါသည်။ ဦးသန်းရွှေဓါတ်ပုံဖြုတ်ရန် အမိန့်နှင့်အတူ ယခု ဖြစ်စဉ်ကြောင့် ဦးသန်းရွှေ၏ အရပ်ဘက် ၀န်ကြီးဌာနများသို့ ပြောင်းရွေ့ရန် စီစဉ်ထားသည့် အမိန့်ကို တပ်ချုပ်အသစ်မှ မလိုက်နာတော့သော သဘောဟုတ်/မဟုတ် စဉ်းစားစရာ ဖြစ်နေကြောင်း၊ တပ်ချုပ်အသစ် အနေဖြင့် ဦးသန်းရွှေ၏ အမိန့်အား မလိုက်နာတော့ဟု ဆိုပါက ဦးသန်းရွှေမှ ဒီအတိုင်း ကြည့်နေ/မနေ ဆိုသည်ကိုလည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ တပ်မတော်၏ ရှေ့ရေးအား တပ်မှူးများ၊ ဗိုလ်မှူးအဆင့် အရာရှိများအထိက စဉ်းစား ဆွေးနွေးစရာများအဖြစ် နှစ်သစ်ကူးပိတ်ရက်တွင် ပြောဆိုနေကြကြောင်း အထူးသတင်းအဖြစ် စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ စစ်ဖက်နီးစပ်သူများမှ သတင်း ပေးပို့လာပါသည်။
အထက်ပါ သတင်းများကြောင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနတွင် ဒုတိယ၀န်ကြီး ဖြစ်သွားသော ယခင် စစ်ဦးစီးဗိုလ်မှူးကြီး(စက်မှု လက်မှု) ဗိုလ်မှူးကြီးချန်မောင် ယခုဦးချန်မောင်နှင့် ချိတ်ဆက်ကာ ၀န်ကြီးဌာနအသစ်သို့ ပြောင်းရွေ့ရန် ပြင်ဆင်နေကြသော လေတပ်မှ ခွက်ပျောက်စစ်ဗိုလ် အုပ်စုဝင်များအကြားတွင် မကျေနပ်မှုများ ဖြစ်ပွါးနေကြကြောင်းလည်း သိရှိရပါသည်။ ယခင်တပ်ချုပ်မှ တပ်မတော်အတွင်း ရာထူးလည်း မပေးနိုင်၊ ကြည်းတပ်နဲ့ လေတပ်မှအရာရှိအများစု အနေနှင့် အခြားသော အရပ်ဘက်ဝန်ထမ်းများကို မထိခိုက်သည့် ၀န်ကြီးဌာန အသစ်သို့ ပြောင်းရန် ပြင်သောအခါတွင်မှ ယခုလို ပြောင်းရွေ့ခွင့် မရသေးခြင်းသည် သူတို့၏ အခွင့်အလမ်းကို ပိတ်သည်ဟု ထင်မြင် ယူဆနေကြ၍ မကျေမနပ် ဖြစ်နေကြကြောင်းလည်း သတင်းပေးပို့လာပါသည်။
သင်္ကြန်အပြီး မုန်တိုင်းဝင်မည်ဟူသော သတင်းထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ မိုး/ဇလဌာနမှ သတင်းထုတ်ပြန်
သင်္ကြန်အပြီး မုန်တိုင်းတစ်ခု ဖြစ်ပေါ်ဖွယ် ရှိသည်ဟု ပြည်တွင်းတွင် သတင်းများ ထွက်ပေါ်နေသော ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ဧပြီလ ၁၅ ရက်နေ့ ည ၁၂ နာရီ တိုင်းထွာချက်များနှင့် မိုး/ဇလ ပညာရှင် ဒေါက်တာထွန်းလွင်၏ ခန့်မှန်းချက်များကို ဖော်ပြပေးလိုက်ပါသည်။
ဒေါက်တာထွန်းလွင်၏ ခန့်မှန်းချက်များ အရ မြန်မာနိုင်ငံအတွင်းသို့ နောက်ထပ် ၁၀ ရက်ခန့်အထိ မည်သည့်မုန်တိုင်းမှ ၀င်ဖွယ် မရှိကြောင်း၊ တောင်အိန္ဒိယ သမုဒ္ဒရာတွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေသလို တောင်ပစိဖိတ် သမုဒ္ဒရာတွင်လည်း လေထုမငြိမ်မသက် ဖြစ်ပေါ်နေသော်လည်း ဘင်္ဂလားပင်လယ်အော်၏ ရာသီဥတုမှာ အထူးသာယာနေကြောင်း သိရှိရသည်။


ဒေါက်တာထွန်းလွင်၏ ခန့်မှန်းချက်များ အရ မြန်မာနိုင်ငံအတွင်းသို့ နောက်ထပ် ၁၀ ရက်ခန့်အထိ မည်သည့်မုန်တိုင်းမှ ၀င်ဖွယ် မရှိကြောင်း၊ တောင်အိန္ဒိယ သမုဒ္ဒရာတွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေသလို တောင်ပစိဖိတ် သမုဒ္ဒရာတွင်လည်း လေထုမငြိမ်မသက် ဖြစ်ပေါ်နေသော်လည်း ဘင်္ဂလားပင်လယ်အော်၏ ရာသီဥတုမှာ အထူးသာယာနေကြောင်း သိရှိရသည်။


Written by : ရဲဘုန်းမင်း
| မဟာသင်္ကြန်အတက်နေ့မြင်ကွင်းများ |
| "ဒီနေ့ သင်္ကြန်နောက်ဆုံးနေ့မို့ထင်တယ် မနက်ပိုင်းကတည်းကစည်နေတာ။ ညနေပိုင်းမှာရေပက်ခံထွက်တဲ့သူေ ရပ်ကွက်အချို့တွင်လည်းအုန်းလက် ![]() ကန်တော်ကြီးကန်ပတ်လမ်းရှိ မဏ္ဍပ်တစ်ခုတွင် CCTV တပ်ဆင်ထားသည်ကို တွေ့ရစဉ် ![]() သင်္ကြန်အတက်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် စတုဒိသာမဏ္ဍပ်တစ်ခုကို တွေ့ရစဉ် ![]() သင်္ကြန်အတက်နေ့ ကန်တော်ကြီး ကန်ပတ်လမ်း မြင်ကွင်း ![]() ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မဏ္ဍပ်ကို သင်္ကြန်အတက်နေ့က တွေ့ရစဉ် ![]() သင်္ကြန်အတက်နေ့၌ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ရေကစားနေကြသူများ ![]() သင်္ကြန်အတက်နေ့ ပြည်လမ်းမြင်ကွင်း ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |







အချောက်တွေလဲ ပါသဗျို့…


















































No comments:
Post a Comment